အပိုင်း(၄၁)
Vol. 3 Ch. 41
သလင်းကျောက်ပုံစံ ရေခဲတောအုပ်က ရှစ်ဖုန့် နှင့်ကျောက်ဟူတို့အား တောအုပ်၏ ဘုရင်များကဲ့သို့ ပုံစံပေါ်စေသည်။
သူတို့နှစ်ဦး ဘယ်နေရာသို့ ဖြတ်သွားသည်ဖြစ်စေ သူတို့၏ ရှေ့တွင် ရှိနေသော ရေခဲ အလင်းရောင်များက စိုးရိမ်ပူပန် ကြောက်ရွံ့စွာဖြင့် ဆုတ်ခွာ သွားကြသည်ဖြစ်သည်။
ရှစ်ဖုန့်မှာ သူ၏ လက်နှစ်ဖက်အား နောက်တွင် ပစ်ထားပြီး သူ၏ ပုံစံမှာ လမ်းများထက်တွင် လှည့်လည်သွားလာနေသော ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်သည်။
ကျောက်ဟူမှာ သူ၏ နှစ်ဖက်သွားဓားကြီးအား ညာဘက်ပုခုံးပေါ်တွင်လွယ်ထားပြီး ရှစ်ဖုန့်၏ နောက်မှာလိုက်ပါလာကာ ရှစ်ဖုန့်၏ ကိုယ်ရံတော်တစ်ယောက်ကဲ့သို့ ပုံပေါ်နေ၏။
"ဝေါင်း...ဝေါင်း.."
ဘေးနှစ်ဖက်လုံးတွင် ရှိနေသော ရေခဲမွန်းစတားများမှာ ချဉ်းကပ်ရဲခြင်း မရှိပဲ လူနှစ်ယောက်အား အလည်မှာထား၍သာ ဟိန်းဟောက်နေကြပြီး မြို့သူမြို့သားများက သူတို့၏ ဧကရာဇ်အား မကျေနပ်မှုနှင့် သဘောမကျမှု အမူအယာများကို ထုတ်ဖော်ပြသနေကဲ့သို့ ဖြစ်နေသည်။
ကျောက်ဟူမှာ နှစ်ဖက်သွားဓားကြီးအား သယ်ဆောင်ရင်း သူ၏ ရင်ဘက်မှာ ဟောဟဲဆိုက်ကာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
သူသည် တကယ့်ကို ကျွမ်းကျင်လှသော ကိုယ်ရံတော်တစ်ယောက်ကဲ့သို့ ပုံပေါ်နေပြီး မွန်းစတားများ၏ ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်မှုအားတားဆီးရန် ပတ်ဝန်းကျင်ကို ကြည့်နေသည်။
ထိူအချ်ိန်တွင် ရှစ်ဖုန့်က ကျောက်ဟူအားပြောလိုက်သည်။
"သူတို့ကိုလျော့ မတွက်နဲ့.."
"ဒီအစီအရင် က အချိန်အကြာကြီး ကတည်းက တည်ရှိနေခဲ့ပြီးတော့ သူ့ရဲ့ စွမ်းအားတွေ ဆုံးရှုံးသွားရတာကြောင့်သာ မဟုတ်ရင် ဒီမွန်စတားတွေရဲ့ အနိမ့်ဆုံး ကျင့်ကြံမှု အဆင့်က ဘုရင်နယ်ပယ်မှာ ရှိနေလိမ့်မယ်.."
"ဒီအစီအရင် တပ်ဆင်ထားတဲ့ ပုံစံနဲ့ဆိုရင် ဧကရာဇ်နယ်ပယ်တစ်ယောက်က်ိုတောင် သေဆုံးအောင် လုပ်နိုင်စွမ်း ရှိတယ်.."
"ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်တောင် သေနိုင်တယ်လား. "
"ဧကရာဇ်နယ်ပယ်နဲ့တောင် အားအနည်းဆုံး ဖြစ်နေသေးတယ်တဲ့လား"
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါ ကျောက်ဟူမှာ မထိန်းနိုင်ပဲ တံတွေးပင်မျိုချလိုက်မိသည်။
"အစီအရင် တစ်ခုက ဧကရာဇ်နယ်ပယ်တွေကိုတောင် သတ်ပစ်နိုင်တယ်တဲ့လား"
"ဒါက ဘယ်လို အယူအဆမျိုးလဲ.."
ကျောက်ဟူကဲ့သို့သော သိုင်းသမားတစ်ယောက်၏ အမြင်တွင် ဧကရာဇ်နယ်ပယ်တစ်ယောက်မှာ ဒဏ္ဍာရီလာ ပုံရိပ်တစ်ခုဖြစ်ပြီး
ကျော်လွှား ၍ မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။
ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး မဆိုထားဘိ ဘုရင်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင် ယွင်လိုင်အင်ပါယာ၌ အာဏာရှင် တစ်ပါးအဖြစ် သတ်မှတ်၍ ရနိုင်သည်။
တစ်ခြားနည်းဖြင့်ပြောရလျှင် ဤ နေရာရှိ ဘယ်ပန်းပင် ဘယ်မြက်ပင် တစ်ခုကမဆို အတိတ်က ၎င်းတို့၏ စွမ်းအားအတိုင်း ရှိနေလျှင် ယခု ချိန် ယွင်လိုင် အင်ပါယာ၌ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြပြီး ၎င်းတို့ အလိုရှိသည်အား အကြောက်အရွံ့ကင်းမဲ့စွာဖြင့် ရယူနိုင်သည်။
ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ကျောက်ဟူ၏ မွန်းစတားများ ပေါ်တွင် အကြည့်တို့ပြောင်းသွားသည်။
သူ၏ အစောပ်ိုင်းက မာနကြီးမှု မထီမဲ့မြင်ပြုမှု များမှ သတိထားမှု အဖြစ်ပြောင်းသွားသည်။အပင်များထဲမှ တစ်ပင်တွင် ၎င်း၏ မူလစွမ်းအားအတိုင်းတည်ရှိနေသေးပြီး ရုတ်တရက်သူ့အား ဖျက်ဆီး ပစ်မည်ကို ကြောက်မိသည်။
သူတို့ထွက်ခွာသွားပြီး မကြာမီတွင် တိုက်ခိုက်သံတစ်ခုအား သူတို့၏ နောက်ဘက်ဆီမှကြားလိုက်ရသည်။
ရှစ်ဖုန့် နောက်လှည့်လိုက်သောအခါ ခရမ်းရောင် မိုးကြိုးဂိုဏ်းမှာ ဤနေရာသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
သို့သော် စိတ်လှည့်စားမှု အစီအရင်အတွင်းတွင် လူဆယ့်သုံးယောက် ရှိခဲ့ရာမှာ ယခုအခါတွင် လူဆယ်ယောက်သာ ဝင်လာနိုင်သည်။
အသန်မာဆုံး သိုင်းပညာရှင်များ ဖြစ်ကြသော လဲ့ပါ လဲ့ရှောင်းနှင့် လဲ့ရီတို့မှာ အသက်ရှင်ကျန်ရစ်ကြဆဲဖြစ်သည်။
မူလက ယောက်ျားလေးငါးယောက် မိန်းကလေးငါးယောက် တပည့် များမှာ ယခုအခါတွင် ယောက်ျားလေးသုံးယောက်နှင့် မိန်းကလေးလေးယောက်သာ ကျန်ရှိတော့သည်။
သူတို့ထဲမှသုံးဦးမှာ သေလုနီးပါး အခြေအနေဖြစ်နေသည်။
ခရမ်းရောင်မိုးကြိုး ဂိုဏ်း၏ အဖွဲ့ဆယ်ယောက် ပေါ်လာသော အခါတွင် ရေခဲမွန်းစတားများမှာ ပစ်အမှတ်အသစ်အား တွေ့သွားပြီး ၎င်းတို့ထံ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။
"ကောင်းတယ်..ခွေးမသား နှစ်ကောင်"
"နောက်ဆုံးတော့..ငါမင်းတို့ကိုတွေ့ပြီ.."
လဲ့ရှောင်း၏ ချောမောသော မျက်နှာမှာ သူတို့နှစ်ဦးအား မြင်လိုက်ရသော အခါ ရှုံ့မဲ့သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ၏ လက်ထဲတွင် ကိုင်ထားသော မိုးကြိုးဓားမှာ တဖျစ်ဖျစ် မည်နေပြီး သူတို့နှစ်ဦးအားသတ်နိုင်ရန်အတွက် အာသာပြင်းပြစွာ လမ်းကြောင်း ဖောက်လိုသောကြောင့် ဝင်ရောက်လာသောရေခဲ မွန်းစတားများအား ရူးသွပ်စွာ ခုတ်ပိုင်းနေသည်။
အချိန်ခဏလေး အတွင်း နေရာတစ်ခုလုံး မိုးကြိုး လျှပ်စီးများ ဖြင့် ပြည့်နှက်သွားသည်။
ခရမ်းရောင် မိုးကြိုး ဂိုဏ်းမှ ကျွမ်းကျင်သူများမှာ နေရာတစ်ခုလုံးအား ဖျက်ဆီးပစ်ရန် ခရမ်းရောင် လျှပ်စီးများအား ပြိုင်တူ ထုတ်လွှတ်လိုက်ကြသည်။
"သခင်လေး ဖုန့်.. ကျွန်တော်တို့ ဘာလုပ်သင့်လဲ.."
ကျောက်ဟူက ရှစ်ဖုန့်အား ကြည့်ကာ သူ၏ အမြင်ကို တောင်းခံသည်။
"အဲ့ခွေးရူးတွေကို စိုးရိမ်မနေနဲ့.."
"ငါတို့အခု သူတို့ကို မရိုက်နှက်နိုင်သေးဘူး ပီးတော့ အခုနေသွားလည်း အကိုက်ခံရတာပဲရှိမယ်.."
"တို့တွေ အနာဂတ်မှာ သူ့ကို ထပ်ပီး နှိပ်စက် ရအုံးမှာပါ"
"သွားစို့.."
ရှစ်ဖုန့်က စကားပြောပြီးနောက် လဲ့ရှောင်းအား အထင်သေးစွာ တစ်ချက် ကြည့်လိုက်သည်။
ကျောက်ဟူက လဲ့ရှောင်းအား ဆိုးရွားသော အမူအယာဖြင့် သူ၏ အောက်ပိုင်းအား မညွှန်ပြခင် လက်ခလယ်အား ထောင်ပြလိုက်သည်။
"အားးးးးးးးးးးးးးးးးးးးး"
"သူတောင်းစား နှစ်ကောင် မသွားနဲ့အုံး.."
"မင်းတို့ သတ္တိရှိရင် အဲ့မှာ ရပ်နေကြစမ်..မင်းတို့ကို ရှင်သန်ရတာနောင်တရသွားအောင်ကို ငါလုပ်ပြမယ်..အား...အား"
လဲ့ရှောင်းမှာ လူရူးတစ်ယောက်ကဲ့သို့ အော် ဟစ်နေသည်။
"ဒီကလေးရဲ့ ဗီဇက ဆိုးလိုက်တာ.."
"သူ့ရဲ့ ဆုတ်ယုတ်မှု ဒဏ်ကိုခံနိုင်စွမ်း မရှိဘူး"
"သူဘယ်လောက်ပဲ ပါရမီရှိနေပါစေ.... အံ့ဖွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါစေ..သူရဲ့အနာဂတ် အောင်မြင်မှုတွေက အရမ်းကို အကန့်အသတ်တွေ ရှိနေလိမ့်မယ်.."
ရှစ်ဖုန့်က ကျောက်ဟူအား စကားပြောရင်း လမ်းလျှောက်သွားသည်။
ကျောက်ဟူက သူ၏ ခေါင်းအား ညိမ့်ပြကာ အတွေးနက်နေသည်။
သတိပြန်ဝင်လာသော အခါသူသည် ရေခဲတောအုပ်ထဲမှ ထွက်လာပြီး ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်နှင့် ဆယ်မီတာသာ ကွာတော့သည်ကို တွေ့လိုက်ရသည်။
သူနောက်သို့လှည့်ကြည့်လိုက်သော အခါ ခရမ်းရောင် မိုးကြိုးဂိုဏ်းမှလူများနှင့် ရေခဲတောအုပ်တို့မှာ ပျောက်ကွယ်သွားပြီး နောက်တွင် ကျယ်ပြောလှသော ရေခဲပြင်ကြီးကိုသာ တွေ့ရသည်။
"ဟားဟား..ငါတို့ထွက်လာပြီ..ငါတို့နောက်ဆုံးတော့ ထွက်လာခဲ့ပြီကွ.."
ကျောက်ဟူက သူ၏ ဓားအား မြှောက်လိုက်ကာ ရယ်မောလိုက်သည်။
သူကောင်းကင်ဘုံရေခဲ ဝိညာဉ်တောင်ထွတ်အား လှမ်းကြည့်လိုက်သော်လည်း တောင်၏ ထိပ်ဆုံးကို သူ မမြင်နိုင်ပေ။
ဤ ရေခဲတောင်တန်းမှ မည်မျှ မြင့်မားမှန်းကို သူတကယ် မသိပါချေ။
သို့သော် သန့်စင်ယန် မြေဆီလွှာ၏ စွမ်းအင်မှာတော့ ကျန်ရှိနေသေးဆဲဖြစ်ပြီး သူတို့မှာ တောင်ထွတ်နှင့် နီးကပ်လာသော ကြောင့် ထိုမှထုတ်လွှတ်နေသော အငွေ့အသက်ကိုလည်း ခံစားမိကြသည်။
"သခင်လေး ဖုန့် ကျွန်တော်တို့တွေ တောင်ပေါ်ကို စတက်ကြတော့မလား.."
အမှတ်တမဲ့ ကျောက်ဟူမှာ အရာအာလုံးတွင် ရှစ်ဖုန့်၏ အမြင်အား တောင်ခံခြင်းတို့ ဖြစ်လာသည်။
"ဟူး..."
ထိုအချိန်တွင် ရှစ်ဖုန့်မှာ သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"အစတုံး နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီမို့ ဒီနေရာကအစီအရင်တွေနဲ့ ကန့်သတ်မှုတွေအား လုံးက အားနည်းလာပြီလို့ထင်ခဲ့တာ.."
"နောက်ဆုံးအလွှာမှာ ကောင်းကင်ဘုံအပြစ်ပေးရေခဲမိစ္ဆာ အစီအရင် ရှိနေလိမ့်မယ်လို့ ငါလုံးဝ မမျှော်လင့်ထားခဲ့မိဘူးး.."
"ငါတို့တွေ လက်ဗလာနဲ့ ပြန်ရမှာက်ိုတောင် ငါကြောက်မိတယ်.."
"ငါတို့တွေ ဘာမှ ရအောင်လုပ်ဆောင်နိုင်မှာ မဟုတ်ဖူး ပြီးတော့ သန့်စင်ယန်မြေဆီလွှာ အပိုင်းအစကိုတောင်ငါ ဆုံးရှုံးသွားရတယ်.."
ရှစ်ဖုန့် အမှန်တကယ် ဆန္ဒမရှိသော်လည်း သူလုပ်ဆောင်နိုင်သော အရာဘာမှ ရှိမနေပေ။
"ကောင်းကင်ဘုံ အပြစ်ပေးရေခဲမိစ္ဆာ အစီအရင် ဟုတ်လား.."
"အဲ့တာဘာလဲ.."
"အရမ်းပဲ စွမ်းအားကြီးတာလား."
ကျောက်ဟူက ရှစ်ဖုန့်အား ကြောင်တောင်တောင်ဖြင့် ကြည့်၍ မေးလိုက်သည်။
"ဟမ့်.."
ရှစ်ဖုန့်က နှာတစ်ချက်မှုတ်ကာ ပြောလိုက်သည်။
"အဲ့ထက်တောင်ပိုသေးတယ်.."
"အဲ့ဒါက ထျန်းဟန်တိုက်ကြီး တစ်ခုလုံး ပေါ်မှာ စွမ်းအားအကြီးဆုံး သတ်ဖြတ်ခြင်း အစီအရင်တစ်ခုပဲ.."
"ဧကရာဇ် နယ်ပယ်တွေတောင်မှ ဂရုမစိုက်ပဲနေရင် ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်."
"ဧကရာဇ်နယ်ပယ်တွေကိုတောင်မှ ပြာဖြစ်စေနိုင်တယ်.."
ကျောက်ဟူ၏ မျက်လုံးတို့မှာ ပြူးကျယ်သွားပြီး လေအေးတို့ကိုပင် ရှူသွင်းမိလိုက်သည်။
သူ၏ခြေထောက်တို့အား အလျှင် အမြန် နောက်သို့ သုံးလှမ်းခန်း ဆုတ်လိုက်မိသည်။
သူ၏ ရှေ့တွင် ရှိနေသော အစီအရင်ထံမှ စွမ်းအင် တစ်စိုးတစ်စိ ထွက်လာကာ ၎င်း နှင့်ထိတွေ့မိလျှင် သူသေ ဆုံးရမည်ကို ကြောက်ရွံ့ မိသည်။
"ဖုန့်...သခင်လေး..ဖုန့်..ဒီမှာ ရှိနေတဲ့ အစီအရင်တွေက နှစ်ပေါင်း မရေတွက်နိုင်အောင် ကြာခဲ့ပြီလို့..သခင်လေး ပြောခဲ့တယ် မဟုတ်ဖူးလား.."
"အခုချ်ိန်ဆို အဲ့လောက် စွမ်းအားကြီးနေတာ မဖြစ်သင့်ဘူးမလား.."
ကျောက်ဟူက မေးလိုက်သည်။
"ဆန့်ကျင်ဘက်ပဲ.."
ရှစ်ဖုန့်မှာ ခေါင်းခါလိုက်သည်။ သူ၏ အမူအရာမှာ တော်တော်လေး လေးနက်သော ပုံစံဖြစ်လာပြီး ပြောလိုက်သည်။
"ငါအစက အဲ့လိုထင်ခဲ့တာပဲ..ဘာလို့ဆို ငါတို့ အစောပိုင်းက တွေ့ခဲ့ ရတဲ့ အစီအရင် နှစ်ခုက သူတိုရဲ့ စွမ်းအားတွေအများစုက ဆုံးရှုံးလု နီးပါးဖြစ်နေပြီး သူ့ရဲ့ နဂ်ိုစွမ်းအား တစ်သောင်းပုံတစ်ပုံတောင် မရှိတောလို့လေ"
"ဒါပေမဲ့ ငါတို့ရဲ့ ရှေ့မှာ ရှိနေတဲ့ ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္တာ အစီအရင်က လုံးဝကို ထိခိုက်မှု မရှိသေးဘူး.."
"အဲ့အစား သူ့ရဲ့ အစွမ်းက တဖြည်းဖြည်း တိုးလာခဲ့တယ်."
"ဘာလို့ဆိုရင် အဲ့တာက ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ်ရဲ့
အေးစက်တဲ့ အအေးစွမ်းအင်တွေကို တစ်ချိန်လုံး စုပ်ယူနေခဲတာကြောင့်ပဲ.."
"ဟမ်.."
ကျောက်ဟူမေးရိုးပင် ပြုတ်ကျသွားရသည်။
မတော်တဆ သူ့ခေါင်းအား ငုံ့လိုက်မိသည်။ထို့နောက် သူ့ရှေ့တစ်မီတာ အကွာရှိ ရေခဲတို့မှာ သိပ်သည်းထူထပ်နေပြီး သူတစ်ချိန်လုံး သတိမထားမိသော တွန့်လိန်နေသည့် ရှေးဟောင်းရုန်းများကို သတိပြုမိလိုက်သည်။
သူ၏ ခြေထောက်ရှေ့ရှိ ရေခဲပေါ်ရှိ ရုန်းများမှာ ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ်၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ အဆုံး မရှိတ်ိုးချဲ့နေသည်။
ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ် တစ်ခုလုံးမှာ ကောင်းကင်ဘုံ အပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်၏ ဝန်းရံမှုကို ခံထားရပုံပေါ်သည်။
ထို့ကြောင့် သူ့အနေဖြင့် အခြားသော နေရာများမှ ပတ်သွားမည်ဆိုလျှင်တောင် အသုံးဝင်မည်မဟုတ်ပေ။
"သခင်လေးဖုန့် ကျွန်တော်တို့တွေ ဒီလိုပဲ ပြန်သွားကြရတော့မှာလား.."
ကျောက်ဟူသည်လည်း ထိုသို့ ဆန္ဒ မရှိပေ။
ရှစ်ဖုန့်နှင့် အတူသူ့အနေဖြင့် အဟန့်အတားအများကြီးထဲအား ပြေးမဝင်ခဲ့ရသော်လည်း ရတနာများရှိနေသော တောင်တန်းက သူ၏ ရှေ့တွင် ရှိနေသည်။
၎င်း အား တက်သွားရန် အတွက် ခြေလှမ်း အနည်းငယ်သာလိုတော့သည်။.
သူ့အနေဖြင့် ရေခဲတုံးများ အပေါ်တွင်ပင် ပေါ့ပါးစွာ ခုန်ပျံတက်သွား၍ ရနိုင်ပေသည်။
"သွားစို့.."
ရှစ်ဖုန့်က ညင်သာစွာ ခေါင်းခါရမ်းလိုက်သည်။
သူအင်တင်တင်ဖြစ်မိသော်လည်း တောင်ပေါ်သို့တက်ရန်အတွက် မျှော်လင့်ချက်မရှိပေ။ ထို့အပြင် သူ့အနေဖြင့် ထပ်မံပြီး အချိန်ဖြုန်းမနေချင်တော့ပါ။သူလှည့်၍ ပြန်ရန်အတွက် ပြင်ဆင်လိုက်သည်။
သို့သော် ရှစ်ဖုန့်လှည့်လိုက်သော အခါတွင် သူ၏ သ််ိုလှောင် လက်စွပ်က အနည်းငယ် တုန်ခါသွားသည်။
"အမ်..ဘာဖြစ်တာလဲ.."
သူ၏ ညာလက်အားလှန်လိုက်သောအခါ သွေးရောင်ဓားရှည်က လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ရှစ်ဖုန့်၏ လက်ထဲရှိ သွေးရောင်ဓားမှာ အနည်းငယ် တုန်ခါသွားသည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise