နတ်အရှင်ဝူသယ်၊ မုရုံချီ ဘုံပျံတက်ခြင်း
Vol. 18 Ch. 223
အခန်း (၂၂၃) နတ်အရှင်ဝူသယ်၊ မုရုံချီ ဘုံပျံတက်ခြင်း
အမှန်တရားကို သိပြီးတဲ့နောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို အသုံးပြုပြီး တိထိုက်ပိုင်ကို ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ နတ်အာရုံချင်း ချိတ်ဆက်မိသွားပါတယ်။
“ဘာတွေဖြစ်နေတာလဲ၊ ကောင်းကင်ရုံးတော်မှာရှိတဲ့ အင်မော်တယ်တစ်ပါးပါးက ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ တိုးအောင် လုပ်နေတယ်၊ ဘာလို့ ဒီလိုလုပ်နေရတာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီတစ်ခါမှာ တကယ်စိတ်ဆိုးနေတာပါ။
တိထိုက်ပိုင်ဟာ ဟန်ကျွယ်ရဲ့ ဒေါသသံကြောင့် ပြောစရာ စကားမရှိ ဖြစ်သွားပါတယ် ‘ဒါက မင်းကို ကူညီတာလေ’
တိထိုက်ပိုင်က ပြောလိုက်ပါတယ် “ကြက်သွေးရောင် တိမ်ကမ္ဘာ စွမ်းအားကြီးလေလေ မင်းအတွက် အကျိုးမြတ်များလေလေပဲ၊ မင်းရဲ့ ကံတရား အထောက်အပံ့ အားကောင်းလာမယ်ဆိုရင် အတွင်းနတ်ဆိုးကို ကြုံတွေ့ရဖို့ အခွင့်အရေးနည်းသွားပြီ၊ နောက်ပြီးတော့ မင်းရဲ့တပည့်နဲ့ မြေးတပည့်တွေကလည်း မင်းကို အမြဲတမ်း အဖော်ပြုပေးနိုင်တယ်လေး၊ ဒါက ကောင်းတာ မဟုတ်ဘူးလား”
“ကျွန်တော်က ပြဿနာကို ကြောက်တယ်၊ ကြက်သွေးရောင်တိမ်ကမ္ဘာ အင်အားကြီးလေလေ ရန်သူပိုများလေလေပဲ”
“ဟုတ်တယ်၊ အဲဒါလည်း မှန်တယ်၊ အဲဒါကြောင့် မင်းတပည့်တွေကို အမြန်ဆုံး အင်အားကြီးလာအောင် သင်ကြားပေးသင့်တယ်၊ နောက်ကျရင် မင်းသူတို့ကို ကောင်းကင်ရုံးတော်ဆီ စေလွှတ်လို့ရတယ်”
“ဒါက ခင်ဗျားအကြံလား”
“ဒေါသမထွက်စမ်းပါနဲ့၊ မင်း အင်မော်တယ်ဧကရာဇ် ဖြစ်ချင်ရင် ကံတရား အထောက်အပံ့ လိုအပ်တယ်၊ ဘယ်ကျင့်စဉ်ပဲကျင့်ကျင့် အကုန်လုံး အတူတူပဲ၊ မကြာခင်မှာ မင်းနားလည်လာမှာပါ၊ တကယ်လို မင်းသူများတွေနဲ့ မတိုက်ခိုက်ချင်ဘူးဆိုရင် နတ်ရာထူးကို လိုအပ်တယ်”
“တကယ်ကြီးလား”
“ငါက ဘာလို့ မင်းကိုညာရမှာလဲ”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်မလျှော့သေးပါဘူး “ဒါဆိုရင် ခင်ဗျားတို့ ထိပ်တန်းအင်မော်တယ်တွေ လွှတ်ပြီး ကြက်သွေးရောင်တိမ်ကမ္ဘာကို ကာကွယ်ပေးရမယ်၊ မဟုတ်ရင် ကျွန်တော် အိပ်ကောင်းချင်း အိပ်ရမှာ မဟုတ်ဘူး”
“မင်းကိုသတ်နိုင်တဲ့လူက ဘယ်နှယောက်ရှိလို့လဲ” တိထိုက်ပိုင်က မတက်နိုင်တဲ့လေသံနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်က ရွှေအင်မော်တယ်မှန်း သိပြီးကတည်းက တိထိုက်ပိုင်ဟာ ဟန်ကျွယ်ကို ယှဉ်မတိုက်နိုင်မှန်း သိလိုက်ပါတယ်။ ကောင်းကင်ရုံးတော်က ဟန်ကျွယ်ကို စိတ်ဝင်စားတာ ဟန်ကျွယ်ရဲ့ တိုက်ရည်ခိုက်ရည်ကြောင့်ပါ။
ဟန်ကျွယ်ဟာ အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်ပါတယ်။
“လူတစ်ယောက်ပိုတော့ ပိုပြီး စိတ်ချရတာပေါ့”
“ကောင်းပြီ၊ ငါ အရှင်မင်းကြီးကို တောင်းဆိုပေးမယ်”
“ကောင်းကင်ဧကရာဇ်ကို ဒီနှစ်ထဲ ဘယ်လိုနေလဲ”
“အရှင်မင်းကြီးက အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်သွားတာ ကြာလှပြီ၊ ဒါကြောင့် အရှင်မင်းကြီးအတွက် မစိုးရိမ်နဲ့၊ ကောင်းကင်ရုံးတော်မှာ အင်အားအကြီးဆုံးပုဂ္ဂိုလ်က အရှင်မင်းကြီးပဲ”
“ဒါဆိုရင် ကျွန်တော် စိတ်ချပါပြီ”
နတ်အာရုံချင်း အဆက်အသွယ် ဖြတ်လိုက်ပြီးနောက် ဟန်ကျွယ်ဟာ အတွေးနယ်ချဲ့မိသွားပါတယ်။ ကောင်းကင်ဧကရာဇ်က ကောင်းကင်ရုံးတော်မှာ စွမ်းအားအကြီးဆုံး ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။
‘ကောင်းကင်ဧကရာဇ်နေရာက အားနဲ့လုယူရတာလား၊ ဒီလိုဆို ငါ ကောင်းကင်ဧကရာဇ်ကို ကျော်တက်သွားရင် ငါလည်း ကောင်းကင်ဧကရာဇ် ဖြစ်နိုင်တာလား’
‘ထားလိုက်ပါတော့၊ ကောင်းကင်ဧကရာဇ်က ပြဿနာများလွန်းပါတယ်၊ နောက်ပြီး ကောင်းကင်ဧကရာဇ်က ငါ့အပေါ် ကျေးဇူးရှိတယ်၊ ငါသူ့ကို နောက်ကျောဓားနဲ့ထိုးလို့ မဖြစ်ဘူး’
ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာကို ဂရုမစိုက်တော့ဘဲ ဆက်လက်ကျင့်ကြံပါတယ်။ အဲဒီနောက်ပိုင်း သေမျိုးကမ္ဘာတစ်ခုလုံးရဲ့ စိတ်ဝိညာဉ်ချီ တိုးတက်လာတာကြောင့် သေမျိုးကမ္ဘာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးလည်း အလွန်အံအားသင့်သွားပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့တပည့်တွေဟာ ဒီကိစ္စက နတ်သတ်အကြီးအကဲလက်ချက်လို့ ယူဆကြပါတယ်။
ဝီရိယတောင်မှာတော့ ချူရှီရန်ဟာ တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် ကြိုးကြိုးစားစား ကျင့်ကြံပါတယ်။ သူ့ကျင့်ကြံမှုအလျင်က မြန်ဆန်လွန်းတာကြောင့် ကျန်တဲ့သူတွေကိုလည်း ကြိုးကုတ်ကြိုးခဲ ကျင့်ကြံဖို့ အားပေးမိသား ဖြစ်သွားပါတယ်။
ကျိုးမင်ယွဲ့ကလည်း တဖြည်းဖြည်းနဲ့ အရည်အချင်းတွေ ထွက်ပေါ်လာပါပြီ။
နှစ် ၄၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် အလယ်အဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအဆင့်တက်မှုကြောင့် မျက်ရည်ကျလုနီး ပျော်ရွှင်သွားပါတယ်။
အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ သူ့ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပါတယ်။ သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့စွမ်းအားက ကန့်သတ်စည်းကို ရောက်သွားပါတယ်။ ဒီအခါမှာ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ကျန်းယီနဲ့ တိုက်ခိုက်ပါတယ်။
ငါးမိနစ်အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင် နည်းနည်း ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းယီကိုသတ်ဖို့ အချိန်အရမ်းကြာလို့ပါ။ ကျန်းယီက တကယ်ကို အင်အားကြီးမားလွန်းပါတယ်။ နှစ်တွေကြာပြီဖြစ်တဲ့အတွက် ကျန်းယီရဲ့ စွမ်းအားကလည်း အသွင်တူလက်ရည်စမ်းပွဲထဲကထက် အများကြီး ကြီးမားမှာပါ။
‘ဟင်း... တစ်တောင်ထက် တစ်တောင် ပိုမြင့်တာပဲ၊ ငါ အမြန်ကျင့်ကြံအားထုတ်ရမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာတွေးလိုက်ပြီး အလျင်စလို ဖြစ်သွားပါတယ်။
‘ငါ ကျန်းယီကို အနိုင်ပေးလို့ မဖြစ်ဘူး၊ နောက်တစ်ခါ တွေ့ရင် ကျန်းယီကို အသေသတ်ဖို့ ငါ အဆင်သင့် ဖြစ်နေရမယ်’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ကျောက်တောင်လို ခိုင်မာသွားပါတယ်။
“သခင်... လီယောင်က သေမျိုးကမ္ဘာကနေ ထွက်သွားပြီ၊ ဒါပေမဲ့ ဟင်းလင်းပြင်မှာ လမ်းပျောက်နေတယ်၊ ကျွန်မတို့တွေ သူ့ကို လမ်းပြသင့်လား” ဝူတောက်ကျန့်ဟာ ဟန်ကျွယ် မျက်လုံးဖွင့်လာတာကို မြင်လိုက်ရတဲ့အတွက် ကောက်ကာငင်ကာ မေးလိုက်ပါတယ်။
ကြာညောင်းလှတဲ့နှစ်တွေမှာ လီယောင်ရဲ့ဘဝကို ကြည့်ရှုရတာက ဝူတောက်ကျန့်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ကိစ္စတစ်ခု ဖြစ်နေပါပြီ။
လီယောင် ဒဏ်ရာရရင် ဝူတောက်ကျန့်လည်း နာကျင်ပါတယ်။ လီယောင်က ရန်သူတွေကို ထိုးဖောက်ထွက်ရင် ဝူတောက်ကျန်လည်း ကျေနပ်အံအားသင့်ပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်က ကမ္ဘာမြေရဲ့ ၂၁ ရာစုမှာ မဟုတ်တာကောင်းတယ်လို့ တွေးလိုက်ပါတယ်။ မဟုတ်ရင် ဝူတောက်ကျန့်က ဘာမှသုံးစားရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာပဲနေပြီး ဇာတ်ကားတွေ တစ်နေကုန် ထိုင်ကြည့်နေမှာမို့လို့ပါ။
“ဘာမှမဖြစ်ဘူး၊ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရပြီးမှ ဘဝမှာ ဘယ်လောက်ထိ တန်းဖိုးရှိလဲဆိုတာ သူ သိလိမ့်မယ်” ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ်။
လီယောင်ရဲ့ သတိကြီးတဲ့စရိုက်နဲ့ဆိုရင် လမ်းမှာသေဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဝူတောက်ကျန့်ဟာ သက်ပြင်းချလိုက်ပါတယ် “သူ တောင့်ခံနိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်”
လီယောင်ကို အတန်ကြာ ကြည့်ရှုပြီးတဲ့နောက် ဝူတောက်ကျန့်ဟာ လီယောင်ကို တော်တော်လေး သဘောကျလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီယောင်က တစ်ခြားသူတွေကို အရင်ရန်မစတဲ့အပြင် တစ်ခါမှလည်း မငိုပါဘူး။ သူက အမြဲတမ်း သန်မာတဲ့ပုံ ရှိနေပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ကိုးလွှာရေစင် ဘေးနားကို လျှောက်သွားပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ လီယောင်ဟာ ဒီလောက်နှစ်တွေကြာပေမဲ့ အရင်လိုပဲ ရှိနေပါသေးတယ်။ လီယောင်ဟာ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး နှင်းလို ဖြူစင်နေတုန်းပါ။ ဟင်းလင်းပြင်မှာ လျှောက်လှမ်းလာတဲ့ သူ့ခြေလှမ်းတွေက သိမ်မွေ့ညင်သာလှပြီး ဆန်းကြယ်မှု အပြည့်ရှိနေပါတယ်။ ပုံဥပမာပေးရရင် နတ်ဘုရားတစ်ပါး ပဋိပက္ခပေါ်မှာ လမ်းလျှောက်နေသလိုပါ။
ပြောင်းလဲသွားတာတစ်ခုက လီယောင်ရဲ့ အကြည့်တွေဟာ အရင်ကထက် ပိုခိုင်မာလာတာပါ။
ခုနစ်လရှစ်လအကြာမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးကြည့်တဲ့အခါ ကျိန်စာကြောင့် ရန်သူတစ်ယောက်မှာ ဒဏ်ရာမရတာကို တွေ့လိုက်ရပါတယ်။
‘သေစမ်း’
အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပြီး ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို အမြန်ဆုံးရောက်အောင် ကြိုးစားပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တစ်ခဏအနားယူဖို့ ပြင်လိုက်ပါတယ်။ တစ်ချိန်တိုင်းမှာပဲ သူ့အကျင့်အတိုင်း ကြက်သွေးရောင်တိမ်ကမ္ဘာ ပတ်လည်မှာရှိတဲ့ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်ကို စစ်ဆေးလိုက်ပါတယ်။
[နတ်အရှင်ဝူသယ်:မဟာညီညွှတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်၊ ကောင်းကင်ရုံးတော်၏ တတိယအဆင့် စစ်သူကြီးဖြစ်သည်။]
‘ကောင်းကင်ရုံးတော်ရဲ့ ထိပ်တန်းအင်မော်တယ် ရောက်လာပြီပဲ’ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ဒီလိုကျတော့လည်း ကောင်းကင်ဧကရာဇ်က စိတ်ချရသားပဲ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသွင်တူလက်ရည်စမ်းပွဲကို စလိုက်ပါတယ်။ နတ်အရှင်ဝူသယ်ဟာ တစ်ချက်တည်း မသေသွားဘဲ ဆယ်စက္ကန့်ခံပါတယ်။
‘မဆိုဘူး၊ မဆိုးဘူး’
ဟန်ကျွယ်ဟာ နတ်အရှင်ဝူသယ်ရဲ့ စွမ်းအားကို အတော်ကျေနပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိထိုက်ပိုင်နဲ့ နဂါးနိုင်ဗုဒ္ဓတို့က ဟန်ကျွယ်လက်ထဲမှာ တစ်စက္ကန့်တောင် မခံလို့ပါပဲ။ ဟန်ကျွယ်ဟာ နတ်အရှင်ဝူသယ်ရှိနေတာကြောင့် ကျင့်ကြံအားထုတ်ရာမှာ ပိုပြီးတော့ စိတ်ချလက်ချ ဖြစ်သွားပါတယ်။
“သခင်... မုရုံချီက သခင်ကို ရှာနေတယ်၊ သူက ဘုံပျံတက်ချင်လို့တဲ့” ဝူတောက်ကျန့်ဟာ ဟန်ကျွယ် မျက်လုံးဖွင့်လာတာ တွေ့တာနဲ့ ချက်ချင်း ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “သူ့ကို ဝင်ခွင့်ပြုလိုက်”
ဝူတောက်ကျန့်ဟာ ခေါင်းညိတ်လိုက်ပြီး မုရုံချီကိုခေါ်ဖို့ အပြင်ထွက်ထွက်သွားပါတယ်။
မကြာခင်မှာပဲ မုရုံချီဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော်ကို ကောင်းကင်ရုံးတော်ဆီ ပို့ပေးနိုင်မလား၊ ကျွန်တော်က တိုက်ပွဲတာအိုကို လေ့ကျင့်တာဆိုတော့ တိုက်ပွဲအတွင်းမှာပဲ ကျွန်တော်က အမြန်ဆုံး စွမ်းအားကြီးလာနိုင်တယ်”
“ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ မင်းဂရုစိုက်ဖို့လိုတယ်၊ ဘာပဲဖြစ်ဖြစ် သတိမလွတ်စေနဲ့၊ ရှန်နန်းတော်ကို မင်းကို ရှာတွေ့နေပြီးလောက်ပြီ”
မုရုံချီက ခေါင်းညိတ်လိုက်ပါတယ်။ မုရုံချီဟာ အကြောင်းအရာ တော်တော်များများကို တွေးတောထားပြီး ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုလည်း ကြိုတင်တွက်ဆထားပါတယ်။
ဟန်ကျွယ်ဟာ မုရုံချီရှေ့မှာပဲ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပြီး တိထိုပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“ကျွန်တော့်မြေးတပည့်က ကောင်းကင်ရုံးတော်က ဝင်ပြီး စစ်တိုက်ချင်နေတယ်၊ ကျွန်တော်ကို ကူညီပြီး စီစဉ်ပေးလို့ရမလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
တိထိုက်ပိုင်က အပြုံးနဲ့ ပြန်ဖြေပါတယ် “ကိစ္စမရှိပါဘူး၊ အဲဒီမြေးတပည့်က မုရုံချီလား”
“ကြည့်ရတာ ခင်ဗျားက ကျွန်တော်တပည့်တွေကို အစောကြီးကတည်းက ကြံနေပုံပဲ”
“ဟဲဟဲ... ငါတို့တွေက ရှန်နန်းတော်ရဲ့ နတ်ဧကရာဇ်အကြောင်း ကြားဖူတား ကြာပြီ၊ ငါသူ့ကို ရှန်နန်းတော်နဲ့ မတွေ့စေဘဲ နတ်ဆိုးရုံးတော်နဲ့ တိုက်ခိုက်နိုင်အောင် အကောင်းဆုံး ကူညီပေးမယ်”
“ကောင်းပါပြီ”
ဟန်ကျွယ်ဟာ အဆက်အသွယ် ဖြတ်လိုက်ပြီး မုရုံချီကို ကြည့်လိုက်ပါတယ် “ကိစ္စပြီးပြီ”
‘ကောင်းကင်ဧကရာဇ်က ဝီရိယတောင်မှာရှိတဲ့ ငါတပည့်တွေအားလုံးရဲ့ နောက်ကြောင်းကို သိနေတာလား၊ ဒါဖြစ်နိုင်တယ်’
မုရုံချီက စပ်စုလိုက်ပါတယ် “ဆရာဘိုးဘိုး... ကောင်းကင်ရုံးတော်နဲ့ ဆရာဘိုးဘိုးက ဘယ်လိုဆက်ဆံရေးလဲ”
ဒါက သေမျိုးကမ္ဘာရဲ့ စောင့်ရှောက်သူနဲ့ လုံးဝမတူပါဘူး။ သူ့ဆရာဘိုးဘိုးက ကောင်းကင်ရုံးတော်ရဲ့ ဒုတိယအဆင့် အင်မော်တယ် ဒါမှမဟုတ် ပထမအဆင့် အင်မော်တယ်တောင် ဖြစ်နိုင်တယ်လို့ မုရုံချီ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်က ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ မင်း အဲဒီမှာ စိတ်ချလက်ချနေလို့ရတယ်”
ကောင်းကင်ရုံးတော်က ဟန်ကျွယ်အတွက်နဲ့ ထိပ်သီးကျင့်ကြံသူ တော်တော်များများနဲ့ ရန်ဖြစ်ပြီးပါပြီ။ ဒါကြောင့်လည်း ဟန်ကျွယ်က ကောင်းကင်ဧကရာဇ်ကို ယုံကြည်လာတာပါ။
မုရုံချီက ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော် အထက်ဘုံမှာ ကျင့်ကြံခြင်းလိုဏ်ဂူတစ်ဂူ ချန်ထားခဲ့တယ်၊ ကျွန်တော် အဲဒီဂူကို ရှာတွေ့ရင် ရတနာတစ်ချို့ ပြန်ပို့ပြီး ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းလာအောင် ကူညီပေးမယ်၊ ကျွန်တော့်မှာ ဝီရိယတောင်ကို စောင့်ကြပ်နေတဲ့ လက်အောက်ငယ်သားအချို့လည်း ရှိတယ်”
‘လက်အောက်ငယ်သားလား’ ဟန်ကျွယ်က မေးလိုက်ပါတယ် “သူတို့က အင်အားဘယ်လောက်ရှိလဲ”
“အကုန်လုံးပေါင်းလိုက်ရင် မဟာညီညွှတ်မှု ရွှေအင်မော်တယ် ၇၂ ပါးပါ”
မုရုံချီရဲ့အဖြေကြောင့် ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘များလှချည်လား၊ ရွှေအင်မော်တယ်က ခွေးလို ပေါလှချည်လား’
မြန်မာပြည် ငြိမ်းချမ်းပါစေ။