ထူးချွန်သောလူတစ်ယောက်၏ စိုးရိမ်ပူပန်မှု
Vol. 07 Ch. 347
သူနာပြုဆရာမ၏မှတ်ချက်စကားသည် ထွက်ခွာတော့မည့်လူတိုင်းအား ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။ ထို့နောက် ဇူဝမ်ဖုန့် ဦးဆောင်သောခေါင်းဆောင်တစ်စု၊ ဆရာဝန်နှစ်ဦး နှင့်သူနာပြုများစွာတို့သည် ယခင်လူနာအား စိုက်ကြည့်မိကြသည်။
လူတိုင်း၏မျက်နှာပေါ်တွင် အံ့သြထိတ်လန့်သော အမူအရာကို မြင်နိုင်ပေသည်။
အရေးပေါ်ခန်းဘက်သို့ လျှောက်သွားသော ထန်ရှု၏နောက်ကျောအား ဇူဝမ်ဖုန့်သည် ဆယ်စက္ကန့်ကျော်ကြာသည်အထိ စောင့်ကြည့်နေမိရင်း သူ အလွန်အမင်း တုန်လှုပ်သွားခဲ့မိသည်။
ဆရာဝန်တစ်ဦးအဖြစ် သူ၏ဆယ်နှစ်တာ သက်တမ်းအတွင်း မရေမတွက်နိုင်သော အမှုကြီးအမှုငယ်များနှင့် မရေမတွက်နိုင်သော ခွဲစိတ်မှုများကို သူမြင်ခဲ့ဖူးသည်။
သို့သော်လည်း လူနာ၏သွေးမထွက်သော ဤကဲ့သို့ကိစ္စမျိုးကို သူတစ်ခါမှမမြင်ဖူးပေ။
အထူးသဖြင့် ထန်ရှုသည် အဆုတ်မှအရိုးများကို ထုတ်ယူရန်အတွက် လူနာ၏ကြွက်သားများအား ဖြတ်လိုက်သောအခါ ပုံမှန်အားဖြင့် ထွက်လာသင့်သော သွေးသည် လုံး၀ ထွက်မလာခဲ့ပေ။
ဟူချင်းပေါ်၏နှုတ်ခမ်းများ တုန်ရီသွားကာ အနည်းငယ်ညည်းညူရင်း
"အဲဒီတုန်းက လူနာရဲ့ဒဏ်ရာပတ်ပတ်လည်ကို သူ နှိပ်နေတာ ငါတွေ့ခဲ့တယ်။ ဒါဖြစ်နိုင်လား ... သူက သွေးကြောပိတ်နည်းလမ်းကို သုံးနေတာလား။"
သွေးကြောပိတ်နည်းလမ်းလား။
ဇူဝမ်ဖုန့်၏အမူအရာ ပြောင်းသွားပြီး သူက လျင်မြန်စွာ မေးလိုက်သည်။
“သူက လူနာရဲ့ဒဏ်ရာပတ်လည်က သွေးကြောမှတ်တွေကို ဖိနှိပ်သွားတယ်ဆိုတာ မင်း သေချာလား။”
“ဟုတ်ကဲ့။ အဲ့ဒါကို ကျွန်တော်တစ်ယောက်တည်း မြင်တာမဟုတ်ဘူး။ လူတော်တော်များများ မြင်ကြတယ်။” ဟူချင်းပေါ်က ခေါင်းညိတ်ကာ ခိုင်မာစွာ ပြောသည်။
ဇူဝမ်ဖုန့်က အခြားသူများကို ကြည့်လိုက်ရာ ထိုသူများသည်လည်း ခေါင်းညိတ်ပြနေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ထန်ရှု၏အနောက်သို့ လိုက်သွားတော့သည်။
သူသည် ထန်ရှု၏ကုသမှုနည်းလမ်းများကို ကြည့်ပြီး သူမည်သို့လုပ်ခဲ့သည်ကို အတည်ပြုရန်လိုသည်။
ဒုတိယထပ်ရှိ ခွဲစိတ်ခန်းတံခါးရှေ့တွင်…
ရွှေ့ပြောင်းလုပ်သားခုနစ်ဦး သို့မဟုတ် ရှစ်ဦးသည် သူနာပြုတစ်ဒါဇင်၏ပတ်လည်တွင် စုရုံးကာ ကျယ်လောင်စွာ ငြင်းခုံနေခဲ့သည်။ ထိုသူများသည် သူတို့၏လုပ်ဖော်ကိုင်ဖက်များကို ပို့သော ဆေးရုံနောက်သို့ လိုက်၍ စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သော်လည်း ဆေးရုံတွင်လုံလောက်သော ခွဲစိတ်ခန်းများမရှိပေ။ သူတို့အား အထိတ်တလန့် ဖြစ်စေသောအချက်မှာ ဆရာဝန်များသည် ဒဏ်ရာအနည်းငယ်သာရသော အလုပ်သမားများကို ခွဲစိတ်ခန်းသို့ခေါ်ဆောင်သွား ခဲ့ပြီး ဒဏ်ရာ အပြင်းထန်ဆုံး အခြားလေးဦးမှာ အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ရသည်။
"ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားကြပါနဲ့။ ဒီဟာက ဆေးရုံအုပ်ကြီးကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အမိန့်ပါ။ အလွန်ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးက ကျွန်မတို့ဆေးရုံကို လာပြီး ဒီနောက်ဆုံးလူနာလေးဦးကို သူကိုယ်တိုင် ကုသပေးမှာပါ။ ကျေးဇူးပြု၍ နောက်ဆုတ်ပေးပါ။ ရှင်တို့ဒီနေရာမှာ စုဝေးနေရင် ဒါက ဆရာဝန်ရဲ့ကုသမှုကို အနှောင့်အယှက် ဖြစ်ပါလိမ့်မယ်ရှင်။”
သူနာပြုဆရာမလေးက ကျယ်လောင်စွာ ပြောလိုက်သည်။
အသားညိုပြီး ပိန်ပိန်ပါးပါး သက်လတ်ပိုင်း လူတစ်ယောက်က အော်ပြောလိုက်သည်။
"မင်း ငါတို့ကို လှည့်စားနေတာ မဟုတ်လား။ ငါတို့ညီအစ်ကိုတွေက ဒဏ်ရာအပြင်းထန်ဆုံးပဲ။ အဲ့ဒီကျွမ်းကျင်တဲ့ဆရာဝန်က ဘယ်သူလဲ။ လူတွေကို ကယ်တင်တာက မီးကို ငြိမ်းသတ်သလိုမျိုး အချိန်နဲ့လုပ်ရတယ်ဆိုတာ မင်းမသိဘူးလား။ မတော်လို့များ တစ်ခုခု ဖြစ်ရင်...။"
"မဟုတ်ဘူး၊ အဲ့လိုမရှိဘူး။”
သူတို့အနောက်မှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။
ထန်ရှုက သူ့အား ပိတ်ထားတဲ့လူအုပ်ကြီးကို ဖောက်၀င်လိုက်သည်။ တွန်းလှည်းလေးစီးပေါ်မှ လူနာများအား လျင်မြန်စွာလှည့်ပတ်ကြည့်ရှုရင်း နောက်ဆုံးတွင် သူ၏အကြည့်များသည် လူနာတစ်ဦး အပေါ်သို့ ရောက်သွားသည်။
အဟွတ်…အဟွတ်…
ဒဏ်ရာရသူသည် ပါးစပ်အပြည့် သွေးနှစ်လုပ်အား ချောင်းဟတ်ထုတ်ပြီး ရုတ်တရက်ထထိုင်လိုက်သည်။ သံမဏိဘားတစ်ခုသည် သူ၏ရင်ဘတ်ကိုဖောက်ပြီး စင်တီမီတာနှစ်ဆယ်ခန့် အပြင်ဘက်သို့ ဖောက်ထွက်နေသည်။
ထို့နောက် ထိုလူက "ကျ…ကျူးကျီ…ကျ…ကျူးကျီ။" ဟု အားစိုက် အော်လိုက်သည်။
“အစ်ကိုတချွမ်…ကျွန်တော် ဒီမှာပါ။”
အသားညိုပြီး ပိန်ပိန်ပါးပါး လူလတ်ပိုင်း တစ်ယောက်ကအမြန်ပြေးလာပြီး
“အစ်ကိုတချွမ် ကျေးဇူးပြုပြီးစကားမပြောနဲ့။ ဆရာဝန်က ဒီကိုချက်ချင်းရောက်လာလိမ့်မယ်။”
သွေးပြန်ကြောများသည် တချွမ်၏နဖူးပေါ်တွင် ထောင်ထနေပြီး သူက အပြုံးတစ်ပွင့်ကို ကြိုးစားပြုံးလိုက်ကာ
“ကျ…ကျူးကျီ…ငါ…ငါ့ဒဏ်ရာကိုသိတယ်… ကျေးဇူးပြုပြီးငါ့ကိုကတိပေးပါ…ငါ့မိသားစုကို ဂရုစိုက်ပါမယ်လို့…”
ကျူးကျီ၏မျက်လုံးများမှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာကာ သူ၏အဝတ်အစားများအား စိုရွှဲနေစေသည်။ ကျူးကျီက မျက်ရည်များသုတ်ရန် လက်ကိုမြှောက်လိုက်ပြီး ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
“ငါသိတယ်၊ ငါသိတယ်။ အစ်ကိုတချွမ် ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ မင်းမိဘတွေက ခုချိန်ကစပြီး ငါ့မိဘတွေပါပဲ။ သူတို့အသက်ကြီးတဲ့အထိ ငါသေချာဂရုစိုက်ပြီး သူတို့သေပြီးတဲ့နောက်မှာ စနစ်တကျ သင်္ဂြိုဟ်ဖို့ စီစဉ်ပေးပါမယ်။ ရှို့လန်နဲ့ငါလည်း မရီးနဲ့ နဲ့မင်းရဲ့ကလေးကို ကူညီစောင့်ရှောက်ပေးမှာပါ။ မင်း စိတ်ချနေပါ…"
“ကျေး…ကျေးဇူး…ညီအစ်ကို…ကျေး…ကျေးဇူးပါ။”
တချွမ်သည် နောက်ထပ် ပါးစပ်အပြည့် သွေးတစ်လုပ် ချောင်းဆိုးလိုက်ရင်း သူ၏ခန္ဓာကိုယ်သည် လူနာတင်လှည်းပေါ်သို့ ညင်သာစွာ လဲကျသွားတော့သည်။
ထန်ရှုသည် တချွမ်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ ထိုလူ၏ခန္ဓာကိုယ်မှ အသက်စွမ်းအားသည် လျင်မြန်စွာ ထွက်ခွာနေသည်ကို သူ ခံစားမိသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် သူသည် ထိုလူ၏အတွင်းပိုင်းခန္ဓာကိုယ်အခြေအနေကို စစ်ဆေးပြီးပြီဖြစ်သောကြောင့် ထိုလူ၏နှလုံးအား ကျိုးနေသော အရိုးမှ ထိုးဖောက်သွားသည်ကို သူမြင်ခဲ့သည်။
ထန်ရှုက ခေါင်းကို ယမ်းလိုက်ပြီး အခြားဒဏ်ရာရသူတစ်ဦးဘက်သို့ လှည့်သွားသည်။
"ဆရာဝန်။ ဒီသောက်ဆရာဝန်က ဘယ်သွားနေတာလဲ။"
ကျူးကျီ၏မျက်လုံးများ နီရဲလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထန်ရှုသည် ကျူးကျီအော်ဟစ်နေချိန်တွင် အခြားဒဏ်ရာရသူတစ်ဦးကို စစ်ဆေးနေသည်။ သူက ခေါင်းယမ်းရင်း ပြောလိုက်သည်။
“သူ့ကိုကယ်ဖို့ နည်းလမ်းမရှိဘူး။ ကျိုးနေတဲ့ အရိုးကျိုးအပိုင်းအစတစ်ခုက သူ့နှလုံးသားကို ထိုးဖောက်သွားခဲ့တယ်။”
"မင်းက ဘယ်သူလဲ။ အရူးလား။"
ကျူးကျီ အော်ဟစ်လိုက်သည်။
“ပြောရတာ စိတ်မကောင်းပေမယ့် ခင်ဗျားရဲ့ ညီအစ်ကိုက ဆုံးသွားပါပြီ။” ထန်ရှု၏ အမူအရာက အေးစက်သွားပြီး
“ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို ထပ်ပြီး စော်ကားမော်ကား ပြောရဲရင် ကျွန်တော် လူနာတွေကို ကြည့်ဖို့ စိတ်မဝင်စားတော့ဘူးနော်။ ခင်ဗျားရဲ့ ကျန်တဲ့ညီအစ်ကိုတွေပါ သေဆုံးသွားလိမ့်မယ်။ ကျေးဇူးပြုပြီး ဘေးဖယ်ပါ။ နို့မဟုတ်ရင် သူတို့ကို ကုမယ့်သူ ရှိမှာမဟုတ်ဘူး။”
ကျူးကျီ အသက်ရှူ ရပ်သွားပြီးမှ ပြန်မေးလိုက်သည်။
“မင်းက ဆရာဝန်လား။”
“ဟုတ်တယ်။” ထန်ရှုက အေးစက်တင်းမာနေသော အသံဖြင့် ပြောလိုက်သည်။
ကျူးကျီက အခြားလုပ်ဖော်ကိုင်ဖက်များဆီသို့ လက်ဝှေ့ယမ်းပြလိုက်ပြီး နောက်သို့ ဆုတ်ရန် အချက်ပြလိုက်သည်။
စမ်းသပ်စစ်ဆေးမှုနှင့် ကုသမှုတို့ဖြင့် မိနစ်၂၀ ကျော်မျှ ထန်ရှု အလုပ်များသွားခဲ့ရပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရထားသူ အခြားလူနာ၃ဦးအား ကုသမှု ပြီးဆုံးခဲ့သည်။ ထိုသူများ၏ အသက်အန္တရာယ် မစိုးရိမ်ရအောင် သူ လုပ်ဆောင်ပေးခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ထိုသူများ၏ ပြန်လည်နာလန်ထူလာရန်နှင့် ကျန်းမာရေးအတွက် ဆေးရုံသို့ လွှဲခဲ့ရန် ပြသနာမဟုတ်တော့ချေ။
"ခင်ဗျားက ဆေးရုံအုပ်ဇူ ဟုတ်တယ်မလား။ သူတို့ရဲ့အသက်အန္တရာယ်မစိုးရိမ်ရတော့တဲ့အတွက် ပြန်လည်နာလန်ထူလာရေးနှင့် ကျန်းမာရေးအတွက် ကျန်တဲ့အရာတွေကို ခင်ဗျားရဲ့ဆေးရုံဆီမှာ ထားခဲ့လိုက်မယ်။ ကျွန်တော် လုပ်စရာလေးတွေရှိနေလို့ ပြန်တော့မယ်ဗျ။"
ထန်ရှုလုပ်ဆောင်ခဲ့သော ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းနည်းလမ်းအားလုံးကို လေ့လာပြီးနောက် ဇူဝမ်ဖုန့်သည် သူမြင်ခဲ့ရသည့်အရာကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။
တရုတ်ရိုးရာဆေးကုသမှုနည်းလမ်းများကို အသုံးပြုခဲ့သော ထန်ရှု၏ကုသမှုသည် သိပ်ကိုဆန်းကြယ်လွန်းလှသည်။ သည်နယ်ပယ်သည် သူ၏ကျွမ်းကျင်မှုနယ်ပယ်အတွင်းမှ မဟုတ်ချေ။
ထို့ကြောင့် ထန်ရှု ပြန်တော့မည်ဟုကြားသောအခါ သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်လည် တုံ့ပြန်နိုင်ခဲ့သည်။
"နတ်ဆေးသမားတော်ထန်… မင်း နည်းနည်းလောက် စောင့်ပေးနိုင်မလား။ ဒဏ်ရာရထားတဲ့ လူနာ အများအပြားက အခု ခွဲစိတ်ခန်းထဲမှာ ခွဲစိတ်ကုသမှုခံယူနေရတုန်းပါ။ ပြသနာအချို့ ထပ်ပေါ်လာဦးမှာ ငါ စိုးမိတယ်။"
“ခွဲစိတ်မှုတွေက လက်ရှိမှာ တခြားဆရာဝန်တွေက ဆောင်ရွက်ပေးနေတာပဲ။ ဒါပေမယ့် တစ်ခုခု အမှားအယွင်းရှိခဲ့ရင် ကျွန်တော့်ကို ပြသနာထပ်ပြီး ဖြေရှင်းစေချင်တာမဟုတ်လား။ ဆေးရုံအုပ်ဇူက စကားကို ကွေ့ပတ်ပြီး ပြောနေတာပဲ။ ခင်ဗျား စိတ်ပူနေတာ ကျွန်တော် သိတယ်။ ကျွန်တော်က လူနာတွေကို မကုသခဲ့ဘဲ ကယ်တင်ရမယ့် အချိန်တွေ ဖြုန်းခဲ့တယ်လို့ ခင်ဗျား တွေးကြောက်နေတယ်ဟုတ်။ ဟဲဟဲဟဲ... ရပါတယ် ကျွန်တော့်ဖုန်းနံပါတ် ခင်ဗျားကို ပေးခဲ့မယ်။ ပြဿနာတစ်ခုခုဖြစ်လာရင် ခင်ဗျား ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။”
သေချာမရှင်းပြမိဘဲ သူ၏ အတွေးများများအတိုင်း တည့်တိုးပြောမိသဖြင့် ဇူဝမ်ဖုန့်သည် အနည်းငယ် မင်သက်သွားပြီး ရှက်ရွံ့သွားသည့်ဟန်ရှိသည်။ သို့သော် အတွေ့အကြုံရှိသူတစ်ယောက်ပီပီ သူ၏ အဆင်မပြေသောအမူအရာသည် လျင်မြန်စွာ ပျောက်ကွယ်သွားကာ အားတင်းပြုံးလျက် ပြောသည် ။
“နတ်ဆေးသမားတော်ထန်…ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲပါနဲ့။ လူနာတွေကို ကုသပေးတဲ့ မင်းရဲ့ကုသရေးနည်းလမ်းတွေကို ငါ လေ့လာကြည့်တော့ မင်းမှာ ထူးချွန်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ရှိတယ်။ ငါ အဲ့ဒီလို ဘယ်လို တွေးနိုင်မှာလဲ။ ငါ မင်းကို နေစေချင်တဲ့အကြောင်းရင်းက အရင်တုန်းက ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှာ ရှိတဲ့မင်းဆီကို လာလည်ဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ဆေးရုံအုပ်လီဟွန်ဂျီက ငါ့ကို ငြင်းခဲ့တယ်။”
“ခင်ဗျားက ဘာကြောင့် ကျွန်တော့်ကို တွေ့ချင်ရတာလဲ။” ထန်ရှုက သံသယဝင်နေသော အမူအရာဖြင့် မေးလိုက်သည်။
"မင်းက ဆေးပညာနယ်ပယ်မှာ ဆရာကြီး တစ်ယောက်အနေနဲ့ နာမည်ကြီးနေပြီဆိုတာ မသိဘူးလို့ မပြောနဲ့နော်။ ဒါ ငါတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူး။ တခြားသူတွေလည်း ကြယ်တာရာကို ကိုယ်တိုင်ကိုယ်ကျ သွားခဲ့ကြပေမယ့် စိတ်ပျက်လက်ပျက် ပြန်လာခဲ့ရတယ်။”
"ဆေးရုံအုပ်ဇူ … ပထမပြည်သူ့ဆေးရုံကြီးမှာ ကျွန်တော် လူနာတွေကို ကုသပေးခဲ့တဲ့အကြောင်းကို ခင်ဗျား မဖြန့်ဘူးလို့ မျှော်လင့်ပါတယ်။" ထန်ရှုက မျက်ခုံးတွန့်လိုက်ရင်း "ကျွန်တော်က အခု ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်၊ ဒါကြောင့် ဘယ်သူ့ကိုမှ လက်ခံတွေ့ဆုံဖို့ အချိန်မရှိသလို ဝန်ထုပ်ဝန်ပိုးနဲ့ ဒုက္ခကိစ္စတွေလည်း မလိုချင်ပါဘူးဗျာ။"
“ငါ နားလည်ပါတယ်။” ဇူဝမ်ဖုန့် ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
“ငါတို့ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ဒီအကြောင်းကို ဖြန့်မှာမဟုတ်ပါဘူး။ မင်း စိတ်ချပါ။”
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်လိုက်ရင်း သူ၏ဖုန်းနံပါတ်အား ဇူဝမ်ဖုန့်သို့ ပေးကာ ဆေးရုံမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
နာရီဝက်အကြာတွင် ထန်ရှု ကုသပေးခဲ့သော လူနာငါးဦးအား ဆေးရုံသုံး ဆေးဘက်ဆိုင်ရာ ကိရိယာများ အသုံးပြု၍ စစ်ဆေးခဲ့သည်။ စစ်ဆေးမှုတာဝန်ခံဆရာဝန်သည် ဇူဝမ်ဖုန့်၏ စားပွဲပေါ်တွင် ဆေးစစ်မှတ်တမ်းများ တင်လိုက်သော်လည်း သူ၏မျက်နှာထက်မှ အံ့သြတုန်လှုပ်နေသော အမူအရာသည် ကွယ်ပျောက်မသွားသေးပါချေ။
“ဒဏ်ရာပြင်းထန်တဲ့ လူနာတွေက အခြေအနေတွေ တည်ငြိမ်နေပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး။ ဒါပေမယ့် နားမလည်နိုင်တာ တစ်ခုရှိတာက အဆုတ်ကို ထိခိုက်ဒဏ်ရာရသူပါ။ သူ့ဒဏ်ရာက တကယ်ကို မြန်မြန်ဆန်ဆန်သက်သာပျောက်ကင်းနေပါတယ်။”
ဇူဝမ်ဖုန့်သည် ဆေးစစ်မှတ်တမ်းများကို ကောက်ယူကာ ဖြည်းညှင်းစွာ ဂရုတစိုက်ဖတ်လိုက်ရင်း သက်ပြင်းချကာ ချီးမွမ်းလိုက်သည်။
“သူက ဆေးလောကမှာ ခံစားမှုတစ်ခုကို ဖန်တီးပေးတဲ့ လူငယ်နတ်ဆေးသမားတော်အဖြစ် ခေါ်ဖို့ ထိုက်တန်ပါပေတယ်။ အဲ့ဒီလူနာတွေကို ကုသတဲ့ သူ့ရဲ့နည်းလမ်းတွေက ငါတောင် အောင်မြင်ဖို့ မျှော်လင့်နိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ဒီလူနာတွေရဲ့ အသိသာဆုံးလက္ခဏာရပ်က သွေးထွက်လွန်နေခဲ့တာ။ ငါတို့ဆရာဝန်တွေ အဲ့ဒီလူနာတွေကို ခွဲစိတ်မှုပြုလုပ်ရင် သူတို့ရဲ့အသက်ရှင်ဖို့ အခွင့်အလမ်းက ၁၀%ထက် ပိုမှာမဟုတ်ဘူး။”
တာဝန်ခံဆရာဝန်ကလည်း သက်ပြင်းချကာ ချီးကျူးလိုက်သည်။
“ဒါအမှန်ပဲ။ ဒီနေ့ သူ ဒီမှာ ရှိပြီး လုပ်ပေးသွားတာ အရမ်းကံကောင်းသွားခဲ့တာ။ နို့မဟုတ်ရင် ကျွန်တော် ကြောက်တာက…”
ဇူဝမ်ဖုန့်က လက်ကို ဝှေ့ယမ်းပြီး
“သူ မပြန်ခင် ပြောခဲ့တဲ့စကားတွေကို မင်း မှတ်မိလား။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့နေရာမှာ ကျော်ကြားချင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ငါတို့က သူ့ဆန္ဒကို ဆန့်ကျင်မလုပ်ဘဲ သူ့အတွက် အခက်အခဲတွေ မဖြစ်စေရဘူး။ ဒီဆေးစစ်ချက်က အချက်အလက်တွေကို တခြားသူတွေကို မကြေညာနဲ့တော့။ ပြီးတော့ ဒီကိစ္စကို သိပ်အများကြီး မပြောမိဖို့ တခြားဆရာဝန်တွေနဲ့ သူနာပြုတွေကို အကြောင်းကြားပါ။”
“နားလည်ပါပြီ။” တာဝန်ခံဆရာဝန်က နာခံပြီး ရုံးခန်းထဲမှ ထွက်သွားသည်။
ရုံးခန်းထဲက ကုလားထိုင်တွင် ထိုင်နေရင်း ဇူဝမ်ဖုန့် တစ်ခဏမျှ တွေးနေမိသည်။ ထို့နောက် သူက ဖုန်းကို ထုတ်ကာ လီဟွန်ဂျီအား ဆက်လိုက်သည်။
“ဟယ်လို…ဆေးရုံအုပ်လီ။ ငါ ဇူဝမ်ဖုန့်ပါ။”
“အာ…ဆေးရုံအုပ်ဇူ… အဲ့ဒီမှာ အခြေအနေ ဘယ်လိုရှိလဲ။”
“ဆေးရုံအုပ်လီ…ငါ ပြောစရာရှိလို့ပါ။ လူငယ်နတ်ဆေးသမားတော်ထန်ရဲ့ ဆေးပညာကျွမ်းကျင်မှုက တကယ့်ကို အံ့ဩစရာပဲ။ ငါ့ တစ်သက်လုံး မတွေ့ဖူးဘူး။ သူက ကြယ်တာရာ တိုင်းရင်းဆေးရုံမှာ အချိန်တိုအတွင်း အလုပ်လုပ်တာတောင်မှ ဒီလောက်ကြီးမားတဲ့ ကျော်ကြားမှုကို ဘာ့ကြောင့် ဖြစ်စေတယ်ဆိုတာကို ငါ နောက်ဆုံးနားလည်ခဲ့ပြီ။”
လီဟွန်ဂျီ ရယ်မောလိုက်ရင်း
“ဒါပေါ့…သူ့ရဲ့ဆေးပညာက အံ့သြစရာကောင်းတယ်။ အရိုးသားဆုံး မင်းကို ပြောရရင် သူသာ ငါတို့ ကြယ်တာတိုင်းရင်းဆေးရုံမှာ နေ့တိုင်းလုပ်နိုင်ရင် ငါ့ရဲ့ဆေးရုံအုပ်ရာထူးကိုတောင် သူ့ကို ပေးဖို့ ဆန္ဒရှိတယ်။”
ဇူဝမ်ဖုန့်၏အမူအရာ ပြောင်းလဲသွားသည်။ သူက ပြုံးလိုက်ပြီး
“ဆေးရုံအုပ်လီ… ငါတို့ကြားထဲမှာ စကားလေးနည်းနည်း ပြောကြရအောင် ဘယ်လိုလဲ။ ထန်ရှုက ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတာ မင်းသိတယ်မဟုတ်လား။ ငါတို့ ပထမပြည်သူ့ဆေးရုံက သူ့ရဲ့ကျောင်းဝင်းနဲ့နီးတာမို့ ထန်ရှုကို ငါတို့ဆေးရုံမှာ အလုပ်လုပ်ခွင့်ပြုနိုင်လား။ မင်း သဘောတူသရွေ့ ငါဇူဝမ်ဖုန့်အပေါ်မှာ မင်း မျက်နှာသာအကြီးကြီးတစ်ခု ပေးတယ်လို့ မင်း တွက်နိုင်တယ်။”
လူ ခိုးတာလား။
လီဟွန်ဂျီ အချိန်အတန်ကြာမျှ တိတ်ဆိတ်သွားပြီးမှ ခါးသီးသောလေသံဖြင့် တုံ့ပြန်သည်။
“ဆေးရုံအုပ်ဇူ … မင်းကို မျက်နှာသာ အကြီးကြီးတစ်ခုကို မပေးချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ငါ အဲဒါကို မလုပ်နိုင်ဘူး။ ထန်ရှုက ငါတို့ကြယ်တာရာတိုင်းရင်းဆေးရုံကြီးမှာ ဆေးကုသဖို့ ဆန္ဒရှိနေတာက ငါက သူ့ကို အကြိမ်ကြိမ် တောင်းဆိုခဲ့လို့လေ။ အဲ့ဒါကြောင့် သူက ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံမှာ အလုပ်လုပ်ချင်တဲ့စိတ်ရှိရင် ငါက အဲဒါကို ပြောစရာ ဘာမှမရှိပါဘူး။”
"ဆေးရုံအုပ်လီ၊ မင်းဆိုလိုတာက လုပ်မယ်၊ မလုပ်ဘူးဆိုတာက ထန်ရှုရဲ့လက်ထဲမှာပဲလို့ ဆိုလိုတာလား။ ဟားဟား ... ငါသိပြီ။" ဇူဝမ်ဖုန့်က ကြည်လင်ပြတ်သားသောအသံဖြင့် ရယ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါ မင်းကိုကျေးဇူးတင်ပါတယ် ဆေးရုံအုပ်လီ။ ဘာပဲဖြစ်ဖြစ် မင်းမှာ အချိန်နည်းနည်းရှိရင် ကျေးဇူးပြုပြီး ရှန်ဟိုင်းကိုလာခဲ့ပါ။ ဝိုင်ကောင်းကောင်းလေးသောက်ဖို့ မင်းကို ငါဖိတ်ပါတယ်။"
“ကိစ္စမရှိဘူး။ ကိစ္စမရှိပါဘူး။” လီဟွန်ဂျီက စကားအနည်းငယ်သာ ပြောလိုက်သည်။
ကြယ်တာရာတိုင်းရင်းဆေးရုံ၏ ဆေးရုံအုပ်ရုံးခန်း၌ လီဟွန်ဂျီသည် ဖုန်းချလိုက်ပြီးနောက် သူ၏မျက်နှာ မှုန်မှိုင်းသွားသည်။ ဇူဝမ်ဖုန့်က ထန်ရှုအား ခေါ်ယူနေချင်သည့်အပေါ် သူ တော်တော် စိတ်ဓာတ်ကျသွားသည်။ သို့သော် သူ့တွင် ထန်ရှု၏ ရွေးချယ်မှုအား ထိန်းချုပ်ရန် မည်သည့်အခွင့်အရေးမှ မရှိသည်ကို သူ သိပါသည်။ ထန်ရှုသည် ကြယ်တာရာတိုင်းရင်းဆေးရုံ၏ ဆရာဝန်တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း သည်နေရာတွင် ထန်ရှု အလုပ်လာလုပ်သည့်ထိတိုင် သူသည် အပျော့အမာနည်းလမ်းများကို သုံးပြီး ထန်ရှုအား တောင်းဆိုအပူကပ်သောကြောင့်ဖြစ်သည်။
လီဝမ်ဂျီ အတော် စိတ်ပူနေမိသည်။
အကယ်၍ ထန်ရှုသာ ဇူဝမ်ဖုန့်၏ လုယူခြင်းကို ခံခဲ့ရပါက ထန်ရှုသည် နောက်ပိုင်းတွင် ကြယ်တာရာ တိုင်းရင်းဆေးရုံတွင် ဆက်နေချင်သေးပါဦးမည်လော။ ထိုအချိန်တွင် သူသည် ဆေးကုသများပေးနိုင်ရန် အကြိမ်မည်မျှ လာနိုင်ပါမည်နည်း။
***