← Chapters

အပိုင်း (၄၂)

Vol. 3 Ch. 42

အပိုင်း (၄၂)

Vol. 3 Ch. 42

ရှစ်ဖုန့်ကသူ၏ လက်ထဲရှိ သွေးဓားအား ကြည့်လိုက်ပြီးနောက် ပြန်လှည့်၍ ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်အား ကြည့်လိုက်သည်။

ဤသွေးဓားက ကောင်းကင်ဘုံရေခဲ ဝိညာဉ်တောင်ထွတ်နှင့် ပက်သက်ပြီး တစ်စုံတစ်ခု အာရုံလှုံ့ဆော်မှု ရှိနေပုံရသည်ကို ရှစ်ဖုန့် သဘော ပေါက်မိသည်။

"ဒါပေမဲ့..ဒီသွေးဓားရဲ့လက်နက်ဝိညာဉ်က အရာခပ်သိမ်းရဲ့ မူလဇစ်မြစ် ရဲ့ ဖျက်ဆီးပစ်တာကို ခံခဲ့ရတာမဟုတ်ဖူးလား.."

ရှစ်ဖုန့်က မျက်မှောင်ကြုတ်ကာ သွေးဓားအား စိုက်ကြည့်နေသည်။

ရှစ်ဖုန့်မှာ သွေးဓား၏ လက်နက် ဝိညာဉ်ရှိမရှိကို ဂရုတစိုက် အာရုံခံလိုက်သည်။

"လက်နက်က တစ်ခုခု ဖြစ်ခဲ့တာလား.."

"ဒီအံ့ဖွယ် လက်နက်ကို ဒီလိုပြုမူအောင် ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်ပေါ်က ဘာကများ လုပ်ခဲ့တာလဲ.."

ရှစ်ဖုန့်က ကောင်းကင်ဘုံရေခဲဝိညာဉ်တောင်ထွတ်အား ထပ်မံကြည့်ကာ တိုက်ကြီးတစ်ခုလုံးပေါ်ရှိ နံပါတ်တစ်ရေခဲ တောင်ထွတ်အား ဖြတ်သန်း ကြည့်ရှုချင်မိသကဲ့သို့ အတွေးနက်နေမိသည်။

ကျောက်ဟူမှာ ရှစ်ဖုန့် လျှောက်လှမ်းနေရာမှ ရပ်တန့်လိုက်သည်ကို သတိပြုမိလိုက်သည်။

ရှစ်ဖုန့်အနေဖြင့် ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ်အား ကြည့်ကာ အတွေးနက်နေပုံပေါ်သည်။

ရှစ်ဖုန့်၏ လက်ရှိအခြေအနေကို ကြည့်ကာ ကျောက်ဟူက ဝင်စွတ်ဖတ်ခြင်း မရှိပဲ ဘေးတွင် တိတ်တိတ်လေး ရပ်နေ၏။

ရုတ်တရက် ရှစ်ဖုန့်မှာ သူ၏ ရှေ့ဘက်ဆီမှ သူ့ထံသို့ ထူးဆန်းသော စွမ်းအားတစ်ခုက တစ်ဟုန်ထိုးလာနေသည်ကို ခံစားလိုက်ရသည်။

မကြာခင် အားနည်းလှသော အသံတစ်ခုက ရှစ်ဖုန့်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"မြင့်မြတ်သော ဓားကို ကိုင်ဆောင်တဲ့ သွေးပန်းခက် မိသားစုကဆင်းသက်လာသူ သင်နောက် ဆုံးတော့ ငါ့ကိုလာကယ်ပြီပေါ့.."

"ဟမ်..ဘယ်သူလဲ.."

ရှစ်ဖုန့် ရုတ်တရက်တုန်လှုပ်သွားသည်။

"မြင့်မြတ်သော ဓားဟုတ်လား.."

ရှစ်ဖုန့်က သူ၏ လက်ထဲရှိသွေးဓားအား ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ သခင်လေး ဖုန့်"

ကျောက်ဟူက တုန်လှုပ်စွာ မေးလိုက်သည်။

ရှစ်ဖုန့်က လက်ကို ဝေ့ယမ်းပြီး ကျောက်ဟူအား တိတ်တိတ်နေရန် အယောင်ပြလိုက်သည်။

သူက ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ် အား ဆက်လက်စိုက်ကြည့်၍ မေးလိုက်သည်။

"သွေးပန်းခက်မိသားစုကနေ ဆင်းသက်လာတဲ့သူလား"

ဓား၏ လက်နက် ဝိညာဉ်က သူ့အား ရှေးခေတ် အချိန်ဆီသို့ ခေါ်ဆောင်သွားသော အခိုက်အတန့်အားသူ ပြန်စဉ်းစားမိလိုက်သည်။

သွေးရောင်ရုန်းများဖြင့် လွှမ်းခြုံထားသော ယောက်ျားတစ်ယောက်အား သူတွေ့ခဲ့ရသည်။

ပြီးတော့သူသည် သွေးအရိုးစု၏ ရိုးတွင်းချဉ်ဆီကိုလဲ စုပ်ယူခဲ့သည်။

အားနည်းသော အသံဖြင့် ပြောနေသောသူ ရည်ညွှန်းသော ပုဂ္ဂိုလ်မှာ ရှစ်ဖုန့်၏ လက်ထဲရှိ သွေးဓားနှင့်ဆက်နွယ်နေသော ဓား၏ လက်နက် ဝိညာဥ်မှ သူ့အား ပြသခဲ့သည့် သွေးရောင်နှင့် လူအား ဆိုလိုသည်မှန်း ရှစ်ဖုန့် သေချာပြောရဲသည်။

၎င်းကရှစ်ဖုန့်၏ မျိုးဆက်သွေးကိုလည်း မသန့်စင်ဟု ပြောနေခြင်းမှာ သူစုပ်ယူခဲ့သော သွေးအရိုးစု၏ ရိုးတွင်းချဥ်ဆီအား အမှတ်မှား ပြောနေခြင်းဖြစ်သည်။

"တကယ့်ကိုပဲ ခင်ဗျားကဘယ်သူလဲ.."

"ကျုပ်ရဲ့ မျိုးဆက်သွေးနဲ့ မြင့်မြတ်သော ဓားအကွောငျးကျို ခင်ဗျားဘယ်လိုသိတာလဲ.."

ရှစ်ဖုန့်က သူ၏ သွေးဓားအား လေထဲသို့မြှောက်လိုက်ကာ လေးနက်ပြီး လေးစားမှု အပြည့်အဝရှိသော အမူအယာဖြင့် ပြောလိုက်သည်။

ကျောက်ဟူမှာ ရှစ်ဖုန့် အားစိတ်ရှုပ်ထွေးသော အမူအယာဖြင့် ကြည့်နေပြီး ဖြစ်ပျက်နေသည်များအား နားလည်ခြင်း မရှိပေ။

"သွေးပန်းခက်ကလန်က မြင့်မြတ်သော ဓားကိုပဲသိပြီး အထွတ်အမြတ်မီးတောက်ကို မေ့သွားရလောက်တဲ့အထိ နိမ့်ပါးကျဆင်းသွားပြီလား.."

အားနည်းသော အသံက ထပ်မံ၍ မေးလိုက်သည်။

"အထွတ်အမြတ်မီးတောက်..ဟုတ်လား"

ရှစ်ဖုန့်၏ နှလုံးသားထဲမှပင် တုန်လှုပ်သွားမိသည်။

ရှစ်ဖုန့်အနေဖြင့် အထှတအှမှတမှီးတောာကတှို့ အကြောင်း ကျနသေချာစွာ မသိသော်လည်း ၎င်းတို့မှာ ကောင်းကင်ဘုံနှင့်မြေကြီးကြားတွင် မွေးဖွားလာသော ထူးဆန်းသော မီးတောက်များ ဖြစ်ကြပြီး ကောင်းကင်ဘုံ မီးတောက်ဟုလည်းခေါ်ကြသည်ကိုတော့ သူသိသည်။

ကောင်းကင်ဘုံမီးတောက်များမှာ အသက်နှင့် ကိုယ်ပိုင်အသိစိတ်ရှိကြသော အမျိုးအစားများဖြစ်ကြသည်။

ကြီးမြတ်သောငရဲဘုံကိုးခုဧကရာဇ်အား သတ်ခဲ့ကြသည့် ဧကရာဇ်များ၏ ကြားထဲတွင် ငရဲမီးတောက် ဧကရာဇ် ဝမ်ကူးချိုးမှာ အသင်္ချေငရဲမီးတောက်ဟုခေါ်သော ကောင်းကင်ဘုံမီးတောက်တစ်ခုအား ပိုင်ဆိုင်ထားသည်။

မိုးကြိုးနတ်ဘုရားဧကရာဇ် လိုင်ရှင်းတွင်လည်း ကမ္ဘာဖျက်လျှပ်စီးဟုခေါ်သော ကောင်းကင်ဘုံမီးတောက်တစ်ခုအား ပိုင်ဆိုင်ထားသည်။

၎င်းမှာ မီးတောက်တစ်ခုပုံစံဖြစ်သော်လည်း ယင်း၏ ထူးခြားချက်မှာ လျှပ်စီးဓာတ် အခြေပြု တည်ရှိမှုပင်ဖြစ်သည်။

အတိတ်တုံးက ငရဲဘုံ ကိုးခုဧကရာဇ်သည်လည်း ကောင်းကင်ဘုံမီးတောက်များအား ရှာဖွေခဲ့သည်။ သို့သော်၎င်းလျှို့ဝှက်ဆန်းကြယ်လှသော အမျိုးအစားတို့မှာ ကံတရားပေါ်တွင်သာ မူတည်ပြီး ရရှိရန် အခွင့်အရေး ရှိခြင်းဖြစ်သည်။

သူ၏ မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုများ မပေါ်လာခင် ရှစ်ဖုန့် ခဏမျှချီတုံချီချဖြစ်နေမိသည်။

ထို့နောက် သူက တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။

"အထွတ်အမြတ်မီးတောက်လား.."

"ခင်ဗျားက တကယ်ပဲ ကျုပ်ကလန်ရဲ့ အထွတ်အမြတ်မီးတောက်လား.."

ကျောက်ဟူ၏ မျက်လုံးထဲတွင်တော့ ရှစ်ဖုန့်မှာ ပုံမှန်ဟုတ်ပုံမရပေ။

၎င်းမှာတစ္ဆေသရဲပူးနေသကဲ့သို့ဖြစ်နေသည်မှာ သိသာသည်။

"ငါဒီနေရာမှာ အဲ့သူတောင်းစားရဲ့ ခှှိတပှိတတှာကို ခံထားခဲ့ရတာ နှစ်ပေါင်း မရေတွက်နိုင်တော့ဘူး.."

"အခုတော့ ငါမြင့်မြတ်သောဓားကို မြင်ရပီ.."

"နောက်ဆုံးတော့ ငါနေ့ရက်တွေရဲ့ အလင်းရောင်ကို မြင်တွေ့နိုင်တော့မယ်.."

"ငါသာ မြင့်မြတ်သောဓားနဲ့ ပေါင်းစပ်သွားနိုင်ရင်....."

အားနည်းလှသော အသံမှာသူ၏ လည်ချောင်းဝတွင် စကားလုံးတို့ ရုတ်တရက် တစ်ဆို့သွားသကဲ့သို့ ရပ်တန့်သွားသည်။

ရုတ်တရက် စိတ်ဝိညာဉ်လွင့်မတတ် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"မြင့်မြတ်သောဓား.."

"ဘာလို့ သွေးပန်းခက် မြင့်မြတ်သော ဓားက ဒီီလိုမျိုးဖြစ်သွားရတာတုံး.."

"လက်နက် ဝိညာဉ်က ဘယ်မှာတုံး"

"လက်နက် ဝိညာဉ်က ဘာလို့ ပျောက်နေရတာလဲ.."

"စွမ်းအားကြီး မြင့်မြတ်သောဓားက ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး သတ္ထု အပိုင်းအစသာသာ ဖြစ်သွားရတာလဲ.."

"ဘယ်သူလုပ်ခဲ့တာလဲကွ.."

၎င်းမှာ အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်ကြောင့် ဖြစ်သည်။

သို့သော် ရှစ်ဖုန့်အနေဖြင့် ထို အကြောင်းအရာအား စိုးစဥ်းမျှ ထုတ်ပြောမည် မဟုတ်ပေ။

သွေးပန်းခတ်မျိုးနွယ်နှင့် အရာခပ်သိမ်း၏ မူလဇစ်မြစ်တို့က ရန်လိုမှုကြီးမား ကြသည်မှာ ရှင်းလင်းသည်။

ထိုသို့ မဟုတ်ပါက အရာခက်သိမ်းရဲ့ မူလဇစ်မြစ်အနေဖြင့် ဟိုင်ကလန် မြေအောက်ခန်းတွင် သွေးဓားနှင့် တွေ့ဆုံခဲ့စဥ်က တိုက်ခိုက်ခဲ့မည် မဟုတ်ပေ။

အဆုံးသတ်တွင် လက်နက်စိတ်ဝိညာဉ်မှာ အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်၏ ဖျက်စီးခြင်းအား ခံခဲ့ရသည်။

ဤကောင်းကင်ဘုံ မီးတောက်မှာလည်း ရှေးခတ် အင်းကြီးသူ ၏ ကောင်းကင်ဘုံ ရေခဲဝိညာဥ်တောင်ထွတ်ကို အသုံးပြု၍ ဖိနှိပ်ခြင်းကိုခံခဲ့ရသည်။

ထို့အပြင် ကောင်းကင်ဘုံ မီးတောက်မှာ သွေးဓားနှင့် ဇစ်မြစ်ခြင်း တူကြသည်။

နှစ်ခုစလုံးမှာ သွေးပန်းခက် ကလန်၏ အထွတ်အမြတ် အဖြစ် ရည်ညွှန်းကြသည်။

သွေးဓားမှာ တစ်ချိန်က နတ်ဘုရားလက်နက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤ ကောင်းကင်မီးတောက်မှာလည်း နတ်ဘုရားအဆင့် ဖြစ်နိုင်သည်။

ဤ ကောင်းကင်မီးတောက်ကဲ့သို့ အံ့ဖွယ်အဆင့်ရှိသော အရာတစ်ခုက ဖိနျှိပျနိုငျခဲ့သော သူမှာ မည်မျှ တောင် စွမ်းအားကြီးမားလှပါသနည်း။

သူသာ ဤအံ့ဖွယ် အဆင့် ကောင်းကင်မီးတောက်အား ထိန်းချုပ်နိုင်ပြီး ၎င်း၏ စိတ်ဝိညာဉ်အား ထိန်းချုပ် အမှတ်အသားလုပ်နိုင်ခဲ့လျှင်...

.

"မြင့်မြတ်သော မီးတောက်.. သင်အနေနဲ့ ဒါကိုတော့ သိမှာမဟုတ်ပေမဲ့ သွေးပန်းခက်ကလန်က တစ်ချိန်ကပဲ ခမ်းနားထည်ဝါခဲ့တာ.."

"ကျုပ်ရဲ့ မျိုးဆက်လက်ထက်တော့မှာတော့ သွေးပန်းခက်ကလန်က ပျက်သုဉ်းကျဆင်းသွားခဲ့ရတာ တော်တော်လေးကြာခဲ့ပြီ"

"သို့ပေမဲ့ ကျုပ်ရဲ့ ဘိုးဘေးတွေ သင်ကြားပြသပေးမှုတွေက ကျုပ်ရဲ့နားထဲမှာ အမြဲ ပဲ့တင်ကြားနေရတုံးပဲ.."

"သွေးပန်းခက် ကလန်းကို ပြန်လည် ထူထောင်နိုင်ဖို့က ကျုပ်ဘဝတစ်ခုလုံးနဲ့ရင်းထားတဲ့ တာဝန်တစ်ခုပဲ.."

"ဒါပေမဲ့ ကျုပ်တကယ်ပဲ အဲ့တာကို မလုပ်ဆောင်နိုင်ဘူး.."

"မြင့်မြတ်သော မီးတောက် ကျေးဇူးပြုပီးနောက်တစ်ကြိမ် သက်ဆင်းထွက်ပေါ်လာပြီးတော့ ကျုပ်တို့ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ထွန်းတောင်နိုင်အောင် ဖော်ဆောင်နိုင်မဲ့ လမ်းကြောင်းကို ညွှန်ကြားပြသပေးပါ.."

ရှစ်ဖုန့်က လေးနက်သော အမူအယာဖြင့် လှိုက်လှိုက်လှဲလှဲပြောလိုက်သည်။

သူ၏ ပြောစကားမျှက မသိလျှင် အမှန်တရားများကို ပြောနေသည့် ပုံစံပင်ဖြစ်သည်။

"ဟူး.."

ရှစ်ဖုန့်ဆက်မပြောခင် သူ၏ စိတ်ထဲ၌ သက်ပြင်းချသံတစ်ခုအား ကြားလိုက်ရသည်။

"စဥ်းစားကြည့်ရင် အဲ့အချိန်တုံးက သွေးပန်းခက်ကလန်ဟာ ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ.."

"အခုတော့ ဒီအခြေအနေထိတောင် ဘယ်လိုဖြစ်ပြီး ကျဆင်းသွားခဲ့ရတာလဲ.."

"ထားလိုက်ပါ အဲ့တာတွေ.."

"ငါ့ကို ထွက်လာခွင့်ပြုပီးတော့ သွေးမျိုးဆက်ကလန် သူရဲ့ ဂုဏ်ကျတ်သရေကို ပြန်ယူဆောင်တာကို ကူညီခွင့်ပြုပါ.."

ရှစ်ဖုန့်က ကြားလိုက်ရသော အခါ အလျှင်အမြန် မေးလိုက်သည်။

"ငါအကျဉ်းချ ခံရတုံးက ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်ကို

တစ်ဟုန်ထိုးတိုက်ခိုက်ခဲ့တယ်.."

"ဒါပေမဲ့.. အဲ့သူတောင်းစားက တကယ်ကြီး ကောင်းကင်ဘုံ အပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်ကိုသုံးပြီးတော့ ကောင်းကင်ဘုံရေခဲဝိည်ဉ်တောင်ထွတ်ကို ရွှေ့ခဲ့တယ်"

"သူက ငါ့ကိုဖိနျှိပျဖို့အတှကျ နောက်ထပ် အလွှာ တစ်ခုကိုသုံးခဲ့တယ် ပြီးတော့ ကောင်းကင်ဘုံရေခဲ ဝိညာဉ်တောင်ထွတ်ကို အစီအရင်အတွက် အဆုံးမရှိတဲ့ စွမ်းအင်စီးကြောင်းကို ထောက်ပံ့ပေးနိုင်ဖို့ အတွက် သုံးခဲ့တယ်.."

"ဒါပေမဲ့ နှစ်တွေအများကြီး ကြာပီးတဲ့နောက်မှာတော့ အစီအရင်ကို ချိုးဖျက်ဖို့အတွက် အက်ကွဲကြောင်းတစ်ခုကို ငါလုပ်နိုင်ခဲ့တယ်.."

"အစက ဓားကိုပြန်တွေ့ရတဲ့အခါ ငါ့ရဲ့ ခွန်အားနဲ့ ဓားရဲ့ စွမ်းအားကို အသုံးပြုပီးတော့ အစီအရင်ကို ဖျက်ဆီးပစ်နိုင်မယ်လို့ လို့ ထင်ခဲ့တာ..ဒါပေမဲ့..အခုတော့..စိတ်မကောင်းစရာပဲ.."

အားနည်းသော အသံမှာ ရုတ်တရက်ရပ်တန့်သွားသည်။

ထို့နောက် ရှစ်ဖုန့်အား မေးလိုက်သည်။

"သွေးပန်းခက် ကလန်က လူငယ်လေး မင်း သေရမှာကိုကြောက်လား.."

"သွေးပန်းခက် ကလန်ရဲ့ အရင်ဂုဏ်ကျတ်သရောကို ပြန်ရအောင်လုပ်နိုင်ဖို့ဆိုရင်..ကျုပ်ချက်ခြင်း သေရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး.."

ရှစ်ဖုန့်က သူသည် သွေးပန်းခက်ကလန်မှ ဆင်းသက်လာသော သူတစ်ယောက်ကဲ့သို့ ပြတ်သားစွာပြောလိုက်သည်။

"ကောင်းတယ်..ကောင်းတယ်..ကောင်းတယ်.."

အသံရှင်က ကောင်းတယ်ဟူသော စကားလုံးအား သုံးကြိမ်ထပ်ကာတလဲလဲ ပြောလိုက်သည်။

ထို့နောက်ဆက်ပြောသည်။

"မျှော်လင့်ထားသလိုပဲ သွေးပန်းခက်ကလန်ရဲ့ တော်ဝင်သွေးက မင်းရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတယ်.."

"နောက်ဖြစ်လာနိုင်မဲ့ အန္တရာယ်က ဘာလဲဆိုတော့.."

"မင်းသာ ဂရုမစိုက်ရင် မင်းချက်ခြင်း ကြာအဖြစ် ပြောင်းသွားလိမ့်မယ်.."

"ဒါပေမဲ့ မစိုးရိမ်ပါနဲ့..ငါသာ အသွင်အပြင်တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ရင် နောက်ပိုင်းမင်းရဲ့လူတွေကိုရှာပြီးတော့ မင်းရဲ့ သွေးပန်းခက်ကလန်ကို အရင်ဂုဏ်ကျတ်သရေတွေ ထွန်းတောက်အောင်လုပ်ပေးပါ့မယ်.."

"ကောင်းပြီ မြင့်မြတ်သောမီးတောက်..ကျုပ်နောက်ထပ်ဘာလုပ်ရမယ်ဆိုတာကို ကျေးဇူးပြုပီးပြောပြပေးပါ.."

ရှစ်ဖုန့်၏ ပုံစံမှာ သေဖို့ဆုံးဖြတ်ထားသော သူပုစံဖြစ်သည်။သူ၏ စ်ိတ်ထဲတွင်တော့ နောက်လှုပ်ရှားမှုအတွက် အစီအစဥ်ချနေသည်။

"သခင်လေးဖုန့်.."

ကျောက်ဟူမှာ စိတ်ထိန်းထားနိုင်ခြင်း မရှိတော့ပဲ ရှစ်ဖုန့်အား ညင်သာစွာ ခေါ်လိုက်သည်။

ဆက်ရန်..

ဘာသာပြန်သူ-Arise

All Chapters