← Chapters

လုံးလုံးလျားလျား စိတ်ရှုပ်ထွေးရခြင်း

Vol. 07 Ch. 343

လုံးလုံးလျားလျား စိတ်ရှုပ်ထွေးရခြင်း

Vol. 07 Ch. 343

ဟန်ကျင်းဝူ၏စိတ်ရှုပ်ထွေးသွားသော အမူအရာအား ကြည့်ရင်း ထန်ရှု၏စိတ်နှလုံးသည် လုံးလုံးလျားလျား ဖရိုဖရဲဖြစ်သွားရသည်။ သူမသည် ရွှဲ့ချန်းချင်ဖြစ်သည်မှာ သေချာသလောက်ရှိသည်။ သို့သော် အကြောင်းအရာတစ်ခုအား သူ အဖြေမထုတ်နိုင်ပဲဖြစ်နေသည်။ အင်မော်တယ်ကမ္ဘာတွင် သူ၏လွမ်းမောဖွယ်ရာ သေဆုံးပြီးနောက် သိပ်မကြာလိုက်ပါပဲ ရွှဲ့ချန်းချင်တစ်ယောက် မတော်တဆတစ်ခုခု ဘယ်လို ဖြစ်သွားခဲ့ပါသနည်း။ ချက်ကျလက်ကျ ပြောရမည်ဆိုပါလျှင် ထိုသူများသည် သူ၏ သိုလှောင်လက်စွပ်နှင့် အတွင်းမှ ပစ္စည်းများအား လုကြလိမ့်မည်။ ကောင်းကင်စကြာဝဠာကျင့်စဉ်ကိုပင် ရရှိထားကြမည်ဖြစ်ရာ ထိုသူတို့သည် အောင်ပွဲခံပြီး လေ့ကျင့်ခြင်းတွင် စိတ်အားထက်သန်ကြရမည် မဟုတ်ပေလော။ အဆုံးတွင် အင်မော်တယ်ကမ္ဘာ၌ မည်သည့်ကပ်ဆိုးဖြစ်ပျက်ခဲ့သနည်း။ ရွှဲ့ချန်းချင်သည် မည်သည့်အကြောင်းကြောင့် ပြန်လည် မွေးဖွားလာခဲ့ရပါသနည်း။

“နင် ဘာဖြစ်နေသလဲ ထန်ရှု…” ဟန်ကျင်းဝူက ထန်ရှု၏လက်အား ဆုပ်ကိုင်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

ထန်ရှုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏ပရမ်းပတာဖြစ်နေသော ခံစားမှုများအား ယာယီဖိနှိပ်ထားလိုက်သည်။ ဟန်ကျင်းဝူ၏ လက်များအား ဖယ်လိုက်ကာ

“ဆရာမဟန်…ကျွန်တော် လုပ်စရာလေးတွေရှိတာ ခုမှ သတိရလာလို့ ။ ဆရာမ ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော် သွားနှင့်တော့မယ်။”

“ဟေ့…ဟေ့…”

ဟန်ကျင်းဝူ၏ အော်သံအား လျစ်လျူရှုကာ ဂိတ်ပေါက်ဝဆီသို့ ထန်ရှု လျှောက်သွားသည်။

ထန်ရှု သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ရန် လိုနေပြီ ဖြစ်သည်။ ဟန်ကျင်းဝူသည် ရွှဲ့ချန်းဖြစ်သည်ဟု ၁၀၀% သူမပြောရဲသော်လည်း သူတို့၂ယောက်သည် အတော်များများ တူညီနေကြသည်။ သူတို့၂ယောက်၏ ရုပ်ဆင်းသွင်ပြင်များ၊ စကားလုံးများ၊ အမူအရာများ၊ အမူအကျင့်များနှင့် ပခုံးထက်မှ မွေးရာပါအမှတ် ၃ခုပါရှိပုံတို့သည် တူညီမှုရှိနေကြသည်။ ရွှဲ့ချင်းချန်သည် တစ်ခါက သူ့အား ပြောဖူးသည်မှာ သူမ၏မွေးရာပါ အမှတ်၃ခုသည် သူမ ဘယ်နေရာတွင် ပြန်လည်မွေးဖွား မွေးဖွား သူမနှင့်အတူ ထာဝရပါလာလိမ့်မည်ဟုပင်။ ပြီးတော့ ယခုချိန်တွင် သူမအား မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို မသိတော့ပါချေ။

“ငါ သူမကို သတ်သင့်သလား။”

သို့သော်လည်း သူမ၏စိတ်ရှုပ်ထွေးနေသော အမူအရာအား မြင်မိသည့်အခါ ထန်ရှုတွင် ထိုသို့လုပ်ရန် အင်အားမရှိပါချေ။

“ငါ သူမကို ပြန်လိုက်သင့်သလား။”

သို့သော်လည်း အင်မော်တယ်ကမ္ဘာတွင် သူ သေဆုံးခဲ့ရပုံအား ပြန်လည်သတိရမိသည့်အခါ သူ၏နှလုံးသားသည် ဆုတ်ဖြဲခြင်းခံလိုက်ရသည့်နှယ် တစ်ဖန် ပြန်လည်နာကျင်လာရသည်။ သူမနှင့်အတူ တစ်ဖန် ရှိနိုင်ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။ သူမအား တစ်ဖန်ချစ်ခင်စုံမက်ရန် မည်သို့ဖြစ်နိုင်ပါအံ့နည်း။

ထန်ရှု ရှုံးနိမ့်သွားသကဲ့သို့ ဆောက်တည်ရာမရ ဖြစ်နေသည်။

ထိုကဲ့သို့ ဖရိုဖရဲဖြစ်နေသော စိတ်ခံစားမှုနှင့်အတူ ထန်ရှုသည် ကြယ်ပြာအိမ်ရာဝင်းသို့ ပြန်ရောက်လာသည်။ သူ ရေမိုးချိုး အဝတ်အစားလဲကာ အိပ်ရာထက်တွင် ထိုင်လိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရန် လိုအပ်နေပြီဖြစ်တော့သည်။

အချိန်အတန်ကြာအောင် ရှိပြီးနောက် ထန်ရှု တဖြည်းဖြည်းချင်း တည်ငြိမ်မှု ရလာခဲ့သည်။ သူ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။ ဟန်ကျင်းဝူသည်သာ အမှန်တကယ် ရွှဲ့ချင်းချန် ဖြစ်ပါက သူမအား သေချာပေါက် သူ သတ်မည်ဖြစ်သည်။ သို့သော်လည်း ၁၀၀% မသေချာမီ သူမနှင့် ဝေးဝေးနေရန် သူ လိုအပ်ပေသည်။

“ငါ ဒီခံစားမှုကို ထွက်ပေါက်ရှာမှဖြစ်တော့မယ်။”

ထန်ရှု အဝတ်အစားလဲကာ ယွဲ့ခိုင်အား ဖုန်းဆက်လိုက်သည်။

“မင်းတို့ဘယ်နေရာမှာလဲ။”

“အဆောင်ထဲမှာပဲ။ ဆေးရုံကို သွားကြတော့မလို့။”

“ငါ မင်းတို့ကို တက္ကသိုလ်ဝင်ပေါက်မှာ စောင့်နေမယ်။ မြန်မြန်လုပ်ကြ။ ဆေးရုံကို အတူသွားကြတာပေါ့။” ထန်ရှု ပြောသည်။

ယွဲ့ခိုင်က ပျာပျာသလဲဖြင့်

“မင်း ဆရာမဟန်နဲ့ ဒိတ်မလုပ်ဘူးလား။ ဘယ်လိုဖြစ်ပြီး…”

“မင်း ငါ့ကို ဆရာမဟန်နဲ့ ဒိတ်လုပ်ဖို့အကြောင်း နောက်ထပ်မပြောနဲ့။ ငါ သူမနဲ့ တကယ်ကို ဘာမှ လုပ်ဖို့မရှိဘူး။ မင်း အဲ့ဒါကို ထပ်ပြောနေရင် မိန်းမလှလေးရဲ့ဖုန်းနံပါတ်ကို မပေးတော့ဘူး။”

“မလုပ်နဲ့။ မလုပ်နဲ့။ ငါ နောက်ထပ်မပြောတော့ဘူးလို့ မင်းကို ကတိပေးတယ်။ ငါတို့ကို အဲ့ဒီနေရာမှာ စောင့်နေ။” ယွဲ့ခိုင်က ပြောပြီး ဖုန်းချသွားသည်။

ထန်ရှု အိမ်ထဲမှ ထွက်လာပြီး ကားဂိုဒေါင်အား တစ်ချက်ကြည့်လိုက်သည်။ တစ်ခုခု ဆုံးရှုံးသွားသည့်နှယ် ခံစားရသည်။ သူ့အနေဖြင့် လူချမ်းသာပုံရိပ်အား မပြချင်ဘဲ သိုသိုသိပ်သိပ် နေချင်သောကြောင့် ကားဂိုဒေါင်အတွင်းရှိ ကား၄စီးသည် သူ့အတွက် အသုံးပြုရန် အဆင်မပြေလှချေ။ အထူးသဖြင့် သူ၏အတန်းဖော်များအား မမြင်စေချင်ပေ။ ထိုအကြောင်းအား စဉ်းစားမိသည်နှင့်

“ငါ ဈေးအရမ်းမကြီးတဲ့ကားတစ်စီးကို ဝယ်စီးသင့်နေပြီလား။”

၁၀မိနစ်ကြာသော် ထန်ရှုသည် တက္ကသိုလ် ကျောင်းပေါက်ဝသို့ ရောက်လာခဲ့သည်။ ယွဲ့ခိုင်တို့ မရောက်သေးသောကြောင့် ထန်ရှုသည် အနီးနားရှိ ဈေးဆိုင်သို့သွားကာ စီးကရက်တစ်ဗူးအား ဝယ်လိုက်ပြီး တစ်လိပ်အား ထုတ်ကာ မီးညှိဖွာရှိုက်လိုက်သည်။

“ဟူး…”

ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားရသည်။ သူ၏မြင်ကွင်းတွင် မမြင်လိုသော တစ်စုံတစ်ယောက်သည် လူရမ်းကားလေးများ ဝန်းရံကာ ပေါ်လာခဲ့သည်။

ဒီဒုတိယမျိုးဆက် လူချမ်းသာ ချီးထုပ်တွေကတော့ကွာ … တစ်ခါလောက် အေးအေးဆေးဆေး မနေနိုင်ကြဘူးလား။ မင်းတို့ရဲ့လူငယ်ဘဝတွေကို တစ်နေ့လုံး ဒီလိုသောက်စားပျော်ပါးပြီးတော့ အဓိပ္ပာယ်မဲ့ နေထိုင်ကုန်ဆုံးနေကြတယ်။

ထန်ရှု အဝေးမှ ထိုသူများနှင့် ဘေးတွင် ရပ်ထားသော ကားအကောင်းစားများအား ကြည့်ရင်း တိတ်တဆိတ် ခေါင်းယမ်းမိသည်။

၂မိနစ်ကြာသော် ဘီအမ်ဒဗလျူကားတစ်စီးသည် တက္ကသိုလ်ဝင်းထဲမှ ထွက်လာပြီး တက္ကသိုလ်ဂိတ်ပေါက် ၏ထောင့်နားတွင် ရပ်လိုက်ကာ ယွဲ့ခိုင်၊ ဟူချင်းစုန့်၊ ကျောက်လျန့်နှင့် ကျောင်းသားအနည်းငယ် ဆင်းလာသည်။

“ဝို့…ဒါ ကျော်ကြားတဲ့ သခင်လေးယွဲ့ မဟုတ်လား။ ကျွတ်…ကျွတ်… ရှန်ဟိုင်းတက္ကသိုလ်က မင်းကို ဝင်ခွင့်ပြုတာနဲ့ မတူပါဘူးကွာ။ မင်း ကြည့်ရတာ အမှိုက်နဲ့ ပိုပိုတူလာတယ်။ တောသားတွေနဲ့တောင် အခု အပြင်ထွက်နေရပြီ။”

စီးကရက်တစ်လိပ်အား နှုတ်ခမ်းတွင် ခဲထားပြီး ကားအား မှီရပ်နေသော လီကျန်းက သူနှင့် မီတာအနည်းငယ်အကွာတွင် ရှိနေသော ယွဲ့ခိုင်အား မျက်လုံးမှေးကြည့်ကာ အော်ပြောလိုက်သည်။

“ဟားဟားဟား…သူ တကယ့်ကို အကူအညီမဲ့နေတာပဲ။ ယွဲ့ယန်သာ သူ့ကို ကာကွယ်မပေးထားခဲ့ရင် ဒီကောင်က စာရင်းတောင် ဝင်ပါ့မလား။” ဆံပင်အဝါရောင်ဆိုးထားသည့် လူရွယ်တစ်ယောက်ကလည်း အသံကျယ်လောင်စွာဖြင့် ထေ့ငေါ့လိုက်သည်။

ယွဲ့ခိုင်သည် လီကျန်းတို့အဖွဲ့အား မြင်လိုက်သောကြောင့် သူ၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ချောမောသော မျက်နှာထက်တွင် ဒေါသရိပ်များတက်လာကာ ပြန်အော်ပေးလိုက်သည်။

“လီကျန်း…ချင်ယုရှန်…မင်းတို့ ယီးမို့ ဒီနေရာမှာ ရန်ဖြစ်ချင်နေတာလား။”

လီကျန်းက မျက်လုံးပြူးကာ ပြန်တုံ့ပြန်သည်။

“ဒီဖေဖေကြီးက ရန်ဖြစ်ချင်တယ်ဆိုရင်ရော ဘာဖြစ်လဲကွာ။ မင်း ငါတို့နဲ့ ဖြစ်ချင်လား။”

ဟူချင်းစုန့်က လျှောက်သွားကာ လီကျန်းနှင့် သူ၏အဖွဲ့အား ကြည့်ရင်း

“မင်းတို့က ဖြစ်ချင်တယ်ဆိုရင် ငါတို့က အဖော်လုပ်ပေးမှာပေါ့။ ဒီဖေဖေကြီးကလည်း ငါ့အဖိုးကြီးကလွဲပြီး ဘယ်သူကိုမှ ကြောက်တတ်တဲ့သူ မဟုတ်ဘူးကွ။”

လီကျန်း၏အမူအရာ ပျက်သွားကာ လက်ဝှေ့ယမ်းလိုက်သည်။ သူ၏အနောက်မှ လူများသည် ယွဲ့ခိုင်နှင့် ဟူချင်းစုန့်ဆီ လျှောက်လာကြသည်။

အဝေးတွင် မတ်တတ်ရပ်ကာ ထန်ရှုသည် ထိုသူတို့အား  စောင့်ကြည့်နေရင်း ကူကယ်ရာမဲ့သော အမူအရာသည် သူ၏မျက်နှာပေါ်တွင် ထင်ဟပ်လာခဲ့သည်။ လီကျန်းနှင့် သူ အလောင်းအစားလုပ်ခဲ့စဉ်က လီကျန်းအား ကြည့်မရသောကြောင့်ချည်းတင် မဟုတ်ချေ။ အဓိကအကြောင်းအရာမှာ သူသည် ယွဲ့ခိုင်နှင့် ကျောင်းနေစဉ်တစ်လျှောက် ပေါင်းဖော်ရမည်ဖြစ်သည်။ ထို့ကြောင့် လီကျန်းအား သူနှင့်ဝေးဝေးနေရန် သူသည် မျှော်လင့်ထားသည်။ ထို့ကြောင့် ဖြစ်လာမည့် ပြသနာများအား ကြိုတင်ဖြေရှင်းထားရန်နှင့် ထို၂ယောက်ကြားမှ ပဋိပက္ခအား ရှောင်ကွင်းနိုင်ရန် ထိုသို့ သူ လောင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ထို၂ယောက်သည် မမျှော်လင့်ပဲ ရှန်ဟိုင်းတက္ကသိုလ်ဝင်ပေါက်အနီးတွင် ဆုံခဲ့သည်။ သူ၏လက်တစ်ဖက်အား ဘောင်းဘီအိတ်ထဲတွင် ထည့်ကာ လက်တစ်ဖက်က စီးကရက်အား ကိုင်ရင်း ထိုအဖွဲ့၂ဖွဲ့ဆီ ထန်ရှု လျှောက်လာလိုက်သည်။ ၁၀မီတာအကွာသို့ ရောက်သောအခါ သူက တစ်ဟုန်ထိုးပြေးလိုက်ရာ ထိုသူများနှင့် ၄မီတာ-၅မီတာအကွာရှေ့သို့ ချက်ချင်းပင် ရောက်သွားခဲ့သည်။

“နောက်ဆုတ်…”

ထန်ရှုက လီကျန်းအား ကြည့်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။

ထန်ရှုအား မြင်သော် လီကျန်း၏အမူအရာသည် သိသိသာသာပင် ပျက်သွားရသည်။ သူ၏အနီးရှိ ထန်ရှုအား တစ်ခါမှ မမြင်ဖူးသည့် လူရွယ်က သူ၏အကျီလက်အား လိပ်တင်လိုက်ပြီး အော်ငေါက်လိုက်သည်။

“ဘယ်လို ယီးလိုကောင်က ဒီနေရာကို ခုန်ပြီး ဝင်လာတာလဲ။ မင်းအလုပ်မင်းလုပ်ဖို့ စိတ်ကူး မရှိဘူးလားဟမ်။ မင်းပါ အမှုန့်ဖြစ်သွားချင်တာလား။”

“ဘန်း…”

ထန်ရှုသည် သူ၏ခြေလှမ်းအား ရပ်တန့်ခြင်းမရှိဘဲ ထိုလူရွယ်၏အရှေ့သို့သွားကာ ပြင်းထန်စွာ ရိုက်လိုက်သည်။ ထိုရိုက်ချက်သည် မြန်ဆန်ပြီး ခွန်အားအနည်းငယ် ထည့်သွင်းထားသောကြောင့် လူရွယ်သည် ၄မီတာ-၅မီတာခန့်အဝေးသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဗိုင်းကနဲ ပြုတ်ကျသွားပြီး မေ့မျောသွားတော့သည်။

“မင်း အရှုံးပေးရတော့မှာမဟုတ်ဘူးလား။”

ထန်ရှုက လီကျန်းအား ထပ်ကြည့်လိုက်သည်။

လီကျန်းနှင့် သူ့အား ဝန်းရံထားသော ၇ယောက်-၈ယောက်သော လူရွယ်တို့သည် ရှုံ့မဲ့သွားကြသည်။ သို့သော်လည်း အရိုက်ခံရသော လူရွယ်ကဲ့သို့ ပမာမခန့်အမူအရာအား မပြုလုပ်ကြဘဲ ထန်ရှုအား ဒေါသတကြီး ပြန်ကြည့်နေကြသည်။

“ငရဲလို ဒီနေရာကနေ ထွက်သွားကြအောင်။”

လီကျန်းက အံကိုတင်းတင်းကြိတ်ကာ မူးမေ့နေသော လူရွယ်၏ဘေးသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ ထိုလူငယ်အား မြေပြင်မှ ဆွဲထူကာ သူ၏ အဖော်များအား ပေးလိုက်ပြီး ထွက်ခွာသွားတော့သည်။

“ဒီကောင်က ဘာလဲကွ။”

ယွဲ့ခိုင်နှင့် ဟူချင်းစုန့် အံ့သြသွားသကဲ့သို့ ကျောက်လျန့်နှင့် အခြားသူများသည်လည်း ကျောက်ရုပ်ဖြစ်ကာ ကျန်ခဲ့သည်။

သူတို့အား ချေမွတော့မည့် ထိုလူများသည် မမျှော်လင့်စွာဖြင့် သူတို့၏အမြီးများအား သိမ်းကာ ကုပ်ချောင်းချောင်းဖြင့် ပြန်ထွက်သွားကြလေသည်လား။

ငရဲလိုနေရာက ထွက်သွားကြရအောင်ဆိုသည်မှာ ဘာများလဲ။

ထန်ရှုဘက်သို့လှည့်ကာ ယွဲ့ခိုင်က ခက်ခက်ခဲခဲ မေးလိုက်သည်။

“အစ်ကိုကြီးထန်…ဒီကောင်က ဘာဖြစ်သွားတာလဲ။ ခွေးမသား လီကျန်းက…အစ်ကိုကြီးကို ကြောက်နေတဲ့ပုံပဲနော်။”

ကျောက်လျန့် ခေါင်းညိတ်ကာ သံယောင်လိုက်သည်။

“ဟုတ်တယ်။ သူ မင်းကို တွေ့တော့ ဖြစ်သွားတဲ့ပုံက ကြောင်ကို ဝင်တိုးမိတဲ့ ကြွက်တစ်ကောင်လိုပဲ။”

“စိတ်ထဲမထည့်ပါနဲ့။” ထန်ရှုက ဖျော့တော့စွာ ပြုံးလိုက်ရင်း “ငါပုံက ကြောက်စရာကောင်းလို့ ဒါမှမဟုတ် တစ်ခုခုကြောင့်နေပါလိမ့်မယ်။ ဒါမှမဟုတ် မင်းတို့ကို ကူညီဖို့ အခြားလူတစ်ယောက် လာနေတာလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် သူတို့ အမြီးကုပ်ပြီး ထွက်သွားတာနေလိမ့်မယ်။”

“မဟုတ်တာ အစ်ကိုကြီးထန်။ ငါတို့က မင်းအနားမှာ အိပ်ကြတဲ့ ညီအစ်ကိုတွေပါကွ။ ငါတို့ကို ဖုံးကွယ်ဖို့ မကြိုးစားစမ်းပါနဲ့။” ယွဲ့ခိုင်က ခေါင်းယမ်းသည်။ “ငါက လီကျန်းနဲ့ သူ့ကောင်တွေကို သိရင်း ကြီးလာတာပါကွ။ ဒီခွေးမသားအုပ်စုက လွယ်လွယ်နဲ့လွှမ်းမိုးလို့ရတဲ့သူတွေ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က ငါတို့ကို ကူညီခဲ့တယ်ဆိုရင်တောင်မှ သူတို့က ဒီလိုမျိုးကြောက်မယ့်သူတွေ မဟုတ်ဘူး။ နောက်ပြီး မင်း ဆော်တီးလိုက်တဲ့ကောင်ကလွဲပြီး လီကျန်းတင်မကဘူး အခြားသူတွေကပါ မင်းကို ကြောက်နေကြတာ ကိုယ့်လူ။”

“အိုကေ…အိုကေ…” ထန်ရှုက အားတင်းပြုံးလိုက်ပြီး “ပြီးခဲ့တဲ့ညက ငါ ပျင်းတာနဲ့ ချန်ရှီးမြို့က လောင်ရှန်ကို သွားခဲ့တယ်။ ပြိုင်ပွဲမစမီ သူနဲ့ ငါ အလောင်းအစား လုပ်ခဲ့တယ်။ သူ ရှုံးခဲ့ရင် နောက် ငါ့ကိုတွေ့တဲ့အခါ ချက်ချင်း ရှောင်ရမယ်ဆိုပြီးပေါ့။ သူ ရှုံးထားတာမို့ ချက်ချင်း ထွက်သွားတာ။ ဒါပဲ။”

“မင်းဆိုလိုတာက… လောင်ရှန်အဝေးပြေးလမ်းမ ကားပြိုင်ပွဲမှာ မင်း သူနဲ့ ပြိုင်ခဲ့ပြီး နိုင်ခဲ့တယ်ပေါ့ ဟုတ်လား။” ယွဲ့ခိုင်က အံ့အားသင့်စွာ မေးလိုက်သည်။

“ငါ နိုင်တယ်လို့ မင်း ပြောနိုင်တယ်။ ဒါပေမယ့် ငါက ချန်ပီယံတော့ မဟုတ်ဘူး။” ထန်ရှုက ခေါင်းညိတ်ပြရင်း ဆက်ပြောသည်။ “ငါက ဒုတိယပဲ ရခဲ့တာ။”

ယွဲ့ခိုင်၏နှုတ်ခမ်းများ တုန်ရီသွားပြီး သူက ရုတ်တရက် ပြောလိုက်သည်။

“အစ်ကိုကြီးထန်…မင်းက တကယ်ကို နှိမ့်နှိမ့်ချချနဲ့ ညာပြောနေတာပဲ။ ငါ ဒါကို ခုမှ သိတယ်။ မင်းက အရမ်း…”

သူ၏လက်အား မြှောက်ကာ ကြားဖြတ်လိုက်ပြီး

“အေးပါ…အေးပါ ငါက အရမ်းစွမ်းဆောင်နိုင်ပါတယ်။ မင်းတို့ ငါ့ကို လေးစားတာ ပုံမှန်ပါပဲ။ ဒါနဲ့ ဆေးရုံကို သွားကြရအောင်။ မင်းရဲ့ကားက ငါတို့အားလုံးကိုတော့ မဆန့်လောက်ဘူး။”

တစ်ခုခုကို ပြောချင်နေသဖြင့် ယွဲ့ခိုင်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ ပွင့်ဟလာသော်လည်း ပြန်မျိုလိုက်သည်။ သူသည် ဦးနှောက်မရှိသော သူတစ်ယောက် မဟုတ်ပေ။ သို့မဟုတ်ပါက ရှန်ဟိုင်းတက္ကသိုလ်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပါချေ။ ထန်ရှု၏တုံ့ပြန်မှုတဆင့် ထန်ရှုသည် သူ့အား နောက်ဆက်တွဲစကားများဆက်မပြောစေချင်ကြောင်း သူ ရိပ်စားမိသည်။

“ကောင်းပြီ။ ငါ အစ်ကိုကြီးထန်နဲ့ ကားငှားလာခဲ့မယ်။ မင်းတို့ ဆေးရုံကို ငါတို့ထက်အရင် ရောက်နေရင် ဂိတ်မှာ ငါတို့ကို စောင့်ဖို့ မမေ့နဲ့။” ဟူချင်းစုန့်က ပြောလိုက်သည်။

“ကောင်းပြီ။”ယွဲ့ခိုင်က အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် ခေါင်းညိတ်သည်။

ဘီအမ်ဒဗလျူကား ထွက်သွားပြီးနောက် ဟူချင်းစုန့်က ထန်ရှုဘက်သို့ လှည့်ကာ အပြုံးဖြင့်

“အစ်ကိုကြီးထန်… ယွဲ့ခိုင်က မင်းလည်း အလွန်ချမ်းသာတယ်လို့ ပြောချင်နေတာကို ငါ သိတယ် ဟုတ်တယ်မလား။ မင်းက သိုသိုသိပ်သိပ်နေတာကြောင့် ငါ တကယ်ကို မမြင်နိုင်ခဲ့ဘူး။ မင်းလည်း ချမ်းသာတဲ့ မိသားစုက ဒုတိယမျိုးဆက်သခင်လေးပဲ ဖြစ်ရမယ်။”

ထန်ရှုက တဟားဟား ရယ်လိုက်ရင်း

“ငါက ချမ်းသာတယ်ဟုတ်လား။ ကိုယ့်မိသားစုမှာ ရှိတဲ့ပိုက်ဆံက ကိုယ်တိုင်ရှာတဲ့ပိုက်ဆံလောက် စိတ်ဝင်စားစရာမကောင်းဘူးလို့ ငါ အမြဲတွေးတယ်။ အဲ့ဒါကြောင့် ငါ့မိသားစုက ပေးထားတဲ့ ပိုက်ဆံတွေကလွဲပြီး ငါ သုံးသမျှ ကျန်တဲ့ပိုက်ဆံတွေက ငါကိုယ်တိုင် ရှာထားတာတွေချည်းပဲ။”

“မင်းက ပိုက်ဆံရှာတယ်ဟုတ်လား။ ဘယ်လိုရှာတာလဲ။” ဟူချင်းစုန့်က မေးသည်။

“ကိုယ်ပိုင်လုပ်ငန်းစု ထောင်တယ်။ လက်ရေးလှ စာလုံးအလှနဲ့ ပန်းချီကားတွေကို ရောင်းတယ်။ နောက်ပြီး သမားတော်တစ်ယောက်အဖြစ်လည်း လုပ်တယ်။ တိုတိုပြောရင်ကွာ ငါ ပိုက်ဆံရှာနိုင်လို့ရသမျှ ငါ လုပ်တယ်။” ထန်ရှုက ရယ်ရင်း ပြောသည်။

ဟူချင်းစုန့် မျက်လုံးဝိုင်းသွားသည်။ ထန်ရှု ပြောသမျှ အစမှအဆုံးထိ အရာရာတိုင်းအား သူ မယုံကြည်နိုင်ပဲ ဖြစ်နေသည်။ သူက ပြုံးရုံပြုံးလိုက်ကာ ရွဲ့ပြောလိုက်သည်။

“အစ်ကိုကြီး… မင်းရဲ့လေလုံးထွားတာက ငါတို့တွေကြားမှာ အစွမ်းရှိဆုံးပဲ။”

“ဟားဟားဟား…လေလုံးထွားကလည်း ကောင်းတဲ့အရည်အချင်းတစ်ခုပဲဆိုတာ မင်း မထင်မိဘူးမဟုတ်လား။” ထန်ရှုက ရယ်လိုက်ရင်း

“ဆိုရိုးစကားကောင်းတစ်ခုရှိတယ်။ ရည်ရွယ်ချက်ကောင်းတွေရှိခြင်းက ငွေရှာနိုင်တဲ့ လျှာတစ်ခုရှိတာလောက် မကောင်းပါတဲ့။ စကားပြောကောင်းတဲ့လူတွေ အခုခေတ်မှာ အရမ်းကျော်ကြားတာ မင်း သိတယ်မဟုတ်လား။”

“မဟုတ်တမ်းတရားတွေ” ဟူချင်းစုန့် ပြောသည်။ “အဲ့လိုအမွှမ်းတင်ပြီး ပြောတဲ့ပါးစပ်တွေက တကယ်မကောင်းဘူး။ လုံးဝကို မကောင်းဘူး။”

“ဟားဟားဟား…”

ထိုအကြောင်းအရာအား ဆက်မပြောချင်တော့သည့်အလား ဟူချင်းစုန့်က ပြောသည်။

“သွားကြစို့။ ငါတို့ကို ယွဲ့ခိုင်တို့တွေ အကြာကြီး စောင့်နေရမယ်။”

၂ယောက်သား ကားတစ်စီး အမြန်ငှားကာ ရှန်ဟိုင်းဆေးရုံသို့ သုတ်ခြေတင်ကြလေသည်။

***

All Chapters