← Chapters

အဆက်မပြတ် ဒုက္ခလိုက်ပေးခြင်း

Vol. 07 Ch. 305

အဆက်မပြတ် ဒုက္ခလိုက်ပေးခြင်း

Vol. 07 Ch. 305

ဓားပြများသည် ရဲတိုက်ဆီသို့ ပြန်လာကြပြီး သေနတ်များနှင့် ပစ္စည်းပစ္စယများအား ထုပ်ပိုးခြင်းနှင့် လမ်းခရီးအတွက် စားနပ်ရိက္ခာများ ပြင်ဆင်ခြင်းအား စတင်လုပ်ဆောင်ကြသည်။ သူတို့သည် မျှော်လင့်ချက် စွန့်လွှတ်ထားသော ရာဇဝတ်ကျူးလွန်သူများ ဖြစ်သော်လည်း သေခြင်းတရားအား မလိုချင်ကြချေ။ သူတို့သည် ဓားပြများဖြစ်ကြသည်။ သူတို့သည် မုန်းတီးစက်ဆုပ်ဖွယ်အကောင်းဆုံး ရာဇဝတ်မှုများအား ကျူးလွန်ထားကြပြီး နိုင်ငံတကာမှ အလိုရှိနေကြသူများဖြစ်သည်။ လုယက်ခြင်းနှင့် အဓမ္မရယူခြင်းသည် သူတို့ပြုလုပ်ကြသည့် ပုံစံဖြစ်သည်။

လူတစ်ယောက်သည် အသက်ရှင်နိုင်မည်ဆိုပါက မည်သူသည် သေချင်ပါဦးမည်နည်း။ အသက်ငင်ခြင်းဆိုသည်မှာ သူတို့အတွက် ဘာမျှ မကျန်တော့သည်ကို ဆိုလိုပေသည်။

လူထွားကြီးက အင်ဂီလန်ဆီသို့ လာကာ အောက်ကလိအာအသံဖြင့် ပြောလိုက်သည်။

“ဒုတိယအကြီးအကဲ… ဖမ်းထားတဲ့သူတွေကို ဘာလုပ်လိုက်ရမလဲ။ သတ်လိုက်ရမလား။”

အင်ဂီလန် မျက်မှောင်ကြုပ်သွားပြီး လေးနက်သောအသံဖြင့်

“ဘယ်နှစ်ယောက်ကျန်သေးလဲ။”

“ဒုတိယအကြီးအကဲ သတ်လိုက်တဲ့သူတွေမပါ ၁၂၆ယောက်ကျန်သေးတယ်။ သူတို့ကို အခန်းတစ်ခုထဲမှာ သော့ခတ်ထားတယ်။ အကြီးအကဲ အမိန့်ပေးလိုက်တာနဲ့ ချက်ချင်းသတ်လိုက်မယ်။” လူထွားကြီးက ပြောသည်။

“ရဲတိုက်ထဲမှာ အစားအစာ ဘယ်လောက်ကျန်သေးလဲ။” အင်ဂီလန်က ထပ်မေးလိုက်သည်။

“ငါတို့ညီအစ်ကိုတွေအတွက်ဆိုရင် ၂လစာ လုံလောက်တယ်။”

အင်ဂီလန်၏မျက်လုံးများအတွင်း အလင်းတစ်ချက်လက်သွားပြီး လေးလေးနက်နက် ပြောသည်။

“လူ၁၀ယောက် ခေါ်သွား ကျန်တဲ့သူတွေကို ဒီမှာ ထားခဲ့။ ရဲတိုက်ထဲက စားစရာအားလုံး ယူသွားဖို့ မမေ့နဲ့။ ဟမ့်… အဲ့ဒီလူတွေက ဒီနေရာက သူတို့နေရာလို့ ဆိုမှတော့ ကျန်တဲ့ဓားစာခံတွေအတွက် သူတို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ငါ ကြည့်ချင်မိသေး။”

“ဟာ…” လူထွားကြီးက ပဟေဠိဖြစ်သွားသည်။

“ဒုတိယအကြီးအကဲ… ငါတို့ ဘာကြောင့် သူတို့ကို ထားခဲ့ရမှာလဲ။ ကျန်နေတဲ့ ဓားစာခံတွေအားလုံးက အမျိုးသမီးတွေလေ။ ငါတို့ညီအစ်ကိုတွေတောင်မှ သူတို့ထဲက အချို့နဲ့ ဒချိမှုတောင် မလုပ်ရသေးဘူး။ သူတို့ကို ရန်သူတွေအတွက် ချန်ပေးခဲ့တာ မပေါလွန်းဘူးလား။”

“ငမိုက်ကောင် မင်းက ဘာမှမသိဘူးပဲ။” အင်ဂီလန်က သုန်မှုန်စွာ ပြုံးရင်း

“ငါတို့က အစားအားလုံးကို ယူသွားပြီး ဓားစာခံတွေကို ဒီမှာချန်ထားခဲ့ပေမယ့် သူတို့က စားဖို့များလွန်းတယ်။ အဲ့ဒီလူတွေက ဓားစာခံတွေရဲ့အသက်နဲ့ သေခြင်းတရားကို ဂရုမစိုက်ဘူးဆိုရင် အဲ့ဒီအမျိုးသမီးတွေကို သူတို့ရဲ့စားစရာတွေ ပေးမှာမဟုတ်ဘူး။ အဲ့ဒါဆိုရင် အမျိုးသမီးတွေက ငတ်မွတ်ပြီး သေသွားလိမ့်မယ်။ ဒါပေမယ့် သူတို့က သူတို့ရဲ့စားစရာတွေကို အဲ့ဒီအမျိုးသမီးတွေကို ပေးရင် ဟမ့်… သူတို့ရဲ့စားစရာတွေက အဲ့ဒါကို အထောက်အပံ့ဖြစ်နိုင်ပါ့မလား။”

“အကြီးအကဲဆိုလိုတာက…” လူထွားကြီး အံ့သြသွားပြီး “ရန်သူတွေကို အမျိုးသမီးတွေနဲ့ ဆွဲချချင်တာလား။”

“အတိအကျပဲ။” အင်ဂီလန်က မောက်မာစွာ ပြောသည်။

လူထွားကြီးက တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက်

“အဲ့လိုဆိုရင် ငါတို့ ဘာကြောင့် အမျိုးသမီးအားလုံးကို ချန်မထားခဲ့ပဲ လူ၁၀ယောက်ကို ခေါ်ခဲ့တာလဲ။”

အင်ဂီလန်က ထိုလူထွား၏ခေါင်းအား ဖြန်းကနဲ ရိုက်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။

“မင်း ရူးနေလား။ ငါတို့ ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်မယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး။ အခု အဲ့ဒီလူတွေက ဓားစာခံတွေကို လျစ်လျူရှုမထားဖို့ မျှော်လင့်ရတော့မှာပဲ။ သူတို့ အဲ့လိုလုပ်ရင် ငါတို့က အပြစ်ဒဏ်မခံရဖို့ အဲ့ဒီ၁၀ယောက်ကို ဓားစာခံအဖြစ် အသုံးပြုနိုင်တယ်။”

“သဘောပေါက်ပြီ။” လူထွားကြီးက ခေါင်းကုတ်ကာ သူ၏ကြမ်းတမ်းသော မျက်နှာမှ သုန်မှုန်ခြင်းအား ဖုံးကွယ်လိုက်သည်။

သွေးငါးဓားပြများသည် အလွန်လျင်မြန်စွာ လှုပ်ရှားနေကြသည်။ နာရီဝက်အတွင်းတွင် ရဲတိုက်အတွင်းရှိ လက်နက်များနှင့် အစားအစာများအားလုံး ထုပ်ပိုးထားပြီးဖြစ်သည်။ လူတိုင်းသည် ယခုဆိုလျှင် ကြီးမားသော အိတ်တစ်လုံးစီအား လွယ်လျက် လက်နက်ကိုင်ဆောင်ထားသော ဓားပြ ၂၀-၃၀၏ကာကွယ်မှုအောက်တွင် ရဲတိုက်၏အနောက်ဘက်မှ တိတ်တဆိတ် ထွက်ခွာကြသည်။

သူတို့ ဖမ်းဆီးထားသော နိုင်ငံသားများအား ခန်းမထဲတွင် သော့ခတ်ကာ ထားခဲ့ပြီး ပြတင်းပေါက်များကိုပင် ပျဉ်ချပ်များအား သံရိုက်ကာ တင်းကြပ်စွာ ပိတ်ဆို့ထားခဲ့သည်။

ရဲတိုက်အနောက်ဘက် တောင်ဘေးလမ်းတစ်ဝက်တွင် ဝမ်မင်နှင့် သူ၏အဖွဲ့သားများသည် မြက်ပင်ထူထူများကြားတွင် ပုန်းအောင်းနေပြီး အဝေးကြည့်မှန်ပြောင်းများဖြင့် ရဲတိုက်ဝန်းကျင်မှ လှုပ်ရှားမှုများအား စောင့်ကြည့်နေသည်။

“တစ်ယောက်ယောက်လာနေပြီ။” ဝမ်မင်က ရုတ်တရက် တီးတိုးပြောသည်။

အခြားတစ်ယောက်ကလည်း စက္ကန့်ပိုင်းအတွင်း ရှာတွေ့သွားပြီး တီးတိုးပြန်ပြောသည်။

“ရဲတိုက်ထဲက ဓားပြတွေပဲ။ ကြည့်ရတာ ထွက်ပြေးတော့မယ်ထင်တယ်။”

ဝမ်မင်က ခေါင်းညိတ်ကာ ဂြိုဟ်တုဖုန်းအား ထုတ်ကာ နံပါတ်တစ်ခုအား နှိပ်လိုက်သည်။

“ဝံပုလွေခေါင်းဆောင်… ဓားပြတွေက ထွက်ပြေးတော့မယ်။ သူတို့တွေ သေနတ်တွေအများကြီးနဲ့ အစားအစာအိတ်တွေ သယ်လာသလို နိုင်ငံသား၁၀ယောက်ကိုလည်း ခေါ်လာတယ်။ ဦးတည်နေတာက တောင်အနောက်ဘက်ဆီကိုပဲ။”

“သဘောပေါက်ပြီ။ ဂရုစိုက် လှုပ်ရှားပါ။” ဝံပုလွေခေါင်း၏အသံက ဂြိုဟ်တုဖုန်းမှ ထွက်လာသည်။

အခြားဘက်တွင်

ဂြိုဟ်တုဖုန်းအား ပြန်သိမ်းကာ ဝံပုလွေခေါင်းက ထန်ရှုအား ကြည့်ကာ ပြောသည်။

“သူဋ္ဌေး…ဒီဓားပြတွေက ထွက်ပြေးတော့မယ်။ ဝမ်မင်ရဲ့နေရာဘက်ကို ဦးတည်နေတယ်။ သူတို့နောက်ကနေ နောက်ယောင်ခံလိုက်ကြည့်ရင် သူတို့သဘောၤတွေကိုလည်း အဲ့ဒီမှာ ဖွက်ထားမလားလို့ ငါ သံသယရှိတယ်။”

“အဲ့ဒီကောင်တွေကို လိုက်ပြီး တိုက်ခိုက်သတ်ဖြတ်ဖို့ အချိန်ကောင်းပဲ။ ကျန်တဲ့သူတွေကို ပြောလိုက်ပါ ဘေးကင်းဖို့သာ အဓိကဦးစားပေးပါ။” ထန်ရှုက ထီမထင်ဟန်ဖြင့် ပြောသည်။

“နားလည်ပြီ။”

ဝံပုလွေခေါင်းက ချက်ချင်း ဂြိုဟ်တုဖုန်းကို သုံးကာ အဖွဲ့ဆီ စာတစ်စောင် ရိုက်ပို့လိုက်သည်။

၁၀မိနစ်ကြာပြီးနောက် ထန်ရှုက ဝံပုလွေခေါင်းနှင့် အခြားသူများအား ဦးဆောင်ကာ ဝမ်မင်၏နေရာဆီသို့ ဦးဆောင်သွားလိုက်သည်။

တောင်စောင်းလမ်းမှတဆင့် ထွက်ခွာနေသော ဓားပြများအား အဝေးကြည့်မှန်ဘီလူး အသေးစားများဖြင့် ကြည့်ပြီး ထန်ရှုက အေးစက်စွာ ပြုံးကာ လေးနက်သောအသံဖြင့်

“အားဝမ်…အားဝူ…မင်း သူတို့ကို တိုက်ခိုက်ရင် နိုင်ငံသားတွေကို မထိခိုက် ဒဏ်ရာမရစေဘဲ ဘယ်နှစ်ယောက်သတ်နိုင်လဲ။”

“အနည်းဆုံး၁၀ယောက်ပေါ့။” အားဝမ်က တစ်ချက်တွေးကာ ပြောသည်။

“အဲ့ဒါဆိုသွားတော့။ နောက်ပြီး သူတို့ကို ဇဝေဇဝါ ဖြစ်အောင် လုပ်ခဲ့ပြီး သူတို့လွတ်မြောက်ဖို့အတွက် နှေးကွေးအောင် ဒုက္ခလေးတွေ ဖန်တီးခဲ့။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ခွင့်ပြုပေးလိုက်သည်။

“နားလည်ပြီ။” မိုညီအစ်ကို၂ယောက် တုံ့ပြန်ကာ မကြာမီ အနီးနားရှိသစ်တောအတွင်းသို့ ကွယ်ပျောက်သွားသည်။

ဝံပုလွေခေါင်းဘက်သို့ ထန်ရှုလှည့်ကာ

“ခင်ဗျားရဲ့လူတွေကို ခေါ်ပြီး ဘေးဘက်သို့ ကူးပါ။ မိနစ်၂၀အတွင်း သူတို့ရှေ့မှာ ထောင်ချောက်အချို့တပ်နိုင်အောင် ကြိုးစားကြည့်။ ပြီးရင် ခင်ဗျားသတ်နိုင်သလောက်  သူတို့ကို သတ်။”

“ကောင်းပြီ။”

သူ၏နှုတ်ခမ်းများကို သတ်လျက် ဝံပုလွေခေါင်းက တုံ့ပြန်လိုက်ကာ သူ၏လူ၁၁ယောက်နှင့် ချက်ချင်းထွက်ခွာသွားသည်။

ထန်ရှုသည် ကျောက်တုံးပေါ်သို့ တက်ကာ လျင်မြန်စွာ အောက်သို့ ဆင်းလိုက်သွားသည်။ သူ၏လှုပ်ရှားမှုမှာ မြန်ဆန်လှပြီး ပုံမှန်လှုပ်ရှားမှုအတိုင်း ချောမွေ့သည်။ ၂မိနစ်အတွင်း မီတာရာပေါင်းများစွာကွာသော ထွက်ပြေးနေသည့် တစ်ဖက်လူများ၏အနောက်သို့ ရောက်ရှိလာသည်။ သူ့အား ရှာတွေ့ခြင်းမရှိစေရန် သူသည် ပုန်းအောင်းလိုက်သည်။

“ဒိုင်း…ဒိုင်း…ဒိုင်း…”

သေနတ်သံအတွဲလိုက်အား ကြားလိုက်ရပြီး ရှေ့တွင် ရှိနေသော ဓားပြများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။ စက်သေနတ်၂လက်၏ ထွက်ပေါ်နေသော မီးခိုးများကြားတွင် ဓားပြများ၏အသက်များအား နှုတ်ယူသွားခဲ့ပြီဖြစ်သည်။ အင်ဂီလန်သည် ရှေ့တွင် ရောက်နေသော်လည်း ထိုအထဲတွင် မပါဝင်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏မြန်ဆန်လှသော တုံ့ပြန်မှုသည် အနီးရှိဓားပြတစ်ယောက်အား သူ၏အရှေ့တွင် ထားကာ ကျည်ကာလိုက်ခြင်းကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက သူသည်လည်း ကျည်သင့်ကာ သေဆုံးရပေလိမ့်မည်။

“နေရာဖြန့်ပြီး ပြန်တိုက်ကြ။”

အင်ဂီလန်က ဇကာပေါက်ဖြစ်သွားသော ဓားပြ၏ကိုယ်လုံးအား တွန်းလိုက်ကာ အနီးရှိချုံပုတ်ထဲသို့ ကျားသစ်တစ်ကောင်အလား ပြေးဝင်သွားသည်။ အကြိမ်များစွာ လှိမ့်လိုက်ပြီး နေရာတကျဖြစ်စေပြီးမှ သူ၏စက်သေနတ်အား သေနတ်သံများထွက်ပေါ်လာရာဘက်သို့ ချိန်ရွယ်ထားလိုက်သည်။

“ဒိုင်း…ဒိုင်း…”

နက်မှောင်သော သေနတ်ပြောင်းဝအား ရှေ့သို့ ချိန်ရွယ်ပြီး ခလုပ်ကို ဆွဲလိုက်ရာ ကျည်ဆံများသည် ရေပန်းတစ်ခုသဖွယ် ဖြန့်ထွက်သွားသည်။ သစ်ကိုင်းများ ဖွာလန်ကြဲသွားပြီး ကျောက်တုံးများသည် ဘေးသို့ လွင့်စဉ်ထွက်သွားသည်။ သို့သော် သေနတ်သံ ရပ်သွားသည်နှင့် ရန်သူ၂ယောက်သည် ထိုနေရာတွင် မရှိတော့ပြီဖြစ်သည်။

ထိုအချိန်တွင် သေနတ်များ သယ်ဆောင်လာသော အခြားဓားပြများသည် သေနတ်သံ စတင်ထွက်ပေါ်လာရာဘက်သို့ ပြန်လည်ပစ်ခတ်ကြသည်။ မိနစ်ဝက်မျှ ပစ်ပြီးသော် အချို့လူများသည် သူတို့၏ ဒုတိယကျည်ကတ်များကိုပင် ပြောင်းထည့်နေရပြီဖြစ်သည်။

“ပစ်တာကို ရပ်ပြီး မင်းတို့ရဲ့ကျည်ဆံကို ချွေတာကြ။” အင်ဂီလန် ကြိမ်းမောင်းလိုက်သည်။

ဓားပြများ ချက်ချင်း အပစ်ရပ်လိုက်ကြသော်လည်း ဘေးပတ်လည် ထူထပ်ရာနေရာများတွင် ပုန်းအောင်းနေဆဲ ဖြစ်ပြီး သစ်ကိုင်းများနှင့် သစ်ရွက်များအား ဖြဲကြည့်ကာ ရန်သူများ ရှာဖွေကြသည်။ ကံမကောင်းလှစွာဖြင့် သူတို့ မည်သို့ပင် ရှာစေကာမူ ထိုသူများသည် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီဖြစ်တော့သည်။

စောင့်ဆိုင်းရသောကစားပွဲသည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ကြောက်လန့်ဖွယ်ကောင်းတော့သည်။

သူတို့ညီအစ်ကိုများအား ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်သွားသော ရန်သူများ၏အရိပ်အယောင်ကိုပင် မမြင်ရသောအခါ ဓားပြတိုင်း၏ရင်ထဲတွင် အကြောက်တရားသည် ထွက်ပေါ်လာသည်။ သွေးအိုင်ထဲတွင် ကျနေသော သစ်ကိုင်းများနှင့် သစ်ရွက်များအား ကြည့်ကာ ဓားပြများ၏အသဲနှလုံးသည် နက်ရှိုင်းလှသော ချောက်ကြီးထဲသို့ ကျသွားသည့်နှယ်ဖြစ်သည်။

“ဒု…ဒုတိယအကြီးအကဲ ငါတို့ ဘာလုပ်ကြမလဲ။”

ကျည်အပြည့် စနိုက်ပါရိုင်ဖယ်တစ်လက်အား ကိုင်ဆောင်ထားသော ဟုတူသည် သူ၏စနိုက်ပါမြင်ကွင်းတွင် အချိန်ကြာမြင့်စွာ ရှာဖွေကြည့်သော်လည်း ရန်သူ၏အရိပ်အယောင်ကိုမျှ မမြင်ရသောကြောင့် ဂရုတစိုက် နောက်သို့လှည့်ပြန်ကာ မီတာအနည်းငယ်အကွာမှ အင်ဂီလန်အား မေးလိုက်ခြင်းဖြစ်သည်။

မျက်ဝန်းတွင် အေးစက်မှုအပြည့်ဖြင့် အင်ဂီလန်က ခေါင်းယမ်းကာ နောက်သို့ ကြည့်လိုက်ပြီးနောက် လေးပင်သော အသံဖြင့်

“ဒီနိုင်ငံသားတွေကို ငါတို့ရဲ့လူသားဒိုင်းတွေအဖြစ် ထားပြီး ကျည်လာရာလမ်းကြောင်းကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို ပြောလိုက်။ အဲ့ဒီခွေးမသားတွေက အမှောင်ထဲကနေ ပစ်မယ်ဆိုရင် အဲ့ဒီနိုင်ငံသားတွေကို အရင်ဆုံး သေပလေ့စေ။”

၇ယောက်-၈ယောက်ခန့်ရှိသော ဓားပြများသည် မြက်များထူထပ်နေရာမှ လျင်မြန်စွာ တွားသွားထွက်လာပြီး မြေပေါ်တွင် လဲနေသော နိုင်ငံသား၁၀ယောက်၏အရှေ့သို့ လျင်မြန်စွာ ရောက်လာသည်။ ထိုသူများအား အတန်ငယ် ရိုက်နှက်ပြီးနောက် ပုံစံပြင်ကာတုပ်နှောင်လျက် ဓားပြများ၏အရှေ့သို့ တွန်းပို့လိုက်သည်။

“ရှေ့က သွား…”

ဖမ်းခေါ်လာခြင်းခံရသော နိုင်ငံသား၁၀ယောက်အနက် ၆ယောက်သည် အမျိုးသားများဖြစ်ပြီး ၄ယောက်မှာ အတန်ငယ်လှပသော အမျိုးသမီးများဖြစ်ကာ အစားအစာနှင့် ဆေးဝါးများ သယ်ယူရန် ဖိအားပေးခြင်းခံထားရသည်။

ထိုအချိန်တွင် ထိုဓားစာခံများသည် ကြောက်ရွံ့တုန်လှုပ်ကာ သေခါနီးသဖွယ် ဖြူဖျော့နေကြသည်။ အတော်ကြောက်ရွံ့နေသော အမျိုးသမီး၂ယောက်၏ခြေထောက်များသည်ပင် တုန်တုန်ရီရီ ဖြစ်လျက်ရှိနေသည်။

“ကျေး…ကျေးဇူးပြုပြီး ငါ တောင်းပန်ပါတယ်။ ငါတို့ကို မသတ်ပါနဲ့။”

အရပ်မြင့်မြင့်နှင့်ကြံ့ခိုင်သော ယောကျာ်းတစ်ယောက်မှာ အကြောက်တရားကြောင့် မိန်းကလေးငယ်သဖွယ် ဖြစ်သွားသည်။ သူ၏ခြေထောက်များသည် တုန်တုန်ရီရီဖြစ်နေပြီး နှုတ်ခမ်းများသည်လည်း တုန်ရီနေကာ ဘောင်းဘီခွကြားတွင်ပင် သေးများစိုနေပေသည်။

“မင်းက ချီးထုပ်ပဲ။ မင်းကြည့်ရတာ အတော်ကြောက်နေပြီး သေးတောင် ပါချလိုက်တယ်ဟုတ်လား။”

သူ၏အနောက်မှ ပါလာသော ဓားပြတစ်ယောက်က သေးစော်နံသောကြောင့် ထိုအရပ်မြင့်မြင့်လူ၏ ဦးခေါင်းအား ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သောကြောင့် မြေပေါ်သို့ လဲကျသွားသည်။

ထို့နောက် ဓားပြက ထိုလူအား ဆုပ်ကိုင်ဆွဲထူလိုက်ပြီး သူ၏အရှေ့မှသွားရန် သေနတ်ပြောင်းဖြင့် တွန်းကာ ဖိအားပေးသည်။

“ခွပ်…”

ကျောက်တုံးတစ်တုံးသည် မြက်ထူသောနေရာမှ ပစ်လွင့်လာပြီး ထိုဓားပြ၏ချက်ကောင်းအား ထိမှန်သွားရာ သွေးများစွာ ထွက်လာပြီး ထိုသူ ချက်ချင်းသေဆုံးသွားသည်။

လျင်မြန်စွာပင် သစ်ရွက်များနှင့် သစ်ကိုင်းများ ထူအုပ်နေသောနေရာမှ လူတစ်ယောက်၏အရိပ်သဏ္ဍာန်သည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။ ဓားပြများ၏အလယ်နားတွင် ရှိနေသော အင်ဂီလန်သည် အခြားလူတစ်ယောက် အသတ်ခံလိုက်ရသည်ကို တွေ့သောအခါ ကျယ်လောင်စွာ အော်လိုက်သည်။

“အားလုံးသတိထားကြဟေ့။ ရန်သူ နောက်ထပ် ထပ်ပြီး အလစ်တိုက်တာ မခံရအောင် ဂရုစိုက်ကြ။ အဲ့ဒီခွေးမသားတွေ ထပ်ပြီး တိုက်ခိုက်ရဲ၊ ငါတို့ထဲက တစ်ယောက်ကို သတ်ရဲရင် နိုင်ငံသားတစ်ယောက်ကို သတ်မယ်။”

“ဒိုင်း…”

အင်ဂီလန်က လူတစ်ယောက်၏ခေါင်းအား ပစ်ထည့်လိုက်သောကြောင့် ထိုလူမှာ ပွဲချင်းပြီး သေဆုံးသွားရသည်။

အခြားနိုင်ငံသားဓားစာခံ၉ယောက်မှာလည်း အင်ဂီလန်၏စကားများအား ကြားသောအခါ ကူကယ်ရာမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများသည် ရင်ထဲတွင် ပြည့်လာကြသည်။ သေရသည်က ကောင်းသည်ဟု သူတို့ သိကြသည်။ သည်နေရာသည် စစ်မြေပြင်တစ်ခုဖြစ်ပြီး စည်းမရှိကမ်းမရှိ ဥပဒေမဲ့ဖြစ်သည်။ သည်ကဲ့သို့ ငရဲခန်းအလားနေရာထဲတွင် လူတစ်ယောက်သည် အချိန်မရွေး သေဆုံးသွားနိုင်ပေသည်။

သစ်ကိုင်းထူထူကြားတွင် ပုန်းနေရင်း အင်ဂီလန်၏စကားအား ကြားလိုက်ရသဖြင့် ထန်ရှု၏မျက်ခွံများ ပင့်တက်သွားကာ ထိုသူအား သတ်ဖြတ်လိုသောစိတ်သည် ပိုမိုသိပ်သည်းလာခဲ့သည်။ အင်ဂီလန်အား သူ မှတ်မိသွားပြီဖြစ်သည်။ ထိုသူသည် သွေးငါးဓားပြခေါင်းဆောင် ဒက်ဖ်စကိုင်းအား သေနတ်ဖြင့်ပစ်ကာ သတ်ဖြတ်သူဖြစ်ပြီး သွေးငါးဓားပြအဖွဲ့၏ဒုတိယခေါင်းဆောင် အင်ဂီလန်ဖြစ်ပေသည်။

“ဒီခွေးမသားက ရက်စက်ပြီး အကြင်နာကင်းမဲ့တာပဲ။ သူ့ကို ပထမဆုံးသတ်ရမယ်။ သူတို့ခေါင်းဆောင်မရှိရင် ဓားပြတွေ ပြိုကွဲသွားလိမ့်မယ်။ ဒါပေမယ့် ပြသနာက ကျန်နေတဲ့ ဓားစာခံ၉ယောက်က အဲ့ဒီနားမှာရှိနေတယ်။”

ထန်ရှု တစ်ချက်တွေးတောလိုက်ရင်း အခြေအနေက ပရိယာယ်များသည့်အခြေအနေဖြစ်သည်ဟု ခပ်ရေးရေး ခံစားမိသည်။

***

All Chapters