← Chapters

အပိုင်း(၃၅)

Vol. 3 Ch. 35

အပိုင်း(၃၅)

Vol. 3 Ch. 35

"ကြီး..ကြီးမြတ်သော ဧကရာဇ်"

ယင်မိစ္ဆာက အားနည်းစွာဖြင့် ရှစ်ဖုန့်အားကြည့်လိုက်ပြီး စကားသုံးခွန်းအား သူ၏ နှုတ်ခမ်းဝမှ ထွက်ကျလာသည်။

"အိုး.."

ယင်မိစ္ဆာအား ကြည့်လိုက်ကာ ရှစ်ဖုန့်၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားသည်။

သူက ယင်မိစ္ဆာနှင့် သခင် အစေခံစာချုပ်အား ချုပ်ဆိုခဲ့ကာ မကြာခဏဆိုသလို သူ၏ အတွေးများဖြင့် ယင်မိစ္ဆာအား အမိန့်တို့ ပေးခဲ့၏။

သူ၏ အတွေးအပိုင်းအစများမှ တစ်ဆင့် သူ၏ သရုပ်မှန်အား ယင်မိစ္ဆာက ဖမ်းဆုပ်မိသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

သို့သော် ယင်မိစ္ဆာ၏ အသိဉာဏ်က ပိုပီး ရှင်းလင်းလာပုံရသည်။

"ကြီးမြတ်သော ဧကရာဇ်...ကျုပ်ကို...ကယ်ပါ.."

"ကျုပ်...မသေချင်သေးဘူး.."

"ကျုပ်ကို...သန်မာမှု လမ်းကြောင်းဆီကို ခေါ်သွားပါ.."

"ကျုပ်..နန်ကုန်း မိသားစုဆီကို ပြန်သွားချင်တယ်..."

ယင်မိစ္ဆာက ပိုအားနည်းပုံပေါ်လာကာ စကားအကြာကြီး မပြောနိုင်တော့ပေ။

၎င်း၏ အတွေးနှင့် ဆန္ဒတို့အား ရှစ်ဖုန့်ကို အမြန်ပြောနေသည်။

"ကျုပ်..."

ယင်မိစ္ဆာက သတင်းစကားတို့ ထပ်ပြောချင်နေသေးသော်လည်း

ရှစ်ဖုန့်က ရုတ်ချည်း လက်ကို ဝေ့ယမ်းလိုက်ကာကြားဖြတ် ဟန့်တားလိုက်ပြီး ပြောလိုက်သည်။

"မင်းထပ်ပြီး ပြောနေစရာ မလိုတော့ပါဘူး..အဲ့တာက မင်းဒဏ်ရာတွေအတွက် မကောင်းဘူး..."

"ဒီတော့...ငါကလည်း မင်းကို အသေမခံပါဘူး.."

ရှစ်ဖုန့်က သူ၏ လက်ငါးချောင်းအား ဖွင်လိုက်ပြီး နှစ်ဖက်စလုံးသို့ ဆန့်ထုတ်လိုက်သောအခါ သူ၏ လက်ဖက်ဝါးက ယင်မိစ္ဆာ၏ ပြုတ်ထွက်သွားသော လက်မောင်းတို့ကို စုပ်ယူလိုက်ပြီး ရှစ်ဖုန့်၏ လက်ဆီသို့ ၎င်းတို့ ပြန်သန်းလာသည်။

ရှစ်ဖုန့်က ယင်မိစ္ဆာအား ထပ်မံကြည့်လိုက်ကာ ပြောလိုက်သည်။

"မင်းရဲ့ ဒဏ်ရာတွေက ငါ့ကြောင့်ဖြစ်ရတာ.."

"ငါမင်းကိုပြန်ကုဖို့အတွက် ငါလုပ်နိုင်တာအကုန် သေချာပေါက်လုပ်ပီးတော့...အနာဂတ်မှာ မင်းဆန္ဒတွေ ဖြည့်ဆည်းပေးမယ်လို့ ကတိပေးတယ်.."

"အခုတစ်ကြိမ် ဖန်တီးထားတဲ့ အစီအရင်က ငရဲဘုံကိုးခု သေခြင်း ရှင်ခြင်း အစီအရင်လို့ခေါ်တယ်.."

"ဒါက မင်းကို တစ်လလောက် အဖျက်ဆီးမခံရစေပဲ သေသွားသလို ဖြစ်စေပီးတော့ မင်းအသက်ကို ယာယီ ချိတ်ပိတ်ပေးထားနိုင်တယ်.."

"အခုကစပြီးတော့.. မင်းဒီနေရာမှာ အိပ်စက်ရလိမ့်မယ်. "

"ငါ မင်းကိုကယ်တင်နိုင်မဲ့ နည်းလမ်းတစ်ခုကို သေချာပေါက် ရှာပီးတော့ မင်းဆီက်ိုပြန်လာရှာမယ်..."

ရှစ်ဖုန့်က စကားပြောပြီးသော အခါ လက်နှစ်ဖက်ဖြင့် ချိတ် တံဆိပ် ပုံစံတစ်ခုကို ပုံဖော်လိုက်သည်။

ဆံချည်မျှင် အရွယ် ထူးဆန်းသော အဖြူရောင် ရုန်းများက ချိတ်တံဆိပ်ဆီမှ မျောလွင့်ထွက်လာပြီး ယင်မိစ္ဆာ၏ အပေါ်သို့ သက်ဆင်းသွားသည်။

တစ်ချိန်တည်းမှာပဲ သူ၏ အောက်တွင် ရှိနေသော မြေပြင်မှာ စတင်တုန်ခါလာပြီး ခပ်အုပ်အုပ်အသံမြည်လာသည်။

ယင်မိစ္ဆာ၏ ကိုယ်မှာ ပျောက်ကွယ် မသွားခင်အထိ ဖြည်းဖြည်းချင်း မြေကြီးထဲသို့ နစ်ဝင်သွားသည်။ထို့နောက်မြေပြင်မှာ ပုံမှန်ပြန်ဖြစ်သွား၏။

ထိုအရာများအား ပြု​လုပ်ပီးနောက် ရှစ်ဖုန့် အိမ်သို့ မပြန်ခဲ့ပေ။

အိမ်သို့ပြန်ရမည့်အစား သူလာခဲ့သော နေရာသို့ ပြန်သွားခဲ့သည်။

သူက လုံချန်ပြင်ဆင်ထားပေးခဲ့သော မြေဆွဲအား ခန်းမထံသို့ လမ်းလျှောက်သွားလိုက်သည်။

ထိုအချ်ိန်တွင် ကျောက်ဟူမှာ အဆင့်အရင်ချိုးဖြတ်သွားပြီး မြေပြင်ပေါ်တွင် ထရပ်နေပီဖြစ်သည်။

ပျော်ရွှင်မှုနှင့်အတူ သူက လုံချန်အား တစ်စုံတစ်ခု ပြောလိုက်သည်။

သစ်တောထဲမှ လှုပ်ရှားသံအား ကြားလိုက်ရသောအခါ နှစ်ဦးသား စကားပြောနေရာမှ ရပ်တန့်လိုက်သည်။

သူတို့ကြည့်လိုက်သောအခါ ရှစ်ဖုန့်၏ ပုံရိပ်က ဖြည်းဖြည်းချင်း သစ်တောထဲမှ ထွက်ပေါ်လာသည်။

"အိုး...ညီလေးရှစ်...ဘာဖြစ်လို့ပြန်လာတာလဲ.."

လုံချန်က မေးလိုက်သည်။

ကျောက်ဟူက ရှစ်ဖုန့်အား ကြည့်လိုက်သောအခု သူ၏အကြည့်များ၌ယခင်နှင့်လုံးဝကွဲပြားနေသည်ကို တွေ့ရသည်။

သူ၏ မျက်လုံးများတွင် ကျေးဇူးတင်မှု လေးစားမှုတို့ဖြင့် ပြည့်နေ၏။

ရှစ်ဖုန့်က လုံချန်အား ကြည့်ကာ ပြောလိုက်သည်။

"ငါဒီနေရာကနေ..ရက်အနည်းငယ်လောက် ထွက်သွားရလိမ့်မယ်.."

"မင်းငါ့မိသားစုရဲ့ လုံခြုံရေးအတွက်.အာမခံပေးနိုင်မလား.."

"အဲ့အတွက် ငါမင်းအပေါ် အကြွေးတစ်ခုတင်နေတယ်လို့ မှတ်ထားလိုက်ပါ..."

ခဏမျှ တွေးလိုက်ပြီးနောက် လုံချန်က ပြန်ဖြေလိုက်သည်။

"ကောင်းကင်ဘုံလေဂိုဏ်းက လူတွေ လိုချင်တာက မင်းပဲ.."

"မင်းကပဲ သူတို့လူတွေကို သတ်ခဲ့တာ..."

"သူတို့ မင်းကို အပြစ်ပေးရင်တော့ ငါ ဝင်စွတ်ဖက်ဖို့ အတွက်က အဆင်မပြေလှဘူး.."

"မင်းမိသားစု အတွက်ကတော့ သူတို့ကို လုံခြုံတဲ့ နေရာတစ်ခုမှာ နေရာချပေးပြီးတော့ သူတို့လုံခြုံရေးအတွက် ကျွမ်းကျင်သူတွေကို ကာကွယ်ပေးဖို့ စီစဥ်ခိုင်းပီး အကူအညီ ပေးနိုင်တယ်..."

"ကျေးဇူးအများကြီးတင်ပါတယ်.."

မည်သူ့ကိုမှ ကျေးဇူးတင်စကား မပြောဖူးသည်မှာ ဘယ်နှစ်နှစ်ခန့်ပင် ရှိပီမှန်း ရှစ်ဖုန့်တစ်ယောက် မမှတ်မိတော့ပေ။

"ညီလေးရှစ်က အရမ်းကို ယဥ်ကျေးနေပါပြီကော.."

လုံချန်က ပြုံကာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"မင်းနဲ့ငါကြားမှာ ဘာအကူအညီပဲလိုလို လွတ်လွတ်လပ်လပ် တောင်းဆိုလို့ ပါတယ်ကွာ.."

ရှစ်ဖုန့်က ဟိတ်ဟန် ထုတ်မနေပဲ ပြောလိုက်သည်။

"ငါမြန်တဲ့ မြင်းတစ်ကောင်ကိုလည်းလိုတယ်"

သူကစကားပြောပီး ကျောက်ဟူ အားကြည့်လိုက်သည်။

"သူ့ကို ငါနဲ့ထည့်လိုက်ပါ..သုံးရက်အတွင်း သူ့ရဲ့ ကျင့်ကြံမှုက အနည်းဆုံး ကြယ်တစ်ပွင့်တက်ရမယ်လို့ ငါအာမခံတယ်.."

"သုံးရက်အတွင်း ကြယ်တစ်ပွင့်တက်မယ် ဟုတ်လား.."

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါ ကျောက်ဟူ ဟန်မဆောင်နိုင်ပဲ အကျယ်ကြီးအော်လိုက်မိသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.."

ကျောက်ဟူ၏ အမြင်တွင် ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ်မှ ကြယ်လေးပွင့်သို့တက်ရန် အနည်းလေး အချိန်သုံးနှစ်ယူရမည် ဖြစ်သည်။.

ကြယ်လေးပွင့် စိတ်ဝိညာဉ်နယ်ပယ်အား သုံးရက်အတွင်း အဆင့်တက်ရန်ကား ကြားပင်မကြားဖူးသော အရာဖြစ်သည်။

ရှစ်ဖုန့်က ကျောက်ဟူအား ကြည့်ကာပြောလိုက်သည်။

"ခင်ဗျားရဲ့ သိုင်းပညာ ပါရမီက နိမ့်ကျတယ်..."

"ခင်ဗျား ကြယ်နှစ်ပွင့် စိတ်ဝိညာဥ် အဆင့်မှာ သောင်တင်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပီ.."

"ဒီတော့ ခင်ဗျားရဲ့ ဒန်တန်က လွန်ကဲလာတဲ့ မူလစွမ်းအင်တွေကို မသိုလှောင်နိုင်တော့ဘူး.."

"ကောင်းကင်နဲ့မြေကြီးရဲ့ ယွမ်ချီတွေကို ခင်ဗျားစုပ်ယူပီးတဲ့အခါ အဲ့တာတွေက ခင်ဗျားရဲ့ ကိုယ်ထဲက မရီဒီယန်နဲ့ သွေးတွေထဲမှာ ပုန်းအောင်းနေတယ်.."

"အဲ့တာက မူလစွမ်းအင်ထဲကိုလဲ ငွေ့ရည်ဖွဲ့စေတယ်.."

"လျှို့ဝှက် ပညာရပ်ကိုသုံးပြီးတော့ ခင်ဗျား ကိုယ်ထဲက မူလစွမ်းအင်တွေကို ဒန်တန်ထဲ အတင်းထည့်နိုင်အောင် ကျုပ်ကူညီပေးရင် ကြယ်လေးပွင့် အဆင့်ကိုတက်ဖို့က လုံလောက်ပါတယ်"

"ကျုပ်ရှိနေတာတောင်...ခင်ဗျားရဲ့ သိုင်းပညာနားလည် နိုင်စွမ်းအပေါ် စိုးရိမ်နေတုံးလား..."

"အဲ့လိုအရာမျိုး..ရှိတာလား"

ကျောက်ဟူနှင့်လုံချန်တို့ နှစ်ယောက်လုံးသံယရှိသော အမူအရာများဖြစ်နေကြသည်။ဤအရာသည် ၎င်းတို့ တစ်ခါမှ မကြားဖူးသော အရာဖြစ်သည်။

သို့သော် လုံချန်က အနည်းငယ်မျှ တုံ့ဆိုင်းမနေပဲ ပြောလိုက်သည်။

"ကျောက်ဟူ.."

"ဟုတ်"

ကျောက်ဟူ​က လက်နှက်ဖက်ဆုပ်က အမိန့်နာခံလိုက်သည်။

"အခုကစပြီး..မင်းဟာ ညီလေးရှစ်ရဲ့ အမိန့်တွေကို မငြင်းဆန်ဘဲ နာခံရမယ်.."

"မဟုတ်ရင်..ဒီမင်းသားဆီကို ထပ်ပီးလာမတွေ့နဲ့တော့.."

လုံချန်က အမိန့်ပေးလိုက်သည်။

"ဒီငယ်သား နာခံပါ့မယ်.."

ကျောက်ဟူက လေးနက်စွာ ပြန်ဖြေလိုက်ပြီး သူ၏ မျက်နှာထက်တွင် ပျော်ရွှင် မှု အရိပ်အယောင် မတော်တဆ လက်ကနဲဖြစ်သွားသည်။

ရှစ်​ဖုန့်ပြောသည်သာ အမှန်ဆိုပါက ထိုသုံးရက်မှာ ခါးသီးလှသော သုံးနှစ်ကျင့်ကြံမှုနှင့်ညီမျှသည်။

ထိုအရာအားတွေးရင်းနှင့်ပင် သူအနည်းငယ် စိတ်လှုပ်ရှားလာသည်။

သူရှစ်ဖုန့်၏ စကားတို့အား လုံဝယုံကြည်ရန် မရွေးချယ်ထားသော်လည်း အနည်းငယ်ထပ်တော့ ပိုသောယုံကြည်မှုရှိသည်။

ယနေ့ညတွင် ဤ အသွင်အပြင်နှင့် လူငယ်လေးကြောင့်သာ သူနှင့် သူ့ညီကို ကျောက်လုံတို့ နှစ်ပေါင်းများစွာ ပြဿနာဖြစ်နေသော အဆင့်ချိုးဖြတ်မှုအား ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူအဆင့်ချိုးဖြတ်ပီးနောက် လုံချန်ဆီမှ ထိုထူးဆန်းသောလူငယ်လေးမှာ မြေဆွဲအား ငါးဆယ့်ငါးဆအခန်းထဲတွင် အမွှေးတိုင် သုံခုကုန်စာ အထိ နေနိုင်ခဲ့သည်ဟု ကြားခဲ့ရသည်။

ယနေ့ည သူလုပ်ပြခဲ့သော အရာမှ သာမန်အတွေးအခေါ်များဖြင့် မျှော်မှန်း၍ မရနိုင်သော အရာဖြစ်သည်။

"မင်းမြန်တဲ့မြင်းတစ်ကောင်လိုချင်တယ်ဆို..ဒီနေရာရဲ့ သခင်ဖြစ်တဲ့ငါက...အချိန်နည်းနည်းတော့လိုလိမ့်မယ်...ဒါပေမဲ့..."

လုံချန်က သူ့ကိုယ်သူအမြဲ ဤနေရာ၏ သခင်ဟု ထည့်တတ်ပြောသည်။

ခုဏကသူ၏ မသိစိတ်မှ ရှစ်ဖုန့်အား ပြောမိခြင်းဖြစ်ပီး ရုတ်ချည်းသူ ခေါင်းစဥ်ပြောင်းလိုက်သည်။

သူဒါပေမဲ့ ဟုပြောပီးချိန်တွင် ရုတ်တရက် သူ၏ခေါင်းကို မော့ကာ အကျယ်ကြီး ဟစ်အော်လိုက်သည်။

"ရွှီး..."

ရုတ်တရက် ညကောင်းကင်ထက်တွင် အော်သံတစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ အဝေးမှလာခြင်းဖြစ်ပြီး ညကောင်းကင်ယံတွင် ပဲ့တင်ထပ်နေ၏။

လုံချန်က ပြုံး၍ ရှစ်ဖုန့်အား ကြည့်လိုက်သည်။

ဂုဏ်ယူမှုပြည့်နေသော မျက်နှာဖြင့် ရှစ်ဖုန့်အား ညကောင်းကင်ယံသို့ ညွှန်ပြကာ ပြောလိုက်သည်။

"ဒါက ငါ့ရဲ့စီးတော်ဖြစ်တဲ့ အဆင့်သုံး မွန်းစတား သားရဲ ခေါင်းနှစ်လုံး အစိမ်းရောင်တောင်ပံသိန်းငှက်ပဲ.."

"ငါမင်းကို နေရာချင်းလဲတဲ့အနေနဲ့ ငှားလိုက်မယ်"

ရှစ်ဖုန့်ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီး ကြီးမားသော ပုံရိပ်ကြီးတစ်ခုအား ကောင်းကင်ထက်တွင်တွေ့လိုက်သည်။

၎င်းမှာ ကောင်းကင်နှင့်လအား ကာဆီးထားသောကြောင့် ညမှာ ပို၍ ပင် မှောင်မိုက်လာသည်။

ခေါင်းနှစ်လုံးအစိမ်းရောင်တောင်ပံသိန်းငှက်မှာ ဆင်တစ်ကောင် အရွယ်အစား ရှိ၏။

သူ၏ တစ်ကိုယ်လုံးတွင် အစိမ်းရောင်ငှက်မွှေးများရှိသည်။

၎င်း၌ ခေါင်းနှစ်လုံး ခြေသည်းလေးဘက်ရှိပြီး အဆင့်သုံး မွန်းစတားသားရဲဖြစ်သည်။

၎င်းမှာ လူသားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့်ညီမျှ၏။

ခေါင်းနှစ်လုံးအစိမ်းရောင်တောင်ပံသိန်းငှက်မှာ ရှစ်ဖုန့်ထံသို့ ဖြည်းညှင်းစွာ ဆင်းမလာမီတွင် သူ၏ အတောင်များအားဖြန့်၍ ဝေဟင်တွင် ခဏဝဲနေသည်။

မြေပြင်နှင့် နီးကပ်လာသော အခါတွင် ရှစ်ဖုန့် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်မိသည်။

"တော်တော်လေး..ကောင်းတယ်.."

ထို့နောက် ရှစ်ဖုန့်က ကျောက်ဟူအား ကြည့်ကာ ပြောလိုက်သည်။

"သွားစို့.."

ထိုသို့ ပြောပီးနောက် ရှစ်ဖုန့်က သူ၏ ခြေထောက်အား စောင့်နင်းချလိုက်ကာ အပေါ်သို့ဦးတည်လိုက်သည်။​

ခေါင်းနှစ်လုံး အစိမ်းရောင်တောင်ပံသိန်းငှက် မြေပေါ်သို့ မရောက်မီ ရှစ်ဖုန့်က သူ၏ ကျောပေါ်သို့ ရောက်​နှင့်နေပီးဖြစ်သည်။

မကြာခင် ကျောက်ဟူရောက်လာသည်။

"သွားစို့..မြောက်ဘက်ကိုဦးတည်"

ရှစ်ဖုန့်က ခေါင်းနှစ်လုံး အစိမ်းရောင်သိန်းငှက်အား အော်ပြောလိုက်သည်။

မွန်းစတားသားရဲများမှာ အသိဉာဏ်ကြွယ်ဝကြသည်။

အဆင့်သုံး မွန်းစတားသားရဲများက လူသားဘာသာစကားတွင် ပို၍ အသိဉာဏ်ကြွယ်သည်။

ခေါင်းနှစ်လုံးအစိမ်းရောင်တောင်ပံသိန်းငှက်မှာ သူ့သခင် လုံချန်ထံမှ ရှစ်ဖုန့်၏ စကားအား​နားထောင်ရန် အမိန့်ရထားသည်။

ရှစ်ဖုန့်၏ အမိန့်အောက်တွင် ၎င်းက သူ၏ အတောင်တို့ကို ခပ်ကာ နော​က်တစ်ကြိမ် ထပ်မံ ပျံသန်းလိုက်သည်။

ကျောက်ဟူက ကြီးမားသော နှစ်ဖက်သွားဓားအား သိုလှောင်လက်စွပ်အတွင်းမှ ထုတ်၍ သူ၏ ညာဘက်ပုခုံးပေါ်တွင်ထားလိုက်သည်။

သူက ရှစ်ဖုန့်၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ရှစ်ဖုန့်အား ဘယ်နေရာသွားနေလဲဟု မမေးပေ။

၎င်းမှာ လုံချန်၏ ဘေးတွင် နှစ်ပေါင်းများစွာနေပြီးနောက် တိုးတက်လာသော အလေ့အကျင့်တစ်ခုဖြစ်သည်။

လုံချန်က ရှစ်ဖုန့်၏ စကားအား နားထောင်ရန် အမ်ိန့်ပေးလိုက်သောကြောင့် ရှစ်ဖုန့်အား သူ၏ သခင်အဖြစ် မှတ်ယူထားသည်။

သူသည်ရှစ်ဖုန့်၏ အမိန့်ကိုသာ အတိအကျလိုက်နာ​မည်ဖြစ်ပြီးဘာမှ မေးမြန်းခြင်း တောင်းဆိုခြင်းတို့ လုပ်မည်မဟုတ်ပေ။

ထိုအချိန်တွင် ရှစ်ဖုန့်ဦးတည်နေသော နေရာမှာ စန်းယွဲ့မြို့မှ ဖက်တီးပြောခဲ့သော ရှေးဟောင်း အမွေအနှစ်နေရာပင်ဖြစ်သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters