← Chapters

အပိုင်း (၄၀)

Vol. 3 Ch. 40

အပိုင်း (၄၀)

Vol. 3 Ch. 40

"ဘန်း"

ရှစ်ဖုန့်၏ သွေးရောင်ဓားဆီမှ ဓားချီမှာ တစ်ဟုန်ထိုး ထွက်သွားပြီး

သန္ဓေပြောင်း ရေခဲပန်းအား ဖြတ်ချပစ်လိုက်သည်။

ရေခဲပန်းက ရေခဲတုံးကဲ့သို့ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားကာ ရေခဲအစအနများက မြေပြင်ပေါ်သို့ ပြန့်ကျဲ ကျသွားသည်။

ကျောက်ဟူမှာ ဖြစ်ပျက်သွားသမျှအား မျက်တောင် မခတ်သာ စိုက်ကြည့်နေမိသည်။

သူ၏ နောက်ကျောဘက်မှ အေးစိမ့်မှုကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံး ချွေးအေးများ ထွက်နေသည်။

သူ၏ ခြေထောက်များ မှာ အတင်းလုပ်မယူရပါပဲ တုန်ယင်နေ၏။

ခုဏက ရှစ်ဖုန့်ကြောင့်သာ မဟုတ်လျှင် အကျိုးဆက်မှာ စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။

ရှစ်ဖုန့်သာ သူ့အား မဆွဲထားခဲ့ပါက သူ့အနေဖြင့် သန္ဓေပြောင်းသားရဲ၏ ဝါးမြိုခံရပြီး ၎င်းအတွက် မြေသြဇာ ဖြစ်နေလောက်ပီဖြစ်သည်။

"သ...သခင်လေး ဖုန့်.."

ကျောက်ဟူမှာ ကြောက်ကြောက်လန့်လန့်နှင့် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်။

"ငါတို့တော့ အခု ပြဿနာ ကြီးထဲရောက်နေပြီ"

ရှစ်ဖုန့်စကား ပြောပီးပီးချင်း ခုဏက မြေပြင်ပေါ်သို့ ကျဆင်းသွားသော ရေခဲအပိုင်းအစများက ရုတ်တရက် အသက်ဝင်ပုံ ပေါ်လာသည်။

၎င်းတို့က အလယ်ဗဟိုဆီသို့ စုပုံသွားကာ တံခါးတစ်ချပ် အရွယ် သန္ဓေပြောင်း ရေခဲပန်းပွင့်အဖြစ် လျှင်မြန်စွာ ပြောင်းလဲသွားသည်။

ထို့နောက်တွင် သူ၏ အောက်ခြေရှိ မြေပြင်မှာ တုန်ခါလာသည်။

"အား...ဘုရားရေ"

ကျောက်ဟူ၏ မျက်လုံးတို့မှာ ပြူးကျယ်နေပြီး သူ၏ မျက်ဆံများမှာ သူငယ်အိမ်အတွင်းမှ ထွက်ကျတော့မည်သကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်တွင် တောအုပ်အတွင်းရှိ ရေခဲပန်းပွင့်များ ၊ ရေခဲမြက်ပင်များ၊ ရေခဲ သစ်ပင်များမှာ အမှန်တကယ် အသက်ဝင်လာသည်။

ကြမ်းကြုတ်ရက်စက်မည့်ပုံရသော ဆူး​ညှောင့်ပွင့်ဖက်များနှင့်အတူ မရေတွက်နိုင်သော တံခါးတစ်ချပ်အရွယ် ရေခဲပန်းပွင့်များ က အမြစ်များဆီမှ ရှစ်ဖုန့်နှင့် ကျောက်ဟူထံ ပျံသန်းထွက်လာကြသည်။

မရေတွက်နိုင်သော ရေခဲမြက်ပင်များကလည်း သူတို့ထံသို့ အလျှင်အမြန် တွားသွားလာကြသည်။

မြက်ပင်များမှာ ဓားရှည်များ အရွယ်သို့ကြီးထွားလာကြသည်။

၎င်းတို့က ထက်ရှမာကျောကာ အေးစက်သော အလင်းရောင်ယှက်သန်းနေသည်။

၎င်းတို့က လွှဲယမ်းကာ ခုတ်ပိုင်းကြသည်။

ထူးဆန်းပီး အတွန့်အကြောင်းများနှင့် သရဲဘီးလူးဆန်သော မျက်နှာများက ရေခဲသစ်ပင်များထံမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

၎င်းတို့က ပါးစပ်းများအား အကျယ်ကြီးဟလိုက်ပြီး သိပ်သည်းလှသော အအေးစီးကြောင်းများ က ပန်းထွက်လာကာ ရှစ်ဖုန့်နှင့် ကျောက်ဟူထံသို့ သိမ်းကျုံး၍ ဦးတည်လိုက်သည်။

"လခွီးပဲ...ဒါက တောအုပ် မွန်းစတားတွေပဲ"

ရှစ်ဖုန့်က ဆဲဆိုကျိန်ဆဲလိုက်သည်။

သူ၏ ဓားအား အလျှင်အမြန် လွှဲယမ်းလိုက်ကာ သူ့ထံသို့ ပျံသန်းလာသော ရေခဲပန်းပွင့်များအား ပိုင်းဖြတ်လိုက်သည်။

ကျောက်ဟူမှာလည်း သူ၏ နှစ်ဖက်သွား ​​​​​​​​​ဗြက်ကျယ် ဓားကြီးအား ဘယ်ညာ လွှဲယမ်းလိုက်ပြီး ခရမ်းရောင် လျှပ်စီးတို့အား နေရာအနှံ့သို့ ပို့လွှတ်လိုက်ကာ ရေခဲမြက်ပင်များမား တစ်ခုပြီးတစ်ခု အပ်ိုင်းပိုင်း ခွဲပစ်လိုက်သည်။

ထို့နောက် ရှစ်ဖုန့်၏ အနားသို့ လျှောက်သွားလိုက်ကာ သူ၏ ဓားကြီးကို မရပ်မနားလွှဲယမ်း၍ ရေခဲသစ်ပင်များ၏ အအေးစီး​ကြောင်းကို တားဆီးလိုက်သည်။

ကျောက်ဟူ၏ နှစ်ဖက်သွားဓားမှာ ထူထဲသော ရေခဲလွှာတစ်ခု ဖုံးအုပ်သွားပြီး သူသည် ​ကြီးမားသော ရေခဲတူကြီး တစ်ခုအား ဝှေ့ရမ်းနေသည်နှင့်ပင်တူနေသည်။

သူ၏ လက်နှစ်အားဖြင့် လှုပ်ခါလိုက်သောအခါ ဓားပေါ်ရှိ ရေခဲတို့မှာ ကွဲကြေသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ကျောက်ဟူက စိုးရိမ်တကြီးအော်လိုက်သည်။

"သခင်လေးဖုန့်...မြန်မြန်တစ်ခုခုစဥ်းစားပါ..ကျွန်တော်အကြာကြီး မထိန်းထားနိုင်ဘူး.."

ဤအချိန်တွင် ကျောက်ဟူမှာ သူ၏ထင်မြင်ချက့်များထက် ထက်ကာတလဲလဲ သာလွန်အောင်လုပ်နိုင်စွမ်းရှိသော ဤလူငယ်လေး ရှစ်ဖုန့်၏ ထံတွင်သာ သူ၏ မျှော်လင့်ချက်များအား ပုံအပ်ထားသည်။

"နည်းနည်းလောက် ကြာကြာ ထိန်းထားပေးအုံး..."

"ဒီဆန်းပြားတဲ့ နေရာက အစောပ်ိုင်းတုံးက စိတ်လှည့်စားမှု အစီအရင်ထက် အများကြီး ကျော်လွန်နေတယ်"

"ကံကောင်းတာက ဒီအစီအရင်ရဲ့ တည်ရှိနေခဲ့မှုက နှစ်ပေါင်းများစွာ ကြာနေပြီ"

"ဒီမွန်းစတားတွေရဲ့ ခွန်အားတွေ ဖြည်းဖြည်းချင်း လျော့နည်းလာတာကြောင့် သူရဲ့ စွမ်းအားကလည်း ဖြည်းဖြည်းချင်း အားနည်းလာခဲ့တယ်"

"ဒါပေမဲ့ ပြဿနာ ရှိဆုံး ကိစ္စက ဒီမွန်စတားအားလုံးမှာ ရှိနေတဲ့ စွမ်းရည်က ပြန်လည် ပေါက်ပွားလာနိုင်စွမ်း ရှိနေတာပဲ.."

ရှစ်ဖုန့်အသံတိုးသွားပြီးမကြာခင် သူတို့နှစ်ဦးလက်ချက်ကြောင့် အပိုင်းပိုင်းကွဲကြေနေသော ရေခဲအပိုင်းအစများမှာ ထပ်မံ၍ အသက်ဝင်လာပြန်သည်။

၎င်းတို့က အတူတကွ စုစည်းသွားကာ ရေခဲမွန်းစတားများ အဖြစ် ထပ်မံ၍ ဖွဲ့စည်းသွားသည်။

"သခင်လေးဖုန့် ကျွန်တော်တို့က အပြစ်ရှာတဲ့ အဆင့်မှာပဲရှိသေးတယ်"

"ထေ့ငေါ့ ရည်ညွှန်းနေတာတွေကို ရပ်ပါတော့"

"နည်းလမ်းတစ်ခုခုများ ရှိလား"

"မရှိဘူးဆိုရင် အရင်ဆုံးဆုတ်ရအောင်"

"ဒီအတိုင်းဆက်သွားနေရင် မကြာခင် ဒါမှမဟုတ်နောက်ပိုင်းကျ ဒီအရာတွေကြောင့် ကျွန်တော်တို့တွေ ခြေကုန်လက်ပန်းကျပြီး သေသွား လိမ့်မယ်"

ကျောက်ဟူမှာ ရှစ်ဖုန့်၏ အေးစေစွာ ပြောနေသံကို ကြားရသည်။

သူကတော့ ရေခဲအပိုင်းအစများ ပေါင်းစည်းသည်ကို ဖျက်ဆီးရင်း ပို၍ပို၍ စိုးရိမ်သောက ရောက်လာသည်။

"ဆုတ်ရမှာတဲ့လား"

ရှစ်ဖုန့်က ခေါင်းကိုခါလိုက်ကာ ပုံမှန်မဟုတ်စွာ တည်​ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"ငါကြည့်ပြီးပါပြီ..ဒီနေရာကနေ ထွက်သွားနိုင်တဲ့ နည်းလမ်း မရှိဘူး.."

"ဒီတော့ ငါတို့ရှေ့ဆက်သွားဖို့ပဲရှိတယ်.."

"ဘာအပြစ်အနာအဆာတွေ ရှိလဲဆိုတာကိုလဲ ငါလေ့လာပြီးပြီ"

"ဒီမှာ ဘာထွက်လမ်းမှမရှိဘူး..ငါတို့တွေ တန်ကြေးတစ်ခုခုတော့ ပေးဆပ်ရမှာပဲ"

"ရှေ့ပဲ ဆက်သွားလို့ရမယ်.."

ကျောက်ဟူမှာ ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါ သူ့ရှေ့ရှိ တောအုပ်အားကြည့်လိုက်ပြီး မျက်လုံးတို့ရုတ်ချည်း ပြူးသွားရသည်။

ဤနေရာတွင်တောင် ပွက်လောရိုက်နေပြီ ဖြစ်သော်လည်း သူ၏ ရှေ့တွင် ပန်းပွင့်မွန်းစတားများ၊ မြက်ပင်မွန်းစတားများ၊ သစ်ပင်မွန်းစတားများက ပို၍ ရှိနေသေးသည်။

၎င်းတို့က သူ့ထံသို့ သိပ်သည်းထူထပ်စွာဖြင့် အုပ်လိုက်လာနေကြသည်။

ရုတ်ချည်း ကျောက်ဟူ၏ နှလုံးသားထဲတွင် အင်အားမဲ့မှုတို့က မြင့်တက်လာသည်။

"ငါဒီသောက် နေရာကြီးမှာ တကယ်ကြီး သေရတော့မှာလား"

"ငါမသေချင်သေးဘူးလေ"

"လျှို့ဝှက်နက်နဲတဲ့ ကျင့်ကြံမှုပညာရပ်ကို ငါဒီနေ့လေးမှရခဲ့တာ"

"ပီးတော့ငါ ကြယ်လေးပွင့် စိတ်ဝိညာဉ်နယ်ပယ် ကို တက်လှမ်းရအုံးမှာလေ"

"ပီးတော့ အကာအကွယ်အဖြစ် ကောင်းကင်ဘုံ လျှပ်စီးဓားပညာရပ်ကိုလည်း ရခဲ့သေးတယ်"

"ဒီသိမ်မွေ့လှတဲ့ဓားပညာရပ်က ကျွမ်းကျင်သွားတာနဲ့ ကျင့်ကြံမှု နယ်ပယ်တူခြင်းမှာ ကျော်လွှားမရနိုင်တဲ့သူ တစ်ယောက်အဖြစ်က်ိုတောင် ဖြစ်စေမှာလေ"

"ပြန်ဖို့ လမ်းမရှိတော့ဘူးလား"

ကျောက်ဟူက နောက်သို့လှည့်ကြည့်လိုက်သည်။

သူငိုချင်သော်လည်း မျက်ရည်က ထွက်မလာပေ။

သူ၏နောက်တွင်လည်း တောအုပ်တစ်ခု ရှိနေပြီး အလားတူစွာပင် ပြွတ်သိပ်နေသော မွန်းစတားများက သူ့ထံသို့ တစ်ဟုန်ထိုးလာနေသည်။

၎င်းတို့က ရှေ့ရောနောက်မှပါတိုက်ခိုက်ကြသည်။

နှစ်ဖက်စလုံးမှ မွန်းစတားများက သူ၏ နေရာ၌ စုလာနေစဥ် ကျောက်ဟူအနေဖြင့် ရှည်ရှည်ဝေးဝေး ထပ်မတွေးရဲတော့ပေ။

"ကောင်းပြီ မင်းစိတ်ဓာတ်ကျဖို့ မလိုပါဘူး.."

"မွန်းစတားတွေကို သတ်ဖို့သာ အာရုံစိုက်ထားပါ."

"ဟူး...ဒီရလာခဲ့တဲ့ ရတနာက မြန်မြန်အသုံးဝင်လာ လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး.."

ရှစ်ဖုန့် သက်ပြင်းချလိုက်မိသည်။

သူ၏ ညာလက်အား လှန်လိုက်သော အခါတွင် ရဲရဲတောက်နီမြန်းနေသော မြေဆီလွှာ အပိုင်း အစ တစ်ခုက သူ၏ လက်ထဲတွင်ပေါ်လာသည်။

"သန့်စင် ယန် ရတနာ သန့်စင်ယန် မြေကြီး"

တစ်မြန်နေ့က ရှစ်ဖုန့်သည် ကောင်းကင်ဘုံလေ ဂိုဏ်းမှာ အဆင့်နှစ့် သန့်စင်သူ မင်အန်းအား သတ်ပစ်ခဲ့သည်။

၎င်း မြေဆီလွှာအား မင်အန်း၏ သိုလှောင် လက်စွပ် အတွင်းမှ သူမတော်တဆ ရှာဖွေ တွေ့ရှိခဲ့မိခြင်း ဖြစ်သည်။

ထိုအချိန်က ပုယွဲ့အား ကယ်တင်ရန် ရှစ်ဖုန့်သည် ၎င်း ထဲမှ အနည်းငယ်အား ငရဲဘုံကိုးခု စွမ်းအင်နှင့် လိုက်လျော ညီထွေစွာ ပြုလုပ်၍ အသုံးပြုခဲ့သည်။

ရှစ်ဖုန့်က သန့်စင်ယန်မြေဆီလွှာအား ထုပ်ယူကာ လက်ထဲတွင် တင်းတင်းဆုပ်လိုက်သည်။ ချက်ခြင်း သန့်စင်ယန်မြေဆီလွှာမှာ ရဲရဲနောက်နေသော အနီရောင် အမှုန့်အဖြစ်ပြောင်းသွားသည်။

ထို့နောက် ရှစ်ဖုန့်က သန့်စင် ယန်မြေဆီလွှာအား အချိုးအစား အညီအမျှ နှစ်ပုံခွဲလိုက်သည်။

တစ်ပုံအား ကျောက်ဟူ၏ ခေါင်းပေါ်သို့ ဖြူးလိုက်ပြီး ကျန်တစ်ပုံအား သူ၏ ကိုယ်ပေါ်သို့ ဖြူးလိုက်သည်။

"သခင်လေး ဖုန့်ဘာလုပ်နေတာလဲ.."

ကျောက်ဟူမှာ ရှစ်ဖုန့်အတွက် တိုက်ခိုက်မှုများအား တားဆီးနေရင်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ရုတ်ချည်း အလွန်ပြင်းသော စွမ်းအင်လှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံသွားသည်ကို ခံစားလိုက်ရသည်။

ရှစ်ဖုန့်က သူ၏ သွေးဓားအား သိုလှောင်လက်စွပ် အတွင်းသို့ ပြန်ထည့်လိုက်သည်။

သူက ကျောက်ဟူအားလျစ်လျူရှုလိုက်ကာ ပတ်ပတ်လည်တွင် လှုပ်ရှားနေကြသော မွန်းစတားများထံသို့ အာရုံစိုက်လိုက်သည်။

ရေခဲမွန်းစတားများမှာ သန့်စင်ယန်မြေဆီလွှာမှ ထုတ်လွှတ်နေသော သန့်စင်ယန်စွမ်းအင်အား ခံစားမိပုံပေါ်သည်။

ရှစ်ဖုန့်နှင့် ကျောက်ဟူအား ဆက်လက်တိုက်ခိုက်နေသော မွန်းစတားနှစ်ကောင်မှာ ရုတရက် ကြောက်ရွံ့သော အမူအယာတို့ ဖြစ်သွားကြသည်။

၎င်းတို့မှာ သူရဲ​တစ်ကောင်အား မြင်တွေ့လိုက်ရသကဲ့သို့ လျှင်မြန်စွာ ဆုတ်ခွာသွားကြသည်။

အစောပိုင်းက တစ်ဟုန်ထိုး ရှေ့တက်လာကြသော မွန်းစတားများမှာ သူတို့ နှစ်ဦးနှင့် တစ်မီတာ အကွာတွင်သာရှိတော့သော်လည်း ကြောက်ရွံ့စွာဖြင့် ဆုတ်ခွာသွားကြသည်။

ထို့နောက်တွင် ၎င်းတို့၏ နောက်ရှိ မွန်းစတားများဖြင့် အချင်းချင်းတိုက်မိကြပြီး ကွဲကြေသွားကြသည်။

ရုတ်ချည်း ရေခဲမွန်းစတားများမှာ မူမမှန်စွာ ပရမ်းပတာဖြစ်လာကြ၏။၎င်းတို့မှာ ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားပုံပေါ်သည်။

"ဘာတွေဖြစ်နေတာလဲ.."

ကျောက်ဟူမှာ သူ၏ ရှေ့ရှိ မြင်ကွင်းအား ကြက်သေ သေစွာဖြင့် ကြည့်နေမိသည်။

သူ၏ စိတ်မှာ ခေတ္တခဏမျှ အံ့အားသင့်နေပြီး သူ၏ ကိုယ်မှာ ရုတ်ချည်း ရေခဲသစ်ပင်မွန်းစတားမှ ပန်းထုတ်လိုက်သော အအေးစီးကြောင်းတို့ ရိုက်ခတ်သွားရသည်။

သို့သော် အအေးစီးကြောင်းက သူ၏ ကိုယ်အား ထိလိုက်သောအခါ

ချက်ခြင်း အငွေ့အဖြင့် ပျံသွားသည်။

ကျောက်ဟူမှာ နှလုံးသားထဲတွင် အကြောက်တရားတို့ ကိန်းကျန်ရစ်စွာဖြင့် အသိပြန်ဝင်လာသည်။

သူကိုယ်အား သူပြန်ငုံ့ကြည့်လိုက်ပြီး လုံးဝအဆင်ပြေနေသည်ကို တွေ့ရသောအခါ အေးဆေးသော မျက်နှာထားနှင့် ရှစ်ဖုန့်ထံသို့ လှည့်ကြည့်လိုက်ပြန်သည်။

သူက ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။

"ဟားဟားဟား..သခင်လေးဖုန့် ကျွန်တော်တို့ လုံခြုံပီး.."

"အဲ့တာက ဘယ်လိုရတနာ အမှုန့်မျိုးလဲ.."

"အဲ့တာက မွန်းစတားတွေတောင် ကြောက်ရွံ့ရတဲ့အထိ တကယ့်က်ို အံ့သြဘန်းဖြစ်ဖွယ်ပဲ.."

"ဒါနဲ့ဆို ကျွန်တော်တို့ကို မကျော်လွှားနိုင်တော့ဘူး.."

"ဟားဟား..ကောင်းလိုက်တဲ့ ရတနာ.."

"သခင်လေးဘာလို့စောစောက မထုတ်တာလဲ..ကျွန်တော့်ကို လန့်အောင်လုပ်နေတယ်"

သန့်စင်ယန်မြေဆီလွှာအား ဤကဲ့သို့ ဖြုန်းတီးလိုက်ရပြီ ဖြစ်သည်။

ရှစ်ဖုန့်၏ အမူအယာက မပြောင်းလဲသော်လည်း နှလုံးသားကတော့ တစ်စစ်စစ်နာကျင်နေသည်။

"အဲ့တာက သန့်စင် ယန်ရတနာကွ.."

"ကမ္ဘာ့.အရှားပါးဆုံး ရတနာတစ်ခု အဲ့လောက်အပိုင်းအစလေးနဲ့တင် မင်းတို့ ယွင်လိုင် အင်ပါယာတစ်ခုလုံးနဲ့ လဲလှယ်ရတာထက်ကို ပိုတန်ကြေးရှိတယ်ဟ.."

ကံမကောင်းတာက ၎င်းမှာ ဤ အတိုင်းပျောက်ကွယ်သွားပြီ ဖြစ်သည်။

"သွားကြစို့.."

ရှစ်ဖုန့်က စိတ်ထဲမှသက်ပြင်းချကာ ကျောက်ဟူအား ညင်သာစွာပြောလိုက်သည်။

စကားပြောပြီးသည့်နောက် ရှေ့ကဦးဆောင်ကာ တောအုပ်ဆီသို့ လျှောက်သွားလိုက်သည်။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters