← Chapters

မော့မိသားစု ဘုံပျံတက်ခြင်း၊ ဝတ်ရုံဖြူဗုဒ္ဓ

Vol. 18 Ch. 227

မော့မိသားစု ဘုံပျံတက်ခြင်း၊ ဝတ်ရုံဖြူဗုဒ္ဓ

Vol. 18 Ch. 227

အခန်း (၂၂၇) မော့မိသားစု ဘုံပျံတက်ခြင်း၊ ဝတ်ရုံဖြူဗုဒ္ဓ

စုချီ ရှန်နန်းတော်ထဲ ဝင်သွားကတည်းက ဟန်ကျွယ်ဟာ စုချီအစွမ်းပြတာကို စောင့်နေပါတယ်။ ဒါပေမဲ့ ရှန်နန်းတော်က နဂါးအင်မော်တယ်ကျွန်း မဟုတ်တာကြောင့် စုချီရဲ့ ကြမ္မာဆိုးက သိပ်ပြီးသက်ရောက်မှု မရှိပါဘူး။ တကယ်ဆိုရင် လုံးဝမသက်ရောက်ဘူးလို့တောင် ပြောလို့ရပါတယ်။

စုချီသာ ရှန်နန်းတော်ကို ဖျက်ဆီးနိုင်မယ်ဆိုရင် ကြမ္မာဆိုး မဟုတ်တော့ပါဘူး။ ကောင်းကင်တာအိုကို လုံးဝပြောင်းလဲနိုင်တဲ့ အနန္တကပ်ဘေး ဖြစ်သွားမှာပါ။

အချိန်တွေကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ အသက် ၂၀၀၀ နား ကပ်လာပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို နီးကပ်လို့လာပါတယ်။

နှစ် ၃၀ ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကျင့်ကြံနေတုန်း ဝူတောက်ကျန့်အသံကြောင့် နိုးထသွားပါတယ်။

“သခင်... မိတ်ဆွေဟောင်းနှစ်ယောက် လာလည်တယ်”

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ မော့ကျူနဲ့ မော့ဖူချို ရောက်နေတာကို တွေ့လိုက်ရပါတယ်။ မော့ချိုနဲ့ မော့ဖူချိုဟာ ကောင်းကင်ဘုံဝင်အဆင့် ကျင့်ကြံသူတွေ ဖြစ်နေကြပါပြီ။

နှစ်ပေါင်း ၂၀၀၀ နဲ့ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်တဲ့သူက ပါရမီရှင်လို့ သတ်မှတ်လို့ရပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “သူတို့ကို အထဲဝင်ခိုင်းလိုက်၊ နင်ကတော့ အပြင်မှာပဲ စောင့်နေ”

ဝူတောက်ကျန့်ဟာ ခေါင်းညိတ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။

မကြာခင်မှာပဲ မော့ဖူချိုနဲ့ မော့ကျူဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာပါတယ်။ မော့ကျူဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက အရင်တုန်းကလည်း ရောက်ဖူးပေမဲ့ လုံးဝပြောင်းလဲသွားတယ်လို့ ခံစားလိုက်ရပါတယ်။ မော့ကျူဟာ ဟန်ကျွယ်ဟာ စိတ်ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

မော့ဖူချိုက ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ် “အစ်ကိုဟန်... မတွေ့ရတာ ကြာပြီနော်”

ဟန်ကျွယ်ကို ထပ်တွေ့ရတဲ့အတွက် မော့ဖူချိုဟာ ခံစားချက်နဲ့ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

ဟန်ကျွယ်က ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ် “မင်းတို့တွေ ဘာဖြစ်လို့ ပြန်လာကြတာလဲ”

မော့ဖူချိုက ပြောလိုက်ပါတယ် “ကျုပ်တို့မောင်နှမ နှစ်ယောက် ဘုံပျံတက်ဖို့ ပြင်ဆင်နေတာ၊ မော့မိသားစုက ကျုပ်တို့နှစ်ယောက်ကို ဘုံပျံတက်ပြီး အရင်တုန်းက ဘုံပျံတက်သွားတဲ့ မော့မိသားစုရဲ့ စီနီယာတွေကို ရှာဖွေစေချင်တယ်၊ သေမျိုးကမ္ဘာမှာ မော့မိသားစုရဲ့ ဂုဏ်သတင်းက အဖက်ဆယ်လို့ မရတော့ ကျုပ်တို့တွေ ထပ်နေဖို့ မသင့်တော်တော့ဘူး”

ကောင်းကင်ရုံးတော် တိုက်ခိုက်မှု ပြီးကတည်းက ကြက်သွေးရောင် တိမ်ကမ္ဘာမှာရှိတဲ့ လူတိုင်းဟာ မိစ္ဆာတွေကို အလွန်မုန်းတီးကြပါတယ်။ မိစ္ဆာကျင့်ကြံသူတွေလည်း အတော်လေး လျော့ကျသွားပြီး ပေါ်ပေါ်ထင်ထင်တောင် မသွားလာရဲကြတော့ပါဘူး။

ဟန်ကျွယ်ဟာ မော့ဖူချိုတို့နှစ်ယောက် ဘုံပျံတက်မယ်ဆိုတဲ့သတင်းအတွက် သိပ်ပြီး အံအားသင့်ခြင်း မရှိပါဘူး။ ဒီလိုနဲ့ သူတို့သုံးဦးဟာ အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောင်း ပြောကြပါတယ်။

ဟန်ကျွယ်ဟာ ဝီရိယတောင်မှာပဲ ကျင့်ကြံအားထုတ်နေတာကြောင့် ဘာမှပြောစရာမရှိဘဲ အချိန်အများစုမှာ ထိုင်နားထောင်ပါတယ်။ ဒီလိုနဲ့ နာရီအတော်ကြာတဲ့အခါမှာတော့ မော့ဖူချိုဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပြီး မော့ကျူနဲ့ ဟန်ကျွယ်ကို နှစ်ယောက်တည်း ထားခဲ့ပါတယ်။

“တကယ်တော့ ကျွန်မ ဘုံပျံမတက်ချင်သေးဘူး၊ ဒါပေမဲ့ အစ်ကိုနဲ့ မိသားစုက ကျွန်မကို လိုအပ်နေတော့ ကျွန်မ ဒီမှာ ဆက်မနေနိုင်တော့ဘူး” မော့ကျူဟာ သက်ပြင်းချလိုက်ပါတယ်။

မော့ကျူဟာ မော့ယိုလင်းနဲ့ တစ်ခြားမိသားစု အကြီးအကဲတွေရဲ့ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပါတယ်။ မော့ဖူချိုကတော့ မိစ္ဆာမျိုးနွယ်စုရဲ့ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် တကယ်တမ်းပြောရရင် မော့မိသားစုအမွေကို ဆက်ခံရရှိလိုက်တဲ့သူက မော့ကျူပါ။ မော့ဖူချို မဟုတ်ပါဘူး။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “မော့မိသားစုက မင်းအတွက် အဲဒီလောက် အရေးကြီးတာလား”

“ကျွန်မက ဒီအမုန်းက ငယ်ငယ်ကတည်းက ခံစားခဲ့ရတော့ အခုဆိုရင် တမ်းတမ်းစွဲဖြစ်နေပြီ၊ ရှင် ထာဝရအသက်ရှင်ချင်သလိုမျိုးပဲ”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဒီအကြောင်းကြောင့်လည်း ဟန်ကျွယ်ဟာ‌ မော့ကျူကို သေမျိုးကမ္ဘာမှာ ဆက်နေဖို့ ဖိအားမပေးတာပါ။

ဘယ်ယောက်ျားကမှ မိန်းမတွေအတွက် ဘဝတစ်ခုလုံး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ မိန်းမတွေအတွက်လည်း အတူတူပါပဲ။

ဟန်ကျွယ်ဟာ သူနှစ်သက်တဲ့ အမျိုးသမီးတွေကို ဝတ္ထုတွေထဲကလို သူ့ဘေးနားမှာပဲ ထာဝရ နေခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အချစ်ဆိုတာ ထာဝရ ရှာဖွေနေရမဲ့အရာတစ်ခု မဟုတ်ပါဘူး။

အထူးသဖြင့် ကျင့်ကြံသူတွေအတွက်ဆို ဒီစကားက ပိုမှန်ပါတယ်။ ကျင့်ကြံသူတွေသာ အချစ်အတွက် အသက်ရှင်တယ်ဆိုရင် ဘာလို့များ ကျင့်ကြံအားထုတ်နေအုန်းမှာလဲ။

“အင်မော်တယ်ကမ္ဘာက အရမ်းအန္တရာယ်များတယ်၊ ကိုယ့်ကိုကိုယ် ဂရုစိုက်” ဟန်ကျွယ်ဟာ စေတနာနဲ့ သတိပေးလိုက်ပါတယ်။

မော့ကျူဟာ ခေါင်းညိတ်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို မော့ကျူမျက်နှာဟာ နီရဲသွားပြီး ခေါင်းငုံ့သွားပါတယ်။

“ဘာဖြစ်လို့လဲ”

“ကျွန်မ... ဘုံပျံမတက်ခင် ဘာနောင်တမှ မကျန်ခဲ့စေချင်ဘူး”

“ဘာနောင်တလဲ”

“ကျွန်မ ပြောနေတာကို ရှင်သိပါတယ်” မော့ကျူဟာ နားရွက်တွေပါ နီရဲသွားပါတယ်။

“ကောင်းပြီ လာ၊ ငါ မင်းပြောတဲ့အတိုင်း လုပ်ပေးမယ်”

လေးငါးခြောက်လ အကြာမှာတော့ မော့ကျူဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။ မော့ကျူဟာ ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ မော့ဖူချိုကို သွားရှာပြီး ယွီဂျင်ဂိုဏ်းတော်ကြီးကနေ နှစ်ယောက်သား အတူတူ ထွက်ခွာသွားကြပါတယ်။

ဟန်ကျွယ်ဟာ မော့ကျူတို့နှစ်ယောက်ကို လိုက်မပို့ပါဘူး။ ဒီလိုလိုက်ပို့တာက အပိုအလုပ်တွေလို့ ဟန်ကျွယ် ခံယူထားပါတယ်။

ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာပြီး နှုတ်ခမ်းမဲ့ကာ မေးလိုက်ပါတယ် “သခင်... အဲဒီမိန်းမမှာ ဘယ်လိုလုပ်ပြီး သခင်ရောင်ဝါ ရှိနေတာလဲ၊ နောက်ပြီး သူ့ခန္ဓာကိုယ်ထဲမှာရော...”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့် မေးခွန်းကြောင့် အိပ်ရာထက် ပြုတ်ကျလုနီးပါး ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်း တစ်နေ့ကုန် ဘာတွေ လျှောက်တွေးနေတာလဲ၊ ငါတို့ကို တာအိုအကြောင်း ဆွေးနွေးကြတာ၊ ငါ သူ့ကို ကျင့်စဉ်တစ်ခု သင်ပေးပြီး ငါ့ဝိညာဉ်စွမ်းအားနဲ့ သူ့ဝိညာဉ်စွမ်းအား လှည့်ပတ်နိုင်အောင် ကူညီပေးလိုက်တာ”

“တကယ်လား”

“တကယ်ပေါ့”

“ဒါဆိုရင် ကျွန်မကိုရော ဘာလို့ သင်မပေးတာလဲ”

“မင်းက တန်လို့လား”

“ဟမ်...” ဝူတောက်ကျန့်ဟာ စိတ်ဆိုးမာန်ဆိုး ကောက်ထိုက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဂရုမစိုက်ဘဲ ဆက်ပြီးကျင့်ကြံပါတယ် ‘ဟင်း... ဒီမြက်ပင်က ကြီးပြင်းလာတော့ ငါ့ကိုတောင် စားချင်လာပြီ၊ ငါ ဘာလုပ်သင့်လဲ’

‘တစ်ခြားတစ်ယောက်ဆီ ပေးလိုက်ရမလား...’

‘ဘာလို့ပေးရမှာလဲ.... ငါက ထာဝရအသက်အတွက် ကျင့်ကြံတာဆိုပေမဲ့ ဘေးနားမှာ ငါ့ကိုကြိုက်တဲ့ မိန်းမတွေ ရှိနေတော့ နေရထိုင်ရတာ သက်သောင့်သက်သာ ရှိတာပေါ့’

‘နောက်ပြီး ဒီကမ္ဘာမှာ တစ်လင်တစ်မယားစနစ်လည်း ရှိတာ မဟုတ်ဘူး၊ ငါကြိုက်ရင် ကြိုက်သလောက် ယူလို့ရတာပဲ’

ဟန်ကျွယ်တွေးတာက မှန်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကောင်းကင်ဧကရာဇ်မှာ ကိုယ်လုပ်တော်ပေါင်း သုံးထောင်ကျော်ပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်က သူ့အပေါ် ဘာတွေးနေလဲဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူတို့ဆက်ဆံရေးကို ဒီလောက်မြန်မြန်ကြီး အဆင့်မတက်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်က အရမ်းအားနည်းနေလို့ပါ။

ဒီလိုနဲ့ ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။

ပုံမှန်အတိုင်း ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သတ်ဖြတ်ခြင်းနတ်ဘုရားခန္ဓာကိုယ်ကို ကျင့်ကြံအားထုတ်ခဲ့သည်။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၂၂၃

[သင့်မြေးတပည့် မုရုံချီသည် သင့်မိတ်ဆွေ ရှန်စစ်သူကြီးနှင့်အတူ နတ်ပြစ်ဒဏ်နယ်မြေသို့ ဝင်ရောက်သွားခဲ့သည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ဖမ်းဆီးခြင်းကိုခံရပြီး ထိုးထွင်းသိမြင်လာအောင် ဖိအားပေးခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျန်းယီသည် နဂါးစစ်မျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X14

[သင့်မိတ်ဆွေ ကျန်းယီသည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း လွတ်အောင် ထွက်ပြေးနိုင်ခဲ့သည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် ဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်တပည့် ရွှင်ချန်အန်းသည် လောကအကြောင်းအား နားလည်ပြီး ကံတရား အထောက်အပံ့များစွား တိုးတက်သွား၏။]

လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ တိုက်ပွဲအရေအတွက်က တော်တော်လေးကို လျော့နည်းသွားပါတယ်။ ဒါကိုထောက်ဆခြင်းအားဖြင့် အင်မော်တယ်ကမ္ဘာဟာ တစ်ဖန်ပြန်ငြိမ်းချမ်းသွားတာကို သိနိုင်ပါတယ်။ ဒါကလည်း ကောင်းပါတယ်။ နေ့တိုင်းတိုက်ခိုက်နေလို့ ဘာအကျိုးထူး ရှိမှာလဲ။

ကျင့်ကြံသူတွေဟာ ကောင်းကင်ကို ဆန့်ကျင်နေကြတဲ့သူတွေပါ။ သူတို့သာ အမြဲတမ်း အချင်းချင်း တိုက်ခိုက်နေမယ်ဆိုရင် ကောင်းကင်တာအိုရဲ့ အလိုအတိုင်း လိုက်လုပ်နေရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်ကုန်မှာပါ။

ဒီအချိန်မှာပဲ...။

[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေ့တွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စစ်ဆေးနေသည်။]

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[ဝတ်ရုံဖြူဗုဒ္ဓ: မဟာညီညွှတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ရှိပြီး ရှေးမီးအိမ်ဗုဒ္ဓ၏ ပညာအမွေကို ဆက်ခံရရှိခဲ့သည်။ ဝတ်ရုံဖြူဗုဒ္ဓသည် ကောင်းကင်တာအိုဗုဒ္ဓကြောင့် ဗုဒ္ဓအသွင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဝတ်ရုံဖြူဗုဒ္ဓသည် ဗုဒ္ဓဂိုဏ်းအား အပေါ်ယံ၌သာ လေးစားပြီး စိတ်ထဲ၌ လုံးဝမနှစ်မြို့ချေ။ အဘယ်ကြောင့်ဆိုသော် ဝတ်ရုံဖြူဗုဒ္ဓသည် တာအိုဂိုဏ်း ချန်ကျောင်းတော်မှ တပည့်တစ်ဦး ဖြစ်နေသောကြောင့်တည်း။ ကောင်းကင်အရှင်၏ ကာကွယ်မှုကြောင့် ဝတ်ရုံဖြူဗုဒ္ဓသည် ဗုဒ္ဓစွမ်းအားများ လွှမ်းမိုးမှုကို မခံရပေ။ ဝတ်ရုံဖြူဗုဒ္ဓသည် ကောင်းကင်တာအိုဗုဒ္ဓ၏ အမိန့်ဖြင့် မဟာအဂ္ဂဗုဒ္ဓအား ရှာဖွေရန် ရောက်ရှိလာခြင်းတည်း။]

‘မဟာအဂ္ဂဗုဒ္ဓကို လာရှာတာလား’

ဟန်ကျွယ်ဟာ သတိကြီးသွားပြီး အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ အသက်ရှူကြိမ် ဆယ်ကြိမ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

‘သူ့လက်ထဲက တောင်ဝှေးက ဘာတောင်ဝှေးလဲ၊ နည်းနည်းစွမ်းသလိုပဲ’

ဟန်ကျွယ်ဟာ လက်မလျှော့ဘဲ ဆက်တိုက်ခိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အားကုန်ထုတ်တိုက်ပါတယ်။

တစ်ချက်တည်းသတ်ဖြတ်ခြင်း။

ဒီတော့မှာပဲ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး ဝတ်ရုံဖြူဗုဒ္ဓ ပြဿနာရှာမှာကို မကြောက်တော့ပါဘူး။

တစ်ချိန်တည်းမှာပဲ ဟင်းလင်းပြင်တစ်နေရာမှာ နတ်အရှင်ဝူသယ်က ဝတ်ရုံဖြူဗုဒ္ဓကို တားဆီးလိုက်ပါတယ် “ဝတ်ရုံဖြူဗုဒ္ဓ... မင်း ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ”

“အော့မိတော်ဖော... ဒီကမ္ဘာက ကိုယ်တော်နဲ့ ရေစက်ရှိတော့ ကျင့်စဉ်တွေ မျှဝေရအောင် ရောက်လာတာပါ” ဝတ်ရုံဖြူဗုဒ္ဓက ကြင်နာစွာပြုံးပြီး အဖြေပြန်ပေးလိုက်ပါတယ်။

နတ်အရှင်ဝူသယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ အသံတစ်သံကို နားထဲမှာ ရုတ်တရက် ကြားလိုက်ရတာကြောင့် နတ်အရှင်ဝူသယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို မတားဆီးတော့ပါဘူး “မင်း ပြဿနာရှာရဲရင် ငါ မင်းကို ချက်ချင်းတိုက်ခိုက်မှာ”

စကားဆုံးတာနဲ့ နတ်အရှင်ဝူသယ်ဟာ လမ်းဖယ်ပေးလိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓကလည်း အပြုံးနဲ့ ခေါင်းညိတ်လိုက်ပြီး ကြက်သွေးရောင်တိမ်ကမ္ဘာဆီ ပျံသန်းသွားပါတယ်။

နတ်အရှင်ဝူသယ်ဟာလည်း အမှောင်ထုထဲမှာ မကြာခင် ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ရဲ့ ကောင်းကင်ရုပ်သေးရုပ်ဟာ ဒီမြင်ကွင်းကို အစအဆုံး မြင်တွေ့လိုက်ရတာကြောင့် မကြိမ်းမောင်းဘဲ မနေနိုင်ပါဘူး။

‘ဘာလို့ သူ့ကို ဝင်ခွင့်ပြုလိုက်တာလဲ၊ ကောင်းကင်ရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းက ရန်သူတွေ မဟုတ်ဘူးလား’

ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို သတ်ရကောင်းနိုးနိုး မသတ်ရကောင်းနိုးနိုး ဖြစ်သွားပါတယ်။

ဒါပေမဲ့ ဝတ်ရုံဖြူဗုဒ္ဓက မဟာအဂ္ဂဗုဒ္ဓကို လာရှာတာပါ။ ဟန်ကျွယ်ကို ပြဿနာလာရှာတာ မဟုတ်ပါဘူး။ ဟန်ကျွယ်သာ ဝတ်ရုံဖြူဗုဒ္ဓကို သတ်လိုက်ရင်တော့ ကျိန်းသေပေါက် ပြဿနာတက်မှာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters