← Chapters

မိသားစုသံယောဇဉ်အား သဘောကျခြင်း

Vol. 07 Ch. 311

မိသားစုသံယောဇဉ်အား သဘောကျခြင်း

Vol. 07 Ch. 311

“သူက ရူးသွပ်တာထက်တောင် ပိုသေး။ သူရဲ့လီမိသားစုက အရှေ့မြောက်ပိုင်းမှာ အရမ်းသြဇာကြီးပြီး အင်အားကြီးတဲ့ မိသားစုတစ်စု ဖြစ်သလို လီလောင်ရှန်းကိုယ်တိုင်ကလည်း စိတ်ဓာတ်မာကျောခက်ထန်တယ်။ နှိမ့်နှိမ့်ချချ နေတတ်ပေမယ့် အလွန်မာနကြီးတယ်။ တစ်ယောက်ယောက်ကို သူ အသိအမှတ်ပြုရင် ဟန်မဆောင်ဘဲ ဆက်ဆံလိမ့်မယ်။ နို့မဟုတ်ရင် သေချာပေါက်ကို မထီလေးစား ဆက်ဆံတာ။” လုံ့ကျန့်ယုက ဖျစ်ညှစ်ပြုံးကာ ရှင်းပြသည်။

ထန်ရှုက လျှပ်တစ်ပြက်အတွင်း နားလည်သွားကာ အပြုံးဖြင့် ပြောသည်။

“ကျွန်တော်တို့နဲ့ လာပျော်ဖို့ သူ့ကို ခေါ်လိုက်မယ်။”

၁၀မိနစ်ကြာသော် ထန်ရှုနှင့် လုံကျန့်ယုတို့သည် အဖိုးကြီးဖက်တီးလီနှင့် ထိုင်းအနှိပ်ခန်းတွင် တွေ့ကြသည်။ သည်တစ်ကြိမ်တွင် သူသည် ဝတ်ရုံရှည်အား ဘောင်းဘီပွပွကြီးဖြင့် ဝတ်ဆင်ထားပြီး ခြေညှပ်ဖိနပ်စီးထားကာ ဆေးပြင်းလိပ်တစ်လိပ်အား နှုတ်ခမ်းတွင် ခဲထားသည်။ ခြေတစ်ဖက်ပေါ်တွင် အခြားတစ်ဖက်အား ခြေချိတ်လျက် အနှိပ်ခန်း၏အနားယူသောခန်းမတွင် ပူပင်ကြောင့်ကြမဲ့စွာ အေးအေးလူလူ ထိုင်နေသည်။

“အစ်ကိုကြီး ဖက်တီးလီ…”

ထန်ရှုက ရောက်သည်နှင့် လှမ်းခေါ်သည်။

ဖက်တီးလီက လက်ဝှေ့ယမ်းပြရင်း သွားဖြဲရယ်မောကာ ပျင်းရိလေးတွဲ့စွာ ချက်ချင်းထလာသည်။

“ယို့…လုံချာတိတ်ပါလား။ မင်းလည်း ညီအစ်ကိုထန်ကို သိနေလိမ့်မယ်လို့ ငါ မတွေးမိဘူး။ ကြယ်တာရာကို ပြန်လာပြီး ချန်းကျီကျုံးနဲ့ တိုက်ခိုက်ကြတုန်းက မင်းရဲ့အဖိုးကြီးကို ငါတွေ့ခဲ့တယ်။ လုံဟန်ဝမ်ရော ဘယ်လိုလဲ။ နေကောင်းရဲ့လား။”

ဖက်တီးလီက လုံကျန့်ယုအား မြင်သည်နှင့် ပြုံးကာ နှုတ်ဆက်လိုက်သည်။

လုံကျန့်ယုက လေးစားသော အမူအရာဖြင့် ဖက်တီးလီအား မျက်နှာချင်းဆိုင်လိုက်ပြီး

“ဟယ်လို ဦးလေးလီ… အဖေ နေကောင်းပါတယ်ခင်ဗျာ။”

ဖက်တီးလီက အသိမဲ့စွာ စိုက်ကြည့်လိုက်ရင်း မြည်တွန်တောက်တီးလိုက်သည်။

“မင်း ဘာလို့ ငါ့ကို အဲ့ဒီလိုခေါ်တာလဲ။ ငါက အိုနေပြီလို့ မင်းက ထင်နေတာလား။ ထန်ရှုဆီကနေ မင်း ပိုပြီးသင်ယူသင့်တယ်။ မင်း…အာ…မင်းအဖေလို အရာရာတိုင်းကို အလေးအနက်ကြီး လုပ်မနေစမ်းပါနဲ့ကွာ။ မင်းက ထန်ရှု သူငယ်ချင်းမဟုတ်လား။ သူခေါ်သလို အစ်ကိုကြီးဖက်တီးလီသာ ခေါ်လိုက်စမ်းဘာာ။ အဆင်ပြေပါတယ်ကွ။”

“ဒါ…” လုံကျန့်ယု ချီတုံချတုံ ဖြစ်နေသည်။

“ဟေ့ယောင်ရေ… သူ့ဆန္ဒကို လေးစားလိုက်ပါ။ သူက ပွင့်ပွင့်လင်းလင်း အရှေ့မြောက်ပိုင်းသား။ နောက်ပြီး ထုံးတမ်းစဉ်လာတွေ အရေးမပါတာတွေကို တွက်ကပ်နေတဲ့လူမဟုတ်ပါဘူးကွ။”

ထိုစကားကို ကြားသည်နှင့် ဖက်တီးလီက ထန်ရှု၏ပခုံးအား ချက်ချင်း ပုတ်ကာ အူလှိုက်သည်းလှိုက် ရယ်မောရင်း

“မင်း ကြားလား။ မင်း ကြားတယ်မဟုတ်လား။ အို…ငါ့အဖေနဲ့အမေက ငါ့ကို မွေးထုတ်ပေးခဲ့တယ်ဆိုပေမယ့် သူက ငါ့ညီအစ်ကို ထန်ပဲ။ သည်နေရာက ဆိုင်ပန်ဖြစ်နေတာ စိတ်မကောင်းလိုက်တာ။ ငါတို့နိုင်ငံက ဘုရားတွေက သည်နေရာမှာ ရှိမယ့်ပုံမပေါ်ဘူး။ နို့မို့ဆို မင်းကိုဆွဲခေါ်ပြီး စက္ကူအဝါတွေ မီးရှို့မယ်၊ ကြက်တွေ သိုးတွေနဲ့ ပူဇော်ကန်တော့ပြီး သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာကြမှာကိုကွာ။”

ထန်ရှု ရယ်ချင်စိတ်အား မမျိုသိပ်နိုင်တော့ပဲ တဟားဟား အော်ရယ်မိတော့သည်။

အဖိုးအိုဖက်တီးလီနှင့် ထန်ရှုတို့အား ကြည့်ပြီး လုံကျန့်ယု နောက်ဆုံးတော့  စကားပြောလိုက်သည်။

“အဲ့လိုဆိုမှတော့ ကျွန်တော်လည်း အဲ့ဒီလိုပဲ ခေါ်ပါမယ်။ ဒါပေမယ့် အစ်ကိုကြီးဖက်တီးလီ … ဒီကိစ္စအတွက် အဖေက ကျွန်တော့်ကို ရိုက်ရင် ကူပြောပေးရမယ်နော်။”

“စိတ်အေးအေးထားပါကွ။ မင်းအဖေ မင်းကို လုပ်ရဲရင် ငါက ခေါ်ခိုင်းထားတယ်လို့သာ ပြောလိုက်။ ငါလည်း ကြယ်တာရာကိုလာပြီး သူ့ကို ရိုက်လှည့်မယ်။ ဟီးဟီး…။ ဒါနဲ့ ချန်းကျီကျုံး လေ့ကျင့်နေတာ မင်းမြင်ရင် သူ့ကို ပြောလိုက် … သူ့ကို ဘာအတွက် ရိုက်တယ်ဆိုတာ သူ မပြောနိုင်လောက်တဲ့အထိ နောက်တစ်ခေါက်မှာ ငါက သူ့ကို တအားဆော်ပလော်တီးမှာလို့။” ဖက်တီးဂီဇာက ပြုံးကာ ပြောလိုက်သည်။

လုံကျန့်ယု၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာဖြစ်ပေါ်လာပြီး ပြန်ပြောလိုက်သည်။

“ဖက်တီးလီ… ခင်ဗျားသာ ချန်းကျီကျုံးကို မတအား ရိုက်ရင် ထန်ရှုက ခင်ဗျားကို ဆုံးမလိမ့်မယ်။”

“ကျန့်ယု…” ထန်ရှု အော်ဟစ်လိုက်သည်။

ဖက်တီးလီက ဇဝေဇဝါအကြည့်ဖြင့် တစ်ချက်ကြည့်ကာ

“မင်း ဘာကို ဆိုလိုတာလဲ။ ငါက ချန်းကျီကျုံးကို ရိုက်ရင် ထန်ရှုက ဘာကြောင့် ငါ့ကို ဆုံးမမှာလဲ။ သူနဲ့ ချန်းကျီကျုံးက…”

စိတ်တွင်းမှ သက်ပြင်းချလိုက်ရင်း သူနှင့် ချန်းကျီကျုံး၏ပတ်သက်မှုအား သည်တစ်ကြိမ်တွင် ဖုံးကွယ်ရန် အကြောင်းပြချက်များ ထပ်မရှိတော့ပြီကို ထန်ရှု သိလိုက်သည်။ ရှက်ကိုးရှက်ကန်းအပြုံးဖြင့် သူက ဖြည်းညှင်းစွာ ပြောသည်။

“ဖက်တီးလီ… ခင်ဗျားက ချန်းကျီကျုံးကို ရိုက်နိုင်တယ်ဆိုရင် သူက ကျွန်တော့်တပည့်ဖြစ်ပေမယ့်လည်း ဒီဟာကို ကျွန်တော် လျှော်လိုက်ပါမယ်။”

“မင်း ဘာပြောတာလဲ။”

သည်ကမ္ဘာပေါ်တွင် မယုံကြည်နိုင်ဆုံး အရာတစ်ခုအား မြင်လိုက်ရသကဲ့သို့ ဖက်တီးလီက ထန်ရှုအား မျက်တောင်မခတ် စိုက်ကြည့်ရင်း တွေဝေသွားသည်။ သူ၏အကြားအာရုံတွင် ချွတ်ယွင်းမှုများ ရှိနေရော့လားဟုပင် တွေးစပြုမိသည်။

ထန်ရှုအား ညွှန်ပြလျက် လုံကျန့်ယုက

“ဖက်တီးလီ… ခင်ဗျား ကြားလိုက်တာ မမှားဘူး။ ထန်ရှုက တကယ်ပဲ အဆုံးမဲ့ဂုဏ်ရည် ဆေးဝါးလုပ်ငန်းရဲ့သူဋ္ဌေးကြီး ချန်းကျီကျုံးရဲ့ ဆရာသခင်ပဲ။”

ဖက်တီးလီတစ်ယောက် နောက်သို့ ယိမ်းယိုင်သွားပြီး ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်မိကာ မေးသည်။

“မင်းက တကယ်ပဲ ချန်းကျီကျုံးရဲ့ဆရာသခင် ဟုတ်လို့လား။ မင်းတို့နှစ်ကောင်လုံး ငါ့ကို နောက်နေကြတာလားဟ။”

“မနောက်ပါဘူး။” ထန်ရှုက ခိုင်မာစွာ ဖြေလိုက်သည်။

ဖက်တီးလီ၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ တုန်ရီသွားရပြီး အမြန်မေးလိုက်သည်။

“ဒီဟာက ဘယ်လိုဖြစ်နိုင်မှာတုန်း။ ချန်းကျီကျုံးရဲ့သိုင်းပညာက ငယ်ငယ်ကတည်းက အစွမ်းအစရှိတယ်။ ငါ သူနုဲ့ ငယ်ငယ်ကတည်းက ယှဉ်ပြိုင်လာတာ တစ်ခါမှ သူ့ကို မနိုင်ဖူးဘူး။ ချန်းကျီကျုံး ငယ်ငယ်တုန်းက မင်းတောင်မှ လူလားမြောက်ဦးမှာမဟုတ်ဘူး ဟုတ်တယ်မလား ထန်ရှု။”

ထန်ရှုက ဖျော့တော့စွာ ပြုံးလိုက်ပြီး

“ကျွန်တော်က သူကျွမ်းကျင်ပိုင်ဆိုင်ထားတဲ့ အခြေခံပညာရပ်ကို သင်ပေးခဲ့တာမဟုတ်ဘူး။ အစစ်အမှန်ကျင့်ကြံမှုသိုင်းပညာကို သင်ပေးခဲ့တာ။ အဲ့ဒါကြောင့် အရင်က ခင်ဗျားကို ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ခုချိန် ခင်ဗျား သူ့ကိုသွားရှာရင် သူ ဆိုးဆိုးရွားရွား ရိုက်လိုက်တာကို ခင်ဗျားခံလာရမှာတောင် စိုးမိတယ်။”

ဖက်တီးလီက တိတ်ဆိတ်စွာ ခဏနေရင်း စိတ်လှုပ်ရှားစရာသတင်းများအား ကြိုးစားကာ ကြေညက်အောင်လုပ်နေသည်။ ထို့နောက် သူက ထန်ရှုအား လက်မ ထောင်ပြပြီး သက်ပြင်းတစ်ချက်ချလျက် ချီးကျူးလိုက်သည်။

“ညီအစ်ကို ထန်… ငါ မင်းအကြောင်းကို ပိုပြီး ပိုပြီး သိချင်လာပြီ။ ကာစီနိုမှာ ပုံမှန်လေး ကစားတာတောင် ၁ဘီလီယံ နိုင်တယ်။ ဒီနေရာက သူဋ္ဌေးကြီးနဲ့တောင် သိနေလိုက်သေးတယ်။ အထူးသဖြင့် ဝမ်ရွီ့ကို အော်ဟစ်ရတဲ့အထိ မင်းရဲ့လူက ပညာပြနိုင်လိုက်တယ်။ ညီအစ်ကို ထန်… ငါ့ကို အတိအကျ ပြောစမ်းပါ။ မင်းက ဘယ်တာအို အင်မော်တယ် အဆက်အနွယ်က လာတာလဲ။”

“ကျွန်တော်က ကျွန်တော်ပါပဲ။ အင်မော်တယ်တွေဆီက ဘယ်လို ဆင်းသက်ရမှာတုန်းဗျာ။ ဒီပျင်းစရာကောင်းတဲ့ အကြောင်းတွေ ရပ်လိုက်ကြပြီး ထိုင်းအနှိပ်သွားခံကြစို့။” ထန်ရှုက ပြုံးကာ ပြောသည်။

ဖက်တီးလီ၏မျက်ဝန်းများထဲတွင် ထူးဆန်းသောအလင်းတစ်ချက် လက်သွားသည်။ ထန်ရှုမှ ထိုအကြောင်းအား ပြောလိုစိတ်မရှိပါက သူ အတင်းအကျပ် မေးမည်မဟုတ်သော်လည်း သူ ပြည်မသို့ ပြန်ရောက်သောအချိန်တွင် ထန်ရှုအကြောင်းနှင့် နောက်ခံအား စုံစမ်းရန် လူတစ်ယောက်အား စေလွှတ်မည်ဟု သူ တိတ်တဆိတ် ဆုံးဖြတ်ထားသည်။

ရှေ့မှသွားနေသော ထန်ရှုအား ကြည့်ရင်း လုံကျန့်ယုက ဖက်တီးလီအနားသို့ ပိုကပ်လိုက်ကာ လေသံတိုးတိုးဖြင့်

“ဖက်တီးလီ ထန်ရှုအကြောင်းကို တိတ်တဆိတ် မစုံစမ်းဖို့ ကျွန်တော် အကြံပေးတယ်။ အရိုးသားဆုံးပြောရရင် သူ ပြောချင်စိတ်ရှိလာရင် ခင်ဗျား သိလာရပါလိမ့်မယ်။ သူ ပြောချင်စိတ်မရှိဘဲ ခင်ဗျား အတင်း စုံစမ်းရင် အဲ့ဒါက အထောက်အကူ မဖြစ်ဘဲ ခင်ဗျားကို ထိခိုက်စေလိမ့်မယ်။”

စုံစမ်းခြင်းက ကောင်းသောအရာထက် ဆိုးသောအရာကို ပိုမိုသယ်ဆောင်လာမှာတဲ့လား။

ဖက်တီးလီ အံ့အားသင့်သွားကာ

“ဒါဆို သူက တိုင်းပြည်ခေါင်းဆောင်ရဲ့သားများလား။”

လုံကျန့်ယု အံ့အားသင့်စွာဖြင့် ဖက်တီးလီအား တစ်ခဏမျှ ကြည့်လိုက်မိသည်။ ဖက်တီးလီ၏ခန့်မှန်းချက်သည် နီးစပ်လိမ့်မည်ဟု သူ မထင်ထားမိချေ။

“မမေးနဲ့တော့။ သူငယ်ချင်းမိတ်ဆွေဖွဲ့တာမှာ အပြင်ကိစ္စတွေက မလိုအပ်ဘူးလေဗျာ။” လုံကျန့်ယုက သူ ယခင်က ကောင်းစွာ စဉ်းစားထားသည့်အတိုင်း ပြောလိုက်သည်။

နောက်ဆုံးတွင် ဖက်တီးလီသည် ထိုအရာအား သဘောတူလိုက်ကာ ထန်ရှုအကြောင်း လူလွှတ်စုံစမ်းမည့် သူ၏အတွေးအား စွန့်လွှတ်လိုက်တော့သည်။ ထို့နောက် ထန်ရှ၏အနောက်မှ လိုက်ကာ အတွင်းသို့ ဝင်သွားသည်။

၂နာရီကြာပြီးနောက် ၃ယောက်သား ပြန်ထွက်လာရာ လန်းဆန်းပြီး သက်တောင့်သက်သာ ရှိသည့်အသွင်များ ဖြစ်နေကြသည်။ ထိုင်းအနှိပ်ခံပြီးနောက် ဖက်တီးလီနှင့် လုံကျန့်ယုတို့သည် ပျော်ရွှင်သော သူငယ်ချင်းများ ဖြစ်လာကြကာ ထန်ရှုကိုပင် စကားအနည်းငယ် ပြောသည်မှလွဲပြီး လစ်လျူရှုထားကြသည်။ ထိုအခြေအနေနှင့်စပ်လျဉ်းပြီး ထန်ရှုကိုယ်တိုင် ပျော်ရွှင်နေမိသည်။

ခန္ဓာကိုယ်အတွင်းဆီမှ ကိုယ်စိတ်ပေါ့ပါးမှုများအား ခံစားနေကြစဉ် ထန်ရှုနှင့် လုံကျန်ယုသည် လုံကျန်ယု တည်းခိုရာဘန်ဂလိုသို့ ဖက်တီးလီအား ဖိတ်ခေါ်လာကြသည်။

“ခင်ဗျားတို့၂ယောက် စကားပြောကြပါ။ ကျွန်တော်  အနားယူလိုက်ဦးမယ်။”

ထိုသို့ ပြောပြီး ထန်ရှုက ဒုတိယထပ်သို့ တက်လာသည်။ အခန်းတစ်ခန်းအား သာမန်ကာလျှံကာ ရွေးလိုက်ကာ အဝတ်အစားများကို ချွတ်ပြီး အိပ်ရာထက်တွင် ထိုင်လိုက်သည်။ ဒီရက်များတွင် သူသည် ဇွဲလုံ့လရှိစွာနှင့် လေ့ကျင့်ခဲ့ပြီး သူ၏ကျင့်ကြံမှုသည် နေ့တိုင်း တိုးတက်နေသော်လည်း တစ်ရေးမျှ မအိပ်ရသေးချေ။

“ဒေါ်လေးထန်မင်းက ငါ့ကို ရှာနေတာလား။”

ကုတင်ထိပ်တွင် ထိုင်ကာ ငြိမ်သက်သွားရင်း ထန်ရှုသည် ဂြိုဟ်တုဖုန်းတစ်လုံးကို ထုတ်ကာ ထန်မင်း၏ဖုန်းနံပါတ်အား တောင်းရန် အိုးရန်လူလူဆီ ဆက်လိုက်သည်။ ထန်မိသားစုတွင် အချိန်အနည်းငယ်သာ နေခဲ့ပြီး လူတိုင်းနှင့်စကားမပြောခဲ့ရသောကြောင့် ထန်မင်းအပါအဝင် သူတို့၏ဖုန်းနံပါတ်များ မရှိပါချေ။

သို့သော်လည်း အိုးရန်လူလူနှင့်ဖုန်းအဆက်အသွယ် ရသောအခါ သူမနှင့် အချိန်အကြာကြီး စကားပြောနေရပြီးနောက် ထန်မင်း၏ဖုန်းနံပါတ်အား တောင်းလို့ရခဲ့သည်။

“ထန်မင်း… ပြောနေပါတယ်။ ဘယ်သူဆက်တာပါလဲ။”

ထန်မင်း၏ဖုန်းနံပါတ်အား ခေါ်ဆိုလိုက်စဉ် အေးစက်ကာ ထည်ဝါသော အသံတစ်သံအား ဖုန်းထဲမှ ထန်ရှု ကြားလိုက်ရသည်။

“ထန်ရှုပါ။ ကျွန်တော့်ကို ရှာနေတယ်ဆို။” ထန်ရှုက မေးသည်။

ထိုအချိန်တွင် မြို့တော်၏အရေးကြီးသော ရုံးအဆောက်အဦးထဲတွင် ထန်မင်းသည် အတန်ငယ် ပျော်ရွှင်သွားရကာ အပြုံးဖြင့်

“ဟယ် ထန်ရှု… ဟုတ်တယ်။ ဒေါ်လေး မင်းကို ရှာနေတာ။ လူတော်တော်များများကိုတောင် မေးမိသေးတယ်။ ဒါပေမယ့် ငါ့တူလေးကို ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါနဲ့ တူလေးထန်ရှုက အခု ဘယ်နေရာကို ရောက်နေတာလဲ။ ပြည်မကို ဘယ်တော့ပြန်လာမလဲ။”

“ကျွန်တော် အခု ဆိုင်ပန်မှာပါ။” ထန်ရှုက ပြောသည်။ “ဒီမှာရှိတဲ့ ကိစ္စတွေကို ပြီးဆုံးအောင် ကိုင်တွယ်ပြီးတဲ့ထိ ကျွန်တော် နေရဦးမယ်။ ပြီးမှ ပြန်လာလို့ရမယ်။”

“တူလေး… ဘာတွေ လုပ်နေရတာလဲ။” ထန်မင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ယီလေးက သားနဲ့ပတ်သက်တဲ့ အရာတွေကို ပြောပြထားတယ်လေ။ ဒေါ်လေးကတော့ဖြင့် ကိုယ့်တူလေးကို တကယ်ကို လေးစားနေမိတယ်။”

ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

“ကျွန်တော် ပစိဖိတ်သမုဒ္ဒရာထဲမှာ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ထားခဲ့လို့ လတ်တလော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာ။ ကျွန်တော့်ကို ဘာကြောင့် ရှာနေတာလဲဆိုတာ ခုထိမပြောသေးဘူးနော်။”

“တူလေးက ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်း ဝယ်ခဲ့တာလား။ ဘာများလုပ်ဖို့အတွက် ကျွန်းတစ်ကျွန်း ဝယ်ရတာလဲဟယ်။”

ထန်မင်းက အံ့အားသင့်သွားသည်။

“ဒါနဲ့ တူလေးက ရှန်ဟိုင်းမှာ စက်တင်ဘာလထဲ ကျောင်းသွားတက်ရမှာမဟုတ်လား။ တူလေးအတွက် ရှန်ဟိုင်းမှာ  အိမ်တစ်လုံး ဒေါ်လေး ဝယ်ပေးထားတယ်။ အဲ့ဒါကြောင့် တူလေးကို လိုက်ရှာနေတာလေ။ ရှန်ဟိုင်းတက္ကသိုလ်ဝင်းနဲ့လည်း တအားနီးတယ်။ အိမ်သော့ကိုတော့ ကြယ်တာရာက ဒုတိယအစ်ကိုလေးနဲ့ ယောင်းမဆီကို ပို့ထားပေးပြီးသွားပြီ။”

အိမ်တစ်လုံးလား။

ထန်ရှု၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ ရှုံ့မဲ့သွားကာ လက်မခံဘဲ ငြင်းဆန်လိုလှသည်။ သို့သော် တစ်ခဏမျှ တွေဝေနေပြီးနောက် ထန်မိသားစုမှ သူ့အပေါ်တစ်လျှောက်လုံး ပြသခဲ့သော ကြင်နာမှုအား ရှင်းလင်းစွာ သိမြင်သဖြင့် လက်မခံဘဲ ငြင်းဆန်ခြင်းသည် မကောင်းဟု သူ ခံစားမိသည်။ သူကိုယ်တိုင် ရိုးသားစွာ ဆိုရပါလျှင် ထန်မိသားစုအား ယခုဆိုလျှင် ပယ်ဖျက်သည်ဟု မခံစားရဘဲ မိသားစုသံယောဇဉ်မေတ္တာတည်းဟူသော အရာကိုပင် ခံစားမိလျက်ရှိသည်။

ထို့ပြင် ထန်မင်းသည် ချူယီ၏မိခင်ဖြစ်ပြီး အိမ်သော့အား ကြယ်တာရာသို့ပင် ပို့ထားပြီးဖြစ်လေရာ သူသာ လက်မခံဘဲငြင်းဆန်လိုက်ပါက မဆီလျော်မမှန်ကန်ဘဲ သူမအား နာကျင်စေလိမ့်မည်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် ဒေါ်လေး။”

အတန်ကြာ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် ထန်ရှုသည် ကျေးဇူးတင်စကားဆိုကာ လက်ခံလိုက်သည်။

သူမ၏ရုံးခန်းအတွင်း၌ ထန်မင်းသည် တောက်ပစွာ ပြုံးလျက်ရှိသည်။ ထန်ရှုမှ သူမအား ဒေါ်လေးဟု ခေါ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်။ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု…စသည့် ခံစားချက်များသည် ချက်ချင်းဆိုသလိုပင် သူမ၏မျက်ဝန်းအစုံအား စိုစွတ်လာစေသည်။

“ဒေါ်လေးက အဖေဘက်က ဒေါ်လေးပါ ထန်ရှု။ တူလေး ငယ်ငယ်တုန်းက သားကို ထိန်းကျောင်းပြီး ဖူးဖူးမှုတ်ချစ်ဖို့ ဒေါ်လေးတို့မှာ အခွင့်အရေး မရခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ဒေါ်လေးတို့ သားကို ရှာတွေ့ခဲ့ပြီ။ အဲ့ဒီတုန်းကနှစ်တွေအတွက် ဒေါ်လေး ပေးကိုပေးဆပ်ရမယ်။ အဲ့ဒါကြောင့် ဒီအိမ်ကို လက်ဆောင်ပေးတယ်ဆိုတာကလည်း ဒေါ်လေးလုပ်သင့်တဲ့အလုပ်ပဲ။ နောင်ကို သား ဘာပဲလိုအပ်လိုအပ် ဒေါ်လေးကို လွတ်လွတ်လပ်လပ် ပြောပြနိုင်တယ်။ ဒေါ်လေး လုပ်ပေးနိုင်သမျှ အစွမ်းကုန်လုပ်ပေးမယ်။ ယုတ်စွအဆုံး တူလေးအတွက် လကို ခူးဆွတ်ရမယ်ဆိုရင်တောင်မှ ဒေါ်လေး သေချာပေါက် လုပ်မှာပဲ။”

နွေးထွေးမှုသည် ထန်ရှု၏နှလုံးသားတွင် ပြည့်နေခဲ့ပြီး နောက်ဆုံးတွင် သူသည်  ဂုဏ်ယူသော အပြုံး ပြုံးလိုက်ကာ

“ကျွန်တော် နားလည်ပါပြီ ဒေါ်လေး။”

သူမ၏စကားအဆုံးတွင် ထန်မင်းက ပြုံးကာ ပြောလိုက်သည်။

“တူလေးက ဒီနေ့ ဒေါ်လေးလို့ ခေါ်တဲ့အတွက် တကယ် တကယ်ကို ဒေါ်လေး ပျော်မိတယ်။ အာ ဟုတ်သားပဲ။ သားမှာ လိုအပ်နေတာတွေ အများကြီးရှိသေးတယ်ပဲ … အိမ်၊ ကား၊ အဝတ်အစားတွေ … ဟုတ်ပြီ။ ဟုတ်ပြီ။ ရှန်ဟိုင်းမှာ ဝယ်စရာ ကားတွေ အဝတ်အစားတွေ အများကြီးပဲ။ သား အိမ်ထဲမှာ အဝတ်အစားတွေ ထည့်ထားဖို့ တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်မယ်။ ကားကလည်း မရှိသေးဘူး။ ခဏလေး။ ဒေါ်လေး အခုပဲ ကားတစ်စီး မှာလိုက်ဦးမယ်။”

ပြောပြီးသည်နှင့် ထန်မင်း ဖုန်းတန်းချသွားတော့သည်။

***

All Chapters