အပိုင်း(၄၇)
Vol. 4 Ch. 47
ရှစ်ဖုန့်နှင့် ကျောက်ဟူမှာ ဆက်လက်၍ လျှောက်လာကြသည်။
လမ်းတစ်လျှောက်တွင် ကျွမ်းကျင်သူ အချို့ ချစ်ရစ်ထားခဲ့သော စာတန်းများအား သူတို့ တွေ့ခဲ့ရသည်။
သို့သော် ၎င်းတို့မှာ ယေဘုယျအားဖြင့် ရှေးယခင်က ဧကရာဇ်များသာ ဖြစ်ကြသည်။
ရှစ်ဖုန့်မှာ ရှေးဟောင်းမှတ်တမ်းများတွင် သူတွေ့မြင်ဖူးသော နမည်အချို့ကိုပင်တွေ့ခဲ့ရသည်။
သို့သော် ကောင်းကင်ဘုံ အပြစ်ပေး ရေခဲမိစ္ဆာ အစီ အရင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသော သူများမှာ အနည်းငယ်သာရှိသည်။
သူတို့ထဲက အများစုမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်တွင် ပြန်ဆုတ်ရမည် သိကြသည်။
သို့သော် ကောင်းကင်ဘုံ အပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်အတွင်းသို့ ဦးတည်ကြသူများအားလုံးမှာ အထွတ်အထိပ်ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်။
၎င်းတို့မှာ တစ်ချိန်က မိုးကောင်းကင်တစ်ခွင်တွင် အသန်မာဆုံးဆိုသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထိုအထွတ်အထိပ်ကြယ်ကိုးပွင့် ဧကရာဇ်အဆင့်များ ချန်ထားရစ်ခဲ့ကြသော ပုံရိပ်များအား မြင်တွေ့လိုက်ရသော အခါ ရှစ်ဖုန့်မှာ ခံစားချက်ပြင်းစွာဖြင့် သက်ပြင်းချမိသည်။
သူတို့အားလုံးမှာ အတိတ်က သူကဲ့သို့ တည်ရှိမှုမျိုး ဖြစ်ကြသည်။
ထိုအချိန်က သူသည်လည်း ထိုကဲ့သို့ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သော်လည်း နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် သူသည်လည်း ကျရှုံးခဲ့ရသည်။
ထိုအခွြိနကြ သူသည်လည်း ဤနေရာသို့ ဝင်ရောက်ခဲ့လျှင် တူညီသော အဆုံးသတ်မျိုး ဖြစ်ကောင်းဖြစ်နေနိုင်လောက်သည်။
ထိုအချိန်က ၎င်းတို့၏ စိတ်အခြေ အနေကိုပင် သူခံစားမိနိုင်သည်။
"ဘုရားရေ..ဘုရား..ဘုရား..ဧကရာဇ်နယ်ပယ်တွေအများကြီး ယွင်လိုင် အင်ပါယာကို တကယ်ကြီးလာခဲ့တာပဲ...ဘုရား"
ကျောက်ဟူမှာ လမ်းတစ်လျှောက် တုန်လှုပ်စွာ အော်လာသည်။
သူနှစ်ရက်အတွင်း မြင်တွေ့ခဲ့ရသော အရာများမှာ ယွင်လိုင်အင်ပါယာ၏ သမိုင်းမှတ်တမ်းစာအုပ်များတွင် မှတ်တမ်းတင်ထားရန် အတွက်လုံလောက်သည်။
ထို့နောက် ရှစ်ဖုန့်နှင့် ကျောက်ဟူမှာ အချင်းနှစ်မီတာ ပတ်လည် ရှိသော ရုန်းများဖြင့် ဖုံးထားသည့် စက်ဝိုင်ပုံအစီအရင်တစ်ခုစီသို့ ရောက်လာသည်။
ရှစ်ဖုန့်နှင့် နောက်မှလာသော ကျောက်ဟူတို့မှာ ခြေဆောင့်လိုက်ကြသည်။
ထို့နောက် ချက်ခြင်း သူတို့၏ ပတ်လည်တွင် ရှိနေသော ပတ်ဝန်းကျင်မှာ စတင်၍ တွန့်လိမ် ရစ်ခွေလာသည်။
ထို့နောက်သူတို့၏ ရှေ့တွင် ရှိနေသောကမ္ဘာမှာ ထပ်မံ၍ မြေလွှာ အစိတ်စိတ်အမွှာမွှာကွဲကြေ ပြောင်းလဲမှုမျိုး ကြုံရပြန်သည်။
သူတို့၏ ပတ်ပတ်လည်ရှိ နေရာမှာ တည်ငြိမ်သွားသော အချိန်တွင် သူတို့ နှစ်ဦးသားမှာ သူတို့၏ မူလကမ္ဘာသို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းမှာ ကျယ်ပြောလှသော ပိန်းပေါက်အောင်မှောင်နေသည့် ကျက်တီးမြေပြင်ဖြစ်သည်။
ယခုအချိန်တွင် ဤအနက်ရောင်ကုန်းမြေမှ အေးစက်လှသော အော်ရာကိုထုတ်လွှတ်ဖြစ်ပေါ်စေရခြင်းမှာ အဘယ့်ကြောင့်ဆိုသည်အား ရှစ်ဖုန့်သိရပြီဖြစ်သည်။
၎င်းမှာ ကောင်းကင်ဘုံမီးတောက်၏ အခြေပြု ဓာတ်သဘောကြောင့်ပင်ဖြစ်သည်။
နှစ်သောင်းပေါင်းများစွာအကြာ၎င်းက ကောင်းကင်ဘုံ အပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်အား ချိုးဖြတ်ရန် အတွက် သူ၏ ခွန်အားကို အသုံးပြုခဲ့သည်။
နှစ်ပေါင်းအနည်းငယ်ကြာပြီးနောက် ၎င်းက အကွာအဟ တစ်ခုအား ဖန်တီးနိုင်ခဲ့ပြီး စွမ်းအင်များက ထိုနေရာမှ ဈိမျ့ထှကျလာကာ ပတ်ဝန်ကျင်ကုန်းမြေအား ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းမှာ အတိတ်က ကောင်းကင်ဘုံမီးတောက်က မည်မျှ စွမ်းအားကြီးမားကြောင်း ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်က မည်မျှ အစွမ်းထက်ကြောင်းနှင့် ရှေးဦး အင်အားကြီး သူမှာ မည်မျှ အစွမ်းကြီးကြောင်းတို့အား မြင်တွေ့နိုင်ခြင်းပင်ဖြစ်သည်။.
"အဲ့အချိန်တုံးက ခင်ဗျား ဘယ်လိုမျိုး အကြင်နာမဲ့ လုပ်ရပ်တွေကိုလုပ်ခဲ့လို့ ရှေးဦးကြီးမြတ်သော ကျွမ်းကျင်သူက မြောက်ပိုင်းဒေသက
ကောင်းကင်ဘုံရေခဲဝိညာဉ်တောက်ထွတ်ကို ရွှေ့ပြီး ကောင်းကင်ဘုံအပြစ်ပေး ရေခဲမိစ္ဆာ အစီအရင်နဲ့ ဖိနျှိပျရလောကျတဲ့အထိကို ဖြစ်ခဲ့ရတာလဲ.."
ရှစ်ဖုန့်က ကောင်းကင်ဘုံမီးတောက်ကို မေးလိုက်သည်။
"ဟမ့်..ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို မင်းလိုမျိုး ပုရွက်ဆိတ်က ဘယ်လိုသိမှာတဲ့လဲ.."
"ကျွမ်းကျင်သူတွေဆိုတာ အမြဲမနာလိုခံရတာပဲလေ"
ကောင်းကင်ဘုံမီးတောက်က ပြန်ဖြေလိုက်သည်။
"သောက်ချီးခွေး"
ရှစ်ဖုန့်က ပြောလိုက်သည်။
"ဟား....နောက်ဆုံးတော့...ငါထွက်လာရပြီကွ.."
"နောက်ဆုံးတော့...နေ့အလင်းရောင်ကို ငါထပ်မြင်တွေ့ရပြီ.."
ကျောက်ဟူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်၍ အကျယ်ကြီးအော်လိုက်သည်။
သူထိုကမ္ဘာမှ ထွက်လာခဲ့ပြီးနောက်သူ၏ ဖိစီးတင်းမာနေသော အာရုံကြောတို့မှာ ယခုအချိန်တွင် ပြောလျော့ အနားယူရပြီဖြစ်သည်။
နှစ်ရက်တာအချိန်ကာလက သူ့အတွက် အကြာကြီး ဖြတ်သန်းခဲ့ရသလိုပင်။
"အင်း...ဒါဆိုရင်..မင်းရဲ့ တာဝန်က ပြီးသွားပြီလို့ ပြောလို့ရပြီ.."
"မင်းအခု လုံချန်ရဲ့ဘက်ကို..ပြန်သွားလို့ရပြီ.."
ရှစ်ဖုန့်က ကျောက်ဟူအား ပြောလိုက်သည်။
"သခင်လေးဖုန့်ကရော..ဘယ်လိုလုပ်မှာလဲ.."
"ငါမင်းကိုခုဏကပြောခဲ့တယ်လေ စန်းယွဲ့မြို့က ငတုံးနှစ်ကောင်ကို ငါသွားတွေ့မှာလို့."
ရှစ်ဖုန့်က ပြောလိုက်သည်။
"ဒါပေမဲ့ကျွန်တော် အရှင့်သား မင်းသားအမှတ်လေးဆီက ကြားခဲ့ရတာက သခင်လေးကို ရင်ဆိုင်ဖို့ လာမဲ့သူတွေက ကောင်းကင်ဘုံလေဂိုဏ်းက စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူတွေတဲ့.."
"သခင်လေးရဲ့ ပါရမီနဲ့ဆိုရင်..ကျင့်ကြံဖို့အတွက်..လုံခြုံတဲ့..နေရာတစ်ခုကို ဘာလို့ မရှာတာလဲ.."
"ဒီကိစ္စနဲ့ ပက်သက်ပြီး သခင်လေးခွန်အားတွေ လုံလုံလောက်လောက် ရျှိလာမှ စာရင်းရှင်းရင်လဲ အရမ်းနောက်မကျသေးပါဘူး"
ကျောက်ဟူကပြောလိုက်သည်။
ကျောက်ဟူ၏ စကားတို့အားကြားလိုက်ရသောအခါ ရှစ်ဖုန့်က ရှင်းလင်းလှသော လည်ချောင်းသံဖြင့် အေးစက်စွာပြောလိုက်သည်။
"သိုင်းပညာရဲ့ တာအိုလမ်းစဉ်ဆိုတာက ရဲစွမ်းသတ္တိတိုးပွါးမှု အပေါ် အခြေခံပြီးတော့ ရှေ့ဆက်ရတယ်.."
"အခု အဲ့ငတုံးနှစ်ကောင်က ငါ့ဆီကိုလာနေမှတော့ ငါ့ရဲ့ခေါင်းနဲ့အမြှီးကိုဖွက်ထားပြီးတော့ ဘယ်လိုလုပ် ကြောက်ဟန်ဆောင်နေရမှာလဲ.."
"အဲ့လိုဆိုရင် အနာဂတ်မှ ငါဟာ ဘယ်လိုလုပ်ပြီးတော့ သိုင်းပညာတာအိုရဲ့ အထွတ်အထိပ်ဆီကို ရောက်နိုင်တော့မလဲ.."
ထိုသို့ပြောပြီးနောက် ရှစ်ဖုန့်က ကျောက်ဟူအား လျစ်လျူ ရှုလိုက်ကာ စန်းယွဲ့မြို့ဆီ ဦးတည်၍ တစ်ယောက်တည်းထွက်ခွာသွားတော့သည်။
"အာ.."
ရှစ်ဖုန့်၏ ပုံရိပ်ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျောက်ဟူမှာ ကူကယ်ရာမဲ့စွာ ဖြင့် သက်ပြင်းချမိသည်။
"မင်းတရားကြီးရဲ့ ကျန်းမာရေးဟာ တစ်နေ့တစ်ခြား ယိုယွင်း ယာလာနေတယ်.."
"သူရဲ့ အမိန့်အောက်မှာရှိနေတဲ့ မင်းသားလုံချန်အပါအဝင် မင်းသားငါးယောက်က ကောင်းကင်ဘုံလေဂိုဏ်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်အောင် စတင်နေကြပြီ"
"မင်းတရားကြီး နတ်ရွာစံသွားတဲ့ နေ့ကြရင် ကောင်းကင်ဘုံလေဂိုဏ်းက ပလ္လင်ရယူဖို့နဲ့ ကမ္ဘာကြီးကိုအမိန့်ပေးဖို့ သူတို့ကို ကူညီဖို့ ကို မျှော်လင့်နေကြတယ်"
"အရှင့်သားအပေါ်မှာ ကျွန်တော်က ကျေးဇူးကြွေး ကြီးကြီးမားမားတင်နေတယ်"
"သူ့ရဲ့ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ သခင်လေးနဲ့ ကောငျးကငျဘုံလဂျေိုဏျးရဲ့အမုနျးတရားကွားထဲမှာ ဝင်ရောက်မကူညီနိုင်ဘူး"
"ဟူး..."
ကျောက်ဟူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ နောက်ထပ်တစ်ကြိမ် သက်ပြင်းရှည်ကြီးချလိုက်သည်။
ဤ အနက်ရောင်ကုန်းမြေတွင် အမြဲတမ်း အနိုင်မခံအရှုံးမပေးတတ်ဘအစွမ်းကြီးလှသည်ဟုမြင်ရသော ဤသွေးဆာသောလူတစ်ယောက်၌
ဤကဲ့သို့ လွမ်းဆွေးဖွယ်ရာဘက်ခြမ်းတစ်ခု ရှိလိမ့်မည်ဟု မည်သူကမျှသိကြမည်မဟုတ်ပေ။
စန်းယွဲ့မြို့၌ ယနေ့တွင် တိမ်းမည်းတို့ကာဆီးနေပြီး ကမ္ဘာတစ်ခုလုံးအား မီးခိုးရောင်များ ဖုံးအုပ်ထားသည့်နှယ် ဖြစ်နေသည်။
မှုန်မှိုင်းနေသော ရာသီဥတုက ယနေ့စန်းယွဲ့မြို့သူမြို့သားတို့၏ စိတ်အခြေအနေမှာ ဖော်ပြနေ့သည်နှင့်ပင်တူသည်။
ပျားပန်းခတ် လှုပ်ရှားနေသော လမ်းမများ လူစည်ကားနေကျ လက်ဖက်ရည်ဆိုင်များ အရက်ဆိုင်များဖြင့် မူကသက်ဝင်လှုပ်ရှားနေသော မြို့မှာ ယခုအခါတွင် ငြိမ်သက်အေးဆက်နေပြီး သရဲမြို့တော် တစ်ခုနှင့်ပင်တူသည်။
ဟိုင်ပါထျန်း၏ သေဆုံးမှုမှာလည်းမြို့တစ်မြို့လုံးတွင် ပျံ့နှံ့နေနှင့်ပြီးဖြစ်သည်။
တကယ့်အကြောင်းပြချက်အစစ်မှာကတော့ ကောင်းကင်ဘုံလေဂိုဏ်းမှ အဆင့်နှစ်သန့်စင်သူ လူငယ်လေးမှာ စန်းယွဲ့မြို့တွင် အသတ်ခံခဲ့ ရသောကြောင့်ဖြစ်သည်။
အဆင့်နှစ်သန့်စင်သူတစ်ယောက်၏ မြင့်မားလှသော အဆင့်အတန်းနှင့် ကောင်းကင်ဘုံလေဂိုဏ်း၏ ယွင်လိုင်အင်ပါယာအနှံ့ပျံနှံ့နေသော သွေးဆာမှုများ၊သွေးထွက်သံယိုနည်းလမ်းများမြို့များအားအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဂုဏ်သတင်းများအားစဉ်းစားလိုက်လျှင် သတင်းအပိုင်းအစတစ်ခုက တစ်မြို့လုံးအားပျံ့နှံ့သွားသကဲ့သို့ မြို့၏ ဂိတ်ဝများတွင်လည်း လူစုလူဝေးများဖြင့် ပြည့်နှက်သွားစေသည်။
သို့သော် နောက်ထပ်ဖြစ်လာသော ကိစ္စတစ်ခုက လူအားလုံးအား မျှော်လင့်ချက်မဲ့သွားစေသည်။
မြို့၏ ဂ်ိတ်များမှာ ပ်ိတ်ထားသည်။
မြို့၏ ဂိတ်မှာလေးခုရှိပြီး တစ်ခုချင်းစီတွင် ကောင်းကင်ဘုံလေဂိုဏ်းမှ သိုင်းပညာရှင်တစ်ယောက်ဆီ ရပ်နေကြသည်။
အတင်းအကျပ်ထွက်ခွာချင်သော အရပ်သားဖြစ်စေ အဆင့်နိမ့်သိုင်းသမားများဖြစ်စေ ကောင်းကင်ဘုံလေဂိုဏ်းမှသိုင်းပညာရှင်များ၏ အညှာတာမဲ့သတ်ဖြတ်ခြင်းကို ခံကြရသည်။
ကောင်းကင်ဘုံလေဂိုဏ်း၏ အတင်းအကျပ်လုပ်ဆောင်သော နည်းလမ်းများအောက်တွင် နောက်ဆုံး၌ စန်းယွဲ့မြို့သူ့မြို့သားများမှာ လက်ရှိအခြေအနေကိုနားလည်သွားကြသည်။
အားလုံးမှာ စိတ်ဓာတ်ကျစွာဖြင့် အိမ်ကိုပြန်သွားကြပြီး သူတို့၏ အိမ်တံခါးများအားပိတ်ကာ သူတို့၏ကံကြမ္မာ အဆုံးအဖြတ်အား စောင့်ဆိုင်းနေကြသည်။
ဤကပ်ဘေးမှ လွတ်မြောက်နိုင်မည့်မျှော်လင့်ချက်တို့ဖြင့် မြေအောက်ခန်းတို့တွင် ပုန်းအောင်နေကြသော အနည်းငယ်လည်း ရှိကြသည်။
"ဟူး.."
တင်းကျပ်စွာ ပိတ်ထားသော တံခါးဆီမှ နက်ရှိုင်းသော သက်ပြင်းချသံထွက်ပေါ်လာသည်။
"ဒါကတကယ့်ကို သိုင်းပညာရှင်တွေကြားက တိုက်ပွဲတစ်ခုပဲ.."
"ငါတို့လို သေမျိုးသာမန်လူတွေ ဒုက္ခရောက်ကြရ လ်ိမ့်မယ်.."
"အဲ့လူငယ်လေးက တစ်ခြားသူတွေကိုသတ်လို့ရပါရဲ့နဲ့ ကောင်းကင်ဘုံလေဂ်ိုဏ်းရဲ့ သန့်စင်သူကိုမှ သတ်ခဲ့တယ်.."
"ဟူး...သူ့ကြောင့် ငါတို့မြို့က လူတိုင်းအသတ်ခံရတော့မယ်ကွာ.."
"သူကတော့..ကောင်းပါတယ်.."
"အခုဆို ငါတို့တွေ ဒီလိုပုန်းအောင်းနေရတာကိုတောင် သူမသိဘူး.."
"သူက သူ့အတွက်နဲ့ ငါတို့မြို့က လူတိုင်းကို ဒုက္ခရောက်အောင် လုပ်သွားတယ်.."
"ဟူး..."
စန်းယွဲ့မြို့၏ ဗဟိုနေရာတွင် မြို့၏ အမြင့်ဆုံး အဆောက်အဦးတစ်ခုရှိသည်။
၎င်းမှာ ယွင်လိုင်အင်ပါယာအား တည်ထောင်ခဲ့သူ လုံကျိုက်ထျန်း၏ ဧရာမ ရုပ်ထုကြီးဖြစ်သည်။
ဧရာမရုပ်ထုကြီးမှာ လက်ထဲတွင် ရာဇတောင်ဝှေးကို ကိုင်ဆောင်ထားပြီး ကောင်းကင်နှင့်မြေကြီးကြား၌ နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသည်။
ရုပ်ထု၏ ခေါင်းထက်တွင် အနီရောင်နှင့် အဖြူရောင် ပုံရိပ်နှစ်ခုက မတ်တပ်ရပ်နေပြီး သူတို့၏ လက်များအားနောက်ပစ်၍ ပြင်းထန်သော လေကိုအံတုကာ စန်းယွဲ့မြို့အား အပေါ်စီးမှ ကြည့်နေကြသည်။
၎င်းတို့မှာ ကောင်းကင်ဘုံလေဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားကြသော သက်ကြားအိုကြီး နှစ်ယောက်ဖြစ်သည်။
သူတို့၏ ကိုယ်မှ ထိန့်လန့်ကြောက်မက်ဖွယ်ရောင်ဝါအား ထုတ်လွှတ်နေကြပြီး နှစ်ယောက်စလုံးမှာ ကြယ်ကိုးပွင့် စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်များ ဖြစ်ကြသည်။
တစ်ယောက်က အနီ တစ်ယောက်ကအဖြူ ဖြစ်ပြီး တစ်ယောက်က ယန် တစ်ယောက်က ယင်ဖြစ်သည်။
၎င်းတို့မှာ ကောင်းကင်ဘုံလေဂိုဏ်း၏ တမာန်တော်များဖြစ်ကြ၏။
ယွင်လိုင်အင်ပါယာနယ်နိမိတ်အတွင်း ဥပေဒအား အတင်းအကျပ်ချိုးဖြတ်ပြီး တစ်ခြားသူများ၏ သေခြင်းရှင်ခြင်းအားဆုံးဖြတ်ရန် အတွက် ဤကဲ့သို့ ကျွမ်းကျင်သူနှစ်ယောက်အားစေလွှတ်ကာ လုပ်ပိုင်ခွင့်အား ချိုးဖောက်နိုင်သူမှာ ကောင်းကင်ဘုံလေဂိုဏ်းသာ ရှိသည်။
ထိုနှစ်ယောက်အား တစ်ချို့က ခေါ်ကြသည်မှာ သေခြင်းနှင့်ရှင်ခြင်း တမာန်တော်များဖြစ်ကြသည်။
တစ်ယောက်ကယင် တစ်ယောက်ကယန်ဖြစ်ပြီး တစ်ဦးက ရှင်သန်ခြင်းတစ်ဦးက သေဆုံးခြင်းကို ကိုယ်စားပြုကြသည်။
တမာန်တော်ယင် က နှင်းကဲ့သို့ ဖြူစွတ်သော အဖြူရောင်ကို ဝတ်ဆင်ပြီး အဖြူရောင်ဆံပင်ရှည်တို့က ပုခုံးပေါ် တွဲလျောင်းကျနေသည်။
သူ၏မျက်နှာနှင့် မုတ်ဆိတ်မွှေးများနှင့်လက်တို့ပင် အဖြူရောင်ဖြစ်သည်။
အခြားတစ်ဖက်တွင် ယန်တမာန်တော်မှာ ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။
သူ၏ အဝတ် ၊ဆံပင်ရှည်၊ မျက်နှာ၊ မုတ်ဆိတ်အားလုံးတို့မှာ အနီရောင်ဖြစ်ပြီး သူ၏ ဘေးတွင်ရပ်နေသော ယင်တမာန်တော်နှင့် ပြဒါးတစ်လမ်းသံတစ်လမ်းပင်ဖြစ်သည်။
ဆက်ရန်....
ဘာသာပြန်သူ-Arise