← Chapters

အပိုင်း (၃၉)

Vol. 3 Ch. 39

အပိုင်း (၃၉)

Vol. 3 Ch. 39

ကျောက်ဟူ မြေပြင်ပေါ်သို့ မကျမီ သူ၏ နောက်ကျောဘက်မှ လက်တစ်ဖက်အား ခံစားမိလိုက်ပြီး သူ၏ ကိုယ်မှာလဲ ရပ်တန့်သွားသည်။

ရှစ်ဖုန့်၏ ညာလက်က ကျောက်ဟူ ကျောအား ဖမ်းထိန်းထားလိုက်သည်။ ထို့နောက် ချက်ခြင်း ကျောက်ဟူအား ဇိကုတ်ဆွဲခေါ်လိုက်ပြီးမလိုက်ကာ သူ၏ ရွှေလျားမှု ပညာရပ်အား အသုံးပြု၍ ရှေ့သို့ ခုန်လိုက်သည်။

လိုက်ဖမ်းနေသော လဲ့ရှောင်းမှာ သူ၏ ရှေ့ရှိ ပုံရိပ်နှစ်ခုက တော်တော် ဝေးဝေးသို့ ခုန်ပျံသွားသည်ကို ကြည့်နေရသည်သာ တက်နိုင်သည်။

ထိုအချိန်တွင် မရေတွက်နိုင်သော ကြမ်းကြုတ်သည့် ရေခဲသားရဲများက သူ့ထံသို့ ခုန်အုပ်လာသည်။

"သောက်လီးလိုမှဟာတွေ"

လဲ့ရှောင်းမှာ ဒေါသအမျက်​ ခြောင်းခြောင်းထွက်မှုကြောင့် စိတ်လွတ်နေပီဖြစ်သည်။

သူမြင်သောအရာမှာ အဝေးမှ ပုံရိပ်နှစ်ခုသာ ဖြစ်သည်။

သူ၏ လက်ထဲရှိဓားဖြင့် ရေခဲကျားသစ်အား နှစ်ပိုင်းပိုင်းချလိုက်သည်။

သူ၏မိုးကြိုးဓားဖြင့် ရှေ့သို့ ဆက်တိုးသွားသည်။

"သခင်လေး"

ရေခဲနဂါးနှင့် တိုက်ခိုက်နေသော လဲ့ပါမှာ လဲ့ရှောင်းနှင့် ပက်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိ၍ ချင်ချင်း အော်ပြောလိုက်သည်။

ထိုအချိန်၌ လဲ့ပါမှာ အာရုံပြောင်းနေပြီး ရေခဲနဂါးနဂါး၏ အအေးစီးချောင်းက သူ့အား လွှမ်းခြုံသွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အအေးစီးကြောင်း၏ ဝါးမြိုမှုကို ခံလိုက်ရသည်။

"အကြီးအကဲ.."

"အကြီးအကဲ"

ပတ်ဝန်းကျင်ရှိ ခရမ်းရောင်မိုးကြိုး ဂိုဏ်းမှ တပည့်များမှာ တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

ရှစ်ဖုန့်မှာ ကျောက်ဟူအား စိတ်လှည့်စားမှု အစီအရင်အတွင်းမှဆွဲထုတ်လာပြီး မြေပြင်​ပေါ်သို့ ပစ်ချလိုက်သည်။

"ဟားဟားဟား....ဟားဟားဟားဟာ..မိုက်လိုက်တာ"

ကျောက်ဟူမှာ စိတ်မဆိုးရုံတွင်သာမကပဲ သူ၏ ဓားကို ကိုင်၍ ထလိုက်ပြီး ဟက်ဟက်ပက်ပက်ကို ရယ်မောချလိုက်သည်။

"သခင်လေးဖုန့်..သခင်လေးက အရမ်းကို မိုက်တာပဲ"

"လဲ့ရှောင်းလို ပါရမီရှင်မျိုးတောင် သခင်လေးဆီမှာ ခွေးတစ်ကောင်လို ပါးရိုက်ခံရတယ်"

"အဲ့တာက ပါရမီရှင် တိုက်ခိုက်ရေး အဆင့်မှာ နံပါတ်ငါးချိတ်တဲ့ ခရမ်းရောင်မိုးကြိုးဂိုဏ်းက သခင်လေးလေ ..ဟီးဟီး.."

"အစီအရင်ထဲမှာ မွန်းစတားတွေက သူတို့ကိုတိုက်ခိုက်ကြတယ်.."

"ကျွန်တော်တို့ကိုတော့ မမြင်တဲ့ အတိုင်းပဲ.. "

"သခင်လေးဖုန့်... သခင်လေးကအရမ်း စွမ်းအားကြီးတာပဲ"

"ပါရမီရှင် တိုက်ခိုက်ရေး အဆင့်က ပါရမီရှင်တွေက ဘာတွေမို့လဲ"

"သခင်လေးလို အစစ်အမှန် လူထူးဆန်း ပါရမီရှင်မျိုးနဲ့ ယှဥ်လိုက်ရင် ဒီကလေးတွေက ဖိနပ်သယ်ပေးဖို့လောက်ပဲ ထိုက်တန်တယ်လို့ ကျွန်တော်တော့ထင်တယ်"

ကျောက်ဟူ၏ နောက်ဆုံးစကားတို့အား ကြားလိုက်ရသောအခါ ရှစ်ဖုန့် ရှားရှားပါးပါး သွားပေါ်အောင် ပြုံးရယ်လိုက်သည်။

"မင်းငါ့ကို ကြိမ်းမောင်းနေတာလား ချီးကျုးနေတာလား"

"ချီးကျူးတာ..ဒါပေါ့ ဒါက ချီးမွမ်းထောပနာပြုတာလေ"

ကျောက်ဟူက အလျှင် အမြန်သူ၏ ရင်ဘက်ကို ပုတ်၍ အာမခံလိုက်သည်။

"အခု ကျွန်တော် သခင်လေးကို အပြည့်အဝလေးစားသွားပြီ"

"ဟီးဟီး..သခင်လေးဖုန့် ကောင်းကင်ဘုံ လျှပ်စီးဓားပညာရပ်က တကယ့်ကို လက်ဖျားခါလောက်စရာပဲ"

"နောက်ထပ် လှုပ်ရှားမှုတွေ ဘယ်လောက်တောင် ရှိသေးလဲဆိုတာကို ကျွန်တော်သိချင်မိတယ်..ဟီး..ဟီး"

ကျောက်ဟူက စကားပြောရင်း သူ၏ ခေါင်းကို ကုတ်ကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

ကောင်းကင်ဘုံ လျှပ်စီးဓားပညာရပ်မှာ ပထမလှုပ်ရှားမှု တစ်ခုတည်းသာဖြစ်သည်။

သူသည် စိတ်ကျင့်ကြံခြင်း နည်လမ်းအရ ၎င်းအား ပထမဆုံးအကြိမ် ထုတ်ဖော် အသုံးပြုခဲ့မိခြင်း ဖြစ်၏။

ကျောက်ဟူမှာ ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ် အင်အားကို အသုံးပြု၍ လဲ့ရှောင်း၏ ကြယ်ကိုးပွင့် စိတ်ဝိညာဉ်နယ်ပယ် စွမ်းအား အပြည့်အဝ တိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့သည်။

ထိုအချင်းအရာအား ကြည့်ချင်းဖြင့် ဤဓားပညာရပ်မှာ မည်မျှ သိမ်မွေ့လှကြောင်းကို စိတ်ကူးကြည့်၍ ရနိုင်သည်။

ကျောက်ဟူသာ ဤဓားပညာရပ်အား ကျွမ်းကျင်သွားလျှင် သူ့အနေဖြင့် ဤဓားပညာရပ်၏ လှုပ်ရှားမှု အနည်းငယ်အား ထပ်မံရရှိနိုင်ကာကြိုးကြိုးစားစား လေ့ကျင့်ရနိုင်လိမ့်မည်ဖြစ်သည်။.

ကျောက်ဟူမှာ ထိုအရာအားတွေးရင်း စိတ်လှုပ်ရှားမှုတို့ကြောင့် သူ၏ ခန္ဓာကိုယ်ပင် တုန်ယင်နေ၏။

ရှစ်ဖုန့်က သူ့အား အထင်သေးစွာကြည့်လိုက်ပြီး စိတ်ကုန်သော လေသံဖြင့်ပြောလိုက်သည်။

"မင်းက ကောင်းကင်ဘုံ လျှပ်စီးဓားပညာရပ်ကို လမ်းဘေးက စျေးပေါပေါနဲ့ ရတဲ့ ပစ္စည်းတွေလိုများ ထင်နေတာလား"

"ဒီ ပထမ လှုပ်ရှားမှု တစ်ခုတည်းကိုတောင် ငါအခွင့်အရေး ရလို့ ရခဲ့တာ"

"မင်းဒီ ပထမ လှုပ်ရှားမှုကိုပဲ ကျကျနနလေ့ကျင့်ပြီး သူ့ရဲ့ လျှ်ို့ဝှက် နက်နဲမှုကို နားလည် သဘောပေါက်ရင် ယွင်လိုင်အင်ပါယာရဲ့ စိတ်ဝိညာဉ်နယ်ပယ်တွေထဲမှာ မင်းကို ​ကျော်လွှားနိုင်စွမ်း မရှိတဲ့ သူတစ်ယောက် ဖြစ်လာလိမ့်မယ်"

"မင်းအနာဂတ်မှာ ဘုရင်နယ်ပယ်အဆင့် ဖြစ်လာရင် ဘုရင်နယ်ပယ်မှာလဲ အဲ့လိုပဲ ဖြစ်လိမ့်မယ်"

ရှစ်ဖုန့်က အပြစ်ဖော်ဆုံးမသော လေသံဖြင့် ပြောနေချိန်တွင် ကျောက်ဟူက ကလေးကလားနိုင်သော အပြုံးအား ဆက်ပြုံးထားဆဲဖြစ်သည်။

နယ်ပယ်တစ်ခုလုံးတွင် လွှမ်းမိုးနိုင်ခြင်းမှာ သူ့အတွက်တော့ ထိုပညာရပ်သည် ကောင်းကင်ဘုံအား အံတုနေသော အရာဖြစ်သည်။

ဤပညာရပ်တွင် သူဆရာတစ်ဆူဖြစ်လာပြီး အနာဂတ်တွင် ဘုရင်နယ်ပယ်အား ခြေချနိုင်လျှင် ၎င်း ကောင်းက မည်မျှ ကောင်းကင်ဘုံအား အံတုနေပြီး အထင်ကြီးစရာကောင်းမည်မှန်း စိတ်ကူးကြည့်၍ ရနိုင်သည်။

ကြယ်တစ်ပွင့် ဘုရင်နယ်ပယ်အဆင့် ခွန်အားဖြင့် ကြယ်ကိုးပွင့် အထွတ်အထိပ် ဘုရင်နယ်ပယ်တစ်ယောက်၏ စွမ်းအားအပြည့် တိုက်ခိုက်မှုအား ရင်ဆိုင်ခုခံနိုင်မည်ဖြစ်သည်။

"ဟီးဟီး.."

ကျောက်ဟူက ရိုးသားစွာ ရယ်မောလိုက်သည်။

ထို့နောက်သူက ရှေ့ကိုကြည့်၍ မေးလိုက်သည်။

"သခင်လေးဖုန့်..ကျွန်တော်တို့ နောက်ထပ်ဘာလုပ်ကြမလဲ"

လေတိုက်ခတ်မှုမှာလည်း ပျောက်ကွယ်သွားပြီး နှင်းကျဆင်းမှုမှာလည်း ရပ်တန့်သွားပြီ ဖြစ်သည်။

သူတို့နှစ်ဦးသားမှာ ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်နှင့်

မီတာ ငါးရာ ခြောက်ရာခန့်ကွာဝေးသောတည်ငြိမ်သော ရေခဲ မျက်နှာပြင်ထက် တွင် ရပ်နေကြသည်။

သူတို့၏ နောက်တွင် ကျန်ရစ်နေသော ခရမ်းရောင်မိုးကြိုး ဂိုဏ်းသားများ အတွက်မူ ရှစ်ဖုန့်အနေဖြင့် ၎င်းတို့နှင့် ပက်သက်ပြီး ထပ်မံ၍ အာရုံစိုက် စိတ်အနှောက် အယှက် ဖြစ်မခံတော့ပေ။

ကောင်းကင်ဘုံရေခဲဝိညာဉ်တောင်ထွတ်မှာ ထျန်းဟန်တိုက်ကြီးပေါ်တွင် အနည်ဆုံး နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ၎င်းသည် ရှေးခေတ် အန္တိမ တည်ရှိမှုတစ်ခု၏ ဤနေရာသို့ ရွှေ့ပြောင်းခြင်းအား ခံခဲ့ရသည်။

ဤ ဒဏ္ဍာရီလာ ရေခဲတောင်ထွတ်၌ မည်သည့်အရာများ ရှိနေမည်မှန်း ရှစ်ဖုန့် တကယ်စိတ်ကူးကြည့်၍ မရနိုင်ပေ။

နှစ်ပေါင်းသန်းဂဏန်း သို့မဟုတ် သိန်းဂဏန်း သက်တမ်း ရှိလှသော

ရေခဲအခြေပြု အံ့ဖွယ်ဆေးဝါးများ ဤနေရာတွင် ကြီးထွား ရှင်သန်နေနိုင်သည်။

နတ်ဘုရားဆေးဝါးများ

နတ်ဘုရားဆေးဝါးများမှာ အဆင့် ကိုးထက်သာလွန်သော တည်ရှိမှုဖြစ်သည်။

လက်ရှိထျန်းဟန်တိုက်ကြီးပေါ်တွင် ၎င်းတို့မှာ ရှေးဟောင်း မှတ်တမ်းစာအုပ်များအပေါ်တွင်သာရှိပြီး မည်သူကမျှ မြင်တွေ့ဖူးကြခြင်း မရှိပေ။

ဤနေရာတွင် အံ့ဖွယ်ဆေးဝါးတစ်ခုသာ ရှိနေလျှင် ထိုအရာအားအသုံးပြု၍ သူ၏ ဒန်တန်အား ပြန်လည်ပြုပြင်ရန်မှာ ရှစ်ဖုန့်အတွက် ကိတ်မုန့်တစ်လုံးအား စားသည်ထက်ပင် လွယ်သေးသည်။

ယင်မိစ္ဆာ၏ ဒဏ်ရာများအား ပြန်လည်ကုသရန် အတွက်ပင် ခက်ခဲလှမည် မဟုတ်ပေ။

ရှစ်ဖုန့် ပို၍ မျှော်လင့်မိသည်ကား ဤ ကောင်းကင်ဘုံ ရေခဲ ဝိညဉ်တောင်ထွတ်ပေါ်တွင် ရှေးခေတ် အနန္တဘုန်းတန်ခိုး ရှင်၏ အမွေ

အနှစ်အား ချန်ရစ်ထား ခဲ့မှု ဖြစ်နိုင်ချေရှိမှုပင်ဖြစ်သည်။

ထို အန္တဘုန်းတန်ခိုးရှင်မှာ နတ်ဘုရားနယ်ပယ်သို့ ခြေလှမ်း ဝင်ရောက်နေသူ ဖြစ်နိုင်၏။

နတ်ဘုရားတစ်ပါး ဖြစ်လာရန် အတွက် လျှို့ဝှက်ချက်အား ချန်ရစ်ထားခဲ့ခြင်းပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။

နတ်ဘုရားတစ်ပါး ဖြစ်လာခြင်း လျှို့ဝှက်ချက်မှာ သိုင်းပညာရှင်ပေါင်းများစွာက သူတို့၏ ဘဝတ်လျှောက်လုံး လေ့လာလိုက်စားနေသော အရာဖြစ်သည်။

ကြီးမြတ်သော ငရဲဘုံကိုးခု ဧကရာဇ်ပင်လျှင် ချွင်းချက် မရှိပေ။

သို့သော် ကောင်းကင်ဘုံ ရေခဲတောင်ထွတ်နားအား ချဥ်းကပ်ရန်မှာ လွယ်ကူမည်မဟုတ်မှန်း ရှစ်ဖုန့် ကောင်းကောင်းသိသည်။

မီတာရာဂဏန်း အနည်းငယ်ခန့်သာ ကွာဝေးတော့သော်လည်း အန္တရာယ်များကတော့ ပြ​ည့်နှက်နေဆဲ ဖြစ်သည်။

သူ ​ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ်နား ချဉ်းကပ်နိုင်လျှင်ပင် ထိုအပေါ်သို့ တက်ရန်အတွက်က တော်တော်လေး ခက်ခဲ လှမည်ဖြစ်သည်။

အခွင့်အလမ်းများနှင့်အတူ စိတ်ကူး၍ မရရှိနိုင်သော အန္တရာယ်များကလည်း လိုက်ပါလာလေ့ရှိသည်။

"သွားမယ်"

ရှစ်ဖုန့်က ပြောကာ ရှေ့သို့ လှမ်းလိုက်သည်။

ရုတ်တရက် ကောင်းကင်နှင့် မြေပြင်မှာ နေရာဒေသတစ်ခုသို့ ရောက်သွားသကဲ့သို့ ပြောင်သလဲသွားသည်။

​ရှစ်ဖုန့်နှင့် ကျောက်ဟူမှာ ရေခဲတောအုပ်တစ်ခု အတွင်းသို့ ရောက်ရှိသွားသည်။

ဝန်းကျင်တစ်ခုလုံးတွင် ရေခဲသစ်ပင်များ၊ ရေခဲပန်းပင်များ၊ရေခဲမြက်များဖြင့် ဝန်းရံထားသည်။

၎င်းတို့မှာ အရည်လဲ့နေသော သလင်းကျောက် ပုံဆောင်ခဲများကဲ့သို့ ဝင်းလက်တောက်ပနေပြီး ကမ္ဘာတစ်ခုလုံးမှာ အနုပညာ ပန်းချီကား တစ်ချက်နှယ် ဖြစ်သည်။

ရေခဲတောအုပ်တစ်ခုလုံးက တိတ်ဆိတ်ပြီး အေးချမ်းလှသည်။

လှပသော သဘာဝရှုခင်းအား ကြည့်နေရင်း ကျောက်ဟူ မထိန်းနိုင်ပဲ အော်လိုက်မိသည်။

"ဝိုး..."

"အရမ်းလှလိုက်တာ.."

"ကျွန်တော်တို့တွေ အန္တရာယ်ရှိတဲ့ စိတ်လှည့်စားမှု အစီအရင် ထဲကို

ထပ်ပီးတော့ ဝင်မိပြီလို့ထင်နေတာ"

"ဒါပေမဲ့.. ဒီလိုမျိုး လှပတဲ့ နေရာကို ရောက်လာခဲ့တယ်"

"ဟီးဟီး"

"အခုကျွန်တော့်ရဲ့ အာရုံကြောတွေ တင်းမာနေတာကို ကြည့်ပါအုံး"

"နောက်ဆုံးတော့ ဖြေလျော့အနားယူနိုင်ပီ"

ထိုအချိန်တွင် ရှစ်ဖုန့်မှာ ကျောက်ဟူနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။သူက မျက်မှောင်ကို ကြုတ်၍ ပတ်ဝန်းကျင်ကို လေးနက်စွာ ကြည့်နေသည်။

ရေခဲတောအုပ်မှာ စိတ်ကူးထားသလို မရိုးရှင်းမှန်း သူအာရုံခံနိုင်၏။

"ဂရုတစိုက်နေ"

ရှစ်ဖုန့်က ကျောက်ဟူအား သတိပေးလိုက်သည်။

"သတိထားရမယ်..ဒီနေရာမှာဘာတွေများ စိုးရိမ်စရာရှိလို့လဲ"

"ဒီနေရာက အန္တရာယ် ရှိလို့များလား"

​

ကျောက်ဟူက စိတ်ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ရှစ်ဖုန့်ထံ ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် ဤလှပသော ရေခဲသစ်ပင်များ၊ ရေခဲပန်းပင်များ ရေခဲမြက်ပင်များမှ လွဲ၍ ထိုနေရာတွင် ဘာမျှ ရှိမနေ

ပေ။

ရှေးကကြုံခဲ့သော စိတ်လှည့်စားခြင်း အစီအရင်ဖြစ်သည့် လေများတဟူးဟူးတိုက်ခတ်ကာ ကောင်းကင်ထက်တွင် ရေခဲနဂါးများ ရှိနေပြီး နေရာအနှံ့ ရေခဲသားရဲများ ပြည့်နှက်နေပုံမျိုးကဲ့သို့ မဟုတ်ပေ။

"သတိထား.."

ရှစ်ဖုန့်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားကာ မျက်လုံးတို့ ပြူးသွားသည်။

ရှစ်ဖုန့်က ကျောက်ဟူအား အော်လိုက်သည်။

"အာ.."

ကျောက်ဟူမှာ စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ ဘာကြောင့် ရှစ်ဖုန့်ထိုကဲ့သို့ ကြီးမားသော တုန့်ပြန်မှုမျိုး ဖြစ်နေရမှန်း သူနားမလည်ပေ။

​ရှစ်ဖုန့် ကျောက်ဟူအား ဘာမှထပ်မပြောတော့ပေ။

သူ့၏ ဘယ်လက်ဖြင့် ဂုတ်မှဆွဲပြီး မြှောက်လိုက်သည်။

သွေးရောင်းဓား ရှည်က သူ၏ ညာလက်ထဲတွင်ပေါ်လာကာ ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

ကျောက်ဟူ၏ ဘေးတွင် သေးငယ်ပြီးလှပသော ရေခဲပန်းတစ်ပွင့် ရှိနေခဲ့သည်။

၎င်း၏ အမြစ်က ရုတ်တရက် လူတစ်ယောက် အရွယ် မြင့်တက်လာကာ ၎င်း၏ ပွင့်ဖတ်တို့က ရတ်ချည်း တံခါးချပ်အရွယ် ကြီးထွားလာသည်။

ပန်းပွင့်၏ အလယ်တွင် အက်ကွဲကြောင်းကြီး ပေါ်လာပြီး ကြမ်းကြုတ်သော အသွင်ကိုဆောင်နေ၏။

ထက်ရှသော အစွယ်တန်းကြီး နှစ်ခုက ရုတ်တရက် ရှစ်ဖုန်နှင့် ကျောက်ဟူအား ကိုက်ချလိုက်သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters