← Chapters

အပိုင်း (၄၃)

Vol. 3 Ch. 43

အပိုင်း (၄၃)

Vol. 3 Ch. 43

ရှစ်ဖုန့်က ကျောက်ဟူအား တိတ်တိတ်နေရန် အရိပ်ပြလိုက်သည်။

ထို့နောက် သူ၏ ခေါင်းထဲမှ ပြောသံအား ထပ်မံကြားလိုက်ရသည်။

"ညာဘက်ကို သုံးလှမ်းစာ ရွှေ့"

"အဲ့တာက အစီအရင်ရဲ့ ကျိုးပျက်နေတဲ့ အဟနေရာပဲ.."

"နောက်ကျရင် ကောင်းကင်ဘုံရေခဲ ဝိညာဉ်တောင်ထွတ်က်ို ဖိနှိပ်ဖို့ကို

ဒီအစီအရင်ကို ငါ့ရဲ့ မီးတောက်အဆီအနှစ်နဲ့ လောင်ကျွမ်းစေလိမ့်မယ်.."

" မင်းက အခွင့်အရေးကို အသုံးချပြီးတော့ အစီ အရင်ထဲက်ို ဝင်ဖို့လုပ်"

"ပီးရင်ငါ​က လွတ်မြောက်ဖို့အတွက် မင်းရဲ့ကိုယ်ကို အသုံးပြုမယ်.."

"သင့်ဆန္ဒ အတိုင်းပါပဲ..မြင့်မြတ်သော မီးတောက်.."

ရှစ်ဖုန့်က ကျောက်ဟူအား လှည့်၍ ပြောလိုက်သည်။

"ငါ့ကို ဒီမှာ စောင့်နေပါ."

ထို့နောက် ရှစ်ဖုန့်က မြင့်မြတ်သော မီးတောက်၏ ညွှန်ကြားချက် အတိုင်း ညာဘက်သို့ ခြေသုံးလှမ်းစာ ယူလိုက်သည်။

ထို့နောက်ပေါက်ကွဲသံတစ်ခုအား သူ၏ ခေါင်းထဲတွင် ကြားလိုက်ရသည်။

"အခု အစီအရင်ထဲကို ဝင်တော့.."

အသံရှင်စကားပြောမပြီးခင် ရှစ်ဖုန့်က အစီအရင်ထဲ ခြေလှမ်းလှမ်းလိုက်သည်။

"သခင်လေးဖုန့်.."

ဘေးဘက်မှ ကျောက်ဟူ၏ စိုးရိမ်သော အသံက ထွက်ပေါ်လာသည်။

ရှစ်ဖုန့်က ထိုအခြင်းအရာ များအား ဆက်လက်၍ ဂရုစ်ိုက်နေခြင်း မရှိတော့ပေ။

သူအစီအရင်အတွင်းသို့ ဝင်ပြီးပြီးချင်း လွန်စွာအေးစက်လှသော အေးစိမ့်မှုတို့က သူ၏ ထံသို့ ဘက်ပေါင်းစုံမှ တစ်ဟုန်ထိုးဝင်ရောက်လာသည်။

၎င်းမှာ ချွန်ထက်လှသော ရေခဲဓား ထောင်ပေါင်းများစွာက သူ၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြစ်အောင်လှီးဖြတ်ရန် အလိုရှိစွာဖြင့် ခန္ဓာကိုယ်အားအကြင်နာမဲ့စွာ ထိုးသွင်းနေသကဲ့သို့ ရှစ်ဖုန့် ခံစားရသည်။

"အား..အား.."

အလွန်ပြင်းထန်လှသော နာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးမှတစ်ဆင့် နှလုံးသား အရိုးတို့ထိတိုင်အောင် ဖြတ်သန်းစိမ့်ဝင်သွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏စိတ်ဓာတ်မှာ မည်မျှခိုင်မာလှသည်ဖြစ်ပါစေ မထိန်းချုပ်နိုင်ဘဲ နာကျင်စွာအော်ဟစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ နာကျင်မှုတို့ကြောင့် တဆက်ဆက်တုန်ယင်နေ၏။

ယခုအကြိမ်ခံစားရသော နာကျင်မှုမှာ မနေ့ညက မြေဆွဲအား ငါးဆယ့်ငါးဆ အခန်းတွင် ခံစားခဲ့ရသော နာကျင်မှုထက် အဆပေါင်း မရေတွက်နိုင်အောင် ပြင်းထန်လှပေသည်။

သေသည်ထက်ပင်ဆိုးရွားလှ​သော နှိပ်စက်ညှင်းပင်းမှုမျိုးနှင့်ပင် နှိုင်းယှဥ်၍ ရနိုင်သည်။

သို့သော် သူ့အနေဖြင့် ဤနာကျင်မှုအား သည်းခံထားရမည်ကို ရှစ်ဖုန့်နားလည်သည်။

ရှစ်ဖုန့်မှာ အံကိုကြိတ်ကာလက်သီးကိုဆုပ်ရင်း သူ၏ ခန္ဓာကိုယ် လဲကျမသွားစေရန် အရူးအမူး ကြိုးစားနေသည်။

သူသာ လဲကျသွားပါက ဤနေရာတွင် ထာဝရကျန်ရစ်ခဲ့ရမည်ဖြစ်သည်။

ဤသည်မှာ မြင့်မြတ်သော ကောင်းကင်မီးတောက်က ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာအစီအရင် ဖိနှ်ိပ်မှုအား အသက်ဝင်ခြင်းမှ တားဆီးရန် ၎င်း၏ အဆီအနှစ်အား လောင်ကျွမ်းစေမှုကြောင့် ထွက်ပေါ်လာသော ရလဒ်ပင်ဖြစ်သည်။

ထိုသို့မဟုတ်ပါက ရှစ်ဖုန့်အနေဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားရသည်မှာ ကြာမြင့်လှပီဖြစ်သည်။

မီးတောက်တစ်ခုမှ ၎င်း၏ အဆီအနှစ်အား လောင်ကျွမ်းစေခြင်းမှာ သိုင်းပညာရှင်တစ်ယောက်မှ သူ၏ ဒန်တန် အသက် အဆီအနှစ်အား

လောင်ကျွမ်းစေခြင်းနှင့် အတူတူပင်ဖြစ်သည်။

၎င်းမှာ လူတစ်ယောက်၏ မိမိကိုယ်ပိုင် ကျင့်ကြံမှုအား ကိုယ်တိုင်ဖျက်ဆီးပစ်ပြီး ခွန်အားအား မြှင့်တန်ရန် ပေါက်ကွဲစေသော နည်းလမ်းတစ်ခုပင်ဖြစ်သည်။

လုံးဝမဖြစ်နိုင်သော အခြေအနေတစ်ခုတွင်သာ မဟုတ်ပါက အထက်ပါနည်းလမ်းအား ဘယ်သောအခါမှ အသုံးပြုကြမည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး နေရာတစ်လုံး အပြင်းအထန်တုန်ခါသွားသည်။

"ဝုန်း..ဝုန်း...ဝုန်း."

သွေးနီရောင်အလင်းတစ်ခုက ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ်ဆီမှ ပစ်လွှတ်လိုက်သလို ထွက်ပေါ်လာသည်။

အေးစက်ပြီး ဖျော့တော့လှသော ရောင်ဝါနှင့်အတူ ၎င်းမှာ မျက်စိတစ်မှတ်အတွင် ရှစ်ဖုန့်၏ အပေါ်သို့ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

ထို့နောက် ရှစ်ဖုန့်၏ စိတ်ထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

​"ပြန်ဆုတ်တော့.."

ထို့နောက်ချက်ခြင်း သွေးနီရောင် မီးတောက်တို့က ရှစ်ဖုန့်၏ တစ်ကိုယ်လုံးအားလောင်ကျွမ်းသွားသည်။

ရှစ်ဖုန့်မှာလည်း အေးစက်ပြီး အကန့်သတ်မဲ့သော စွမ်းအင်ပေါက်ကွဲမှုတစ်ခုလုံးအား တစ်ကိုယ်လုံးတွင်ခံစားလိုက်ရသည်။

သူ၏ ညာခြေထောက်အား ရေခဲပြင်ပေါ်သို့ဆောင့်နင်းလိုက်ကာ သူခန္ဓာကိုယ်အား နောက်သို့ ခုန်ဆုတ်လို​က်သည်။

"ဘန်း.."

ရှစ်ဖုန့် ​ခြေထောက်က ရေခဲပြင်ပေါ်သို့ ပြင်းထန်စွာသက်ဆင်းလိုက်ပြီး ကောင်းကင်ဘုံ အပြစ်ပေးရေခဲ မိစ္ဆာ အစီအရင်အတွင်းမှ အောင်မြင်စွာလွတ်မြောက်ရန် ပြုလုပ်နိုင်ခဲ့သည်။

နောက်ဆုံးတွင် သူ့အနေဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ပြီ ဖြစ်၏။

"ဟားဟားဟား..."

"ဒါ...ဒါက. နှစ်ပေါင်းဘယ်လောက်ထိကြာသွားခဲ့ပြီလဲ.."

"အဲ့သူတောင်းစားရဲ့ ထိန်းချုပ်ထားမှုကို နှစ်ပေါင်းမရေ​တွက်နိုင်အောင် ခံစားခဲ့ရတာ.."

"နောက်ဆုံးတော့..ဒီနေ့မှာ..ငါလွတ်မြောက်ခဲ့ပြီ.."

"ဟားဟားဟား..ဟားဟားဟား.."

"ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းရဲ့ သွေးအဆီအနှစ်ကို စုပ်ယူပစ်မယ်ကွ"

"ငါ့နှလုံးသားက တင်းတိမ်ရောင့်ရဲတဲ့အထိ သွေးတွေကို သောက်သုံးပစ်မယ်"

"ဟားဟားဟား.."

ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိ မြင့်မြတ်သော မီးတောက်မှာ ဟက်ဟက်ပက်ပက် ကျယ်လောင်စွာရယ်မောနေပြီး သူ၏ အသံမှာ ရုတ်တရက်ပြောင်းလဲသွားပါ ဒေါသတကြီး အထိန်တလန့် အော်ဟစ်လိုက်သည်။

"မင်း...မင်းဘာလုပ်တာလဲ.."

ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်မှာ တွန့်ကွေးသွားပြီး သူ၏ အကြံအစည်အောင်မြင်သကဲ့သို့ စဉ်းလဲစွာ ပြုံးလိိုက်သည်။

"ခင်ဗျားက ခင်ဗျားရဲ့ မီးတောက်အဆီအနှစ်ကို လောက်ကျွမ်းခဲ့ပြီး အခုချိန်က ခင်ဗျားအတွက် အားအနည်းဆုံးအချိန်ပဲ.."

"ခင်ဗျား တကယ်ကြီး ကျုပ်ကို ဆန့်ကျင်ဖို့အတွက် ဇတ်ကွက်တွေဆင်နေပြီး ကျုပ်ခန္ဓာကိုယ်ကိုယ်ပိုင်ဆိုင်ဖို့ အတွက်ကို ကြံစည်နေတုံးပဲလေ.."

"အဲ့လိုဆိုမှတော့လည်...ကျုပ်ကိုလာပြီး အပြစ်တင်နေလို့ ဘယ်ရမလဲ.."

ရှစ်ဖုန့်က ထိုသို့ပြောလိုက်သော်လည်း တကယ်တမ်းတွင် မြင့်မြတ်သော မီးတောက်၏ အသံကို စကြားရကတည်းက သူထိုသို့ ကြံစည်နေခဲ့ခြင်းဖြစ်သည်။

မြင့်မြတ်သောမီးတောက်က ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်အား ထိန်းချုပ်ရန်အတွက် ၎င်း၏ အဆီအနှစ်အား လောင်ကျွမ်းစေမည်ဟုပြောကတည်းက ရှစ်ဖုန့်၏ စိတ်ထဲတွင် ဒိန်တလိန်းနတ် ကခုန်နေသကဲ့သို့ ဖြစ်နေပီဖြစ်သည်။

ဒဏ္ဍာရီလာ ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်ကို တိုက်ခိုက်ခဲ့ခြင်းအား ထည့်တွက်ရန် မဆိုထားဘိ ၎င်း၏ အဆီအနှစ် မီးတောက်အား လောင်ကျွမ်းစေချင်းကပင် ယင်း၏ စွမ်းအားအား ကြီးမားစွာ ဆုံးရှုံးမှုဖြစ်ပေါ်စေသည်။

ရှစ်ဖုန့် အစီအရင်အတွင်းသို့ ဝင်ရောက်သွားသည့် အချိန်တွင် မြင့်မြတ်သော မီးတောက်က ကောင်းကင်ဘုံး အပြစ်ပေး ရေခဲမိစ္ဆာအစီ အရင်ကို အမှန်တယ် ဖိနှ်ိပ်ခြင်း ရှိရှိအား အာရုံခံနေခဲ့သည်။

၎င်းကအမှန်တကယ် ဖိနှ်ိပ်လိုက်ချိန်တွင် ရှစ်ဖုန့်အနေဖြင့် မြင့်မြတ်သော မီးတောာက်မှာ ငါးစာကိုဟက်လိုက်ပြီဖြစ်ကြောင်းသိလိုက်သည်။

မြင့်မြတ်သော မီးတောက်မှာ နတ်ဘုရားအဆင့် ထိပြောင်းလဲနိုင်သော မီးတောက်ဖြစ်မြီး စွန့်စားရယူရန်အတွက် ထိုက်တန်ပေသည်။

ထို့အပြင် ရှစ်ဖုန့်ကိုယ်ကတည်း အန္တရာယ်များက်ိုရင်ဆိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတော်လေးရှိနေခဲ့သောကြောင့်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်မှာ သူ၏ ကိုယ်အတွင်းတွင် စိတ်ဝိညာဉ်တံဆိပ်အား ဖွဲ့စည်းထားပြီးဖြစ်ကာမြင့်မြတ်သော မီးတောက်အား ဆီးလ်တံဆိပ်ကိုခတ်ခဲ့သည်။

အတိတ်တုံးက ကြီးမြတ်သော ငရဲဘုံကိုးခုဧကရာဇ်သည် ဝိညာဉ်၊ ပြင်ပြခန္ဓာနှင့် သိုင်းပညာ အားလုံးအား ကျင့်ကြံခဲ့သည်။

၎င်းတို့ထဲတွင် သူ၏ အထူးချွန်ဆုံးသောအရာမှာ စိတ်ဝိညဉ်ခွန်အားပင်ဖြစ်သည်။

အတွေးတစ်ချက်ဖြင့်ပင် အသက်ဘီလီယံပေါင်းများစွာ၏ သေခြင်း ရှင်ခြင်းကို ထိန်းချုပ်နိုင်သည်။

ထျန်းဟန်တိုက်ကြီးပေါ်တွင် သန့်စင်မှုပညာရပ်အသုံးပြုသူများ၌ အဓိကအာရုံစိုက်ကြသော အရာမှာ ဝိညာဉ်ကျင့်ကြံမှုပင်ဖြစ်သည်။

ငရဲဘုံကိုးခုဧကရာဇ်မှာ သန့်စင်ခြင်းအပေါ်တွင် စိတ်နှစ်ကိုယ်နှစ်လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း သူ့တွင် ငရဲဘုံကိုးခု ဝိညာဉ်ကျင့်ကြံခြင်းပညာရပ်အား အထူးပြုလေ့ကျင့်သော ရှောင်းထျန်းယီဟုခေါ်သော တပည့်တစ်ယောက်ရှိခဲ့သည်။

သန့်စင်မှုပညာရပ်တွင် သူ၏ ကိုယ်ပိုင်ပါရမီများနှင့် ပေါင်းစပ်ကာ

သူတော်စင်အဆင့် သန့်စင်သူတစ်ယောက်အဖြစ် ရောက်ရှိသွားပြီး

ထျန်းဟန်တိုက်ကြီးပေါ်ရှိ သန့်စင်ပညာရှင်များကြားထဲတွင် အထွတ်အထိပ်အဖြစ် ရပ်တည်ခဲ့သည်။

ရှစ်ဖုန့်မှာ သူ၏ အတိတ်ဘဝမှတ်ဉာဏ်များဖြင့်အတူ ပြန်လည်ဝင်စားခဲ့သည်။

သူ၏ စိတ်ဝိညာဥ် ခွန်အားအား မကျင့်ကြံသေးခြင်းမှာ ၎င်းသည် အခက်ခဲဆုံးသော ကျင့်ကြံမှုတစ်ခုဖြစ်သောကြောင့်ဖြစ်ပြီး သူ၏ တိုးတက်မှုမှာလည်း နှေးကွေးသောကြောင့်ဖြစ်​သည်။

၎င်းမှာ ရန်သူများဖြင့် အစောပိုင်းရင်ဆိုင်မှုတွင် အရမ်းအသုံးမဝင်ပေ။ပြီးတော့ လက်ရှိသူရင်ဆိုင်နေရသော ရန်သူများအရ သူ၏ သိုင်းပညာနှင့် ကာယခန္ဓာကိုယ် အပေါ်တွင် ကျင့်ကြံခြင်းက ပ်ို၍ အသုံးဝင်သည်။

သို့သော် သက်ရှိအားလုံးမှာ မွေးဖွားလာရကတည်းက စိတ်ဝိညာဉ်စွမ်းအားဖြင့် မွေးဖွား​လာကြခြင်းဖြစ်သည်။

ရှစ်ဖုန့်၏ လက်ရှိ ဝိညာဉ်စွမ်းအားမှာ အရမ်းအားနည်းလှသော်လည်း

သူ၏ စိတ်ဝိညာဉ်ခွန်အား အပေါ်တွင် နားလည်နိုင်မှုများအရ စောစောကမှ ကောင်းကင်ဘုံအပြစ်ပေးရေခဲမိစ္ဆာအစီအရင်အား ရင်ဆိုင်ရန်အတွက် မိမိအဆီအနှစ်ကို ကိုယ်တိုင်လောင်ကျွမ်းစေထားသော မြင့်မြတ်သော မီးတောက်အား ရင်ဆိုင်ရန် လက်ရှိအားနည်းလှသော သူ၏ဝိညာဉ် စွမ်းအားဖြင့်ပင် စိတ်ဝိညဉ်အမှတ်အသားတစ်ခု ဖွဲ့စည်းရန်လုံလောက်သည်။

ရှစ်ဖုန့်၏ ကိုယ်ထဲတွင် လက်သီးဆုပ်အရွယ် အနီရောင်မီးတောက်ကစိတ်ဝိညာဉ်အမှတ်အသားက သူ၏ အပေါ်သို့ကျဆင်းလာသည်အား မြင်လိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်နေသည်။

"မဟုတ်ဖူး...မင်းဒီလိုလုပ်လို့မရဘူး.."

"ငါက မင်းရဲ့ သွေးပန်းခက်ကလန်က အထွတ်အမြတ် မီးတောက်ကွ"

"မင်းရဲ့ဘိုးဘေးတွေတောင်မှ ငါ့အပေါ်ကို ဒီလိုမျိုး မရိုင်းစိုင်းရဲဘူး.."

"ဟမ့်"

ရှစ်ဖုန့်က မြင့်မြတ်သောမီးတောက်အား အေးစက်စော နှာမှုတ်သံတစ်ချက်ကို သာတုန့်ပြန်လိုက်ပြီး စိတ်ဝိညာဉ်အမှတ်အသားကိ ဆက်လက် ဖိနှိပ်စေလိုက်သည်။

"မဟုတ်ဖူး ...ငါသာမင်းကို ပိုင်ဆိုင်ခဲ့ရင် မင်းရဲ့ သွေးပန်းခက်ကလန် အနာဂတ်ကိုကောင်းစေမှာကွ"

"မင်းရဲ့ခွန်အားနဲ့ မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ဆိုရင် သွေးပန်းခက်ကလန်ကို ပြန်ထူထောင်ပြီး အတိတ်ကဂုဏ်ကျက်သရေတွေကို ပြန်ယူဆောင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး.."

"ငါသာ မင်းကိုယ်ကို ရယူလိုက်ရင် အနာဂတ်မှာ သွေးပန်းခက်ကလန်မျိုးဆက်တွေကို အမြင့်ကိုခေါ်ဆောင်သွားနိုင်မှာ.."

"သွေးပန်းခက်ကလန်က ဆင်းသက်လာသူနဲ့ဆိုရင် ကလန်ကဆက်ပြီး နိမ့်ဆင်းသွားနေအုံးမှာပဲ.."

"ငါ့ရဲ့ စွမ်းအားနဲ့ဆိုရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကြ ငါဟာ မသေမျိုးအဆင့်ကိုရောက်ပြီး သွေးပန်းခက်ကလန်ရဲ့ အရင် ဂုဏ်​ရောင်ကို ထွန်းတောက်စေလိမ့်မယ်.."

"ငါအဲ့တာက်ို သွေးပန်းခက်ကလန်ရဲ့ အနာဂတ်အတွက် လုပ်ခဲ့တာ.."

"တော်လောက်ပြီ.."

ရှစ်ဖုန့်က စိတ်မရှည်စွာ အော်ငေါက်လိုက်သည်။

"တတွတ်တွတ်ပြောနေတာရပ်စမ်း...သောက်ပေါက်ပိတ်ထား"

"ကျုပ်ကလူသား"

ရှစ်ဖုန့်စကားပြောပီးသောအခါ စိတ်ဝိညာဉ်အမှတ်အသားက သွေးရောင်မီးတော​က်အား ပြင်းထန်စွာ ​ဆောင့်ချလိုက်သည်။

"အား..မလုပ်နဲ့"

မြင့်မြတ်သော မီးတောက်မှာ အလိုမရှိစွာဖြင့် အော်ဟစ်လိုက်သည်။

၎င်းမှာ ယင်း၏ ဝိညာဉ်ထဲမှာ နက်ရှိုင်းစွာအော်ဟစ်သော အသံဖြစ်သည်။

ရှစ်ဖုန့်၏ ဝိညာဉ်အမှတ်အသား ခတ်နှိပ်မှုအား ခံခဲ့ရလျှင် သူ့အနေဖြင့် ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်သို့ထာဝရ ကျရောက်သွား မည်ဖြစ်သည်။

သူကဲ့သို့ တစ်ချိန်တစ်ခါက နှိုင်းယှဥ်၍ မရနိုင်အောင် စွမ်းအားကြီးမားသော သူက ဤအရာအား မည်ကဲ့သို့ လက်သင့်ခံနိုင်ပါမည်နည်း။

"ဟားဟားဟားဟား"

ရှစ်ဖုန့် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

ဤသွေးရောင် ကောင်းကင်မီးတောက်မှာ ယခုအချိန်မှစ၍ သူနှင့် သက်ဆိုင်သွားပြီဖြစ်သည်။

ဤ မီးတောက်မှာ တစ်ချိန်က မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော မီးတောက်ဖြစ်သည်။

၎င်းမှာ ဤ ကမ္ဘာတွင် နှစ်ပေါင်းမည်မျှ ကြာအောင်နေထိုင်ခဲ့မှန်း မည်သူမျှမသိကြချေ။

ထို့ကြောင့်၎င်း အနေဖြင့် ရှေးဟောင်းခေတ်၏ လျှို့ချက်များအား သေချာပေါက် သိရှိလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့် မျှော်လင့်ထားအမိဆုံးမှာ သူ၏ယခင်ဘဝတွင် တစ်ဘဝလုံးလိုက်စားခဲ့သော နတ်ဘုရားတစ်ပါး ဖြစ်လာခြင်း လျှို့ဝှက်ချက်ပင်ဖြစ်သည်။

ဆက်ရန်..

ဘာသာပြန်သူ-Arise

All Chapters