← Chapters

အံ့မခန်း ဆေးပညာအစွမ်း

Vol. 07 Ch. 346

အံ့မခန်း ဆေးပညာအစွမ်း

Vol. 07 Ch. 346

“သူရဲ့အသက်ရှူသံက အားနည်းနေတယ်။ သူ့သွေးရောင်က ဖြူဖျော့လာပြီးတော့ သူငယ်အိမ်တွေကလည်း မတည်ငြိမ်ဘူးဗျ။ ခွဲစိတ်ခန်းကို ပို့ဖို့အထိ သူ ခံနိုင်မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ။ ကျွန်တော် အရင်ဆုံး သူ့ကို ကုရမယ်။”

ထန်ရှုက လေးနက်စွာ ပြောလိုက်သည်။

ဆရာဝန်ကဒေါသတကြီးအော်ဟစ်လိုက်ပြီး

“မင်းဘယ်သူလဲ။ မင်း သူ့ကို ဘာကြောင့် ကုချင်နေရတာလဲ။ မတော်တဆမှုတစ်ခု ဖြစ်လာရင် ဘယ်သူက တာဝန်ယူမလဲ။”

“ကျွန်တော် တာဝန်ယူတယ်။”

ထန်ရှုက အေးစက်စွာ အော်ပြောလိုက်ပြီး သူနာပြု ၂ဦးအား ဘေးသို့တွန်းကာ လူနာ၏ဒဏ်ရာများအား လျင်မြန်စွာ စစ်ဆေးလိုက်သည်။

“ဆိုးတယ်။ ကျိုးနေတဲ့အရိုးတွေက အဆုတ်ကို ထိုးဖောက်ပြီး အတွင်းထဲမှာ သွေးယိုစိမ့်နေတာ။ လျှံကျနေတဲ့ သွေးတွေကို ထုတ်ပြီး အဆုတ်ထဲ စိုက်နေတဲ့ အရိုးတွေကို ရှင်းလင်းဖို့လိုတယ်။”

ရုတ်တရက် ထန်ရှုက ခေါင်းကိုလှည့်လိုက်ပြီး ဆရာဝန်တစ်ဦးကို ကြည့်ကာ

"နှစ်မိနစ်…။ မင်း ငါ့ကို နှစ်မိနစ်အတွင်း ငွေအပ်တစ်စုံ မပေးနိုင်ရင် ဒီလူက မင်းကြောင့် သေလိမ့်မယ်။ မြန်မြန်သွားပြီးတော့ ငါ့ကို ငွေအပ်တွေ ရှာပေးပါ။”

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။”

ထန်ရှုအား ဟောက်ခဲ့သည့် ဆရာဝန်သည် ထန်ရှု၏ကူညီရန် ကြိုးပမ်းမှုကြောင့် လူနာတင်လှည်း၂စီး ရပ်တန့်သွားသည်ကို သိရှိသွားသည်။ ထို့နောက် သူက ချက်ချင်းပြေးလာပြီး အော်လိုက်သည်။

ထန်ရှုအား ယခုလေးတင် ပြစ်တင်ပြောဆိုလိုက်သော ဆရာဝန်က လျင်မြန်စွာ ပြောလိုက်သည်။

“ဒါရိုက်တာဟူ…ဒီကောင်က ငါတို့ကို တားဆီးနေပြီး မဆိုင်တာတွေကိုတောင် သူက ပြောနေတယ်။”

ဒါရိုက်တာဟူဟု ခေါ်သော လူသည် လူနာ၏အခြေအနေအား မြင်သောအခါ ရင်ထဲတွင် ထိတ်လန့်သွားသည်။ သူ၏အကြည့်များသည် လူနာ၏သွေးခုန်နှုန်းအား စမ်းနေသော ထန်ရှုဆီသို့ ရောက်သွားပြီး လေသံမာမာဖြင့် မေးလိုက်သည်။

“မင်းက ဘယ်သူလဲ။ ငါတို့ရဲ့ကုသမှုကို ဘာကြောင့် မင်း တားနေတာလဲ။ လူနာတွေကို ကုသတာက မီးကို ငြိမ်းသတ်ရသလို အချိန်လုပြီး လုပ်ရတယ်ဆိုတာ မင်းမသိဘူးလား။”

“ကျွန်တော်လည်း ဆရာဝန်တစ်ယောက်ပါ။ ခင်ဗျားတို့ဆေးရုံမှာ ဆရာဝန်တွေနဲ့ခွဲစိတ်ခန်းတွေ အလုံအလောက်မရှိဘူးလို့ ခင်ဗျားပြောနေတာ ကြားလိုက်တာမို့ ကူညီဖို့ လာတာ။"

ထန်ရှုက လေးလေးနက်နက် ပြန်ပြောသည်။

“ခင်ဗျားက ဒါရိုက်တာတစ်ယောက်ဖြစ်နေရင်လည်း ကျွန်တော် ဂရုမစိုက်ဘူး။ ဒီမှာ စကားကြော ရှည်နေတာကို ဖြတ်ရအောင်။ ကျွန်တော် သူ့ကို စစ်ဆေးပြီးပြီ။ သူ့မှာ အချိန်နှစ်မိနစ်ပဲ ရတော့တယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ငွေအပ်တစ်စုံ ရှာမပေးရင် သူသေလိမ့်မယ်။"

ထိုစကားကိုကြားသောအခါ ဒါရိုက်တာဟူ အံ့သြတုန်လှုပ်သွားကာ ချက်ချင်းပင် ဆရာဝန်ကို ပြောလိုက်သည်။

“ငွေအပ်တစ်စုံကို ရှာပါ။ မြန်မြန်လေး"

“ဟုတ်ကဲ့။”

ဆရာဝန်က တွန့်ဆုတ်နေသော်လည်း ခြေလှမ်းကြဲကြီးများဖြင့် ပြေးထွက်သွားခဲ့သည်။

သူ၏အကြည့်အား ထန်ရှုထံသို့ ထပ်မံ လွှဲပြောင်းလိုက်ပြီး ဒါရိုက်တာဟူက

"မင်းက ငါတို့ရဲ့ဆေးရုံကဆရာဝန် မဟုတ်ဘူးမလား။ မင်း ဘယ်မှာ အလုပ်လုပ်တာလဲ။ လူနာရဲ့သွေးခုန်နှုန်းကို မင်းစမ်းတာ ငါမြင်တာပဲ။ မင်းက တရုတ်တိုင်းရင်းဆေး ဆရာဝန်လား။”

“ကျွန်တော်က ထန်ရှုပါ။ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှာ လုပ်ပါတယ်။” ထန်ရှုက လေးနက်သော လေသံဖြင့် ဖြေလိုက်သည်။

ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံတဲ့လား။

အဲ့ဒီဆေးရုံက ခုတလော နာမည်ကြီးလာတဲ့ ဆေးရုံမဟုတ်လား။

အဲ့ဒီဆေးရုံမှာ နတ်ဆေးသမားတော်တစ်ယောက် ရှိတယ်ဆိုပြီး ကောလဟလတွေ ထွက်နေခဲ့တာမလား။

နောက်ပြီး သည်နာမည်… သည်နာမည်ကို ရင်းနှီးနေတဲ့ပုံပဲ။

ဒါရိုက်တာဟူက ခေါင်းမော့လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

“မင်က ကြယ်တာရာတိုင်းရင်းဆေးရုံက လူငယ်နတ်ဆေးသမားတော်ဆိုပြီး ကောလဟလထွက်နေတဲ့သူလား။”

ထန်ရှုကသူ့အား လျင်မြန်စွာကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောသည်။

"ဒါကစကားပြောရမယ့်အချိန် မဟုတ်ဘူး။ ဒဏ်ရာပြင်းထန်တဲ့ လူနာအားလုံးကို ဒီနေရာကို ချက်ချင်းပို့ခိုင်းပါ။ နောက်ပြီး လေဝင်လေထွက်ရှိအောင် ဘေးက ဝိုင်းအုံနေတဲ့ လူတွေက လူစုခွဲပေးပါ။ နောက်ပြီး ကျွန်တော့်ကို ရေဇလုံအနည်းငယ်နဲ့ သန့်ရှင်းတဲ့ ပုဝါတွေ ပြင်ဆင်ထားပေး။ အခြားဆရာဝန်တွေကို ခွဲစိတ်မှုကိရိယာတွေ ယူလာပြီး ကျွန်တော်နဲ့ အတူအလုပ်လုပ်ဖို့ မှာကြားပေးပါ။

ဒါရိုက်တာဟူ ချီတုံချတုံ ဖြစ်သွားသည်။

ထန်ရှုအား သူ ယုံသင့်သည်လား သူမသိပေ။ နောက်ဆုံးတွင် ထန်ရှုက ငယ်ရွယ်လွန်းသည်။ သူကိုယ်တိုင် အကြီးတန်းဆရာဝန်တစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့ မထင်မှတ်သော အရေးပေါ်အခြေအနေအား မည်သို့ကိုင်တွယ်ရမည်ကို သူတကယ်မသိချေ။

"ငါ ဆေးရုံအုပ်ကို ချက်ချင်း သတင်းပို့ရမယ်။"

ထန်ရှုက သူ့အား ပြန်မပြောချေ။ ထိုအစား သူသည် သွေးထွက်ခြင်းကိုရပ်တန့်စေခြင်းဖြင့် ဒဏ်ရာရသူ၏ တုန်လှုပ်နေမှုအား အလျင်အမြန် ကုသပေးနေခဲ့သည်။

အရေးပေါ်ခန်းအတွင်း၌…

ဆေးရုံအုပ်ကြီး ဇူဝမ်ဖုန့်သည် ဆေးရုံမှ ခေါင်းဆောင်များအား ဦးဆောင်ပြီး အပြင်ဘက်သို့ ဦးတည်လျှောက်လာခဲ့သည်။ သူသည် မီးသတ်ဦးစီးဌာနမှ ဖုန်းခေါ်ဆိုမှုတစ်ခုသာ ရရှိခဲ့ပြီး လူနာများအား လက်ခံရန် ပြင်ဆင်မှုအမိန့်တစ်ခု ချက်ချင်း ထုတ်ပြန်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြမ်းပြင်ပြိုကျမှုကြောင့် အလုပ်သမားဒါဇင်နှင့်ချီကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဤကဲ့သို့ ကြီးမားသော မတော်တဆမှုအတွက် သူသည် ဆေးရုံအုပ်တစ်ယောက်အနေဖြင့် လူနာများကို တတ်နိုင်သမျှ ကယ်တင်ရပေမည်။

သူသည် လွန်ခဲ့သောခြောက်လအတွင်း ခွဲစိတ်ခန်းထဲသို့ မဝင်ခဲ့သော်လည်း ကိုယ်တိုင်ခွဲစိတ်ရန် ပြင်ဆင်နေသည်။

"ဘာဖြစ်သွားတာလဲ။ မင်း ဘာလို့ရပ်လိုက်တာလဲ။"

သူသည် အရေးပေါ်ခန်းသို့ ရောက်လာကာ လက်ရှိမြင်ကွင်းကိုမြင်ပြီးနောက် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဟူချိုးပေါ်၏မျက်ဝန်းများ အရောင်လက်သွားသည်။ သူသည် ရှေ့သို့ တိုးလာပြီး ထန်ရှု ပြောခဲ့သမျှအား အစမှအဆုံးထိ အားလုံး အစီရင်ခံလိုက်သည်။ ထို့နောက်တွင် သူက စကားစသတ်လိုက်သည်။

“ဆေးရုံအုပ်ကြီး…သူက တရုတ်တိုင်းရင်းဆေး ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အလားအလာများတယ်လို့ ငါ ထင်တယ်။ အဲ့ဒီတော့…”

"အဲ့ဒီတော့ ဘာဖြစ်သလဲ။ မင်းက ဒီလိုကိစ္စတွေကို ရယ်စရာလုပ်ချင်တာလား။ သူ့ကို ခေါ်ထုတ်... "

"မိုးနတ်မင်းကြီးရေ … ဒီလူနာရဲ့ဒဏ်ရာတွေက သွေးမထွက်တော့ဘူး။ ဟိုလူ ဘာလုပ်ခဲ့တာများလဲ။"

လူနာတင်လှည်းအနီးမှ သူနာပြုတစ်ဦးက ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်မိသည်။ သူမ၏အသံသည် ဆေးရုံအုပ် ဇူဝမ်ဖုန့်၏စကားအား တိုက်ရိုက် အနှောင့်အယှက်ပေးလိုက်သည့်နှယ် ဖြစ်သွားခဲ့သည်။

ဇူဝမ်ဖုန့်၏အမူအရာသည် ပြောင်းသွားပြီး ထိုနေရာသို့ ရောက်သွားသည်။ ထို့နောက် သူက လေးနက်စွာ မေးလိုက်သည်။

"ဘာဖြစ်သွားတာလဲ။"

ဆေးရုံအုပ်ကိုယ်တိုင် ရောက်လာသည်ကို  မြင်လိုက်ရသည့်အခါ သူနာပြုဆရာမလေး၏ တုန်လှုပ်သွားဟန်က သိသာနေပြီး ထစ်ထစ်ငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။

“ဆေးရုံအုပ်ကြီး…သူက လူနာကို အခုပဲ ကုသပေးခဲ့တယ်။ ပြီး…ပြီးတော့ လူနာ့ရဲ့ဒဏ်ရာတွေက သွေးဆက်မထွက်တော့ဘူး။”

ရုတ်တရက် ဇူဝမ်ဖုန့်က သူ၏ခေါင်းကို ထန်ရှုဘက်သို့ လှည့်လိုက်ပြီး ကျယ်လောင်စွာမေးလိုက်သည်။

"မင်းက ကြယ်တာရာတိုင်းရင်းဆေးရုံက ဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ မင်းနာမည်က ထန်ရှုလို့ ပြောလိုက်တာလား။"

“ဟုတ်ပါတယ်။”

သွေးထွက်ရပ်သွားသော လူနာ၏အရှေ့တွင် ရှိနေသော ထန်ရှုက ရိုးရှင်းသော အဖြေတစ်ခုသာ ပေးလိုက်သည်။

ဇူဝမ်ဖုန့်သည် သူ၏လက်ကိုင်ဖုန်းကို အလျင်အမြန် ယူကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ ဖုန်းချိတ်ဆက်မှုရပြီးနောက် သူက အလျင်စလို မေးလိုက်သည်။

"ဆေးရုံအုပ်လီဟွန်ဂျီလား။ ငါက ရှန်ဟိုင်း ပထမပြည်သူ့ဆေးရုံက ဆေးရုံအုပ် ဇူဝမ်ဖုန့်ပါ။ ငါတို့တွေ ပေကျင်းဆေးဖလှယ်ရေးညီလာခံမှာ အရင်က တွေ့ဆုံခဲ့ဖူးတယ်လေ။”

"ဟားဟားဟား ... ဆေးရုံအုပ်ဇူ။ ဒီနေ့ ဘယ်လေတိုက်လို့ ငါ့ဆီ ဖုန်းဆက်တာလဲ။ ဘာပဲဖြစ်ဖြစ် ငါ့ဆီက မင်းလိုအပ်တာ တစ်ခုခုရှိလား။"

လီဟောင်ဂျီ၏အသံသည် ဖုန်းထဲမှ ထွက်လာသည်။

“ဟုတ်တယ်။ ငါ မင်းကို လူတစ်ယောက်အကြောင်း မေးချင်လို့။” ဇူဝမ်ဖုန့်က ပြောသည်။

“မင်းတို့ ကြယ်တာရာတိုင်းရင်းဆေးရုံမှာ ထန်ရှုလို့ခေါ်တဲ့ လူငယ်ဆရာဝန်တစ်ယောက် ရှိလား။”

လီဟွန်ဂျီက အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

“မင်း ထန်ရှုအကြောင်း ဘာလို့ မေးတာလဲ။ သူက ငါ့ဆေးရုံက ဆရာဝန်တစ်ယောက်ဆိုတာ တကယ်ပါ။”

“ရှန်ဟိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူတွေ အများကြီးရှိခဲ့တယ်။ ထန်ရှုက တာဝန်တွေကို ထမ်းဆောင်နေတဲ့ ငါ့ဆေးရုံက ဆရာဝန်တွေကို တားပြီး လူနာတွေကို သူကိုယ်တိုင် ကုပေးခဲ့တယ်။”

ဇူဝမ်ဖုန့်က ပြောသည်။

“သူ့ကို လုပ်ခိုင်းလိုက်ပါ။” လီဟွန်ဂျီက တုံ့ဆိုင်းခြင်း မရှိဘဲ တုံ့ပြန်လိုက်သည်။

“သူရဲ့ဆေးပညာအရည်အချင်းက ကောင်းလား။”

ဇူဝမ်ဖုန့်က အံ့အားသင့်စွာ မေးလိုက်သည်။

“ဆေးရုံအုပ်လီ…ဒဏ်ရာရထားတဲ့သူတွေရဲ့ အခြေအနေက အရမ်းပြင်းထန်တာ မင်းသိထားရမယ်။ ငါတို့ ခွဲစိတ်မှုကို ချက်ချင်းမလုပ်ရင် ငါ ကြောက်တာက…”

“ဆေးရုံအုပ် ဇူ… ငါ့မှတ်ဉာဏ်တွေ အလုပ်လုပ်တာ မှန်ရင် ငါ့ဆေးရုံက နတ်ဆေးသမားတော်နဲ့ တွေ့ဖို့ မင်း လွန်ခဲ့တဲ့တစ်လကျော်လောက်က ငါ့ကို ဆက်သွယ်ခဲ့တယ်မဟုတ်လား။” လီဟွန်ဂျီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ထန်ရှုက မင်း တွေ့ချင်နေတဲ့ နတ်ဆေးသမားတော်ပဲ။ မင်းရဲ့ဆေးရုံမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို သူ ကူညီကုသနိုင်တဲ့အတွက် မင်းရဲ့ကံကောင်းမှုကို မင်း ပျော်ရွှင်သင့်တယ်။”

“ဘာ…။ သူက အဲ့ဒီ လူငယ်နတ်ဆေးသမားတော်လား။”

“အမှန်ပဲ။”

ဇူဝမ်ဖုန့်၏မျက်နှာထက်တွင် အံ့သြတုန်လှုပ်မှုတို့ ဖုံးလွှမ်းသွားခဲ့သည်။ ဖုန်းချပြီးသည့်နောက် သူသည် ဘေးပတ်လည်မှ ဒဏ်ရာရထားသော လူနာများအား လှည့်ကြည့်လိုက်ပြီး ချက်ချင်း အော်ပြောလိုက်သည်။

“ဒဏ်ရာရထားတဲ့သူတွေကို စစ်ဆေးရအောင် အထဲက ခေါ်ခဲ့ဟေ့။ နောက်ပြီး သူတို့ကို ကုသပေးမှာ ဆရာဝန် ထန်ပဲ။ ပြသနာတစ်စုံတစ်ရာ ဖြစ်လာရင် ငါ တာဝန်ယူတယ်။”

“ဟုတ်…။”

ဟူချုံးပေါ်၊ အခြားဆေးရုံခေါင်းဆောင်များနှင့် သူနာပြုများသည် ဆေးရုံအုပ်ဇူက ထန်ရှုအား မည်သည့်အကြောင်းကြောင့် တာဝန်လွှဲပြောင်း ပေးခဲ့သည်ကို နားမလည်နိုင်သော်လည်း သူ၏အမိန့်အား သေချာစွာ လုပ်ဆောင်ခဲ့သည်။

ထို့နောက်တွင် ဇူဝမ်ဖုန့်သည် ထန်ရှုဘက် လှည့်ကာ ပြောလိုက်သည်။

“ကြယ်တာရာတိုင်းရင်းဆေးရုံရဲ့ လူငယ်နတ်ဆေးသမားတော်က မင်းဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ လီဟွန်ဂျီ ပြောတဲ့စကား မှန်တယ်။ မင်းကို ဒီမှာတွေ့ရတာ တကယ်ကို ကံကောင်းတယ်။"

ထန်ရှုသည် မည်သည့်ဒုက္ခကိစ္စများကိုမှ မကြိုက်ချေ။ သည်ဇူဝမ်ဖုန့်သည် သူ့အား အမြဲစိတ်အနှောင့်အယှက် ဖြစ်စေသော လီဟွန်ဂျီကဲ့သို့ လူတစ်ယောက် ဖြစ်သွားမည်ကို သူ စိုးကြောက်နေမိသည်။ သူသည် ပညာသင်ယူလေ့လာရန် ရှန်ဟိုင်းသို့ရောက်လာခြင်း ဖြစ်သောကြောင့် ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံ၌ သူ့အား အလုပ်လုပ်ရန်ဖိတ်ကြားမည်ကို မလိုချင်ပါချေ။

“ငွေအပ်တွေက ဒီမှာပါ။”

အဖြူရောင်ကုတ် ဝတ်ဆင်ထားသော ဆရာဝန်က အမြန် ပြန်ရောက်လာခဲ့သည်။

ငွေအပ်များလက်ခံရရှိပြီးနောက် ထန်ရှုက လေးနက်သော အသံဖြင့်

“အခြားသူတွေကို တတ်နိုင်သမျှ လူစုခွဲဖို့ ပြောပေးပါ။ နောက်ပြီး ဆေးရုံရှိဆရာဝန်တွေကို ပြင်ဆင်ထားဖို့ အမိန့်ပေးပါ။ အပြင်းထန်ဆုံးဒဏ်ရာတွေနဲ့ ဒဏ်ရာရသူတွေကို ကျွန်တော် ကုဖို့ ထားခဲ့လိုက်။ ကျန်တဲ့ ဒဏ်ရာရထားတဲ့သူတွေကိုတော့ ဆေးရုံရဲ့ဆရာဝန်တွေက ကုသဖို့ ခွဲစိတ်ခန်းသို့ ခေါ်ဆောင်သွားပါစေ။”

ဇူဝမ်ဖုန့် ချက်ချင်း ခေါင်းညိတ်ပြီး ထန်ရှု ပြောကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ပေးသည်။

ငွေအပ်များကို သုံး၍ လူနာ၏ကိုယ်အတွင်း သွေးယိုစီးမှုကိုရပ်တန့်ရန် သွေးကြောများကို ပိတ်လိုက်ကာ ထန်ရှုသည် သူ၏ကြယ်စွမ်းအားကို လွှဲပြောင်းပေးလိုက်ရင်း သွေးကြောအတွင်းမှ ထွက်ရန်အားယူနေသော သွေးများအား လည်ချောင်းဆီသို့ ဂရုတစိုက် လမ်းညွှန်ခဲ့သည်။

အဟွတ်…အဟွတ်…

နှစ်မိနစ်အကြာတွင် လူနာသည် ချောင်းဆိုးပြီး တစ်ပြိုင်နက် အနက်ရောင်သွေးများအား ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။ လူနာသည် ခြောက်ကြိမ်မြောက် အနက်ရောင်သွေးများကို အန်ထုတ်ပြီးနောက် ထန်ရှုက သူ့အား ထိုင်စေကာ လူနာ၏ကျောအား သူ၏လက်ဖဝါးဖြင့် ထိန်းထားလိုက်သည်။

“ဓား။”

ထန်ရှုက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

သည်အချိန်တွင် ဆေးရုံသည် သန့်ရှင်းသော ခွဲစိတ်ကိရိယာများကို ပြင်ဆင်ထားပေသည်။ ဆရာဝန်တစ်ယောက်က ကိရိယာများ ထည့်ထားသော သေတ္တာအား ဖွင့်ပေးလိုက်ပြီးနောက် ထန်ရှုက ထိုသေတ္တာအား တစ်ချက်ကြည့်လိုက်ပြီး အလွန်ထက်ရှသော ဓားကိုယူလိုက်သည်။ မဆိုင်းမတွပင် သူက ထိုလူနာ၏ရင်ဘတ်အား အဆုပ်နေရာနှင့်တည့်တည့် ခွဲလိုက်သည်။

“ဒါ…”

ထိတ်လန့်တုန်လှုပ်သွားသော ဇူဝမ်ဖုန့်သည် မင်သက်သွားသည်။ ပထမပြည်သူ့ဆေးရုံ၏ ခေါင်းဆောင်များ၊ အနီးမှ ဝန်းရံနေသော ဆရာဝန်များ၊ သူနာပြုများသည်လည်း လူအများ၏ မျက်လုံးအောက်တွင် ခွဲစိတ်မှုတစ်ခု ပြုလုပ်လိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မတွေးခဲ့ပေ။

ပြုလုပ်ပုံကပင်လျှင် အလွန်ရက်စက်ပြီး သွေးအေးသည့်ဟန်ရှိသည်။ ကိုင်ထားသော ဓားအား ချကာ ထန်ရှုသည် ညှပ်တစ်ခုအား ယူပြီး ဒဏ်ရာထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

နှစ်စက္ကန့်…။ သည်ဟာ အမှန်ပင်။ သေချာပေါက် နှစ်စက္ကန့်သာ ကြာခဲ့သည်။

ဇူဝမ်ဖုန့်နှင့် အခြားသူများသည် ထိုကုသမှုအား သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြသည်။

ထန်ရှုသည် ညှပ်အား လူနာ၏ဒဏ်ရာထဲသို့ ထည့်ပြီးနောက် ဆန်စေ့တစ်စေ့ခန့် အရွယ်အစားရှိသော အရိုးတစ်ချောင်းအား ညှပ်ဖြင့် ကုတ်ယူကာ လျင်မြန်စွာထုတ်ပစ်လိုက်သည်။

“ဘုရားသခင်…အထဲမှာ အရိုးရှိနေတာ သူ ဘယ်လို သိတာလဲ။”

ဘေးတွင် ရှိနေသော ဟူချင်းပေါ်က မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်စွာ အော်လိုက်မိသည်။ ဟူချင်းပေါ်၏ အံ့သြတုန်လှုပ်မှုနည်းတူ အခြားသူများသည်လည်း ခံစားနေရသည်။

ထန်ရှုအတွက်ကမူ ဟူချင်းပေါ်အား လျစ်လျူရှုပြီး အတွင်းရှိ ကျိုးနေသောအရိုးများကို ဖယ်ရှားရန်အတွက် လူနာ၏ဒဏ်ရာအတွင်းသို့ ညှပ်ကို အဆက်မပြတ် ထည့်သွင်းကာ ဖယ်ရှားနေခဲ့သည်။ နောက်ဆုံးတွင် သူသည် ညှပ်ကို ဒဏ်ရာထဲသို့ ထပ်မထည့်မီ သူ၏စွမ်းအားကို အာရုံစိုက်ရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

သူ၏စိတ်ဝိညာဉ်အာရုံ ရှာဖွေမှုအောက်တွင် သူသည် ကျိုးနေသောအရိုးအစများအား သတိကြီးစွာဖြင့် ထုတ်ယူခဲ့သည်။

“ခင်ဗျားရဲ့ဆေးရုံမှာ ကာဒီယိုတော်နစ်တွေ ရှိတယ်ဟုတ်လား။ အဲ့ဒါကို ငါးမိနစ်အတွင်း လူနာရဲ့ခန္ဓာကိုယ်ထဲကို ထိုးပေးရမယ်။ သူ့ဒဏ်ရာကို ချုပ်ဖို့ ဆရာဝန်တစ်ယောက်ကို ပြောလိုက်ပါဦး။”

လူနာ၏အဆုတ်အတွင်းတွင် ကြယ်စွမ်းအားကို ချန်ထားခဲ့ပြီး ထန်ရှုက ခေါင်းကိုလှည့်ကာ စကားပြောလိုက်သည်။

(Charm Ming Nge - ကာဒီယိုတော်နစ်သည် ထိရောက်မှုကိုမြှင့်တင်ရန်၊ နှလုံးကြွက်သားကျုံ့ခြင်းကို တိုးတက်စေရန်နှင့် ခန္ဓာကိုယ်တစ်သျှူးအားလုံးကို သွေးစီးဆင်းမှုကို တိုးတက်စေရန် အသုံးပြုသော ဆေးများဖြစ်သည်။)

ဇူဝမ်ဖုန့်သည် ကာဒီယိုတော်နစ်အား ယူရန် တစ်စုံတစ်ယောက်အား ချက်ချင်းအမိန့်ပေးလိုက်သည်။ ထို့နောက် သူက ဇဝေဇဝါဖြစ်နေသောအမူအရာဖြင့်

“ပြီးသွားပြီလား။”

“ဟုတ်တယ်။ သူ့အဆုတ်ကို ထိုးဖောက်ထားတဲ့ အရိုးကျိုးအပိုင်းအစတွေအားလုံးကို ငါဖယ်ရှားလိုက်ပြီ။” ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

“ဒါက ပြသနာမဟုတ်ဘူး၊ ခင်ဗျားက ဒဏ်ရာကိုချုပ်ဖို့ပဲ လိုတယ်။ ဒါပေမယ့် သူရဲ့နှလုံးခုန်သံက အလွန်နှေးကွေးနေတယ်။ ငါ အတတ်နိုင်ဆုံး လုပ်ခဲ့ပေမဲ့ အဲဒါက နည်းနည်းပဲ သက်သာသွားခဲ့တယ်။ ခင်ဗျားက ကာဒီယိုတော်နစ် ထိုးလိုက်တာနဲ့ သူ အချိန်ကြာရှည်စွာ သတိလစ်မေ့မျောနေတဲ့ အခြေအနေထဲမှာ အကြာကြီးနေရလိမ့်မယ်။ ဒါပေမယ့် သူ့အသက်အန္တရာယ် မရှိတော့ဘူး။"

ဇူဝမ်ဖုန့်၏မျက်လုံးများသည် မီးရှူးကဲ့သို့ တောက်ပနေပြီး ထန်ရှုအား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လျက် မေးလိုက်သည်။

"မင်း အဲ့ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ။"

“ကောင်းပြီ။ ဆရာဝန်တိုင်းမှာ သူ့ကိုယ်ပိုင် အရည်အချင်းတွေ၊ အစွမ်းအစတွေရှိကြတယ်။ ဒါတွေကလည်း ကျွန်တော့်အရည်အချင်းတွေပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ထပ်အချိန်မကုန်ပါစေနဲ့။ ဒဏ်ရာအပြင်းအထန်ရထားတဲ့အခြားသူတွေဆီ ကျွန်တော့်ကို ခေါ်သွားပါ။”

“ကောင်းပြီ။” ဇူဝမ်ဖုန့် ထပ်မမေးတော့ချေ။

ရုတ်တရက် သူနာပြုဆရာမတစ်ဦး၏တီးတိုးစကားသံ ထွက်လာသည်။

"ဒေါက်တာထန်က လူနာကို ကုသနေစဉ်အတွင်းမှာ လူနာရဲ့ဒဏ်ရာက သွေးမထွက်တာကို နင်သတိထားမိလား။"

***

All Chapters