← Chapters

ကောင်းကင်တာအိုဗုဒ္ဓ၊ ကံတရားအထောက်အပံ့ တိုးခြင်း

Vol. 18 Ch. 222

ကောင်းကင်တာအိုဗုဒ္ဓ၊ ကံတရားအထောက်အပံ့ တိုးခြင်း

Vol. 18 Ch. 222

အခန်း (၂၂၂) ကောင်းကင်တာအိုဗုဒ္ဓ၊ ကံတရားအထောက်အပံ့ တိုးခြင်း

“ဟုတ်ကဲ့ပါ” ဝူတောက်ကျန့်ဟာ လှံကိုယူလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက် လျှောက်သွားရင်း စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ် ‘သခင်က လင်းအာကို အာရုံစိုက်ပြီး ပြိုးထောင်မလို့လား’

ဟန်ကျွယ်ဟာ တစ်ခြားတပည့်တွေက တစ်ခါမှ ရတနာ မပေးဖူးပါဘူး။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့အတွေးတွေကို ဂရုမစိုက်အားဘဲ ဘိုးဘေးမှော်ဆရာရဲ့ သွေးနှစ်ကို ထုတ်ယူလိုက်ပါတယ်။ ဘိုးဘေးမှော်ဆရာရဲ့ သွေးနှစ်ကို အစိမ်းရောင် ကျောက်စိမ်းပုလင်းလေးထဲမှာ သိမ်းဆည်းထားပါတယ်။ ဟန်ကျွယ်ဟာ ကျောက်စိမ်းပုလင်းလေးကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် အလွန်ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်ရောင်ဝါကို ခံစားလိုက်ရပါတယ်။

‘ဝိုး... ဒီသွေးနှစ်က သန်လှချည်လား၊ သွေးနှစ်တောင် ဒီလောက်တောင် အားကောင်းနေရင် ဘိုးဘေးမှော်ဆရာက ထိပ်ဆုံးအချိန်မှာ ဘယ်လောက်ထိ စွမ်းအားကြီးလိုက်မလဲ’

ဟန်ကျွယ်ဟာ ဘိုးဘေးမှော်ဆရာရဲ့ သွေးနှစ်ကို ဘယ်လိုအသုံးပြုရမလဲ စဉ်းစားလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ပထမဆုံး ရွေးချယ်မှုက ငရဲကြက်နက်ပါ။ ဒါပေမဲ့ သွေးနှစ်က ငရဲကြက်နက်ကို ဝါးမြိုသွားမှာကိုလည်း စိုးရိမ်နေပါတယ်။

ဟန်ကျွယ်ဟာ ဘိုးဘေးမှော်ဆရာရဲ့ သွေးနှစ်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့ဆိုရင်ပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခုရဲ့ တွန်းထုတ်ခြင်းကို ခံလိုက်ရပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ လန့်ဖျပ်သွားပြီး ဇောချွေးပျံသွားပါတယ်။ ဟန်ကျွယ်ဟာ ဘိုးဘေးမှော်ဆရာရဲ့ သွေးနှစ်ကို ချက်ချင်း ပြန်သိမ်းလိုက်ပြီး နောက်ကျမှသုံးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

‘ဒီသွေးနှစ်ကိုသာ ခန္ဓာကိုယ်ထဲ စုပ်ယူရင် ငရဲကြက်နက်မပြောနဲ့ ငါတောင် ပေါက်ကွဲထွက်ပြီး သေလောက်တယ်’

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဒီလိုနဲ့ နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။ ပုံမှန်အတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကျန်းယီသည် ဓားတာအိုကို သုံးသပ်ပြီး ဓားတာအို အင်မော်တယ်ဧကရာဇ် ဖြစ်လာခဲ့သည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၆၈၇

[သင့်မိတ်ဆွေ လုံရှန်သည် နဂါးစစ်မျိုးနွယ်စုမှာ နတ်လက်နက်တစ်ပါး ရရှိပြီး ကျင့်ကြံမှု များစွာ တိုးတက်သွားသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် မဟာဟင်းလင်းပြင်သို့ ဝင်ရောက်ရသည်ဟု အိပ်မက်မြင်မက်ပြီး နတ်စွမ်းအား တိုးတက်သွား၏။]

[သင့်မိတ်ဆွေ မုန့်ပေါ်သည် နတ်ဆိုးမိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉

[သင့်မိတ်ဆွေ မုန့်ပေါ်သည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာ ငရဲပြည်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။]

[သင့်မြေးတပည့် ချူရှီရန်သည် ဗုဒ္ဓဆန်းကြယ်စွမ်းအားတစ်ပါး နိုးထလာခဲ့သည်။]

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတာက အင်မော်တယ်ဧကရာဇ် အထက်မှာ ရှိတဲ့သူတွေပါ။ ဟန်ကျွယ်ရဲ့ စနစ်က မစစ်ဆေးနိုင်တဲ့ အရာမှန်သမျှကို စွမ်အားကြီးပုဂ္ဂိုလ် လုပ်ပစ်ပါတယ်။ ဟန်ကျွယ်ရဲ့ စနစ်က ဆက်တိုက် အဆင့်မြှင့်တင်နေတာကြောင့် အရင်က အင်မော်တယ်ဧကရာဇ်ဟာ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်ခဲ့ပေမဲ့ အခုတော့ အင်မော်တယ်ဧကရာဇ် အထက်ကသာ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်နိုင်ပါတော့တယ်။

‘ကောင်းကင်ဧကရာဇ်တောင် တိုက်ခိုက်ခံရတယ်ဆိုတော့ ကောင်းကင်ရုံးတော်က တော်တော် အန္တရာယ်များတာပဲ၊ ငါ ကောင်းကင်ရုံးတော်ကို လုံးဝ လုံးဝကို သွားလို့ မဖြစ်ဘူး’

ဟန်ကျွယ်ဟာ ချူရှီရန်က ဗုဒ္ဓဆန်းကြယ်စွမ်းအားတစ်ပါး နိုးထလာတာကို သတိပြုမိသွားပါတယ် ‘ဒီကောင်က မဟာအဂ္ဂဗုဒ္ဓ ဖြစ်လာအုန်းမှာလား’

ခုနစ်လရှစ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ချူရှီရန်ကို သွားခေါ်ဖို့ ဝူတောက်ကျန့်ကို ခိုင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချူရှီရန်နဲ့ နှစ်ဦးတည်း စကားပြောချင်လို့ပါ။

ချူရှီရန်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာပြီးနောက် နည်းနည်း ရင်ထိတ်နေပါတယ် ‘ဆရာဘိုးဘိုးက ငါ့ကို ဆန်းကြယ်စွမ်းအား သင်ပေးမလို့လား၊ ကျေးဇူးပြုပြီး မသင်ပေးပါစေနဲ့’

ချူရှီရန်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။

“မင်း ဒီနှစ်ထဲမှာ ဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်ထားတယ်မလား”

ချူရှီရန်ဟာ ဟန်ကျွယ်ကို အံဩတကြီး ကြည့်လိုက်ပါတယ် ‘ဆရာဘိုးဘိုးက ဘယ်လိုလုပ်ပြီး သိနေတာလဲ’

“ကျွန်တော် မသင်ချင်ပါဘူး... အဲဒါက အိပ်မက်တစ်ခု... ဒီလိုမျိုး ဖြစ်သွားခဲ့လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး”

ဟန်ကျွယ်:“.....”

‘ဒီကောင်က တော်တော် သရုပ်ဆောင် ကောင်းတာပဲ’

ဟန်ကျွယ်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပတါယ် “စွမ်းအားကြီးလာတာက မကောင်းဘူးလား၊ မင်းပါးစပ်ကသာ မကျင့်ကြံချင်ဘူးပြောနေတာ၊ အခု မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်း၊ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပြီ”

ဟုတ်ပါတယ်။ ချူရှီရန်က ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပါပြီ။ကျိုးမင်ယွဲ့ တပည့်ဖြစ်လာကတည်းက ချူရှီရန်ဟာ တိတ်တဆိတ် ကျင့်ကြံအားထုတ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့တပည့်က သူ့ကိုကျော်တက်သွားမှာ ကြောက်လို့ပါပဲ။

ချူရှီရန်ဟာ ဟန်ကျွယ်စကားကြောင့် ကသိကအောက် ဖြစ်သွားပါတယ်။ ချူရှီရန်ဟာ သူ့ဆရာဘိုးဘိုးက သူ့အကြောင်းကို ထိုးဖောက်မြင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

“ဆရာဘိုးဘိုး... ကျွန်တော် ဆက်ပြီးကျင့်ကြံရင် တစ်ခြားလူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ခံစားရတယ်၊ ကျွန်တော်ခန္ဓာကိုယ်ထဲမှာ အရမ်းအကြောက်ဖို့ကောင်းတဲ့ စွမ်းအားတစ်ခု ရှိနေတယ်...” ချူရှီရန်ဟာ သူ့သတ္တိတွေကို စုစည်းပြီး ပြောလိုက်ပါတယ်။

“လူတိုင်းမှာ ဘဝဟောင်းရှိတယ်၊ ဒါကို ခုခံနေစရာ မလိုဘူး၊ မင်းက မင်းပဲ၊ အတိတ်ဆိုတာ မီးခိုးမြူတွေလို ပုံရိပ်ယောင်သာသာပဲရှိတာ၊ ဝီရိယတောင်က စွမ်းအားကိုပဲ ကျင့်ကြံတာ မဟုတ်ဘူး၊ စိတ်ကိုလည်း ကျင့်ကြံအားထုတ်တယ်၊ တစ်နေ့ကျရင် မင်းလည်း ငါ့လို အရာအားလုံးကို ထိုးဖောက်မြင်ရင် တစ်ခြားဘာမှတွေးမှာ မဟုတ်တော့ဘူး၊ ဒါက မဟာတာအိုကို လျှောက်တဲ့လမ်းမှ လွှတ်ချခြင်းအနုပညာပဲ”

ချူရှီရန်ဟာ အတွေးနက်သွားပါတယ်။ အကြောင်းအရင်းတစ်ချို့ကြောင့် သူ့ဆရာဘိုးဘိုးစကားတွေက အဓိပ္ပာယ်တွေ ပြည့်ဝနေတယ်လို့ ခံစားလိုက်ရပါတယ်။

‘ဆရာဘိုးဘိုးက ငါကို ဘာလွှတ်ချစေချင်တာလဲ၊ ငါ့စိတ်ကူးကိုလား’

အဲဒီနောက် ဟန်ကျွယ်ဟာ ချူရှီရန်ကို ဆန်းကြယ်စွမ်းအား သင်ပေးပါတယ်။ အနာဂတ်မှာ ချူရှီရန်က မဟာအဂ္ဂဗုဒ္ဓ ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ သူတို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အတွက် ဟန်ကျွယ်က အခုလို ပညာသင်ပေးခြင်း ဖြစ်ပါတယ်။

လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ ချူရှီရန် ထွက်သွားပါတယ်။ ဟန်ကျွယ်က ချူရှီရန်ကို ကျင့်ကြံမှုမန္တန်နဲ့ ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ကြားပေးတာပါ။ ကျန်တာကတော့ ချူရှီရန်အပေါ်မှာပဲ မူတည်ပါတယ်။

ကျိုးမင်ယွဲ့ဟာ ချူရှီရန်ထွက်လာတာ တွေ့တာနဲ့ ဘေးနားကို ချက်ချင်းရောက်သွားပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာ... ဆရာဘိုးဘိုးက ဆန်းကြယ်စွမ်းအား သင်ပေးတာလား”

ချူရှီရန်က ခေါင်းညိတ်လိုက်ပါတယ်။

“ဆရာ ကျွန်တော်ကိုလည်း ပြန်သင်ပေးပါ” ကျိုးမင်ယွဲ့က စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။

ချူရှီရန်ဟာ တစ်ခဏတုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာတော့ ခေါင်းညိလိုက်ပါတယ်။

ကြီးမားပြီး တောက်ပလှတဲ့ ခန်းမတစ်ခုမှာ အလွန်ကြီးမားတဲ့ ရွှေဗုဒ္ဓတစ်ပါးက ကြာပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ ရွှေဗုဒ္ဓဟာ တောင်လိုကြီးမားပြီး ကျောက်ရုပ်လို တည်ကြည်လွန်းပါတယ်။ သူ့ဘေးနားမှာတော့ ကြီးမားတဲ့ ပုတီးစေ့ ၂၄ စေ့ဟာ လေထဲပေါလောမျောနေပြီး မတူညီတဲ့အရောင်တွေ ထွက်ပေါ်နေပါတယ်။

ဒီခန်းမထဲမှာ ရွှေဗုဒ္ဓတစ်ပါးပဲ ရှိတာပါ။ ရွှေဗုဒ္ဓဟာ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ပြီး ရေရွတ်လိုက်ပါတယ် “မဟာအဂ္ဂဗုဒ္ဓ... မင်း ပြန်လာတော့မှာလား” ရွှေဗုဒ္ဓဟာ ညလက်မြှောက်ပြီး ရှေ့ကိုတွန်းထုတ်လိုက်တဲ့အခါမှာ ဗုဒ္ဓတံဆိပ်တစ်ခု ထွက်ပေါ်လာပြီး ခန်းမအပြင်ဘက်ကို လျင်မြန်စွာ ပျံသန်းသွားပါတယ်။

မကြာခင်မှာပဲ... အဖြူရောင်ဝတ်ရုံနဲ့ ဘုန်းကြီးတစ်ပါး ခန်းမထဲ ပျံဝင်လာပါတယ်။ ဒီဘုန်းကြီးဟာ တော်တော်လေး ချောပါတယ်။

“အော့မိတော်ဖော... ကောင်းကင်တာအိုဗုဒ္ဓကို အရိုအသေပေးပါတယ်” အဖြူရောင်ဘုန်းကြီးဟာ လက်အုပ်ချီပြီး ဦးညွှတ်လိုက်ပါတယ်။

ကောင်းကင်တာအိုဗုဒ္ဓက ပြောလိုက်ပါတယ် “မဟာအဂ္ဂဗုဒ္ဓ နိုးထလာတော့မယ်၊ သူ့ကို သွားဖိတ်ခေါ်ချည်”

ဒီစကားကြောင့် အဖြူရောင်ဘုန်းကြီးဟာ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်ပါတယ် “မဟာအဂ္ဂဗုဒ္ဓက ကောင်းကင်ရုံးတော်ပိုင်တဲ့ သေမျိုးကမ္ဘာတစ်ခုမှာ၊ ကောင်းကင်ဧကရာဇ်က ဒီကိစ္စကို သဘောမတူမှာ ကြောက်မိတယ်”

“ဘာပဲဖြစ်ဖြစ် ရအောင်လုပ်”

“အော့မိတော်ဖော

အဖြူရောင်ဘုန်းကြီးဟာ ကူကယ်ရာမဲ့ဖြစ်သွားပေမဲ့ သဘောတူလိုက်ပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓ လက်မြှောက်လိုက်တဲ့အခါမှာ အဖြူရောင်ဘုန်းကြီးရှေ့မှာ ရွှေရောင်တောင်ဝှေးတစ်ချောင်း ပေါ်လာပါတယ်။

အဖြူရောင်ဘုန်းကြီး ကျေနပ်အံအားသင့်သွားပါတယ် “ရူလိုင်တောင်ဝှေး”

ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်လုံးပြန်မှိတ်ပြီး ပြောလိုက်ပါတယ် “ငါ အောင်မြင်တာပဲ လိုချင်တယ်”

အဖြူရောင်ဘုန်းကြီးဟာ ရူလိုင်တောင်ဝှေးကို ဆုပ်ကိုင်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်ပါတယ်။

ဆောင်းဦးကုန်ဆုံးပြီး နွေဦးရောက်လာပါတယ်။ ဒီလိုနဲ့ အချိန်တွေကုန်ဆုံးသွားလိုက်တာ နှစ်သုံးဆယ် ကြာသွားပါတယ်။

ဟန်ကျွယ်ကတော့ ကျင့်ကြံအားထုတ်နေတုန်းပါပဲ။ ဒါပေမဲ့ ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် အလယ်အဆင့်နဲ့ အလှမ်းဝေးနေပါသေးတယ်။ နှစ်ပေါင်းတစ်ရာ ကြာတာတောင် ဟန်ကျွယ်ဟာ အခုထိ အဆင့်မတက်နိုင်သေးပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ရွှေအင်မော်တယ်အဆင့်မှာ အဆင့်တက်ဖို့က ဘယ်လောက်ထိခက်ခဲလဲဆိုတာ သိနိုင်ပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ အလျင်စလို မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကျင့်ကြံမှုက အရမ်းမြန်တယ်ဆိုတာကို လုံးဝယုံကြည်လို့ပါပဲ။

လုံရှန်ကတော့ မဟာညီညွှတ်မှု ဆန်းကြယ်အင်မော်တယ် အလယ်အဆင့်မှာပဲ တစ်ပြီး နောက်ကောက် ကျန်နေခဲ့ပါပြီ။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ တိုးတက်လာတာကို ဟန်ကျွယ် ခံစားလိုက်ရလို့ပါပဲ။ အရင်တုန်းက ဟန်ကျွယ်ဟာ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို မခံစားနိုင်ပါဘူး။ ဒါပေမဲ့ ရွှေအင်မော်တယ် ဖြစ်လာပြီး နောက်ပိုင်းမှာတော့ ဟန်ကျွယ်ဟာ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ကို အာရုံခံနိုင်လာပါတယ်။

ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ တိုးတက်လာတာကြောင့် မိုးမြေစိတ်ဝိညာဉ်ချီကလည်း စပြီးတော့ တိုးတက်လာပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပြီး အနန္တကမ္ဘာအဆင့်ကို စစ်ဆေးလိုက်တဲ့အခါ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့အဆင့်က ဆက်တိုက်တက်လာတာကို တွေ့လိုက်ရပါတယ်။

အရမ်းမြန်တဲ့အလျင်နဲ့ တက်လာတာပါ။

ဟန်ကျွယ်ဟာ လန့်ဖျပ်သွားပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို အသုံးပြုပြီး ကြက်သွေးရောင်တိမ်ကမ္ဘာကို ကြည့်ရှုလိုက်တဲ့အခါ လောကငယ်လေးထဲမှာ ပုန်းအောင်းနေကြတဲ့ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေက အဆင့်ထိုးဖောက်နေတာကို တွေ့လိုက်ရပါတယ်။ သူတို့ရဲ့ ကံတရားအထောက်အပံ့တွေ အကုန်လုံးက သေမျိုးကမ္ဘာမှာ စုစည်းသွားတာကြောင့် ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ဟာ ဆက်တိုက် ထိုးတက်လာတာပါ။

‘ဒါ မူမမှန်ဘူး’

ဟန်ကျွယ်ဟာ ဒီကောင်းကင်ဘုံဝင်ကျင့်ကြံသူတွေက အုပ်စုဖွဲ့ထားတယ်လို့တောင် သံသယဝင်သွားပါတယ်။ မဟုတ်ရင် အခုလိုမျိုး တစ်ချိန်တည်းမှာ အဆင့်ထိုးဖောက်ဖို့က လုံးဝမဖြစ်နိုင်သလောက်ပါပဲ။

‘တစ်ယောက်ယောက်က ဒီကိစ္စကို လျှို့ဝှက်ကြံစည်နေတာပဲ’

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ကိုင်ပြီး လက်ချောင်းနဲ့ တွက်ချက်ကြည့်တဲ့အခါမှာ ဒီကိစ္စအားလုံးရဲ့ ရင်းမြစ်က ကောင်းကင်အင်မော်တယ်စံအိမ်မှန်း သိသွားပါတယ်။

ကောင်းကင်တာအိုဟာ လောကမှာရှိတဲ့ အရာအားလုံးကို သိနိုင်ပါတယ်။ ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာရဲ့ ကောင်းကင်တာအိုကို ချောင်းကြည့်နိုင်တာကြောင့် ကောင်းကင်အင်မော်တယ်စံအိမ်က ဘာကိုကြံစည်နေမှန်း သိသွားပါတယ်။

‘ကောင်းကင်ရုံးတော်က နောက်မှာရှိနေတာကိုး’

ကောင်းကင်ရုံးတော်မှာရှိတဲ့ ကောင်းကင်အင်မော်တယ်စံအိမ်ရဲ့ အဖွဲ့ဝင်ဟောင်းက ကောင်းကင်အင်မော်တယ်စံအိမ်ကို အိပ်မက်ပေးပြီး ကံတရားအထောက်အပံ့ ပညာရပ်ကို သင်ကြားပေးသွားပါတယ်။ ဒါကြောင့် ကောင်းကင်အင်မော်တယ်စံအိမ်ဟာ တစ်ခြား ကောင်းကင်ဘုံဝင်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းပြီး ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ကို မြှင့်တင်နိုင်တာပါ။

သူတို့သာ အောင်မြင်သွားမယ်ဆိုရင် ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ အထက်စည်းက ကောင်းကင်ဘုံဝင်ကျင့်ကြံသူ မဟုတ်တော့ဘဲ လီယောင်နေတဲ့ သေမျိုးကမ္ဘာမှာလို အင်မော်တယ်တွေ နေထိုင်လာနိုင်မှာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters