← Chapters

ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေပဲ

Vol. 90 Ch. 1340

ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေပဲ

Vol. 90 Ch. 1340

“ချွင်”

ကျယ်လောင်သော အသံနှင့် ဓားကြီးက ယဲ့ဖန်၏ ဦးခေါင်းပေါ် ကျရောက်လာ၏။ သို့သော် သံမဏိကို ဓားဖြင့် ခုတ်လိုက်မိသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်း ကျိုးသွားသည်။

လူဝကြီးသည် သူ့လက်ထဲမှ ကျိုးသွားသည့် ဓားကိုကြည့်ပြီး ခေါင်းမွေးထောင်ကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်သွားလေသည်။

*ဒီဓားက သေချာပေါက် ထက်ပါတယ်*

*ဒါပေမဲ့ ဘာလို့ ယဲ့ဖန်ရဲ့ ခေါင်းက မပြတ်ဘဲ ငါ့ဓားက ကျိုးသွားတာလဲ*

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

တစ်ချိန်တည်းမှာပင် အခြားသော သိုင်းပညာရှင်များကလည်း ပုဆိန်များ၊ သံရွင်းများနှင့် ဓားများကိုထုတ်ကာ ပြိုင်တူ ပြေးတက်လာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလာသည်။ သူတို့ ယဲ့ဖန်အား အသက်ရှူခွင့်ပင် မပေးနိုင်ပါ။

“ချွင် ချွင်”

သံသံချင်း ထိမိသံသာ ပြိုင်တူ ထွက်ပေါ်လာ၏။ သို့သော် ရလဒ်က အတူတူပင်။ ယဲ့ဖန်က ဘာထိခိုက်မှုမှ မရဘဲ လက်နက်များအားလုံး ခြွင်းချက်မရှိ ပျက်စီးသွားသည်။

“မင်း”

“မိစ္ဆာကောင်”

ချက်ချင်းဆိုသလိုပင် နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များအားလုံး ကြက်သေ သေသွားသည်။

*ဆယ်ခုမကတဲ့ လက်နက်တွေက ပြိုင်တူ ကျိုးသွားတာလား၊ ဒီကောင့်ကိုက သံမဏိနဲ့ လုပ်ထားလို့လား*

လက်နက်များ ပျက်စီးသွားသောအခါ သူတို့၏ ယုံကြည်ချက်များလည်း ပျက်စီးသွားလေသည်။ သူတို့အားလုံး ကြောက်လန့် ချောက်ချားနေကြပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။

လွန်ခဲ့သော မိနစ်ပိုင်းက သူတို့ မဟုတ်တမ်းတရားများ ပြောခဲ့ပြီး ယဲ့ဖန်ကို အလေးအနက် မထားခဲ့ချေ။ သို့သော် ယခု ယဲ့ဖန်က နတ်ဆိုးတစ်ကောင်သဖွယ် ဖြစ်နေသဖြင့် သူတို့ သွေးပျက်လာ၏။

“တိုက်လို့ပြီးသွားပြီလား၊ ဒါဆို ငါ့အလှည့်ပဲ”

သူသည် ကိုယ်ကိုကိုင်း၍ လူဝကြီး၏ လက်မောင်းများကို ချက်ချင်း ဖမ်းချုပ်လိုက်ပြီး နတ်ဆိုးဆန်ဆန် ပြုံးလိုက် ပြန်သည်။

လူဝကြီးသည် ဤအဖြစ်ကြောင့်‌ အလွန်ကြောက်လန့်ကာ ထအော်လေသည်။ ယဲ့ဖန် ဤသို့ပြုံးလိုက်တိုင်း တစ်ယောက်ယောက် သူ့လက်ထဲ၌ ဆိုးဆိုးရွားရွား သေရသည်ကို သတိထားမိသည်။

“ကင်းကင် ကန်ချက်”

ထိုအခါ သူ ချက်ချင်း ပြင်းထန်သော ကန်ချက်ဖြင့် ယဲ့ဖန်၏ ရင်ဘတ်ကို ကန်ကျောက်၍ တုံ့ပြန်လိုက်သည်။ ထိုကန်ချက်သည် ကျောက်ဆောင်နှင့် တောင်တို့အား ကျိုးပဲ့စေနိုင်၏။

“ဒုန်း”

ထိုကန်ချက်က ယဲ့ဖန်၏ ရင်ဘတ်ပေါ် ကျရောက်သွားပြီးနောက် လူဝကြီးသည် အခွင့်ကောင်းယူ၍ နောက်သို့ ခုန်ဆုတ်လိုက်သဖြင့် ယဲ့ဖန်၏ ဖမ်းချုပ်ခြင်းမှ လွတ်မြောက်ကာ မီတာနှစ်ဆယ် အဝေးသို့ ရောက်သွားလေသည်။

ထိုအခါတွင်မှ လူဝကြီးသည် စိတ်အေးကာ သက်ပြင်းချလိုက်မိပြီးနောက် ချက်ချင်း သရော်လိုက်သည်။

*ဒီကောင်က တော်တော် သတိမဲ့တာပဲ၊ ငါ့ကန်ချက် ခံရပြီးရင် သူ မသေရင်တောင် မသန်မစွမ်း ဖြစ်တော့မှာပဲ*

သို့သော် တစ်ခစအတွင်းမှာပင် သူ့အပြုံးက အေးခဲသွားပြီး လှောင်သံက အော်သံအဖြစ်သို့ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ လက်နှစ်ဖက်က လက်ပြတ်နှစ်ခုအား ကိုင်ထားသည်ကို သူ သေချာ မြင်တွေ့လိုက်ရပြီး ထိုလက်ပြတ်နှစ်ခု၏ ပိုင်ရှင်က သူ ဖြစ်နေသောကြောင့်ပင်။

ယဲ့ဖန်၏ ချုပ်နှောင်မှုမှ သူ လွတ်မြောက်လာပြီဟု သူ ထင်ခဲ့သော်လည်း သူ့လက်မောင်းများ ပြတ်ကျန်ခဲ့ လိမ့်မည်ဟု သူ ထင်မထားမိချေ။

ပြတ်ထွက်သွားသော လက်မောင်းနေရာမှ သွေးများက စမ်းချောင်းသဖွယ် စိမ့်ကျနေသဖြင့် ထိတ်လန့်စရာ ကောင်းလှသည်။

ထိုလူဝကြီးသည် ငယ်သံပါအောင် အော်လိုက်မိပြီးမှ သူ့ကိုယ်မှ ဆဲလ်တိုင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုဝေဒနာက သူ့အား အပ်နှင့်ထိုးစိုက်နေသလို ဖြစ်ကာ ဒဏ်ရာကြောင့် ရူးမတတ် ဖြစ်နေ၏။

တစ်ဖက်လူ၏ လက်များက ပြုတ်တူကဲ့သို့ ခိုင်မာလှပြီး သူ့လက်မောင်းကို မြဲမြံစွာ ဖမ်းချုပ်ခဲ့ပြီး ဆွဲဖြုတ်လိုက် သဖြင့် အရိုးပင် ဆွဲဖြုတ်ခံထားရသည်။ ဤမြင်ကွင်းက ကြောက်စရာကောင်းလှပြီး အသက်ရှူကြပ်စရာ ကောင်းပေသည်။

ယဲ့ဖန်သည် လက်ပြတ်နှစ်ခုကို မြေကြီးပေါ် ပစ်ချကာ သူ့ရင်ဘတ်ပေါ်မှ ခြေထောက်ရာအား ခံစားချက် ကင်းမဲ့စွာဖြင့် အသာပုတ်နေသည်။ သူ ဘာမှဖြစ်ပုံမရဘဲ ဖြည်းဖြည်းနှင့် တည်ငြိမ်စွာ လှုပ်ရှားနေသည်။

သို့သော် သူ၏ ဂရုမစိုက်သော ဟန်ပန်က လူတိုင်းကို ထိတ်လန့်သွားသည်။ အားလုံးကို သူ့မျက်လုံးထဲ၌ ပုရွက်ဆိတ်သဖွယ် သတ်မှတ်ထားသည့်ပုံပင်။

“ဂလု”

ထိုအခိုက်တွင် စစ်ဆေးသူသည် အလန့်တကြား တံတွေးမျိုချလိုက်မိသည်။ ဤမျှ ကြောက်စရာကောင်းသော ပါရမီရှင်ကို သူ ပထမဆုံး မြင်ဖူးခြင်းပင်။

သူသည် ဆက်သွယ်ရေး ကိရိယာကို အလျင်အမြန်ထုပ်၍ ကြီးကြပ်သူအား ဤသို့ လာရန် လှမ်းခေါ်လိုက်သည်။ သို့မဟုတ်ပါက ဤလူရွေးပွဲ လာပြိုင်သူများအားလုံး မည်မျှ ဒုက္ခရောက်မလဲ သူ မသိချေ။

အကယ်၍ ယဲ့ဖန်ကဲ့သို့ ပါရမီရှင်သာ ဤလူများ၏ လက်ထဲ၌ သေသွားပါက သူတို့ အထက်မှ ကြိမ်းမောင်း ဒဏ်ပေးခြင်း ခံရမည် ဖြစ်ကာ သူတို့လည်း ဒုက္ခရောက်ပေသည်။

ထိုစဉ် ယဲ့ဖန်က ရှေ့တိုး၍ လူဝကြီးထံသို့ လျှောက်သွားလေသည်။ ဤသည်ကိုမြင်သော် လူဝကြီးသည် အကြောက်လွန်ကာ ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အနူးအညွတ် တောင်းပန်လေတော့သည်။

“ငါ့ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့၊ ငါမှားမှန်း သိပါပြီ”

ထိုအခိုက်တွင် သူ ခါးသီးစွာ ငိုမိနေပြီး ဝမ်းနည်းကာ နောင်တရနေ၏။ သူ ရှုံးသွားလေပြီ။ ထို့အပြင် ဤအရှုံးက သာမန်နှုန်းဖြင့် တိုင်းတာ၍ မရနိုင်သော ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်လေးအား ပိုးစိုးပက်စက် ရှုံးသွားခြင်း ဖြစ်သည်။

ပိုင်ရွှယ်နှင့် အခြားသူများသည် ဤသို့ ဖြစ်လာမည်ဟု အစောကတည်းက ခန့်မှန်းမိပုံရပြီး ဤလူများအား ဒုက္ခခံ၍ ကြည့်မနေချေ။ သူတို့၏ မျက်လုံးထဲတွင် ဤလူများသည် သေလူများသာ ဖြစ်ပြီး သူတို့ အရေးစိုက်ရန် ထိုက်တန်သူများ မဟုတ်ပေ။

ယဲ့ဖန်နောက် လိုက်နေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သဖြင့် သူမတို့ သေလူများစွာကို မြင်တွေ့ခဲ့ဖူးသဖြင့် သူတို့ ထုံနေလေပြီ။ သေသည့်သူက ယဲ့ဖန် မဟုတ်သရွေ့ သူတို့အတွက် ကိစ္စမရှိချေ။

“ငါ့ရှေ့မှာ ငါ့မိန်းမနဲ့ ပျော်ပါးချင်တယ် ဟုတ်လား၊ ဟားဟား မင်းစိတ်က တော်တော် ယုတ်ညံ့တာပဲ”

ယဲ့ဖန်က ရယ်လိုက်ပြီး သူ့ခြေထောက်ရှေ့၌ ဝပ်တွားနေသော လူဝကြီးကို အထင်သေးစွာ ကြည့်လိုက်သည်။ လူဝကြီး မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံး၏ နက်ရှိုင်းသော အတွင်းတစ်နေရာ၌ လူသတ်ချင်စိတ် ဖြစ်ပေါ်လာသည်။

ယဲ့ဖန် ပြုံးလိုက်ပြီး သတိမထားမိသယောင် ဟန်ဆောင်၍ ပြန်လှောင်လိုက်သည်။

“ငါသာ မင်းကို ဒီလို စော်ကားရင် မင်း ငါ့ကို အသက်ချမ်းသာပေးမှာလား”

စိတ်သဘောထားချင်း နှိုင်းယှဉ်ခြင်းပင်။ မည်သည့် ယောက်ျားသားမဆို ဤသို့ စော်ကားပြောဆိုခံရပါက ခွင့်လွှတ်ပေးရန် မဖြစ်နိုင်ပါ။

ထို့အပြင် တစ်ဖက်လူသည် စိတ်ရင်းအတိုင်း အညံ့ခံခြင်း မဟုတ်ဘဲ ဖိအားကြောင့် အရှုံးပေးခြင်း ဖြစ်သည်။ အကယ်၍ ယဲ့ဖန်၏ အရည်အချင်းကသာ သူတို့လောက် မထူးချွန်ဘဲ ရှုံးသွားခဲ့လျင် သူ သေရမည် ဖြစ်ပြီး သူ၏ အမျိုးသမီးများသည်လည်း ဤလူများထံ၌ သေသည်ထက်ဆိုးသော စော်ကားခြင်းမျိုးကို အခါတစ်ရာမက ခံစားရပေလိမ့်မည်။

ထို့ကြောင့် ယဲ့ဖန်၌ သူတို့ကို ခွင့်လွှတ်ပေးစရာ အကြောင်းမရှိပါ။ ခွင့်လွှတ်ခြင်းသည် ဘုရားသခင်၏ ကိစ္စ ဖြစ်ပြီး သူက သူတို့ကို ဘုရားသခင်နှင့် ဆုံတွေ့နိုင်အောင် လုပ်ပေးရမည့် တာဝန်ရှိသူသာ ဖြစ်သည်။

“ဒါဆိုလည်း မင်း … သေလိုက်တော့ကွာ”

လူဝကြီးသည် ရုတ်တရက် ခက်ထန်လာပြီး သုန်မှုန်နေသော မျက်နှာထားနှင့် ခေါင်းမော့ကာ သူ့ပါးစပ်ထဲမှ လက်မအရွယ် အဆောင်ဓားကို ထွေးထုတ်လိုက်သည်။

ထိုအဆောင်ဓားထံမှ အေးစက်သော အငွေ့အသက် ထွက်ပေါ်လာပြီး ယဲ့ဖန်၏ နဖူးသို့ အားဖြင့် ထိုးစိုက် လေသည်။ လူဝကြီးက ရက်စက်ခက်ထန်စွာ ပြုံးလိုက်သည်။ သူ၏ အဆောင်ဓားဖြင့် သတ်ခဲ့သည့်လူက ဆယ်ယောက် မကတော့ချေ။

ထိုလူများသည် ယဲ့ဖန်ကဲ့သို့ နိုင်ပွဲက သူတို့လက်ထဲ၌ ရှိနေသည်ဟု တွေးကာ အထက်စီးဆန်သလို ပြုမူသော်လည်း သူတို့အားလုံး သူကြောင့် တိုက်ခိုက်ကာ အသတ်ခံလိုက်ရသည်။

“အရှက်မရှိဘူး၊ နင် ခိုးကြောင်ခိုးဝှက် တိုက်တယ်”

“အစ်ကိုယဲ့ သတိထား”

မိန်းကလေးများ သွေးပျက်လာသည်။ သို့သော် လူဝကြီးက သူမတို့ စကားကိုကြားသော် အထင်သေးစွာ ပြုံးလေသည်။ သူ့လှည့်ကွက်က ယုတ်ညံ့၍ အရှက်မဲ့သော်လည်း သူ အနိုင်ရမည်ဆိုလျင် လှည့်စားရမည်ကိုလည်း မကြောက်ပါ။

ယဲ့ဖန်ကို သတ်ပြီးလျင် သူ့မိန်းမနှင့် သူ ပျော်ပါးပစ်မည်။ သူ ယဲ့ဖန်ကို မည်သို့ သတ်လိုက်သလဲ ဆိုသည့်အချက်ကို မည်သူက အရေးစိုက်မည်နည်း။

*ဒီလိုကောင်မျိုး ရှိတာကို သူတို့ မေ့သွားဖို့ သိပ်မကြာတော့ပါဘူး*

သို့သော် ယဲ့ဖန်က လက်နှစ်ချောင်းကိုသာ ဆန့်၍ အသာဖိချေလိုက်သည်။

“ဒင်”

တားဆီးမရနိုင်ဟု ထင်မှတ်ရသော အဆောင်ဓားသည် ယဲ့ဖန်၏ လက်နှစ်ကြောင်းကြားထဲ၌ တင်းကြပ်စွာ ညှပ်ထားလေသည်။ ၎င်းဓားက မည်မျှ ရုန်းကန်နေပါသော်လည်း ယဲ့ဖန်၏ လက်ချောင်းကြားထဲမှ မလွတ်မြောက် နိုင်ပေ။

ဤမြင်ကွင်းကြောင့် လူဝကြီးသာမက နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များအားလုံး ကြောက်လန့် သွားကြသည်။

*ဒီကောင် ထပ်ပြီး တားလိုက်ပြန်ပြီလား*

*သူက သံမဏိနံရံလိုပဲ၊ တိုက်ခိုက်မှု တစ်ခုပြီးတစ်ခုကို တားနေတာ၊ ဖျက်ဆီးမရသလိုပဲ*

ယဲ့ဖန်ရှေ့၌ သူတို့အားလုံး ခွန်အားမရှိတော့ချေ။ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များ အားကုန် ထုတ်၍ တိုက်ခိုက်သော်လည်း ဈာန်ဝင်စားခြင်းအဆင့်လေးအား တစ်ချက်ကလေးမှ ထိခိုက်အောင် မလုပ်နိုင်သဖြင့် အရှက်ရကာ ကြံရာမရ ဖြစ်လာကြသည်။

“ဝှစ်”

“မင်းကို ပြန်ပေးလိုက်မယ်”

ယဲ့ဖန် ပြုံးလိုက်ပြီး လက်ကို အသာလှုပ်လိုက်သည်။ အဆောင်ဓားက နောက်ပြန်လှည့်ကာ လူဝကြီး၏ နဖူးသို့ ထိုးစိုက်သွားသည်။

လူဝကြီး၏ မျက်လုံးများ မှိုင်တွေသွားပြီး သူ့မျက်နှာ၌ မယုံနိုင်ဟန်များ ထင်ဟပ်လာသည်။ သူ့လက်နက်ဖြင့် သူ ပြန်အသတ်ခံရလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ ဘုန်းခနဲ အသံနှင့်အတူ သူ နောက်ပြန်လဲကာ သေဆုံး သွားလေသည်။

မောက်မာခဲ့သော ကျန်လူများအားလုံး‌ ခေါင်းမွေးထောင်သွားကြသည်။ လက်ရှိတွင် သူတို့အားလုံး ကြောက်လန့် သွားလေသည်။

သူတို့အားလုံး ပြိုင်တူတိုက်ခိုက်သော်လည်း ယဲ့ဖန်ကို မသတ်နိုင်သည့်အပြင် တစ်ယောက်ပြီး တစ်ယောက် ပြန်အသတ်ခံ လိုက်ရသည်။

*ဘာတွေဖြစ်နေတာလဲ*

“မင်း … မင်း လူသတ်ရဲတယ်လား၊ ဝမ်ကောဖူမှာ လူသတ်တာကို တားမြစ်ထားတယ်ကွ၊ မင်း လူသတ်တယ် ဆိုတော့ ဝမ်ကောဖူထဲ ဝင်လို့မရမှာကို မတွေးဘူးလား”

တစ်စုံတစ်ယောက်က တုန်ယင်သော အသံဖြင့် သတိပေးလာသည်။

*ဒီကောင် ရူးနေလား၊ သူ ဘယ်လိုတောင် ဒီလို ပြုမူရဲတာလဲ*

ယဲ့ဖန် ရယ်လိုက်သည်။

“တစ်ယောက်တည်း သတ်ရင်တော့ ဝမ်ကောဖူက ကျုပ်ကို ငြင်းလောက်တယ်၊ ဒါပေမဲ့ ခင်ဗျားတို့အားလုံးကို သတ်လိုက်ရင် ဝမ်ကောဖူက ကျုပ်ကို ကျောင်းတော်ထဲ ဝင်ဖို့ တောင်းဆိုရလိမ့်မယ်”

ဤသည်မှာ အမှန်တရားပင်။ ပါရမီရှင်တစ်ယောက်သည် ဘယ်သွားသွား အခြားသူများ၏ ပစ်မှတ် ဖြစ်ပေ လိမ့်မည်။

ဤသည်ကိုကြားသော် ကျန်လူများအားလုံး အေးစိမ့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် ပြောသော စကားက မှန်ကြောင်း သူတို့ သိနေသောကြောင့်ပင်။ ဝမ်ကောဖူ၌ မိမိတွင် အရည်အချင်းရှိသရွေ့ မည်မျှ ဆိုးသွမ်းနေပါစေ ငြင်းမည် မဟုတ်ပါ။

“သူ့ကိုချ”

ချက်ချင်းဆိုသလိုပင် သူတို့အားလုံးသည် အသေတိုက်ရန်မှတပါး ရွေးချယ်စရာ မရှိသည်ကို သတိပြုမိသွားသည်။ တစ်ယောက်ပြီး တစ်ယောက်က သုန်မှုန်၍ ဒေါသထွက်နေသော မျက်နှာထားဖြင့် ယဲ့ဖန်ကို ထပ်မံ တိုက်ခိုက် လေသည်။

“ဟားဟားဟား”

ယဲ့ဖန် အေးစက်စွာ ရယ်မောလိုက်ပြီးနော် တစ္ဆေတစ်ကောင်သဖွယ် လှုပ်ရှားကာ ဟိုနားဒီနား၌ ဖျတ်ခနဲ ဖျတ်ခနဲ ပြန်ပေါ်လာ၏။

*ချီးပဲ*

ဤသည်ကိုမြင်သော် လူတိုင်း ခေါင်းထူပူသွားပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်ဟန် ပြလာသည်။ ယဲ့ဖန် ရှိသောနေရာကို သူတို့ မဖမ်းနိုင်ပါ။

“ယီးပဲ သူ ဘယ်မှာလဲ၊ သောက်ကျိုးနည်း သူ ဘယ်မှာလဲ”

“မြတ်စွာဘုရား သူ ဘယ်လိုလုပ်လိုက်တာလဲ”

“မလုပ်နဲ့ ငါ့ကိုလွှတ်၊ ငါ မှားမှန်း သိပါပြီ”

“ကယ်ပါဦး ဘယ်သူ ငါ့ကို ကယ်နိုင်မလဲ ငါ မသေချင်ဘူး”

“သူက ဈာန်ဝင်စားခြင်းအဆင့် မဟုတ်ဘူး၊ သူက လူမဟုတ်ဘူး”

အော်ဟစ်သံနှင့် ငိုကြွေးသံများ တစ်သံပြီး တစ်သံ ဆက်တိုက် ထွက်ပေါ်လာ၏။ ဤလူရွေးပွဲ နေရာက သားသတ်ကွင်း ဖြစ်လာပြီး ယဲ့ဖန်က သူတို့ကြား၌ ပြန်မွေးဖွားလာသော နတ်ဆိုးလိုပင်။ သူ၏ သားသတ်ကွင်း ထဲသို့ ခြေချရဲသည့် ကျူးကျော်သူတိုင်းကို သတ်ပစ်နေသည်။

သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်၍ အရူးအမူး သတ်ဖြတ်နေသည်။

စစ်ဆေးသူ မှင်တက်သွားသည်။ ဆက်သွယ်ရေးကိရိယာကို ကိုင်ထားသည့်လက်က လေထဲ၌ တန့်ခနဲ ဖြစ်နေပြီး ဆက်တိုက် သတ်နေသော သူ့ရှေ့မှ ယဲ့ဖန်ကို ငိုင်င ကြည့်နေလေသည်။

အစ၌ ယဲ့ဖန်က ထိုလူများ၏ ပြိုင်ဘက် မဟုတ်မည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါ၌ သူ့စိုးရိမ်စိတ်က မလိုအပ် သည့်ပုံပေ။

သူ ပို၍ စိုးရိမ်သင့်သည်မှာ ယဲ့ဖန်ကြောင့် အသတ်ခံရတော့မည့် အဖေ၊အမေ တနေသော မောက်မာခဲ့သည့် ထိုပါရမီရှင်များသာ ဖြစ်လေသည်။

*နတ်ဆိုး*

*ဒီကောင်လေးက ပါရမီရှင် မဟုတ်ဘူး၊ မိစ္ဆာပဲ*

*ဝမ်ကောဖူ တည်ထောင်ခဲ့ကတည်းက ကြောက်စရာ အကောင်းဆုံး နတ်ဆိုး*

လူရွေးပွဲ၌ လူလေးဆယ်ကျော် ရှိခဲ့သော်လည်း မိနစ်ပိုင်းအတွင်း ဆယ်ယောက်ကျော်သာ ကျန်ခဲ့တော့သည်။ လက်ရှိတွင် ထိုလူများသည် ကြောက်လန့်သော မျက်နှာများနှင့် ယဲ့ဖန်ကို အလန့်တကြား ကြည့်နေ၏။

“အမှိုက်တစ်စုကများ ငါ့ကို အထင်သေးဖို့ ထိုက်တန်လို့လား”

ယဲ့ဖန်က ခေါင်းပြတ်တစ်လုံးကို မြေကြီးပေါ် ပစ်ချလိုက်ပြီး သူတို့အား သရော်သလို ကြည့်လိုက်သည်။

“မင်းတို့မျက်လုံးထဲက ပါရမီရှင်က ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်လောက်ပဲ ရှိတယ်”

All Chapters