အပိုင်း(၃၆)
Vol. 3 Ch. 36
ထိုအချိန်တွင် ရှစ်ဖုန့်က ဖက်တီး ဝမ့်ပြောခဲ့သော စန်းယွဲ့မြို့၏ မြောက်ဘက် မိုင်သုံးဆယ်အကွာတွင် ရှိနေသော ရှေးဟောင်း အမွေအနှစ်ထံသို့ ဦးတည်နေသည်။
ယင်မိစ္ဆာ၏ အဖြစ်အပျက်အပြီးတွင် ရှစ်ဖုန့်မှာ အစွမ်းကြီးလာရန် ပိုလိုအပ်လာသည်။
ဤတစ်ကြိမ်တွင် တစ်စုံတစ်ယောက်က သူ့အားပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ထို့ကြောင့် ယင်မိစ္ဆာမှာ တစ်ဝက်သေ သကဲ့သို့ ဖြစ်သွားရသည်။
အကယ်၍ များ နောက်တစ်ကြိမ် ဖြစ်လာခဲ့လျှင်..
နောက်တစ်ကြိမ်တွင် တစ်စုံတစ်ယောက်က သူ၏ မိသားစုဖြစ်သော သူ၏ ညီမလေး ရှစ်လင်နှင့် သူ့၏ အမေ ပုယွဲ့အား ပစ်မှတ်ထားခဲ့လျှင် ရော မည်သို့ဖြစ်မည်နည်း။
ခွန်အားတစ်ခုတည်းကသာ ရန်သူအားလုံးအား နင်းခြေပစ်နိုင်သော အရာဖြစ်သည်။
ကလန်လေးခု၏ စိတ်ဝိညာဉ်ခေါင်းဆောင်များ ပြောကြားချက်အရ ၎င်းတို့၏ မိသားစုကလန်များမှ သိုင်းပညာရှင်ပေါင်းများစွာမှာ ရှေးဟောင်း အမွေအနှစ်အတွင်းသို့ နှစ်ပေါင်းများစွာ ချိုးဖြတ်မဝင်ရောက်နိုင်ဟုဆို၏။
၎င်းအတွင်းတွင် ရတနာများနှင့်အတူ အန္တရာယ်များလည်း ရောထွေးပါဝင်နေပုံရသည်။
အန္တရာယ်များသော နေရာ တစ်ခုမှာ သိုင်းပညာရှင်များအတွက် လေ့ကျင့်ရန်နှင့် လူတစ်ယောက်၏ ကိုယ်ပိုင်ခွန်အားအား ချိုးဖြတ်ရန်အတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်သည်။
ခေါင်းနှစ်လုံး အစိမ်းရောင်တောင်ပံသိန်းငှက်က စန်းယွဲ့မြို့အား ဖြတ်၍ ပျံသန်းလာခဲ့သည်။ဆင်းသက်ရန်နေရာသို့ ရောက်ရှိရန်အတွက် မိုင်သုံးဆယ်ခန့် ပျံသန်းခဲ့ရသည်ဟု ရှစ်ဖုန့် ခန်းမှန်းမိသည်။
ထိုအချိန်တွင် နေမင်းမှာလည်း ထွက်ပေါ်လာပြီဖြစ်ပြီး ကောင်းကင်မှာလည်း တောက်ပလာပီဖြစ်သည်။
ခေါင်းနှစ်လုံး အစိမ်းရောင်တောင်ပံ သိန်းငှက်က ကျက်တီးမြေတစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။
ခေါင်းနှစ်လုံးအစိမ်းရောင် တောင်ပံသိန်းငှက်ထံမှ ဆင်းလိုက်ပြီးသော အခါတွင် အေးစိမ့်မှုသော အထိအတွေ့က သူ့အား သဲကြီးမဲကြီး တိုက်ခတ်လာမှုကို ခံစားလိုက်ရသည်။
သူ၏ ပတ်ပတ်လည်ရှိ မြေပြင်ဝန်းကျင်မှာ ပိန်းပေါက်အောင် နက်မှောင်နေပြီး မြက်ပင်တစ်ပင်ပင် ကြီးထွားနေခြင်း မရှိချေ။
သူတို့မှလွဲ၍ ထိုနေရာ ပတ်ဝန်းကျင်တွင် ရှင်သန်ခြင်း ရောင်ဝါအား တစ်စိုးတစ်စပင် ရှစ်ဖုန့် ခံစားမိခြင်း မရှိပေ။
"ဒါက ဘယ်လိုနေရာမျိုးလဲ.."
"ဘာလို့ အရမ်း ခြောက်ခြား ကြက်သီးထဖွယ် ခံစားနေရတာလဲ"
ကျောက်ဟူက ပတ်ဝန်းကျင်ကို ကြည့်၍ ပြောလိုက်သည်။
ရှစ်ဖုန့်က သူ၏ ပတ်ဝန်းကျင်အား ခြုံငုံဆန်းစစ်လိုက်သည်။
ဤနေရာမှာ ရှေးဟောင်း အမွေအနှစ် နေရာဖြစ်သည်ဟု သူ မသေချာသော်လည်း ဤ နေရာက တကယ့်ကိုပြင်းထန်လှသော ရောင်ဝါကို ပေးစွမ်းနေသည်။
ဆောင့်ကြေင့်ထိုင်လိုက်ကာ သူ၏ ခြေဖဝါးအောက်ရှိ ပိန်းပေါက်အောင် မှောင်နေသော မြေပြင်အား စစ်ဆေးလိုက်သည်။
သူ၏ ညာလက်ဖြင့် မြေပြင်အား ထိလိုက်သော အခါတွင် ရုတ်တရက် အေးစိမ့်မှုအား ခံစားလိုက်ရသည်။
"ဒါက.."
အနက်ရောင်မြေကြီးဆီမှအေးစိမ်းမှုအား ခံစားလိုက်ရပြီးနောက် ၎င်း ၏ ရောင်ဝါမှာ သူ၏ ငရဲဘုံကိုးခုစွမ်းအင်နှင့် တစ်နည်းနည်းဆင်တူနေသည်ဟု ရှစ်ဖုန့်ခံစားလိုက်ရသည်။
"ဒါက..ယင်ရောင်ဝါပဲ"
"ဒီနေရာက ယင်စွမ်းအင်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့ရတာ ကျန်ရစ်နေတဲ့ သဲလွန်စတွေကို အကဲဖြတ်ရသလောက် ဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်သွားခဲ့တာပဲ.."
ရှစ်ဖုန့် ဆန်းစစ်ပိုင်းခြားစိတ်ဖြာလိုက်ကာ တီးတိုး ရေရွတ်လိုက်သည်။
"ဒါက သိုင်းပညာ ကျွမ်းကျင်သူ တစ်ယောက်ရဲ့ တိုက်ပွဲတစ်ခုက ကျန်ရစ်ခဲ့တဲ့ အရာတွေပဲ..ပီးတော့ ရှေးခေတ်လူတွေရဲ့ အမွေအနှစ်လည်း မဟုတ်ဖူး"
"ဒါဆိုရင်..ကလန်ကြီးလေးခုက ပြောခဲ့တဲ့ ရှေးဟောင်း အမွေအနှစ်ဆိုတဲ့ နေရာက ဘယ်မှာလဲ.."
ရှစ်ဖုန့် ထရပ်လိုက်ကာ ပတ်ဝန်းကျင်အား ထပ်မံ၍ ကြည့်လိုက်သည်။
"သခင်လေး ဖုန့်.. ဒီမှာ ခြေရာတွေရှိနေပါတယ်.."
ကျောက်ဟူက မီတာဒါဇင်ခန့် အကွာ အဝေးတွင် ရှစ်ဖုန့်အား လှည့်၍ လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
"အိုး.."
ကျောက်ဟူ၏ စကားအား ကြားလိုက်ရသော အခါတွင် ရှစ်ဖုန့် ထိုနေရာသို့ အလျှင်အမြန်သွားလိုက်သည်။
"ရွှီး...ရွှီး..."
ခေါင်းနှစ်လုံး အစိမ်းရောင် တောင်ပံ သိန်းငှက်၏ ဟစ်အော်သံက ေနာက်မှထွက်ပေါ်လာသည်။
၎င်း၏ တာဝန်တို့ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် အတောင်တို့ကို ဖြန့်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
ရှစ်ဖုန့်က ခေါင်းနှစ်အစိမ်းရောင်လုံးတောင်ပံ သိန်းငှက်အား လျစ်လျူ ရှုလိုက်ကာ ကျောက်ဟူထံတည့်တည့် သွားလိုက်သည်။
ရှစ်ဖုန့် နီးကပ်လာသော အခါတွင် ကျောက်ဟူက မြေပြင်ကို ညွှန်ပြ၍
ပြောလိုက်သည်။
"သခင်လေး ဖုန့်...ကြည့်လိုက်ပါအုံး.."
ပိန်းပေါက်အောင် နက်မှောင်နေသော မြေပြင်ပေါ်တွင် ခြေရာအစုလိုက်အား ရှစ်ဖုန့်တွေ့လိုက်ရသည်။ခြေရာအရေအတွက် အရတော့ ၎င်းတို့မှာ လူဆယ်ယောက်ခန့်ဖြစ်ကြသည်။
ခြေရာများအပေါ်တွင် ဆန်းစစ်လေ့လာရသလောက် ၎င်းတို့မှာ အရမ်းကို သစ်လွင်နေလွန်းသည်။
ဤလူများမှာ ဤနေရာ၌ ကြာကြာ လမ်းလျှောက်ခဲ့ကြ ခြင်း မရှိချေ။
ရှေ့သို့ သွားနေသော ခြေရာများနောက်သို့ ရှစ်ဖုန့် လိုက်ကြည့်လိုက်သည်။
"ကလန်ကြီးသုံးခုက.. အချိန်ကို ရှေ့တိုးပြီး စလုပ်ဆောင်လိုက်တာများလား"
ရှစ်ဖုန့်က ကိုယ့်ဟာကိုယ်တွေးလိုက်သည်။
ထိုအချိန်တွင် ကျောက်ဟူက ပြောလိုက်သည်။
"ဒီခြေရာတွေက.. ဒီနေရာကနေစတယ်.."
"ပြောရရင်တော့..ဒီလူတွေကလည်း ကျွန်တော်တို့လိုပဲ..ဒီကိုရောက်ဖို့အတွက် မွန်းစတားသားရဲကိုစီးလာတာ ဒါမှမဟုတ်ရင် ဆန်းပြားတဲ့ ပျံသန်းနိုင်တဲ့ လက်နက်တွေကို စီးလာတာပဲ"
"သူတို့ကိုယ်တိုင် ဒီနေရာကို ပျံသန်းလာတာလဲ ဖြစ်နိုင်တယ်..ဒါပေမဲ့..အဲ့လိုတော့ ဟုတ်ပုံမရဘူး.."
"မြေပြင်ရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ဆန့်ကျင်ပြီးတော့ ကောင်းကင်ကို ပျံသန်းဖြတ်သန်း ပျံသန်းဖို့ဆိုတာက..အနည်းဆုံး သူတို့က ဘုရင်နယ်ပယ် ကျွမ်းကျင်သူတွေ မှပဲ ရမယ်.."
"ကျွန်ုပ်တို့ရဲ့ ယွင်လိုင် အင်ပါယာမှာတောင် ဘုရင်နယ်ပယ် အဆင့် ကျွမ်းကျင်သူက အများကြီး ရှိနေတာ မဟုတ်ဖူး.."
"ခြေရာတွေ အတိုင်း လိုက်ကြတာပေါ့"
ရှစ်ဖုန့်က ပြောလိုက်သည်။
ထိုသူများမှာ မည်သူများဖြစ်နေပါစေ ဤနေရာသို့ ရှေးဟောင်း အမွေအနှစ်အတွက် လာရောက်ကြဖို့ ဖြစ်နိုင်ချေများသည်။
ရှစ်ဖုန့် နှင့် ကျောက်ဟူတို့မှာ ခြေရာများအတိုင်း ရှေ့သို့ လိုက်ပါလာကြသော်လည်း သူတို့၏ ခြေလှမ်းကိုတော့ နှေးထားသည်။
ရှစ်ဖုန့်က သူ့အားသတိပြုမိသွားမည်ကို မလိုချင်ပေ။ ပြီးတော့ ဝမ့်မိသားစုမှ ဖက်တီးက သူ့အား အမွေအနှစ်ကို စိန်ခေါ်စမ်းကြည့်ရန် ဖိတ်ထားခြင်းဖြစ်သည်။
မိသားစုကြီးလေးခုမှာ နှစ်ပေါင်းများစွာ အမွေအနှစ် အတွင်းသို့ ချိုးဖြတ်မဝင်နိုင်ဟူသော အချက်အရ အထဲ၌ မသိနိုင်သော အန္တရာယ်များ ဖြင့် ပြည့်နေခြင်းဟု ဆိုလိုခြင်းဖြစ်သည်။
ရှစ်ဖုန့်က နောက်မှ ပုန်းကွယ်နေကာ ထိုလူများအား အရင် ဝင်ရောက်စေမည်ဟု တွေးထားသည်။
ထိုအချိန်တွင် သူ့အနေဖြင့် ၎င်းတို့အား အထဲရှိ အခြေအနေအား ထောက်လှမ်းနိုင်ရန်အတွက် အသုံးချနိုင်သည်။
"ငါမင်းကို ကျင့်ကြံခြင်း နည်းလမ်းကို အရင်သင်ပေးမယ်"
"ဒီ ကျင့်ကြံခြင်းနည်းလမ်းအရ မင်းကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ မူလစွမ်းအင်ကို မင်းရဲ့ဒန်တန်ထဲကို ဆွဲယူနိုင်လိမ့်မယ်.."
ရှစ်ဖုန့်က ကျောက်ဟူအား လမ်းလျှောက်ရင်း ပြောလိုက်သည်။
"ဒါကို မှတ်ထား"
ထို့နောက် ရှစ်ဖုန့်က ကျောက်ဟူအား ကျင့်ကြံခြင်းနည်းလမ်းကို နှုတ်တိုက်ချပေးသည်။
ကျောက်ဟူမှာ စနားထောင်စဥ်က ထိုအရာအား အများကြီး တွေးမထားပေ။သို့သော် သူပိုပြီးနားထောင်ရလေ ပိုပြီး တုန်လှုပ်မိလာလေ ဖြစ်သည်။
သူပိုပီးနားထောင်ရလေ ပိုပြီး စိတ်လှုပ်ရှားလာလေဖြစ်ပြီး ပို၍ပို၍ ပျော်ရွှင်မှုတို့ ဖြစ်လာရသည်။
စိတ်ဝိညာဉ်နယ်ပယ် အဆင့်အား ကျင့်ကြံခြင်း ပြုလှုပ်နိုင်မှု အရဤ စိတ်ကျင့်ကြံခြင်း ပညာရပ်၏ စစ်မှန်မှုနှင့် လျှို့ဝှက် နက်နဲမှုအား သူ ပင်ကိုအားဖြင့်နားလည်သည်။
ဤစိတ် ကျင့်ကြံခြင်းပညာရပ်အား ကြားလိုက်ရသောအခါတွင် ပုံမှန်အားဖြင့် အာရုံခံ၍ မရသော သူ၏ ကိုယ်ထဲရှိ မူလစွမ်းအင်အား ယခုအခါ ဖမ်းဆုပ်မိလာသည်။
ထိုထက်ပိုသည်ကား ဤ စိတ်ကျင့်ကြံခြင်း ပညာရပ်အတိုင်းသာ အနာဂတ်တွင် ဆက်လက် ကျင့်ကြံခဲ့လျှင် သူ၏ ကျင့်ကြံမှု အမြန်နှုန်းမှာ ယခင်ကထက် အနည်းဆုံး သုံးဆခန့် ပိုမြန်လာမည်ဖြစ်သည်။
သုံးဆ..အခြားနည်းဖြင့်ပြောရလျှင် သူ့အနေဖြင့် နောက်နယ်ပယ်တစ်ခုသို့ တက်လှမ်းရန်အတွက် သုံးနှစ် အချိန်ထပ်ယူရမည်ဖြစ်ပြီး အနာဂတ်တွင်တော့ ၎င်း မှာ တစ်နှစ်နှင့်ပင် ရရှိနိုင်မည်ဖြစ်သည်။
သိုင်းပညာ လမ်းကြောင်းပေါ်တွင် လူတစ်ရောက် ပို၍ လျှောက်လှမ်းမိလာလေ အဆင့်တက်ရန်မှာ ပိုမို၍ ခက်ခဲလာလေ ဖြစ်ပြီး အချိန်ပိုမိုယူ ရလေဖြစ်သည်။
သုံးဆဆိုသော အချိန်မှာ ဘယ် သိုင်းပညာရှင် အတွက် မဆို ကြီးမားသော ဆုလာဘ်ကြီးတစ်ခုဖြစ်သည်။
"ဒါက...သခင်လေး ဖုန့် ကျေးဇူးပြုပီး အနာဂတ်မှာ တစ်ခုခု လိုအပ်ခဲ့ရင် ကျွန်ုပ်က်ိုပြောပါ ဓားတောင်ကို တက်ပစေ မီးပင်လယ်ကို ကျော်ဖြတ်ရပါစေ သခင်လေးအတွက်ဆို ကျွန်ုပ် သခင်လေးရဲ့ညီကိုတစ်ယောက်အနေနဲ့ တုန့်ဆိုင်းနေမှာ မဟုတ်ပါဘူး.."
ကျောက်ဟူ၏ ကိုယ်မှာ စိတ်လှုပ်ရှားမှုတို့ကြောင့် တုန်ယင်နေပြီး ရှစ်ဖုန့်အား စိတ်ရင်းအတိုင်း ပြောလိုက်သည်။
ရှစ်ဖုန့်က ညင်သာစွာ ခေါင်းကိုငြိမ့်၍ ပြောလိုက်သည်။
"ဒီခရီးမှာ ငါ့အတွက် မင်း အလုပ်ကို ကြိုးကြိုးစားစား လုပ်ပေးရမှာဖြစ်သလို ငါရဲ့အမိန့်တွေ အစီအစဉ်တွေ အားလုံးကိုလည်း မင်းနားထောင်ရလိမ့်မယ်.."
"အဲ့နောက်က မင်းအတွက် ရလာမဲ့ အကျိုးအမြတ်ကလည်း ချို့တဲ့ မှာမဟုတ်ဘူး.."
"အရင်ဆုံး ငါသင်ပေးထားတဲ့ ကျင်ကြံနည်းအတိုင်း လိုက်လုပ်ပြီး မင်းရဲ့ ကိုယ်ထဲက မူလစွမ်းအင်တွေကို မင်းရဲ့ဒန်တန်ဆီ ဆွဲယူကာ မင်းရဲ့ ခွန်အားကို တိုးအောင်လုပ်ပါ"
"ဟုတ်ကဲ့.."
ကျောက်ဟူက သူ၏ ကျင့်ကြံခြင်းပညာရပ်အား စတင်၍ အဆက်မပြတ် လှည့်ပတ် ရင်း ရှစ်ဖုန့်နောက်မှ လိုက်ပါလာသည်။
တစ်ချိန်တည်းမှာပင် သူ၏ကိုယ်အတွင်း ပုန်းကွယ်နေသော မူလစွမ်းအင်အား ဒန်တန်ဆီ လမ်းပြရင်း သူ၏ ခွန်အားမှာ ဖြည်းဖြည်းချင်းတိုးလာနေသည်။
ခရီးမှာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေဆဲဖြစ်သည်။
ကုန်းမြေမှာလည်း နက်မှောင်ကာ အေးစက်နေသည်။
ရုတ်တရက် ရှစ်ဖုန့်က သွားနေရင်း ရပ်တန့်လိုက်သည်။
ကျောက်ဟူမှာလည်းသူ၏ ကျင့်ကြံမှုအား ရပ်တန့်လိုက်သည်၏။
ကျောက်ဟူမှာ လှည့်ပတ်ကြည့်လိုက်ပြီး အံ့သြသော မျက်နှာဖြင့်မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ..ဒီနေရာကို ရောက်တဲ့အခါ ခြေရာတွေက ဘာလို့ ပျောက်ကွယ်သွား ရတာလဲ.."
"သူတို့တွေ မွန်းစတားသားရဲ ဒါမှမဟုတ် ထူးခြားတဲ့ လက်နက်တွေနဲ့ ပျံသန်းထွက်ခွာသွားတာများလား"
ရှစ်ဖုန့်က ရှေ့သို့စိုက်ကြည့်နေကာ ခေါင်းအနည်းငယ်ခါလိုက်သည်။
"ငါတော့..အဲ့လိုမထင်ဘူး.."
"ငါသာ မမှားဘူးဆိုရင် ဝင်ပေါက်က ဒီနေရာမှာပဲ ရှိလိမ့်မယ်"
ရှစ်ဖုန့်က စကားပြောရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ရုတ်တရက် ကျောက်ဟူမှာ ကြက်သေသေသွားရသည်။
ရှစ်ဖုန့်မှာ ရုတ်တရက် လေထဲတွင် ပျောက်ကွယ်သွားသည်။
"ဒါက..ပို့ဆောင်ရေး တံခါးတစ်ခု ဒီမှာ ဖုံးကွယ်နေတာပဲ."
ကျောက်ဟူမှာ ထပ်မံတုန့်ဆိုင်းမနေတော့ပဲ အလျှင်အမြန် ရှစ်ဖုန့်နောက်လိုက်လိုက်သည်။
ထို့နောက်တွင် သူ၏ ရှေ့ရှိကမ္ဘာမှာ လုံးဝ ကို ပြောင်းလဲသွားသည်ကို ကြုံလိုက်ရသည်။
ထိုအရာမှာ အေးခဲနေသောကမ္ဘာတစ်ခုဖြစ်သည်။
မျက်စိတစ်ဆုံး အရာအားလုံးမှာ အဖြူရောင်ရေခဲများဖြင့်ပြည့်နေသည်။
မြေပြင်မှာလည်း ရေခဲပြင်ကဲ့သို့ အေးခဲနေပြီး မှန်တစ်ချက်ကဲ့သို့ ချောမွေ့နေပြီး အေးစက်သော လေအား ထုတ်လွှတ်နေသည်။.
ရှစ်ဖုန့်နှင့်ကျောက်ဟူ၏ ရှေ့ အကွာအဝေးတစ်ခုတွင် ခမ်းနားထည်ဝါသော ရေခဲတောင်တစ်ခုရှိသည်။
၎င်းမှာ ကောင်းကင်နှင့် မြေပြင်ကြားထဲမှ ထူးကဲကြီးမားသော မျှော်စင်ကဲ့သို့ဖြစ်နေပြီး အမြင်အားဖြင့် ကောင်းကင်ဘုံနှင့် ဆက်သွယ်ထားသကဲ့သို့ဖြစ်ကာ ထာဝရ မပြောင်းလဲသကဲ့သို့ပင်ဖြစ်သည်။
ဆက်ရန်....
ဘာသာပြန်သူ-Arise