အပိုင်း (၄၅)
Vol. 3 Ch. 45
အစောပိုင်း ခဏတာ အချိန်တည်းက ရှစ်ဖုန့်မှာ မြင့်မြတ်သော မီးတောက်၏ အခြေပြုဓာတ်ကို အာရုံခံကြည့်ခဲ့ပြီးဖြစ်သည်။
၎င်းမှာ သူကျင့်ကြံသော ငရဲဘုံကိုးခု ပညာရပ်၏ အခြေပြုဓာတ်နှင့် အတူတူပင်ဖြစ်နေခဲ့သည်။
ထိုအချက်ကလည်း ရှစ်ဖုန့်အား သူ၏ ယခင်ဘဝမှ အကြံအစည်ကို
ပြန်လည် ထွက်ပေါ်လာစေရန် ဖြစ်လာစေခဲ့သသော အကြောင်းပြချက်တစ်ခုဖြစ်သည်။
သူက ကောင်းကင်ဘုံမီးတောက်နှင့် သူ၏ ဒန်တန်ကို ပေါင်းစပ်ကာ ကောင်းကင်ဘုံမီးတောက်အား သူ၏ သိုင်းပညာစွမ်းအင်၏ အရင်းအမြစ်အဖြစ် အသုံးပြုရန် အတွက် ဆန္ဒရှိသည်။
တကယ်တော့ထိုအရာမှာ ယခင်အချိတ်တုံးက ငရဲဘုံကိုးခုဧကရာဇ်၏
မှန်းဆချက် စိတ်ကူးတစ်ခုသာဖြစ်ပြီး ထိုအချိန်တုံးက လက်တွေ့လိုက်ပါလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။
သိုင်းပညာရှင်များအနေဖြင့် သူတို့၏ ဒန်တန်တစ်ကြိမ် ပျက်စီးသွားခဲ့လျှင် သူတို့၏ သိုင်းပညာကျင့်ကြံမှုမှာ အကြီးအကျယ်ထိခိုက်ပျက်စီးသွားရမည်ဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း ဒုက္ခိတတစ်ယောက် ဖြစ်သွားမည်ဖြစ်သည်။
သူတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံး ကျင့်ကြံမှုကို ဘယ်သောအခါမှ ပြုလုပ်နိုင်တော့မည်မဟုတ်သည့်အပြင် သိုင်းပညာရပ်များနှင့်ပက်သက်၍လည်း ဘာတစ်ခုမျှ လုပ်ဆောင်နိုင်မည်မဟုတ်တော့ပေ။
အဆိုးမှာ သူတို့၏ ဒန်တန် ပေါက်ကွဲသွားလျှင် သူတို့လည်း သေဆုံးရလိမ်မည်ဖြစ်ခြင်းပင်။
ယခုအချိန်တွင် ရှစ်ဖုန့်၏ ဒန်တန်မှာ ပျက်ဆီးသွားခဲ့ရသော်လည်းအဆင့်မြင့်အေးအမယ်များဖြင့် ပြန်လည်ကုသနိုင်ရန်အတွက် မျှော်လင့်ချက် ရှိနေသေးသည်။
သူ၏ဒန်တန်သာ လုံးဝပျက်ဆီးသွားခဲ့လျှင်တော့ နတ်ဘုရားအဆင့် ဆေးအမည်များ အသုံးပြုခဲ့လျှင်တောင် အသုံးဝင်လိမ့်မည် မဟုတ်ပေ။
မြင့်မြတ်သော မီးတောက်မှာ ရှစ်ဖုန့်၏ တစ်ဝက်ပျက်စီးနေသော ဒန်တန်ထဲသို့ သက်ဆင်းသွားသည်။
ထို့နောက်ချက်ခြင်း နတ်ဆိုးဆန်သော မီးတောက်တို့က သူ၏ ဒန်တန်အား လွှမ်းခြုံသွားသည်။
၎င်းမှာ သူ၏ ဒန်တန်အား နတ်ဆိုးဆန်သော သွေးရောင်မီးတောက်ဖြင့် ဖြည်းညှင်းစွာ ကင်နေသကဲ့သို့ ဖြစ်သည်။
"အား.."
ရှစ်ဖုန့်မှာ သူ၏ ဒန်တန်အား အကင်ခံရသကဲ့သို့ မတက်နိုင်ပဲ နာကျင်စွာ အော်ဟစ်လိုက်သည်။
သူ၏ မျက်နှာမှာ လူသေတစ်ယောက်နီးပါး ဖြူဖျော့သွားပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း တဆန့်ငင်ငင် လှုပ်လာသည်။
"သူတောင်းစားလေး..မင်းရူးသွားပြီလား..."
"မင်းက မင်းရဲ့ဒန်တန်ကို လောင်ကျွမ်းစေဖို့ ငါ့ရဲ့ စွမ်းအားကို တကယ်ကြီး သုံးနေတာပဲ.."
မြင့်မြတ်သော မီးတောက်က အလန့်တကြား အော်လိုက်သည်။
သူ၏ အမြင်တွင် ရှစ်ဖုန့်၏ ဒန်တန်သာ ဤကဲ့သို့ ဆက်လက် ၍ လောင်ကျွမ်းနေပါက မကြာခင်သို့မဟုတ်နောက်ပိုင်းတွင် ပျက်စီးသွားလိမ့်မည်ဖြစ်သည်။
သကောင့်သားမှာ အမှန်တကယ်ကို သေချင်နေခြင်းဖြစ်သည်။
"ဟီးဟီး..."
ရှစ်ဖုန့်က တုန်ယင်နေသော အသံဖြင့် ရယ်မောလိုက်သည်။
"ခင်ဗျားကျုပ်ကို စိုးရိမ်နေဖို့ မလိုပါဘူး.."
"မင်း..."
ရှစ်ဖုန့်မှာ လေးနက်သေ အမူအယာ ပြောင်းသွားပြီး ပြောလိုက်သည်။
"ကျုပ်ရဲ့ ခွန်အားက အရမ်းအားနည်းနေသေးတယ်.."
"ဒါကိုဆက်ပြီးတော့ တိုးပွားလာအောင်လုပ်ဖို့လိုတယ်.."
ရှစ်ဖုန့်မှာ အတွေးတစ်ချက်ဖြင့် သူ၏ ဒန်တန်အား လောင်ကျွမ်းနေသည့် သွေးရောင်မီးတောက်ကို ပို၍ အရှိန်မြှင့်လာအောင် လုပ်လိုက်သည်။
နာကျင်မှု က ရှစ်ဖုန့်၏ ကိုယ်အား တသိမ့်သိမ့်တုန်စေပြီး သူ၏ အံကိုခပ်တင်းတင်းကြိတ်ထားမိသည်။
သူ၏ မျက်နှာမှာရှုံ့မဲ့နေကာ ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့်ပင် ပုံစံတူနေသည်။
ထိုအချိန်တွင် သွေးရောင်မီးတောက်အောက်၌ လောင်ကျွမ်းနေသောသူ၏ ဒန်တန်တစ်ဝက်က ရုတ်တရက် အပြင်းအထန်လှုပ်ရှားလာသည်။
အေးစက်သော အဖြူရောင်စွမ်းအင်တို့က သူ၏ ဒန်တန်မှ ယိုစိမ့်ထွက်လာကာ သွေးနီရောင်မီးတောက်ထံ ပျံ့နှံ့ဝင်ရောက်သွားသည်။
ထိုအရာမှာ ရှစ်ဖုန့်ကျင့်ကြံခဲ့သော ငရဲဘုံကိုးခု စွမ်းအင်ဖြစ်သည်။
အချိန်များဖြည်းညှင်းစွာ ကုန်လွန်သွားပြီးနောက် ရှစ်ဖုန့်၏ မျက်နှာမှာ
သေလုနီးပါး ဖျော့တော့နေသည်။
တစ်ကိုယ်လုံး ချွေးအေးများထွက်နေပြီး ယခင်ကထက် ပိုမိုပြင်းထန်စွာ တုန်ခါနေသည်။
၎င်းမှာ စိတ္တဇသမားတစ်ယောက်နှင့်ပင်တူသည်။
သူ၏ ခန္ဓာကိုယ်အတွင်းတွင်တော့ ဒန်တန်ထဲရှိ မီးတောက်မှာ ပို၍သေးလာသည်။
သိပ်သည်းလှသော ငရဲဘုံကိုးခု အဖြူရောင်စွမ်းအင်က မီးတောက်အတွင်း ပိုမို၍ စီးဝင်နေသည်။
သူ၏ ဒန်တန်က မီးတောက်အတွင်း လုံးဝ ပျောက်ကွယ်သွားချိန်တွင်
ရှစ်ဖုန့်က သူ၏ ခေါင်းကို မော့၍ အော်လိုက်သည်။
"ပေါင်းစပ်မယ်.."
ရုတ်တရက် ရှစ်ဖုန့်၏ ဝမ်းဗိုက်အတွင်းရှိ သွေးနီရောင်မီးတောက်မှာသေးငယ်သော ဝဲတစ်ခုအဖြစ် ပြောင်းသွားပြီး ထပ်တလဲလဲ စတင်၍ လည်ပတ်တော့သည်။
အခြားတစ်ဖက်တွင် ရှစ်ဖုန့်၏ ရောင်ဝါမှာ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
အဖြူရောင်အလင်းတန်းများက သူ၏ ကိုယ်မှ မရပ်မနား တလက်လက် ဖြစ်ပေါ်လာသည်။
အလင်းမှာ ဆယ့်ခုနှစ်ကြိမ်မြောက် အပြီးတွင်ရပ်တန့်သွားခဲ့သည်။
ရုတ်ရုတ်သဲသဲဖြစ်သော ရှစ်ဖုန့်၏ ဘေးရှိရေခဲပြင်တွင်ထိုင်နေသော ကျောက်ဟူမှာ သတ်ိဝင်နေပီဖြစ်ပြီး သူ့အား တုန်လှုပ်အံ့အားသင့်စွာဖြင့် ကြည့်နေသည်။
ကျောက်ဟူမှာ ရှစ်ဖုန့်ကိုယ်မှ အလင်းရောင် ဆယ့်ခုနှစ်ကြိမ်လင်းလက်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုသည်မှာ ရှစ်ဖုန့်အနေဖြင့် အသက်ရှူတစ်ရှ်ိုက်စာဖြင့် ဆယ့်ခုနှစ်ဆင့် အဆင့်တက်သွားခြင်းဟုဆိုလိုသည်။
ကြယ်နှစ်ပွင့် စစ်သည်တော် အဆင့်မှ ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်ဖြစ်လာခြင်းဖြစ်သည်။
(* ကြမ်းတယ်ဟ..ကြားထဲ ဆရာသခင်နယ်ပယ်ကို ပါကျော်သွားတာ)
"ဘုရားရေ."
ဒါသည်လုံးဝကို မကြားဖူးသော အရာဖြစ်သည်။
သူ၏ မျက်လုံးဖြင့်သာ လက်တွေ့ မမြင်တွေ့ရလျှင် သူလုံးဝယုံကြည်မိမည်မဟုတ်ပေ။
"ဟားဟား...ငါအောင်မြင်သွားပြီ"
ရှစ်ဖုန့်က ကောင်းကင်ထက်သို့မော့ကာ ရယ်မောလိုက်သည်။
သူ၏ တစ်ကိုယ်လုံးမှာ အလွန်သက်တောင့်သက်သာ ဖြစ်လျက်ရှိသည်။
တကယ်အောင်မြင်လိမ့်မည်မှန်း သူမမျှော်လင့်ခဲ့ပေ။
ထိုအချိန်တွင် သူ၏ ဒန်တန်တွင် နတ်ဆိုးဆန်သောလက်သီးဆုပ်အရွယ် အနီရောင်မီးတောက်လေးက တောက်လောင်နေသည်။
"အရူး..မင်းကလုံးဝကိုအရူးပဲ"
"ငါဒါကို လုံးဝ လက်မခံနိုင်ဘူးကွ"
"ငါလို သွေးပန်းခက် ကလန်ရဲ့ ဂုဏ်ကျတ်သရေရှိတဲ့ အထွတ်အမြတ် မီးတောက်က မင်းလို ပုရွက်ဆိတ်ရဲ့ ဒန်တန်ဖြစ်လာရတယ်"
"နောက်ဆုံးတော့ ငါ့ရဲ့စွမ်းအားတွေ မင်းဆီကို ရောက်ရှိသွားပြီ"
"သောက်ချီးပဲ"
မြင့်မြတ်သော မီးတောက်က မခံမရပ်နိုင်စွာဖြင့် ဒေါသတကြီး အော်ဟစ်နေသည်။
"ဟားဟား..ခင်ဗျားရဲ့ ကံတရားကို လက်ခံလိုက်စမ်းပါ"
"ကျုပ်ရဲ့နောက်ကိုလိုက်တာက ဒီမှာထာဝရ ဆီးလ် ခတ်ခံထားရတာထက်စာရင် အများကြီး ကောင်းပါတယ်"
ရှစ်ဖုန့်မှာ ယခုအချိန်တွင် စိတ်သဘောမနောခွေ့နေသည်။
"သခင်လေးဖုန့်"
ကျောက်ဟူက ရှစ်ဖုန့်အား ညင်သာစွာ ခေါ်လိုက်သည်။
ရှစ်ဖုန်က ကိုယ့်ဟာကိုယ် တီးတိုးရေရွတ်နေသည်ကို မြင်တွေ့ရသောအခါ ရှစ်ဖုန့်မှာ ၎င်းကိုယ်၎င်း ပိုင်ဆိုင်သေးရဲ့လားဟု သံသယပင်ဖြစ်မိသည်။
ကျောက်ဟူ တစ်ချိန်က မိစ္ဆာဝိညာဉ်ဆိုသည်အား ကြားဖူးသည်။
ထိုအရာမျိုးက လူတစ်ယောက်၏ ဝိညာဉ်အား ခိုးယူကာ ထိုသူ ကိုယ်ကို သိမ်းပိုက်နိုင်ကြသည်။
အစောပိုင်းက ရှစ်ဖုန့်မှာ ကြယ်နှစ်ပွင့်စစ်သည်တော် အဆင့်မှ ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်အထိ အဆင့်တက်ခဲ့သည်။
ထိုအရာကိုစဥ်းစားမိသော အခါ အနည်းငယ် လက်တွေ့မဆန်သည်ဟု ခံစားမိသည်။
ထိုအချိန်မှာ ရှစ်ဖုန့်အနေဖြင့် ထိုအရာ၏ သိမ်းပိုက်ခံရသည်ဟု အနည်းငယ် သံသယဖြစ်မိသည်။
ရှစ်ဖုန့်က ကျောက်ဟူထံသို့ လှည့်ကာ ခေါင်းညိမ့်ပြလိုက်သည်။
"အရမ်းကောင်းတယ် မင်းလည်းအောင်အောင်မြင်မြင် အဆင့်တက်ခဲ့တာပဲ.."
ရှစ်ဖုန့်၏ အမူအယာနှင့် စကားပြောသံအားကြားရသောအခါမှသာ ကျောက်ဟူမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချခဲ့သည်။
သူ၏ အမူအယာနှင့်လေသံမှာ ယခင်ရှစ်ဖုန့်နှင့် အတိအကျ အတူတူပင်ဖြစ်သည်။
"ဟီး..ဟီး.."
ကျောက်ဟူမှာ ငတုံးတစ်ယောက်လိုရယ်မော၍ ရှစ်ဖုန့်ထံ လျှောက်သွားလိုက်သည်။
"ကျွန်တော်က သခင်လေးဖုန့်နဲ့ ဘယ်လိုဖြစ်ပြီး နှိုင်းယှဉ်လို့ ရမှာတဲ့လဲ"
"သခင်လေးက အဆင့်တက်ခဲ့တောင်မှ အဆင့်နှစ်ခုကို ခုန်ပေါက်တက်ခဲ့တာ"
"သခင်လေး ဘယ်လို လုပ်ခဲ့တာလဲ"
"လှည့်ကွက်လေးဘာလေးရှိလား"
"ကျွန်တော့်ကို သင်ပေးလို့ရမလား"
"ဟမ့်"
ရှစ်ဖုန့်က ကျောက်ဟူ၏ စကားအားကြားလိုက်ရသော အခါ အေးစက်စွာနှာမှုတ်လိုက်ပြီး အပြစ်ကိုဖော်ပြဆုံးမသော လေသံဖြင့် ပြောလိုက်သည်။
"သိုင်းတာအို လမ်းကြောင်းပေါ်မှာ လူတစ်ယောက်ရဲ့ ခွန်အားက တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်ဖို့ပဲသွားရတယ်"
"မြဲမြံစွာနဲ့ တစ်ဆင့်ပြီးတစ်ဆင့် သွားပါ"
"ကံကောင်ဖို့ဆိုပြီး ကံကိုယုံဆူးပုံမနင်းမိစေနဲ့.."
"သခင်လေးကြ ဘာလို့ အခြေခိုင်မာအောင်လုပ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် မသွားရတာလဲ"
"အခုတင် သခင်လေး အဆင့်တွေ အများကြီးတက်ခဲ့တာလေ"
ကျောက်ဟူမှာစိတ်ထဲမှ ရေရွတ်လိုက်သည်။
ထို့နောက် သူက ရှစ်ဖုန့်အား လေးစားစွာပြန်ပြောလိုက်သည်။
"သခင်လေးဖုန့်ရဲ့ လမ်းညွှန်ပြသမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
သူ့အနေဖြင့် ဤတစ်ကြိမ် ခရီးတွင် အများကြီး မကူညီခဲ့ရပေ။
ရှစ်ဖုန့်ကိုပင် ဒုက္ခပေးမိလုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော်သူကတော့ အကျိုးအမြတ် အများကြီးထွက်ခဲ့သည်။
ထို့ကြောင့်လည်း ရှစ်ဖုန့်ပေါ်တွင် အကြွင်းမဲ့ လေးစားမှုတို့ ပြည့်နေမိခြင်း ဖြစ်သည်။
"သခင်လေးဖုန့် ကျွန်တော်တို့ နောက်ထပ်ဘာလုပ်ကြမလဲ"
ကျောက်ဟူက မေးလိုက်သည်။
"ငါက အခုမှ စိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖြတ်ထားတာ ပြီးတော့ ငါ့ရဲ့ အဆင့်နယ်ပယ် တည်ငြိမ်မှု မရှိသေးဘူး"
"ငါ ဒါကို တည်ငြိမ်အောင်လုပ်ဖို့လိုတယ်"
"အခုကစပြီး မင်းငါ့ကို စောင့်ကြပ် ပေးရလိမ့်မယ်.."
"အဲ့ ခရမ်းရောင် မိုးကြိုးဂိုဏ်းက လူတွေရောက်လာရင် မင်းသူတို့နဲ့ ပက်သက်ပြီး စိတ်ပူနေဖို့မလိုဘူး ငါ့ကို အတင်းအကြအသာ ကြားဝင်တားလိုက်.."
ရှစ်ဖုန့်မှာ စိတ်ဝိညာဉ်နယ်ပယ်သို့ တက်လှမ်းခဲ့ပြီး သူ၏ အဓိက ပန်းတိုင်မှာ မြင့်မြတ်သော မီးတောက်အား သူ့ ခွန်အား၏ အရင်းအမြစ်အဖြစ် ပေါင်းစည်းရန်ဖြစ်သည်။
မြင့်မြတ်သော မီးတောက်မှာ ၎င်း၏ အစီအနှစ်အား လောင်ကျွမ်းစေခဲ့ပြီးနောက် သူ၏ ကျင့်ကြံမှု အဆင့်မှာ ကျဆင်းသွားခဲ့ရသည်။
၎င်း၏ လက်ရှိ ကျင့်ကြံမှု အဆင့်မှာ စိတ်ဝိညာဉ်နယ်ပယ် သာရှိသော်လည်း လောလောဆယ်သူပိုင်ဆိုင်ထားသော စွမ်းအားမှာသေးငယ်လှသော သာမန်သိုင်းပညာရှင်တို့နှင့်နှိုင်းယှဉ်၍ မရပေ။
ရှစ်ဖုန့်နှင့် မြင့်မြတ်သော မီးတောက်တို့မှာ ယခုအချိန်တွင် ရေအပြည့်ဖြစ်နေသော ခွက်တစ်လုံးနှင့်တူသည်။
သို့သော် သူတို့တွင် ရေအနည်းငယ်စာတော့ နေရာလွတ်ကျန်နေသေးသည်။
ထို့ကြောင့်သူတို့အနေ့ဖြင့် ပြန်လည်၍ ဖြည့်တင်းရန် လိုအပ်သေးသည်။
ထို့နောက် ရှစ်ဖုန့်က ဟိုင်ကလန်မှ မနေ့ကသူရှိခဲ့သော ကမ္ဘာဦးကျောက်တုံး ငါးထောင်အား သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ခပ်ကြမ်းကြမ်းသွန်ချပစ်ပြီး ၎င်းတို့မှာ တောင်ပို့လေး တစ်လုံးကဲ့သို့ ပုံနေသည်။
ရှစ်ဖုန့်က ကမ္ဘာဦးကျောက်တုံးပုံ၏ ဘေးတွင်ထိုင်ကာ ငရဲဘုံကိုးခု ပညာရပ်အား အသုံးပြု၍ ၎င်းတို့အား စတင်စုပ်ယူတော့သည်။
သို့သော် ရှစ်ဖုန့်မှာ ကမ္ဘာဦးကျောက်တုံး အတွင်းမှာ ကောင်းကင်နှင့်မြေကြီး၏ သန့်စင်သော ယွမ်ချီအား စုပ်ယူသည့်အပြင် ဤကမ္ဘာ၏ ဆီးနှင်းစွမ်းအင်ကိုလည်း စုပ်ယူသည်။
ဤကမ္ဘာ၏ ရေခဲနှင့် နှင်းများဖြင့် ကျင့်ကြံရခြင်းမှာ ယင်မိစ္ဆာမှ ထုတ်လွှတ်သော ယင် မိစ္ဆာစွမ်းအင်လောက် မကောင်းသော်လည်း ပြင်ပကမ္ဘာထက်တော့ အများကြီးပိုမိုပြင်းထန်ဆဲဖြစ်သည်။
ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ရေခဲမိစ္ဆာ အစီအရင်ကသာ ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်မှလေအေးများအား တားဆီးမထားလျှင် ဤနေရာမှာ ရှစ်ဖုန့်အတွက် ကျင့်ကြံရန် အသင့်တော်ဆုံးသော နေရာပင်ဖြစ်သည်။
ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်ပေါ်တွင် ရေခဲအခြေပြု အံ့ဖွယ်ဆေးဝါးများသို့မဟုတ် သိုင်းတာအိုအား နားလည်သဘောပေါက်သူတစ်ယောက်မှ ချန်ထားရစ်ခဲ့သော အမွေအနှစ်သို့မဟုတ် နတ်ဘုရားတစ်ပါးဖြစ်လာခြင်းလျှို့ဝှက်ချက်တို့ ရှိနေနိုင်သည်။
သို့သော် ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်ကြောင့် ရှစ်ဖုန့်မှာ အတိအကျသိနိုင်စွမ်း မရှိပေ။
မြင့်မြတ်သော မီးတောက်မှာ အနည်းငယ်သိနိုင်သော်လည်း
၎င်း မှာ ရှစ်ဖုန့်အား မကျေနပ်ဖြစ်နေသောကြောင့် သဘောကောင်းစွာဖြင့်တော့ ပြောပြမည် မဟုတ်ပေ။
အနာဂတ်တွင် ဤနေရာသို့ ဝင်ရောက်လာမည့် သိုင်းပညာရှင်များ ရှိနိုင်သည်။သို့သော် ကောင်းကင်ဘုံအပြစ်ပေးရေခဲ မိစ္ဆာ အစီ အရင် တည်ရှိမှုနှင့်အတူ ကောင်းကင်ဘုံရေခဲဝိညာဉ်တောင်ထွတ်မှာ ထျန်းဟန်တိုက်ကြီး၏ ပဟေဠိဆန်သော အရာတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise