ဓားတာအိုဆွေးနွေးခြင်း၊ ဘိုဘေးမှော်ဆရာ၏သွေးနှစ်
Vol. 18 Ch. 221
အခန်း (၂၂၁) ဓားတာအိုဆွေးနွေးခြင်း၊ ဘိုဘေးမှော်ဆရာ၏သွေးနှစ်
“မင်းကျင့်ကြံမှုကို ငါမမြင်နိုင်ပါလား၊ လက်ရည်စမ်းကြရအောင်” ကျန်းယီက စိတ်အားထက်သန်တဲ့အကြည့်နဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါက မင်းပြိုင်ဘက်မဟုတ်ဘူး၊ ကိုယ့်အရှက်ရမဲ့အလုပ်ကို မလုပ်ချင်ဘူး”
ကျန်းယီဟာ ဟန်ကျွယ်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ် “ဒါဆိုရင်လည်း တာအိုအကြောင်း ဆွေးနွေးကြရအောင်၊ မင်းရဲ့ ဓားတာအိုအရည်အချင်းက မဆိုးမှတော့ ငါနဲ့ဆွေးနွေးနိုင်တယ်”
‘သေစမ်း... တော်တော်ဘဝင်မြင့်တာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီကို တစ်ချက်တည်းနဲ့ မသတ်နိုင်တာကြောင့်သာ ငြိမ်နေတာပါ။ မဟုတ်ရင် ကျန်းယီနဲ့ တိုက်ခိုက်ဖြစ်မှာ ကျိန်းသေပါတယ်။
“ကောင်းပြီလေ”
အဲဒီနောက် သူတို့နှစ်ဦးဟာ ဟင်းလင်းပြင်မှာ မျက်နှာချင်းဆိုင် တင်ပလ္လင်ခွေထိုင်လိုက်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ ကျန်းယီက သူ့ဓားတာအိုအကြောင်း စပြောပါတယ်။
ကျန်းယီရဲ့ ဓားတာအိုက ပြင်းထန်တဲ့ အရှိန်အဟုန်ကို ဦးတည်တာပါ။ ကျန်းယီဟာ သူ့ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး တစ်ဖက်လူကို ဖိနှိပ်ကာ တဟုန်ထိုးစွမ်းအားထုတ်ပြီး ရန်သူကို သုတ်သင်ပါတယ်။ ကျန်းယီဟာ ကမ္ဘာရဲ့စွမ်းအားကို စုစည်းပြီး ကောင်းကင်တာအိုရဲ့စွမ်းအားကို ငှားယူတိုက်ခိုက်လေ့ရှိပါတယ်။
ဟန်ကျွယ်ဟာ ကျန်းယီရဲ့ ဓားတာအိုအကြောင်းကို ဂရုတစိုက်နားထောင်ပြီး တော်တော်လေး အကျိုးအမြတ်ရလိုက်ပါတယ်။ ပြောရမယ်ဆိုရင် ကျန်းယီက တကယ်စွမ်းအားကြီးတာပါ။ အရည်အချင်းမှာတင် တစ်ခြားသူတွေထက် အများကြီးသာပါတယ်။ လုံဟောင်ရဲ့ အရည်အချင်းက ကြောက်ဖို့ကောင်းတယ်ဆိုပေမဲ့ သိမြင်နာလည်းမှု အားနည်းပြီး အစကတည်းက ကိုယ်ပိုင်တာအို ဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး။
ကျန်းယီဟာ ခြောက်နှစ်ကြာ သူ့ဓားတာအိုအကြောင်း ပြောပြပါတယ်။ ဒီအတောအတွင်း ကျန်းယီဟာ သူ့ဓားတာအိုကို ပြန်သုံးသပ်ပြီး မျိုးတူတွေကို စုစည်းပါတယ်။
ဒီလိုနဲ့ ဟန်ကျွယ်ပြောရမဲ့ အလှည့်ရောက်လာပါတယ်။ ဟန်ကျွယ်ရဲ့ဓားတာအိုက ပေါက်ကွဲစွမ်းအားကို ဦးတည်ရုံသာမက ကြာရှည်ထိန်းထားမှုကိုလည်း ဦးတည်ပြီး ကျန်းယီရဲ့ ဓားတာအိုထက် ပိုနက်ရှိုင်းပါတယ်။
မကြာခင်မှာပဲ ကျန်းယီဟာ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ ဓားတာအိုနားလည်မှုက တော်တော်လေးနက်ရှိုင်းနေတာကို ရှာတွေ့သွားလို့ပါပဲ။
‘ဒီကောင်လေးက သာမန်မဟုတ်ဘူးပဲ’
ဟန်ကျွယ်ကလည်း ဓားတာအိုကို ခြောက်နှစ်ကြာ ဟောပြောပါတယ်။
ကျန်းယီက ချီးကျူးလိုက်ပါတယ် “မင်းရဲ့ ဓားတာအိုအရည်အချင်းက လောကမှာ ထိပ်ဆုံးသုံးယောက်စာရင်း ဝင်တယ်”
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ဒါဆိုရင် မင်းက လောကနံပါတစ်ပဲ”
ကျန်းယီဟာ ဟန်ကျွယ်စကားကို ငြင်းပယ်ခြင်းမပြုဘဲ ယုံကြည်ချက်အပြည့်နဲ့ ပြုံးလိုက်ပါတယ်။
[ကျန်းယီသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
ဒီအသိပေးချက်ကြောင့် ဟန်ကျွယ်ဟာ သွေးအန်လုနီး ဖြစ်သွားပါတယ် ‘ဒီကောင်က တကယ်အရှက်မရှိတာပဲ’
အဲဒီနောက် ဟန်ကျွယ်နဲ့ ကျန်းယီဟာ စကားနည်းနည်းထပ်ပြောကြပြီးမှ လမ်းခွဲလိုက်ကြပါတယ်။ ကျန်းယီလည်း ပြန်သွားသလို ဟန်ကျွယ်ကလည်း ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
“သခင်... နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ ကျွန်မမှာဖြင့် လန့်သွားတာပဲ” ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ဆီ အမြန်ရောက်လာပြီး ပြောလိုက်ပါတယ်။
ဒါဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ အချိန်အကြာကြီး ဟန်ကျွယ်ဟာ ပထမဆုံးအကြိမ် ထွက်မိတာပါ။ ဒီကိစ္စက တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကို တော်တော်လေး လန့်ဖျပ်သွားစေပါတယ်။ သူတို့ဆရာသခင် ကောင်းကင်မှာ ရှိနေတယ်လို့ ရွှေကျီးကန်းကသာ မပြောခဲ့ရင် တိတ်ဆိတ်ဂိုဏ်းရဲ့တပည့်တွေ အကုန်လုံး ဝရုန်းသုန်းကား ဖြစ်ကုန်မှာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဘာကြောက်စရာရှိလို့လဲ၊ ငါ ထွက်ပြေးရင် မင်းကို ကျိန်းသေပေါက် အပါခေါ်သွားမှာ”
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ဝူတောက်ကျန့်ရဲ့ မျက်လုံးတွေက နီရဲနေတာကို တွေ့သွားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဝူတောက်ကျန့်က သူ့ကို တော်တော်လေး စိုးရိမ်နေတာဆိုတာ သိသာလှပါတယ်။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကြောင့် နှုတ်ခမ်းမဲ့ပြီး ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာထိုင်ပြီး ကျန်းယီရဲ့ ဓားတာအိုကို ပြန်စဉ်းစားပါတယ်။ နောက်ထပ်နှစ်နှစ်ကြာ စဉ်းစားသုံးသပ်ပြီးမှ ဟန်ကျွယ်ဟာ စတင်ကျင့်ကြံ အားထုတ်ပါတယ်။
ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် အလယ်အဆင့်ကို ရောက်ဖို့က အချိန်အကြာကြီး ယူရအုန်းမှာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ပြေလက်ပျောက် မနေရဲပါဘူး။ ဟန်ကျွယ်သာ နေ့တိုင်း ၂ နာရီလျှော့ပြီး ကျင့်ကြံအားထုတ်မယ်ဆိုရင် တစ်နှစ်ဆို နာရီပေါင်း ၇၃၀ လျော့နည်းသွားမှာပါ။ ဒီလိုသာ နှစ်တစ်ရာဖြစ်သွားမယ်ဆိုရင်...။
ဟန်ကျွယ်ဟာ အချိန်တွေကို ဒီလိုမဖြုန်းရဲပါဘူး။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၅၉၂၂၁
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံမိပြီး အခွင့်အရေးတစ်ခု ရရှိသွားသည်။]
[သင့်တပည့် စုချီ၏ ကြမ္မာဆိုး ဖြန့်ကျက်မှုကြောင့် သင့်ရန်သူ တာအိုသခင်တန်ချင်း ပျက်စီးသွားပြီး သူ့ပဓာနဝိညာဉ်သည် ပြန်လည်မွေးဖွားရာ စက်ဝန်းထဲသို့ ဝင်ရောက်သွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် တာအိုဂိုဏ်း၏ ကျယ်ကျောင်းတော်သို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် နတ်ရွှေကျီးကန်းမျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၄
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် သင့်မိတ်ဆွေ သိဟုန်ယဲ့နှင့် ကျန်းယီ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်သွားသော်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။]
နတ်ဆိုးရုံးတော်နဲ့ ကောင်းကင်ရုံးတော်ရဲ့ စစ်ပွဲက ပြီးဆုံးခါနီးနေပါပြီ။ အရင်တုန်းကလောက် အပြင်းအထန် မတိုက်ခိုက်ကြတော့ပါဘူး။ ဒါပေမဲ့ နတ်ရွှေကျီးကန်းမျိုးနွယ်စုနဲ့ ရှန်နန်းတော်ကတော့ အပြင်းအထန် တိုက်ခိုက်နေကြတုန်းပါပဲ။
ဓားနတ်ဧကရာဇ်က တော်တော်လေး ကရုဏာသက်စရာပါ။ ရန်သူတွေ တစ်ချိန်လုံး ဝိုင်းတိုက်တာပဲ ခံနေရပါတယ်။
ဟန်ကျွယ်ဟာ ဒီစာတွေဖတ်ပြီး သူ့လက်အောက်မှာရှိတဲ့ ရွှေကျီးကန်းနှစ်ကောင်ကို မတွေးဘဲ မနေနိုင်ပါဘူး ‘ကြည့်ရတာ ငါ ဒီနှစ်ကောင်ကို ပြိုးထောင်ရမယ်၊ နတ်ရွှေကျီးကန်းမျိုးနွယ်စုရဲ့ တိုက်ခိုက်နိုင်စွမ်းက တော်တော် ကြောက်ဖို့ကောင်းတယ်’
ဒီလိုနဲ့ ခုနစ်လရှစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ ပြီးဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်ကို လမ်းလျှောက်ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး ရွှေကျီးကန်းနှစ်ကောင်ကို မော့ကြည့်ကာ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းတို့တွေ ဆန်းကြယ်စွမ်းအား သင်ချင်လား”
ဟန်ကျွယ်အမေးကြောင့် ရွှေကျီးကန်းနှစ်ကောင်ဟာ ကျေနပ်အံအားသင့်သွားပြီး မြေကြီးပေါ်ဆင်းသက်ကာ လူသားအသွင် ပြောင်းလဲလိုက်ပါတယ်။
အာတက လူငယ်တစ်ယောက်အသွင် ပြောင်းလဲသွားပြီး ရှောင်အာကတော့ မိန်းကလေးတစ်ယောက်အသွင် ပြောင်းလဲသွားပါတယ်။ သူတို့နှစ်ဦးရဲ့ ရုပ်ရည်ဟာ အသက် ၁၄ နှစ် ၁၅ နှစ်အရွယ်ပဲ ရှိကြပါသေးတယ်။ နတ်ရွှေကျီးကန်းမျိုးနွယ်စုအတွက်တော့ သူတို့နှစ်ဦးက တော်တော်လေးကို ငယ်သေးတာပါ။
“သခင်... ကျွန်တော်တို့ကို ဘာဆန်းကြယ်စွမ်းအား သင်ပေးမှာလဲ” အာတက စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး တိမ်ကျွမ်းထိုးကို အရင်ဆုံးသင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီဆန်းကြယ်စွမ်းအားက သေမျိုးကမ္ဘာမှာ ကျင့်ကြံဖို့ မသင့်တော်ပါဘူး။
“ဟင်းလင်းပြင်ကို သွားကြရအောင်” ဟန်ကျွယ်က အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ်။
လုံဟောင်က ချက်ချင်းပဲ ပြောလိုက်ပါတယ် “ဆရာသခင် ကျွန်တော်လည်း သွားချင်တယ်”
ခေါင်းငါးလုံး မြွေနဂါးဘုရင်ကလည်း မတ်တတ်ရပ်လိုက်ပါတယ် “ကျွန်တော်ရောပဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆိုရင် အတူသွားကြတာပေါ့၊ တစ်ခြားသူတွေကတော့ ကောင်းကင်ဘုံဝင်အဆင့် ကျော်အောင် မြန်မြန်ကျင့်ကြံကြ”
အဲဒီနောက် ဟန်ကျွယ်ဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ အာတ၊ ရှောင်အာ၊ လုံဟောင်၊ ခေါင်းငါးလုံးမြွေနဂါးဘုရင်တို့ဟာ ဟန်ကျွယ်နဲ့အတူ ပျောက်ကွယ်သွားပါတယ်။
ချူရှီရန်၊ ရွှင်ချန်အန်း၊ ကျိုးမင်ယွဲ့၊ မုရုံချီ၊ ထူလင်းအာ၊ ငရဲကြက်နက်နဲ့ ဝူတောက်ကျန့်တို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
“သေစမ်း... ငါ အဆင့်မြန်မြန် ထိုးဖောက်ရမယ်” ငရဲကြက်နက်က အော်ပြောလိုက်ပါတယ်။
ကျိုးမင်ယွဲ့နဲ့ ထူလင်းအာက ခေါင်းညိတ်လိုက်ပါတယ်။ သူတို့တွေဟာ အပြင်ထပ်မထွက်ဘဲ ကျင့်ကြံမှုကိုပဲ စူးစူးစိုက်စိုက် အားထုတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်တို့တွေ ပြန်ရောက်လာပါတယ်။ ပြန်ရောက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာနဲ့ ရှင်းဟုန်ရွှမ်တို့ဆီသွားပြီး တာအိုအကြောင်း ရှင်းပြပါတယ်။
ဒီလိုနဲ့ နောက်ထပ်နှစ်ဝက် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကိုပြန်ပြီး အားထုတ်ဖို့ ပြင်လိုက်ပေမဲ့ မုန့်ပေါ်ရဲ့အသံကို နားထဲမှာ ကြားလိုက်ရပါတယ် “မိတ်ဆွေလေး အောက်ကို ခဏဆင်းလာလို့ရမလား”
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ငရဲပြည်ကို ခုန်ဆင်းလိုက်ပါတယ်။
မေ့လျော့ခြင်းတံတားကို ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စွပ်ပြုတ်တိုက်နေတဲ့ မုန့်ပေါ်ကို တွေ့လိုက်ရပါတယ်။ မုန့်ပေါ်က အသံလွှင့်ပြီး စကားပြောပါတယ် “ထူလင်းအာ ပြဿနာတက်ဖို့များတယ်၊ နတ်ဆိုးရုံးတော်က သူ့တည်ရှိမှုကို သိနေတယ်”
“စီနီယာတို့တွေက နတ်ဆိုးရုံးတော်နဲ့ ရန်ငြိုးရန်စ ရှိလို့လား” ဟန်ကျွယ်က အသံလွှင့်ပြီး ပြန်မေးလိုက်ပါတယ်။ မုန့်ပေါ်စကားကြောင့် ဟန်ကျွယ်ရင်ထဲမှာ ပဟေဠိများစွာ ဖြစ်ပေါ်လာပါတယ်။
“နတ်ဆိုးနဲ့ မှော်ဆရာတွေက ကမ္ဘာမကျေတဲ့ရန်သူတွေပဲ၊ တစ်ဖက်က မသေမချင်း တစ်ဖက်က ရပ်မှာ မဟုတ်ဘူး၊ နတ်ဆိုးရုံးတော်က မှော်မျိုးနွယ်စုကို လုံးဝ ပြန်လာခွင့်ပြုမှာ မဟုတ်ဘူး၊ သူတို့တွေက လင်းအာကို ရှင်းပစ်ဖို့ နည်းလမ်းမျိုးစုံ သုံးလိမ့်မယ်၊ ငါ့မှာ နတ်လက်နက်တစ်ပါးရှိတယ်၊ မင်း ဒါကို ထူလင်အားဆီ တစ်ဆင့်ပေးပေးပါ၊ ငါ မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ၊ ငါ့ဆီမှာရှိတဲ့ ပစ္စည်းနှစ်ခုထဲက တစ်ခုရွေးလို့ရတယ်”
“ပထမတစ်ခုက မှော်မျိုးနွယ်စုရဲ့ ခန္ဓာကြံ့ခိုင်စေတဲ့ ပညာရပ်ပဲ၊ ဒီပညာရပ်ကိုသုံးပြီး ခွန်အားကနေ တာအိုကို ရရှိနိုင်တယ်”
“နောက်တစ်ခုက မှော်ဆရာရဲ့ သွေးနှစ်ပဲ၊ ဒီသွေးနှစ်က ခန္ဓာကိုယ်ကို ကြံခိုင်စေနိုင်တယ်၊ မှော်မျိုးနွယ်စုရဲ့ သွေးစည်းကို မင်း မရနိုင်ဘူးဆိုပေမဲ့ မဟာမှော်ဆရာရဲ့ ရုပ်ခန္ဓာကိုရလိမ့်မယ်၊ တစ်ခုရွေးပါ”
မုန့်ပေါ်ရဲ့စကားကြောင့် ဟန်ကျွယ်ဟာ အံဩမှင်သက်ပြီး နှလုံးလှုပ်သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပါတယ်။ ခန္ဓာကြံ့ခိုင်တဲ့ကျင့်စဉ်က ဟန်ကျွယ်ကျင့်ကြံမှုကို နှောင့်နှေးစေမှာ မလွဲဧကန်ပါပဲ။ ခန္ဓာရော စွမ်းအင်ရော လေ့ကျင့်ရတာက တော်တော်လေးကို ပင်ပန်းပါတယ်။
‘မှော်ဆရာရဲ့သွေးနှစ်ကလည်း မဆိုးဘူး၊ ဒါပေမဲ့ ပြဿနာများနေမလား’
မုန့်ပေါ်က အလောတကြီးမရှိဘဲ ဟန်ကျွယ် ရွေးချယ်တာကို စောင့်နေပါတယ်။
“ခွန်အားကနေ တာအိုကို ရယူနိုင်တယ်ဆိုတော့ ဘယ်လိုတာအိုမျိုးလဲ” ဟန်ကျွယ်က အသံလွှင့်ပြီး မေးလိုက်ပါတယ်။
“တကယ်တော့ ဒီနှစ်လမ်းလုံးက ပန်းတိုင်တစ်ခုတည်းပဲ၊ ခန္ဓာကိုယ်ကြံ့ခိုင်စေတဲ့ ကျင့်စဉ်က မင်းကို အများဆုံး ဘိုးဘေးမှော်ဆရာအဆင့်ကို ရောက်ရှိစေနိုင်တယ်၊ ဘိုးဘေးမှော်ဆရာရဲ့ သွေးနှစ်ကတော့ ကျင့်ကြံမှုကို တိုက်ရိုက်တိုးတက်စေတယ်၊ မဟာမှော်ဆရာတွေအားလုံးက ဘိုးဘေးမှော်ဆရာသွေးနှစ်နဲ့ ဖန်းတီးထားတာ၊ နောက်ကျတော့ မဟာမှော်ဆရာတွေက မှော်မျိုးနွယ်စုကို ဖန်တီးခဲ့ကြတာပဲ”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ပါတယ် “ဒါဆိုရင် ကျွန်တော် ဘိုးဘေးမှော်ဆရာရဲ့ သွေးနှစ်ကို လိုချင်တယ်” ဟန်ကျွယ် ဘာပဲရွေးရွေး မှော်မျိုးနွယ်စုနဲ့ ကံတရားချင်း ဆက်နွှယ်သွားမှာပါ။
ဟန်ကျွယ်ဟာ မကြောက်ပါဘူး။ ကောင်းကင်ရုံးတော်နဲ့ ကံတရားချင်း ဆက်နွှယ်ပြီးပြီမို့ နောက်ထပ် မှော်မျိုးနွယ်စုတိုးလာတာက ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ဘိုးဘေးမှော်ဆရာရဲ့ သွေးနှစ်ကို ဟန်ကျွယ် ယူလိုက်တာကလည်း သူအသုံးပြုဖို့ မဟုတ်ပါဘူး။
ဟန်ကျွယ်မှာက ဘိုးဘေးမှော်ဆရာရဲ့ ရုပ်ခန္ဓာထက် မညံတဲ့ လောကဦးကြယ်တာရာခန္ဓာကိုယ် ရှိနေပါတယ်။
မုန့်ပေါ်က လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ဟန်ကျွယ်ရဲ့ အင်္ကျီလက်ကြားထဲ ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်က အသံလွှင့်ပြီး မေးလိုက်ပါတယ် “လင်းအာကို ဘာလို့ ပညာအမွေပေးတာလဲ”
“သူ့ကျင့်ကြံမှုက နိမ့်လွန်းတယ်၊ အခုအချိန်မှာ ပညာအမွေဆက်ခံဖို့ မသင့်တော်သေးဘူး”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မမေးတော့ဘဲ သေမျိုးကမ္ဘာဆီ ပြန်ပါတယ်။
ဟန်ကျွယ်ဟာ နတ်လက်နက်ကို ထုတ်ကြည့်လိုက်တဲ့အခါမှာ လှံတစ်ချောင်း ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ လှံရိုးကို နဂါးနက်တစ်ကောင်က ရစ်ပတ်နေပြီး လှံသွားက လှံရဲ့သုံးပုံတစ်ပုံလောက် နေရာယူထားပါတယ်။ ဒီလှံတံက အလွန်တရာ ကြီးမားတဲ့အင်အား အရှိန်အဟုန်ရှိပြီး အမျိုးသမီးတွေနဲ့ လုံးဝ မသင့်တော်ပါဘူး။
“ထူလင်းအာကို ပေးလိုက်” ဟန်ကျွယ်ဟာ နတ်လှံတံကို ထူလင်းအာဆီ သွားပေးဖို့ ဝူတောက်ကျန့်ကို ညွှန်ကြားလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။