အပိုင်း(၃၃)
Vol. 3 Ch. 33
ရှစ်ဖုန့်မှာ သွေးများဖြင့် ဖုံးနေပြီး မြေပြင်ပေါ်သို့ လဲကျနေသည်။
ထိုအချိန်တွင် သူ၏ မာတာမိခင်ပင်သူ့အား မှတ်မိမည် မဟုတ်ပေ။
ဤအချိန်တွင် သူ၏ တစ်ကိုယ်လုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေ နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုအား ရှစ်ဖုန့် ခံစားနေရသည်။
"မင်းအဆင်ပြေရဲ့လား.."
လုံချန်က ရှစ်ဖုန့်၏ ဘေးတွင် အလျှင်အမြန် ဆောင့်ကြောင့်ထိုင်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
ဤဆရာလေးသာ သေဆုံးသွားပါက တစ်နေ့၌ နှောင်ကြိုးမဲ့ဧကရာဇ်အား သူရှာတွေ့ခဲ့လျှင်ပင် သူ၏ တာဝန်ရှိမှုမှ မလွတ်မြောက်နိုင်ပဲ ၎င်းရှေ့တွင်ပင် သေရမည်ဖြစ်သည်။
သူ့အနေဖြင့် နှောင်ကြိုးမဲ့ ဧကရာဇ် ၏ အမျက်ဒေါသအား တောင့်ခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ရှစ်ဖုန့်က သူ၏ သွေးများပေရေနေသော မျက်နှာအား မော့လိုက်ပြီး အာဃာတ စိတ်ဝိညာဥ်တစ်ကောင်ကဲ့သို့ လုံချန်ကို ပြန်ဖြေလိုက်သည်။
"ငါအဆင်ပြေတယ်...ငါမသေသေးဘူး..".
သူ၏ အသံမှာအေးစက်စက်နိုင်သည်လည်းမဟုတ် မနိုင်သည်လည်းမဟုတ်သော်လည်းတော်တော်လေးတော့ အားနည်းလှသည်။
အမှန်အတိုင်းပြောရလျှင် လုံချန်မှာ ဤ သွေးစွန်းနက်မှောင်နေသော မျက်နှာ အား မြင်လိုက်ရသောအခါ တော်တော်လေး ထိန့်လန့်သွားမိသည်။
သို့သော် ဤ လူထူးဆန်း မသေလျှင် သူ့အတွက် အဆင်ပြေပီဖြစ်သည်။
"ဒါက ငါတို့တော်ဝင်မိသားစုရဲ့ အဆင့်လေး ကုသရေးဆေးလုံးဖြစ်တဲ့
ကောင်းကင်ပေါင်းစပ် ဆေးလုံးပဲ"
"မင်းဒါကို အရင်သောက်သင့်တယ်"
လုံချန်က သွေးနီရောင်ဆေးလုံးအား ရှစ်ဖုန့်ထံပေးလိုက်သည်။
ကောင်းကင်ပေါင်းစပ်ဆေးလုံးမှာ အဆင့်လေး ဆေးလုံးဖြစ်သည်။
၎င်းမှာ အဆင့်လေး ဘုရင်နယ်ပယ်သန့်စင်သူ တစ်ယောက်သာလျှင် ရောနှောဖော်စပ်နိုင်သော အရာဖြစ်သည်။
ယွင်လိုင်အင်ပါယာ တစ်ခုလုံးတွင် အဆင့်လေး ဘုရင်နယ်ပယ် သန့်စင်သူ နှစ်ဦးသာ ရှိပြီး ၎င်းတို့မှာ အထင်ကရဖြစ်သော ပုံရိပ်များ ဖြစ်ကြသည်။
အဆင့်လေး ဆေးလုံး၏ အဖိုးထိုက်တန်မှုမှာ လုံချန်လိုမင်းသားတစ်ပါးထံတွင်ပင် ဆယ်လုံးထက် ပို၍ မရှိနိုင်သော အရာဖြစ်သည်။
ပုံမှန်ဆိုလျှင် သူ့အနေဖြင့် ထိုဆေးလုံးအား ထုတ်စားမိမည်ပင်မဟုတ်ပေ။
ရှစ်ဖုန့်မှာ ဟိတ်ကြီးဟန်ကြီးဖြင့် မနေနိုင်ပေ။ လုံချန်ထံမှာ ကောင်းကင်ပေါင်းစပ်ဆေးလုံးအား ယူလိုက်ပြီး ဝါးမျိုလိုက်သည်။
အဆင့်လေးဆေးလုံးတစ်လုံးက သူ၏ ဒဏ်ရာများအား ကုသရာတွင် တော်တော်လေး အကျိုးသက်ရောက်မှု ရှိသည်။
ကောင်းကင်ပေါင်းစပ်ဆေးလုံးမှာ သူ၏ ပါးစပ်ထဲသို့ ဝင်သွားပြီး မကြာမီ အရည်ပျော်သွားသည်။
ဆေး၏ ဂုဏ်သတ္တိမှာ ညင်သာမှုရှိသည်။
ရှစ်ဖုန့်မှာ သူ၏ တစ်ကိုယ်လုံးသို့ ဖြတ်သန်းစီးဆင်းမသွားခင် သူ၏ လမ်းချောင်းအတွင်း၌ အရည်စီးချောင်းတစ်ခု စီးဆင်းသွားသည်အား ရုတ်ချည်းခံစားလိုက်ရသည်။
၎င်းအားစုပ်ယူရန်သူ၏ ခန္ဓာကိုယ်အား အလျှင်အမြန် ထိန်းချုပ်လိုက်သည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်း ဒဏ်ရာအများစုမှာ ကုသပီးသည်ကို ရှစ်ဖုန့် ချက်ခြင်းခံစားလိုက်ရသည်။
"အဆင့်လေးဆေးလုံးက မျှော်လင့်ထား သလိုပါပဲ.."
သူ၏ ကိုယ်အား လှုပ်ရှားလိုက်သောအခါ အလွန်ပြင်းထန်လှသော နာကျင်မှုအား ရှစ်ဖုန့် ခံစားရသေးသော်လည်း သူ၏ ကာယခွန်အားကတော့ တဟုန်ထိုးပြန်လည် ကောင်းမွန်လာသည်။
"ဒီဆေးလုံးအတွက်ကို ငါမှတ်ထားမှာပါ.."
"မင်းမှာ ထပ်ရှိသေးလား"
ရှစ်ဖုန့်က လုံချန်အား ကြည့်လိုက်ကာ အနည်းငယ်မျှ ယဥ်ကျေးနေခြင်း မရှိပဲပြောလိုက်သည်။
"ဒါက..."
လုံချန်၏ နဖူးထက်တွင် နက်မှောင်စွာ တွန့်ကွေးသော လိုင်းများပေါ်လာသည်။
ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူ၏ သိုလှေင်လက်စွပ် အတွင်းမှ ကောင်းကင်ပေါင်းစပ်ဆေးလုံး နောက်ထပ်သုံးလုံးအား ထုပ်ယူကာ ရှစ်ဖုန့်ထံ လွှဲပေးလိုက်သည်။.
"သုံးလုံးပဲ ကျန်တော့တာ..ငါမင်းကို အကုန်ပေးလိုက်မယ်"
"အမ်..ကောင်းပြီ"
ရှစ်ဖုန့်က လုံချန်ဆီမှ ကောင်းကင်ပေါင်းစပ်ဆေးလုံးများအား ယဥ်ကျေးနေခြင်း မရှိပဲ ယူလိုက်သည်။တစ်လုံးအား သူ၏ ပါးစပ်အတွင်းသို့ တိုက်ရိုက် ပစ်သွင်းလိုက်ပြီး ကျန်နှစ်လုံးအား သူ၏ သိုလှောင် လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။
"မင်း.....ဒါက..."
လုံချန်မှာ ရှစ်ဖုန့်က ကောင်းကင်ပေါင်းစပ်ဆေးလုံးအား ပဲစေ့များဝါးသကဲ့သို့ စားနေသည်အား တွေ့ရသောအခါ သူ၏ နှလုံးသား၌ တစစ်စစ်ကိုက်ခဲမှုကိုပင် ခံစားရသည်။
"ဘာဖြစ်လို့လဲ.."
ရှစ်ဖုန့်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"တကယ်ဆို မင်းရဲ့လက်ရှိ ဒဏ်ရာတွေက ကောင်းကင်ပေါင်းစပ်ဆေးလုံး တစ်လုံးတည်းနဲ့တင် လုံလောက်တယ်"
လုံချန်ကပြောလိုက်သည်။
ရှစ်ဖုန့်က လုံချန်၏ စကားအား အမှန်တကယ်ပင် ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
"ငါသိတယ်လေ..ဒါပေမဲ့ နှစ်လုံးစားတော့ ပ်ိုကောင်းတာပေါ့"
"ဒါက..."
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါ လုံချန်ပြောစရာစကားပျောက်သွားသည်။
"သူတကယ်ပဲ...သူ့ရဲ့ဒဏ်ရာတွေကို မြန်မြန်လေးပိုကောင်းချင်ရုံနဲ့.. အဆင့်လေးဆေးလုံးတွေဖြစ်တဲ့ ကောင်းကင်ပေါင်းစပ်ဆေးလုံး နှစ်လုံးကို စားခဲ့တယ်တဲ့.."
"သူ့အတွက် အပြည့်အဝပြန်ကောင်းဖို့ နှစ်နာရီလောက်ပဲ အချ်ိန်ယူရမှာလေ"
"သူ့အတွက် ဒီလိုမျိုး ဖြုန်းတီးပစ်လိုက်စရာမှ တကယ်မလိုတာ"
"ကောင်းကင်ဘုံရေ..အဲ့တာ အဆင့်လေးဆေးလုံးတွေပါဟ.."
"သူတို့ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာတောင် သူနားလည်ရဲ့လား"
ဤနေရာတွင် အခြားသူသာဆိုပါက သူ၏ ဒေါသအား ထွက်ပေါက်ပေးရန် ဆယ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်လောက် လုံချန်အနေဖြင့် ရိုက်နှက်ပြီး ဖြစ်သည်။
"ကောင်းပြီး.. အရမ်းကြီး စိတ်မသက်မသာဖြစ်မနေနဲ့..."
"ငါမင်းဆီကနေ..ပစ္စည်းတွေနဲ့..အကျိုးအမြတ်တွေ ရယူပီးတာမို့..အဲ့တာတွေနဲ့ပက်သက်ပီး ငါမင်းကို အလကားမဖြစ်စေရဘူး.."
ကောင်းကင်ပေါင်းစပ်ဆေး နှစ်လုံး၏ အကျိုးသက်ရောက်မှု အောက်တွင် ရှစ်ဖုန့်၏ ဒဏ်ရာများမှာ အများအားဖြင့် ပြန်ကောင်းမွန်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း လှုပ်ရှားနိုင်ကာ မတ်တပ်ထရပ်လိုက်သည်။
ထို့နောက်သူက လုံချန်ဘေးရှိ ကျောက်လုံအား ကြည့်ကာ ပြောလိုက်သည်။
"မီးအခြေပြု သိုင်းပညာရှင်..သေချာကြည့်ထား.."
ရှစ်ဖုန့်စကားပြောပီးသည့်နောက်တွင် ဝုန်းဆိုသော အသံနှင့်အတူ အနီရောင်မီးလုံးတစ်ခုက သူ၏ ညာလက်သီးတွင် စတင် တောက်လောင်လာသည်။
တောက်လောင်နေသော အနီရောင်မီးတောက်အတွင်း တွန့်လိန်နေသော စာလုံးတစ်လုံးအား ကျောက်လုံတွေ့ရသည်။
"မီး"ဟူသော စကားလုံးအား ကျောက်လုံမြင်ရပီးသော အခါတွင် သူသည်လည်း ကျောက်ဟူကဲ့သို့ စိတ်လှုပ်ရှားလာသည်။
ရှစ်ဖုန့်ဘာလုပ်ရန်စီစဥ်နေသည်အား လုံချန်လည်းနားလည်လိုက်သည်။
"ဒီ မီးတောက်နတ်ဘုရားလက်သီး စီကနေ မင်းတက်နိုင်သလောက် များများသင်ယူသင့်တယ်..."
ရှစ်ဖုန့်ကစကားပြောပီးသောအခါ သူ၏လက်သီးအား ညကောင်းကင်ယံဆီသို့ ပစ်ထိုးလိုက်သည်။
ရှစ်ဖုန့်၏ လက်သီးဆီမှ မီးတောက်မှာ လွှတ်ထွက်သွားပြီး သူတို့၏ ခေါင်းထက်၌ တောက်လောင်နေသည်ကို ကျောက်လုံနှင့် လုံချန်တို့ တွေ့လိုက်ရသည်။
ညကောင်းကင်ယံမှာ ရဲဲရဲတောက်နေသော မီးဟူသည့် အနီရောင်စာလုံးအဖြစ် ပြောင်းလဲသွားသည်။
စာလုံးအားမြင်ပီးနောက် ကျောက်လုံ၏ ကိုယ်မှာ ရုတ်တရက် တုန်ခါလာသည်။သူက လုံချန်အားကြည့်၍ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"အ..အရှင့်သား ....ကျွန်တော်မျိုးလဲ..အဆင့်ချိုးဖြတ်တော့မယ်လို့ ခံစားရတယ်.."
"ဟားဟားဟား..ကောင်းတယ်..ဒါက ကောင်းတယ်ကွာ.."
လုံချန်ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ စွမ်းဆောင်နိုင်စွမ်းရှိသော လက်အောက်ငယ်သားနှစ်ယောက် တစ်ချိန်တည်းတွင် အဆင့်တက်ခြင်းကြောင့် သူအမှန်တကယ်ပျော်ရွှင်မိခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်..အရှင့်သား.."
ကျောက်လုံမှာ ကျောက်ဟူကဲ့သို့ မြေပြင်ပေါ်တွင် တင်ပျဥ်ခွေ ထိုင်ချလိုက်ပြီး စတင်၍ နားလည်သဘော ပေါက်ရန်ဆင်ခြင်ကာ အဆင့်ချိုးဖြတ်တော့သည်။
"ရှစ်ဖုန့်... ကျေးဇူးအများကြီးတင်ပါတယ်"
လုံချန်က သွေးများဖုံးကာ လုံဝအနီရောင်ဖြစ်နေဆဲဖြစ်သော ရှစ်ဖုန့်အား ပျော်ရွှင်စွာ ကြည်ံ့၍ ပြောလိုက်သည်။
မြေဆွဲအား အခန်းတစ်ခုနှင့် အဆင့်လေးအဆင့် ဆေးလုံးလေးလုံးက စိတ်ဝိညာဉ်နယ်ပယ်နှစ်ယောက် အဆင့်တက်တာနှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။
ရှစ်ဖုန့်က သူ၏ လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။
"မင်းငါ့ကိုကျေးဇူးတင်ဖို့ မလိုပါဘူး..ဒါကဝန်ဆောင်ခပေးရုံသက်သက်ပဲ.."
"မင်းနဲ့ငါကြားမှာ မျှတတဲ့ လုပ်ငန်းကိစ္စအပေးအယူရှိတယ်"
"မင်းငါ့အတွက် လုပ်ပေးနေသမျှ ကာလပတ်လုံး..ငါကလည်း မင်းကိုပြန်ပေးနေမှာပဲ.."
"ဘာပဲဖြစ်ဖြစ် ငါကမင်းကို ဘာမှဆုံးရှုံး ဒုက္ခရောက်အောင် မလုပ်ပါဘူး.."
"ဟုတ်သား..မင်းငါ့ကို...မုဒြာအိမ်မက်မြက်ကို ရှာပေးနိုင်မလား"
"မုဒြာအိမ်မက်မြင်ပင်လား"
လုံချန်က မျက်လုံးအား ကျဉ်းမြောင်းကာ ရေရွတ်လိုက်သည်။
ထို့နောက်သူ တစ်ခုခုအားတွေးမိသွားပုံရကာ ရှစ်ဖုန့်အား မေးလိုက်သည်။
"မင်းပြောတာ အဆင့်ခြောက် ဆေးအမယ်ဖြစ်တဲ့ မုဒြာအိမ်မက် မြက်ပင်ကို ပြောနေတာလား.."
"ဟုတ်တယ်.."
ရှစ်ဖုန့်က ခေါင်းငြိမ့်ပြလိုက်သည်။
မုဒြာအိမ်မက်မြက်ပင်မှာ ယခုအချိန်တွင် သူအလိုအပ်ဆုံးသော အရာဖြစ်သည်။
သူ၏ ဒန်တန်ထိခိုက်မှုအား ပြန်ပြင်ချင်လျှင် ၎င်းအပေါ်၌ အမှီသဟဲ ပြုရမည်ဖြစ်၏။
မုဒြာ အ်ိမ်မက်မြက်ပင်မှာ အဆင့်ခြောက်ဆေး အမယ်သာ ဖြစ်သော်လည်း ၎င်း၏ အဖိုးထိုက်တန်မှုအရ တန်းကြေးမှာ အဆင့်ခုနှစ်ဆေးအမယ် နားသို့ နောက်နေပီဖြစ်သည်။
"ယွင်လိုင် အင်ပါယာတစ်ခုလုံး ငါရှာရင်တောင်မှ အဲ့ပစ္စည်းကို ရှာမတွေ့မှာ ကြောက်မိတယ်.."
လုံချန်ကပြောလိုက်သည်။
"အကောင်းဆုံးကြိုးစားပါ..အဲ့ဆေးနဲ့ပက်သက်ပြီး မင်း ရှာတွေ့နိုင်ရင် ငါလည်းမင်းကို တန်ရာတန်ကြေး ပြန်ပေးမှာပါ.."
ရှစ်ဖုန့်က ပြောလိုက်သည်။
"အရမ်းကောင်းတယ်..ငါအမိန့်ပေးလိုက်မယ်.."
လုံချန်က ခေါင်းငြိမ့်လိုက်သည်။
"နောက်တစ်ခုရှိသေးတယ်..မနက်ဖြန်ကြရင် မြေဆွဲအားကို ဆယ်ဆ ထပ်မြှင့်လိုက်ပါ ..အဲ့တာကိုမမေ့ပါနဲ့.."
ထိုစကားများပြောပြီးနောက် ရှစ်ဖုန့်က လုံချန်အားလျစ်လျူရှုလိုက်ကာ တောအုပ်စီသို့ စတင်လျှောက်လှမ်းသွားသည်။
ရှစ်ဖုန့်ခြေဆယ်လမ်းအရောက်မှ လုံချန်မှာ ရှစ်ဖုန့်၏ စကားများအပေါ် သတိဝင်လာသည်။
"ဆယ်ဆ ထပ်မြှင့်ရမယ်...ဒီထူးထူးဆန်းဆန်းကောင်တော့ သူတကယ်ပဲ ထပ်ပီးအသက် မရှင်ချင်တော့တာလား.."
ယခုအချိန်တွင် ရှစ်ဖုန့်မှာသူ၏ ခွန်အားတိုးမြှင့်ရန်အတွက် တော်တော်လေး ပူပန်လျက်ရှ်ိသည်။
နှစ်ရက်အကြာတွင် စန်းယွဲ့မြို့သို့ ကောင်းကင်ဘုံလေဂိုဏ်းမှ ယင်ယန်တမန်တော်ဟုခေါ်သော သူနှစ်ဦးရောက်လာမည်ဖြစ်သည်။၎င်းတို့မှာ
ကြယ်ကိုးပွင့် စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှစ်ယောက်ဖြစ်သည်။
သူ၏ လက်ရှိခွန်အားမှာ လုံလောက်ရန် အဝေးကြီးလိုသေးသည်။
သူ၏ ခွန်အား ပိုကြီးမားလာရန်အတွက် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။
တောအုပ်ထဲဖြတ်သန်းရင် ရှစ်ဖုန့်က သူ၏ သိုလှောင် လက်စွပ် အတွင်းမှ အဖြူရောင် ဝတ်ရုံအားထုတ်ကာ ပြောင်းလဲဝတ်ဆင်လိုက်သည်။
ထိုအချိန်တွင် သူ၏ လမ်းကြောင်းရှေ့၌ လူငါးယောက် ပတ်လည်ဝိုင်းထားသလောင်ရှိသော ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်ရှိသည်။
"ဘန်း.."
ရှစ်ဖုန့်က လက်သီးထိုးလိုက်ကာ သူ၏ ညာဘက်သီးက သစ်ပင်အား တိုက်ရိုက်ပစ်သွင်းလိုက်သည်။
သူ၏ လက်မောင်းတစ်ခုလုံးက လက်သီးနှင့်အတူပါသွားကာ သစ်ပင်အား အပေါက်တစ်ခု ဖန်တီးပေးလိုက်၏။
စွမ်းအားအသစ်အား ခံစားကြည့်ရင်း သူက စိတ်မကျေနပ်စွာ ခေါင်းခါလိုက်သည်။
"မဟုတ်သေးဘူး..အရမ်းနှေးပြီး အရမ်းအားနည်းနေသေးတယ်"
"အခုငါ့လက်သီးရဲ့စွမ်းအားက..အများဆုံး. ကြယ်ငါးပွင့် သခင်တစ်ယောက်ရဲ့ စွမ်းအားပဲရှိသေးတယ်.."
ဆက်ရန်....
ဘာသာပြန်သူ-Arise