ရလဒ်အား အံ့အားသင့်ကြခြင်း
Vol. 07 Ch. 335
ကျွီ…
ပြိုင်ကားတစ်စီးသည် ဟွမ်ယု၏ကားရှေ့တွင် ရပ်တန့်လာသည်။ ဟွမ်ယု၏ကားသည် လမ်းဘေးတွင် ရပ်ထားပြီး ဟွမ်ယုမှာလည်း ကားမောင်းသူနေရာတွင် ဖြူဖတ်ဖြူလျော်ဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် လီကျန်း၏မျက်လုံးများသည် မယုံကြည်နိုင်ဟန် အရိပ်အယောင်ပေါ်ထွက်လာသည်။
ဒါက ဘယ်လိုအခြေအနေလဲ။ ဟွမ်ယုက ပထမ ရမှာမဟုတ်ဘူးလား။ သူက ဒီနေရာမှာ ဘာဖြစ်လို့ ရပ်နေတာလဲ။
ဖြစ်နိုင်တာက…သူ့ကားမှာ ပြသနာတစ်ခုရှိနေလို့လား။
ရှေ့သို့ကြည့်လိုက်ရာ ထန်ရှုနှင့် ချီနန်တို့၏ကားများ မည်သည့်နေရာတွင် ရောက်နေသည်ကို မြင်လိုက်ရသဖြင့် လီကျန်း၏နှလုံးသား မွန်းကျပ်သွားခဲ့သည်။ သူသည် ကားအား ဒေါသတကြီး ဖွင့်လိုက်ပြီး ဟွမ်ယု၏ကားဆီသို့ ပြေးသွားသည်။ ထိုကား၏တံခါးအား ဆွဲဖွင့်လိုက်ကာ ဟိန်းဟောက်တော့သည်။
“ဒီနေရာမှာ ဘယ်လို သောက်ကိစ္စတွေ ဖြစ်ခဲ့တာလဲ။ မင်းက ဘာကြောင့် လမ်းတစ်ဝက်မှာ ရပ်နေတာလဲကွ။”
ကားမောင်းသူထိုင်ခုံမှ ထွက်လာပြီး ဟွမ်ယုက ကတ္တရာလမ်းပေါ်မှ ကားတာယာအရာများအား ညွှန်ပြလိုက်ရင်း မှုန်မှိုင်းသော အမူအရာဖြင့်
“ထန်ရှုကြောင့်သာမဟုတ်ရင် အခုဆို ငါ သေနေလောက်ပြီ။”
“ဘာ…”
လီကျန်း ကားတာယာအရာများအား ကြည့်ကာ ကြောင်သွားသည်။ သေသေချာချာ လိုက်ကြည့်ပြီးသောအခါ ဟွမ်ယု၏ကား တစ်ပတ်လည်သွားသော လမ်းကြောင်းကိုပါ တွေ့လိုက်ရပြီး သူ၏မျက်နှာထက်တွင် အံ့အားသင့်သွားသည့်အမူအရာများ ပေါ်ထွက်လာသည်။ ကားတာယာများ ပွတ်ဆွဲသွားသော အရာများအရ ဟွမ်ယု၏ကားသည် နောက်ဆုံးရပ်တန့်လိုက်သော နေရာနှင့် ၁၀မီတာအကွာမှ လွင့်လာခြင်းဖြစ်သည်ကို ထင်ရှားစွာ ပြသနေသည်။
ထိုအမှတ်ရာများကို ကြည့်ခြင်းဖြင့်…ဟွမ်ယု လွင့်စဉ်လာခဲ့သောနေရာသည် ကမ်းပါးစောက်လက်ရန်း ဖြစ်နိုင်မည်လား။
လီကျန်းသည် ကားရှေ့အား ပတ်ပတ်လည် ပြေးကြည့်လိုက်သည်။ လက်ရန်းနှင့်တိုက်ထားသည့် ပျက်စီးမှုအား တွေ့လိုက်ရသောကြောင့် သူ၏အမူအရာသည် အကြီးအကျယ် ပျက်သွားသည်။
“ဟွမ်ယု…မင်းရဲ့ကားမောင်းကျွမ်းကျင်မှုအရည်အချင်းအရ…”
“ငါ့ရဲ့ကားမောင်းကျွမ်းကျင်မှုက ပြသနာမဟုတ်ဘူး။” ဟွမ်ယုက ခေါင်းကိုယမ်းလိုက်သည်။
“ချီနန်က အရမ်းအညှာအတာ ကင်းလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ သူမက ငါ့ကို သတ်ချင်နေတယ်။”
လီကျန်း၏မျက်နှာသည် မယုံကြည်နိုင်သော
အမူအရာဖြင့် တုန်လှုပ်သွားပြီး
“ဘာကြောင့်များလဲ။”
“ငါ မသိဘူး။” ဟွမ်ယုက ခါးသီးစွာ ပြုံးလိုက်ရင်း
“အကြောင်းပြချက်ကို ခန့်မှန်းရင်တော့ သူမ အနိုင်လိုချင်လို့ပဲ။”
လီကျန်း တိတ်ဆိတ်သွားသည်။
ပြိုင်ပွဲတွင် ရှုံးခြင်းနှင့် ဟွမ်ယု သေလုနီးနီး ဖြစ်ခဲ့ရခြင်းအကြား သူသာ ရွေးချယ်ရမည်ဆိုပါလျှင် ၅၀-၅၀ ဖြစ်သောကြောင့် ထိုခဏတွင် သူ အမှန်တကယ် ရှုံးနိမ့်ခဲ့ပြီကို သိလိုက်ရပြီး စိတ်တွင်းတွင် ထိုအရာအား လက်မခံနိုင်သေးပဲရှိသည်။
“သွားကြစို့။”
ရှုပ်ထွေးနေသောခံစားမှုဖြင့် လီကျန်းသည် သူ၏ကားဆီသို့ ပြန်လှည့်သွားကာ မောင်းထွက်သွားသည်။
မြေကွက်လပ်တွင် ကားမောင်းပြိုင်ပွဲကြည့် ပရိသတ်များစွာ စောင့်ဆိုင်းနေကြသည်။ ငယ်ရွယ်သော အမျိုးသားနှင့် အမျိုးသမီးများသည် ၃ယောက်တစ်စု ၄ယောက်တစ်စုဖွဲ့ကာ မည်သူနိုင်မည်ကို ငြင်းခုံဆွေးနွေးနေလေသည်။
“ငါ ထင်တာတော့ ဟွမ်ယုနိုင်လိမ့်မယ်။ သူက ကျွမ်းကျင်ကားမောင်းပြိုင်တဲ့သူ၊ ပြီးတော့ အာရှကားမောင်းပြိုင်ပွဲမှာလည်း ချန်ပီယံရထားသေးသလို ကမ္ဘာ့အဆင့်မှာလည်း ဒုတိယရထားတယ်။”
“ငါရောပဲ။ ဟွမ်ယုက နိုင်ဖို့ အခွင့်အရေးအများဆုံးပဲ။ ကျွမ်းကျင်ပညာရှင်အဆင့်နဲ့ အပျော်တမ်းမောင်းသူတွေ ကြားမှာ ကွာခြားချက်က ကြီးတယ်။ အထူးသဖြင့် ကားမောင်းပြိုင်ပွဲတွေမှာပေါ့။ ချီနန်က ပြိုင်ပွဲတွေ တော်တော်များများ နိုင်ထားပေမယ့် ဒါက သေးငယ်သေးတယ်။ ဒီအငယ်တန်းကားမောင်း ပြိုင်နတ်ဘုရားကို သူမ နိုင်လိမ့်မယ် မထင်ဘူး။”
“ငါကတော့ အဲ့ဒီလိုမထင်ဘူး။ ချီနန်က နိုင်ခြေများတယ်။”
“ထန်ရှုကိုရော ဘယ်လိုထင်လဲ။ နောက်ဆုံးအဆင့်လား နောက်ဆုံးကနေရေရင် ဒုတိယလား။”
“သူက ပြိုင်လမ်းကြောင်းကို ၁၅မိနစ်နီးပါးနဲ့ ပြီးအောင် ကြည့်ထားလို့ ပြိုင်ပွဲလမ်းကြောင်းကို အကျွမ်းတဝင် ဖြစ်တယ်ဆိုပေမယ့်လည်း ဒုတိယရတဲ့အထိတော့ ကောင်းမယ်လို့ ငါ မထင်ဘူး။”
“အဲ့ဒီလူက မိုက်တဲ့သူပဲ။ စထွက်တုန်းကလည်း နောက်ဆုံးမှ ထွက်နိုင်တယ်။ သူ့ပိုက်ဆံသာ ရှုံးခဲ့ရင် ပိုပြီး အရှက်ကွဲနေမှာ။”
“ထန်ရှုလား… သူ ဘယ်ကလာမှန်းတောင် ငါ မသိဘူး။”
“…”
စကားပြောဆိုနေစဉ် ခပ်ဝေးဝေးမှ ကားမီးရောင်များ ထွက်ပေါ်လာသည်။ မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏အကြည့်များသည် ချဉ်းကပ်လာသော ကားများဆီသို့ စိုက်ကြည့်နေကြသည်။
“ဒီကားက သူဋ္ဌေးကျိရဲ့ကားပဲ။ ချီနန် မောင်းတာ။ ဘုရားသခင်။ အစ်မကြီးနန်က ပထမရသွားပြီ။”
မောင်းနှင်လာသော ကားများအား သေချာစွာ သိရှိသွားသည့်အချိန်တွင် ကျိမု၏ဘေးတွင် ဝန်းရံနေသော လူငယ်တစ်ဦးမှ ချက်ချင်း ထအော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မြေကွက်လပ်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဆူညံပွက်လောရိုက်သွားသည်။
ချီနန်အား ဟွမ်ယုထက် မသာလွန်ဟု ယုံကြည်ထားကြသည့် သူများ၏အမူအရာများသည် ရှုံ့မဲ့သွားကြပြီး ပြီးခဲ့သောအချိန်တွင် သူတို့ပြောထားမိသော မှတ်ချက်စကားများကြောင့် သူတို့ဘာသာ အရှက်ရနေကြသည်။
“ကြည့်ဦး။ အနောက်မှာ တခြားကားတစ်စီးက အမြန်ရောက်လာနေပြီ။”
လူတိုင်း၏အကြည့်များသည် ဒုတိယကားဆီသို့ ရောက်သွားစဉ် ထိုကားသည် လန်ဘော်ဂနီ အနက်ရောင်မှန်း သိလိုက်ရသောကြောင့် မယုံကြည်နိုင်ဟန်များဖြင့် ငေးကြောင်သွားကြသည်။
ထန်ရှုလား။
အနက်ရောင်လန်ဘော်ဂနီကားမောင်းသူသည် ထန်ရှုမှလွဲပြီး အခြားသူ မရှိချေ။
အားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြကာ ဒုတိယနေရာမှ ထန်ရှုဝင်လာသည်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
လူအများအပြားက အော်ဟစ်ကြသည်။ ချီနန် ပထမနေရာရသည်ကို သူတို့လက်ခံနိုင်သော်လည်း ထန်ရှု ဒုတိယနေရာရသည်မှာ သူတို့အတွက် လက်သင့်မခံနိုင်လုနီးပါး ဖြစ်ကြသည်။
သူတို့သိထားကြသည်မှာ ထန်ရှုသည် သည်နေရာသို့ ပြိုင်ပွဲဝင်ရန် မလာဖူးဘဲ ပြိုင်ပွဲဝင်လမ်းကြောင်းနှင့်ပင် ရင်းနှီးရုံသာ ရှိသေးသည်။ သို့သော် အာရှအငယ်တန်း ပြိုင်ပွဲချန်ပီယံနတ်ဘုရားအား နိုင်လာသည်မှာ အလွန့်အလွန် စကေးကြမ်းလွန်းသည် မဟုတ်ပေလော။
၂မိနစ်ကြာသော် လီကျန်းနှင့် ဟွမ်ယုတို့၏ပြိုင်ကားများ ပြန်ရောက်လာသည်။ နှစ်ယောက်စလုံး၏သွင်ပြင်သည် ရှုံ့မဲ့ရုပ်ဆိုးနေသည့်ဟန်ဖြစ်သည်။ သူတို့သည် ကားပေါ်မှ ဆင်းပြီး ချီနန်နှင့် ထန်ရှုအား ကြည့်လိုက်သည်။
“မင်း ဘယ်လို သောက်ချိုးချိုးလိုက်တာလဲကွ ချီနန်။”
ဒေါကန်နေသောမျက်နှာဖြင့် လီကျန်း အော်ဟစ်လိုက်သည်။
မထုံတက်တေးအမူအရာဖြင့် ချီနန်က ပြန်ပြောသည်။
“ငါနဲ့ ဘာဆိုင်လို့လဲ။ နင့်အရှုံးကို ဝန်ခံဖို့ ငြင်းနေတာလား။”
လီကျန်းက ဒေါသတကြီး စိတ်ဆိုးမာန်ဆိုး အော်ဟစ်တော့သည်။
“ငါတို့က ပြိုင်ကားမောင်းပြိုင်ကြတာ သတ်နေကြတာမဟုတ်ဘူး။ မင်းမောင်းတာ ဟွမ်ဟု ချောက်ထဲကျပြီး သေလုနီးပါးဖြစ်ခဲ့ရတာကို သိရဲ့လား။”
“ဟမ့်…” ချီနန်က လှောင်ရယ်သံပြုလိုက်သည်။
“ကားမောင်းပြိုင်တာက နဂိုကတည်းက အန္တရာယ်များတဲ့ ပြိုင်ပွဲပဲ။ သေရမှာကြောက်ရင် ဝင်မပြိုင်နဲ့။”
“မင်း…”
ဟွမ်ယုက လက်မြှောက်ကာ လီကျန်း ပြောဆိုမည်ကို တားလိုက်သည်။ သူက ထန်ရှုအား ကြည့်လိုက်ပြီး
“ကျေးဇူးတင်ပါတယ်။”
“စိတ်ထဲ မထားပါနဲ့။” ထန်ရှုက ခေါင်းယမ်းကာ မှုန်မှိုင်းနေသောမျက်နှာဖြင့် ပြောလိုက်သည်။
“ကားမောင်းပြိုင်တာကြောင့် ဘယ်သူကိုမှ ငါ မသေစေချင်ရုံပါ။ နောက်ပြီး ဒီပြိုင်ပွဲပြီးရင် မင်းလည်း တတ်နိုင်သမျှ နည်းနည်းပဲ ပြိုင်သင့်တယ်။ ငါတို့က တစ်သက်တစ်ခါပဲ အသက်ရှင်သန်ကြရတာ။ မြစ်ကမ်းဘေးမှာ လမ်းလျှောက်တုန်း ဖိနပ်တွေ ရေမစိုတာ ပိုကောင်းသလိုမျိုးပေါ့။”
“ငါ စိတ်ထဲမှတ်ထားပါ့မယ်။” ဟွမ်ယုက ခေါင်းညိတ်ကာ ပြောသည်။
“မင်းဆီမှာ ငါ အကြွေးတစ်ခု တင်သွားပြီ။ ငါတို့ ဖုန်းနံပါတ် လဲကြမလား။ တစ်ချိန်မှာ မင်း ငါ့အကူအညီလိုခဲ့ရင် ဆက်သွယ်ပါ။”
“ငါတို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိတာ ပိုကောင်းမယ်လို့ ငါထင်တယ်။” ထန်ရှုက လက်ဝှေ့ယမ်းလိုက်ရင်း
“ဖုန်းနံပါတ်လဲဖို့ကို အသာထားလိုက်ပါ။ အရိုးသားဆုံးပြောရရင် ကားမောင်းပြိုင်တာက တကယ် စိတ်လှုပ်ရှားဖို့ကောင်းပြီး စိတ်တက်ကြွ လှုပ်ရှားစေပေမယ့် ဒီလိုအန္တရာယ်များတဲ့ပြိုင်ပွဲကိုတော့ ငါ ထပ်ပြီး မကစားတော့ဘူး။”
ထိုသို့ပြောပြီးနောက် ထန်ရှုသည် ချီနန်အား ကြည့်ကာ
“ငွေကြေးကိစ္စလုပ်လိုက်ပါ။ ငါ ကားထဲကနေ စောင့်နေမယ်။”
“ကောင်းပြီ။”
ထန်ရှုသည် သူမကြောင့် စိတ်မပျော်မရွှင်ဖြစ်နေသည်ကို ချီနန် ကောင်းစွာ သိသည်။ သို့သော် သူမ၏ပြုမူမှုအတွက် နောင်တမရမိချေ။ အန္တရာယ်အခြေအနေအတွင်းမှ ဟွမ်ယုအား ကယ်ခဲ့သည့် ထန်ရှု၏ကားမောင်းကျွမ်းကျင်မှုကို မြင်ရသည်မှာ သူမအတွက် ရင်သပ်ရှုမောဖွယ် ကောင်းပေသည်။ သို့သော် ထန်ရှု မပျော်မရွှင်ဖြစ်စေကာမူ သူ၏ဘေးကင်းလုံခြုံရေးအတွက် သူမ လုပ်ရဦးမည်ပင်ဖြစ်သည်။ သူမအတွက် သူဋ္ဌေးဖြစ်သူ၏အသက်သည် အရာအားလုံး၏အထက် ဦးစားပေးအဆင့်တွင် ရှိပေသည်။
ထန်ရှုသည် လီကျန်းအား မျက်နှာသေဖြင့် ကြည့်လိုက်ပြီး
“ပြိုင်ပွဲမစခင် ငါတို့လောင်းထားတာကို မှတ်မိသေးတယ်မလား။ မင်း ရှုံးပြီဆိုတော့ နောင်ဆို ငါ့ကိုမြင်ရင် ဝေးဝေးမှာ နေတာ ပိုကောင်းမယ်။”
လီကျန်း၏မျက်နှာထက်တွင် ရှက်သောအရောင် ဖြာထွက်လာပြီး ဒေါသတကြီး ထန်ရှုအား စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။
“ပြောပါဦး။ မင်းနဲ့ငါ့အကြားမှာ အရင်က ရန်ငြိုးရှိလို့လား။”
“ရန်ငြိုးမရှိပါဘူး။ ငါက မင်းကို မြင်ဖူးတယ်။ မင်းရဲ့စိတ်ကြီးဝင်ပြီး မောက်မာတဲ့သဘောထားကို မနှစ်သက်ရုံပါ။” ထန်ရှုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
လီကျန်းသည် တစ်ခဏမျှ တွေကနဲဖြစ်သွားပြီး
“မင်း ငါ့ကို အရင်က ဘယ်နေရာမှာ မြင်ဖူးတာလဲ။”
“ရှန်ဟိုင်းတက္ကသိုလ်ရဲ့ဝင်ပေါက်မှာ။”
“မင်းဆိုလိုတာက ဒီမနက်မှာ…”
“စကားစဖြတ်ကြစို့။ ပြီးခဲ့တာတွေ ပြီးပါစေတော့။ တစ်ခုခုရှိတယ်ဆိုရင်လည်း ငါက မင်းကို သဘောမကျတဲ့အတွက် နောင်ဆို ငါ့ရှေ့မှာ ပေါ်မလာနဲ့။ နှုတ်ဆက်တယ်။”
ထန်ရှက မျက်နှာသေဖြင့် ပြောလိုက်သည်။
စကားဆုံးသည်နှင့် ထန်ရှုက အနက်ရောင် လန်ဘော်ဂနီကားဆီသို့ လှည့်ထွက်သွားသည်။
ထန်ရှုနှင့် စကားပြောလိုသော ကျိမုမှာ ထန်ရှု ကားထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် ထိုအတွေးအား လက်လျှော့လိုက်သည်။ သို့သော် ထန်ရှုနှင့် နောက်တစ်ကြိမ်တွေ့ရန် အခွင့်အရေးကို စောင့်ဆိုင်းရန် စီစဉ်ထားခဲ့သည်။
“အစ်မကြီးနန်…ထန်ရှုက ဘယ်သူလဲ။ သူ့နောက်ခံက ဘာလဲ။ အစ်မကြီးကိုယ်တိုင် အဖော်လုပ်ပေးရတာ ဆိုတော့လေ။” ကျိမုက သိလိုစွာဖြင့် တီးတိုးမေးလိုက်သည်။
“သူ့နောက်ခံကို နင် မမေးတာအကောင်းဆုံးပဲ။ ငါ ချက်ချင်း ပြန်ရတော့မှာမို့ ငါ့အတွက် ဒီကကိစ္စလေးတွေ နင်လုပ်ပေးပါဦး။” ချီနန်က ပေါ့ပေါ့ပါးပါး ပြောသည်။
“အစ်မကြီးနန်…အဲ့ဒီလိုမျိုး အရမ်း မလျှို့ဝှက်ပါနဲ့။” ကျိမုက စောဒကတက်လိုသည့်ဟန်ဖြင့် ပြုံးလိုက်ရင်း
“ထန်ရှုရဲ့နောက်ခံက ဘာလဲဆိုတာ ငါ့ကို ကျေးဇူးပြုပြီး ပြောပါ။ အဲ့ဒါဆို ငါ သူ့ကို ဘယ်လို ဆက်သွယ်ရမလဲဆိုတာ အကြံကောင်းတော့ ရလာမှာပါ။”
“ငါ နင့်ကို အရင်က ပြောခဲ့သလိုပဲ။ သူက နင့်ကို အပေါင်းအသင်းမလုပ်ချင်ဘူးဆိုရင် သူ့နောက်ခံအကြောင်း မသိတာ နင့်အတွက် ပိုကောင်းတယ်။ ကျိမု…ဒါ ငါ နင့်ကို ကြောက်လန့်အောင် ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် နင် သူ့အကြောင်းကို တိတ်တဆိတ် စုံစမ်းရင် ပြသနာကြီးတွေက နင့်ကို စောင့်ကြိုနေလိမ့်မယ်။ သူသာ အမိန့်ပေးခဲ့ရင် ငါတောင်မှ နင့်မိသားစုအပါအဝင် နင့်ကိုပါ ဆုံးမရမယ့် တာဝန်ရှိလာလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ့်မိသားစုကို အနှောင့်အယှက်ဖြစ်စေမယ့် ပြသနာဘေးဆိုးကို ရှောင်ဖို့ သူ့ကို မနှောင့်ယှက်မိစေနဲ့။”
ကျိမု၏အမူအရာ အနည်းငယ် ပျက်သွားသည်။ ချီနန်သည် သူ့အား ခြောက်လှန့်သည့် ထိုစကားမျိုးကိုပင် ပြောလာလိမ့်မည်ဟု သူ မထင်ခဲ့မိချေ။ ထိုသို့ဆိုလာခြင်းက ထန်ရှုသည် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ရှိနေသည်ဟု ဆိုလိုခြင်းပင် မဟုတ်တုံလော။ ကျိမိသားစုပင် သူ့အား မပြစ်မှားနိုင်သည့် အရာမျိုးပေလော။
သူ စကားမရှည်တော့ဘဲ လောင်းကြေးပိုက်ဆံများ လျင်မြန်စွာ ထုတ်ပေးလိုက်သည်။
၁၀မိနစ်ကြာပြီးနောက် ချီနန်သည် ဘဏ်ကတ်တစ်ခုအား ကိုင်ကာ လန်ဘော်ဂနီကားဆီသို့ ပြန်လာသည်။ ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်ပြီးနောက် ထန်ရှုအား လေးစားသော အမူအရာဖြင့် ဘဏ်ကတ်အား လှမ်းပေးလိုက်ရင်း
“သူဋ္ဌေး…ဒီဟာက ဒီညရဲ့လောင်းကြေးငွေတွေပါ။”
ထန်ရှုက မျက်နှာသေဖြင့် ခေါင်းယမ်းလိုက်ပြီး
“မင်းက ချန်ပီယံမို့ မင်းရဲ့ပိုက်ဆံပါ။”
“သူဋ္ဌေး…ဒီနေ့က ငါ နင့်ကို အဖော်လိုက်ပေးရုံသက်သက်ပါ။ ငွေကြေးက သူဋ္ဌေးရဲ့ဟာပါ။” ချီနန် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
ထန်ရှုက မျက်ခုံးများအား ပင့်တင်လိုက်ရင်း
“ငါ ဒီပိုက်ဆံကို မလိုအပ်ပါဘူး။ ဒါပေမယ့် ငါ မင်းကို ပြောချင်တာ တစ်ခုရှိတယ်။”
ထန်ရှု၏ခေါင်းမာသော ငြင်းဆန်မှုကို ကြည့်ပြီး ချီနန်က ဘဏ်ကတ်အား တစ်နေရာတွင် တင်ထားလိုက်ပြီး လေးစားသောဟန်ဖြင့်
“ကျေးဇူးပြုပြီး ပြောပါ။”
“မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား။”
လိမ္မာပါးနပ်သော ချီနန်သည် ထန်ရှု မည်သည့်အကြောင်းအရာကို မေးမှန်း ကောင်းစွာ သိသောကြောင့် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ကာ
“ဟုတ်ပါတယ်။ ရည်ရွယ်ချက်နဲ့ပါ။”
“ဘာကြောင့်လဲ။” ထန်ရှု၏အမူအရာသည် အတန်ငယ်ပင် အေးခဲသွားသည်။
“အဲ့ဒီအချိန်တုန်းက သူဋ္ဌေးရဲ့ကားက အရမ်းကို မြန်လွန်းနေတယ်။ သူဋ္ဌေးကို ငါ အန္တရာယ်ထဲ ကျခွင့်မပြုနိုင်ဘူး။ အနိုင်ရဖို့အတွက်ဆိုရင် သူဋ္ဌေးက အဲ့ဒီလူကို နောက်ချန်ထားမှရမယ်။ ဒါပေမယ့် အဲ့ဒီအတွက် နည်းလမ်းက သူသေဖို့ပဲ ရှိတယ်။” ချီနန်က တည်ငြိမ်စွာ ရှင်းပြသည်။
“ဆိုတော့ မင်းလုပ်ခဲ့တာအားလုံးက ငါ့အတွက်ပေါ့။”
“ဟုတ်ပါတယ်။” ချီနန်က ဖြောင့်မတ်စွာ ဖြေလိုက်သည်။
ထန်ရှု၏ချောမောသော မျက်နှာထက်တွင် အားယူထားရသောအပြုံးရိပ်တစ်ခု ဖြစ်ပေါ်လာပြီး သူက ခေါင်းယမ်းလိုက်ကာ
“ထားလိုက်တော့။ မင်းမှာ ဒီလိုစိတ်ထားရှိမှတော့ ငါ ဘာမှ မပြောတော့ဘူး။ ဒါပေမယ့် စိတ်ထဲမှတ်ထားရမှာက နောက်ဆိုရင် သည်လိုမျိုး အခြားသူတစ်ယောက်ကို ထိခိုက်အောင်၊ အသက်အန္တရာယ်ကျအောင် မလုပ်ဖို့ပဲ။ မင်းက အလွန်တင်းကျပ်တဲ့ လေ့ကျင့်မှုုမှာ အတွေ့အကြုံရှိတယ်ဆိုတာ ငါသိသလို လူတွေအများကြီး သတ်ဖူးတာလည်း ငါ သိပါတယ်။ လူတစ်ယောက်ချင်းစီရဲ့အသက်၊ ဘဝမှာလည်း ကိုယ်ပိုင် တည်ရှိမှု အဓိပ္ပာယ်တွေရှိတယ်ဆိုတာ မှတ်ထားရမယ်။ အခြားသူတွေကို ကောင်းမွန်စွာ ဆက်ဆံတာက နတ်ဆိုးတစ်ယောက်လို ဆက်ဆံတာထက် အမြဲပိုကောင်းပါတယ်။”
***