ကျွန်တော် အဲ့ဒါကို မလုပ်ဘူး။
Vol. 07 Ch. 301
ဘေးဘက်ကော်ရစ်ဒါတွင် ရှိနေသော ရေချိုးခန်းဆီသို့ ထန်ရှု လျှောက်သွားလိုက်သည်။ ဆိုင်ပန်သို့ လာသော သူ၏ခရီးစဉ်သည် အတန်ငယ် ပင်ပန်းသွားစေသောကြောင့် လန်းဆန်းသွားစေရန် သူ ရေချိုးရန် လိုအပ်နေပေသည်။
သို့သော်လည်း ရေချိုးခန်းထဲသို့ သူ ဝင်လိုက်သောအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ အနည်းငယ် အံ့အားသင့်သွားရသည်။ ရေချိုးခန်းထဲတွင် အစေခံဝတ်စုံအား ဝတ်ဆင်ထားသော မိန်းမချောလေး၂ယောက်ရှိနေပြီး ခွဲခြားမရသော အသွင်သဏ္ဍာန်အား ပိုင်ဆိုင်ထားသောကြောင့် သိသာစွာပင် အမြွှာ၂ယောက် ဖြစ်ပေမည်။
“မင်းတို့ ဒီနေရာမှာ ဘာလုပ်နေကြတာလဲ။” ထန်ရှုက အံ့သြစွာ မေးလိုက်သည်။
“မင်္ဂလာပါ လူကြီးမင်းရှင့်။ ကျွန်မတို့က ရှင့်ကို ရေချိုးပေးဖို့ပါ။”
လှပသော အမြွှာညီအစ်မ၂ယောက်က ပြုံးလိုက်ကာ တစ်ပြိုင်နက်တည်း ပြောလာသည်။
ထန်ရှု အနေရခက်ကာ ရှက်ကိုးရှက်ကန်းဖြစ်သွားရပြီး လက်ကိုဝှေ့ယမ်းလျက်
“အာ မလိုပါဘူး။ ငါ့ဘာသာ ချိုးပါမယ်။ မင်းတို့ရဲ့ဝန်ဆောင်မှုကို ငါ မလိုတာမို့ ၂ယောက်စလုံး ထွက်သွားလို့ရပြီ။”
အမြွှာလေးတစ်ယောက်က ဖျော့တော့စွာ ပြုံးလိုက်ရင်း
“လူကြီးမင်းရှင့်… ကျွန်မတို့က လူကြီးမင်းတို့ကို ရေချိုးအဝတ်အစားလဲပေးတာ လုပ်ပေးဖို့ ဒီနေရာမှာ ရှိနေရတာပါ။ လူကြီးမင်းသာ ကျွန်မတို့ရဲ့ဝန်ဆောင်မှုကို ငြင်းဆန်မယ်ဆိုရင် မန်နေဂျာက ကျွန်မတို့တွေ အလုပ်ကောင်းကောင်း မလုပ်လို့ ဧည့်သည်တော်တွေက စိတ်မကျေနပ်ဘူးဆိုပြီး အပြစ်ပေးပါလိမ့်မယ်ရှင်။”
“မစိုးရိမ်ပါနဲ့။ မင်းတို့ရဲ့မန်နေဂျာကို ငါ ပြောလိုက်ပါမယ်။ ကျေးဇူးပြုပြီးသာ ထွက်သွားပါ။” ထန်ရှုက ထပ်မံပြောဆိုလိုက်သည်။
အမြွှာညီအစ်မ၂ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း ခေါင်းညိတ်ပြကာ ရေချိုးခန်းထဲမှ ထွက်ခွာသွားသည်။
ထိုညီအစ်မ၂ယောက် ထွက်ခွာသွားသည်ကို ကြည့်ပြီး ထန်ရှု စိတ်သက်သာရာ ရသွားသည်။ နိုင်ငံခြားနေရာများမှ သုံးယောက်တွဲကိစ္စ ပြုလုပ်ခြင်းအား သူ စိတ်မဆိုးသော်လည်း ယခုလောလောဆယ်တွင် ထိုကဲ့သို့အတွေး သူ့တွင် မရှိပါချေ။ နတ်သမီး၇ဖော်အကသည် သူ၏စိတ်ဝင်စားမှုအား မြင့်တက်စေပြီး ထိုအရာသည် မည်သည့်အရာဖြစ်သည်ကိုသာ သူ သိလိုစိတ်ပြင်းပြလာသည်။
သူ၏အဝတ်အစားများအား ချွတ်လိုက်ပြီးနောက် ရေချိုးကန်ထဲတွင် သူ ဝင်စိမ်ကာ ရေချိုးသည်။ ထို့နောက် အဆင်သင့် ပြင်ဆင်ပေးထားသော ညအိပ်ဝတ်စုံအား ဝတ်ဆင်လိုက်ပြီး အပြင်ဘက်ခန်းမသို့ ထွက်လာလိုက်သည်။ သို့သော် သူသည် သွားနေရာမှ ရပ်တန့်သွားပြီး တွေဝေမိန်းမောသွားခဲ့ရသည်။
ခန်းမအတွင်းတွင် မိန်းကလေး၇ယောက်သည် ရင်ညွှန့်ရိုးထိ လှစ်ဟထားသော ဝတ်ရုံလွှာပါးများအား ဝတ်ဆင်ကာ မတ်တတ်ရပ်နေကြသည်။ မိန်းကလေးတစ်ယောက်စီတိုင်းသည် အလှတကာထိပ်ခေါင်တင်များဖြစ်ကြပြီး အပြုအမူ အမူအရာများသည် မိန်းကလေးပီသစွာ ချစ်စရာကောင်းလှပေသည်။ ထိုမိန်းကလေး၇ယောက်သည် နံရံဘက်တွင်ကပ်လျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ထန်ရှု၏စိတ်နှလုံးအား ရိုက်ခတ်စေသည့်အရာမှာ ထိုမိန်းကလေး၇ယောက်သည် နီရဲတောက်ပသောအရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အစိမ်းရင့်ရောင်၊ မဲနယ်ရောင်၊ ဟသာၤပြဒါးအရောင်နှင့် ခရမ်းနုရောင် စသည့် ကွဲပြားခြားနားသောအရောင်များဖြင့် ပါးလွှာသောဝတ်ရုံအား ဝတ်ဆင်ထားသည်ကို သူ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သို့သော် သူတို့၏ထိုဝတ်ရုံလွှာများအောက်မှ မည်သည့်အရာများအား မဖုံးကွယ်ထားနိုင်ပါချေ။ ထန်ရှု၏ထက်မြက်လှသော အမြင်အာရုံဖြင့် ထိုမိန်းကလေး၇ယောက်၏လျှို့ဝှက်အပ်သောဧရိယာများကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
“ဟယ်လို လူကြီးမင်း…”
မိန်းကလေး၇ယောက်ထံမှ ကျွမ်းကျင်သော အင်္ဂလိပ်စကားသံ ထွက်ပေါ်လာသည်။ မကြာမီပင် ထိုမိန်းကလေး၇ယောက်သည် ထန်ရှု၏နံဘေးသို့ ရောက်ရှိလာသောကြောင့် သင်းပျံ့သော လေပြည်တစ်ခု ရောက်ရှိလာခဲ့သည်။ ထိုမိန်းကလေးများသည် မြေလူးငှက်ငယ်လေးသဖွယ်၊ ပျံလွှားငှက်လေးသဖွယ်နှင့် လိပ်ပြာလေးသဖွယ် လှုပ်ရှားကြကာ အချို့မိန်းမငယ်လေးတစ်သိုက်သည် ထန်ရှု၏လက်မောင်းအား တွဲခိုလျက် အချို့က ထန်ရှုအား ဆိုဖာဆီသို့ ညင်သာစွာ တွန်းလာကြသည်။
“ရှင် အရင်ဆုံး အနားယူပြီး ကျွန်မတို့ ကတာ ကြည့်မလား။ သို့မဟုတ် အဓိကကိုပဲ သွားမလား။” ချစ်စရာအပြုံးပိုင်ရှင် မိန်းကလေးတစ်ယောက်က ထန်ရှုအား ရွှင်မြူးစွာ မေးသည်။
“အဟွတ်…အဟွတ်…” ထန်ရှု အကြိမ်အနည်းငယ်မျှ ချောင်းခြောက်ဆိုးလိုက်ပြီးမှ
“စလိုက်ကြတာပေါ့။”
ထိုမိန်းကလေးက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဘေးဘက်သို့ လျှောက်လာကာ ရီမုတ်ကွန်ထရိုးလ်တစ်ခုအား ကောက်ယူပြီး ခလုတ်တစ်ခုအား နှိပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထန်ရှု ထိုင်နေသော ဆိုဖာသည် အလိုအလျောက် သီးခြားစီဖြစ်သွားကာ နံရံသည်လည်း ပွင့်ဟသွားပြီး ပါးလွှာသော ကန့်လန့်ကာများနှင့် ပိုးကြိုးနှင့်တူသော သံမဏိကြိုးများ ပေါ်ထွက်လာသည်။ ဆိုဖာသည်လည်း အဆက်မပြတ်ပြောင်းလဲမှုများ ဖြစ်နေပြီး လူ၁၀ယောက်ဆန့်သော အိပ်ရာကြီးတစ်ခုအသွင် ဖြစ်လာသည်။
“ဒါက….”
သူသည် အတွေ့အကြုံ ဗဟုသုတရှိသည့်တိုင် ယခုပြောင်းလဲသွားသော မြင်ကွင်းတစ်ခုအား သူ မမျှော်လင့်ထားသောကြောင့် အံ့အားသင့်နေစဉ်မှာပင် အခန်း၏သွင်ပြင်သည် မိနစ်ဝက်အတွင်း လုံးဝပြောင်းလဲသွားပြီဖြစ်သည်။
အိပ်ရာပုံစံပြောင်းလဲသွားသည့်အပြင် အိပ်ရာခင်းနှင့် အိပ်ရာအပြင်အဆင်ပင်လျှင် အလိုအလျောက် ပြောင်းလဲသွားကာ အိပ်ရာထက်တွင် သပ်ရပ်စွာ ဖြစ်ပေါ်လျက်ရှိသည်။ ပါးလွှာသော ကန့်လန့်ကာများသည်လည်း သက်တန့်၇ရောင်ရှိကြပြီး အားလုံးသည် ကုတင်စွန်းတွင် ထိုင်နေသော ထန်ရှုအား ချည်နှောင်ထားပြီးဖြစ်သည်။ သူ့အား ကန့်လန့်ဖြတ်လျက် ဖြူဖွေးနူးညံ့သော ကန့်လန့်ကာများသည် အိပ်ရာကြီးတစ်ခုလုံးအား ဖုံးလွှမ်းလျက်ရှိပြီး မိန်းကလေး၇ယောက်သည်လည်း အိပ်ရာထက်တွင် လဲလျောင်းရှိနေကြပြီဖြစ်သည်။
နံရံ၏ဘေးတစ်ဖက်တစ်ချက်စီတွင် သတ္တုဘေစင်တစ်ခုသည် မြင့်တက်လာပြီး ရေစီးကြောင်းတစ်ခုစီအား ပန်းထုတ်လျက်ရှိသည်။ အခန်းတွင်းမှ အလင်းရောင်သည် မှိန်ကျသွားပြီး လျင်မြန်စွာ ပြောင်းလဲနေသော အလင်းများဖြင့် အစားထိုးလာသည်။ အခန်း၏အပြင်အဆင်သည် အိပ်မက်မြင်ကွင်းအလား ဖြစ်သည်။
“ဒါက…”
ထန်ရှု၏အကြည့်များသည် နေရာအနှံ့မှ မှိတ်တစ်လှည့် လင်းတစ်လှည့် ရောင်စုံအလင်းများနှင့် အရိပ်များပေါ်သို့ ကျရောက်သွားသည်။ ထိုအလင်းများသည် အိပ်ရာထက်တွင် ယောကျာ်းများနှင့် အမျိုးသမီးများကြားရှိ ချစ်စခန်းဖွင့်သည့် သက်ဝင်လှုပ်ရှားမှုများအား ပြသလျက်ရှိသည်။
“ဒင်…”
သတ္တုအချင်းချင်း ရိုက်ခတ်သံတစ်ခုအား ကြားရပြီးနောက် သာယာနာပျော်ဖွယ်တေးသီချင်းသံ ထွက်ပေါ်လာသည်။ မျက်နှာချင်းဆိုင်ဘက်တွင် ကန့်လန့်ကာပါးများ ဖုံးလွှမ်းထားသော မိန်းကလေး၇ယောက်သည် သူတို့၏နူးညံ့ပျော့ပြောင်းသော ခန္ဓာကိုယ်အား စတင်လှုပ်ရှားလာကြပြီး အဆက်မပြတ်ပင် ကိုယ်ဟန်အမူအရာများ ပြောင်းလဲသွားကာ အလွန်အမင်း လှည့်ဖြားသွေးဆောင်သော ပုံစံများအသွင် ဖြစ်သွားကြသည်။
“မစ္စတာထန်… ကျွန်မက ရှင့်အချစ်ရဲ့လိုအပ်ချက်ထဲက ပထမဆုံးအနီရောင်နတ်သမီးလေးပါ။”
သာယာနာပျော်ဖွယ်တေးသီချင်းသံ ပြီးဆုံးသွားသည်နှင့် အနီရောင်ဝတ်ရုံလွှာပါးအား ဝတ်ဆင်ထားသော မိန်းကလေးသည် မျက်နှာချင်းဆိုင်ဖက် ပါးလွှသော ကန့်လန့်ကာများဆီမှ ခြေဗလာဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ သူမ၏ဖြူဝင်းသွယ်လျသော လက်ချောင်းလေးများသည် သူမ၏ရင်ညွှန့်ဆီမှ သေးသွယ်သော ကြိုးလေးအား ညင်သာစွာ ဖြုတ်လိုက်သည်။ ရုတ်ခြည်းဆိုသလိုပင် သူမ၏ဖြူဝင်းသော အသားစိုင်လေးသည် ဂုဏ်ယူရသော တောင်ပူစာအမြွှာနှင့်အတူ ဆွဲဆောင်မှုရှိသော ညှပ်ရိုးဖြင့် ထန်ရှု၏ရှေ့မှောက်တွင် ထွက်ပေါ်လာပြီး သူမ၏ အောက်ပိုင်းအရာများအားလုံးပါ ဖော်ပြလာခဲ့သည်။ သူ၏နဖူးကြောအား တွန့်ရှုံ့ထားရင်း ထန်ရှုသည် ပိုကြည့်မိလေ မူမမှန်မှုအား သူ ပိုမိုခံစားရလေဖြစ်နေသည်။ မိန်းကလေး၏ အကာအကွယ်မဲ့နေသော ရင်သားများ ထွက်ပေါ်လာသောကြောင့် ထန်ရှု စိတ်တွင်းမှ သက်ပြင်းချလိုက်ရင်း နတ်သမီး၇ဖော်အကဆိုသည်မှာ မည်သည့်အရာကို ခေါ်ဆိုသည်ကို နောက်ဆုံးတော့ သူ နားလည်ခဲ့ရပြီဖြစ်တော့သည်။
ရွှစ်…
သူ၏ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း မိန်းကလေး၏အရှေ့တွင် ပေါ်လာပြီး ဖြည်ချထားသော ကြိုးမျှင်လေးအား ယူလိုက်ကာ ပြန်လည် ချည်နှောင်ပေးလိုက်သည်။ ထို့နောက် သူက ခေါင်းကို ယမ်းလိုက်ရင်း
“ဒီနေ့ ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင်။ ငါ့မှာ လုပ်စရာလေးတွေ ကျန်နေသေးတာ ရုတ်တရက် သတိရလာလို့ ငါ အခုပဲ ပြန်မှဖြစ်မယ်။”
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးက ကြက်သေ သေသွားပြီး ထန်ရှုအား ကြည်လင်သော မျက်ဝန်းလေးများဖြင့် မျက်တောင်မခတ်စတမ်း ကြည့်နေရင်း မည်သည့်အကြောင်းကြောင့် ထန်ရှု အလျင်စလို ထွက်ခွာမည်ကို စဉ်းစားမရဖြစ်နေသည်။
ကန့်လန့်ကာပါးဆီမှ အခြားမိန်းကလေး၆ယောက်သည်လည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး ထန်ရှုအား ပဟေဠိဖြစ်နေသောအမူအရာများဖြင့် ကြည့်ကာ အစီအစဉ် စရုံရှိသေးသည်တွင် မည်သည့်အကြောင်းကြောင့် ထန်ရှု ထိုကဲ့သို့ အလျင်စလို ထွက်ခွာမည်ကို စဉ်းစားရခက်နေကြသည်။
ဖြစ်နိုင်သည်က … ထိုကိစ္စမျိုးတွင် သူ မစွမ်းဆောင်နိုင်ဘူးဟု ရုတ်တရက် ခံစားသွားမိလို့များလား။
သို့သော်လည်း သူတို့တတွေသည် ဧည့်သည်တော်များ၏တောင်းဆိုမှုအားလုံးအား ဖြစ်နိုင်သမျှ စိတ်ကျေနပ်စေရန်နှင့် ဧည့်သည်တော်များအား နတ်ဘုရားများအလား ဆက်ဆံရန် လေ့ကျင့်ပေးထားခံရသူများ ဖြစ်သောကြောင့် သူမတို့၏ဝတ်ရုံလွှာကြိုးများအား ဖြည်လိုက်ကြကာ ထန်ရှု၏အရှေ့တွင် အဝတ်မပါ ဗလာကိုယ်တည်းဖြင့် မတ်တတ်ရပ်လိုက်ကြသည်။
ထန်ရှု မျက်မှောင်ကြုပ်သွားပြီး ကြိမ်းမောင်းလိုက်သည်။
“မင်းတို့အားလုံး အိပ်ရာထဲ ပြန်သွားကြ။”
မိန်းကလေးတစ်ဦးက ပဟေဠိဖြစ်စွာဖြင့်
“လူကြီးမင်း … ကျွန်မတို့ရဲ့ဝန်ဆောင်မှုကို သဘောမကျလို့များလား ဒါမှမဟုတ် ကျွန်မတို့ရဲ့ရုပ်ရည်သွင်ပြင်ကို မနှစ်သက်လို့များလားဟင်။”
ထန်ရှုက ခေါင်းခါလိုက်ရင်း
“မင်းတို့နဲ့မဆိုင်ပါဘူး။ ဒီနတ်သမီး၇ဖော်အကကို ခံစားဖို့ ငါ ဒီနေရာကို လာတုန်းက ဒီအစီအစဉ်က ဘာလဲဆိုတာ ငါ မသိခဲ့ဘူး။ မင်းတို့ရဲ့သွင်ပြင်ကို မြင်ပြီးမှသာ ဘာလဲဆိုတာ အဖြေရှာတွေ့ခဲ့ရတာ။ ဒီလိုဝန်ဆောင်မှုမျိုးက ငါ့အတွက် မလိုအပ်ဘူးလေ။”
ထိုသို့ ပြောပြီးသည်နှင့် ထန်ရှုက ရေချိုးခန်းဆီသို့ လျှောက်သွားကာ သူ၏အဝတ်အစားများကို ပြန်လည်ဝတ်ဆင်လိုက်ပြီး မိန်းကလေး၇ယောက်၏ပြူးကျယ်နေသော အကြည့်များအောက်တွင် ခန်းမဆီမှ ထွက်ခွာလာခဲ့သည်။
ကော်ရစ်ဒါအပြင်ဘက်တွင် ရေဘယ်လ်သည် သူမ၏သွယ်လျသော လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်အား ညှပ်ကာ နံရံနှင့် ခပ်ခွာခွာ ရပ်နေသည်။ သူမ၏အမူအရာသည် အနည်းငယ် မတင်းမာသောကြောင့် ထင်ရှားစွာ ဖော်ပြရန်ခက်ခဲလှသည်။ သို့သော်လည်း မျက်နှာချင်းဆိုင်အခန်းတံခါး ပွင့်လာပြီး ထန်ရှု ထွက်လာသောအခါ သူမ၏အမူအရာသည် မှုန်မှိုင်းသွားသည့်ဟန်ရှိပြီး စီးကရက်အား လျင်မြန်စွာ တောက်ထုတ်လိုက်ကာ ထန်ရှုအား ပဟေဠိဖြစ်နေသောအမူအရာဖြင့် ကြည့်နေသည်။
အချို့ဧည့်သည်တော်များက စီးကရက်နံ့ကို မကြိုက်သောကြောင့် ပုံမှန်တွင် ဒီနေရာ၌ သူမသည် စီးကရက်သောက်လေ့မရှိချေ။ သို့သော် နတ်သမီး၇ဖော်အကတွင် ထန်ရှု နစ်မျောပြီး ပြန်ထွက်လာလိမ့်မည်မဟုတ်ဟု သူမ ထင်လိုက်သောကြောင့် စီးကရက်သောက်ကာ စိတ်အပန်းဖြေနေခြင်းဖြစ်သည်။
“မစ္စတာ ထန်… ရှင်…”
ထန်ရှုက လက်ကို ဝှေ့ယမ်းလိုက်ရင်း သူမ၏စကားအား ဖြတ်ပြောလိုက်သည်။
“ဒီနတ်သမီး၇ဖော်အကအစီအစဉ်ရဲ့အကြောင်းကို ကျွန်တော့်ကို ပြောပြလို့ရနိုင်မလား။”
ဒီနတ်သမီး၇ဖော်အကအစီအစဉ်ရဲ့အကြောင်း…
ရေဘယ်လ်က တစ်ခဏမျှ တွေးလိုက်ပြီးနောက် ပြန်ဖြေသည်။
“ရှင်တို့လိုအပ်ချက်တွေ ကျေနပ်စေဖို့ အကောင်းဆုံးဝန်ဆောင်မှုနဲ့ အကောင်းဆုံး မိန်းကလေးတွေကို ကျွန်မတို့က ဖြည့်ဆည်းပေးတာပါ။ ဒါပေမယ့် ဒီနတ်သမီး၇ဖော်အကကို ရွေးချယ်ရဲတဲ့သူက အိပ်ရာထဲမှာ အလွန်စွမ်းအားကြီးတဲ့သူ ဖြစ်ရပါမယ်။ သူကိုယ်တိုင် ကျေနပ်ရုံအတွက်တင်မကဘူး အဲ့ဒီမိန်းကလေး၇ယောက် စိတ်ကျေနပ်အောင် စွမ်းဆောင်နိုင်စွမ်းလည်း ရှိရပါမယ်။ ဒီနေရာမှာ ကျွန်မတို့က အထူးစည်းကမ်းချက်တွေလည်း ရှိသေးတယ်။ ဧည့်သည်တော်က မိန်းကလေး၇ယောက်လုံးကို ကျေနပ်စေနိုင်ရင် ကျွန်မတို့ အခန်းပြင်ဆင်ခအတွက်ပဲ ကျသင့်ငွေကို ကောက်ခံမှာဖြစ်တယ်။ ဒါပေမယ့် ဧည့်သည်တော်က မိန်းကလေးတစ်ယောက်ကိုပဲ ကျေနပ်စေနိုင်ရင် သူက ကုန်ကျငွေ၆ဆကို ပေးရမှာဖြစ်ပြီးတော့ မိန်းကလေး၂ယောက်ကိုပဲ ကျေနပ်စေနိုင်ရန် ကုန်ကျငွေ၅ဆ… စသည်ဖြင့်ပေါ့…ဒါပေမယ့် ဧည်သည်တော်က မိန်းကလေးတစ်ယောက်ကိုမှ မကျေနပ်စေနိုင်ဘူးဆိုရင်တော့ သူက ကုန်ကျငွေ၇ဆကို ပေးရမှာဖြစ်ပါတယ်။”
ရေဘယ်လ်၏ ဆွံ့အကာ အံ့သြနှုတ်ဆိတ်သွားသည့်ဟန်ကို ကြည့်ပြီး ထန်ရှု နတ်သမီး၇ဖော်အကကို ရွေးခဲ့သည်ဟု ဖက်တီးလီကြားပြီး မည်သည့်အကြောင်းကြောင့် မျက်လုံးပြူးသွားရသည်ကို နောက်ဆုံးတော့ ထန်ရှု နားလည်ခဲ့ရပြီဖြစ်သည်။ ထိုသူ ပြောသည့် “သန်မာမှု” အထူးလိုအပ်သည်ဟူသော စကား၏အဓိပ္ပာယ်ကိုလည်း သူ နောက်ဆုံးတော့ သဘောပေါက်ခဲ့ရပြီ ဖြစ်တော့သည်။
“အကျင့်မကောင်းတဲ့လူ”
ထန်ရှု စိတ်တွင်းမှ တိတ်တဆိတ် ကျိန်ဆဲလိုက်ရင်း ရေဘယ်လ်အား ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ကျွန်တော် စိတ်မကောင်းပါဘူး။ ဒီနတ်သမီး၇ဖော်အကအစီအစဉ်ဆိုတာ ဘာမှန်း အစက ကျွန်တော် မသိခဲ့ဘူး။ အဲ့ဒါကြောင့် ပုံမှန်အကတစ်မျိုးလို့ ထင်ပြီး ရွေးခဲ့မိတယ်။ ဒါပေမယ့် အခု ကျွန်တော် အဲ့ဒါကို ဆက်မလုပ်တော့ဘူး။ ဂျက်စမင်းကို ဖုန်းဆက်ပြီး ပြောလိုက်ပါ။ ကျွန်တော်က ဘယ်အမျိုးသမီးဆီကိုမဆို သွားတတ်တဲ့ ပေါ့ပေါ့တန်တန်ယောကျာ်းတစ်ယောက် မဟုတ်ဘူးလို့။”
“ဒါ…” ရေဘယ်လ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူမ၏အိပ်မက်ထဲတွင်ပင် ထန်ရှုသည် သူမအား အမှန်တကယ် ထိုစကားမျိုး ပြောလိမ့်မည်ဟု သူမ မထင်ထားမိပေ။ ထွက်ခွာသွားသော ထန်ရှု၏နောက်ကျောအား ကြည့်ရင်း သူမ နှုတ်ခမ်းအစုံအား ဟလိုက်မိသော်လည်း မည်သည့်စကားဆိုရမည်ကို မသိတော့ပါချေ။
သူသည် သာမန်ဧည့်သည်တော်တစ်ယောက်သာ ဖြစ်ပါက ထိုကဲ့သို့ လွယ်ကူစွာ ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။ သူသည် အစီအစဉ်ကို ရွေးချယ်ခဲ့ပြီး မစပင် မစရသေးခင် ထွက်ခွာလာသဖြင့် မိန်းကလေး၇ယောက်အား စိတ်ကျေနပ်မှုပေးရန် ကျရှုံးခဲ့ပြီဖြစ်သောကြောင့် ၇ဆပေးရမည့်ပုံဖြစ်သည်။ သို့သော် ထန်ရှုသည် သာမန်ဧည့်သည်တစ်ယောက် မဟုတ်ပါချေ။ သူသည် ကုန်ကျစရိတ်များ ပေးခြင်းမှ ကင်းလွတ်ခွင့်ရထားသည်။
ရေဘယ်လ်၏အမူအရာသည် အကြိမ်အနည်းငယ်မျှ ပြောင်းလဲသွားပြီး သူမ၏ဟန်းဖုန်းအား အလျင်စလို ရှာလိုက်ကာ ဂျက်စမင်း၏ဖုန်းနံပါတ်အား ဆက်လိုက်သည်။
“ဒုဥက္ကဋ္ဌ ဂျက်စမင်း… မစ္စတာထန်က နတ်သမီး၇ဖော်အကရဲ့အကြောင်းကို သူ အရင်က မသိလို့ အဲ့ဒီအစီအစဉ်ကို ရွေးမိတာပါတဲ့။ ဒါပေမယ့် အခု အဲ့ဒီအစီအစဉ်အကြောင်း သိသွားတော့ သူ ထွက်သွားပြီ။”
“သူ မကစားဘူးလား။”
“ဟုတ်ကဲ့။ သူ အခုလေးတင်ပဲ ထွက်သွားပါပြီ။”
“ငါ သိပြီ။”
ထန်ရှု ပထမထပ်သို့ ရောက်သောအခါ နိုင်ငံခြားသားတစ်ယောက်သည် ညှို့အားကောင်းသော မိန်းကလေး၂ယောက်အား ပွေ့ဖက်ပြီး တံခါးမှ ဝင်လာသည်ကို တွေ့လိုက်ရသောကြောင့် ရုတ်တရက် မျက်မှောင်တွန့်လိုက်မိသည်။ သူသည် မိန်းကလေးတစ်ယောက်ဆီသို့ အလည်အပတ်သွားကာ ဘာမှမလုပ်ဘဲ လမ်းလျှောက်ထွက်သွားသည့် ယောကျာ်းမျိုးတစ်ယောက်မဟုတ်သော်လည်း တခြားသူများ အသုံးပြုပြီးသည့် အမျိုးသမီးများကို နှစ်သက်သည့် ယောကျာ်းမျိုးလည်း မဟုတ်ပါချေ။ ထို့ကြောင့် သူသည် ထိုနိုင်ငံခြားသားအား ခံစားချက်မရှိသည့်အမူအရာဖြင့် တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။
“မစ္စတာထန်…”
တံခါးအပြင်ဘက်အရောက်တွင် အမိုးဖွင့်၂ယောက်စီးကားလေးအား မောင်းလာသော ဂျက်စမင်းသည် ထန်ရှု၏အရှေ့တွင် ရပ်လိုက်ကာ ကားတံခါးကို ဖွင့်ပြီး ထန်ရှု၏လမ်းအား ပိတ်လိုက်သည်။
“အထဲကတစ်ယောက်ယောက်ဆီက သတင်း မင်း ကြားပြီးပြီ မဟုတ်လား။ ကျွန်တော် နတ်သမီး၇ဖော်အကအစီအစဉ်ကို သဘောမကျလို့ ပြန်လာခဲ့တယ်။”
ဂျက်စမင်းက ပေါ့ပါးစွာ ရယ်မောလိုက်ပြီး
“ရှင်က ကျွန်မတို့ရဲ့အထူးဧည့်သည်ပါ မစ္စတာထန်။ ဒါကြောင့်မို့ ရှင့်ရဲ့ဆုံးဖြတ်ချက်ကို ကျွန်မတို့ လေးစားရပါလိမ့်မယ်။ ရှင် စိတ်ကျေနပ်စေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးသွားမှာပါ။ ရှင် အဲ့ဒါကို မကစားချင်ဘူးဆိုမှတော့ ကျွန်မ ရှင့်ကို ပြန်လိုက်ပို့ပေးပါမယ်။”
***