← Chapters

သွေးနှင့်ဆေးခြင်း

Vol. 90 Ch. 1341

သွေးနှင့်ဆေးခြင်း

Vol. 90 Ch. 1341

အခြားသူများ၏ မျက်လုံးထဲတွင် သူတို့သည် ထူးချွန်သော ပါရမီရှင်များ ဖြစ်ပြီး မိသားစု၏ မျှော်လင့်ချက် ဖြစ်ကာ မရေတွက်နိုင်သော မိန်းကလေးများ၏ နှစ်သက်ခံရသူများ ဖြစ်လေသည်။

သို့သော် ယဲ့ဖန်၏ မျက်လုံးထဲတွင် သူတို့သည် အမှိုက်တစ်စုသာ ဖြစ်နေပြီး စကားထဲထည့်ပြောရန်ပင် မထိုက်တန်ချေ။

ဤပါရမီရှင်များသည် ထိုစကားကို မကျေနပ်သော်လည်း ပြန်ချေပရဲသည့် သတ္တိမရှိပေ။ ယဲ့ဖန်က ပါရမီရှင်များ၏ အထက်၌ ပိုကြောက်စရာကောင်းသော တည်ရှိမှု ရှိကြောင်းနှင့် ထိုတည်ရှိမှုမှာ နတ်ဆိုး ဖြစ်ကြောင်း သက်သေ ပြသွားလေပြီ။

သူတို့ နောင်တရနေသည်။ သို့သော် နောင်တရသော်လည်း နောက်ကျသွားချေပြီ။ ဤလူများက ယဲ့ဖန်ကို တိုက်ခိုက်ပြီး သူ့အမျိုးသမီးများကို လုယူရန် ဆုံးဖြတ်လိုက်ပြီးကတည်းက သူတို့ ဆုံးဖြတ်ချက်၏ အကျိုးဆက် များကို ပြန်ခံစားရပေမည်။

“ဒုန်း ဒုန်း”

ယဲ့ဖန်၏ ဒေါသလက်သီးချက်များက အဆက်မပြတ် သတ်ဖြတ်နေပြီး လက်သီးချက် တစ်ချက်တိုင်း၌ အသက်တစ်ချောင်း ဆုံးရှုံးသွားရသည်။ ဤမျှ လွှမ်းမိုးနိုင်သော စွမ်းအင်က တောတောင်ကိုပင် ပြိုကျစေ နိုင်သည်ဟု ထင်မှတ်မှားရပြီး လူအများအား ကြက်သီးထစေသည်။

လက်ရှိတွင် အော်သံများနှင့် စုတ်ဖြဲသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး လူတိုင်း၏ ခန္ဓာကိုယ်များ ပေါက်ကွဲနေသည်။

ထိုအော်သံ၌ ငရဲမှ အပြစ်ဒဏ်ကို ခံစားနေရသကဲ့သို့ မပြောပြတတ်သော နာကျင်မှု၊ ဆောက်တည်ရာမရစိတ်နှင့် ကြောက်စိတ်များ ပြည့်နှက်နေ၏။

လူရွေးပွဲ ခန်းမနေရာသည် ရုတ်တရက် သွေးနှင့် ဆေးကြောခံလိုက်ရပြီး ကြမ်းပြင်သည် သွေးကြောင့် ရဲရဲနီနေပြီး ညှီစို့စို့ သွေးနံ့များ လှိုင်လှိုင်ထနေသောကြောင့် လူတိုင်း ကျောချမ်းလာကြသည်။

ယဲ့ဖန်ကို ရန်မလုပ်သည့် ပါရမီရှင်များသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး လက်ရှိတွင် သူတို့၏ ခြေထောက်များ တုန်ယင်နေသည်။

*သေသွားပြီ*

*ပါရမီရှင် သုံးဆယ်ကျော်က ဒီလိုမျိုး သေသွားတာလား*

*ပြီးတော့ သေသွားတဲ့ အလောင်းကလည်း အပြည့်အစုံတောင် မရှိဘူး*

ရှုကျိုးနယ်မြေမှ အံ့ဩစရာ အကောင်းဆုံးနှင့် အထူးချွန်ဆုံး လူငယ်များ ဤနေရာ၌ စုဝေးနေကြခြင်း ဖြစ်သည်။ သူတို့သည် အင်ပါယာ၏ အနာဂတ် ဖြစ်ပြီး ကောင်းကင်၌ ထွန်းတောက်မည့် ကြယ်တာရာများ ဖြစ်လာရန် ကံပါလာသူများ ဖြစ်လေသည်။ သို့သော် လက်ရှိတွင် သူတို့အားလုံး သေဆုံးသွားကြလေပြီ။

ဤနေရာမှ များစွာသော ခြေလက်အပိုင်းအစများနှင့် ကိုယ်တွင်း ကလီစာများကို ကြည့်ပြီး ကျန်လူများ၏ မျက်နှာတွင် သွေးပျက်ဟန်များနှင့် ပြည့်နှက်နေ၏။ ထိုပုံစံက နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေကာ သေမတတ် ကြောက်လန့်နေကြသည်။

“ဒူးထောက်”

ယဲ့ဖန်က သူတို့ကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

*ဟမ်*

အသက်ရှင်ကျန်ရစ်သော ပါရမီရှင်များက ယဲ့ဖန်ကို အံ့ဩ၍ မကျေနပ်သော အကြည့်ဖြင့် ကြည့်လာရသည်။ သူတို့က အဘယ်ကြောင့် ဒူးထောက်ရမည်နည်း။ သူတို့ ဘာမှမလုပ်ဘဲ နေခဲ့သည် မဟုတ်ပါလော။

“ဘာလို့လဲ၊ ငါတို့ ဘာမှမလုပ်တာကို၊ မင်း တော်တော်လွန်မနေဘူးလား”

ပါရမီရှင်တစ်ယောက်က ရုတ်တရက် မကျေမနပ် ထုတ်ပြောလာသည်။ သူတို့၌ မာန ရှိကြပါသည်။ ဘယ်လိုလုပ် သူတို့က ဒူးထောက်ဟု ပြောတိုင်း ဒူးထောက်ရမည်နည်း။

“ရွှစ်”

ထိုအခါ အေးစက်စက် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီး ထိုလူငယ် မျက်မှောင်ကြုတ်သွားကာ မယုံနိုင်ဟန် ပေါ်လာသည်။

ထို့နောက် တစ်လောကလုံး တစ်ပတ်လည်သွားသလို ခံစားလိုက်ရကာ သူ့မျက်လုံးများ မှောင်မိုက်၍ အသိစိတ် လွတ်သွားလေသည်။

သူ မသေခင်၌ သူ့ရှေ့၌ ခေါင်းပြတ်နေသော သူ့ကိုယ်က မားမားမတ်မတ် ရပ်ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။ ဤအဖြစ်ကိုကြည့်ပြီး လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သလို ခံစားလိုက်ရသည်။ သူ ပြန်ပြောမိ၍ အသတ်ခံလိုက်ရသည်တဲ့လား။

ယဲ့ဖန်က သူတို့ကို အေးစက်စွာ ကြည့်လာ၏။

“ငါ မင်းတို့ကို ဒူးထောက်စေချင်ရင် ဒူးထောက်ရမယ်၊ မင်းတို့ ဘာမှ အကြောင်းပြချက် ပေးစရာ မလိုဘူး၊ နားလည်လား”

ဤလူများက ဘာမှမလုပ်ခဲ့သော်လည်း အေးစက်စွာ ကြည့်ခဲ့ပြီး လှောင်ရယ်၍ မသိချင်ယောင် ဆောင်ခဲ့သည်။ ထို့ကြောင့် သူတို့သည်လည်း သေသွားသူများနှင့် ထပ်တူ မုန်းစရာ ကောင်းပေ၏။

လွှမ်းမိုးနိုင်လွန်းသလို မောက်မာလွန်းကာ လက်မခံနိုင်စရာ ကောင်းလှသည်။ သို့သော် နတ်ဆိုးဧကရာဇ်ဖြစ်ပြီး သက်ရှိအားလုံးအား ပုရွက်ဆိတ်ဟု မြင်နိုင်သော ထိပ်သီးပုဂ္ဂိုလ်ဖြစ်သည့် သူသည် အရာအားလုံးကို စိတ်ကြိုက် လုပ်နိုင်သည်။ ထို့ကြောင့် အကြောင်းပြချက် ရှိရန် လိုအပ်ပါသေးသလော။

“ဒုန်း”

ချက်ချင်းဆိုသလိုပင် ပါရမီရှင်တစ်ယောက်က ဝမ်းနည်းနေသော မျက်နှာနှင့် ဒူးထောက်လာသည်။ သူ မသေချင်သေးပါ။

“ဒုန်း ဒုန်း”

ထို့နောက် ပါရမီရှင် တစ်ယောက်ပြီး တစ်ယောက် မာနကို ခဝါချ၍ ယဲ့ဖန်ရှေ့၌ ဒူးထောက်လာ၏။ သူတို့အားလုံး ငိုယို တောင်းပန်နေကြသည်။

“ကျေးဇူးပြုပြီး ငါတို့ကို မသတ်ပါနဲ့၊ ငါတို့ မသေချင်သေးဘူး”

“ငါ မင်းမိန်းမကို လုဖို့နေနေသာသာ ဘာမှကိုမလုပ်တာပါ၊ ငါ့ကို ခွင့်လွှတ်ပေးပါ”

အသနားခံသော မျက်နှာနှင့်‌ ဆောက်တည်ရာမရ ငိုယိုသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ ဤမြင်ကွင်းက တစ်နိုင်ငံလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလောက်သည်။

ရှုကျိုးနယ်မြေတစ်ုခလုံးမှ အရည်အချင်း အရှိဆုံး လူငယ်များက လက်ရှိတွင် ခွေးတစ်ကောင်သဖွယ် ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၌ ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေသည် တဲ့လား။ မယုံနိုင်စရာ ကောင်းလိုက်လေခြင်း။

ဤသည်ကိုမြင်သော် ဝမ်ရှောင် ဆောက်တည်ရာမရတော့ချေ။ တစ်ကိုယ်လုံး ဆန်စက်ထဲမှ စပါးသဖွယ် တဆတ်ဆတ် တုန်လာ၏။

သူ အလွန် မာနကြီးပြီး သူ့ပုံစံအမှန်ကို ထုတ်ပြတာ စောသွားကြောင်း သတိပြုမိသွားသည်။ ယခု ထိုအတွက် သူ ကြီးကြီးမားမား ပြန်ပေးဆပ်ရပေတော့မည်။

ယဲ့ဖန် သူ့ထံ လျှောက်လာနေသည်ကိုမြင်ပြီး သူ ကြက်သီးထကာ ချက်ချင်း အော်ဟစ်လိုက်သည်။

“ပြဿနာ မရှာနဲ့ ငါက စစ်သူကြီးသားနော်၊ မင်း ငါ့ကိုသတ်ရင် ငါ့အဖေ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

“ငါ မင်းလက်နဲ့ခြေကို ချိုးပြီးတာတောင် ငါ ကြောက်မယ်လို့ မင်း ထင်နေတာလား”

ယဲ့ဖန်က အထင်သေးသော မျက်နှာနှင့် ခနဲ့လိုက်သည်။ ထိုအခိုက်တွင် ဝမ်ရှောင် ထိတ်လန့်ကာ ငိုလုနီးပါး ဖြစ်သွားသည်။

*အရူး*

*ဒီကောင်က လုံးဝ အရူးပဲ*

“အစ်ကိုကြီး၊ ဦးလေး ငါ့ကို မသတ်ပါနဲ့၊ ငါ တကယ် မှားမှန်း သိပါပြီ၊ မင်း ငါ့ကို လွှတ်ပေးတာနဲ့ ငါ ဘာမဆို လုပ်ပါ့မယ်”

ဝမ်ရှောင်သည် ဝေဒနာကို တောင့်ခံ၍ ယဲ့ဖန်က ဆက်တိုက် အနူးအညွတ် တောင်းပန်နေသည်။ နာကျင်မှုက သည်းခံမရအောင် ပြင်းထန်ပြီး သူသည်လည်း ဆောက်တည်ရာမရ ဖြစ်နေ၏။

လက်ရှိတွင် သူသည် မျှော်လင့်ချက်မဲ့ခြင်းနှင့် ခွန်အားမဲ့ခြင်းတို့၏ အဓိပ္ပာယ်ကို ကောင်းကောင်း သတိပြုမိ သွားသည်။ နောက်ခံ၊ ခွန်အား အားလုံးက အသုံးပြု၍ မရတော့ချေ။ ဤလူရှေ့၌ သူ ဂုဏ်ယူရသမျှ အရာအားလုံးက ရုတ်ချည်းဆိုသလို ဘာမှမဟုတ်တော့ပေ။

ယဲ့ဖန်က ရယ်၍ ပြောလိုက်သည်။

“အခု မင်း ငါ့ကို ဒီလိုပြောပင်မယ့် မကြာခင် မင်း ခွေးရူးလို မင်းအစွယ်ကို ဖြဲပြမှာပဲ မဟုတ်လား”

“မင်းလိုကောင်က ငါ တစ်ခါ ချမ်းသာပေးလိုက်တာနဲ့ သိပ်မကြာခင် မင်းရဲ့ စစ်သားတွေကို ပြန်ခေါ်ပြီး ငါ့ကို ပြန်ဖိနှိပ်မယ်လို့ ငါ ပြောရဲတယ်”

ဝမ်ရှောင် ထိတ်လန့်ကာ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လိုက်သည်။ သူ ဘာတွေးနေသလဲ ဆိုသည်ကို ယဲ့ဖန် သိနေသည့်အတွက် အံ့ဩနေပုံ ရသည်။

သူ တကယ် ထိုသို့လုပ်ရန် ကြံစည်ထားခဲ့သည်။ ယဲ့ဖန်က သူ့ကို ဤသို့ အရှက်ခွဲကာ ဒုက္ခိတဖြစ်အောင် ရိုက်နှက်ခဲ့သည်။ ထို့ကြောင့် ပြန်လက်စားချေရန် သူ မေ့မထားနိုင်ပါ။

သူ စစ်သူကြီး အိမ်တော်သို့ ပြန်ရောက်လျင် ချက်ချင်း စစ်သားများကို စုဝေး၍ များစွာသော စစ်သားများဖြင့် ယဲ့ဖန်ကို သတ်မည်ဟု ကြံစည်ထားခဲ့သည်။

သို့သော် ယဲ့ဖန်က မည်သို့ သိနေရသနည်း။ သူ့၌ စိတ်ဖတ်နိုင်သော စွမ်းရည်များ ရှိနေလေသလား။

ဝမ်ရှောင်၏ လေးလံထိုင်းမှိုင်းသွားသော အမူအရာကိုကြည့်ပြီး ယဲ့ဖန်က သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း သိလိုက်ကာ ထရယ်လိုက်လေသည်။

“ငါ ခန့်မှန်းတာ မှန်နေတဲ့ပုံပဲ ဟုတ်တယ်မလား”

“မဟုတ်ဘူး မဟုတ်ပါဘူး၊ ငါ အဲ့လို မလုပ်ပါဘူး၊ ငါ လုံးဝ နာခံမှာပါ၊ မင်း ငါ့ကို လွှတ်ပေးသရွေ့ နောင် ငါ မင်းအတွက် ခွေးလိုနေပေးမှာပါ၊ မင်း ခိုင်းတာ ဘာမဆို ငါလုပ်ပါ့မယ်”

ဝမ်ရှောင် ချောက်ချားသွားပြီး သူ့အသံတောင်မှ ငိုသံပေါက်နေကာ ကြောက်လန့်မှန်း သိသာလှသည်။

“တကယ်လား”

ယဲ့ဖန်က သရော်ပြုံး ပြုံးလိုက်သည်။ ယဲ့ဖန်က ခေါင်းညိတ်၍ အံ့ဩစရာကောင်းလောက်အောင် ပြောလိုက်သည်။

“တကယ်ပါ အခုကစပြီး ငါက မင်းရဲ့ခွေးပါပဲ”

*ဒီကောင်က လှည့်စားရတာ လွယ်လှချည်လား*

“ငါ လုပ်ခိုင်းတာ အကုန်လုပ်မယ် ဟုတ်လား၊ ငါ မင်းကို သတ်သေခိုင်းမယ်ဆိုရင်ရော”

ယဲ့ဖန်က အန္တရာယ်များသော အပြုံးမျိုး ပြုံးနေပြီး သူ့ရှေ့၌ ရပ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် သူ့လည်ပင်းကို ညှစ်ကာ လေထဲသို့ ပင့်တင်လိုက်လေသည်။ ယဲ့ဖန်၏ မျက်လုံး၌ အေးစက်ခက်ထန်မှုများ ပြည့်နှက်နေ၏။

“မဟုတ်ဘူး … မလုပ်နဲ့”

ဝမ်ရှောင် အသည်းအသန် ရုန်းကန်နေပြီး အသက်ရှူရခက်လာကာ ဆက်တန် ခြေထောက်ကို ကန်နေမိသည်။ မကြာခင်မှာပင် မျက်နှာတစ်ပြင်လုံး ခရမ်းရောင် သန်းလာပြီး အသက်ရှူရခက်လာသဖြင့် အမူအရာ ရှုံ့မဲ့လာသည်။ မွန်းကြပ်ခြင်းက နာကျင်ခြင်းထက် ဆယ်မက ပိုဆိုးလေသည်။

ယဲ့ဖန်သည် လူပေါင်းများစွာကို သတ်ခဲ့ပြီး နှိပ်စက်နိုင်သည့် အခြေအနေများကို သိလေသည်။ ထို့ကြောင့် သူသည် အတွေ့အကြံများစွာ ရရှိခဲ့ပြီး လူအများအား မည်သို့သတ်၍ မည်သို့ ပိုနာကျင်အောင် လုပ်ရမလဲ နားလည်လေသည်။

ဝမ်ရှောင် နောင်တရလာသည်။ ဤနတ်ဆိုးကို အဘယ်ကြောင့် ရန်စမိသလဲဟု တွေးကာ နောင်တရလာ၏။ ဘာကြောင့် သူ သေချင်ရသနည်း။

“ဘာဖြစ်နေတာလဲ”

ထိုစဉ် ထည်ဝါသော အသံတစ်သံက မိုးခြိမ်းသံသဖွယ် လူရွေးပွဲခန်းမထဲ၌ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လူရွေးပွဲခန်းမသို့ လူနှစ်ယောက် ရောက်လာ၏။

ထိုလူနှစ်ယောက်လုံးသည် လူလတ်ပိုင်းများ ဖြစ်ပြီး သူတို့ထံမှ လွှမ်းမိုးနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေကာ သူတို့၏ ယန်စွမ်းအင်များက သန်မာလွန်းသည်။ သူတို့ ရောက်လာချိန်တွင် လူအများအား အသက်ရှူမရအောင် ဖိနှိပ်နိုင်သော ခံစားချက် ပေးစွမ်းလာသည်။

“ဘုရင် … ဘုရင်အဆင့်”

ဤသည်ကိုမြင်သော် လူတိုင်း သွေးပျက်လာကြသည်။

“ဒါ ကြီးကြပ်ရေးမှူး လီနဲ့ ကြီးကြပ်ရေးမှူးလျှိုပဲ”

တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ကို မှတ်မိသွားလေသည်။ သူတို့နှစ်ယောက်သည် ရှုကျိုး၌ ဝမ်ကောဖူ ကျောင်းတော်၏ ကြီးကြပ်ရေးမှူး ဖြစ်ပြီး လူရွေးခြင်းနှင့် အကဲဖြတ်ခြင်းတို့အတွက် တာဝန်ရှိသူများ ဖြစ်သည်။

ကြီးကြပ်ရေးမှူး လီနှင့်လျှိုတို့သည် အခြေအနေကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဆိုးရွားလှသော အခြေအနေကြောင့် ကြက်သေ သေသွားကြသည်။ လှိုင်လှိုင်ထနေသော သွေးနံ့က သူတို့ကိုတောင်မှ နေရခက် သလို ခံစားရစေသည်။

လွန်ခဲ့သော တစ်နာရီက ဤနေရာ၌ ပါရမီရှင်များနှင့် ပြည့်နှက်နေကာ သက်ဝင်လှုပ်ရှားနေသည်ကို သူတို့‌ တွေ့ခဲ့ရသည်။ ယခု တစ်နာရီကျော်သွားချိန်တွင် ပါရမီရှင်များ သေဆုံးသွားရသည်တဲ့လား။

*ဘာတွေဖြစ်ကုန်တာလဲ*

“ဦးလေး ကျွန်တော့်ကို ကယ်ပါဦး …”

ထိုအခိုက်တွင် ဝမ်ရှောင်သည် ကြီးကြပ်ရေးမှူးလီကို မြင်ပြီး စိတ်လှုပ်ရှားလွန်း၍ ငိုမိတတ် ဖြစ်သွားသည်။ အသက်ကယ်နိုင်သည့် ကောက်ရိုးမျှင်ကို တွေ့လိုက်ရသကဲ့သို့ အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဝမ်ရှောင်လား”

ဤသည်ကိုမြင်သော် ကြီးကြပ်ရေးမှူးလီ၏ အမူအရာက အေးစက်သွားသည်။ သူနှင့် ဝမ်ရှောင်၏ ဖခင်သည် မိတ်ဆွေကောင်းများ ဖြစ်သည်။ သူတို့အား ညီအစ်ကိုဟုပင် ခေါ်နိုင်လေသည်။ သူ၏ ထောက်ခံမှုကြောင့် ဝမ်ရှောင်က ဝမ်ကောဖူသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူသည် ယဲ့ဖန်၏ အေးစက်သော မျက်နှာထားကို တွေ့လိုက်ရသော်လည်း ဈာန်ဝင်စားခြင်း အဆင့်လေးသာ ရှိသည်ကို‌ သတိထားမိသွားသည်။

ထိုအခါ ကြီးကြပ်ရေးမှူးလီ အံ့ဩသွားလေသည်။

*ဝမ်ရှောင်က ဈာန်ဝင်စားခြင်းအဆင့်လေးဆီမှာ ရှုံးသွားတာလား၊ ဒီလောက် ဆိုးဆိုးရွားရွား ဖြစ်သွားတာလား*

ရုတ်ချည်းဆိုသလိုပင် သူ့မျက်နှာ အေးစက်သွားပြီး ငေါက်ငမ်းလိုက်သည်။

“ဟေ့ကောင် သူ့ကို ချက်ချင်းလွှတ်ပေးဖို့ ငါ မင်းကို အမိန့်ပေးတယ်”

ယဲ့ဖန် ဘာပဲလုပ်ခဲ့ပါစေ သူ့နယ်မြေ၌ သူ့တူကို ထိပါးရဲသဖြင့် သေရပေမည်။ မောက်မာ၍ အထင်သေးလွန်းသည်။ မသိလျင် ယဲ့ဖန်က သူ့အမိန့်ကို နာခံရမည့်ပုံပင်။ အကြောင်းမှာမူ ဘုရင်အဆင့်၏ မျက်လုံးထဲ၌ ယဲ့ဖန်ကဲ့သို့သော ဂျူနီယာလေးက သောက်ရေးမပါသူ ဖြစ်နေသောကြောင့်ပင်။

ယဲ့ဖန်က သူ့ကို မနာခံဘဲ နေရဲမည်လော။ ဘုရင်အဆင့်ကို အာခံရဲပါ့မလား။ ယဲ့ဖန်၌ လူဆယ်ယောက်စာ သတ္တိရှိ လျင်ပင် မလုပ်ရဲဟု ထင်နေ၏။

ကြီးကြပ်ရေးမှူးလျှိုကလည်း ယဲ့ဖန်အား စိတ်ဝင်တစား ကြည့်လာသည်။

*ဈာန်ဝင်စားခြင်းအဆင့်လေးနဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့်ကို အနိုင်ယူနိုင်တယ်ပေါ့၊ ဒီကောင်လေးက နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းသားပဲ*

*ဒီဒေါသကြီးပြီး ကျိုးကြောင်းမဆင်ခြင်တတ်တဲ့ ကြီးကြပ်ရေးမှူးလီနဲ့ လာတိုးတာတော့ သူ့အတွက် စိတ်မကောင်းစရာပဲ၊ သူ ကံဆိုးတယ်လို့ပဲ တွက်ရမှာပေါ့*

အကဲဖြတ်ပွဲ၌ ဝင်ပါနိုင်ဖို့ နေနေသာသာ ယဲ့ဖန် လူရွေးပွဲခန်းမမှ အသက်ရှင်လျက် ထွက်လာနိုင်ပါ့မလား ဆိုသည်ကိုပင် ပြောရခက်ကြောင်း ကြီးကြပ်ရေးမှူးလျှို သိနေ၏။

ကြီးကြပ်ရေးမှူးလီနှင့် ဝမ်မိသားစု၏ ရင်းနှီးမှုအရဆိုလျင် ယဲ့ဖန် မသေလျင်တောင်မှ မသန်စွမ်းသူ ဖြစ်ရန် သေချာနေသည်။

*အမိန့်ပေးတယ် ဟုတ်လား*

ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဝမ်ရှောင်ကို လည်ပင်းညှစ်ထားသည့်အားက ရုတ်တရက် လျော့နည်း သွားလေသည်။

“ဟားဟားဟား ဒီနေ့ ဘုရားက ငါ့ကို ကူညီလိုက်တာပဲ၊ ဟေ့ကောင် ငါက သေဖို့မထိုက်တန်ဘူးလေ၊ မင်း ဘာလုပ်နိုင်မလဲ”

ဝမ်ရှောင်က အားရဝမ်းသာ ရယ်လာပြန်သည်။

သူ့ဦးလေး ရောက်လာသဖြင့် ယဲ့ဖန် သူ့ကို ထိရဲလိမ့်မည်ဟု မယုံပါ။ သူ့ဦးလေးသည် ဘုရင်အဆင့် ဖြစ်သည်။ ယဲ့ဖန် မည်မျှ ဆိုးယုတ်၍ သန်မာပါစေ၊ ဈာန်ဝင်စားခြင်းအဆင့်လေးနှင့် ဘုရင်အဆင့်ကို သတ်နိုင်လိမ့်မည်ဟု သူ မယုံပါ။

*ငါ့ကိုသတ်မယ် ဟုတ်လား*

*အခု ဘယ်သူ သေမလဲ ကြည့်ရသေးတာပေါ့*

“ဟေ့ကောင် မင်း အခြေအနေကို သိရင် ငါ့ကို အောက်ပြန်ချပေးစမ်း မဟုတ်လို့ကတော့ ငါ့ဦးလေးက မင်းကို နုတ်နုတ်စင်းပစ်မှာ”

ဝမ်ရှောင်က မူလအကျင့်စရိုက်အတိုင်း ပြန်ဖြစ်သွားပြီး ယဲ့ဖန်အား မောက်မာစွာ စိုက်ကြည့်နေပြီး သူ့မျက်လုံးတွင်း၌ သရော်ဟန်များ ပေါ်လွင်နေ၏။

“ပြီးရင် ငါ့ရှေ့မှာ ဒူးထောက်ပြီးတော့ မင်းမိန်းမကို ငါ့ကို ဆက်သစမ်း၊ အဲ့လိုလုပ်ရင် ငါ မင်းရဲ့ ခွေးလိုအသက်ကို ချမ်းသာပေးချင်ရင် ချမ်းသာပေးနိုင်လောက်တယ်”

All Chapters