← Chapters

အကောင်းဆုံးအကြံဉာဏ်

Vol. 07 Ch. 312

အကောင်းဆုံးအကြံဉာဏ်

Vol. 07 Ch. 312

ပြိုင်ကားအား စိတ်မဝင်စားသဖြင့် ငြင်းဆန်လိုသော်လည်း ဖုန်းထဲမှ တတူတူ အသံမြည်လာပြီးနောက် သူ၏ချောမောသော မျက်နှာထက်တွင် မချိပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ မိသားစုသံယောဇဉ်မေတ္တာသည် အရှိန်အဟုန်ပြင်းသော မီးတောက်သဖွယ် ထန်ရှ၏နှလုံးသားအတွင်းမှ ရေခဲတုံးကြီးအား အရည်ပျော်ကျစေသည်။

မြင်းတစ်ကောင်၏သက်လုံအား အကွာအဝေးဖြင့် စမ်းသပ်သကဲ့သို့ လူတစ်ယောက်၏စိတ်နှလုံးအား အချိန်ဖြင့် စမ်းသပ်နိုင်ပေသည်။ ထန်မိသားစုဝင်တို့သည် သူတို့ကိုယ်သူတို့ ထန်ရှုနှင့် မသက်ဆိုင်သည်၊ ဝေးကွာသည်၊ ကွဲပြားခြားနားခြင်းမရှိဟု မမြင်ကြဘဲ ထိုအစား မိသားစုသံယောဇဉ်မေတ္တာအား ပြသလျက် ထန်ရှုအား ထပ်ကာထပ်ကာ ဂရုစိုက်ကြသည်။

အချိန်သည် ၃ရက်တိတိ ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ထန်ရှုသည် လုံကျန့်ယု၊ တွမ်ရတ်ဂီနှင့် ၎င်းတို့၏လက်ထောက်များနှင့်အတူ နဂါးကိုးကောင်ကျွန်းသို့ သွားခဲ့သည်။ အံ့အားသင့်စရာ ပတ်ဝန်းကျင်အနေအထားနှင့် ဆန်းကြယ်ခမ်းနားသော နေရာများက ထိုသူတို့အား ချက်ချင်း ဆွဲဆောင်သွားတော့သည်။

“ခမ်းနားတဲ့ နေရာတစ်ခုပဲ။” လုံကျန့်ယုက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ သူ၏တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်မှုအား ခံစားလိုက်ရသဖြင့် ချီးကျူးလိုက်မိသည်။

“ငါ အသက်ကြီးလာရင် ဒီနေရာမှာပဲ ကျန်ရှိတဲ့ငါ့ဘဝကို သေချာပေါက် ကုန်ဆုံးလိုက်တော့မယ်။”

ထန်ရှုက ခပ်ဖွဖွပြုံးလိုက်ရင်း မည်သို့မျှ မတုံ့ပြန်ပါချေ။ သည်နေရာသည် သူ့အတွက် ကျင့်ကြံရန် အရေးကြီးဆုံးနေရာတစ်ခုဖြစ်သကဲ့သို့ အရည်အချင်းရှိသူများအား လေ့ကျင့်မွေးထုတ်ပေးမည့် အုတ်မြစ်လည်းဖြစ်သည်။ အပြင်လူများအား သည်နေရာတွင် အငြိမ်းစားနေထိုင်ရန် မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။ သူသည် လုံကျန့်ယုနှင့် သူငယ်ချင်းဖြစ်သော်လည်း ထိုအရာသည် ငွေအရင်းအနှီးကြောင့်သာ လုံကျန့်ယုက သူ့အား အထူးဆက်ဆံနေခြင်းဖြစ်ပေသည်။ သို့မဟုတ်ပါက သူနှင့်လုံကျန့်ယု မည်ကဲ့သို့ သူငယ်ချင်းဖြစ်လာနိုင်ပါမည်နည်း။

ယနေ့ခေတ်တွင် သူငယ်ချင်းသည် သူငယ်ချင်းသာဖြစ်သည်။ ယုံကြည်စိတ်ချရသော လက်ထောက်များသည် ယုံကြည်စိတ်ချနိုင်သော လူအနည်းငယ်သာ ဖြစ်ပေမည်။ သူတို့အား ခွဲခြားဆက်ဆံရပေမည်။ အစစ်အမှန်သူငယ်ချင်းများအတွက် သူတို့အား ကူညီရန် တန်ဖိုးကြီးကြီးတစ်ခု ပေးနိုင်မည်ဖြစ်သော်လည်း ယုံကြည်စိတ်ချရသော လူယုံများအတွက်ကိုမူ အရေးကိစ္စကြုံလာပါက သူနှင့်ဆိုင်သောအရာများ ဖြစ်ကြသဖြင့် သူ တိုက်ခိုက်ရပေလိမ့်မည်။

“သွားကြစို့။ အပေါ်ကို တစ်ချက်ကြည့်ရအောင် ခေါ်သွားမယ်။”

စိတ်ဝိညာဉ်စမ်းချောင်းပေါ်တွင် ရပ်နေသော ထန်ရှုသည် ကျွန်း၏စိတ်ဝိညာဉ်စွမ်းအားလှုပ်ရှားမှုအား ခံစားနိုင်သောကြောင့် ပြုံးကာ ပြောလိုက်သည်။

မကြာမီ လူအုပ်သည် ရဲတိုက်ရှေ့ရှိ မြေကွက်လပ်သို့ ရောက်ရှိကြသည်။ အကာအကွယ်ထဲမှ လူ၂ယောက်ပေါ်လာကာ ထန်ရှုနှင့် မိုအားဝမ်အား အရိုအသေပေးလိုက်ပြီး ရဲတိုက်အပြင်ဘက်သို့ ထွက်လာကြသည်။

“သူဋ္ဌေး ပြန်လာပြီ။”

“သူတို့က ငါ့သူငယ်ချင်းတွေ။ ဒီမှာ ၂ရက်လောက် နေလိမ့်မယ်။ သူတို့ နေဖို့စားဖို့ ပြင်ဆင်ပေးပါဦး။”

ထန်ရှုက ထိုသူ့အား ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။

“နောက်ပြီး ရီလျန်ယန် အခုဘာလုပ်နေလဲ။ သူမကို လူတစ်ချို့ ခေါ်သွားဖို့ ပြောပြီး သဘောၤမှာ သယ်လာတဲ့ စားစရာတွေနဲ့ လူတိုင်း အချိန်တစ်ခုလောက် သုံးလို့ရမယ့် နေ့စဉ်သုံးပစ္စည်းတွေ သွားသယ်လိုက်လို့။”

မိုအားဝူ ခေါင်းညိတ်ပြီး လူအုပ်ကြီးအား ရဲတိုက်ဆီသို့ ခေါ်သွားသည်။ ထိုအချင်းအရာများကို ကြည့်ပြီး လုံကျန့်ယုနှင့် တွမ်ရတ်ဂီက လေးစားမှုဖြင့် ပင့်သက်ရှိုက်လိုက်သည်။

“ငါလည်း ချမ်းသာရင် ကျွန်းတစ်ကျွန်းလောက် ဝယ်ချင်တယ်။” လုံကျန့်ယုက ခါးသီးသောအမူအရာဖြင့် ပြောလိုက်သည်။

တွမ်ရတ်ဂီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်လှုပ်ရှားသောအမူအရာဖြင့် သက်ပြင်းချကာ

“သည်ကျွန်းက သေချာပေါက် တန်ဖိုးနည်းမှာ မဟုတ်ဘူး။ ငါ့လက်ထဲမှာ ပိုက်ဆံအချို့ရှိရင်တောင် ဒီလိုကျွန်းမျိုးကို ဝယ်ပြီး ပြန်လည်တည်ဆောက်ရေးသာ လုပ်ရရင် ငါ့မှာ ရှိသမျှ ပြောင်သလင်းခါသွားမယ့်အပြင် လုံလောက်မှာကို မဟုတ်ဘူး။ နို့မဟုတ်လို့ကတော့ ဝယ်ချင်ပါသေးတယ်။”

“ကျွန်တော်က ကံကောင်းချင်တော့ ဒီကျွန်းကို ဝယ်တာ ၂.၅ဘီလီယံပဲ သုံးလိုက်ရတယ်။” ထန်ရှုက ပြုံးကာ ဝင်ပြောသည်။

“၂.၅ဘီလီယံပဲ ဟုတ်လား။”

လုံကျန့်ယုနှင့် တွမ်ရတ်ဂီတို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကာ ခေါင်းယမ်းလိုက်ကြရင်း မချိပြုံး ပြုံးမိသည်။ ထန်ရှု ချမ်းသာမှန်း သူတို့ ရှင်းရှင်းလင်းလင်း ကောင်းစွာ သိထားကြသော်လည်း ၂.၅ဘီလီယံသည် သူ၏မျက်လုံးထဲတွင် ပမာဏအနည်းငယ်သာ ရှိမည်ဟု သူတို့ မည်သည့်အခါမျှ မထင်ထားခဲ့မိကြပေ။

သို့သော်လည်း ကျွန်းအား ပြန်လည်တည်ဆောက်ရန် ၂၀ဘီလီယံ ရင်းနှီးမြှုပ်နှံသည်ကို ပြန်လည်တွေးကြည့်လိုက်သောအခါ လုံကျန့်ယုနှင့် တွမ်ရတ်ဂီတို့နှစ်ယောက်အား ရင်ကွဲပက်လက် ဖြစ်စေသည်။ သူတို့မှာမူ ၂၀ဘီလီယံအသာထား ၂ဘီလီယံပင်လျှင် သူတို့အား အလဲထိုးနိုင်ပေသည်။

လုံမိသားစု ချမ်းသာကောင်း ချမ်းသာမည် သို့သော် ထိုအရာသည် လုံကျန့်ယု ပိုင်ဆိုင်မှုချည်းသာ မဟုတ်သကဲ့သို့ တွမ်ရတ်ဂီ၏ချမ်းသာမှုသည်လည်း ထိုနည်းလမ်းကောင်းပင်။

“နှိုင်းယှဉ်နေတာက မနှစ်မြို့စရာပါပဲလေ။”

လုံကျန့်ယုက ထုတ်ကာညည်းလိုက်ပြီး ထန်ရှုဘက်သို့ လှည့်ကြည့်လိုက်သည်။

“အရင်ဆုံး အနားမယူသေးဘဲ ငါတို့ကို ကျွန်းတစ်ပတ် လိုက်ပြပါလား။ ငါတို့ ဒီတစ်ည ဒီမှာနေမယ်။ မနက်ဖြန် ချက်ချင်းပြန်ပြီး စီစဉ်ရမှာတွေကို ပြီးပြည့်စုံအောင် လုပ်မယ်။ ဒီ၂လအတွင်း ကြိုတင်လုပ်ဆောင်ရမှာတွေကို အပြီးသတ်လုပ်ဆောင်နိုင်မယ်ဆိုရင် ငါတို့ ဒီပြုပြင်တည်ဆောက်ရေးလုပ်ငန်းမှာ တရားဝင် ရင်းနှီးမြှုပ်နှံနိုင်ပြီ။”

“ငါ ရေးဆွဲထားတဲ့ ပြန်လည်တည်ဆောက်ရေးပုံမှာ အနီရောင်အမှတ်အသားအချို့လုပ်ထားတာတွေ ရှိတယ်။ အဲ့ဒီနေရာတွေကို မပြောင်းလဲဘူး။ အဲ့ဒီအချိန် ငါ လူတစ်ချို့လွှတ်ပြီး ဒီနေရာတွေကို စောင့်ကြပ်ခိုင်းထားမယ်။ ကျွန်းပေါ်က အလုပ်သမားတွေတောင်မှ အဲ့ဒီနေရာတွေကို ဝင်ခွင့်မရှိဘူး။ ကျွန်းရဲ့ကျန်တဲ့အပိုင်းတွေကတော့ ကျွန်းပေါ်မှာရှိတဲ့ သစ်ပင်တွေကို အလွန်အကျွံ မဖျက်ဆီးဖို့ ကြိုးစားပေးပါ။ ပြန်လည်တည်ဆောက်ရေးနောက်ပိုင်းကာလကျရင် အခြားနေရာက သစ်ပင်တွေကို ဒီမှာ ရွှေ့စိုက်ဖို့အတွက် မင်းတို့ကို တောင်းဆိုပါမယ်။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။

“စိတ်ချထားလိုက်။” လုံကျန့်ယုက ခေါင်းညိတ်သည်။

နေဝင်ဆည်းဆာအချိန်သို့ ရောက်သောအခါ ထန်ရှုက လူတိုင်းအား ကမ်းရိုးတန်းပေါ်ရှိ စိတ်ဝိညာဉ်စမ်းချောင်းတစ်ခုပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ လုံကျန့်ယုမှာ ကမ်းနံဘေးတွင် ကျောက်ချထားသော သဘောၤ၃စင်းအား မြင်သောအခါ အံ့သြနေရသကဲ့သို့ တွမ်ရတ်ဂီသည်လည်း ထိုသဘောၤများပေါ်တွင် တပ်ဆင်ထားသော လက်နက်များကို ကြည့်ကာ တအံ့တသြဖြင့်  ကြက်သေသေနေသည်။

“မစ္စတာထန်… ဒီတိုက်ပွဲဝင်သဘောၤက ဘယ်လိုဖြစ်ပြီး မင်းဆီမှာ ရှိနေတာလဲ။ ကြည့်ရတာ ရှေးကျပေမယ့် အသုံးဝင်နေသေးတယ်။”

“ကျွန်တော်တို့ ဒီကျွန်းကို လက်ခံဖို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က လာတော့ ဓားပြတစ်ဖွဲ့က ကျွန်းကို အပိုင်စီးထားတယ်လေ။ ကျွန်တော်နဲ့ ကျွန်တော့်လူတွေက ဓားပြတွေကို သတ်ပြီး သည်နေရာကို ရှင်းလင်းထားရတာ။ ဒီသဘောၤ၃စင်းက ကျွန်တော်တို့ သိမ်းလို့ရခဲ့တာတွေ။” ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“ဓားပြတွေဟုတ်လား။ ဒီအနီးနားမှာ ကျက်စားနေတဲ့ဓားပြတွေ တကယ်ရှိတယ်။ ဒါပေမယ့် သူတို့က အရမ်းသန်မာလွန်းလို့ ဂျပန်နဲ့ အမေရိကန်အစိုးရ ပူးပေါင်းပြီး သူတို့တွေကို အကြိမ်ပေါင်းများစွာ နှိမ်နင်းပေမယ့် ကျရှုံးခဲ့တယ်။ ဓားပြအုပ်စုတစ်စုဆိုရင် ဆယ်စုနှစ်အနည်းငယ်အတွင်း လူအယောက်၂၀၀ကျော်တောင် ရှိလာခဲ့တာ။ သူတို့ရဲ့လုံလောက်တဲ့ လက်နက်တွေနဲ့ ဒီပင်လယ်ပြင်ဒေသမှာ သေချာပေါက် အုပ်စိုးမင်းမူလာတာပေါ့။ ဒါနဲ့ မစ္စတာထန် … မင်း ချေမှုန်းလိုက်တာ ဘယ်ဓားပြအဖွဲ့လဲ။”

“သွေးငါးဓားပြအဖွဲ့။”

ထန်ရှုက အေးဆေးစွာ ပြောသည်။

“ဘာ…”

မျက်နှာထက်တွင် အပြောင်းအလဲကြီးတစ်ခုနှင့်အတူ တွမ်ရတ်ဂီက အံ့သြစွာ ရေရွတ်လိုက်သည်။

“သွေးငါးအဖွဲ့ကို မင်း တကယ်ပဲ ချေမှုန်းလိုက်တာလား။ အဲ့ဒီအဖွဲ့က ဒီပင်လယ်ပြင်ဒေသမှာ အကြီးဆုံးဓားပြအဖွဲ့ပဲ။ အိုး…ဘုရားသခင်။ အဲ့ဒီဒက်ဖ်စကိုင်းဆိုတဲ့လူက မကောင်းသတင်းနဲ့ကျော်ဇောတဲ့ ဓားပြခေါင်းဆောင်တစ်ယောက်ပဲ။ ရက်စက်တယ်။ အကြင်နာကင်းမဲ့တယ်။ စိတ်ကြီးဝင်တာထက်ကို ပိုတယ်။ ဒါပေမယ့် ဒုတိယခေါင်းဆောင် အင်ဂီလန်က သူ့ထက်ပိုပြီး ရက်စက်ပြီး အညှာအတာကင်းမဲ့တယ်။ တစ်ခါတုန်းက အာဖရိကတောအုပ်ထဲမှာ အင်ဂီလန်နဲ့ ငါ တစ်ခါ တိုက်ခိုက်ဖူးတယ်။ အဲ့ဒီတုန်းက သူက အမေရိကန်ရေတပ်က ထူးချွန်တဲ့ စစ်သားတစ်ယောက်ပဲ။”

“ဟမ်…” ထန်ရှုက အံ့အားသင့်စွာဖြင့် “ခင်ဗျားက သူတို့နဲ့ ရင်းနှီးတာလား။”

သတ်ဖြတ်လိုသောစိတ်သည် တွမ်ရတ်ဂီ၏မျက်ဝန်းများထဲတွင် ပေါ်လာပြီး ခေါင်းညိတ်လိုက်ကာ

“ရင်းနှီးတာထက်ကို ပိုတယ်။ ငါ အမုန်းဆုံးနဲ့ အသတ်ချင်ဆုံးသူတွေပဲ။ ဒက်ဖ်စကိုင်းက ငါအနှစ်သက်ဆုံး အမျိုးသမီးကို သတ်သွားတယ်။ သူမက ငါ ထွက်ပြေးနေရစဉ်အတွင်း နှစ်ပေါင်းများစွာ ငါ့နောက်ကလိုက်ခဲ့တာ။ ဒါပေမယ့် ငါ့ရဲ့ရင်အုံက ကျည်ဆံရာက အင်ဂီလန် ချန်ထားခဲ့တဲ့ဒဏ်ရာပေါ့။ ငါ့နှလုံးကို ထိဖို့ စင်တီမီတာဝက်ကျော်ကျော်လောက်ပဲ လိုတော့တယ်။”

“သူတို့အားလုံး သေကုန်ကြပါပြီ။ ကျွန်တော်တို့ ဒက်ဖ်စကိုင်းကို ပြန်ပေးဆွဲပေမယ့် အင်ဂီလန်က ပစ်သတ်လိုက်တယ်။ သူ့ကိုတော့ ကျွန်တော် သတ်ပစ်လိုက်တယ်။”

ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။

ထန်ရှုအား ဦးညွှတ်လိုက်ရင်း တွမ်ရတ်ဂီက

“မစ္စတာထန်… မင်း သူတို့ကို သတ်လိုက်တာဟာ စဉ်းစားကြည့်ရင် ငါ့ရန်ငြိုးအတွက် ကူညီပေးလိုက်သလိုပါပဲ။ တွမ်က မင်းအပေါ်မှာ အကြွေးတင်နေတယ်လို့ သတ်မှတ်ထားပေးပါ။ ဒီကျွန်းကို ပြန်လည်တည်ဆောက်ရာမှာ အခမဲ့ကူညီပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။ မင်းဆီက ပိုက်ဆံမယူဘူး။”

“မရဘူး။” ခေါင်းကိုယမ်းကာ တုံ့ပြန်ရင်း ထန်ရှုက ပြုံးလျက်

“ကိုယ်ရေးကိုယ်တာ သူငယ်ချင်းဆိုတာ အသာထား။ ကျွန်တော်တို့က စီးပွားဖက်တွေလေ။ ကျွန်တော်တို့ ရှာနိုင်သလောက် စီးပွားရှာရမှာပေါ့။ နောက်ပြီး ဒီနေရာက ဆိုင်ပန်နဲ့ ဝေးတယ်ဆိုပေမယ့်လည်း အနီးဆုံးနေရာတစ်ခုလို့လည်း ပြောနိုင်တယ်။ ကျွန်တော့်လူတွေ ဆိုင်ပန်ကို ဖြတ်တဲ့အခါ နောက်ပိုင်းကျ ခင်ဗျားအကူအညီလိုလိမ့်မယ်။ အဲ့ဒီအခါကျရင် သူတို့ကို မငြင်းပယ်ပါနဲ့ဗျာ။”

တွမ်ရတ်ဂီက ခေါင်းညိတ်လျက်

“မစိုးရိမ်ပါနဲ့။ မင်းက မိုအားဝမ်ရဲ့သူဋ္ဌေးဖြစ်သလို သူငယ်ချင်းတစ်ယောက်လည်း ဖြစ်တယ်။ မျက်နှာသာပေးတဲ့အနေနဲ့ နောက်ပိုင်း မင်း တစ်ခုခု လိုအပ်လာရင် ငါ့ကို လွတ်လွတ်လပ်လပ် ခေါ်နိုင်တယ်။”

ထန်ရှုက ခပ်ဖွဖွပြုံးလိုက်ပြီး အတွေးများတွင် နစ်မြှုပ်နေသော လုံကျန့်ယုအား ကြည့်လျက်

“ငါတို့တတွေ သူတို့တွေကို သတ်လိုက်တာ မှားတယ်လို့ တွေးနေတာလား။”

လုံကျန့်ယုက အောင့်သက်သက်ပြုံးလိုက်ရင်း

“အမှန်တိုင်းပြောရရင် လူတွေသတ်တဲ့ ခံစားမှုကို ငါ မသိဘူး။ အနီရောင်အလံအောက်မှာ ကြီးပြင်းပြီး ခေတ်သစ်မှာ နေထိုင်တယ်။ ငါက ပုံမှန်တော့ ပုန်ကန်သူတစ်ယောက်ပါ။ ပိုးထည်ဘောင်းဘီတွေ ဝတ်ဆင်ပြီး စိတ်ကြီးဝင်တဲ့၊ ဗီလိန်တွေကို မြှောက်စားတဲ့ သူဋ္ဌေးသား။ မင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တာက နုနယ်တဲ့အပင်တွေကို ပြုစုပျိုးထောင်တဲ့မှန်လုံအိမ်အတွင်းထဲက ပန်းတစ်ပွင့်လို နေရတာကို ငါ နှစ်သက်တယ်။”

သွေးဓားပြများအသတ်ခံရသည်ကို ကြားသဖြင့် စိတ်ခံစားမှုကောင်းနေသော တွမ်ရတ်ဂီက တစ်ချက်ပြုံးကာ စကားဝင်ပြောလိုက်သည်။

“မှန်လံအိမ်ထဲက ပန်းတစ်ပွင့်လိုဖြစ်ချင်တယ်က အတော်ကြီး မိန်းမဆန်လွန်းပါတယ်ကွာ။ ငါ့အတွက်တော့ လောကကြီးရဲ့အမှောင်ကို မတွေ့ကြုံဖူးဘူးဆိုရင် ဒါမှမဟုတ် သွေးလွှမ်းပြီး ရက်စက်တဲ့စစ်ပွဲတွေကို မဆင်နွှဲဖူးသေးဘူးဆိုရင် အဲ့ဒီယောကျာ်းတစ်ယောက်ဟာ ကလေးလေးတစ်ယောက်နဲ့တူတယ်လို့ ငါတွေးတယ်။”

ကလေးလေး…

သူ၏နှာခေါင်းကို ထိလျက် လုံကျန့်ယုသည် ကသိကအောက်နှင့်ကူကယ်ရာမဲ့နေသည့်ဟန်ရှိသည်။

ထန်ရှုက တဟားဟား ရယ်လိုက်ရင်း စကားအကြောင်းအရာအား ပြောင်းလဲလိုက်သည်။ သူက အနီးနားရှိ ပင်လယ်ပြင်အား ညွှန်ပြလိုက်ပြီး

“ကမ်းခြေမှာ လေယာဉ်ကွင်းနဲ့ လေယာဉ်ပြေးလမ်းကို ဆောက်ချင်တယ်ဆိုရင် ဘယ်လောက်ကုန်ကျနိုင်လဲ ကျွန်တော့်ကို ပြောပါဦး။”

လုံကျန့်ယုက ခေါင်းယမ်းလျက်

“ဒီလိုစီမံကိန်းတစ်ခု မလုပ်ဖူးတော့ ငါ မဖြေနိုင်ဘူး။”

တွမ်ရတ်ဂီက မျက်လုံးများလက်ကာ သူ၏မေးစေ့အား ပွတ်နေသည်။ မိနစ်ဝက်ကြာပြီးနောက်

“ငါတို့ ကမ်းခြေကနေ မီတာရာပေါင်းများစွာ ရှည်တဲ့ လေယာဉ်ပြေးလမ်းတစ်ခုနဲ့ လေယာဉ်ကွင်းတစ်ခု ဆောက်ဖို့ သံမဏိဆောက်လုပ်ရေးပစ္စည်းတွေကို သုံးမယ်ဆိုရင် ကနဦးခန့်မှန်းထားတာထက် ဘီလီယံများစွာ ကုန်ကျစရိတ်တက်သွားလိမ့်မယ်။ ငါ့ရဲ့ပထမဆုံးခန့်မှန်းမှုက ၃ဘီလီယံကျော်မယ်။ အဓိက ကုန်ကျစရိတ်က အလုပ်သမားခတွေပဲ။”

ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

“နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရေးကို အရင်စလုပ်မယ်။ အဲ့ဒီဟာ ပြီးပြည့်စုံတဲ့အခါမှ လေယာဉ်ကွင်းနဲ့ လေယာဉ်ပြေးလမ်းကို ဆောက်ဖို့ ပြန်ပြီး ဆွေးနွေးကြတာပေါ့။”

တွမ်ရတ်ဂီက ခေါင်းယမ်းလိုက်ပြီး

“မစ္စတာ ထန်… လေယာဉ်ကွင်းနဲ့ လေယာဉ်ပြေးလမ်းကို အရင်ဆောက်တာ အကောင်းဆုံးလို့ ငါ ပြောချင်တယ်။”

“ဘယ်လိုကြောင့်လဲ။” ထန်ရှုက ပြန်မေးသည်။

“ဆောက်လုပ်ရေးတစ်ခု စပြီဆိုတာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ယူရတာ ပမာဏများလိမ့်မယ်။ ပင်လယ်ရေကြောင်းလမ်းနဲ့ပဲ သယ်မယ်ဆိုရင် သဘောၤတင်တဲ့စရိတ်က တစ်ခေါက် တစ်ခေါက်ကို တအားများနေမှာလေ။ အချိန်လည်း ကြာမယ်။ ဒါပေမယ့် ငါတို့ လေကြောင်းလမ်းကိုပါ အသုံးပြုရင် ပစ္စည်းသယ်တဲ့ အမြန်နှုန်းလည်း မြင့်လာမယ်။ သဘောၤတင်တဲ့စရိတ်လည်း လျော့သွားလိမ့်မယ်။”

ထန်ရှု အံ့အားသင့်သွားပြီးမှ လက်ခုပ်တီးလိုက်ရင်း

“ခင်ဗျား မှန်တယ် မစ္စတာတွမ်။ လေကြောင်းသယ်ယူရေးက ရေကြောင်းပို့ဆောင်ရေးထက် အမှန်တကယ်ကို ပိုပြီးသင့်တော်တယ်။ ကျွန်တော်တို့ ဆိုင်ပန်ကနေ သဘောၤထွက်မယ်ဆိုရင် ဒီကိုရောက်ဖို့ နာရီများစွာ အချိန်ယူရတယ်မဟုတ်လား။ လေယာဉ်နဲ့သာ တစ်နေ့ကို ခေါက်ရေအချို့ သယ်ယူပို့ဆောင်နိုင်မယ်ဆိုရင် သယ်ယူမှုအမြန်နှုန်းက ရေကြောင်းကို သုံးတာထက် သေချာပေါက် အဆများစွာ မြန်လာမှာပဲ။”

ထန်ရှုက မိုအားဝမ်ဘက် လျင်မြန်စွာ လှည့်လိုက်ပြီး

“ကုန်တင်လေယာဉ်တွေ မှာဖို့ ခင်ဗျားမှာ နည်းလမ်းရှိလား အားဝမ်။ ကျစ်ကျစ်လစ်လစ် ကြံ့ခိုင်ပြီး ကောင်းမွန်စွာ သယ်ယူနိုင်တဲ့ ကုန်တင်လေယာဉ် အရည်အသွေးကောင်းတာမျိုးလေ။”

“ထွဋ်ခေါင်လေကြောင်းနည်းပညာကုမ္ပဏီကတော့ ခရီးသည်တင်လေယာဉ်နဲ့ ကုန်တင်လေယာဉ် စီးပွားရေးကို လုပ်တယ်။ အဲ့ဒီကုမ္ပဏီက ဒုဥက္ကဋ္ဌ ဘလိန်းဒွန်ရဲ့ ဖုန်းနံပါတ်ရှိတယ်။” မိုအားဝမ်က ပြောသည်။

“အများဆုံး တန်ကြေး ဘယ်လောက်လောက်ရှိလဲ။” ထန်ရှုက မေးသည်။

“မပြောတတ်ဘူး။” မိုအားဝမ်က ခေါင်းခါသည်။ “အရင်တုန်းက ကုန်တင်လေယာဉ် မဝယ်ဖူးဘူး။ ငါ ဘလိန်းဒွန်ကို ဆက်သွယ်လိုက်ရမလား။”

***

All Chapters