← Chapters

ငါ မင်းအသက်ကို လိုချင်တယ်

Vol. 90 Ch. 1339

ငါ မင်းအသက်ကို လိုချင်တယ်

Vol. 90 Ch. 1339

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လက်ရှိတွင် မည်သူမှ စကားမပြောရဲပေ။ ယဲ့ဖန်၏ ရက်စက်သော နည်းလမ်းနှင့် သန်မာသော ခွန်အားတို့ကြောင့် သူတို့အားလုံး ထိတ်လန့်နေ၏။

နဂါးအသွင်ပြောင်းခြင်းအဆင့် အဖွဲ့တစ်ဖွဲ့က ဈာန်ဝင်စားခြင်းအဆင့် တစ်ယောက်ကို ကြောက်လန့်နေသည်က အလွန် ထူးဆန်းသည်ဟု ပြောရပေမည်။

“အခု ဘယ်သူက အမှိုက်လဲ”

ယဲ့ဖန် သရော်လိုက်ပြီး သူ့မျက်နှာတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များ မျက်နှာပြာနှမ်းသွားပြီး အလွန် မုန်းတီးစိတ်များ ဆက်တိုက် ထွက်ပေါ်လာသည်။

ယခုလေးတင် သူတို့ ယဲ့ဖန်ကို အထင်သေးခဲ့သော်လည်း ယခု သူတို့ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ အရှက်ကွဲသွားလေပြီ။

*ဒီကောင် သူတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို စိန်ခေါ်နေတာပဲ*

“ဟေ့ကောင် ငါတို့အားလုံးကို မင်းတစ်ယောက်တည်း စိန်ခေါ်တာလား၊ မင်း သေချင်နေပြီလား”

“အားလုံးပဲ ဒီကောင်က မောက်မာလွန်းတယ်၊ ကျုပ်တို့အားလုံး ပူးပေါင်းပြီး သူ့ကိုသတ်ကြမလား”

“ဟုတ်တယ် ဟုတ်တယ် ကျုပ်တို့ ပူးပေါင်းလိုက်ရင် နဂါးအသွင်ပြောင်းခြင်းအဆင့် အဖွဲ့က ဈာန်ဝင်စားခြင်း အဆင့်လေး တစ်ယောက်ကို မသတ်ဘူးလို့ ကျုပ် မယုံဘူး”

အခြားသူများကလည်း လှောင်ရယ်၍ ယဲ့ဖန်အား မကျေနပ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

*တစ်ယောက်တည်းနဲ့ သူ့ကို မနိုင်ဘူးဆိုလည်း သူ့ကို သတ်ဖို့ အားလုံး ပေါင်းလိုက်ရင် ရတယ် မဟုတ်လား*

လူပေါင်းများစွာ တစ်ပြိုင်တည်း တိုက်ခိုက်လျင် ဤမောက်မာသောလူကို သတ်နိုင်စွမ်း မရှိဟု သူတို့ မယုံကြည်ပါ။

“ဟုတ်တယ် သူ့ကို ကျိုးကြေအောင် လုပ်လိုက်၊ မင်းတို့ သူ့ကို ဒုက္ခိတိဖြစ်အောင် လုပ်နိုင်တယ်၊ မင်းတို့ သူ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်နိုင်ရင် ငါ မင်းတို့ကို ဆုကြေးတွေ အများကြီး ဆုချမယ်”

လူတိုင်း ပြောနေသံကိုကြားပြီး ဝမ်ရှောင် ချက်ချင်း မျက်နှာထား ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။ ထို့နောက် သူသည် ယဲ့ဖန်ကို မာမာထန်ထန် ပြန်စိုက်ကြည့်ကာ မကျေမချမ်း ဖြစ်နေသော အမူအရာနှင့် ပြောလိုက်သည်။

“ဟေ့ကောင် မင်းတော့ ပွဲသိမ်းပြီ၊ မင်း သေချာပေါက် ဇာတ်သိမ်းပြီကွ၊ မင်း နဂါးအသွင်ပြောင်းခြင်းအဆင့်ကို အထင်သေးခဲ့လို့ မင်း သေကိုသေသင့်တယ်”

သူ အသက်နှစ်ဆယ်ကျော်လာသည်အထိ ယခုကဲ့သို့ ကြီးကြီးမားမား မရှုံးဖူးပါ။ ယဲ့ဖန်က သူ့ကို လူလယ်ခေါင်၌ အနိုင်ယူခဲ့ပြီး အရှက်ခွဲခဲ့သည်။ ဤအဖြစ်တစ်ခုတည်းနှင့်ပင် ယဲ့ဖန်အား ဓားတစ်ထောင်ဖြင့် ခုတ်ပိုင်းရန် လုံလောက် နေလေပြီ။

*ကံကောင်းတယ်*

*ဒီအရူးက အရမ်း မောက်မာလွန်ပြီး ရှိသမျှ နဂါးအသွင်ပြောင်းခြင်းအဆင့် ရောက်နေတဲ့လူတိုင်းကို ရန်သွားစ ပြီးတော့ ဒေါသမထွက်ထွက်လာအောင် လုပ်နေတာပဲ၊ အဲ့ကောင် သေပြီပဲ*

*မင်း ထူးချွန်တော့ ဘာဖြစ်လဲ*

*လက်နှစ်ဖက်နဲ့ မယှဉ်နိုင်ရင် လက်လေးဘက်နဲ့ ယှဉ်မှာပေါ့၊ လူများရင် မင်း သေမှာပဲ*

ဝမ်ရှောင် အားပါးတရ ရယ်မောလိုက်ပြီး အလွန် ပျော်ရွှင်ကာ ယဲ့ဖန်အား စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲနေ၏။

ဤလူများ ယဲ့ဖန်ကို ထိုးကြိတ်ချိုးဖဲ့ပြီးလျင် သူ နည်းလမ်းပေါင်းစုံသုံး၍ ယဲ့ဖန်ကို မသေမချင်း နှိပ်စက်မည်။ ဤနည်းဖြင့် ယနေ့ သူ ရခဲ့သော အရှက်အား ပြန်ချေဖျောက်ပေမည်။

“ဒီကောင်မလေးကို ငါ လိုချင်တယ်”

ထိုစဉ် နဂါးအသွင်ပြောင်းခြင်းအဆင့် ကတုံးနှင့်လူက ဟွမ်ယွီလင်းကို စိုက်ကြည့်၍ ပြောလာသည်။ သူ့အကြည့်က သူမ၏ ရင်ဘတ်ပေါ် ကျရောက်နေ၏။

“ဝိုး နာမည်ကျော် ကျုံးဝမ်ပါလား၊ ငါ လေယာဉ်ပေါ်မှ မင်းကို ခဏခဏ တွေ့တယ်၊ ငါ မင်းကို ဘုချင်နေတာ တော်တော် ကြာပြီ၊ ဒီနေ့ မင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ အဲ့တော့ ကြိုဆိုရတာပေါ့ကွာ၊ ဟားဟားဟား”

စုတ်ချာချာ ပိန်ပါးပါးလူတစ်ယောက်က ကျုံးဝမ်ကို လှမ်းပြော၍ အနားသို့လျှောက်လာသည်။

“ငါ လိုလီတွေကို သဘောကျတယ်၊ ဒီကလေးမလေးက ငါ့အပိုင်ပဲ၊ ကလေးလေး ဦးလေးဆီ လာပါဦး၊ ဒီဦးလေးက မင်းကို ငါ့ရဲ့ ငါးကြီးကို ပြချင်လို့”

ဖိုသီဖတ်သီနှင့် မသတီစရာကောင်းသော လူဝကြီးကလည်း ညစ်ညမ်းစွာ ပြုံးနေပြီး ဆက်တိုက် လျှာသပ်နေ၏။ ပိုင်ရွှယ်အား အရှင်လတ်လတ် ဝါးစားချင်နေသည့်ပုံပင်။

လူတိုင်း၏ ညစ်ညမ်းသော စကားများကိုကြားပြီး မိန်းကလေးများအားလုံး မျက်နှာ နီရဲလာပြီး မျက်လုံး၌ ဒေါသများ ဖုံးလွှမ်းလာသည်။

“အိုး မင်း စိတ်ဆိုးနေတာလား၊ မင်း စိတ်ဆိုးနေတဲ့ပုံက ပိုတောင် ချစ်စရာကောင်းသေးတယ်၊ ငါ့ညီငယ်တောင် ယားလာသလိုပဲ”

“လာပါဦး အလှလေးရဲ့”

သူတို့သည် တမင်သက်သက် ယဲ့ဖန်ကို မသိချင်ယောင်ဆောင်ထားကြသည်။ သူတို့မျက်လုံးထဲတွင် ဘာမဟုတ် သော ဈာန်ဝင်စားခြင်းအဆင့်လေးက လုံးဝ အဖက်လုပ်ရန် မတန်ချေ။

*မင်းလောက်ကတော့ တစ်ချက်လောက်လှည့်ပြီး ဖိချေလိုက်တာနဲ့ ရတယ်၊ မင်း သူတို့နဲ့ ပျော်ပြီးပြီ မဟုတ်လား*

ယဲ့ဖန် ရယ်လိုက်ပြီးနောက် သူ့မျက်လုံး၏ နက်ရှိုင်းသော အတွင်းတစ်နေရာ၌ နတ်ဆိုး အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူသည် ဝမ်ကောဖူ ကျောင်းတော်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာချင်ပြီး လူသတ်ချင်စိတ် မရှိခဲ့ပါ။ သို့သော် သူ့ရှေ့မှ ဤလူများက သေချင်နေကြလေသည်။

ပထမ၌ သူတို့သည် သူ့အား ပြိုင်တူ စော်ကားပုတ်ခတ်ခဲ့ကြသည်။ ပြီးနောက် သူ့ကို သတ်ရန်အတွက် ပူးပေါင်းရန် ကြံစည်ကြပြီး သူ့မိန်းမကိုပင် သူတို့အတွက် အသုံးချချင်နေ၏။ သူတို့သည် နတ်ဆိုးဧကရာဇ်ဖြစ်သော ယဲ့ဖန်၏ မာန်မာနကို ရန်လာစနေ၏။

“မင်းတို့က ငါ့မိန်းမကို လိုချင်တယ်ပေါ့လေ၊ ငါကတော့ မင်းတို့အသက်ကို လိုချင်တယ်”

ထိုပါရမီရှင်များအားလုံး မှင်တက်သွားပြီးနောက် ခွက်ထိုးခွက်လန် ရယ်မောကြသည်။

“ဟေ့ကောင် မင်း အခုချိန်ထိ ဟန်လုပ်ရဲသေးတာလား”

ပိန်ပါးပါးလူက သရော်လေသည်။

“ငါ မင်းမိန်းမကို သဘောကျတယ်၊ အဲ့ဒါကြောင့် ငါ မင်းကို နင်းချေတယ်ကွာ၊ ဘာလဲ မပျော်ဘူးလား၊ မင်း မကျေနပ်ရင်ရော ဘာဖြစ်လဲ၊ ငါတို့ကို မင်း တားနိုင်လို့လား”

လူဝကြီးက အထင်သေးစွာ ပြုံးနေ၏။

“သူ့မိန်းမနဲ့ အေးအေးဆေးဆေး ပျော်ပါးဖို့ မဖြစ်နိုင်ဘူးနဲ့တူတယ်၊ လမ်းအရင်ပိတ်နေတဲ့ ဒီကောင့်ကို အရင် ရှင်းထုတ်ပစ်မှ ဖြစ်မယ်”

“ဟုတ်တယ် ဟုတ်တယ် အရင်ဆုံး သူ့ကို ရိုက်နှက်ထားလိုက်၊ ပြီးရင် ငါတို့ သူ့မိန်းမတွေနဲ့ ပျော်ပါးတာကို ထိုင်ကြည့်ခိုင်းလိုက်၊ အဲ့ဒါမှ ငါတို့ကို ရန်လာစရင် ဘာဖြစ်မလဲ သိမှာ”

လက်ရှိ ရှိနေသော ပါရမီရှင်များအားလုံးက ဟားတိုက်ရယ်မောကြပြီး အလွန် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။ ထိုသို့ ပြလုပ်ရန် အလွန် စိတ်ဝင်စားနေပုံ ရသည်။

ယောက်ျားတစ်ယောက်အတွက် သူ့ရှေ့မှာ သူ့မိန်းမကို မုဒိမ်းကျင့်ရတာလောက် ပိုအရှက်ခွဲနိုင်မည့်နည်း ရှိပါဦးမည်လော။ ဘာမှဝင်မပါသည့် လူများကလည်း အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးသည်ဟု ထင်နေလေ၏။

*နဂါးအသွင်ပြောင်းခြင်းအဆင့် တစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့ ဒီကလူအားလုံးကို ယှဉ်နိုင်ပြီလို့ ထင်နေတာလား*

*မောက်မာလိုက်တာ*

စစ်ဆေးသူက ဝင်တားသင့်၊မသင့် စဉ်းစားနေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူသည် ထူးချွန်သော ပါရမီရှင်ဖြစ်ကြောင်း အချက်ကျကျ သက်သေပြလိုက်ပြီ မဟုတ်ပါလော။

သူတို့၏ ဝမ်ကောဖူကျောင်းတော်သည် အမြဲ ပါရမီရှင်များကို ဦးစားပေး ဆက်ဆံလေ့ ရှိသည်။ မိမိ အရည်အချင်းက လုံလုံလောက်လောက် ထူးချွန်နေသရွေ့ ဝမ်ကောဖူ၌ မိမိ လုပ်ချင်တာလုပ်ရွေ့ ရပေသည်။

သို့သော် ထိုအချိန်၌ ကတုံးနှင့်လူက စတင် တိုက်ခိုက်လာ၏။ သူသည် အပြုံးကြီးပြုံး၍ လက်နှစ်ဖက်အား သားရဲလက်သည်း အသွင်ပြောင်းလိုက်ပြီး ယဲ့ဖန်၏ ဘေးနားမှ နံရံမှတစ်ဆင့် ပြန်ခုန်လွှား၍ တိုက်ခိုက်လာသည်။

“ဟေ့ကောင် မင်းနားမှာ မိန်းမလှလေးတွေ များနေတော့ ဒီသခင်ကြီး နေရတာ အဆင်မပြေတော့ဘူး၊ အဲ့တော့ မင်းကို ငါ သင်းကွပ်ပစ်မယ် အဲ့ဒါမှ မင်း မိန်းမတွေနဲ့ ပျော်ပါးလို့ မရတော့မှာ”

ထိုကတုံးနှင့်လူသည် အားပါးတရ ရယ်မော၍ လှစ်ခနဲ လှုပ်ရှားကာ တိုက်ခိုက်လေသည်။ ယဲ့ဖန်ရှေ့၌ သူ့ပုံစံက ကျားတစ်ကောင် ခုန်လွှား၍ လာနေသလိုပင်။ လူသတ်ချင်သော အရှိန်အဝါကလည်း ကြမ်းတမ်းလွန်းသည်။

ထိုအခိုက်တွင် ယဲ့ဖန်ကို သတ်ဖြတ်လိုသည့် ဟန်ပန်က ကြောက်စရာကောင်းလွန်းသဖြင့် လူတိုင်းသည် တောထဲမှာ သားရဲတစ်ကောင် အကြမ်းပတမ်း အမဲလိုက်နေသည်ဟု ထင်မှတ်နေကြလေသည်။

ထိုချွန်ထက်သော လက်သည်းများက ယဲ့ဖန်၏ ရင်ဘတ်ထံ ကျရောက်လာပြီး ရင်ဘတ်ပွင့်ထွက်သွားအောင် တိုက်ခိုက်လာ၏။ ထိုလူဝကြီး၏ မျက်လုံးတွင် ရက်စက်သော အသွင်များ ရှိနေသည်။

*ဒီတစ်ချက်တည်းနဲ့ ဒီကောင် ဒဏ်ရာ အပြင်းအထန် ရသွားမှာ၊ ပြီးရင် သူ့မိန်းမကို ဆော့ကစားပြီး သူ့ကို ရှိသမျှ နည်းတိုင်းနဲ့ နှိပ်စက်ရမယ်*

“မင်းရဲ့ ညစ်ပတ်တဲ့လက်နဲ့ ငါ့လာမထိနဲ့”

ရုတ်တရက် ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်သော အငွေ့အသက်များ ဖြတ်ပြေးသွားပြီး အိပ်ပျော်နေသော နဂါးတစ်ကောင် နိုးလာသည်ဟု ထင်မှတ်ရလောက်အောင် ကြောက်စရာကောင်းလေသည်။

“ဝုန်း”

ပြင်းထန်သော နတ်ဆိုးအငွေ့အသက်တစ်ခုက အရှေ့မှ ကတုံးနှင့်လူထံသို့ ပျံ့လွင့်လာသည်။ ချက်ချင်းဆိုသလိုပင် ထိုကတုံးနှင့်လူ၏ ခန္ဓာကိုယ် ရပ်တန့်သွားသလို လူတိုင်း ကြက်သေ သေသွားကြသည်.

*ငါတို့ အခု ဘာကို ခံစားမိတာလဲ*

*ငရဲလား*

*ဒီကောင့်မှာ ငရဲကလို့ ထင်ရတဲ့ အရှိန်အဝါ ရှိနေတာလား*

*ကြောက်စရာကောင်းလိုက်တာ*

*အေးစက်လွန်းတယ်*

*ကြက်သီးထစရာ ကောင်းလိုက်တာ*

ထို့အပြင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ နောက်ထပ် အရာတစ်ခုကိုလည်း သတိပြုမိသည်။ ထိုအရာမှာ ကြောက်စိတ်ပင်။

*ဒီကောင်က တစ်ခုခု မှားနေပြီ*

*ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါက ဘယ်လိုလုပ် ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်မှာ ရှိနေမှာလဲ*

ထို့နောက်တွင်မူ သူတို့ တစ်စုံတစ်ရာကို သတိပြုလိုက်မိပြီး ကတုံးနှင့်လူကို လှမ်းကြည့်လိုက်သည်။ ထိုအခါ သူတို့ အသက်ပင် မရှူနိုင်လောက်အောင် ကြောက်လန့်သွားရမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ထိုကတုံးနှင့်လူသည် တစ်ချက်ကလေးမှ မလှုပ်နိုင်တော့ဘဲ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ပုပ်သိုးကာ ကိုယ်ပေါ်မှ ပဲ့ကျလာ၏။ သူ့ခေါင်းပေါ်သို့ မမြင်ရသော ဆာလဖျူရစ် အက်စစ် လောင်းချလိုက်သည်ဟုပင် ထင်မှတ်မှားရသည်။

တစ်ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ် ပျော်ကျသွားပြီး အထဲမှ အရိုးများ ပေါ်လာကာ အလောင်းပင် အပြည့်အစုံ မရှိဘဲ သေဆုံးသွားလေသည်။

ဤမြင်ကွင်းက လူတိုင်းကို ကြောက်လန့် ချောက်ချားသွားစေသည်။

*သူ တစ်ချက်အော်လိုက်တာနဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့်ကို သတ်နိုင်တာလား*

*ဒါ ဘာအဓိပ္ပာယ်ကြီးလဲ*

သူတို့ ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။

*ဒီကောင်က တကယ်ပဲ ဈာန်ဝင်စားခြင်းအဆင့် ဟုတ်ရဲ့လား၊ ဘာလို့ သူက ဘုရင်အဆင့်ထက် ပိုကြောက်စရာ ကောင်းတယ်လို့ ခံစားမိနေရတာလဲ*

လူတစ်ယောက်ကို ချက်ချင်း သတ်လိုက်ပြီးနောက် ယဲ့ဖန်က လူအုပ်ကို ဝေ့ကြည့်၍ ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။

“အခု မင်းတို့အလှည့်ပဲ”

လေထုအခြေအနေက ရုတ်တရက် သုညမှတ်သို့ ထိုးကျသွားသည်။ သူတို့အရှေ့မှလူကို သူတို့ ဒေါသထွက်အောင် လုပ်လိုက်မိပြီဖြစ်ကြောင်း လူတိုင်း သတိပြုလိုက်မိသည်။ ယနေ့ အတောသတ်တော့မည် မဟုတ်ပါ။

“သွေးမပျက်နဲ့၊ သူက တစ်ယောက်တည်းပဲ၊ ငါတို့ ပူးပေါင်းပြီး တိုက်ခိုက်သရွေ့ ငါတို့ သူ့ကို သတ်နိုင်တယ်”

ပိန်ပါးပါးနှင့်လူက ချက်ချင်း အော်ပြောလိုက်သည်။ သူ့အမူအရာက လုံးတ ပုံမှန်မဟုတ်ပေ။ သူသည် ယဲ့ဖန်နှင့် သူ့မိန်းမကို အကြိမ်ပေါင်းများစွာ စော်ကားပုတ်ခတ်ခဲ့သည်။ ထို့ကြောင့် ယဲ့ဖန် သူ့ကို သေချာပေါက် သတ်ပေ လိမ့်မည်။ အကယ်၍ သူ လူတိုင်း၏ ယဲ့ဖန်အပေါ် ရန်လိုစိတ်ကို သူ မဆွပေးလိုက်လျင် သူ ရွေးချယ်စရာ မရှိဘဲ သေရပေမည်။

လူတိုင်း အသိဝင်လာ၏။ ယဲ့ဖန် မည်မျှ သန်မာနေပါစေ၊ သူသည် တစ်ယောက်တည်းသာ ဖြစ်သည်။ ထို့အပြင် ယဲ့ဖန် မည်မျှ သန်မာပါစေ သူသည် ဈာန်ဝင်စားခြင်းအဆင့်သာ ဖြစ်လေသည်။ သူတို့ ပူးပေါင်းတိုက်ခိုက်လျင် ယဲ့ဖန်ကို ဘယ်သောအခါမှ မရှုံးနိုင်ပါ။

ထို့ကြောင့် သူတို့၏ အမူအရာများက ခက်ထန်လာပြီး ယဲ့ဖန်ကို တဖြည်းဖြည်း ဝိုင်းလာကြကာ သူတို့၏ မျက်လုံးတွင် အလွန် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

“ဟားဟားဟား …”

ယဲ့ဖန် ထီမထင်သလို ရယ်မောလိုက်ပြီးနောက် ပိန်ပါးပါးနှင့်လူကို လှမ်းကြည့်ကာ ဂရုမစိုက်သလို ပြောလိုက်သည်။

“အခု မင်းကို သတ်မယ်”

ပိန်ပါးပါးနှင့်လူ ချက်ချင်း ထိတ်လန့်သွားပြီး သူ့မျက်နှာက အန္တရာယ်များပုံ ပေါ်လာကာ ကြိမ်းမောင်းဟန် ပြင်လာသည်။ သို့သော် သူ ပြန်စဉ်းစားကြည့်လိုက်မိသည်။

*ငါက နဂါးအသွင်ပြောင်းခြင်းအဆင့်လေ၊ ပြီးတော့ ငါ့နားမှာ ကူညီမယ့်သူတွေ အများကြီးပဲကို၊ ဘာလို့ ဈာန်ဝင်စားခြင်းအဆင့်ပဲ ရှိတဲ့ သူ့ကို ကြောက်ရမှာလဲ*

“ရွှစ်”

သို့သော် သူ ပါးစပ်မဟခင်မှာပင် လေပြင်းတစ်ချက် သူ့မျက်နှာကို တိုက်ခတ်လာပြီး အေးစက်ကြမ်းကြုတ်သော လူသတ်လိုသည့် အငွေ့အသက်က ပိန်ပါးပါးနှင့်လူကို လွှမ်းခြုံလာ၏။

လေအရှိန်က လျင်မြန်လွန်းသဖြင့် လူတိုင်း ခန့်မှန်းမရပေ။ ယဲ့ဖန်၏ အန္တရာယ်များသော မျက်နှာထားကို ပိန်ပါးပါးလူ သတိထားမိသွားသည်။ ယဲ့ဖန်၏ ပုံစံက နတ်ဆိုးတစ်ကောင် ပြုံးနေသလိုပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ပိန်ပါးပါးနှင့်လူသည် ချက်ချင်း တစ်စုံတစ်ရာကို သတိထားမိသွားပြီး အံ့အားသင့်ကာ မျက်လုံး၌ ကြောက်လန့်စိတ်များ ပြည့်နှက်လာသည်။

ပို၍ ပြင်းထန်သော လေပြင်းတိုက်ခတ်သံ ထွက်ပေါ်လာပြီးနောက် ထိုလေပြင်း၌ သတ်ဖြတ်လိုသော အငွေ့အသက်က အပြည့် ပါဝင်နေ၏။

“ဝုန်း”

ထို့နောက်တွင်မူ ထိုပိန်ပါးပါးလူ၏ ဦးခေါင်းသည် ယဲ့ဖန်၏ ရိုက်ချက်ကြောင့် ပြတ်ထွက်သွားလေသည်။ သူ့မျက်နှာ၌ ကြောက်လန့် သွေးပျက်စိတ်များ ပေါ်နေ၏။ ထိုပိန်ပါးပါးနှင့်လူသည် ဈာန်ဝင်စားခြင်းအဆင့်က အဘယ်ကြောင့် ဤမျှ ကြမ်းတမ်းနေသလဲဆိုသည်ကို သေသွားသည်အထိ နားမလည်နိုင်ချေ။

လူတိုင်း ထိတ်လန့်ပြီးရင်း ထိတ်လန့်သွားကြသည်။

*နောက်ထပ် နဂါးအသွင်ပြောင်းခြင်းအဆင့်ကို စက္ကန့်ပိုင်းအတွင်း သတ်ပြန်ပြီလား*

*ဒီကောင် နဂါးအသွင်ပြောင်းခြင်းအဆင့်ကို ခွေးသတ်သလို သတ်နေပါလား*

“ဟေ့ကောင် ငါ မင်းအသက်ကို လိုချင်တယ်ကွ”

ထိုအခိုက်တွင် လူဝကြီးတစ်ယောက်က ယဲ့ဖန်ကို ချောင်းမြောင်းတိုက်ခိုက်လာပြီး လက်ထဲမှ ဓားကြီးဖြင့် ယဲ့ဖန်၏ ဦးခေါင်းကို ခုတ်ပိုင်းလေသည်။

လက်ရှိတွင် သူသည် စည်းမျဉ်းစည်းကမ်းများကို အရေးမစိုက်နိုင်တော့ပါ။ သူ့အရှေ့မှ လူငယ် မသေလျင် သူတို့ သေရပေလိမ့်မည်။ ထိုအခိုက်တွင် လူဝကြီးက အရူးသဖွယ် ပြုံးနေသည်။ မသိလျင် သူ့ကြောင့် ယဲ့ဖန် ခေါင်းပြတ်သွားသည်ကို မြင်ယောင်နေသည့်ပုံပင်။ ထိုစဉ် ယဲ့ဖန်က ရယ်မောလိုက်ပြီး ထိုလူဝကြီးကဲ့သို့ ပြုံးလိုက်လေသည်။

All Chapters