← Chapters

အပိုင်း (၄၈)

Vol. 4 Ch. 48

အပိုင်း (၄၈)

Vol. 4 Ch. 48

"ဟမ့်"

စန်းယွဲ့မြို့အား အပေါ်စီးမှကြည့်ကာ ယင်တမာန်တော်က အေးစက်စွာ နှာမှုတ်လိုက်၏။

"ဒီမင်အန်းဆိုတဲ့ကောင်က တကယ့်ကို တစ်ခုခုပဲ.."

"ဒီလို နေရာသေးသေးလေးမှာတောင်...လာပြီးသေရတယ်လို့.."

"သူက တကယ်ကြီး ငါတို့ ကောင်းကင်ဘုံလေဂိုဏ်းကို ဂုဏ်ယူရအောင်ကို လုပ်နေတော့တာပဲ.."

"ဟီးဟီး..."

ယန်တမာန်တော်က ယင်တမာန်တော်၏ စကားများအား ကြားလိုက်ရသောအခါ ကျယ်လောင်စွာ ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။

ထို့နောက်သူကပြောလိုက်သည်။

"အဲ့တာကမကောင်းဘူးလား.."

"တို့နှစ်​ယောက်လုံးအတွက် အကျိုးအမြတ်ရှိမှာလေ"

"အမှန်ပဲ.."

ယင်တမာန်တော်က ခေါင်းငြိမ့်ကာပြောလိုက်သည်။

"ငါကျင့်ကြံနေတဲ့..အံ့ဖွယ် ရွှယ်မင် ပညာရပ်က ခြေတစ်လှမ်းစာပဲလိုတော့တယ်"

"ဒီမြို့မှာ နေထိုင်တဲ့ သက်ရှိအကုန်လုံးကို သတ်ပစ်လိုက်ပြီးတော့ သူတို့ရဲ့ဝိညာဉ်တွေကိုစုပ်ယူလိုက်ရင် ငါအောင်အောင်မြင်မြင် အဆင့်တက်နိုင်ပြီ"

"ငါတို့က ငါတို့ရဲ့ အဆင့်နှစ်သန့်စင်ပညာရှင်အတွက် ကောင်းကင်ဘုံလေဂိုဏ်းရဲ့ နည်းလမ်းကို အသုံးပြုပြီးတော့ ဒီမြို့လေးကို အစုလိုက်အပြုံလိုက်သတ်တာက လုံမိသားစုအတွက်တော့ ဘာမှပြောပစရာ မဟုတ်ပါဘူး.."

"ဟီးဟီး.."

ယန်တမာန်တော်က ကောက်ကျစ်စွာဖြင့် ကျယ်လောင်စွာရယ်မောလိုက်သည်။

သူ၏ညာလက်အား ယင်တမာန်တော်၏ ဘယ်လက်ကိုဆုပ်ကိုင်လိုက်ကာ လေးနက်သောဟန်ပန်ဖြင့်မျက်နှာကိုကြည့်လိုက်သည်။

"အချိန်ကျလာတဲ့အခါမှာ မင်းနဲ့ငါဟာ ငါတို့ရဲ့ယင်နဲ့ယန်တွေ လိုက်ဖက်ညီသွားပြီး နှစ်ယောက်လုံး ဘုရင်နယ်ပယ်ကို ခြေချနိုင်လိမ့်မယ်"

ယင်တမာန်တော်ကလည်းပြန်လှည့်ကြည့်လိုက်သည်။

အကြည့်ချင်းဆုံက တစ်ယောက်ကိုတစ်ယောက်ပြုံပြလိုက်ကြသော်လည်း ဘာမှတော့ထပ်မပြောကြချေ။

"ဝုန်း.."

"ဂျိန်း..."

မိုးကောင်ကင်မှ ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်ကာ လျှပ်စီးများ ​တစ်ဖျက်ဖျက် လူးလွန်နေသည်။

မိုးကောင်းကင်မှာ ရုတ်တရက် တုန်လှုပ်သကဲ့သို့နှယ်ပင်ဖြစ်သည်။

"မိုးရွာတာလား"

စန်းယွဲ့မြို့ထံဦးတည်၍လာနေသော ရှစ်ဖုန့်မှာ ရုတ်တရက် ကောင်းကင်ထက်မှ မိုးသည်းထန်စွာ ရွာသွန်းလာသည်ကို ကြုံတွေ့လိုက်ရသည်။

ထိုအချိန်၌သူသည် စန်းယွဲ့မြို့နှင့် အနည်းဆုံး မီတာငါးရာခန့်အကွာတွင် ရောက်နေပြီဖြစ်သည်။

သူက ခေါင်းကိုမော့၍ စန်းယွဲ့မြို့၏ အနီးကို ကြည့်လိုက်သည်။

မှုန်ဝါးဝါးကောင်းကင်အောက်၌ ကြမ်းကြုတ်သော သားရဲကြီးတသ်ကောင် ဆောင်းခိုနေသကဲ့သို့နှယ်ဖြစ်သည်။

သူက ငရဲဘုံကိုးခုစွမ်းအင်အား တိတ်တဆိတ်လှည့်ပတ်လိုက်ပြီး ရှစ်ဖုန့်ပေါ်သို့ကျလာသော မိုးစက်များမှာ သူ့အား ထိတွေ့မိသောအခါတွင် အငွေ့ပျံသွားကြသည်။

ရှစ်ဖုန့်မှာ စန်းယွဲ့မြို့၏ မြောက်ဘက်ဂိတ်သို့ ဆက်လျှောက်လာသည်။

"ရပ်စမ်း..မင်းကဘယ်သူလဲ"

ရှစ်ဖုန့် မြို့ဂိတ်အနီးသို့ ချဉ်းကပ်လာသောအခါ ရုတ်တရက် ကျယ်လောင်သောအော်ပြောသံကိုကြားလိုက်ရသည်။

သူကြည့်လိုက်သောအခါ မြို့ဂိတ်၌ အဖြူရောင်ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။

ထိုသူကသူ၏ လက်နှစ်ဖက်ပိုက်ထားသည့်ကြားထဲတွင်ဓားတစ်ချောင်းအား ကိုင်ဆောင်ထားကာ သူခေါင်းအား ခုနှစ်ဆယ့်ငါးဒီဂရီအချိုးအတိုင်းမော့ထားသည်။

သူ၏ မျက်လုံးတို့ကို ကျဉ်းမြောင်းထားကာ ၎င်းဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံက လေထဲတွင် တဖျက်ဖျက်လွင့်နေပြီး ရှစ်ဖုန့်အား

ကျွမ်းကျင်သူလူငယ်တစ်ယောက်ဟန်ဖြင့် နှိမ့်ချစွာ စိုက်ကြည့်နေသည်။

"ဆန်ကုန်မြေလေး ကြယ်ကိုးပွင့် ဆရာသခင်နယ်ပယ်လား"

ရှစ်ဖုန့်က လူငယ်အား တစ်ချက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

သူကရှေ့သို့ ဆက်လှမ်းလိုက်၏။

"သေချင်နေတာပဲ.."

"ချွမ်.."

လူငယမှာသူဖး အဖြူရောင်ဝတ်ရုံအောက်ရှိ လက်မောင်းခြားထဲမှ ဓားကို ဓားအိမ်ထဲမှ ရုတ်တရက်ဆွဲထုတ်လိုက်ပြီး လေထဲသို့ မြှောက်လိုက်သည်။

လူငယ်က ခြေထောက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ဓားရိုးကို က်ိုင်ကာ ခုန်ချလိုက်သည်။

လူငယ်ကဓားတစ်ချက်ဝေ့ယမ်းလိုက်သောအခါ ထက်ရှသော ဓားအလင်းရောင်က ရှစ်ဖုန့်ထံလှစ်ကနဲ ဝင်ရောက်လာသည်။

"မင်းလို ပုံမကျပန်းမကျ ဓားပညာရပ်နဲ့များ ငါ့ရှေ့မှာ လာကခုန်ချင်သေးတယ်"

ရှစ်ဖုန့်က စကားပြောရင်းသူ၏ ညလက်အား ဓားပုံသဏ္ဍန်ဖြစ်စေလိုက်ပြီး သူ၏ ပုံရိပ်က လှစ်ကနဲဖြစ်သွားကာ ဓားအလင်းရောင်ကို ရှောင်တိမ်းလိုက်သည်။

ရှစ်ဖုန့်ပြန်ပေါ်လာသော အချိန်တွင် အဖြူရောင်ဝတ်ထားသော လူငယ်၏ နောက်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။

"အ..အရမ်းမြန်တယ်"

အဖြူရောင်ဝတ်ဆင်ထားသော လူငယ်မှာ စကားတစ်ခွန်းသာ ပြောနိုင်ပြီး သူ၏ ကိုယ်မှ ဆုတ်ပြဲသံထွက်ပေါ်လာသည်။

သူ၏ ကိုယ်မှာ ဓားတစ်ချောင်းဖြင့် အပိုင်းခံလိုက်ရသကဲ့သို့ အပေါ်အောက် နှစ်ကိုင်းပြတ်ထွက်သွားသည်။

ရှစ်ဖုန့်မှာ ငရဲဘုံကိုးခုပညာရပ်အား အဆက်မပြတ်လှည့်ပတ်လိုက်ကာ သေခြင်းစွမ်းအင်ကို စုပ်ယူလိုက်သည်။

ထိုအချိန်တွင် ထိုလူငယ်၏ သွေးတို့က သူ့ထံသို့ တစ်ဟုန်ထိုး ပန်းထွက်လာသည်။

၎င်းမှာ သူ၏ ဝမ်းဗိုက်ရှိ ကောင်းကင်ဘုံမီးတောက်မှ သွေးကိုစုပ်ယူခြင်းဖြစ်ကြောင်း ရှစ်ဖုန့်သိသည်။

ရှစ်ဖုန့်မှာ ကောင်းကင်ဘုံမီးတောက်နှင့် ပူးပေါင်းထားခြင်းဖြစ်သည်။

သူက သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ကာ သွေးတို့အား လက်ဖက်ဝါးတွင်စုပ်ယူလိုက်ပြီး လက်ဖဝါးမှတစ်ဆင့် သူ၏ ကိုယ်အတွင်းသို့ စုပ်ယူကာ ကောင်းကင်ဘုံမီးတောက်ထံ တိုက်ရိုက်ပို့လိုက်သည်။

"အမ်"

ရှစ်ဖုန့် ရုတ်တရက် ညင်စွာ အော်မိလိုက်သည်။

မူလက သူ၏ လက်ရှိ ဝိညာဉ်ခွန်အားအရ သေဆုံးသွားသူ၏ ဝိညာဉ်အား ဖမ်းဆီးရန်မှာမဖြစ်နိုင်ပေ။

သို့သော် ဤအချိန်၌ ဝိညာဉ်ပါ ပူးတွဲပါလာသည်ကိုရှစ်ဖုန့်ယဲ့ယဲ့ခံစားမိသည်။

"ငါသိပြီ..ကောင်းကင်ဘုံမီးတောက်က ဒီဝိညာဉ်ကို စုပ်ယူဖို့ ပြင်ဆင်ထားတာပဲ.."

​

ဖြစ်ပျက်နေသည်အား ရှစ်ဖုန့်နားလည်သွားသောအခါတွင် ငရဲဘုံကိုခု ပညာရပ်အား အလျှင်အမြန်လှည့်ပတ်လိုက်ပြီး ထိုဝိညာဉ်အား သူ၏ ကိုယ်ပိုင်ဝိညာဉ်အတွင်းသို့ အတင်းအကျပ်စုပ်ယူလ်ိုက်သည်။

သူ၏ဝိညာဉ်မှာ ချက်ခြင်းတိုးတက်လာသည်။

"မင်း...မင်းတကယ်ကြီးငါ့အတွက် ဒီလိုအားနည်းတဲ့ ဝိညာဉ်လေးကိုတောင်လုယူရဲတယ်.."

ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိ ကောင်းကင်ဘုံမီးတောက်မှာ ကန့်ကွက်တော့သည်။

"ခင်ဗျားနဲ့ ကျုပ်က အခုတစ်သားတည်းပဲ.."

"ဒါနဲ့ပက်သပ်ပြီး ကျုပ်တို့တွေ ခိုက်ရန်စကားများနေဖို့မလိုဘူး.."

"ဒီဝိညာဉ်က အခုချိန်မှာ ကျုပ်အတွက် အရမ်းအသုံးဝင်တယ်.."

"အနာဂတ်မှာ..ကျုပ်သတ်သမျှလူတိုင်းရဲ့သွေးက ခင်ဗျားနဲ့ ဆက်နွယ်နေလိမ့်မယ်.."

"အဲ့တာဆို ခင်ဗျားကလည်း အခုလို ကျုပ်ကို ဝ်ိညာဉ်တွေကို စုပ်ယူဖို့ ကူညီ"

ရှစ်ဖုန့်ကပြောလိုက်သည်။

ကောင်းကင်ဘုံမီးတောက်၏ အကူအညီနှင့်ဆိုလျှင် ဝိညာဉ်ခွန်အားအား ထပ်တလဲလဲတိုးမြှင့်ဖို့မှာ ဖြတ်လှမ်းတစ်ခုပင်ဖြစ်နိုင်သည်။

သူ၏ ဝိညာဉ်ခွန်အားသာ တတိယအဆင့်သို့ ရောက်ရှိခဲ့လျှင် သူ၏ တတိတယ အဆင့် ဝိညာဉ်ခွန်အားအား တစ်ခြားသောသူများအား သတ်ဖြတ်ရန်အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

"ဟမ့်"

ကောင်းကင်ဘုံမီးတောက်က ခပ်ပြက်ပြက် အေးစက်စွာ နှာမှုတ်လိုက်ပြီး နောက်တစ်ဘာတစ်ခွန်းမှမပြောတော့ဘဲ တိတ်ဆိတ်သွားသည်။

သွေးများခြောက်သွေ့အောင်စုပ်ယူခံရပြီးနောက် နှစ်ပိုင်းပြတ်နေသော အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ ကိုယ်မှာ နှစ်​ရာပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အလောင်းတစ်ခုကဲ့သို့ ရှုံ့တွလာသည်။

ရှစ်ဖုန့်က စန်းယွဲ့မြို့ အလယ်ရှိ ဧရာမရုပ်ထုကြီးအပေါ်သို့ တစ်ချက် ပင့်ကြည့်လိုက်သည်။

ထက်ရှသော အကြည့်နှစ်ခုက သူ့အားစိုက်ကြည့်နေသည်ကို အာရုံခံနိုင်သည်။

ရှစ်ဖုန့်က သွားပေါ်အောင်ပြုံးလိုက်ပြီး စန်းယွဲ့မြို့၏ အလယ်ဗဟိုထံ ဦးတည်လိုက်သည်။

လူများအားသတ်ဖြတ်ခြင်းက ငရဲဘုံကိုးခုပညာရပ်အား ကျင့်ကြံရန်အတွက် အမြန်ဆုံးနည်းလမ်းဖြစ်သည်။လူတစ်ယောက်၏ ကျင်ကြံမှုနယ်ပယ်မြင့်မားလေ ရိတ်သိမ်းမှုမှာ ပို၍ ကြီးမားလေဖြစ်သည်။

ကောင်းကင်ထက်တွင် လျှပ်စီးများလက်ကာ မိုးများက တဂျိန်းဂျိန်း ခြိမ်းနေသည်။

သည်းထန်လှသော မိုး ဆက်လက်၍ ရွာသွန်းနေဆဲဖြစ်သည်။

ထိုသည်းထန်လှသော မိုးများကြားထဲတွင် ရှစ်ဖုန့်မှာ သူ၏ ကိုယ်အား ​မိုးတစ်ပေါက်တောင် စိုစွတ်စေခြင်း မရှိဘဲ စန်းယွဲ့မြို့၏ လမ်းမများပေါ် လျှောက်လှမ်းလာသည်။

စန်းယွဲ့မြို့၏ မြို့အပြင်ဘက် တောင်ထိပ်တစ်ခုပေါ်တွင် ဒလဟော ရွာသွန်းနေသော မိုးအလည်၌ ရိုးရိုးရှင်းရှင်းနှင့် အကြမ်းထည်ဆောက်လုပ်ထားသော ယာယီ ကနားတစ်ခုရှိသည်။

အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသော လုံချန်မှာယာယီကနား အတွင်း မတ်တပ်ရပ်နေသည်။

သူ၏ ညာလက်ထဲတွင် စက္ကူယပ်တောင်အား ညင်သာစွာ ဝေ့ယမ်းနေပြီး သူ၏ ကိုယ်ရံတော် ကျောက်လုံက သူနှင့်အတူလိုက်ပါလာသည်။

သူတို့မှာ စန်းယွဲ့မြို့အနီးမှ ကြည့်နေကြခြင်း ဖြစ်သည်။

လုံချန်က ရုတ်တရက်သွားပေါ်အောင်ရယ်ကာ ပြောလိုက်သည်။

"အစတုံးက စန်းယွဲ့မြို့သူမြို့သားတွေကို ကောင်းကင်ဘုံလေဂိုဏ်းက ဘယ်လိုဆက်ဆံမလဲဆိုတာကိုပဲ ငါသိချင်ခဲ့တာ"

"သူတကယ်ပြန်လာလိမ့်မယ်လို့ ငါလုံးဝ မမျှော်လင့်ထားခဲ့ဘူး"

"ကိစ္စတွေကတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာလိမ့်မယ်.."

"အရှင့်သား သူ လူထူးဆန်းအိုကြီး နှစ်ကောင်ကို အနိုင်ယူနိုင်မယ်လို့ ထင်လား"

ကျောက်ဟူမှာ မနေနိုင်ဘဲ ရှစ်ဖုန့် မိုးရေထဲ လျှောက်လှမ်းနေသည်ကို ကြည့်ရင်း မေးလိုက်သည်။

လုံချန်က ပြောလိုက်သည်။

"သိုင်းပညာ ကျင့်ကြံခြင်းမှု ဝါအရဆိုရင် အဲ့လူထူးဆန်းအိုကြီး နှစ်ကောင်ကို တကယ်ရင်ဆိုင်နိုင်မှာ မဟုတ်ဖူး.."

"အဲ့ ယင်ယန် လူထူးဆန်းအိုကြီးနှစ်ကောင်က ယင်နဲ့ယန် ပေါင်းစပ်ခြင်းနဲ့မွေးဖွားလာတာ.."

"သူတို့ရဲ့ ပေါင်းစပ်စွမ်းအားနဲ့ဆိုရင် ဘုရင်နယ်ပယ်တွေကိုတောင်မှ စိန်ခေါ်နိုင်လိမ့်မယ်.."

"သို့ပေမဲ့..ဒီကောင်လေးက ကောင်းကင်နဲ့ မြေကြီးကိုတောင် အကြောက်အရွံ့ မရှိတဲ့ လူရူးတစ်​ယောက်ဆိုပေမဲ့ သူ့ရဲ့ ရူးနှမ်းမှုတွေက ငါတို့ရဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေကို ထပ်ခါတလဲလဲ ပြောင်းလဲစေခဲ့တယ်.."

"တစ်နေ့ကတုံးကဆိုရင် သူက ဟိုင်ပါထျန်းကို သူ့ရဲ့ စစ်သည်တော်နယ်ပယ် ခွန်အားနဲ့ပဲ စိန်ခေါ်ခဲ့တယ်.."

"ယေဘုယျအားဖြင့် လူတွေက ဟိုင်ပါထျန်းသတ်ဖြတ်တာကို သူခံရမယ်လို့ ထင်ခဲ့ကြတာပဲ.."

"သို့ပေမဲ့ သူက ကြီးမြတ်သော ငရဲဘုံကိုးခုဧကရာဇ်နဲ့ အန္တိမပညာရပ်ကို အသုံးပြုပြီးတော့ အားလုံးရှေ့မှာပဲ ဟိုင်ပါထျန်း ကို သတ်ပစ်ခဲ့တယ်"

"အဲ့ညကလည်း ငါတို့တွေ သူ့အတွက် မြေဆွဲအားငါးဆယ့်ငါးဆ အခန်းကို ပြင်ဆင်ပေးခဲ့တယ်"

"ငါတို့တွေက သူကြာကြာမခံနိုင်ဘူးလို့ ထင်ခဲ့ကြတာပဲ.."

"ငါဆို သူ့ကိုယ်က မြေဆွဲအားကြောင့် အက်ကွဲကုန်မှာကို စိုးရိမ်မိပေမဲ့

သူက အထဲမှာ အမွေးတိုင်းသုံးတိုင်စာထိကို မထင်ထားလောက်အောင် နေရစ်ခဲ့တယ်"

"ဒီကလေးရဲ့ ပါရမီက အရမ်းကို ထိန့်လန့်ဖို့ကောင်းလွန်းတယ်"

"ဒါ့အပြင် ကြီးမြတ်သော ငရဲဘုံဧကရာဇ် ကိုခု ဧကရာဇ်ရဲ့ အမွေအနှစ်ကလည်း ထိန့်လန့်ဖို့ကောင်းလွန်းတာပဲ"

"ကျောက်လုံ..မင်းအခုသူ့ရဲ့ ကျင့်ကြံမှု နယ်ပယ်ကို ဆုံးဖြတ်နိုင်စွမ်းရှိလား"

လုံချန် ကမေးလိုက်သည်။

ကျောက်လုံက သူ၏ ခေါင်းအားခါကာ ပြောလိုက်သည်။

"ကျွန်တော်မပြောနိုင်ဘူး...သူက သူ့ရဲ့ကျင့်ကြံမှုကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားတာ ဖြစ်မယ်"

"ဒါပေမဲ့သူက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ကြယ်နှစ်ပွင့် စစ်သည်တော့နယ်ပယ်ပဲရှိသေးတာပဲလေ...အခုချိန်..အများကြီးတော့ ပြောင်းလဲ မသွားသင့်ဘူး.."

ကျောက်လုံ၏ စကားအားကြားလိုက်ရသောအခါ လုံချန်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

"ဒီတစ်ကြိမ်မှာ... သူတကယ်ပဲ ရူးသွားတာလား..ဒါမှမဟုတ် အံ့ဖွယ်သရဲအရာတွေ ဆက်ဖန်တီးပြမလားဆိုတာကို ..ငါသိချင်မိတယ်.."

မိုးကပိုသည်းထန်လာကာ လေကပ်ိုပြင်းလာသည်။

စန်းယွဲ့မြို့တွင် တစ်စုံတစ်ယောက်က အိမ်တံခါး၌ အပေါက်သေးသေးလေးကို တိတ်တဆိတ်ဖွင့်ထားကာ အပြင်ဘက်ကို ချောင်းကြည့်နေသည်။

မိုးသက်မုန်တိုင်းအလည်တွင် ရင်းနှီးသော ပုံရ်ိပ်တစ်ခုက သူ၏ရှေ့တွက် ရုတ်တရက် လှစ်ကနဲပေါ်လာ၏။

"အား...အဲ့တာသူပဲ.."

အံ့အားသင့်စွာ အော်ဟစ်သော အသံက အခန်းအတွင်းမှ ထွက်ပေါ်လာသည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters