အပိုင်း(၃၇)
Vol. 3 Ch. 37
"ဒါကဘာလဲ.."
တစ်ချိန်လုံး တည်ငြိမ်စွာ ရှိနေခဲ့သော ရှစ်ဖုန့်မှာ ရေခဲမျှော်စင် တောင်န်းအား အံ့သြမှင်တက်မိသော အမူအယာဖြင့် ကြည့်နေသည်။
"ကောင်းကင်ဘုံ ရေခဲဝိညာဉ် တောင်ထွတ်"
ရှစ်ဖုန့်မှာ မထိန်းနိုင်ပဲ အံ့အားသင့်စွာ ပြောလိုက်သည်။
ကောလဟာလများအရ ကောင်းကင်ဘုံ ရေခဲဝိညာဉ် တောင်ထွတ်မှာ ထျန်းဟန်တိုက်ကြီး၏ မြောက်ပိုင်းဒေသတွင် တည်ရှိပြီး တိုက်ကြီး တစ်ခုလုံး အပေါ်တွင် အကြီးမားဆုံး ရေခဲတောင်ထွတ်ဖြစ်သည်။
စာပေများတွင် တင်ထားသော မှတ်တမ်းများအရ နှစ်သန်းပေါင်းများစွာ အကြာက ညအချိန်တစ်ခုတွင် ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ်မှာ အမည်မသိ အကြောင်းပြချက် တစ်ချို့ကြောင့်ထျန်းဟန်တိုက်ကြီး အပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်ဟုသိရသည်။
ယခုချိန်ထိတိုင် ထျန်းဟန်တိုက်ကြီးပေါ်တွင် ၎င်းအဖြစ်အပျက်မှာ ပဟေဠိဆန်နေဆဲ ဖြစ်သည်။
"ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ်ကို မြောက်ပိုင်းဒေ သဆီကနေဒီနေရာကိုရွှေ့ပြီးတော့ ဒီနေရာမှာ ကြီးမားတဲ့ နေရာလွတ်တစ်ခုကို အရမ်းရက်ရက်ရောရောဖန်တီး နိုင်ခဲ့တဲ့ သူကဘယ်သူများလဲ.."
သူ၏ ရှေ့တွင် ရှိနေသော ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်အား ကြည့်ကာ ရှစ်ဖုန့် တီးတိုးရေရွတ်လိုက်သည်။
သူကဲ့သို့ တစ်ချိန်က ကမ္ဘာပေါ်တွင် ကောင်းကင်တစ်ခွင် အသန်မာဆုံးသော သူများ ထဲမှ တစ်ယောက်ဖြစ်ခဲ့ဖူးသည့်သူသည်ပင် လေးစားစွာဖြင့် သက်မချမိသည်။
အနည်းဆုံး အတိတ်တုံးက ငရဲဘုံကိုးခု ဧကရာဇ် သည်ပင် ထိုကဲ့သို့ လုပ်နိုင်မည်မဟုတ်ပေ။
"သခင်လေး ဖုန့်ကြည့်ပါအုံး ရှေ့မှာ လူတစ်ချို့ ရှ်ိနေတယ်.."
ကျောက်ဟူက ရှေ့သို့ ညွှန်ပြကာ ရှစ်ဖုန့်အားပြောလိုက်သည်။
မီတာငါးရာခန့်အကွာတွင် ခရမ်းရောင် ဝတ်စုံများအား ဝတ်ဆင်ထားကြသော လူတစ်စုအား ရှစ်ဖုန့်တွေ့လိုက်သည်။
၎င်းတို့မှာ စုစုပေါင်း ဆယ့်သုံးယောက်ရှိပြီး သူတို့ကြားထဲတွင် ခရမ်းရောင်ဝတ်စုံအား ဝတ်ဆင်ထားသော ရင်းနီးသော မျက်နှာတစ်ခုကိုလည်း ရှစ်ဖုန့် တွေ့လိုက်သည်။
ထိုသူမှာ စန်းယွဲ့မြို့၏ လဲ့မိသားစုမှ မိသားစု ခေါင်းဆောင် လဲ့ရီပင် ဖြစ်သည်။
ထိုအချိန်တွင် ရှစ်ဖုန့်နှင့် ကျောက်ဟူတို့၏ အထက်ရှိ ကောင်းကင်မှာ တောင်ပလာသည်။
ဤနေရာတွင် နေမရှိပေ သို့သော် နေ့ဘက်ကဲ့သို့ပင် တောက်ပနေသည်။
လူဆယ့်သုံးယောက် ရှိနေသော ဧရိယာတွင် ပြင်းထန်သော လေက တဟူးဟူးတိုက်ခတ်နေပြီး ကောင်းကင်ထက်မှ နှင်းများလည်း စတင်၍ ကျဆင်းလာသည်။
ထိုသည်သာမကဘဲ ထိုလူများမှာ သူတို့၏ သိုင်းပညာရပ်များကိုပါ နှင်းမုန်တိုင်းအတွင်း ဆက်လက် ထုတ်ဖော်နေကြသည်။
သူတို့၏ ပတ်ပတ်လည်တွင် ခရမ်းရောင် လျှပ်စီးများက တဖြန်းဖြန်း ဖြစ်နေပြီး သူတို့အားလုံးမှာ လျှပ်စီး ပညာရပ်ကို အသုံးပြုကြသည်။
သူတို့သည် တစ်ခုခုအား ရင်ဆိုင်တိုက်ခိုက်နေပုံရသည်။
သို့သော် ရှစ်ဖုန့်နှင့် ကျောက်ဟူတို့ ၏ အမြင်တွင် ထိုနေရာတွင် ၎င်းတို့အုပ်စုနှင့် နှင်းမုန်တိုင်းမှလွဲ၍ တစ်ခြား ရှိမနေပေ။
"သူတို့ရဲ့ အဝတ်အစားတွေကို အကဲဖြတ်ရသလောက်တော့ သူတို့က
ခရမ်းရောင် မိုးကြိုး ဂိုဏ်းက ဖြစ်ပုံရတယ်.."
ကျောက်ဟူက ရှေ့ကိုကြည့်၍ ပြောလိုက်သည်။
"ခရမ်းရောင် မိုးကြိုးဂိုဏ်း ဟုတ်လား"
ရှစ်ဖုန့်က မေးလိုက်သည်။
"သူတို့က ယွင်လိုင် အင်ပါယာ နယ်နိမိတ် အတွင်းက အင်အားကြီး ဂိုဏ်းတစ်ခုပဲ"
"ကောင်းကင်ဘုံလေဂိုဏ်း ပြီးရင်တော့ သူ့ရဲ့ အခြေခံ အုပ်မြစ်အရ သူတို့က ဒုတိယ အင်အားအကြီးဆုံးဖြစ်တယ်"
ကျောက်ဟူက ပြောလိုက်သည်။
ကျောက်ဟူ၏ စကားအား ကြားလိုက်ရသောအခါ ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။
လဲ့ရီမှာ ခရမ်းရောင်မိုးကြိုး ဂိုဏ်းနှင့် ဆက်နွယ်နေပုံရသည်။
ရှစ်ဖုန့် ကြောင့် ဟိုင်ကလန် ဖျက်ဆီးခံလိုက်ရပြီးသည့်နောက်တွင် ဤ အမွေအနှစ်နယ်မြေအား ကလန်ကြီးသုံးခုမှ ဖြေရှင်းနိုင်လျှင်တောင် ရတနာများ အားလုံးအား ကျန်ကလန် နှစ်ခုက ယူဆောင်သွားမည်ကို လဲ့ရီသိသည်။
ထိုအချိန်တွင် ထိုကလန်နှစ်ခုက လဲ့ကလန်အား အတူတကွ တိုက်ခိုက်ရန်မှာ ပိုဖြစ်နိုင်၏။
သူ၏ လဲ့ကလန်က ဝမ့်နှင့် ကျောက် ကလန်တို့၏ ပူးပေါင်း အင်အားအား သီးသန့် ခုခံနိုင်စွမ်း မရှိပေ။
ထို့ကြောင့် လဲ့ရီ ခရမ်းရောင်မိုးကြိုးဂိုဏ်းဆီ သို့ ချီတက်သွားကာ ဤ အမွေအနှစ်၏ တည်နေရာအား ပြောပြခဲ့ခြင်း ဖြစ်သည်။
လဲ့ရီ၏ မိသားစု အမည်မှာ လဲ့ဖြစ်ပြီး သူက လျှပ်စီး ကျင့်ကြံခြင်း ပညာရပ်အား ကျင့်ကြံခဲ့သည်။
တကယ်တော့ သူသည် အစကတည်းက ခရမ်းရောင် မိုးကြိုး ဂိုဏ်းသားတစ်ယောက်ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဟိုင်ကလန် ပါရှိနေသောကြောင့် အမွေအနှစ် အတွင်းမှ ရတနာများအား ကလန်ကြီးလေးခု အတူတူကွ ခွဲဝေယူကြရန် လဲ့ရီအလိုရှိခဲ့သည်။
သို့သော် ကံဆိုသည်မှာ လူတစ်ယောက်၏ တွက်ချက်နိုင်မှုလောက် ဘယ်တုံးကမှ ကောင်းမနေချေ။
စန်းယွဲ့မြို့မှ ရှစ်ဖုန့်ဟုခေါ်သော ထူးခြားသည့် လူငယ်တစ်ယောက်က ဟိုင်ကလန်အား တစ်ယောက်တည်း ဖျက်ဆီးပစ်ခဲ့သည်။
တကယ်တမ်းပြောရလျှင်တော့ လဲ့ရီနှင့် ခရမ်းရောင်မိုးကြိုးဂိုဏ်းတို့ မည်မျှပင်ဆက်နွယ်မှု ရှိနေပါစေ ထိုအရာက သိပ်အရေးမပါလှပေ။
ဤနေရာတွင် ခရမ်းရောင်မိုးကြိုး ဂိုဏ်း ပေါ်လာရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ ရှစ်ဖုန့်ကြောင့်ဖြစ်သည်။
"အဲ့တကာ တကယ့်ကို ခရမ်းရောင်မိုးကြိုးဂိုဏ်းပဲ"
ကျောက်ဟူက သေချာလှသော မျက်နှာထား အပြည့်ဖြင့် ပြောသည်။
ထို့နောက်သူက ရှစ်ဖုန့်အား လက်ညှိုးဖြင့် ညွှန်ပြကာ ပြောလိုက်သည်။
"ခရမ်းရောင် ဆံပင် အရှည်နဲ့ လူငယ်လေးကိုကြည့်လိုက်"
"သူက ခရမ်းရောင် မိုးကြိုး ဂိုဏ်းရဲ့ သခင်လေး ဖြစ်တဲ့ လဲ့ရှောင်း တဲ့"
"သူက ကျွန်ုပ်တို့ရဲ့ ယွင်လိုက်အင်ပါယာ အတွင်းမှာ အရွယ်နဲ့ မလိုက်အောင် ထူးချွန်တဲ့ လူငယ် ပါရမီရှင်တစ်ယောက်ပဲ"
"သူ ပါရမီရှင် တိုက်ခိုက်ရေး အဆင့်မှာ အဆင့်ငါးချိတ်တယ်"
"သူက အသက်၁၈ နှစ်ပဲရှိသေးတယ် ကြယ်ရှစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ် အဆင့်ကို ရောက်နေပြီ"
"ကောလဟာလတွေပြောကတော့ တစ်နေ့တော့ လဲ့ရှောင်း မွေးလာတဲ့ အခါမှာ ခရမ်းရောင်မိုးကြိုးဂိုဏ်းတည်ရှိရာ ခရမ်းမိုကြိုး တောင်ဝန်းကျင်မှာ လျှပ်စီးတွေလက်ပီးတော့ မိုးခြိမ်းသံတွေ ဖြစ်ပေါ်လာတယ်တဲ့"
"ပြောကြတာတော့ လဲ့ရှောင်းက မိုးကြိုးနတ်ဘုရား ပြန်လည်ဝင်စားပြီး သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အံ့ဖွယ် ကောင်းကင်ဘုံမိုးကြိုး ခန္ဓာကိုယ်လို့ ပြောတယ်"
"အံ့ဖွယ် ကောင်းကင်ဘုံ မိုးကြိုး ခန္ဓာကိုယ် ဟုတ်လား"
ရှစ်ဖုန့်က ခရမ်းရောင်ဆံပင်နှင့် လဲ့ရှောင်းအား စိုက်ကြည့်ကာ ကျောက်ဟူပြောတာအား နားထောင်နေသည်။
လဲ့ရှောင်းမှာ ခရမ်းရောင်လျှပ်စီးများ ဖုံးလွှမ်းနေပြီး သူ၏ လက်ထဲတွင်လည်း ခရမ်းရောင်လျှပ်စီးများ လွှမ်းခြုံထားသော ခရမ်းရောင်ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ကျောက်ဟူက ရှစ်ဖုန့်အား မိတ်ဆက်ပေးသည်။
"အဲ့ဓားကို လျှပ်စီးဓားလို့ခေါ်ပြီး အဲ့တာက အဆင့်ငါး လျှပ်စီးအခြေပြု နက်နဲသိမ်မွေ့တဲ့ လက်နက်တစ်မျိုးပဲ"
"အဲ့တာက ခရမ်းရောင် မိုးကြိုးဂိုဏ်းမှာ တန်ဖိုး အကြီးဆုံး ပစ္စည်းတစ်ခုလည်း ဖြစ်တယ်"
"ခရမ်းရောင်မိုးကြိုးဂိုဏ်းက အင်ပါယာရဲ့ အဆင့်ငါးသန့်စင်သူ ဆရာ
လျန့်ဟန်ကို လဲ့ရှောင်းအတွင် အကောင်းဆုံး စိတ်ကြိုက်ပြုလုပ်ပေးဖ်ို့ တောင်းဆိုခဲ့တယ်"
"ဒီဓားနဲ့ဆိုရင် လဲ့ရှောင်းရဲ့ ခွန်အားက အနည်းဆုံး နှစ်ဆ ဖြစ်သွားတယ်လို့ ပြောလို့ရတယ်"
"ကောလ ဟာလတွေအရတော့ သူက ကြယ်တစ်ပွင့် ဘုရင်နယ်ပယ် တစ်ယောက်ကိုတောင် မရှုံးနိမ့်ပဲ တိုက်နိုင်စွမ်း ရှိတယ်တဲ့.."
ကျောက်ဟူ စကားပြောပြီးသည့်အချိန်တွင် လဲ့ရှောင်း၏ မိုးကြိုးဓားမှာ သူ၏ လက်ထဲမှ ရှေ့သို့ အရှိအဟုန်ဖြင့် ပျံသန်းထွက်သွားသည်။
ရုတ်ချည်း နားစည်ကွဲအက်စေနိုင်လောက် မိုးခြုန်းသံက ကောင်းကင်ထက်တွင် ပဲ့တင်ထွက်ပေါ်လာကြီး ရေပုံတစ်ခုအရွယ်အစားရှိသော ခရမ်းရောင် လျှပ်စီးကြောင်းကြီးက ကောင်းကင်ထက်မှ ကျလာကာလိုက်ကာ ထိုလျှပ်စီးကြောင်းမှ တစ်ခုစီတိုင်းက ရှေ့သို့ ပျံထွက်သွားသော လျှပ်စီးဓားအား ပစ်ချလိုက်သည်။
"အဲ့တာက ခရမ်းရောင် မိုးကြိုးဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပညာရပ်ဖြစ်တဲ့ လျှပ်စီးဆင့်ခေါ်ဓားပဲ"
"ဓားအတွင်းမှာ စိမ့်ဝင်နေတဲ့ လျှပ်စီးစွမ်းအားနဲ့အတူ လျှပ်စီး ပစ်ချက် တစ်ခု စီတိုင်းကြောင့် ဓားရဲ့ စွမ်းအား က ပ်ိုတိုးလာတယ်"
ကျောက်ဟူက ရှင်းပြလိုက်သည်။
ရှစ်ဖုန့်က ကျောက်ဟူအား တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မင်းသူ့အကြောင်း ကောင်းကောင်းသ်ိတာပဲ.."
"မင်းသူနဲ့ အရမ်း ရင်းနှီး လို့လား"
"ဟီးဟီး."
ရှစ်ဖုန့်၏ စကားအား ကြားလိုက်ရသော အခါ ခန္ဓာကိုယ်တုတ်ခိုင်သော ယောက်ျားတစ်ယောက်ဖြစ်သူ ကျောက်ဟူက သူ၏ ခေါင်းကို ညာလက်ဖြင့်ကုတ်လိုက်၍ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။
"သခင်လေးက နောက်နေတာပဲ....ကျွန်တော့်ဘက်ကပဲ သူ့ကို သိတဲ့ဟာကို ဘယ်လိုလုပ်ပီး ရင်းနှီးတယ် ဖြစ်ရမှာလဲ.."
"သူတို့လို ပါရမီရှင်မျိုး တွေက တစ်နိုင်ငံလုံးကျော်ကြားနေတာလေ"
"အဲ့ထက်ပိုတာကတော့..ကျွန်တော်က လျှပ်စီးအခြေပြု ကျင့်ကြံသူတစ်ယောက်မို့ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက သူ့အပေါ်မှာ ပိုပီးရှိတာကတော့ မထူးဆန်းပါဘူး.."
"ပီးတော့ ဟိုမှရှိနေတဲ့သူ"
ကျောက်ဟူက စကားပြောနေရင်း အသက်လေးဆယ်ငါးဆယ်ကြား အရွယ် ခရမ်းရောင်ဝတ်ရုံအား ဝတ်ဆင်ထားသော သက်လက်ပိုင်း လူတစ်ယောက်အား လက်ညှိုးထိုး၍ ညွှန်ပြလိုက်သည်။
"အဲ့ ပုဂ္ဂိုလက်ကခရမ်းရောင် မိုးကြိုး ဂိုဏ်း က အကြီးအကဲလဲ့ပါ တဲ့"
"သူက ဟိုးအရင်အချိန်တည်းက နမည်ကျော်ကြားနေခဲ့တာ ကြာပီဖြစ်ံ တဲ့ ဘုရင်နယ်ပယ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်တယ်"
"ကောလဟာလတွေအရတော့ သူက ကြယ်လေးပွင့် ဘုရင်နယ်ပယ်အဆင့်က်ို ခြေချပီးနေပြီတဲ့.."
ရှစ်ဖုန့်က သူ့ခေါင်းကိုညိမ့်ပြလိုက်သည်။
ကျောက်ဟူမှာ ဘုရင်နယ်ပယ်အဆင့်တစ်ဦး၏ ကျင့်ကြံမှုအား ဖောက်ထွင်း၍ မမြင်နိုင်သော်လည်း သူမှားတော့ မမှားပေ။
ထိုပုဂ္ဂိုလ်၏ ကျင့်ကြံမှု အဆင့်မှာ တကယ့်ကို ကြယ်လေးပွင့် ဘုရင်နယ်ပယ်အဆင့်ဖြစ်သည်။
သူ၏ တုတ်ခိုင်သန်မာသော လက်များဖြင့် လဲ့ပါ မှာ ခ
ရမ်းရောင် လျှပ်စီ သဏ္ဍန်သလက်သီးများကို ကောင်းကင်ပြင်အား ထိုးခွဲချင်သကဲ့သို့ ကောင်းကင်ထက်သို့ ပစ်သွင်းနေသည်။
လဲ့ပါ၊ လဲ့ရှောင်း၊ လဲ့ရီ တို့အပြင် ခရမ်းရောင်မိုးကြိုး ဂိုဏ်း၌ ဆယ့်လေး ဆယ့်ငါးအရွယ် နောက်ထပ် တပည့် နှစ်ယောက် ပါရှိသေးသည်။
သူတို့မှာ ယောက်ျားလေး ငါးယောက်နှင့် မိန်းကလေးငါးယောက်ဖြစ်ပြီး အားလုံးမှာ သခင်နယ်ပယ် အဆင့်များ ဖြစ်ကြသည်။
ယွင်လိုင်အင်ပါယာတွင် အသက်ဆယ့်လေး ဆယ့်ငါး နှစ်ခန့်ဖြင့် သခင်နယ်ပယ် အဆင့်သို့ ရောက်နိုင်သူများမှာ လည်း ထူးခြားလှသော သူများဖြစ်ကြသည်။
ဤတစ်ကြိမ်တွင် ခရမ်းရောင် မိုးကြိုး ဂိုဏ်းက တပည့် ဒါဇင်ကျော် စေလွှတ်လိုက်သည်။
ဆိုလိုသည်မှာ ၎င်းတို့ အနေဖြင့် ရှေးဟောင်း အမွေအနှစ်အပေါ့တွင် အရမ်း အလေးအနက်ထားခြင်း မရှိပဲ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ တပည့်များအား အတွေ့အကြုံရရန်အတွက် ဖေးမပေးရန်ဖြစ်သည်။
ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်မှ ဤကဲ့သို့ မဖြစ်စလောက် စန်းယွဲ့မြို့လေးတွင် အမွေအနှစ်တစ်ခုအား ချန်ရစ်ထားခဲ့မည်ဟု မည်သူကမျှ တွေးထင်မိမည် မဟုတ်ပေ။
ရှစ်ဖုန့်ပင် ဤကဲ့သို့ ဖြစ်လာမည်မှန်း ထင်မထားမိချေ။
စန်းယွဲ့မြို့၏မဖြစ်စလောက် အရှင်သခင်လေးဦးမှာလည်း ရေတွင်းအောက်က ဖား သူငယ်များထက် ဘာမှ မပိုကြပေ။
သူတို့သည် အထဲ၌ အန္တရာယ်များ ရှိနေပြီး ရတနာများ ရှိနိုင်သည်ဟု ခန့်မှန်းရန်သာ သိကြသည်။
သူတို့ပြောသော အန္တရာယ်များနှင့် ရတနာများအား ခရမ်းရောင် မိုးကြိုး ဂိုဏ်းက စိတ်ထဲတွင်ပင်ထားမည်မဟုတ်ပေ။
"သခင်လေးဖုန့်..ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ.."
ကျောက်ဟူက လှည့်ပတ်ကြည့်ကာ ရှစ်ဖုန့်အား မေးလိုက်သည်။
"သူတို့ရဲ့ အခြေအနေကိုကြည့်ရတာ သူတို့တွေ အစစ်အမှန် စိတ်လှည့်စားမှု အစီအရင်တစ်ခုထဲကို ဝင်သွားတာဖြစ်ရမယ်"
ရှစ်ဖုန့်က ပြောရင်းလျှောက်သွားလိုက်သည်။
"အစစ်အမှန် စိတ်လှည့်စားမှု အစီအရင် ဟုတ်လား"
ကျောက်ဟူက သူမရင်းနှီးသော ဝေါဟာရအား ကြားလိုက်ရသော အခါတွင် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ရှစ်ဖုန့်ကသူ့အား လမ်းလျှောက်ရင်း ရှင်းပြသည်။
"အဲ့တာက အစစ်အမှန် စိတ်လှည့်စားမှု အစီအရင် တည်ဆောက်ပုံတစ်ခုပဲ.."
"အဲ့တာက အလွန်အမင်းကို လျှို့ဝှက် ဆန်းကြယ်တဲ့ တည်ဆောက်ပုံတစ်ခု လည်းဖြစ်တယ်"
"အစီအရင်ထဲမှာ ရှိနေတဲ့ အရာအားလုံးက စိတ်လှည့်စားမှု အရိပ်တွေလို့ တွေးရင်တောင်..မင်းအဲ့ထဲကိုတစ်ကြိမ် ဝင်သွားမိတာနဲ့ အထဲမှာ ထုတ်လွှတ်နေတဲ့ ပုံရိပ်တွေက တကယ့်အပြင်ကမ္ဘာမှာ ဖြစ်ပျက်နေတာထက်တောင် ပိုပြီး အစစ်အမှန်ဆန်သေးတယ်"
"သူတို့ကိုကြည့်လိုက်..သူတို့ကလောလောဆယ်မှာ တည်ဆောက်ပုံ အတွင်းမှာ ရှိနေတဲ့ အရာတွေကို တိုက်ခိုက်နေကြတာ"
ရှစ်ဖုန့်နှင့် ကျောက်ဟူ ခြေလှမ်း အနည်းငယ် လှမ်းပြီးသော အခါတွင်
ကောင်းကင်ထက်မှ လှပသော ဆီးနှင်းပွင့်များ ဖြည်းညှင်းစွာ သက်ဆင်းလာသည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise