အပိုင်း(၃၄)
Vol. 3 Ch. 34
စွမ်းအားအသစ်အား ခံစားကြည့်ရင်း ရှစ်ဖုန့်က စိတ်မကျေနပ်စွာ ခေါင်းခါလိုက်သည်။
"မဟုတ်သေးဘူး..အရမ်းနှေးပြီး အရမ်းအားနည်းနေသေးတယ်"
"အခုငါ့လက်သီးရဲ့စွမ်းအားက..အများဆုံး. ကြယ်ငါးပွင့် သခင်တစ်ယောက်ရဲ့ စွမ်းအားပဲရှိသေးတယ်.."
ရှစ်ဖုန့်၏ ပြင်ပခန္ဓာကိုယ် ခွန်အားမှာ အမွှေးတိုင်သုံးတိုင်ကုန်စာ အချိန်အတွင်း ကြယ်တစ်ပွင့် သခင်နယ်ပယ် တစ်ယောက်ခွန်အားမှ ကြယ်ငါးပွင့် သခင်နယ်ပယ်တစ်ယောက် ခွန်အားအထိ တိုးမြင့်လာခဲ့သည်။
အခြားသော သူများ၏ အမြင်တွင် ၎င်းမှာ ဒဏ္ဍာရီဆန်လှသော အမြန်နှုန်းတစ်ခုဖြစ်သည်။သို့သော် သူကြံ့ကြံ့ခိုင်ရင်ခဲ့ရသော ဆင်းရဲဒုက္ခများ၊ မျက်ရည်များ၊ လူမဆန်လှသော ညှင်းပန်းမှုများနှင့် ဆုံးရှုံးခဲ့ရသော သွေးများမှာ ရှစ်ဖုန့်ကိုင်တိုင်သာ သိနိုင်သော အရာတို့ဖြစ်သည်။
သူသည် သူ၏ အသက်ဖြင့် ကစားခဲ့ခြင်းဖြစ်ပြီး သူသာ ဂရုမထားပဲနေပါက အသက်ပင် ဆုံးရှုံးသွားနိုင်သည်ဟု ပြောနိုင်သည်။
"မနက်ဖြန်ကြရင် လုံချန်က မြေဆွဲအား ခြောက်ဆယ့်ငါးဆကို ပြင်ဆင်ထားလိမ့်မယ်...ငါပြင်ပခန္ဓာကိုယ်ခွန်အားမှာ စိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေဖို့ လိုအပ်တယ်.."
"မဟုတ်ရင်တော့...အရမ်းနောက်ကျသွားလိမ့်မယ်.."
အချိန်က အလော သုံးဆယ်ဖြစ်နေသည်ကို ရှစ်ဖုန့်သိသည်။
နှစ်ရက်အတွင်း ကောင်းကင်ဘုံလေဂိုဏ်းမှ လူနှစ်ယောက်က သူ့အား ဖျက်ဆီးရန် အတွက် လာလိမ့်မည်ဖြစ်၏။
သူအဖျက်ဆီးမခံလိုလျှင် သူ့ပြိုင်ဘက်ကိုဖိအားပေးပြီး ဖျက်ဆီးပစ်နိုင်သော စွမ်းအားမျိုး အသုံးပြုရန်လိုအပ်သည်။
"ဟမ်.."
"ထပ်ပီးတော့..အဲ့ခံစားချက်ပဲ.."
ရုတ်တရက် တော်တော်လေး သက်တောင့်သက်သာ မဖြစ်လှသော ခဠစားချက်အား ရှစ်ဖုန့် ခံစားရပြန်သည်။
"အဲ့နေရာကနေ ထွက်လာခဲ့စမ်း.."
ရှစ်ဖုန့်က လှည့်လိုက်ကာ လဲသွာသော သစ်ပင်ကြီး၏ ဆန့်ကျင်ဘက်တောအုပ်ဆီသို့ အော်ပြောလိုက်သည်။
သူ့အား တော်တော်လေး သက်တောင့်သက်သာ မဖြစ်လှသော ခံစားချက်ကို ပေးစွမ်းသည့်သူ များအား အဆုံးသတ်ပစ်ချင်သည်။
လုံချန်၏လူ ဟုတ်သည် မဟုတ်သည်ကို ဂရုမထားပဲ သူ့အား အန္တရာယ် ပေးမည့်သူ မည်သူ့ကို မဆို သူ ဖျက်ဆီးပစ်ချင်သည်။
သစ်တောက လုံးဝတိတ်ဆိတ်နေပြီး အနည်းလှုပ်ရှားမှုပင် မရှိချေ။
သို့သော် တော်တော်လေး သက်တောင့်သက်သာ မဖြစ်မှုကိုတော့ ရှစ်ဖုန့် ခံစားရဆဲဖြစ်သည်။
ရှစ်ဖုန့်အနေဖြင့် သူ့ကိုယ်သူ ကာကွယ်မှုအား မလစ်ဟင်းရဲပေ။
သူ၏ ပတ်ဝန်းကျင်ရှိ သစ်ပင် မြက်ပင်များ၏ လှုပ်ရှားမှုများကအစသူ အာရုံခံနေဆဲဖြစ်သည်။
အနာဂတ်တွင်သူ၏ စိတ် ဝိညာဉ်အား ကျင့်ကြံမှုအား ပြုလုပ်ရမည်ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်ခွန်အားသာ လုံလောက်တဲ့ သန်မာမှုရှိနေလျှင် အကွာအဝေးတစ်ခု အတွင်း အရာအားလုံးအား သူ၏ အတွေတစ်ချက်ဖြင့်ပင် ရှစ်ဖုန့် ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။
သို့သော် စိတ်ဝိညာဥ် ခွန်အားမှာ အမြဲတမ်း ခက်ခဲသော ကျင့်ကြံမှု အဖြစ် ရှိနေသော အရာဖြစ်သည်။
တစ်စုံတစ်ခုအား အချိန်တိုလေးအတွင်း အောင်မြန်နိုင်ရန်မှာ တစ်ညထဲနှင့် လုပ်ဆောင်နိုင်လောက်အောင် လွယ်ကူသော အရာ မဟုတ်ပေ။
ထို့ကြောင့် လက်ရှိရှစ်ဖုန့်အနေဖြင့် သူ၏ ခွန်အားအပေါ်တွင်သာ တိုးတက်ရန်အတွက် အာရုံစိုက်ထား နိုင်ခြင်းဖြစ်သည်။
"ဟမ့်..နောက်ဆုံးတော့..မင်းထိန်းမထားနိုင်ဘဲ လှုပ်ရှားပီပေါ့.."
ရှစ်ဖုန့်က အေးစက်စက် ခပ်ပြတ်ပြတ်ပြောကာ လှစ်ကနဲ ညာဘက်သို့ အလျှင်အမြန် ရှောင်တိမ်းလိုက်သည်။
"ဘုန်း..."
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ရှစ်ဖုန့် က ခုနှစ်မီတာ ရှစ်မီတာခန့်အထိ ရှောင်တိမ်းလိုက်ပြီးနောက် လှည့်ကြည့်လိုက်သည်။
သူလဲအောင်လုပ်ထားသော သစ်ပင်ကြီးမှာ နှစ်ပိုင်းပြတ်ထွက်သွားသည်အား သူတွေ့လိုက်ရသည်။
"ဘုန်း..ဘုန်း.."
သစ်ပင်ကြီး၏ နောက် မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခု ရပ်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
"ဂျီးဂျီးဂျီး..ခီးခီး..ဂျီးဂျီး.."
အမှောင်ထုထဲတွင် ပုံရိပ်မှာ ကျောချမ်းဖွယ် ကျယ်လောင်စွာ အော်ရယ်နေ၏။
ပုံရိပ်အားမြင်လိုက်ရသော အခါ ရှစ်ဖုန့်၏ မျက်လုံးတို့ ပြူးကျယ်သွားသည်။
"လီရူလား...မဟုတ်သေးဘူး...မင်းကဘယ်သူလဲ.."
"ခီးခီး..ခီးခီး.."
လီရူက သူ၏ လက်ထဲတွင် ပိန်းပေါက်အောင် နက်မှောင်နေသော သားသတ်ဓားအား ကိုင်ဆောင်ထားပြီး ရှစ်ဖုန့်အား အန္တရယ်ပေးမည့်ပုံစံဖြင့် ရယ်မောပြနေသည်။
သူမဆီမှ လျှို့ဝှက် နက်နဲပြီး ထူးဆန်းသော စွမ်းအားအား ရှစ်ဖုန့် အာရုံခံမိနိုင်သည်။
"မင်းကသားရေစာတစ်ခုပဲ..ဒါကြောင့် မင်းကိုယ်မင်း အပိုင်းပိုင်းလုပ်ပစ်သင့်တယ်.."
"မင်းကငါ့ရဲ့ နမည်ကို ဘယ်လိုလုပ်ပြီး သိခွင့်ရှိမှာတုံး.."
"ခီးခီးခီး..."
လီရူက နားမချမ်းသာဖွယ် အက်ကွဲကွဲ အသံဖြင့် အော်ပြောသည်။
စကားပြောပြီးနောက် သူမလက်ထဲရှိ ဝက်သတ်ဓားအား မြှောက်ကာ ရှစ်ဖုန့်အား ခုတ်ချလိုက်သည်။
ညကောင်းကင်ယံတွင် ကြီးမားသော ဓားသွား ပုံရိပ်ကြီးပေါ်လာပြီး ရှစ်ဖုန့်၏ ဦးခေါင်းထက်မှ ခုတ်ချလိုက်သည်။
"အလယ်အလတ် စိတ်ဝိညာဉ်နယ်ပယ် တစ်ယောက်ရဲ့..ခွန်အား.."
ရှစ်ဖုန့်က ဓားအရိပ်၏ စွမ်းအားအား ခံစားမိသည်။
ထိုဓားချက်၏ မှာ အနည်းဆုံး ကြယ်ငါးပွင့် စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်၏ ခွန်အားမျိုးရှိ၏။
သူ၏ခြေအား တစ်ချက်ဆောင့်ကာ ဘယ်ဘက်သို့ အလျှင်အမြန် ရှောင်တိမ်းလိုက်သည်။
ရှစ်ဖုန့်က ရှောင်တိမ်းပြီးနောက် အလျှင်အမြန် အော်ပြောလိုက်သည်။
"ယင်မိစ္ဆာ"
"ဘုန်း.."
ရှစ်ဖုန့်အော်ပြောပီးနောက် အာဃာတ ဆူးချွန်တစ်ခုက လီရူ၏ အောက်ဖက်မြေပြင်မှ လှစ်ကနဲ ထွက်လာ၏။
ထိုအချိန်တွင် ရှစ်ဖုန့်မှာ ငါးမီတာရှည်သော မြေဆူးချွန်များကိုသာ တွေ့လိုက်ရပြီး သူမ၏ အရိပ်အယောင်ကိုတော့ မတွေ့ရပေ။
လီရူမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
"မကောင်းတော့ဘူး.."
ရှစ်ဖုန့်က အန္တရာယ်ကို ခံစားမိသောကြောင့် အော်လိုက်ကာ ရှောင်တိမ်းလိုက်၏။
ထက်ရှသော အနက်ရောင်အလင်းက ညတောအုပ်ထဲတွင် လက်ကနဲဖြစ်သွားသည်။
ရှစ်ဖုန့်မှာ ခေါင်းမော့လိုက်ပြီး လီရူမှာ သူ၏ ခေါင်းထက်၌ ဇောက်ထိုးအနေအထားဖြင့် လေထဲတွင် ရှိနေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
သူမက ဝက်သတ်ဓားအား လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ အောက်ရှိရှစ်ဖုန့်အား ထိုးချလိုက်သည်။
ရုတ်ချဥ်း မရေတွက်နိုင်သော ဆေဘာဓား ရိပ်များက မုန်တိုင်းတစ်ခုကဲ့သို့ ရွာသွန်းလာကာ ရှစ်ဖုန့်အား သိပ်သည်းစွာ ဖုံးအုပ်သွားပြီး လွတ်မြောက်နိုင်သော လမ်းအားလုံးကိုပင် ပိတ်ထား၏။
"လီးပဲ...မင်းတော့သေချင်နေပီ.."
ရှစ်ဖုန့်က အော်လ်ိုက်ကာ သွေးရောင်ဓားရှည်က သူ၏ လက်ထဲတွင် ပေါ်လာသည်။
သိပ်သည်းသော အဖြူရောင် ငရဲဘုံစွမ်းအင်အား ဓားအတွင်းသို့ထည့်လိုက်သောအခါ သွေးရောက်ဓားမှာ အဖြူရောင်ပြောင်းသွားသည်။
ရှစ်ဖုန့်က ကောင်းကင်ပေါ်သို့ သူ၏ ဓားအား ထိုးသွင်းလိုက်သည်။
ထက်ရှသော အဖြုရောင်ဓားချီက ရှစ်ဖုန့်၏ ဓားဆီမှ ထွက်သွားပြီး
ဆေဘာဓား ပုံရ်ိပ်များအား ထိုးဖောက်ဖြတ်သန်းသွားကာ လီရူအား တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် ရှစ်ဖုန့်၏ ဘေး မြေပြင်မှ အဖြူရောင်ပုံရိပ်တစ်ခု ထိုးထွက်လာ၏။
သိပ်သည်းသော ဓားရိပ် အမြောက်အများအား ရှစ်ဖုန့်တားဆီးနေသည်ကို ကူညီရန် ၎င်းက အလိုအလျောက် ရှစ်ဖုန့်၏ ခေါင်းထက်သို့ခုန်လိုက်ပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ရှစ်ဖုန့်၏ မျက်လုံးတို့ပြူးသွားကာ အလိုအလျောက် အော်လိုက်သည်။
"ယင်မိစ္ဆာ အရူးကောင်.."
ယင်မိစ္ဆာမှာ သူအမိန့်မပေးပါပဲ အဘယ့်ကြောင့် သူ၏ ခေါင်းထပ်သို့ခုန်၍ တိုက်ခိုက်မှုအား တားဆီးမှန်း ရှစ်ဖုန့် နားမလည်ပေ။
ယင်မိစ္ဆာများ အပေါ် ယခင်သူ နားလည်ထားမှုများအရ ဤ အကြွင်းမဲ့ ယင်မိစ္ဆာအလောင်းကောင်မှာ တခြားသော ယင်အလောင်းကောင်းများနှင့် လုံးဝမတူညီသည်ကို ရှစ်ဖုန့် ယခင်ထဲက မြင်တွေ့ခဲ့ပြီးဖြစ်သည်။
အခြားသော ယင်အလောင်းကောင်များမှာ မြေအောက်တွင် သန္ဓေပြောင်းပြီးသော အခါတွင် ဘဝသစ် အတွေးသစ်များ ဖြစ်လာမည်ဖြစ်သည်။
ယင်မိစ္ဆာများအတွက် သူတို့၏ ယခင်ဘဝမှ မှတ်ဉာဏ်များအား စွဲကိုင်ထားနိုင်သော်လည်း ၎င်းတို့မှာ အရမ်းကို ဝိုးတိုးဝါးတာသာဖြစ်သည်။
သို့သော် ယင်မိစ္ဆာက တိုက်ခိုက်မှုအား သူ့၏ အမိန့်မပါပဲ အဘယ်ကြောင့်တားဆီးပေးခဲ့မှန်းကို ရှစ်ဖုန့် နားမလည်နိုင်ပေ။
သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များအား ရှင်းရှင်းလင်းလင်း ပြန်ရလာလျှင်တောင် သူတို့နှစ်ဦးကြားတွင် ဘာနက်ရှိုင်းသော ဆက်ဆံရေးမျှ ရှိထားခြင်းမရှိပေ။
သူက၎င်းအား ဓားတစ်ချောင်းကဲ့သို့ ယင်မိစ္ဆာ ရတနာတစ်ခု အဖြစ်သာ ဆက်ဆံခဲ့သည်။
"အား..."
ထက်ရှသော အော်သံတစ်ခုက ညကောင်းကင်ယံတွင် ဟစ်ကြွေးထွက်ပေါ်လာသည်။
အသံမှာ ကြွက်တစ်ကောင် မီးလောင်ခံရသောကြောင့် အော်သကဲ့သ်ို့ စိတ်မချမ်းသာဖွယ်ရာဖြစ်၏။
"ပုရွက်ဆိတ်..ငါ့ကိုဘယ်လိုတောင် ထိခိုက်အောင်လုပ်ရဲတာလဲ.."
"ခွေးမ...ငါ့ဆန္ဒကို ဘယ်လိုတောင် ဆန့်ကျင်ရဲတာလဲ.."
"နင်တော့..သေချင်နေတာပဲ..."
"အား....."
"ငါပြန်လာခဲ့မယ်.."
စူးရှပြီး စိတ်မချမ်းမြေ့စရာအသံက ညကောင်းကင်ယံတွင် ဒေါသတကြီးအော်ဟစ်လိုက်ပြီး လီရူမှာ ညကောင်းကင်ယံထက်တွင် ရုတ်ချည်း ပျောက်ကွယ်သွားသည်။
အခြားတစ်ဖက်တွင် ယင်မိစ္ဆာမှာ အသံတစ်ချက်ပင် မထွက်ခဲ့ပေ။
သူ၏ ထိုးချက်ကြောင့်ဆေဘာ ဓား ပုံရိပ်အများအပြား ပျောက်ကွယ်သွားခဲ့သော်လည်း သူ၏ ကိုယ်မှာလည်း ထိုဓားရိပ်တို့၏ ထိခိုက်မှုအား ခံစားခဲ့ရဆဲဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံး ဓားရိပ်တို့၏ ခုတ်ပိုင်းခံရမှုများ ဖြင့် ပြည့်နေခဲ့ပြီး သူ၏ လက်မောင်းများပင် အဖြတ်ခံလိုက်ရကာ လွင့်ထွက်သွားသည်။
အဖြစ်အပျက်တို့က မြန်ဆန်လွန်းလှသည် ။
ရှစ်ဖုန့် မတုန့်ပြန်နိုင်ခင်ပင် ယင်မိစ္ဆာမှာ သူ၏ ခြေရင်းသို့ပြုတ်ကျလာသည်။
"ဒါက...မင်းဘာလို့..ဒီလိုလုပ်ရတာလဲ.."
ရှစ်ဖုန့်က တီးတိုးရေရွတ်၍ သူ၏ခေါင်းကို ငုံကာ ယင်မိစ္ဆာအား ကြည့်လိုက်သည်။
ထိုစကားများက သူ့ကိုယ်သူ အရင်ပြောကာ နောက်မှ ယင်မိစ္ဆာအား ပြောပုံရသည်။
"မင်းသာ လုံးဝ ပျက်သုဥ်းသွားရင် ငါ့အတွက် ဘယ်လောက်တောင် ဆုံးရှုံးမှု ကြီးသွားမယ်ဆိုတာကို မင်းသိရဲ့လား.."
ခုဏက သိပ်သည်းလှ သောဆေဘာဓားချီများ သက်ဆင်းလာခဲ့သည်။
ကြယ်ငါးပွင်း စိတ်ဝိညာဉ်နယ်ပယ်ဆီမှ တိုက်ခိုက်မှုများအား ရှစ်ဖုန့်ကသူ၏ ပညာရပ်များကို အသုံးပြု၍ တားဆီးခဲ့လျှင် သူသည်လည်း အလွန်ကြီးမားသော တန်ကြေးအား ပေးဆပ်ရလိမ့်မည်ဖြစ်၏။
ထိုအရာများအား တားဆီးပြီးနောက်တွင် ကျန်ရှိနေသော သူ၏ စွမ်းအင်က သူ့ပြိုင်ဘက်၏ နောက်ထပ်တိုက်ခိုက်မှုများအား တားဆီး နိုင်တော့မည်မဟုတ်ပေ။
သူ၏ ပြိုင်ဘက်၏ သိပ်သည်းသော ဓားချီများအား အတင်းအကြပ် ကြံ့ကြံ့မခံခင် အရင် ပြိုက်ဘက်အား ထိခိုက်စေရန် ရှစ်ဖုန့် ဆုံးဖြတ်ချက်ချခဲ့သည်။
မမျှော်လင့်ပဲ ယင်မိစ္ဆာက မြေအောက်ထဲမှ ခုန်ထွက်လာကာ သူ့သခင်အား ကာကွယ်ခဲ့သည်။
ရလဒ်အနေဖြင့် ၎င်း ဒဏ်ရာများရသွားခဲ့ပြီး လက်မောင်းမှာလည်းပြုတ်ထွက်သွားသည်။၎င်းမှာမြေပြင်ပေါ်တွင်လဲနေပြီး အသက်ယဲ့ယဲ့သာ ကျန်တော့သည်။
ရှစ်ဖုန့်ထိုအရာအား မြင်လိုက်ရသောအခါ ရင်နင့်သွားရသည်။
"ကြီး..ကြီးမြတ်သော ဧကရာဇ်"
ယင်မိစ္ဆာက အားနည်းစွာဖြင့် ရှစ်ဖုန့်အားကြည့်လိုက်ပြီး စကားသုံးခွန်းအား သူ၏ နှုတ်ခမ်းဝမှ ထွက်ကျလာသည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise