ကောင်းကင်ဖာကျောက်တုံး၊ နွီဝါနန်းတော်
Vol. 19 Ch. 231
အခန်း (၂၃၁) ကောင်းကင်ဖာကျောက်တုံး၊ နွီဝါနန်းတော်
“တာအိုရောင်းရင်း”
ဝတ်ရုံဖြူဗုဒ္ဓရဲ့ အသံဟာ ထပ်မံထွက်ပေါ်လာပြန်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ဆီက စကားပြန်ကို စောင့်ရင်း ပဟေဠိဖြစ်သွားပါတယ် ‘ငါလုပ်တာ မကောင်းသေးလို့လား’
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် ဝတ်ရုံဖြူဗုဒ္ဓရှေ့ကို ချက်ချင်း ရောက်သွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ် ထွက်လာတာတွေ့တဲ့အတွက် အပြုံးနဲ့ ပြုံးလိုက်ပါတယ် “ဒီနှစ်ထဲမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ထွက်ပေါ်လာတယ်၊ သူတို့က အင်မော်တယ်ကမ္ဘာမှာဆိုရင်တောင် သာမန်စာရင်းထဲ မဝင်ဘူး”
ဟန်ကျွယ်က စပ်စုလိုက်ပါတယ် “မင်း ဘာလို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ၊ ဗုဒ္ဓဂိုဏ်းကို မပြန်ရင် မေးခွန်းထုတ်ခံရမှာ မကြောက်ဘူးလား”
ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုရောင်းရင်း... အမှန်တရားကို မသိသေးဘူးလား၊ ကောင်းကင်ဧကရာဇ်က တာအိုရောင်းရင်းကို ကူညီဖို့ ပြောထားတာ၊ ဒီကိစ္စကို တာအိုရောင်းရင်းက ဘယ်လိုလုပ်ပြီး မသိရတာလဲ”
“ကျုပ်ပြောချင်တာက အဲဒါမဟုတ်ဘူး၊ ဗုဒ္ဓဂိုဏ်းသားတွေက ခင်ဗျားကို လက်စားချေမှာ မကြောက်ဖူးလားလို့ မေးတာ”
“ဒီကိစ္စက စိုးရိမ်စရာမလိုဘူး၊ မဟာအဂ္ဂဗုဒ္ဓက လွယ်လွယ်နဲ့တွေ့နိုင်တာမှ မဟုတ်တာ၊ အနည်းဆုံး နှစ်ရာချီကြာရင်တောင် သူတို့တွေ သံသယဝင်မှာ မဟုတ်ဘူး၊ နှစ်လေးငါးထောင် အချိန်ဆွဲရင်တောင် သိပ်ကြီးတဲ့ကိစ္စမဟုတ်ဘူး၊ ကောင်းကင်တာအိုဗုဒ္ဓက ကျုပ်ကို မတွက်ချက်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ဆီမှာ အကောင်းစားရတနာတစ်ပါး ရှိနေလို့ပဲ”
“ဒါဆိုရင် ခင်ဗျားက သံသယဝင်ခံရမှာ မကြောက်ဘူးလား”
“သူတို့က ကျုပ်ကို သံသယဝင်နေတာကြာပြီ၊ ကြောက်နေလို့ရော ဘာထူးမှာလဲ၊ သူတို့တွေ ကျုပ်ကို ဒီစေလွှတ်တာကလည်း ကျုပ်ကို စမ်းသပ်ချင်လို့ပဲ”
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ဘာမထီတဲ့ မျက်နှာကိုကြည့်ရင်း ပြောစရာ စကားမရှိတော့ပါဘူး ‘တော်တော်လေး ယုတ္တိမရှိတာပဲ၊ ငါသာ ကောင်းကင်တာအိုဗုဒ္ဓဆိုရင် ဒီဝတ်ရုံဖြူဗုဒ္ဓကို သတ်ပြီးနေလောက်ပြီ’
‘ကြည့်ရတာ နောက်ကျရင် ငါသတိထားမှ ရတော့မယ်၊ ငါ့တိတ်ဆိတ်ဂိုဏ်းမှာ ဒီဝတ်ရုံဖြူဗုဒ္ဓလိုမျိုး သစ္စာဖောက်ပေါ်လာမှာကို ကြိုတင်ကာကွယ်ထားရမယ်’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ အတွေးမျိုးစုံ တွေးလိုက်ပြီးနောက် ဝတ်ရုံဖြူဗုဒ္ဓကို ပြောလိုက်ပါတယ် “ဒီပါရမီရှင်တွေကိစ္စက ခင်ဗျားဘာသာ ကြိုက်သလိုစီစဉ်”
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင် လက်ထဲမှာ ရှိနေတာကြောင့် ဝတ်ရုံဖြူဗုဒ္ဓ လှည့်စားမှာကို လုံးဝမကြောက်ပါဘူး။ ကောင်းကင်တာအိုအောက်မှာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ လုပ်ရှားမှုကို ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် စောင့်ကြည့်နိုင်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓမှာ အကောင်းစားရတနာ ရှိနေရင်တောင် ကောင်းကင်တာအိုရဲ့ စောင့်ကြည့်မှုအောက်နေ မလွတ်မြောက်နိုင်ပါဘူး။
တကယ်လို ဝတ်ရုံဖြူဗုဒ္ဓသာ စိတ်လိုက်မာန်ပါ လုပ်မယ်ဆိုရင်တော့ ဟန်ကျွယ်က ချက်ချင်း သတ်ပစ်မှာပါ။
“ခင်ဗျားကို ကူညီပေးတဲ့အတွက် ကျေးဇူးမတင်တော့ဘူးလား” ဝတ်ရုံဖြူဗုဒ္ဓက ရယ်ပြုံးနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်က ဒေါသတကြီး ပြန်ပြောလိုက်ပါတယ် “ခင်ဗျားစကားက ဘာအကျိုးအမြတ်မှ မရတဲ့အတိုင်းပဲ၊ ကျုပ်က ခင်ဗျားကို သေမျိုးကမ္ဘာမှာ တာအိုဟောကြားခွင့်ပေးပြီး ကံတရား အထောက်အပံ့ တိုးတက်လာစေတယ်၊ ဒါက ကျုပ် ခင်ဗျားအတွက် လုပ်ပေးနိုင်တဲ့ အကြီးမားဆုံး မျက်နှာသာပေးမှုပဲ”
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ရဲ့ ချက်ကျလက်ကျ စကားကြောင့် ဘာမှပြန်မပြောနိုင်တော့ပါဘူး။
“ဒါပဲမလား၊ ပြန်ပြီ” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဝီရိယတောင်က လှည့်ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို တစ်ခါတည်းမပြန်ဘဲ ဖူစန်းသစ်ပင်အောက်ကို လျှောက်သွားပြီး တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ဩဝါဒပေးပါတယ်။
နှစ်တွေကြာပြီဖြစ်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်းရဲ့တပည့်တွေထဲက အညံဆုံးတပည့်တောင် အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်နေကြပါပြီ။ ဒါကလည်း ဝီရိယတောင်ရဲ့ ထူထပ်သိပ်သည်းလွန်းတဲ့ စိတ်ဝိညာဉ်ချီကြောင့်ပါ။ ကြက်သွေးရောင် တိမ်ကမ္ဘာမှာ စိတ်ဝိညာည်ချီ အထူထပ်အသိပ်သည်းဆုံးက ဟန်ကျွယ်ရဲ့ ဝီရိယတောင်ပါ။
အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်လာတဲ့ ကျိုးမင်ယွဲ့ဟာ ကျင့်ကြံခြင်းလောကမှာ ထင်ရှားလာပါတယ်။ မုရုံချီပြီးရင် ကျိုးမင်ယွဲ့က ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အကြီးဆုံးတပည့် ဖြစ်လာပါတယ်။ တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို ဂိုဏ်းထဲဆွဲထည့်ဖို့ မျက်နှာပူလွန်းတဲ့အတွက် ဟန်ကျွယ်ရဲ့ မြေးတပည့်တွေကိုပဲ ဂိုဏ်းထဲဆွဲထည့်ရတာပါ။
ပြောစရာရှိတာဆိုလို့ တာအိုသခင်ကျိုးတိရဲ့ ကျင့်ကြံမှုအဆင့်က အတိဒုက္ခဖြတ်ကျော် ဒုတိယအဆင့်ကို ရောက်နေပြီမလို့ သက်တမ်းရှည်ရှည် မနေရမှာကို သိပ်ပြီးစိုးရိမ်စရာ မလိုတော့ပါပဲ။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဩဝါဒပေးတာကို ရပ်လိုက်ပါတယ်။
လုံဟောင်က ပြောလိုက်ပါတယ် “ဆရာသခင်... ကျွန်တော်လည်း ကောင်းကင်ဓားတာအိုကို သင်ယူချင်တယ်”
ဝူတောက်ကျန့်ဟာ ကောင်းကင်ဓားတာအို ဒုတိယအဆင့်ကို ရောက်ပြီးကတည်းက စွမ်းအားတွေ တော်တော်လေး တိုးတက်သွားပါတယ်။ ဒါကြောင့် လုံဟောင်ဟာ ဒီဓားပညာကို မျက်စိကျနေတာ ကြာပါပြီ။
ငရဲကြက်နက်ကလည်း ဝင်ပြောပါတယ် “ကျွန်တော်လည်း သင်ချင်တယ်”
“ဒီဓားတာအိုက သင်ယူလေ့လာဖို့ အရမ်းခက်တယ်၊ ကောင်းကင်ရုံးတော်မှာရှိတဲ့ ပညာရှင်အင်မော်တယ်တွေရဲ့ ခေါင်းဆောင် တိထိုက်ပိုင်တောင် ဒီဓားပညာကို တတ်မြောက်ဖို့ နှစ်တစ်ထောင် အချိန်ယူခဲ့ရတယ်၊ ဒီလိုအချိန်ယူခဲ့ရတာတောင် ထူးချွန်နေပြီလို့ပဲ ပြောလို့ရတယ်”
“ကျွန်တော် အရည်အချင်းကလည်း မဆိုးပါဘူး” လုံဟောင်က လေးလေးနက်နက် ပြောလိုက်ပေမဲ့ ငရဲကြက်နက်ကတော့ ပါးစပ်ပိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်ပါတယ် “ကောင်းပြီ၊ ဘယ်သူတွေ သင်ချင်သေးလဲ၊ သင်ချင်တဲ့သူတိုင်းကို ငါ သင်ပေးမယ်”
ရွှင်ချန်အန်း၊ ကျိုးမင်ယွဲ့နဲ့ ရွှေကျီးကန်းအာတဟာ လက်မြှောက်လိုက်ကြပါတယ်။
ချူရှီရန်ကတော့ ကောင်းကင်ဓားတာအိုပညာရပ်ကို စိတ်မဝင်စားပါဘူး။ ထူလင်းအာကတော့ ဓားတာအိုမှာ မကျွမ်းကျင်ပါဘူး။ ရွှေကျီးကန်းရှောင်အာကျတော့ အရည်အချင်းက အကန့်အသတ် ရှိပါတယ်။ ဒါကြောင့် သူတို့သုံးဦးဟာ လက်မမြှောက်ကြပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ကောင်းကင်ဓားတာအို ပထမအဆင့်ကို စတင်သင်ကြားပေးလိုက်ပါတယ်။ ဒီလိုနဲ့ လေးငါးဆယ်ရက် ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မြေအင်မော်တယ်ဘူးပင်ရှိရာကို လျှောက်သွားပါတယ်။
ဘူးသီးခုနစ်လုံးဟာ သာမန်ဘူးသီးအရွယ်အစား ဖြစ်လာပါပြီ။ ဟန်ကျွယ်ဟာ ဘိုးဘေးမှော်ဆရာသွေး ထည့်ထားတဲ့ အစိမ်းရောင် ကျောက်စိမ်းပုလင်း တစ်ပုလင်းကိုကို ထုတ်ယူလိုက်ပြီး မြေအင်မော်တယ်ဘူးပင်ကို လောင်းလိုက်ပါတယ်။
ရွှေကျီးရှောင်အာက စပ်စုလိုက်ပါတယ် “သခင်... ဘာလုပ်နေတာလဲ”
ဟန်ကျွယ်ကပြုံးပြီး ပြောလိုက်ပါတယ် “မြေဩဇာကျွေးနေတာ”
တစ်ခြားသူတွေက ကောင်းကင်ဓားတာအိုကို လေ့လာသုံးသပ်နေတာမို့ ဟန်ကျွယ်နားကို ရောက်မကြပါဘူး။
ထူလင်းအာကတော့ တစ်စုံတစ်ခုကို အာရုံခံမိလိုက်တာကြောင့် မျက်လုံးဖွင့်ပြီး ဟန်ကျွယ်လက်ထဲက အစိမ်းရောင် ကျောက်စိမ်းပုလင်းကို ကြည့်လိုက်ပါတယ်။ အကြောင်းအရင်းတစ်ချို့ကြောင့် ထူလင်းအာဟာ ကျောက်စိမ်းပုလင်းကိုကြည့်ပြီး နှလုံးခုန် မြန်သွားပါတယ်။
‘ဒီကျောက်စိမ်းပုလင်းက ဘာမို့လို့ ငါ့ကို စိတ်လှုပ်ရှားစေတာလဲ’
ဟန်ကျွယ်ဟာ မြေအင်မော်တယ်ဘူးပင်ကို မျက်တောင်မခတ် စိုက်ကြည့်ပြီး ဘိုးဘေးမှော်ဆရာသွေးနဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ဖို့ စိတ်ထဲမှာ ဆုတောင်းနေပါတယ်။ အတန်ကြာတဲ့အချိန်အထိ မြေအင်မော်တယ်ဘူးပင်က ဘာမှပြောင်းလဲခြင်း မရှိပါဘူး။ ဒီတော့မှ ဟန်ကျွယ်ဟာ စိတ်ချလက်ချ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ကြောက်တာက ဘိုးဘေးမှော်ဆရာသွေးရဲ့ စွမ်းအားကို မခံနိုင်လို့ မြေအင်မော်တယ်ဘူးပင် ပျက်စီးသွားမှာကိုပါ။
ဟန်ကျွယ်ဟာ အတွေးများနေတုန်းမှာပဲ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် ညာလက်ဖြန့်လိုက်တဲ့အခါမှာ အနီရောင်ကျောက်တုံးတစ်တုံး ပေါ်လာပါတယ်။ ဒီကျောက်တုံးက ဟန်ကျွယ်ကို ရှင်းဟုန်ရွှမ်ပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးတစ်တုံးပါ။ ဟန်ကျွယ်ဟာ ဒီကျောက်တုံးထဲမှာ ထူးဆန်းတဲ့ရောင်ဝါတစ်ခုကို အာရုံခံမိခဲ့ပေမဲ့ ဒီရောင်ဝါက ဘာလဲဆိုတာကိုတော့ မမြင်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ဒီနေ့မှာတော့ အနီရောင်ကျောက်တုံးဟာ ပြင်းထန်စွာ တုန်ခါလာပြီး ဟန်ကျွယ်လက်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားလာပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ လွှတ်ပေးလိုက်ပါတယ်။
အနီရောင်ကျောက်တုံးဟာ မြေအင်မော်တယ်ဘူးပင်ဆီ လျင်မြန်စွာ ပျံသန်းသွားပြီး ဘူးပင်နဲ့တွယ်ငြိသွားပါတယ်။ အဲဒီနောက် အလွန်လျင်မြန်တဲ့အရှိန်နဲ့ အနီရောင်ဘူးသီးတစ်လုံး ဖြစ်သွားပါတယ်။ တစ်ခြားဘူးသီးတွေနဲ့ နှိုင်းယှဉ်ရင် ဒီအနီရောင်ဘူးသီးက အရမ်းသေးငယ်တယ်ဆိုပေမဲ့ သွေးရောင်လိုနီရဲနေတာကြောင့် မြင်သာထင်သာ ရှိလှပါတယ်။
“ကျောက်တုံးက ဘူးသီးဖြစ်သွားပါ့လား” ရှောင်အာရဲ့ အံဩတကြီး ပြောဆိုသံကြောင့် တစ်ခြားသူတွေက လှမ်းကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှောင်အာကို ဂရုမစိုက်ဘဲ မြေအင်မော်တယ်ဘူးပင်ကိုသာ ဆက်ပြီးတော့ စောင့်ကြည့်ပါတယ်။ အတန်ကြာတဲ့အထိ မြေအင်မော်တယ်ဘူးပင်ဟာ ဘာမှမဖြစ်ပါဘူး။
‘ဝိုး... ငါရဲ့ ဘူးသီးညီနော်ခုနစ်ဖော်က ရှစ်ဖော်ဖြစ်လာမှာလား’ ဟန်ကျွယ်ဟာ နည်းနည်း ထူးဆန်းသွားပါတယ်။ အဲဒီနောက် သူ့တပည့်တွေဘက်လှည့်ပြီး ပြောလိုက်ပါတယ် “ဒီဘူးသီးတွေကို သေချာစောင့်ကြည့်ထားကြ၊ တစ်ခုခုပြောင်းလဲတာရှိရင် ငါ့ကို ချက်ချင်းအသိပေးကြ”
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကိုပြန်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ ဟန်ကျွယ်တပည့်တွေကတော့ မြေအင်မော်တယ်ဘူးပင်ဆီ ရောက်လာပြီး စိတ်ဝင်တစား ကြည့်ရှုကြပါတယ်။
“နောက်ထပ် ဘူးသီးတစ်လုံးပါလား”
“ဒီဘူးသီးတွေက တကယ်ပဲ အသွင်ပြောင်းနိုင်မှာလား”
“ပြောင်းနိုင်မှာ ကျိန်းသေတယ်၊ မဟုတ်ရင် ဆရာသခင်က သူတို့ကို ဒီအတိုင်းထားမှာ မဟုတ်ဘူး၊ ဝိညာည်ရတနာ လုပ်ပြီးနေလောက်ပြီ”
“ဆရာသခင်က ကရုဏာတရား ကြီးမားတာပဲ၊ ဝူတောက်ကျန့်ကလည်း မြက်ပင်ကနေ အသွင်ပြောင်းလဲလာတာ၊ ဟိုဘုန်းကြီးရုပ်ဆိုးကလည်း ဘဝဟောင်းမှာတုန်းက ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း”
“ကြည့်ရတာ နောက်ကျရင် ဝီရိယတောင်က စည်စည်ကားကား ဖြစ်လာတော့မှာပဲ”
နှစ် ၂၀ ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စောင့်ဆိုင်းနေသည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရန်သူမဖြစ်စေဖို့ ဆုတောင်းလိုက်ပါတယ်။ ပြီးမှပဲ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[မြေအင်မော်တယ်ဘူးသီး စိတ်ဝိညာဉ်: ခန္ဓာကိုယ်ပေါင်းစပ် ပထမအဆင့်၊ မြေအင်မော်တယ်ဘူးပင်မှ ဖြစ်တည်လာခြင်းတည်း။ ဘိုးဘေးမှော်ဆရာသိကျန်း၏ သွေးနှစ်ပါဝင်သည်။ ဖူစန်းသစ်ပင်၏ စောင့်ရှောက်ခြင်းကို နှစ်ပေါင်းတစ်ထောင် ခံယူပြီးနောက် သိစိတ် မွေးဖွားလာခဲ့သဖြင့် သာမန်ထက်လွန်ကဲသော ကံတရား အထောက်အပံ့ရှိ၏။] x7
[ပဋိပက္ခဘူးသီး စိတ်ဝိညာဉ်: စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပထမအဆင့်၊ ကောင်းကင်ဖာကျောက်တုံးမှ ဖြစ်တည်လာခြင်းတည်း။ မြေအင်မော်တယ်ဘူးပင်၏ စွမ်းအင်နှစ်နှင့် ဘိုးဘေးမှော်ဆရာ သိကျန်း၏ သွေးနှစ်တို့ ပါဝင်သည်။ အားကောင်းသော အုတ်မြစ်ရှိပြီး အရင်ကမရှိခဲ့ဖူးသော သက်ရှိအမျိုးအစား အသစ်ဖြစ်၏။
ကောင်းကင်ဖာကျောက်တုံးအား ပဋိပက္ခ၏ အနက်ရှိုင်းဆုံးနေရာတွင်သာ တွေ့ရှိနိုင်၏။ နွီဝါနန်းတော်မှ ပြုတ်ကျလာသော ဤကောင်းကင်ဖာကျောက်တုံးသည် လျှိုဝှက်ဆန်းကြယ်စွမ်အားဖြင့် ထိန်းချုပ်ခံရပြီး ပစ်မှတ်ဆီသို့ ဦးတည်ကျရောက်ခြင်းတည်း။ သို့သော် ကောင်းကင်ဖာကျောက်တုံးသည် စိတ်ဝိညာဉ်ဖြစ်လာ၏။ ထို့အပြင် မှော်မျိုးနွယ်စု၏ ကံတရား အထောက်အပံ့၊ ပြန်လည်မွေးဖွားခြင်စွမ်းအား၊ ဖူစန်းသစ်ပင်နှင့် အခြားကြီးမားသော ကံတရားအထောက်အပံ့များက ကောင်းကင်ဖာကျောက်တုံးနှင့် နွီဝါနန်းတော်၏ ကံကြမ္မာအား ဖြတ်တောက်ပစ်လိုက်သည်။]
ဟန်ကျွယ်ဟာ အံဩမှင်သက်သွားပါတယ် ‘ဘူးသီးရှစ်လုံးကို အသိဉာဏ်ပွင့်သွားပြီလား’
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနီရောင်ကျောက်တုံးက နွီဝါနန်းတော်ကနေလာတဲ့ ကောင်းကင်ဖာကျောက်တုံး ဖြစ်နေလို့ပါပဲ။
‘နွီဝါနန်းတော်က ငါ့ကို ပစ်မှတ်ထားနေပြီလား’
‘ဒါအဖြစ်နိုင်ဆုံးပဲ၊ သူတို့က ကောင်းကင်ဖာကျောက်တုံးကို ရှင်းဟုန်ရွှမ်ဆီ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ချလိုက်တာ၊ ရှင်းဟုန်ရွှမ်က ဒီကျောက်တုံးကို အသုံးမပြုနိုင်မှတော့ ငါ့ဆီ ကျိန်းသေပေါက် ပေးမှာပဲ’
‘ကြားထဲမှာ ရှင်းဟုန်ရွှမ်ခံနေတော့ ငါက သံသယမဝင်တော့ဘူး’
‘ကောင်းလိုက်တဲ့ တွက်ချက်မှု၊ ငါ့မှာသာ စနစ်မရှိရင် သူတို့လက်ထဲက နယ်ရုပ်ဖြစ်မှာပဲ’
ဟန်ကျွယ်ဟာ အဖြစ်အပျက်တွေကို မှန်းဆပြီး ထိတ်လန့်သွားပါတယ်။
[ထိုက်စုတျန်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှသာပေးမှု:ကြယ်တစ်ပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။