← Chapters

အပိုင်း (၃၈)

Vol. 3 Ch. 38

အပိုင်း (၃၈)

Vol. 3 Ch. 38

ဆီးနှင်းပွင့်များ ကျဆင်းလာသည်ကို မြင်ရသောအခါ ကျောက်ဟူက စိတ်လှုပ်ရှားစွာ ကောင်းကင် ထက်သို့ မော့ကြည့်လိုက်သည်။

"သခင်လေးဖုန့်.."

ရှစ်ဖုန့်၏ အမူအယာမှာ ပြောင်းလဲသွားခြင်း မရှိပဲ ခေါင်းကိုခါယမ်း၍ ပြောလိုက်သည်။

"အဲ့တာက ဘာမှ မဟုတ်ဖူး"

"အဲ့တာက ဒီနေရာရဲ့ တကယ့် အစီအရင်တစ်ခုပဲ..ဒါပေမဲ့..တစ်စုံတစ်ယောက်က အဲ့တာက်ိုချ်ိုးဖြတ်ပီးသွားပြီ"

"ဒီဧရိယာတင် မဟုတ်ဖူး ခရမ်းရောင်မိုးကြိုး ဂိုဏ်းသွားခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်က လုံခြုံပီး အကောင်းပကတိဖြစ်နေပီ"

စကားပြောပီးသည့်နောက် ရှစ်ဖုန့်က ရှေ့သို့ ဆက်လျှောက်သွားသည်။

အကြောင်းပြချက်တစ်ချို့ကြောင့် ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါတွင် ကျောက်ဟူမှာ စိတ်ငြိမ် ဆေးတစ်လုံး စားလိုက် ရသကဲ့သို့ သက်သာရာရသွားသည်။

အမှုမဲ့ အမှတ်မဲ့ဖြင့် ကျောက်ဟူကိုယ်တိုင်ပင် သူ့ကိုသူ သဘော မပေါက်မိဘဲ ရှစ်ဖုန့်အား အကြွင်းယုံကြည်လာနေမိပီဖြစ်သည်။

အကယ်၍ ရှစ်ဖုန့်က ပြဿနာမရှိဟုဆိုလျှင် ထိုအရာက သေချာပေါက် ပြဿနာ မရှိဟု သူခံစားရမည်ဖြစ်၏။

လမ်းတစ်လျှောက်တွင် ဆီးနှင်းပွင့်များက ပ်ိုမို၍ ကျဆင်းလာခဲ့သော်လည်း သူတို့နှစ်ဦးကတော့ တကယ့်ကို အေးအေးဆေးဆေး သာသာယာယာဖြင့် ရှစ်ဖုန့်ပြောသကဲ့သို့ လျှောက်လှမ်းလာကြသည်။

ဖြည်းဖြည်းချင်း သူတို့နှစ်ဦးသားမှာ ခရမ်းရောင် မိုးကြိုးဂိုဏ်း တည်ရှိရာနေရာနှင့် နီးကပ်လာသည်။

ရှစ်ဖုန့်ကသူ၏ ခြေလှမ်းများအား ရပ်တန့်လိုက်ကာရှေ့သို့ စိုက်ကြည့်လိုက်သည်။

ကျောက်ဟူက ရှစ်ဖုန့်၏ ဘေးတွင် ရပ်ကာ တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေသည်။

သူဘာစကားတစ်ခွန်းမှ မပြောပေ။ ရှစ်ဖုန့်အား တစ်ခုခု အနှောက်အယှက်ပေးမိမည်ကိုပင်သူ ကြောက်မိသည်။

ခရမ်းရောင် မိုးကြိုးဂိုဏ်းရှိလူများမှာ သူတို့၏ သိုင်းပညာရပ်များက်ိုထုတ်ဖော်နေကြဆဲဖြစ်ပြီး အစီအရင်အတွင်းရှိ မသိနိုင်သော အရာများအား ရင်ဆိုင်တိုက်ခိုက်နေသည်။

ထိုအချိန်တွင် ယောက်ျား နှစ်ဦးနှင့် မိန်းမတစ်ဦးမှာ ဒဏ်ရာရနေပီဖြစ်ပြီး ကျန်သူများက သူတို့ကိုဝန်းရံ၍ ကာကွယ်ပေးထားကြသည်။

သူတို့မျက်နှာထက်ရှိ အမူအယာများအား ကြည့်ရသည်မှာ ကြောက်ရွံ့နေကြပုံရပြီး သူတို့အားလုံးမှာ ကောင်းမွန်သော အခြေအနေတွင် ရှိနေပုံမရပေ။

မကြာခင်တွင် ကျောက်ဟူမှာ ရှစ်ဖုန့်၏ တိုးတိုးတိတ်တိတ်ပြောမှုကိုကြားလိုက်ရသည်။

"ဒီ အစီအရင်က ဒီနေရာကို ဖန်တီးခဲ့တဲ့သူက ထသွားထလာ လုပ်သွားခဲ့တဲ့ အရာပဲ"

"ဒါက ထူးဆန်းတဲ့ တည်ဆောက်ပုံ အချို့တော့ မဟုတ်ဘူး"

"အပြစ်အနာအဆာတွေ နေရာတိုင်းမှာ ရှိနေတယ်.. ပြီးတော့ မရေတွက်နိုင်တဲ့ အပြစ်အနာအဆာတွေကို ​ငါတွေ့ပြီးသွားပြီ"

"ငါ့နောက်ကိုလိုက်ခဲ့...ဘာတွေပဲဖြစ်လာပါစေ မလှုပ်ရှားပဲနဲ့ ငါ့နောက်ကိုသာ လိုက်လာခဲ့.."

"ဒါက....ထသွားထလာ..လုပ်ခဲ့တာ....အံ့သြဖွယ် တည်ဆောက်ပုံ အစီအရင် မဟုတ်သေးဘူး...နေရာတိုင်းမှာ...အပြစ်အနာအဆာတွေ ..ရှိနေတယ်..."

ကျောက်ဟူ၏ မျက်လုံးများ ပြူးကျယ်နေပီး ရှစ်ဖုန့်၏ စကားများက်ို ပြန်လည် ရေရွတ်နေမိသည်။

"သူတကယ်ပဲ...ဒီလိုပြောခဲ့တာလား.."

"ဒီအစီအရင်က ကြယ်လေးပွင့် ဘုရင်နယ်ပယ်တစ်ယောက်ကို ပိတ်မိနေစေတဲ့အပြင်..အဲ့ထဲမှာ အင်ပါယာရဲ့ အရွယ်နဲ့မလိုက်အောင် ပါရမီ ထူးချွန်တဲ့ လူငယ်တစ်ယောက်ပါ ပါနေသေးတယ်လေ"

ထိုအချိန်တွင် ဘုရင်နယ်ပယ် လဲ့ပါ၏ မျက်နှာမှာ လေးနက်မှုတို့ဖြင့် ပြည့်နေသည်။

အစောပိုင်းက သူသည် အစီအရင်ထဲရှိ တည်ရှိမှုအချို့၏ ထပ်တလဲလဲ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သူ၏ နှုတ်ခမ်းထောင့်ဆီမှ သွေးစအချို့ပင် ထွက်နေသည်။

ကျောက်ဟူမှာ ရှစ်ဖုန့်အား အကြွင်းမဲ့ ယုံကြည်ခဲ့သော်လည်း ထိုအရာအားတွေ့လိုက်ရသောအခါ သူ၏ ယုံကြည်မှုတို့ပင် ယိမ်းယိုင်စပြုလာသည်။

ကျောက်ဟူမှ မဟုတ်ပါ။ ရှစ်ဖုန့်၏ သရုပ်မှန်အား မသိသည့် မည်သူမဆို ထိုစကားတို့အား ကြားရသော အခါတွင် သံသယဖြစ်ကြမည်ဖြစ်သည်။

ဒါက ကြယ်နှစ်ပွင့် စစ်သည်တော် နယ်ပယ်တစ်ယောက်မှ ပြောသင့်သော အရာဖြစ်ပါ၏လော။

"နီးနီးကပ်ကပ် လိုက်ခဲ့"

ရှစ်ဖုန့်က စကားပြောပြီးသော အခါ အစီအရင်အတွင်းသို့ ခုန်ဝင်သွားသည်။

"အာ"

ကျောက်ဟူက ချက်ခြင်း သတိပြန်ကပ်လိုက်ကာ အစီအရင် အတွင်းသို့ အလျှင် အမြန် ခုန်ဝင်လိုက်သည်။

ရှစ်ဖုန့် စိတ်လှည့်စားမှု အစီအရင်အတွင်း ဝင်ရောက်ပြီးသောအခါ သူ၏ ဘေးပတ်ဝန်းကျင်မှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်ကို ကြုံရသည်။

ပြင်းထန်သော လေပြင်းများက တဟူးဟူး တိုက်ခတ်နေကာ ဆီးနှင်းပွင့်များက လေထဲတွင်ကခုန်နေပြီး လူတစ်ယောက်၏ မျက်လုံးအား ကမောက်ကမဖြစ်စေသည်။

နေရာတိုင်းတွင် ထက်ရှသော အစွယ်များရှိပြီး ကြမ်းကြုတ်ရက်စက်ပုံရသော ရေခဲသားရဲများက ဟိန်းဟောက် ဟစ်ကြွေးနေသည်။

ကောင်းကင်ထက်တွင် နောက်ကျော၌ အတောင်တစ်စုံပါရှိသော နှင်းဖြူရောင် ရေခဲနဂါးတစ်ကောင် ရှိသည်။

၎င်းမှာ အလွန်အမင်းကြီးမားကာ အလွန်အမင်း ကြမ်းကြုတ်ရက်စက်မည့်ပုံပေါ်နေသည်။

၎င်းမှာဘုရင်တစ်ပါးကဲ့သို့ ဖြစ်သည်။

ရေခဲနဂါးကသူ၏ ပါးစပ်ကြီးအား ဖွင့်ဟထားက နဂါးတစ်ကောင်၏ အော်ဟစ်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပြီး နေရာတစ်ခုလုံး အနည်းငယ်တုန်ခါနေ၏။

မကြာခင် အစွယ်များဖြင့်ဖုံးနေသော ၎င်း၏ ပါးစပ်ဆီမှ ရေခဲတမျှအေးစက်သော လေအေးတို့က ကြီးမား ပြန့်ကျယ်စွာ ထွက်လာ၏။

ဘုရင်နယ်ပယ် လဲ့ပါမှာ လောလောဆယ်၌ လေထဲတွင် ရေခဲနဂါးအား ရင်ဆိုင်နေသည်။

သူ၏ လက်ဖဝါးအား ရှေ့သို့ တွန်းလိုက်သောအခါ လျှပ်စီးကကြိုး စီးကြောင်းများက လေထဲတွင် ဖြစ်ပေါ်လာပြီး လျှပ်စီး ပိုက်ကွန်တစ်ခု ပုံစံ​ပြောင်းသွားကာ ခရမ်းရောင်မိုးကြိုးဂိုဏ်းမှ လူများ၏ ခေါင်းထွက် လွှမ်းခြုံလိုက်ပြီး အအေးစီးကြောင်းအား ခုခံလိုက်၏။

ရှစ်ဖုန့်က မြေပေါ်သို့ သူ၏ ခြေထောက်များ ကျရောက်ပြီးသောအခါ ထပ်ခုန်လိုက်၏။

ဤတစ်ကြိမ်ခုန်ပြီးသော အခါ သူသည် ​လဲ့ရှောင်း၏ ဘေးသို့ ဆင်းသက်လိုက်သည်။

"မင်းပဲ.. "

လဲ့ရှောင်း၏ မနီးမဝေးတွင် ရေခဲ ဝက်ဝံအား တိုက်ခိုက်နေသော လဲ့ရီက ရှစ်ဖုန့်အား မြင်လိုက်ရသောအခါ အံ့အားသင့်စွာဖြင့် အော်လိုက်သည်။

"ဘယ်သူလဲ"

ခရမ်းရောင်ဆံပင်နှင့် ခရမ်းရောင် အဝတ်အစားအား ဝတ်ဆင်ထားသော လဲ့ရှောင်းက သူ၏ လက်ထဲမှ မိုးကြိုးဓားဖြင့် ဝန်​ရံထားသော ရေခဲဝံပုလွေသုံးကောင်အား ခုခံနေသည်။

ရုတ်တရက်သူ၏ ဘေးတွင် လူငယ်လေးတစ်ယောက် ပေါ်လာသောအခါ သူ၏လက်ထဲရှိဓား၏ ထိပ်ဖျားဖြင့် ရှစ်ဖုန့်၏ လည်ပင်းနားသီးသီလေးသို့ အလျှင် အမြန် ထိုး၍ မေးလိုက်သည်။

ထိုအချိတ်တွင် ရေခဲဝံပုလွေ သုံးကောင်က လဲ့ရှောင်း၏ ဟာကွက်အား မြင်သွားပုံရကာ ရှေ့သို့ အလျှင်အမြန် ခုန်အုပ်လိုက်ပြီး သူတို့၏ ပါးစပ်များကိုဟ၍ အေးစက်သော အစွယ်များကို ထုတ်ဖော်ထား၏။

အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ လဲ့ရှောင်းက သူ၏ ဓားကို ရုတ်ချည်း ပြန်ရုတ်သိမ်း၍ ရေခဲဝံပုလွေသုံးကောင်ထံ သိမ်း၍လွှဲယမ်း ခုတ်လိုက်သည်။

ထိုအချိန်တွင် ရှစ်ဖုန့်က လှုပ်ရှားလိုက်သည်။

သူ၏ ညာလက်အား လဲ့ရှောင်း၏ ညာဘက်ပါးပြင်သို့ မိတ်ဆက်ပေးလိုက်သည်။

"ဖြန်း..."

ပြတ်သားပြီးအားပါလှသော ပါးရိုက်သံတစ်ခုက ထိုနေရာတွင် ထွကအပေါ်လာသည်။

"အရူး"

ရှစ်ဖုန့်က ရှေ့သို့ မခုန်ခင် လဲ့ရှောင်းအား မထီမဲ့မြင် အထင်သေးစွာ တစ်ချက် ကြည့်လိုက်သည်။

"အား..."

လဲ့ရှောင်း ခေါင်းကိုမော့ကာ ကောင်းကင်ယံသ်ို့ အကျယ်ကြီး အော်ဟစ်ပစ်လိုက်သည်။

သူ၏ မိုးကြိုးဓားက အလွန်စူးရှတောက်ပသော လျှပ်စီးများဖြင့် တောင်ပနေပြီး သူ၏ တစ်ကိုယ်လုံးစီမှ စွမ်းအင်များ ပွင့်ထွက်လာသည်။

သူ၏ စွမ်းအားများအား ဓားတွင် စုစည်းလိုက်ကာ ရေခဲဝံပုလွေ သုံးကောင်အား အပိုင်းပိုင်းဖြစ်အောင် သိမ်းကြုံးလွှဲယမ်းခုတ်လိုက်သည်။

ထိုအချိန်တွင် ကျောက်ဟူမှာ လဲ့ရှောင်း၏ ဘေးသို့ ရောက်လာသည်။

"အား...သေစမ်း."

လဲ့ရှောင်းမှာ ရူးသွပ်လုနီးနီး ဖြစ်နေသည်။

သူမွေးလာစဥ်ကတည်းက လူတိုင်းကသူ့အပေါ်တွင် အားကျမှု လေးစားမှုတို့ဖြင့်သာ ရှုမြင်ခြင်းခံခဲ့ရသည်။

ခရမ်းရောင် မိုးကြိုးဂိုဏ်း၏ ပုလဲတစ်လုံးကဲ့သို့ သူသည် မွေးကတည်းက ပါရမီရှင်တစ်ယောက်အဖြစ် ကျော်ကြားခဲ့သည်။

သူသည်အမြဲတမ်း အထက်စီးတွင်သာ နေလာခဲ့သူဖြစ်ပြီး သူ့အား မည်သူကမှ ဤကဲ့သို့ အရှက်ခွဲမှုအား ပြုရဲခြင်း မရှိပေ။

ထိုအချိန်တွင် လဲ့ရှောင်းမှာ အသစ်ရောက်လာသူက မည်သူမည်ဝါမှန်း ဂရုစိုက်မနေတော့ပေ။

သူ၏ ခန္ဓာကိုယ်ရှိ ခွန်အား အားလုံးအား နောက်တစ်ကြိမ် ထပ်မံ၍ စုစည်းလိုက်သည်။

မိုးကြိုးဓား၏ ပတ်ပတ်လည်တွင် လျှပ်စီးများဝန်းရံနေပြီး အလွန်စူးရှတောက်ပသော အလင်းရောင်က်ို ထုတ်လွှတ်နေသည်။

သူက သူ၏ ဓားဖြင့် ကျောက်ဟူအား ထိုးချလိုက်သည်။

"အား..."

ရှစ်ဖုန့်၏ နောက်မှ လိုက်ပါလာသော ကျောက်ဟူမှာ သူ၏ အကြောက်အရွံ့ကင်းမဲ့သော သူခင်ဖြစ်သူက ကပ်ဘေးဒုက္ခတစ်ခု ဖြစ်စေခဲ့သည်ကို အစကတည်းက မြင်တွေ့ခဲ့ပြီးဖြစ်သည်။

စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ယောက်က သူ၏ ခွန်အား အပြည့်ဖြင့် တိုက်ခိုက်လိုက်သောအခါ ကျောက်ဟူမှာ သူ့ကိုယ်သူ လုံးဝ အစွမ်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ဆုတ်ခွာ လမ်းကြောင်းမှာလည်း ပိတ်သွားပြီဖြစ်သည်။

သူဆုတ်ခွာလိုက်လျှင် သူ၏ ကိုယ်မှာ မိုးကြိုးဓား၏ ခုတ်ပိုင်းမှုကို ခံရမည်ဖြစ်သည်။

ထိုကဲ့သို့ သေခြင်းနှင့် ရှင်ခြင်း အခိုက်အတန့်တွင် ကျောက်ဟူ၏ စိတ်ထဲတွင် ရင်းနှီးသော အသံတစ်ခုက ရုတ်တရက်ပေါ်လာသည်။

"ငါကလျှပ်စီးပဲ..လျှပ်စီးကလဲငါပဲ.."

"ငါဟာ လျှပ်စီးနဲ့ တစ်သားတည်းဖြစ်တယ်..ငါတစ်ယောက်တည်းကပဲ အဲ့တာကို အသုံးပြုနိုင်တယ်.."

"ကောင်းကင်ဘုံ လျှပ်စီး ဓား ပညာရပ်က စိတ်ကျင့်ကြံခြင်း နည်းလမ်းကို မြန်မြန် ဖြစ်ပေါ်စေတယ်"

"ပထမပုံစံက တားဆီးတာပဲ.."

"ညာဘက်ကို ခြေတစ်လှမ်း လှမ်းပြီး တားဆီးလိုက်"

ကျောက်ဟူ၏ စိတ်ထဲတွင် အသံတစ်ခုက ဖျက်ကနဲပေါ်လာပြီး သူသည် ပြောသည့်အတိုင်း အလျှင်အမြန် လိုက်လုပ်လိုက်သည်။

ထိုအချိန်တွင် သူသည် လဲ့ရှောင်းအား ရင်ဆိုင်ကာ ညာဘက်သို့ ​​ခြေလှမ်းလိုက်သည်။

ထို့နောက် ကောင်းကင်ဘုံ လျှပ်စီးဓားပညာရပ်အား အဆက်မပြက် လှည့်ပတ်လိုက်ကာ သူ့ရှေ့ရှိအရာအား တားဆီးရန် သူ၏ နှစ်ဖက်သွားဓားကြီးအား မြှောက်လိုက်သည်။

ကြီးမားသော ဓားကြီးမှာလည်း အလွန်စူးရှတောက်ပသော အလင်းတို့ တောက်ပနေပြီး လဲ့ရှောင်း၏ ပြင်းထန်သော တိုက်ခိုက်မှုအား တားဆီးလိုက်သည်။

"ဘုန်း..."

ဓားနှစ်ချောင်း ထိတွေ့မိသော အချိန်တွင် လျှပ်စီးနှင့်မိုးကြိုးတို့ ပွတ်တိုက် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်ကျောက်ဟူမှာလည်း လွင့်ထွက်သွားသည်။

ထို့သို့ လွင့်မျောနေရင်း သူ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေသည်။

"ငါတားနိုင်ခဲ့တယ်...ငါတကယ်ပဲ လဲ့ရှောင်းရဲ့ အားအပြည့်တိုက်ခိုက်မှုကို တားနိုင်ခဲ့တယ်"

"ဒါက အံ့ဖွယ် ကောင်းကင်ဘုံလျှပ်စီး ခန္ဓာကိုယ်နဲ့ ကြယ်က်ိုးပွင့်အဆင့် စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်ပဲ"

"သူက ပါရမီရှင် တိုက်ခိုက်ရေးအဆင့်မှာ နံပါတ်ငါး ချ်ိတ်တဲ့သူ"

ကျောက်ဟူမှာ ပိုတွေးမိလေ ပိုပြီး စ်ိတ်လှုပ်ရှားလာလေဖြစ်သည်။

သူနောက်သို့ လွင့်ထွက်လာသည်ကိုပင် လုံးဝ လျစ်လျူရှုထားမိ၏။

"အား...သောက်လခွီးပဲ"

လဲ့ရှောင်း ဒေါသအမျက် ​ခြောင်းခြောင်းထွက်ကာ အော်ဟစ်လိုက်သည်။

​​​​​​​

​သူ၏ ဓားတစ်ချက်တည်းဖြင့် ကြယ်သုံးပွင့် စိတ်ဝိညဉ်နယ်ပယ်တစ်ယောက်အား တိုက်ခိုက်လျှင် သေချာပေါက် သတ်ပစ်နိုင်မည်ဟု သူယုံကြည်ထားခဲ့သည်။ သူ၏ တိုက်ခိုက်မှုအား ၎င်း၏ ဓားဖြင့် တားဆီးလျှင်တောင် မိုးကြိုးဓားကြောင့် ထိုဓားမှာ သေချာပေါက် ကျိုးသွာသင့်သည်။

သို့သော် ထိုကြယ်သုံးပွင့် စိတ်ဝိညဉ်နယ်ပယ်မှာ ဘာထိခိုက်မှုမှ မရှိပဲ နောက်သို့သာ လွင့်သွားခဲ့သည်။

ဒါကသူ့အတွက် နောက်ထပ်ကြီးမားသော အရှက်ခွဲခံရမှုကြီးဖြစ်သည်။

​"သေစမ်း..မင်းတို့အားလုံး..သေကြစမ်း"

လဲ့ရှောင်းကြုံးဝါးလိုက်သည်။

သူ၏ ဒေါသတရားတို့က ဆင်ခြင်တုံတရားတို့အား တိုက်စားသွားပြီဖြစ်သည်။

သူ၏ မိုးကြိုးဓားအား ကိုင်ကာ ကျောက်ဟူထံ ဦးတည်လိုက်သည်။

ထိုအချိန်တွင် သူ့အနေဖြင့် ကျောက်ဟူအား မွစာကြဲအောင် ခုတ်ပိုင်းပစ်ချင်သည်မှ လွဲ၍ ဘာမှ မလိုချင်ပေ။

သူ့အား ပါးရိုက်သွားရဲသော သူတောင်းစားတစ်ဦးလည်းပါသည်။

သူ့အ​နေဖြင့်ထိုသူ၏ လက်သည်းများအားဆွဲထုတ်၍ ခြေလက်တို့အား ခုတ်စဉ်းပစ်ကာ မျက်နှာအစိတ်အပိုင်းများအား တစ်ခုဆီ ဆွဲထြုတ်ပစ်ချင်၏။

ကျောက်ဟူကိုလည်း ရေစည်အပြည့်ဖြည့်ထားသော ဆားငန်ရည်ထဲတွင် သေသည်အထိထည့်၍ နှိပ်စက်ညှင်းပန်းပစ်ချင်သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters