← Chapters

ပြီးပြည့်စုံသော အင်မော်တယ်ဧကရာဇ်၊ ဖန်းလျန်ဒုက္ခရောက်နေခြင်း

Vol. 19 Ch. 237

ပြီးပြည့်စုံသော အင်မော်တယ်ဧကရာဇ်၊ ဖန်းလျန်ဒုက္ခရောက်နေခြင်း

Vol. 19 Ch. 237

အခန်း (၂၃၇) ပြီးပြည့်စုံသော အင်မော်တယ်ဧကရာဇ်၊ ဖန်းလျန်ဒုက္ခရောက်နေခြင်း

ဟန်ကျွယ်ဟာ သူပြန်လည်မွေးဖွာခြင်းကိုယ်ပွားနဲ့ ဘယ်လောက်ဝေးဝေး ဆက်သွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြန်လည်မွေးဖွားခြင်းကိုယ်ပွားကို ဟန်ကျွယ်ကိုယ်တိုင် ဖန်တီးထားတာမို့လို့ပါ။ ဒီထက်တိတိကျကျ ပြောရရင် ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်းကိုယ်ပွားက ဘာတွေးနေလဲဆိုတာကိုတောင် သိနိုင်ပါတယ်။ ဒါပေမဲ့ ပြန်လည်မွေးဖွားခြင်းကိုယ်ပွားကတော့ ဟန်ကျွယ်အတွေးတွေကို မမြင်နိုင်ပါဘူး။

ပြန်လည်မွေးဖွားခြင်းကိုယ်ပွား လျူပေ့ဟာ ဒီနှစ်ထဲကြုံတွေ့ရတဲ့ အခက်အခဲကို ပြောပြပါတယ်။ အခက်အခဲကတော့ ဒီလိုပါ။

ဓားတာအိုပါရမီရှင်တစ်ယောက်ဟာ လျူပေ့ကို ရှာတွေ့သွားပြီး သာမန်လူမဟုတ်ဘူးလို့ ယူဆတာကြောင့် စကားစမြည်ပြောဖို့ ကြိုးစားပါတယ်။ အစမှတော့ လျူပေ့က သည်းခံနိုင်သေးပေမဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။ ဒါကြောင့် လျူပေ့ဟာ ဓားတာအိုပါရမီရှင်ကို ကြိမ်းမောင်းပစ်လိုက်ပါတယ်။ ဒါကြောင့် ဓားတာအိုပါရမီရှင်ဟာ လျူပေ့ကို နောင်တရစေရမယ်လို့ ခြိမ်းခြောက်သွားပါတယ်။

လျူပေ့ဟာ ဟန်ကျွယ်ရဲ့ သတိကြီးတဲ့ ကိုယ်ရေးကိုယ်သွေးကို ဆက်ခံရရှိထားတာကြောင့် ဒီကိစ္စကို မဖြေရှင်းနိုင်လောက်ဘူးထင်ပြီး အဓိကခန္ဓာကိုယ်ကို ဆက်သွယ်လိုက်ခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ လျူပေ့စကားကို နားထောင်ပြီး ဆွံအသွားပါတယ် ‘ဒီလူက ငါနဲ့တစ်ပုံစံတည်းပါပဲလား... ဒါပေမဲ့ ငါက တစ်ခြားသူကို သွားကြိမ်းမှာတော့ မဟုတ်ဘူး...’

“သူ နောက်တစ်ခါ ပေါ်လာရင် ငါ့ကိုပြော”

“ကောင်းပြီလေ” လျူပေ့ရဲ့အသံဟာ နည်းနည်း တုန်ယင်နေပါသေးတယ်။ လျူပေ့ဟာ တစ်ဖက်လူက နောက်ခံကြီးကြီးရှိမှာကို တကယ်ကြောက်နေတာပါ။

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်ပြီး အင်မော်တယ်ဧကရာဇ်ဖြစ်လာအောင် ဘယ်လိုကျင့်ကြံရမလဲဆိုတာကို စဉ်းစားလိုက်ပါတယ်။

ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ဟန်ကျွယ်ရောက်တဲ့အခါမှာ ကျင့်စဉ်အသစ်တစ်ခု ဟန်ကျွယ်စိတ်ထဲမှာ ပေါ်လာပါတယ်။ ဒီကျင့်စဉ်က အလွန်တရာကျယ်ပြန့်ပြီး အလွန်တရာမှ နက်ရှိုင်းပါတယ်။ ဒီထဲမှာ ကံတရား အထောက်အပံ့၊ မိုးနဲ့မြေ၊ ကောင်းကင်တာအို၊ ဒြပ်စင်ငါးပါး၊ ယင်နဲ့ယန် စတဲ့ လမ်းပေါင်းများစွာ ပါဝင်ပါတယ်။

အင်မော်တယ်ဧကရာဇ်တွေက တာအိုတစ်ခုတည်း ကျင့်ကြံကြတာ မဟုတ်ပါဘူး။ ဥပမာပေးရရင် ကျန်းယီက ဓားတာအို အင်မော်တယ်ဧကရာဇ်ဆိုပေမဲ့ ဓားတာအိုအပြင် တစ်ခြားတာအိုတွေကိုလည်း ကျင့်ကြံပါသေးတယ်။

ကျင့်ကြံရတာက အရမ်းကို ခက်ခဲပါတယ်။ တစ်ချို့သော စိတ်ကူးယဉ်ဝတ္ထုတွေထဲကလို ပါရမီရှင်တွေက တစ်ခြားအကြောင်းအရားတွေ နားမလည်လဲ အရာရာတိုင်းမှာ စွမ်းအားအကြီးဆုံး ဖြစ်လာနိုင်မှာတော့ မဟုတ်ပါဘူး။

ကျင့်ကြံအားထုတ်တယ်ဆိုတာ တာအိုနဲ့ နှလုံးသားကို ကျင့်ကြံရတာပါ။

ဒဏ္ဍာရီထဲက ပန်ကူးမျိုးဆက်ဖြစ်တဲ့ ဘိုးဘေးမှော်ဆရာ ၁၂ ပါးဟာလည်း စွမ်းအားကြီးမားတဲ့ ခန္ဓာကိုယ်တွေ ရှိကြတယ်ဆိုပေမဲ့ ပဓာနဝိညာဉ်ကတော့ အားနည်းကြပါတယ်။

ဒီလိုနဲ့ လေးငါးခြောက်လအကြာမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို ပြန်သုံးသပ်လို့ ပြီးသွားပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ် သဘောပေါက်လိုက်တာ တစ်ခုရှိပါတယ်။

အဲဒါကတော့ တရားထိုင်ပြီး ကျင့်ကြံအားထုတ်ရုံနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်မလာနိုင်ဘူးဆိုတဲ့ အချက်ပါ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

‘ကံတရား အထောက်အပံ့၊ အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ ငါ ကံတရား အထောက်အပံ့ လိုတယ်’

အင်မော်တယ်ဧကရာဇ်ဖြစ်လာဖို့ နည်းလယ်သုံးသွယ် ရှိပါတယ်။

ပထမနည်းလမ်းကတော့ ကြီးမားတဲ့ ကံတရားအထောက်အပံ့ကိုသုံးပြီး ကောင်းကင်တာအိုရဲ့ အသိအမှတ်ပြုမှုအောက်ကနေ အင်မော်တယ်ဧကရာဇ်အဆင့်ကို တက်လှမ်းတာပါ။ ဒီလိုအင်မော်တယ်ဧကရာဇ်မျိုးက အားအနည်းဆုံး အင်မော်တယ်ဧကရာဇ်ပါ။

ဒုတိယနည်းလမ်းကတော့ မဟာတာအိုပါ။ မဟာတာအိုကို အမှီပြုပြီး မဟာတာအိုကို သိမြင်နားလည်အောင် သုံးသပ်ပြီး ဝိညာဉ်ကို အသွင်ပြောင်းလဲတာပါ။

တတိယနည်းလမ်းကတော့ မဟာတာအိုနဲ့ ကံတရား အထောက်အပံ့ကို ပေါင်းစည်းဖို့ပါ။ ဒီလိုအင်မော်တယ်ဧကရာဇ်မျိုးက အင်မော်တယ်ဧကရာဇ်တွေထဲမှာ စွမ်အားအကြီးဆုံးပါ။ သူတို့တွေမှာ ကြီးမားတဲ့စွမ်းအားရှိသလို သူတို့ကို ကာကွယ်ထားတဲ့ ကြီးမားတဲ့ ကံတရား အထောက်အပံ့လည်း ရှိပါတယ်။

ဟန်ကျွယ်ကိုယ်တိုင်မှာလည်း သေခြင်းရှင်ခြင်း မဟာတာအိုရှိပါတယ်။ ဒါပေမဲ့ ကံတရား အထောက်အပံ့က အင်မော်တယ်ဧကရာဇ်အဆင့် တက်နိုင်လောက်တဲ့အထိ အားမကောင်းပါဘူး။

ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ်အဆင့်ကို တက်မယ်ဆိုရင် စွမ်းအားအကြီးဆုံး အင်မော်တယ်ဧကရာဇ်ပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါမှလည်း အန္တရာယ်ကင်းပြီး ဟန်ကျွယ်လိုချင်တဲ့ ထာဝရအသက်ကို ရနိုင်မှာပါ။

[သင်သည် ဧကရာဇ်အဆင့်အား မည်သို့တက်ရောက်ရမည်ကို ရွေးချယ်နေကြောင်း တွေ့ရှိထား၏။ သင့်တွင် အောက်ပါ ‌ရွေးချယ်မှုများ ရှိသည်။]

[၁။ ကံတရားအထောက်အပံ့ဖြင့် အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းပါက မဟာတာအို အပိုင်းအစ တစ်ခု၊ အကောင်းစားရတနာ တစ်ပါးနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို ရရှိမည်။]

[၂။ မဟာတာအိုဖြင့် အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းပါက မဟာတာအို အပိုင်းအစ နှစ်ခုနှင့် အကောင်းစားရတနာ တစ်ပါးကို ရရှိမည်။]

[၃။ ကံတရားအထောက်အပံ့နှင့် မဟာတာအိုအား ပေါင်းစပ်ပြီး ပြီးပြည့်စုံသော အင်မော်တယ်ဧကရာဇ် ဖြစ်လာပါက မဟာတာအိုအပိုင်းအစ သုံးခု၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို ရရှိမည်။]

ဒီရွေးချယ်မှု သုံးခုက ချက်ချင်းကြီး ရွေးချယ်လို့ရတဲ့အရာတွေ မဟုတ်ပါဘူး။ ဟန်ကျွယ် အင်မော်တယ်ဧကရာဇ် ဖြစ်လာမှပဲ သူ့ဘာသာ ပြီးသွားမှာပါ။

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ကြီးမားတဲ့ ကံတရား အထောက်အပံ့ကို ငါ ဘယ်ကနေ ရနိုင်မလဲ’

ဟန်ကျွယ်အတွက် ကံတရား အထောက်အပံ့ရဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။

ပထမနည်းလမ်းကတော့ ရန်သူကို သတ်ပြီး ရန်သူရဲ့ ကံတရားအထောက်အပံ့ကို သိမ်းယူတာပါ။ ဒါကြောင့်လည်း ပါရမီရှင်တွေကို အချင်းချင်း မပြတ်တိုက်ခိုက်နေကြတာပါ။

ဒုတိယနည်းလမ်းကတော့ ထုန်ကျန့်ကမ္ဘာပါ။ ထုန်ကျန့်ကမ္ဘာရဲ့ ကောင်းကင်တာအို အင်အားကြီးလာတာနဲ့ ဟန်ကျွယ်ရဲ့ ကံတရားအထောက်အပံ့ကလည်း အလိုလိုတိုးတက်လာမှာပါ။ ဒါကြောင့်လည်း ဝတ်ရုံဖြူဗုဒ္ဓက ဒီလောက်ထိ ကြိုးစားအားထုတ်ပြီး ထုန်ကျန့်ကမ္ဘာ အင်အားကြီးအောင် လုပ်နေတာပါ။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို အမှီပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာရဲ့ အစောင့်နတ်ဆိုပေမဲ့ ဟန်ကျွယ်ရဲ့ ကံတရား အထောက်အပံ့က ထုန်ကျန့်ကမ္ဘာနဲ့ ဆက်စပ်ခြင်း မရှိသေးပါဘူး။ အဲဒီအစား ဝတ်ရုံဖြူဗုဒ္ဓကသာ ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့နဲ့ ပေါင်းစည်းနေတာပါ။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်တာအိုကို ထုတ်ယူလိုက်ပြီး တိထိုက်ပိုင်ကို ဆက်သွယ်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စိတ်ပြောင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိထိုက်ပိုင်က အင်မော်တယ်ဧကရာဇ် မဟုတ်လို့ပါ။

ဒါကြောင့် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူအပြင် မောင်းထုတ်ပြီး မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ် ရှိလား”

အတန်ကြာတဲ့အခါမှာတော့...။

ကောင်းကင်ဧကရာဇ်ရဲ့အသံကို ဟန်ကျွယ် ကြားလိုက်ရပါတယ် “ဘာကိစ္စလဲ”

ဟန်ကျွယ်ဟာ ထူးဆန်းတဲ့ မျက်နှာနဲ့ ပြန်မေးလိုက်ပါတယ် “အရှင်မင်းကြီးက ကျွန်တော်ကို တစ်ချိန်လုံး စောင့်ကြည့်နေတာလား”

“ဟမ်... မင်းသာ ငါ့နာမည် မခေါ်ရင် ငါ ဂရုမစိုက်ဘူး”

ကောင်းကင်ဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် ‘ငါ့လို ကောင်းကင်ရုံး‌‌တော်ရဲ့ အရှင်သခင်က မင်းကို တစ်ချိန်လုံး စိုက်ကြည့်နေဖို့ အချိန် ဘယ်လိုလုပ်ရှိမှာလဲ’

ဟန်ကျွယ်ဟာ နည်းနည်း အကြောတင်းသွားပါတယ် ‘ကောင်းကင်ဧကရာဇ်က သူ့နာမည်ခေါ်ရုံနဲ့ အာရုံခံနိုင်တာလား၊ တော်သေးတယ်... ငါ ကွယ်ရာမှာ သူ့မကောင်းကြောင်း မပြောထားလို့ပဲ’

“ကျွန်တော်ရဲ့ ကံတရား အထောက်အပံ့နဲ့ သေမျိုးကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို ဘယ်လိုပေါင်းစပ်ပြီး ဘယ်လိုအင်အားကြီးလာအောင် လုပ်ရမလဲဆိုတာ သိချင်လို့ပါ”

“အို... မင်းက အင်မော်တယ်ဧကရာဇ် ဖြစ်ခါနီးပြီလား”

ဟန်ကျွယ်ဟာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ အဖြေပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရှေ့မှာ ဘာမှဖုံးကွယ်ထားလို့မရဘူးလို့ ခံစားလိုက်ရပါတယ်။

“မင်းနဲ့ ကြက်သွေးရောင်... ထုန်ကျန့်ကမ္ဘာရဲ့ ရေစက်က အရမ်းနည်းတယ်၊ မင်း သေမျိုးကမ္ဘာထဲ ဝင်ရလိမ့်မယ်”

‘သေမျိုးကမ္ဘာထဲ ဝင်ရမှာလား’ ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားပါတယ်။

“အရှင်မင်းကြီး ဆိုလိုချင်တာက ကျွန်တော့်ကို သေမျိုးကမ္ဘာမှာ ခရီးသွားပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံစေချင်တာလား”

ကောင်းကင်ဧကရာဇ်က စလိုက်ပါတယ် “မင်းက ပြန်လည်မွေးဖွားခြင်း အမွေကို ရထားတာမလား၊ ဘာလို့ စမ်းသပ်မှုတစ်ခုအနေနဲ့ ပြန်မဝင်စားတာလဲ”

‘ပြန်လည်မွေးဖွားရမှာလား’ ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

“ပြန်လည်မွေးဖွားတိုင်း သေဆုံးစရာ မလိုပါဘူး၊ မင်းခန္ဓာကိုယ်ကို ဝိညာဉ်ထဲမှာ ဝှက်ထားလို့ရတယ်၊ မင်းရဲ့ သေမျိုးခန္ဓာကိုယ်က အသက်ကြီးလို့ သေဆုံးသွားရင် သိစိတ်ပြန်ဝင်လာလိမ့်မယ်၊ ဒီလိုမဟုတ်ဘဲ တစ်ယောက်ယောက်က မင်းရဲ့ သေမျိုးခန္ဓာကိုယ်ကို သတ်ချင်ရင်လည်း မင်း အာရုံခံမိလိမ့်မယ်” ကောင်းကင်ဧကရာဇ်က စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ နည်းလမ်းက မဆိုးဘူးလို့ ခံစားလိုက်ရပါတယ်။ ဒီလိုနည်းနဲ့ သေမျိုးကမ္ဘာမှာ နှစ်အတော်အတန်ကြာအောင် နေတာက ဂူအောင်းကျင့်ကြံတာနဲ့ မကွာလှပါဘူး။

‘ဒါကြောင့်လည်း စွမ်းအားကြီးပုဂ္ဂိုလ်အများကြီးက ပြန်ဝင်စားကြတာကိုး’

“အရှင်မင်းကြီးရဲ့ ညွှန်ပြမှုအတွက် ကျေးဇူးတင်ပါတယ်” ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဘာမှပြန်မပြောဘဲ ဆက်သွယ်မှုကို အဆုံးသတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဓားတာအိုဆန်းကြယ်စွမ်းအားတွေကို အဆင့်စမြှင့်ပါတယ်။ ဟန်ကျွယ်ဟာ သူ့စွမ်းအားတွေ ကန့်သတ်စည်းကို ရောက်မှာ ပြန်မွေးဖွားပြီး လေ့ကျင့်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

.....

ကြီးမားရှည်လျားတဲ့ မြစ်တစ်စင်းနံဘေးမှာ မော့ဖူချိုနဲ့ ကျိုးဖန်ဟာ မြက်ခင်းပေါ် ထိုင်နေပါတယ်။ သူတို့နှစ်ယောက်ဟာ မြစ်ကြီးကို မျှော်ကြည့်ပြီး တစ်စုံတစ်ခုကို တွေး‌တောနေဟန် ရှိပါတယ်။

ကျိုးဖန်ဟာ သတိပြန်ဝင်လာပြီး‌ မေးလိုက်ပါတယ် “မင်းတွေးပြီးပြီလား”

မော့ဖူချိုက လေသံအေးအေးနဲ့ ပြောလိုက်ပါတယ် “သွားမယ်၊ ဖန်းလျန်က အစ်ကိုဟန်ကျွယ်ရဲ့ မြေးတပည့်ပဲ၊ ငါတို့တွေ သူ့ကို သေမျိုးကမ္ဘာမှာ တွေ့ဖူးတာပဲ၊ အခု သူ ပြဿနာတက်နေတာဆိုတော့ ငါတို့တွေ လျစ်လျူမရှုသင့်ဘူး”

ကျိုးဖန်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဒီကောင်လေးရဲ့ ကံတရား အထောက်အပံ့က အရမ်းအားကောင်းတယ်၊ မကြာသေးခင်ကပဲ ကောင်းကင်အင်မော်တယ် ဆယ့်သုံးလေးယောက်ကို သတ်ပစ်လိုက်တယ်၊ ငါတို့နှစ်ယောက်ပေါင်းရင်တောင် သူ့ကို နိုင်မှာ မဟုတ်လောက်ဘူး”

မော့ဖူချိုက ပြုံးပြီး ပြောလိုက်ပါတယ် “ငါတို့တွေလည်း ဒီလောက်ကြီး မညံပါဘူး”

စကားဆုံးတဲ့အခါမှာတော့ မော့ဖူချိုဟာ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “မင်းလည်း ဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့တွေ သွားကြတာပေါ့”

ကျိုးဖန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် မော့ဖူချိုနဲ ကျိုးဖန်ဟာ အရပ်မျက်နှာတစ်ခုတည်းကို ပျံသန်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပါတယ်။

.....

ကောင်းကင်ရုံးတော်၊ ကျောက်တုံးဇရပ်တစ်ခု။

“တကယ်လား”

မုရုံချီဟာ စားပွဲကို လက်နဲ့ရိုက်ပြီး ဒေါသတကြီး မတ်တတ်ရပ်လိုက်ပါတယ်။

မုရုံချီရှေ့မှာတော့ တိထိုက်ပိုင် ထိုင်နေပါတယ်။ တိထိုက်ပိုင်က မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ဖန်းလျန်ကို ရှန်နန်းတော်လက်အောက်မှာရှိတဲ့ မိသားစုတစ်စုက ထိန်းချုပ်ထားတယ်၊ အခုဆို ဖန်းလျန်က ကယောင်ကတမ်းဖြစ်ပြီး ရူးသွပ်နေတယ်၊ မင်းသာ သူ့ကို ကယ်ချင်တယ်ဆိုရင် မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ် ဆယ့်သုံးလေးယောက်ကို ရင်ဆိုင်ရလိမ့်မယ်၊ မင်းရဲ့ အခုလက်ရှိစွမ်းအားနဲ့ဆိုရင်...”

မုရုံချီဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကောင်းကင်ရုံးတော်က ဘာမှမလုပ်နိုင်တော့ဘူးလား၊ ဖန်းလျန်က ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်စစ်သူကြီးလေ”

“အခုအချိန်မှာ ကောင်းကင်ရုံး‌တော်နဲ့ ရှန်နန်းတော်က ဆက်ဆံရေး ကောင်းနေတယ်၊ ငါတို့တွေ အခုအချိန်မှာ သူ့ကို မကယ်နိုင်သေးဘူး၊ နည်းနည်း ထပ်စောင့်လိုက်ကြရအောင်၊ အဲဒီမိသားစုက ဖန်းလျန်ကို မသတ်ပါဘူး၊ သူတို့က ဖန်းလျန်ကို အသုံးချပြီး အင်အားပြန်ကြီးလာချင်နေတာ”

“ဆရာဘိုးဘိုးရော ဒီအကြောင်းကိုသိလား”

“မသိဘူး၊ ငါ သူ့ကို ပြောလိုက်ရမလား”

“မလိုပါဘူး၊ ကျွန်တော့်ဘာသာ ကျွန်တော်ကယ်မယ်၊ ဒီကိစ္စလောက်နဲ့ ဆရာဘိုးဘိုးကို ပြဿနာပေးစရာ မလိုပါဘူး”

မုရုံချီဟာ စကားဆုံးတာနဲ့ ထွက်ခွာသွားပါတယ်။

တိထိုက်ပိုင်ဟာ ချက်ချင်းပဲ မတ်တတ်ရပ်ပြီး သတိလှမ်းပေးလိုက်ပါတယ် “မင်းမှာ ဘဝဟောင်းတုန်းက စွမ်းအားမျိုးရှိတာ မဟုတ်ဘူးနော်”

မုရုံချီဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “ဆန်းကြယ်အင်မော်တယ်တွေကို သတ်ဖို့ အဲဒီလောက်ကြီးမားတဲ့စွမ်းအား မလိုပါဘူး”

မုရုံချီ ပျောက်ကွယ်သွားတဲ့ဘက်ကိုကြည့်ပြီး တိထိုက်ပိုင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘သူက ဘဝဟောင်းမှာရှိတဲ့ ကျင့်ကြံမှုတွေကို ပြန်ရသွားပြီလား၊ မဖြစ်နိုင်ဘူး၊ အရင်ဘဝမှာတုန်းက သူသေခဲ့တာပဲ၊ ဒါမှမဟုတ် ကောင်းကင်ပြစ်ဒဏ်နယ်မြေမှာ ကြီးမားတဲ့အခွင့်အရေးတစ်ခု ရခဲ့လို့များလား’

တိထိုက်ပိုင်ဟာ မုရုံချီရဲ့ ယုံကြည်ချက်ကို နားမလည်နိုင်ပါဘူး။ တကယ်တော့ တိထိုက်ပိုင်ဟာ အင်မော်တယ်ဧကရာဇ်ဖြစ်ချင်တာ ကြာပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အကန့်အသတ်ရှိတဲ့ အရည်အချင်းကြောင့် မဟာညီညွတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်မှာပဲ နှစ်ပေါင်းများစွာ တစ်နေတာပါ။

ဒီလိုနဲ့ နှစ်တွေ ကုန်ဆုံးသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters