← Chapters

အပိုင်း(၃၂)

Vol. 3 Ch. 32

အပိုင်း(၃၂)

Vol. 3 Ch. 32

ကျောက်လုံ၏ စကားများအား ကြားရသောအခါ အရိပ်အမှတ်ကိုးက ခေါင်းခါပြလိုက်သည်။

"ဒီနေ့ အရှင့်သား ငါတို့ကို စုစည်းဖို့ တောင်းဆိုထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင်..."

"သူရဲ့ အသက်အရွယ်က လက်ရှိသူ့ရဲ့ အသွင်အပြင်နဲ့ တကယ်အတူတူပဲ...ပြီးတော့...."

"အဲ့ထက် ပိုတာက အဲ့လူငယ်လေးက.. ဒီနှစ်ထဲမှာမှ ဆယ့်ငါးနှစ်ပြည့်တာ"

"ဒီဆယ့်ငါးနှစ်လုံးလုံးမှာ သူဟာ သူ့ရဲ့ သိုင်းပညာကို ဘာတစွန်းတစ်မှ ထုတ်ပြတာမရှိပဲနဲ့ တစ်ခြား သူတွေရဲ့ မကြာခဏအနိုင်ကျင့်တာကို ခံခဲ့တယ်"

"မနေ့ကလေးက သူသေလုနီးနီး ဖြစ်တော့မဲ့အချိန်ကြမှ သူ့ရဲ့ သ်ိုင်းပညာရပ်တွေကို သုံးပြီးတော့ စန်းယွဲ့မြို့ဟိုင်ကလန်က မြင်းထိန်းနဲ့ ကောင်းကင်ဘုံလေဂိုဏ်းက အဆင့်နှစ် သန့်စင်သူကို သတ်ပစ်ခဲ့တာပဲ"

"ဒီနေ့မှာ စန်းယွဲ့မြို့ရဲ့ ကလန်ကြီးလေးခုထဲက တစ်ခုဖြစ်တဲ့ ဟိုင်ကလန်က သိုင်းပညာရှင်တွေကို သတ်ဖြတ်ပစ်ခဲ့ပြီး ဟ်ိုင်ကလန်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ် ဟိုင်ပါထျန်းတောင် သူသတ်တာကို ခံခဲ့ရတယ်"

"သူဘာလို့ နှစ်ပေါင်းများစွာ အနိုင်ကျင့် အရှက်ခွဲတာကို သည်းခံခဲ့လဲဆိုတာကို ငါမသိဘူး"

"ဒါပေမဲ့သူက လက်ဖျားခါလောက်စရာ ကံကြမ္မာနဲ့တစ်ချက်တည်းနဲ့တင် ကမ္ဘာကြီးကို အံ့အားသင့်သွားစေနိုင်လောက်တယ်လို့တော့ ပြောနိုင်တယ်"

သာမန်လူများ၏ မျက်လုံးထဲတွင် ရှစ်ဖုန့် မနေ့တစ်နေ့ကမှ သိုင်းပညာအား သင်ကြားသည်ဟု စဥ်းစားရန်မှာ ပုံမှန်အားဖြင့် မဖြစ်နိုင်သော အရာဖြစ်သည်။

ယနေ့တွင် သူသည် ကြယ်နှစ်ပွင့်စစ်သည်တော် နယ်ပယ် ဖြစ်နေပီဖြစ်သည်။

သူဘာကြောင့် အနိုင်ကျင့်မှုအား သည်းခံရသနည်းဆိုသည် အတွက်က သူ့တွင် သည်းခံရန် အကြောင်းပြချက်ကောင်း တစ်ချို့ ရှိသောကြောင့် ဖြစ်ရမည်ဖြစ်သည်။

နှစ်ရက်တည်းဖြင့် ကြယ်တစ်ပွင့်သိုင်းလက်သင် အဆင့်မှ ကြယ်နှစ်ပွင့်စစ်သည်တော် နယ်ပယ်အထိ ရောက်လာခြင်းမှာ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးတွင်ပင် မကြားဖူးသော အရာဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း လုံလောက်သော စွမ်းအင်များ ရှိနေသည်ဆိုလျှင်တောင် သိုင်းပညာရပ်များအတွက် စိတ်ခံစားချက်များကတော့ ရိုးရှင်းသော အရာမဟုတ်ပေ။

အရိပ်အမှတ်ကိုးအနေဖြင့် ရှစ်ဖုန့် သာမန်သေမျိုးဘဝမှ သိုင်းလက်သင်တစ်ယောက်အဆင့်ထိ တက်ခဲ့သော ဖြစ်စဥ်အချက်အလက်များအား ရရှိခဲ့သော်လည်း ၎င်းမှာ ရှစ်ဖုန့်က ရည်ရွယ်ချက်ရှိရှိ စိတ်လှည့်စားမှုများ လုပ်ခဲ့ခြင်းဟု သူတို့ မှတ်ယူနိုင်သည်။

အများဆုံး ရှစ်ဖုန့်မှာ ယနေ့ဟိုင်ကလန်သို့ မသွားခင်အထိ ကြယ်တစ်ပွင့်သိုင်းလက်သင်တစ်ယောက်ဖြစ်ပြီး ထို့နောက်တိုက်ပွဲအတွင်း ကြယ်နှစ်ပွင့် စစ်သည်တော်နယ်ပယ်အထိ အဆင့်တက်နိုင်ခဲ့သည်ဟု သူတို့ စဥ်းစားလိမ့်မည်ဖြစ်သည်။

"ဘာဖြစ်လို့လဲ"

ထိုအချိန်တွင် လူတိုင်း၏ နောက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။

အရိပ်အမှတ်ကိုးနှင့် ကျောက်လုံတို့ ကြားလိုက်ရသောအခါ အလျှင်အမြန်နောက်လှည့်၍ ဒူးတစ်ဖက် ထောက်ချလိုက်ကြသည်။

"နှုတ်ဆက်ပါတယ်..ဆရာ"

ကျောက်လုံက ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ် အရှင့်သား"

တောင်တန်းတောအုပ်အတွင်းမှ အဖြူရောင် ပုံရိပ်တစ်ခု လျှောက်လှမ်း ထွက်လာသည်။

၎င်းမှာ လုံချန်ဖြစ်သည်။သူ၏ လက်ထဲတွင် စက္ကူ ယပ်တောင်အား ဝေ့ယမ်းကာ ဖြည်းဖြည်းချင်းလှမ်းလာ၏။

"ဟူး.."

လုံချန်က စက္ကူယပ်တောင်အား စုစည်းလိုက်ကာ သူ့ရှေ့ရှိလူများအား ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"မင်းတို့အားလုံး ထလို့ရပါပြီ"

"ဟုတ်ကဲ့"

နှစ်ယောက်သား တုန့်ပြန်ဖြေဆိုလိုက်သည်။

ရုတ်တရက် လုံချန်၏ အကြည့်က ကျောက်ဟူ၏ ကိုယ်ပေါ် ရောက်သွားသည်။

သူ၏ မျက်လုံးမှာ ချက်ခြင်း ပြူးကျယ်သွားပြီး သူ၏ အေးစက်စက်နိုင်သော အမူအယာမှာ တစ်ချက် တုန်လှုပ်သွား၏။

"ကျောက်ဟူ...ဒါက........."

ဒါက ဟုပြောပြီးနောက် လုံချန် ခဏ ရပ်တန့်လိုက်သည်။

ထို့နောက်သူက ဆက်ပြောသည်။

"မင်းက အဆင့်ချိုးဖြတ်နေတာပဲ.."

"ဟုတ်ပါတယ် အရှင့်သား"

လုံချန်ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျောက်လုံက အလျှင်အမြန်ဖြစ်ကြောင်းကုန်စင်အား ပြောပြလိုက်သည်။

လုံချန်မှာ နားထောင်ပြီးနောက် သူ၏ အံ့အားသင့်သော အမူအယာမှာ ဖြည်းဖြည်းချင်း နှစ်ထောင်းအားရမှုသို့ပြောင်းသွားသည်။

သူက သူ့လက်ထဲရှိ စက္ကူ ယပ်တောင်အား ပိတ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်..ဒါက တကယ်ကို ကောင်းမွန်တာပဲ..."

"သူက တကယ့်ကိုပဲ ဒီမင်းသားရဲ့ ကံကောင်းစေတဲ့ ကြယ်လေးပဲ..ဟားဟား"

"အမှတ်ကိုး.."

လုံချန်ကအော်ပြောလိုက်သည်။

"ဒီလက်အောက်ခံက ဒီမှာ ရှိပါတယ်"

အရိပ်အမှတ်ကိုးက ချက်ချင်း ကိုယ်ကိုကိုင်းညွှတ်၍ လုံချန်အား ပြန်လည်ဖြေဆိုလိုက်သည်။

"ဒီနေရာကကို အမိန့်ကို လက်ဆင့်ကမ်းလိုက်"

"ဒီနေရာမှာ ရှိတဲ့ ငါ့ရဲ့ဘယ်လက်အောက်ခံမဆို အနာဂတ်မှာ ရှစ်ဖုန်ကို အစုလိုက်တွေ့သည်ဖြစ်စေ သီးသန့်တွေ့သည်ဖြစ်စေ..."

"ဂရုမစိုက်ပဲ.. မနေမိစေနဲ့.."

"ပြီးတော့..နှောင်ကြိုးမဲ့ဧကရာဇ် မိုရှောင်ယောင် ဘယ်နေရာမှာ ရှိလဲဆိုတာကို စုံစမ်းဖို့အတွက် လူတွေထပ်လွှတ်လိုက်ပါ"

လုံချန်၏ အမြင်တွင် ရှစ်ဖုန့်မှာ နှောင်ကြိုးမဲ့ဧကရာဇ် မိုရှောင်ယောင်၏ တပည့်ဖြစ်သည်ဟု မပြောပဲလက်ခံလိုက်ပီဖြစ်သည်။

သူ၏ ဆရာဖြစ်သော နလန်ယွမ်ကပင် ရှစ်ဖုန့်၏ ကျင့်ကြံမှု ပညာရပ်မှာ ငရဲဘုံကိုးခုဧကရာဇ်၏ အမွေအနှစ်မှလာသည်ဟု အတည်ပြုထားသည်။

သူသာ ဧကရာဇ်မိုရှောင်ယောင်အား ရှာဖွေနိုင်လျှင် ရှစ်ဖုန့်က သူ၏ ကတိအား ဖြည့်​ဆည်းပေးကာ ဧကရာဇ်မိုရှောင်ယောင်အား သူ့အတွက် လှုပ်ရှားမှုတစ်ခု လုပ်ခိုင်းစေနိုင်သည်။

လှုပ်ရှားမှုတစ်ခု မဟုတ်ပါပဲ စကားတစ်ခွန်းဖြင့်ဆိုလျှင်တောင် ယွင်လိုင်အင်ပါယာတစ်ခုလုံး လုံဝပြောင်းလဲမှုတစ်ခု ကြုံရမည်ဖြစ်သည်။

သူတမ်းတနေသော ရာဇပလ္လင်မှာ သူ့အတွက် နေ့လားညလားပင်ဖြစ်သည်။

သူ့အဖေကွယ်လွန်သွားလျှင် သူ့အား မည်သူကမျှ ယှဥ်ပြိုင်ရဲမည် မဟုတ်ပေ။

တစ်နေ့ကြ သူ၏ ဖခင်ကိုယ်တိုင်ပင် ရာဇပလ္လင်အား သူ့ထံတိုက်ရိုက်လွှဲပေး၍ အမွေဆက်ခံ ခြင်းအား ခွင့်ပြုနိုင်ကောင်းနိုင်လိမ့်မည်ဖြစ်သည်။

"ဧကရာဇ် သက်တော် အဓွန့်ရှည်တည်တံပါစေ"

အားလုံးက သူတို့၏ လေးစားမှုနှင့်တုံ့ပြန်မှုများအား ပေးအပ်ကြမည်ဖြစ်သည်။

၎င်းမှာ လုံချန်နေ့နေ့ညည တွေးတော့နေခဲ့ရသော အရာဖြစ်သည်။

"ဟုတ်ကဲ့"

အရိပ်အမှတ်ကိုးက အမ်ိန့်ကို လက်သင့်ခံလိုက်သည်။

သူ၏ ခန္ဓာကိုယ်က အနက်ရောင် အရိပ်အဖြစ်ပြောင်းသွားကာ ခုန်လိုက်ပြီး တောအုပ်ဆီသို့ တစ်ဟုတ်ထိုး ဦးတည်လိုက်သည်။

"အိုး..ဟုတ်သား..အဲ့ထဲမှာ သူဘယ်လောက်တောင် ကြာသွားပီလဲ"

လုံချန်က ကျောက်လုံကိုမေးလိုက်သည်။

နောင်ပိုင်းမှ ထိုဂူထဲတွင် ရှစ်ဖုန့်ရှိနေသေးသည်ကို သူသဘော ပေါက်လိုက်သည်။

သူက ခေါင်းကိုမော့ကာ ဂူအတွင်းသို့ ကြည့်လိုက်သည်။

ဂူထဲ၌ မြုပ်ဝင်နေသော ညပုလဲ၏ အလင်းရောင်အောက်တွင် အထဲ၌ လုံးဝတောက်ပနေသည်။ ၎င်းက လုံချန်၏ အမြင်ပေါ်တွင် ထိခိုက်မှု မရှိပေ။

အထဲ၌ သွေးများဖြင့် ဖုံးလွှမ်းနေသော ခန္ဓာကိုယ်တစ်ခုအား လုံချန်တွေ့ရသည်။

၎င်းမှာ သွေးရောင်နတ်ဆိုးတစ်ပါးနှင့် တူညီပီး သူ၏ ကိုယ်အား ကိုင်းညွှတ်ကာ အထဲ၌ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။

"ဒါက..."

ထို့နောက် ကျောက်လုံမှာ တစ်ခုခုက တော်တော်လေး ထိန့်လန့်ဖို့ ကောင်းနေသည်အား သဘောပေါက်လိုက်သည်။

သူက လုံချန်အား အလျှင်အမြန် ပြောလိုက်သည်။

"အရှင့်သား သူအထဲမှာ ရှိနေတာ အမွှေးတိုင် နှစ်ချောင်းကုန်စာ လောက်ရှိနေပါပြီ"

"ဘာ..အမွှေးတိုင် နှစ်တိုင်ကုန်စာ အချိန်ဟုတ်လား.."

ကျောက်လုံ၏ စကားကြောင့် လုံချန်ရုတ်ချည်း အလန့်တကြားထ အော်လိုက်သည်။

"အမွှေးတိုင် နှစ်တိုင်ကုန်စာအချိန်.."

"အဲ့တာက..အဲ့တာက ကြယ်တစ်ပွင့် ဘုရင်နယ်ပယ်တစ်ယောက် ကြံ့ကြံ့ခံနိုင်တာနဲ့ ညီနေ​ပြီ"

"ဒါက...သူက လူလား မွန်းစတားလားဟ"

"ဒါက လုံးဝကို ပုံမှန်မဟုတ်တာပဲ.."

ခုဏက လုံချန်နှင့် ကျောက်လုံဟိုင်တို့ ရှစ်ဖုန့် မကြာခင် ထွက်လာသင့်သည်ဟု ခံစားရသော်လည်း အမွေးတိုင်ဝက်စာအချိန် အလျှင်အမြန်ကုန်ဆုံးသွားပြန်သည်။

သွေးပုံရိပ်၏ လှုပ်ရှားမှုမှာ နှေးကွေးလာသော်လည်း ထွက်လာရန်တော့ ရည်ရွယ်ချက် ရှိသေးပုံမပေါ်ပေ။

"အရှင့်သား...သူ့ကိုယ်က သံမဏိနဲ့များ လုပ်ထားတာလား"

ကျောက်လုံက တိုးတိုးလေးမေးလိုက်သည်။

"မကြာခင်..သူခံနိုင်ရည် မရှိတော့ပဲ ဖြစ်လာပြီး ထွက်လာလိမ့်မယ်.."

လုံချန်က မသေချာမှုများနှင့် ပြောလိုက်သည်။

ယွင်လိုင်အင်ပါယာမှ မည်သူမဆို ဤအရာအား ရှာဖွေတွေ့ရှိပါက ယွင်လိုင်အင်ပါယာပင်မဟုတ်ပဲ အရှေ့ပိုင်းဒေသတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားလောက်သည်။

"ကြယ် နှစ်ပွင့် စစ်သည်တော် နယ်ပယ်တစ်ယောက်က ငါးဆယ့်ငါးဆ မြေဆွဲအားအခန်းထဲမှာ အမွေးတိုင် နှစ်တိုင်ခွဲစာ နေနိုင်တယ်တဲ့ "

"ကောင်းကင်ဘုံရေ...သူကတကယ်လူသားရော ဟုတ်ရဲ့လား"

ကျောက်လုံမှာ သူ၏ ယခင်က သိုင်းပညာအပေါ် နားလည်ထားမှုများ အကူအညီဖြင့်ပင် ဤ ကိစ္စက စိတ္တဇဆန်သည်ဟု ခံစားမိသည်။

ဆန့်ကျင်ဘက်အနေနှင့် လုံချန်ကတော့ ရှစ်ဖုန့်ထိုသို့ ဖြစ်လေ စိတ်သက်သာရာ ပိုရလေခံစားရသည်။

ဤကဲ့သို့ မွန်းစတား ပါရမီရှင် မျိုးသာ နှောင်ကြိုးမဲ့ ဧကရာဇ် အမြင်ကို ဖမ်းစားနိုင်သည်။

"သူသာတကယ်ကြီး ငါ့ဆီကို ဝင်ဖို့ဆန္ဒရှိပြီး ငါ့ကိုခံစားကာ ငါအနာဂတ်မှာ နယ်မြေအရှင်သခင်ဖြစ်ပြီး ငါ့နယ်မြေတွေကို

သူက ချဲ့ထွင်ပေးရင် ဘယ်လောက်ကောင်းမလဲ"

လုံချန်ကိုယ့်ဘာသာကိုယ်တွေးနေမိသည်။

"အရှင့်သား...အမွှေးတိုင် သုံးတိုင်စာ အချိန်ကို..ကျော်သွားပုံရတယ်.."

ရှစ်ဖုန့်ထွက်မလာသေးသည်ကိုကြည့်ရင်း နောက်ထပ် အမွှေးတိုင် တစ်ဝက်စာ အချိန်ခန့် ကုန်သွားသည်ကို ကျောက်လုံ သဘောပေါက်လိုက်သည်။

သို့သော် နှစ်ယောက်သားမှာ ယခုအခါတွင်တော့ ဤ ဓမ္မတာမဟုတ်သော ထူးဆန်းမှုအား နေသားကျသွားပုံရသည်။

ထိုအချိန်တွင် ရှစ်ဖုန့်မှာ သူ၏ အကန့်အသတ်သို့ ရောက်နေသည်အား ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်မှာ ဝင်ပေါက်ဆီသို့ သွားရန်ပင် စတင် နှေးကွေးလာသည်။

သွေးနတ်ဆိုးလမ်းလျှောက်ထွက်လာသည်ကို မြင်သောအခါ လုံချန်၏ အမူအယာမှာ ရုတ်တရက်လေးနက်သွားသည်။

သူကကျောက်လုံအား အမိန့်ပေးလိုက်သည်။

"ကျောက်လုံ မင်းတို့လေးယောက်နဲ့ငါသာ ဒီည ကိစ္စကိုသိထားကြတယ်"

"သတင်းတွေ မပျံ့သွားစေနဲ့..မဟုတ်ရင် အညှာတာမရှိ အသတ်ခံရမယ်"

"ဟုတ်ကဲ့.."

ကျောက်လုံ အလျင်အမြန် တုံ့ပြန်လိုက်သည်။

ဤကိစ္စ၏ အခရာကျမှုကို သူပင်ကိုအရ ကိုနားလည်ပါသည်။

အခြားသူများသာ ဤကဲ့သို့ နတ်ဆိုးအဆင့် ဇတ်ကောင်တစ်ယောက်အား ရှာတွေ့သွားလျှင် သူအရွယ်ရောက်မလာသေးခင်ပင် အသတ်ခံရဖို့ ဖြစ်နိုင်ချေများသည်။

အထူးသဖြင့် သူသည် လောလောဆယ် လုံချန်၏ လူဖြစ်နေသော အခါတွင်ဖြစ်သည်။

အခြားသူများသာ အရှင့်သားဆီ၌ ဤကဲ့သို့ နတ်ဆိုးအဆင့် တစ်ယောက် ရှိနေသည်အား ရှာတွေ့သွားလျှင် လုံချန်၏ ညီအကိုများက သူ့အားသတ်ဖို့ ကြံစည်ကြလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင် ရှစ်ဖုန့်မှာ မြေဆွဲအား၏ ဖိသိပ်မှုကို ခံထားရပြီး သူ၏ တစ်ကိုယ်လုံးအား မြေပြင်နှင့် ဖိသိပ်ထားသကဲ့သို့ဖြစ်သည်။

သူ၏ လမ်းလျှောက်နှုန်းမှာ ပက်ကျိတစ်ကောင် တွားသွား သကဲ့သို့ ဖြစ်၏။

ယနေ့ညသူ၏ ခန္ဓာကိုယ်အား သန့်စင်ပြီးနောက်သူ့အနေဖြင့် နယ်ပယ်သစ်တစ်ခုသို့ လုံးဝရောက်ရှိသွားလောက်ပြီဖြစ်သည်။

"ဟူး..ဟူး..ဟူး.."

ခက်ခဲမှုများ၏ ကြားထဲမှ နောက်ဆုံး ဂူအပြင်သို့ ရှစ်ဖုန့် ခြေလှမ်းနိုင်ခဲ့သည်။

မြေပြင်ပေါ်သို့လဲကျသွားသောအခါ သူ၏ တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ချက်ခြင်းခံစားလိုက်ရသည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters