အပိုင်း (၄၆)
Vol. 4 Ch. 46
ရှစ်ဖုန့်မှာ ရေခဲပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး တစ်နေ့လုံး ကြာမြင့်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏ ဘေးတွင် ရှိနေသော ကမ္ဘာဦးကျောက်တုံး ငါးထောင်မှာ ရှစ်ဖုန့်၏ စုပ်ယူ မှုကြောင့် ခြောက်သွေ့ကုန်ပီဖြစ်သည်။
မူလက စိန်များကဲ့သို့ အရောင်တလက်လက်နှင့် အရည်လဲ့နေသော ကမ္ဘာဦးကျောက်တုံးများမှာ ယခုအခါတွင် မှိုင်းပြသော မီးခိုးရောင်များ ဖြစ်လာကြသည်။
ကမ္ဘာဦးကျောက်တုံးများမှ သန့်စင် မူလစွမ်းအင်များအား ခြောက်သွေ့စွာ စုပ်ယူပြီးသည့်တိုင်အောင် ရှစ်ဖုန့်မှာ ကျင့်ကြံခြင်းအား မရပ်တန့်သေးပေ။
လေအေးများက ဦးတည်ချက်ပေါင်းစုံမှ ရှစ်ဖုန့်၏ ခေါင်းထပ်တွင် စုစည်းကာ ကောင်းကင်ထက်တွင် ငွေ့ရည်ဖွဲ့သွားပြီး ဧရာမလေအေး တိမ်တိုက်တစ်ခုပုံစံဖြစ်လာသည်။
ထို့နောက်ချက်ခြင်း နှင်းခဲတိမ်တိုက်ကြီးမှာ ဧရာမ ဝဲကြီးတစ်ခုကဲ့သို့
လည်ပတ်တော့သည်။
"ဒါက..."
ကျောက်ဟူမှာ ကောင်းကင်အား မမှိတ်မသုန် စိုက်ကြည့်နေသည်။
ကမ္ဘာဦး ကျောက်တုံးငါးထောင်ထံမှာ မူလစွမ်းအင် အဆီအနှစ်အား ရှစ်ဖုန့်စုပ်ယူခဲ့သည်ကို ကျောက်ဟူ မြင်တွေ့ခဲ့ရပြီး ယခုတစ်ဖန် အလွန် ကြီးမားလှသော အအေးစွမ်းအင်ထုကြီး ကောင်းကင်ထက်တွင် ဖြစ်ပေါ်လာသည်ကိုသူ တွေ့ရပြန်သည်။
"သူဘယ်လို ကျင့်ကြံမှု ပညာရပ်မျိုးကို ကျင့်ကြံနေတာလဲ.."
ကျောက်ဟူမှာ အေးစက်သော စွမ်းအင် ဧရာမဝဲကြီးက ကောင်းကင်ထဲတွင် လှုပ်ရှားလာသည်ကို တွေ့မြင်ရသည်။
ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ရှစ်ဖုန့်ထံဦးတည်သွားကာ
မျက်စိတစ်မှိတ်အတွင်းသူ့အားဝါးမြိုသွားသည်။
"ဒါက အရမ်းကို ရူးသွပ်ဖို့ ကောင်းတာကြီး မဟုတ်လား"
"တစ်ကြိမ်တည်းနဲ့ စွမ်းအင်တွေ အများကြီးကို စုပ်ယူပစ်ခဲ့တာ.."
"သူက ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ် အဆင့်ပဲ ရှိသေးတာ"
"စွမ်းအင်ပမာဏ အရမ်းကို ပြည့်ဝလွန်းနေတာကြောင့် သူ့ကိုယ်က ပေါက်ကွဲသင့်နေပြီ"
"ဖောက်လွဲဖောက်ပြန်နိုင်တယ်...အရမ်းကို ဖောက်လွဲဖောက်ပြန်နိုင်လွန်းတယ်.."
"ဒါက ယွင်လိုင်အင်ပါယာရဲ့ နံပါတ်တစ် ဖောက်လွဲဖောက်ပြန် နိုင်တဲ့ ပုံမှန်မဟုတ်တဲ့သူပဲ.."
ကျောက်ဟူကစိတ်ထဲမှ ကြုံးဝါးပြောဆိုနေမိသည်။
တစ်ဟုန်ထိုးစီးဝင်လာသော ရေခဲစွမ်းအင်မှာ ရှစ်ဖုန့်ကိုယ်၏ လျှင်မြန်စွာ စုပ်ယူခြင်းကို ခံခဲ့ရသည်။
ထို့နောက် ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိ ကောင်းကင်ဘုံမီးတောက်ထံသို့အပြင်းစီးဝင်သွားကာ ကမ္ဘာဦး မီးတောက်၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။
ထို့နောက် အမည်းရောက် စွမ်းအင်အမျှင်စုလေးတစ်ခုက ရှစ်ဖုန့်၏ ပါးစပ်မှထွက်လာသည်။
၎င်းမှာ ရှစ်ဖုန့် ခုဏက စုပ်ယူခဲ့သော ရေခဲစွမ်းအင်၏ မသန့်စင်မှုများဖြစ်သည်။
သာမန်ကျင့်ကြံသူတစ်ယောက် ကျင့်ကြံသောအချိန်တွင် သူအနေဖြင့်သူတို့၏ ခန္ဓာကိုယ်အတွင်း ကမ္ဘာမြေ၏ မူလစွမ်းအင်များအား များပြားသော ပမာဏကို စုပ်ယူခဲ့သည်ရှိသော် သူတို့မှာ ထိုမူလစွမ်းအင်၏ သုံးပုံတစ်ပုံခန့်ကိုသာ ချေဖြတ်နိုင်မည်ဖြစ်သည်။
အခြားသော မသန့်စင်မှု အရာများမှာ ၎င်းတို့၏ ခန္ဓာက်ိုယ်မှပြန်လည်စွန့်ထုတ်ပစ်မည်ဖြစ်သည်။
ထို့ကြောင့်သိုင်းပညာရှင်တစ်ယောက်မှာ ကျင့်ကြံရာတွင် ကမ္ဘာဦးကျောက်တုံးများ အတွင်းမှ သန့်စင်သော ယွမ်ချီအားစုပ်ယူခြင်း သို့မဟုတ် သန့်စင်သူတစ်ယောက်မှ သန့်စင်ထားသော ဆေးလုံးများ အားအသုံးပြုခြင်းတို့ အပေါ်တွင်သာ အဓိကအားထားကြသည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင် စွမ်းအားအရင်းအမြစ် အထောက့်အပံ့များ မပါရှိပဲ ဘယ်အရာမဆို အောင်မြင်အောင် စွမ်းဆောင်နိုင်သော
သိုင်းပညာရှင်တစ်ယောက်ဖြစ်ရန်မှာ အရမ်းက်ိုခက်ခဲလှပေသည်။
ရှစ်ဖုန့်အတွက် လောလေဆယ်တွင် စဉ်းစားနေသော အရာမှာ ယင်မိစ္ဆာအား ဖြစ်နိုင်သမျှ မကြာခင် မည်ကဲ့သို့ ကယ်ဆယ်ရမည်နည်းဟုဖြစ်သည်။
ပထမဆုံး အနေဖြင့် ၎င်းမှာ ယောက်ျားသား နှစ်ယောက်ကြားထဲက ကတိကဝတ်မျိုးဖြစ်သည်။
ဒုတိယအနေဖြင့်က ယင်မိစ္ဆာ၏ ကိုယ်၌ရှိနေသော ယင်စွမ်းအင်သန့်စင်ပေါများ၍ အရင်းအမြစ်ကျောက်တုံးများဖြင့်ပင် နှိုင်းယှဥ်၍ ရသည်။
၎င်းမှာကျင့်ကြံခြင်းအတွက် တိုက်ရိုက်စုပ်ယူ နိုင်သည်။
အကြွင်းမဲ့ယင်မိစ္ဆာအလောင်းကောင်မှာ အနာဂတ်တွင် ကြီးထွားရန် အခန်းကဏ္ဍများစွာ ရှိနေသေးသည်။
နောက်တစ်ကြိမ် ၎င်းအဆင့်ထပ်တက်လာသော အချိန်တွင် ထုတ်လွှတ်သော အကြွင်းမဲ့ယင်စွမ်းအင်မှာ ပိုမို၍ အားကောင်းလာမည်ဖြစ်သည်။
လက်ရှိ ယင်မိစ္ဆာမှ ထုတ်လွှတ်နေသော စွမ်းအားမှာအဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးတွင်ပါရှိသော ချီနှင့်ညီမျှသည်။
နောက်တစ်ကြိမ် အဆင့်တက်သွားခဲ့လျှင် ၎င်းအနေဖြင့် အလယ်လတ်အဆင့် ကမ္ဘာဦးကျောက်တုံးနှင့်ညီမျှပြီဖြစ်သည်။
ရှစ်ဖုန့်မှာ သူ၏ နောက်ကျိသော လေများအား နောက်ဆုံးအကြိမ်ရှူထုတ်ပြီးချိန်တွင် မျက်လုံးကိုဖွင့်ကာ ဖြည်းဖြည်းချင်းထရပ်လိုက်သည်။
ထိုအချိန်တွင် ကျောက်ဟူက ရှစ်ဖုန့်အား ကြည့်လိုက်သည်။
ရှစ်ဖုန့်မှာ လုံးဝပြောင်းလဲသွားသော သူ တစ်ယောက် ကဲ့သို့ ဖြစ်သွားသည်ဟု ကျောက်ဟူခံစားရသည်။
ရှစ်ဖုန့်က သူ့အားသတ်ချင်လျှင် လက်တစ်ချက်ဝေ့ယမ်းရုံသာလိုသည်။
ကျောက်ဟူက ကြယ်လေးပွင့် စိတ်ဝိညာဉ်နယ်ပယ်ဖြစ်ပြီး ရှစ်ဖုန့်က ကြယ်တစ်ပွင့် စိတ်ဝ်ိညာဉ်နယ်ပယ်သာဖြစ်သော်လည်း ရှစ်ဖုန့်အားကြည့်မိသောအခါ သူထိုကဲ့သို့ အမှန်တကယ်ခံစားရသည်။
သူ၏ ကိုယ်ပိုင်ခွန်အားအား ဂရုတစိုက် အာရုံခံလိုက်ပြီးနောက် ရှစ်ဖုန့်မှာ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
"မဆိုးဘူး..ငါခွန်အားတွေ လုံးဝနီးပါးပြန်ကောင်းနေပြီ"
"အဲ့ခရမ်းရောင်မိုးကြိုး ဂိုဏ်းကလူတွေ ထွက်မလာသေးဘူးလား"
ရှစ်ဖုန့်က ကျောက်ဟူအားမေးလိုက်သည်။
"မထွက်လာသေးဘူး..သူတို့တွေ အထဲမှာ သေတောင်သေနေလောက်ပြီ"
ကျောက်ဟူက ပြောလိုက်သည်။
"အဲ့လိုမဖြစ်နိုင်ဘူး.."
ရှစ်ဖုန့်က သူ၏ ခေါင်အားခါယမ်းပြကာ ပြောလိုက်သည်။
"သူတို့ကြားထဲမှာ ဘုရင်နယ်ပယ်တစ်ယောက်ရှိနေတယ်"
"သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ရှောင်လွှဲလို့ မရပေမဲ့ သူတို့အားလုံးသေဆုံးရလောက်တဲ့အထိတော့ ဆိုးဆိုးဝါးဝါး မဖြစ်ဖူး"
"ဒါဆိုရင် ကျွန်တော်တို့ဘာလုပ်သင့်လဲ"
"ဘာလို့ဒီနေရာကနေ ကျွန်တော်တို့တွေ ခြုံခိုတိုက်ခိုက်ဖို့ မပြင်ဆင်ရတာလဲ.."
"သူတို့ရဲ့ ဒဏ်ရာတွေ ထိန့်လန့်တုန်လှုပ်မှုတွေကို ပြန်မကုစားနိုင်ခင်မှာ အခွင့်အရေးယူရင် မရဘူးလား"
ကျောက်ဟူက ရက်စက်မည့်အသံဖြင့်ပြောလိုက်သည်။
ရန်လိုမှုများက ဖြစ်ပေါ်ခဲ့ပြီးဖြစ်သောကြောင့် သူအနေဖြင့် မည်သည့်အရာကိုမျှ စိုးရိမ်နေရန်မလိုပေ။
"အဲ့လိုလုပ်ဖို့ မလိုဘူး.."
ရှစ်ဖုန့်က သူ၏ ခေါင်းအား နောက်တစ်ကြိမ် ထပ်မံ၍ ခါပြလိုက်သည်။
"ငါတို့ရဲ့ လက်ရှိခွန်အားနဲ့ ကြယ်လေးပွင့် ဘုရင်နယ်ပယ်တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ မသင့်တော်သေးဘူး.."
"သွားစို့...အချိန်ကတစ်ရက်တောင် ကုန်သွားပြီ"
"အခုက စန်းယွဲ့မြို့ရဲ့ အဲ့ငတုံးနှစ်ယောက်ကို သွားတွေ့ရမဲ့အချိန်ပဲ"
ရှစ်ဖုန့်က ထိုသို့ပြောပြီးသည့်နောက် ညာဘက်သို့ လျှောက်သွားလိုက်သည်။
"သခင်လေးဖုန့် ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ"
ကျောက်ဟူက ရှစ်ဖုန့်အား အလျှင် အမြန်လှမ်းမေးလိုက်သည်။
သူတို့ပြန်ကြမည်ဆိုပါက နောက်သို့သာ ပြန်၍ သွားရမည် မဟုတ်လော။
ထို့ကြောင့်လည်း ကျောက်ဟူက ခရမ်းရောင်မိုးကြိုးဂိုဏ်းအား အလစ်အငိုက်တိုက်ခိုက်ရန်အတွက် အကြံပြုခဲ့ခြင်းဖြစ်သည်။
သူတို့သာ နောက်ပြန်သွားခဲ့လျှင် ခရမ်းရောင်မိုးကြိုး ဂိုဏ်းနှင့် ရင်ဆိုင်တွေ့ရမည်ဖြစ်သည်။
"ဟုတ်သားပဲ"
ကျောက်ဟူမှာ ရေခဲတောအုပ်တွင် ရှစ်ဖုန့်ပြောခဲ့သော ဤနေရာမှ ပြန်ထွက်ရန် လမ်းကြောင်း မရှိဆိုသည်အား ပြန်သတိရလိုက်သည်။
ရှစ်ဖုန့်က ဆက်လက်လျှောက်သွားကာ သူဦးတည်နေသော နေရာနှင့် မနီးမဝေးသို့ ညွှန်ပြ၍ ပြောလိုက်သည်။
"ခုဏက ဒီနေရာက စွမ်းအင် အကွာအဟ အတက်အကျ ကို ဒီဘက်ကနေခံစားလိုက်ရတယ်"
"ရှေးဦး ကျွမ်းကျင်သူက ဝင်လာတဲ့သူတွေအတွက် ပြန်ထွက်ဖို့ လမ်းကြောင်းတစ်ခုကို ချန်ထားရစ်ခဲ့မှာပဲ.."
"အဲ့လူက အဲ့လောက်တောင် ကြင်နာတတ်တာလား"
ကျောက်ဟူက ရေရွတ်လိုက်သည်။
ရှစ်ဖုန့်က ဘာမှမတုန့်ပြန်ခဲ့သော်လည်း သူ အကွာဟ အတက်အကျ စွမ်းအင်အားအာရုံခံမိချိန်တွင် စိတ်ထဲ၌ အဖြေတစ်ခု ရပြီးဖြစ်သည်။
အတိတ်တုံးက ဤနေရာသို့ မည်သူမဆို ဝင်ရောက်လာနိုင်ခဲ့လျှင် ထိုသူတို့မှာ ကမ္ဘာပေါ်တွင် အသန်မာဆုံးသော ပုဂ္ဂိုလ်များ ဖြစ်ကြလိမ့်မည်ဖြစ်သည်။
ထို့အပြင် ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်အား တပ်ဆင်ခဲ့သောသူမှာ၎င်း၏ အစီအရင်အား မည်သူမျှ မချိုးဖြတ်နိုင်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့ပုံရသည်။
ထို့ကြောင့်သူ့အနေဖြင့် ဤနေရာသို့ ဝင်ရောက်လာခဲ့သော ပါရမီရှင်များထွက်ခွာနိုင််ရန်အတွက် လမ်းတစ်ခုတော့ ချန်ရစ်ထားခဲ့မည်ဖြစ်လေသည်၏
"သခင်လေး ဖုန့်ဒီမှာ စာလုံးအချို့ရှိနေတယ်.."
ခဏမျှ လမ်းလျှောက်ပြီးသော အခါတွင် ကျောက်ဟူမှာ ရေခဲပြင်ခုပေါ်တွင် မျဥ်းကွေး သဏ္ဍန် စာကြောင်းအနည်းငယ်ကို တွေ့ရသည်။
"အိုး.."
ကျောက်ဟူ၏ စကားအား ကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်က လမ်းကြောင်းပေါ်၌ ရပ်လိုက်ပြီး အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ငါဟာ ဒီနေရာကို မတော်တဆ ဝင်ရောက်မိခဲ့ပြီး မရေတွက်နိုင်တဲ့ အလွှာများစွာကို ကြုံတွေ့ခဲ့ရတယ်.."
"ဒါပေမဲ့ နောက်ဆုံးငါ ကြုံကြိုက်ခဲ့ရတဲ့ အစီအရင်ဟာ တကယ့်က်ို ကောင်းကင်ဘုံ အပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်ဖြစ်နေတယ်"
"ငါဟာ ဧကရာဇ်နယ်ပယ် အဆင့်တစ်ယောက် ဖြစ်နေခဲ့တာတောင်မှ ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်ကို ငါဟာ မချိုးဖြတ်နိုင်ဘူးဆိုတာ သ်ိလိုက်ရတယ်"
"ဒါကြောင့်ငါဟာ... သတင်းစကားတစ်ခုကို ချန်ရစ်ထားခဲ့တယ်.."
"ယွဲ့ချင်ဖုန်း"
"ဧကရာဇ်နယ်ပယ်...ဒီနေရာမှာ ဧကရာဇ်နယ်ပယ်တစ်ယောက် တကယ်ရှိခဲ့တာပဲ..ဘုရားရေ"
ကျောက်ဟူမှာ မထိန်းနိုင်ပဲ အလန့်တကြား အော်လိုက်မိသည်။
"ယွဲ့ချင်ဖုန်းလား"
ရှစ်ဖုန့်က ထိုအမည်နာမအား ထပ်မံရေရွတ်လိုက်ကာ သူ၏ ခေါင်းကို ခါယမ်းလိုက်သည်။
သူအရင်ကထိုနမည်အား တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း ထိုလူချန်ရစ်ထားခဲ့သော စကားလုံးများမှ စွမ်းအားအား အကဲဖြတ်ရသလောက် ထိုသူမှာ ဤနေရာသို့ ဝင်ရောက်ခဲ့စဉ်က ကြယ်ငါးပွင့် ဧကရာဇ်နယ်ပယ် အဆင့် ဖြစ်မည်ဖြစ်သည်။
စွမ်းအားကြီး ဧကရာဇ်နယ်ပယ်တစ်ယောက် ချန်ရစ်ထားခဲ့သော စကားလုံးများက နှစ်ပေါင်းများစွာကြာသည့်တိုင် ခြေရာလက်ရာမပျက် ကျန်ရှိနေသေးသည်။
မကြာခင် ရှစ်ဖုန့်နှင့် ကျောက်ဟူတို့မှာ စာကြောင်းအချို့အား ထပ်မံ၍ တွေ့ရပြန်သည်။
"ငါဟာ နှစ်ပေါင်းများစွာ ရှည်ကြာနေခဲ့ပြီဖြစ်တဲ့ ဧကရာဇ်နယ်ပယ် အထွတ်အထိပ်တစ်ယောက်ဖြစ်တယ်.."
"ဒါပေမဲ့ နတ်ဘုရားနယ်ပယ်ကို အဆင့်တက်လှမ်းရာမှာတော့ ငါဟာ ကျရှုံးခဲ့ရတယ်"
"ဒါပေမဲ့ ဒီနေ့မှာတော့ ငါဟာ ကံကောင်းထောက်မပြီး ဒဏ္ဍာရီလာ ကောင်းကင်ဘုံရေခဲဝိညာဉ်တောက်ထွတ်နဲ့ ကောင်းကင်ဘုံအပြစ်ပေးရေခဲမိစ္ဆာ အစီအရင်ကို တွေ့ခဲ့ရတယ်"
"မှန်ကန်တဲ့ အခွင့်အရေးတစ်ခုကို ရှာတွေ့ဖို့အတွက် ငါဟာ အဲ့တာကိုစူးစမ်းဖို့ကြိုးစားခဲ့တယ်.."
"....ခြေကျင်ခရီးသည်"
"ဒါကတကယ်ကို့ ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ် အထွတ်အထိပ်ပဲ..ဘုရားရေ"
ကျောက်ဟူထပ်မံ၍ အော်ဟစ်လိုက်ပြန်သည်။ယခင်ထက်ပို၍ပင် ကျယ်လာသေးသည်။
အထွတ်အထိပ်ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်မှာ မိုးကောင်းကွင် တစ်ခွင်တွင် အသန်မာဆုံးသော သူဖြစ်သည်။
"အဲ့တာသူပဲ"
ခြေကျင်ခရီးသည်ဆိုသော စကားလုံးအား မြင်တွေ့လိုက်ရသောအခါရှစ်ဖုန့်က ညင်သာစွာပြောလိုက်သည်။
"ဘာဖြစ်လို့လဲ သခင်လေးဖုန့်... သူ့ကိုသိလို့လား.."
ကျောက်ဟူထိုကဲ့သို့မေးရခြင်းမှာ ရှစ်ဖုန့်အနေဖြင့်ထိုသူအား သိလောက်မည်ဟုထင်နေသောကြောင့်ဖြစ်သည်။သို့သော် သူသိနေရန်မှာလည်း မဖြစ်နိုင်သော အရာဖြစ်သည်။
သူသာ အထွတ်အထိပ်အဆင့် ကြယ်ကိုးပွင့်နယ်ပယ်တစ်ဦးအား သိနေခဲ့လျှင် အရှေ့ပိုင်းဒေသ ယွင်လိုင်အင်ပါယာတွင် နေထိုင်သော သူ ဟုတ်ပါတော့မည်လော။
သို့သော် ရှစ်ဖုန့်အနေဖြင့် ထိုသူအား တကယ်ကိုသိမနေပါ။
"လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်လောက်က သူက ထျန်းဟန်တိုက်ကြီးပေါ်က အသန်မာဆုံးသော ဧကရာဇ်တွေထဲက တစ်ယောက်ပဲ"
"ဒီတော့အဲ့နောက်ပိုင်း သူဘာဖြစ်သွားခဲ့တယ်လို့ သခင်လေးထင်လဲ"
ကျောက်ဟူက မေးလိုက်သည်။
"သူသေသွားတယ်"
ရှစ်ဖုန့်က သမန်ကာလျှံကာ ဖြေလိုက်သည်။
ခြေကျင်ခရီးသည်ဟူသော နမည်အား ရှစ်ဖုန့်ရှေးဟောင်းစာအုပ်များတွင် မြင်တွေ့ခဲ့ဖူးသည်။
မှတ်တမ်းများအရ ထိုပုဂ္ဂိုလ်သည် တစ်နေ့တွင် ထျန်းဟန်တိုက်ကြီး၏ မိုးကောင်းကင်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
သူဘယ်ရောက်သွားမှန်း မည်သူမျှ မသိခဲ့ကြသော်လည်း သူကတော့ ဤနေရာတွင် ကျဆုံးခဲ့ရသည်။
စိတ်မကောင်းစရာပင်။
သူ၏ မျိုးဆက်တွင် အထွတ်အထိပ်အဖြစ်ရပ်တည်ခဲ့သော သူတစ်ယောက်မှာ ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် ပြာအဖြစ်သာ သက်ဆင်းသွားခဲ့ရသည်။
သူ၏ အရိုးများပင် ကျန်ရစ်နေခဲ့ခြင်း မရှိပေ။
ဆက်ရန်....
ဘာသာပြန်သူ-Arise