← Chapters

ကောင်းကင်အဆင့် ပါရမီရှင်

Vol. 90 Ch. 1342

ကောင်းကင်အဆင့် ပါရမီရှင်

Vol. 90 Ch. 1342

“ဟားဟားဟား ….”

ယဲ့ဖန် အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။

“မင်းက လူယုတ်မာပဲ”

*ဘာ*

ဝမ်ရှောင် ချက်ချင်း ဒေါသထွက်သွားသည်။ ယခုလိုအချိန်မှာတောင်မှ ယဲ့ဖန် သူ့ကို စော်ကားရဲသေးသည်တဲ့လား။

“ခွေးမသား မင်း တကယ် သေချင်နေတာလား”

ဝမ်ရှောင် အော်ဟစ်လိုက်သည်။ သူ့မျက်နှာက ပို၍ ကြောက်စရာကောင်းကာ အန္တရာယ်များလာ၏။

“အရူးကောင် ငါ မင်းကို ပြောနေတယ်၊ ငါ့ဆီမှာ မြန်မြန် ဒူးထောက်လိုက် မဟုတ်လို့ကတော့ မင်း အဆင်ပြေမှာ မဟုတ်ဘူး”

“မင်း သေမှာ မကြောက်ဘူးဆိုပင်မယ့် မင်းမိန်းမတွေကရော မကြောက်ဘူးလား၊ မင်း ငါ့ဆံပင်တစ်ချောင်းကို ထိရဲလို့ကတော့ ငါ့အဖေကို သူတို့ကို စစ်စခန်းတွေဆီ ပြည့်တန့်ဆာအဖြစ် ပို့ခိုင်းလိုက်မယ်”

“ဟေ့ကောင် မင်း နားကန်းနေလား၊ ငါ ပြောတာ မကြားဘူးလား”

ကြီးကြပ်ရေးမှးလီကလည်း စိတ်မရှည်စွာ ကြိမ်းမောင်းလေသည်။

*ဒီကောင်ကများ ငါ့အမိန့်ကို လျစ်လျူရှုရဲတယ်လား*

သို့သော် ယဲ့ဖန် နာခံစွာ လက်လျှော့လာလိမ့်မည်ဟု ကြီးကြပ်ရေးမှူး နှစ်ယောက်လုံး ထင်လိုက်ချင်တွင် ယဲ့ဖန်က အထင်သေးသလို ပြုံးလာသည်ကို တွေ့လိုက်ရပြီး ဤသို့ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ကျုပ် မလုပ်ဘူး ပြောရင်ရော”

*မလုပ်ဘူး ဟုတ်လား*

ထိုစကားက ကြောက်စရာ ကောင်းလွန်းလှသည်။

*ဒီကောင် တကယ် ငြင်းပယ်တာလား*

*သူ ကြီးကြပ်ရေးမှူးလီကို ငြင်းဆန်ရဲတဲ့ သတ္တိကို ဘယ်ကရလာတာလဲ*

*ဘုရင်အဆင့်တစ်ယောက်ကို ရန်စတယ်၊ သူ ရူးနေတာလား*

“မင်း ဘာပြောလိုက်တာလဲ”

ကြီးကြယ်ရေးမှူးလီ ဒေါသူပုန်ထသွားသည်။ နှစ်ပေါင်းများစွာကြာအောင် မည်သူမှ သူ့ကို ဤသို့ မပြောရဲကြချေ။ လူရွေးပွဲဖြေသူတစ်ယောက်က သူ့ကို ဘယ်လိုတောင် အထင်သေးရဲရသနည်း။

ဘေးဘက်၌ ရှိနေသည့် ကြီးကြပ်ရေးမှူးလျှိုက အံ့ဩသွားပြီးနောက် မသိမသာ ရယ်လိုက်သည်။

*ဒီကောင်လေးက စိတ်ဝင်စားစရာ ကောင်းသားပဲ*

ယဲ့ဖန် ပြန်ပြောလိုက်သည်။

“သူက ကျုပ်မိန်းမကိုလည်း လုယူဖျက်ဆီးချင်သလို ကျုပ်ခြေလက်တွေကိုလည်း ချိုးပစ်ချင်နေတာ၊ ကျုပ် သူ့ကို သတ်ချင်တာ ဘာမှားလို့လဲ”

“ဘာလို့လဲဆိုတော့ ငါက ဒီလူရွေးပွဲမှာ နောက်ဆုံး ပြောခွင့်ဆိုခွင့် ရှိတဲ့လူပဲ၊ မင်းလို ခွေးသူတောင်းစားက ဘာမို့လို့လဲ၊ မထိုက်တန်ဘူး”

ကြီးကြပ်ရေးမှူးလီက အေးစက်စွာ ပြုံးနေပြီး ပေါ်တင် ဆဲရေးတိုင်းထွာနေ၏။

*သူ့ကိုယ်သူ ဘာကောင်မှန်းမသိရင်တောင်မှ ငါ့ဆီကနေ ဖြေရှင်းချက် တောင်းဖို့ အရည်အချင်း ရှိလို့လား*

“ခင်ဗျား သူနဲ့ ပတ်သက်မှု ရှိတာနဲ့ပဲ သူလုပ်တာ မှန်သမျှအတွက် တာဝန်ယူစရာ မလိုဘူးပေါ့၊ ဒါပေမဲ့ ကျုပ်ကတော့ အနိုင်ကျင့်ခံရဖို့ ထိုက်တန်တယ်ပေါ့လေ ဟုတ်လား”

ယဲ့ဖန် ဒေါသနှင့် ရယ်မောလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ”

ကြီးကြပ်ရေးမှူးလီ တဖြည်းဖြည်း စိတ်မရှည်တော့ချေ။ သူ အေးစက်စွာ ပြန်ခနဲ့လိုက်သည်။

“မင်း အပြစ်တင်ချင်တယ်ဆိုလည်း မင်းကိုယ်မင်း ကံဆိုးပြီး ရန်မစသင့်တဲ့သူကို ရန်စမိတဲ့အတွက် အပြစ်တင် လိုက်တော့”

*ငါနယ်မြေက ငါ အခင်ဆုံးမိတ်ဆွေရဲ့သားကို ရိုက်နှက်ရဲတယ်ပေါ့လေ၊ ဒါ ငါ့ကို လာစိန်ခေါ်တာပဲ*

*ငါ့ရှေ့က ဒီကောင် သေသင့်တယ်*

ထိုစကားက ချက်ချင်း ကြီးကြပ်ရေးမှူးလျိုကို မျက်မှောင်ကြုတ်သွားစေသည်။ ကြီးကြပ်ရေးမှူးလီ၏ အပြုအမူက သူ့ကိုပါ မသိမသာ မရွှင်မပျ ဖြစ်သွားစေ၏။

သို့သော် သူ ဘာမှမပြောပါ။ ဘယ်ကမှန်း မသိသည့် လူငယ်လေးတစ်ယောက်အတွက်နှင့် ကြီးကြပ်ရေးမှူးလီကို အာခံရန် သူ မရူးမိုက်သေးပါ။

ထိုအခါ ယဲ့ဖန်၏ မျက်နှာက ထူးဆန်းသောပုံစံ ဖြစ်လာသည်။

“ခင်ဗျား ပြောတာကို ကျုပ် နားလည်တယ်”

“နားလည်တယ်ဆိုပြီးတော့ အခုထိ မလွှတ်ပေးသေးဘူးလား၊ မင်းက ငါ့ကို အားသုံးရအောင် ဖိအားပေး နေတာလား”

ကြီးကြပ်ရေးမှူးလီက အေးစက်သော မျက်နှာထားနှင့် ဒေါသတကြီး ပြောလေသည်။

“ကြီးကြပ်ရေးမှူးလီ …”

စစ်ဆေးသူ ထပ်၍ သည်းမခံနိုင်တော့သဖြင့် အလျင်အမြန် ကြားဝင်ပြောရန် ပြင်လိုက်သည်။

“ပါးစပ်ပိတ်ထား၊ ငါ့ကို နောက်မှပြော”

ကြီးကြပ်ရေးမှူးလီက စိတ်မရှည်စွာ ငေါက်ငမ်းပြီး ယဲ့ဖန်ကို စူးစိုက်ကြည့်လေ၏။

“ငါ သုံးအထိ ရေမယ်၊ သူ့ကို ချပေးပြီး ငါ့ရှေ့မှာ ဒူးထောက် မဟုတ်လို့ကတော့ ငါ မင်းကို‌ မြေမြှုပ်စရာ အလောင်းတောင် မရှိအောင် သတ်ပစ်မယ်”

ထိုစကားလုံးများ၌ ပြင်းထန်သော လူသတ်လိုစိတ်များ ပါဝင်နေသည်။ ယဲ့ဖန် တစ်ခွန်းထပ်ပြောရဲသည်နှင့် ယဲ့ဖန်ကို သူ နုတ်နုတ်စင်းမည့်ပုံပင်။

ထိုအခိုက်တွင် ဝမ်ရှောင်တောင်မှ ယဲ့ဖန်ကို မခိုးမခန့် မျက်နှာထားနှင့် ကြည့်နေပြီး ယဲ့ဖန် လက်မခံမည်ကို လုံးဝ စိုးရိမ်ပုံ မရချေ။

*သူ့အသက်ကိုရင်းပြီး ဘုရင်အဆင့်တစ်ယောက်ကို ရန်စတာ၊ ဒီကောင် လုပ်ရဲပါ့မလား*

သို့သော် ယဲ့ဖန်က တစ်စက်ကလေးမျှ မလှုပ်ပေ။

“သုံး”

ကြီးကြပ်ရေးမှူးလီက စိတ်ပျက်နေသော မျက်နှာထားနှင့် စတင် ရေတွက်လေသည်။ သူ ရေတွက်ပြီးနောက် ထိုလူငယ် ဘာမှမလုပ်သေးလျင် သူ ယဲ့ဖန်ကို စိတ်ပျက်ခြင်းဆိုသည်က ဘာလဲ သိရအောင် လုပ်ပေးရန် ဝန်မလေးပါ။

ထိုအခိုက်တွင် ယဲ့ဖန်က ဝမ်ရှောင်ကို အောက်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဝမ်ရှောင်က အထင်သေးသလို ရယ်လိုက်ပြီး ကြိမ်းမောင်းလေသည်။

“ဂုဏ်ခြင်းယှဉ်ရအောင် တော်တော် မိုက်မဲ့တာပဲ၊ မင်းကို တော်တော်ပြောလိုက်ရတာပဲ၊ နောက်ဆုံးကျတော့ မင်း ငါ့ကို လွှတ်ပေးရတာပဲ မဟုတ်လား”

ကြီးကြပ်ရေးမှူးလီကလည်း စိတ်ထဲမှ ကျိတ်၍ သရော်နေပြီး အေးစက်၍ အန္တရာယ်ပေးလိုသော အပြုံးမျိုး ပြုံးနေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်က နိမ့်ကျသူ ဖြစ်ပြီး သူ အချိန်မရွေး ရိုက်သတ်နိုင်သည်ဟု တွက်ထားသည်။ ပါရမီရှင်များလည်း မှင်တက်သွားကြသည်။

*ဒီမောက်မာတဲ့ကောင်က စိတ်ပျော့သွားတာလား*

သို့သော် သူတို့လည်း နားလည်နိုင်ပါသည်။ ယဲ့ဖန်က ဘုရင်အဆင့်နှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလော။ ယဲ့ဖန် အညံ့ခံသွားသည်ကိုမြင်ပြီး သူတို့စိတ်ထဲ၌ ရုတ်တရက် ပျော်ရွှင်လာ၏။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်လည်း သူတို့လို ကြောက်စိတ်နှင့် အရှက်ကွဲစိတ်ကို ခံစားလိုက်ရသောကြောင့်ပင်။ ဘုရင်အဆင့်၏ ခြေဖဝါးအောက်၌ သူ နင်းချေခံနေရလေပြီ။

သို့သော် ယဲ့ဖန် အညံ့ခံလိုက်ပြီဟု အားလုံး ထင်နေကြချိန်တွင် ယဲ့ဖန် ဆက်လက် ပြုလုပ်လိုက်သော အပြုအမူက လူတိုင်းကို ကြောက်လန့်ကာ အသံပင် မထွက်နိုင်အောင် ဖြစ်သွားစေ၏။

ကြမ်းပြင်ပေါ် လဲနေသော ဝမ်ရှောင်အား အေးစက် တိတ်ဆိတ်သော အကြည့်ဖြင့် ကြည့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုအကြည့်က သေလူကို ကြည့်နေသလိုပင်။

ဤသည်ကိုမြင်သော် ဝမ်ရှောင်နှင့် အခြားသူများ ခေါင်းမွေးထောင်သွားပြီး မယုံနိုင်သော အမူအရာများ ဖြစ်ပေါ် လာသည်။

*ဒီကောင် လုပ်ချင်နေတာက …*

“ဂျွတ်”

ထို့နောက် လူတိုင်း၏ ခန့်မှန်းမှုကို အတည်ပြုလိုက်သကဲ့သို့ ယဲ့ဖန်က ခြေထောက်တစ်ဖက်ကိုမြှောက်ကာ ဝမ်ရှောင်၏ ဦးခေါင်းကို နင်းချေလိုက်သည်။ ဝမ်ရှောင်သည် သေသွားသည်အထိ အဘယ်ကြောင့် ယဲ့ဖန် သူ့ကို သတ်ရဲသလဲ မသိလိုက်ပါ။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်းက ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လာ၏။

*ရူးနေပြီ*

*ဒီကောင် တကယ် ရူးနေပြီ၊ သူ ဝမ်ရှောင်ကို တကယ်ကြီး သတ်ရဲတယ်ပေါ့*

*သူ ဘုရင်အဆင့်နဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား*

*ဒီကောင် ဘာတွေဖြစ်နေတာလဲ*

ထိုအခိုက်တွင် လူတိုင်း ပြိုင်တူ နောက်ဆုတ်သွားကြပြီး သူတို့၏ မျက်နှာတွင် ကြောက်စိတ်များ ထင်ဟပ် နေသည်။ မကြာခင် ဖြစ်ပေါ်လာမည့် ကပ်ဘေး၌ သူတို့ပါ ရောပါသွားမည်ကို စိုးရိမ်နေကြသည်။

ယဲ့ဖန်က ကြီးကြပ်ရေးမှူးလီဘက်ကို ပြန်လှည့်၍ အသာပြုံးလိုက်သည်။

“လာ ကျုပ်ကို လာသတ်လေ”

လွယ်ကူလွန်းကာ အေးဆေးလွန်းသည်။ ထိုစကားက ရန်စသည့်ပုံ ပေါ်သလို အထင်သေးပုံလည်း ပေါ်၏။ ကြီးကြပ်ရေးမှူး အလွန် ဒေါသထွက်လာ၏။

လူတိုင်း အကြောက်လွန်ကာ စကားပင် မပြောနိုင်တော့ချေ။

*ဒီကောင်က သေကိုသေချင်နေတာပဲ*

ဦးခေါင်း နင်းချေခံလိုက်ရသည့် ဝမ်ရှောင်ကိုကြည့်ပြီး ကြီးကြပ်ရေးမှူး မျက်လုံးအိမ် တုန်ခါလာပြီး ကြောက်စရာ ကောင်းသော အရှိန်အဝါကို ထုတ်ဖော်လာသည်။ သူ့မျက်နှာ အားဖြင့် ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက် ရသည်။

“မင်း သေချင်နေတာပဲ”

ထိုအခိုက်တွင် ကြီးကြပ်ရေးမှူးလီက ဒေါသတကြီး အော်ဟစ်လာ၏။ ထို့နောက် ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက် ထွက်ပေါ်လာကာ အရိုးကွဲမတတ် အေးစက်သော လေက ကျန်လူများကို လွှမ်းမိုး သွားသည်။

လူတိုင်း တစ်ကိုယ်လုံး တဆစ်ဆစ် နာကျင်လာပြီး လေအေးများက ဓားသွားသဖွယ် အေးစက်လှကြောင်း ခံစားမိ လာသည်။ လူတိုင်း အံ့ဩလာကြသည်။

*ဒါ ဘုရင်အဆင့်ရဲ့ ခွန်အားလား*

*အရှိန်အဝါနဲ့တင် လူတွေကို အညံ့ခံနိုင်အောင် လုပ်ဖို့ လုံလောက်နေပြီ*

ကြီးကြပ်ရေးမှူးလီ ယဲ့ဖန်ကို အလွန်တရာ မုန်းတီးလာ၏။

*ဒီမျိုးမစစ်ကောင်က ငါ့ကို ဘယ်လိုတောင် အာခံရဲတာလဲ၊ သူက ငါ့ရှေ့မှာ ဝမ်ရှောင်ကိုတောင် သတ်လိုက် သေးတယ်”

*သူ သေရမယ်၊ သူ သေကိုသေရမယ်*

“မင်း အေးအေးလူလူ မသေရဘူး၊ ငါ မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်မှာ၊ ပြီးတော့ မင်းမိန်းမတွေကို ငါ တစ်ယောက်ပြီး တစ်ယောက် စော်ကားပစ်မယ်၊ ပြီးရင် သူတို့ကို ပိုးစိုးပက်စက် သတ်ပစ်မယ်ကွ”

ကြီးကြပ်ရေးမှူးလီက မုန်းတီးသော အမူအရာနှင့် ကြုံးဝါးလေသည်။ ကြီးကြပ်ရေးမှူးလျှိုက ခေါင်းခါလိုက်သည်။ ယဲ့ဖန်က လုံလုံလောက်လောက် မသန်မာသေးခင်မှာပင် ဘုရင်အဆင့်ကို ရန်စသဖြင့် ရူးမိုက်လွန်းသည်။ ဤသည်မှာ ဉာဏ်ရှိသော လုပ်ရပ် မဟုတ်ပေ။

ထိုအခိုက်တွင် ပုံမှန်မဟုတ်သော တာအိုသင်္ကေတက ထောင့်တစ်နေရာမှ ထွက်ပေါ်လာပြီး မဖော်ပြနိုင်သော နတ်စွမ်းအင်များ ထွက်ပေါ်လာသည်။

“ဒါက …”

ချက်ချင်းဆိုသလိုပင် ကြီးကြပ်ရေးမှူးလျှိုက ထောင့်နားမှ ဟွမ်ယွီလင်းကို လှမ်းကြည့်လိုက်မိသည်။ သူမခန္ဓာကိုယ်မှ တောက်ပသော အဝါရောင် အလင်းများ ဖြာထွက်နေပြီး နတ်စွမ်းအင် တာအိုသင်္ကေတ ထွက်ပေါ်ကာ သူမအနောက်၌ အင်မော်တယ် အရိပ်များ ဆက်တိုက် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ယင်းက သူမအား နတ်ဘုရားများက ကာကွယ်ထားသလိုပင်။

စိတ်ဝိညာဉ် အရင်းအမြစ် ဟွမ်ကျုံးလီက အန္တရာယ်ကို ခံစားမိသဖြင့် ဦးစွာ ထွက်ပေါ်လာပြီး သူမအား ကာကွယ်လာခြင်း ဖြစ်သည်။ ဤမြင်ကွင်းက ကြီးကြပ်ရေးမှူးလျှိုကို ထိတ်လန့်သွားစေသည်။

“ဟွမ်ကျုံးလီလား”

သူ၏ သိမြင်တတ်သော မျက်လုံးများက ဟွမ်ယွီလင်းသည် စိတ်ဝိညာဉ် အရင်းအမြစ် ဟွမ်ကျုံးလီကို ပိုင်ဆိုင် ထားကြောင်း သိလိုက်သည်။

ထိုအချိန်တွင် ကြီးကြပ်ရေးမှူးလီက ယဲ့ဖန်ကို သတ်ဖြတ်ရန် လှုပ်ရှားနေပြီ ဖြစ်ပြီး သူ့အစွမ်းက ပြင်းထန်လွန်းကာ ယန်စွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်နေသည်။ ကြောက်စရာကောင်းသော လူသတ်လိုသည့် အရှိန်အဝါ နှင့်အတူ သိမ်းငှက်ကဲ့သို့ ချွန်ထက်သော လက်သည်းများဖြင့် ယဲ့ဖန်၏ မျက်နှာကို ကုတ်ဖဲ့နေသည်။

“ထိုက်ရှန် လက်သီး”

ထိုအခိုက်တွင် ကြီးကြပ်ရေးမှူးလျှိုက ကြီးကြပ်ရေးမှူးလီ‌ရှေ့သို့ ရုတ်တရက် ပေါ်လာပြီး လက်သီးနှစ်ဖက်လုံးဖြင့် ကြီးကြပ်ရေးမှူးလီကို တိုက်ခိုက်ကာ သူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

“လျှို ဒါ မင်း ဘာသဘောလဲ”

ကြီးကြပ်ရေးမှူးလီက အေးစက်သော မျက်နှာနှင့် မေးလေသည်။

*ဒီကောင်က ငါ့လုပ်ရပ်ကို လာတားရဲတယ်ပေါ့လေ*

“စိတ်အေးအေးထားပါ၊ ဒီကောင်လေးက မင်း ထင်သလို မရိုးစင်းဘူး”

ကြီးကြပ်ရေးမှူးလျှိုက သတိပေးလိုက်ပြီးနောက် ကြီးကြပ်ရေးမှူးလီအား မျက်စိတစ်ဖက် မှိတ်ပြသည်။ ကြီးကြပ်ရေးမှူးလီသည် ထောင့်နားမှ ဟွမ်ယွီလင်းကို ကြည့်လိုက်ပြီးနောက် ချက်ချင်း ထိတ်လန့်သွားရသည်။

*ဒီကောင့် မိန်းမတွေထဲက တစ်ယောက်က မွေးရာပါ စိတ်ဝိညာဉ် အရင်းအမြစ်ကို ပိုင်ဆိုင်ထားတာလား*

*ဒီလိုတည်ရှိမှုမျိုးက ကောင်းကင်အဆင့် ပါရမီရှင်ပဲ*

ဝမ်ကောဖူကျောင်းတော်၌ ပါရမီရှင်များအား အဆင့်လေးဆင့် ခွဲခြားထားသည်။ ၎င်းအဆင့်မှာ ကောင်းကင် အဆင့်၊ မြေကမ္ဘာအဆင့်၊ အနက်ရောင်အဆင့်နှင့် အဝါရောင်အဆင့်တို့ ဖြစ်သည်။ အမြင့်ဆုံးအဆင့်မှာ ကောင်းကင် အဆင့်ဖြစ်သော်လည်း ကောင်းကင်အဆင့် ပါရမီရှင်သည် သမိုင်းတစ်လျှောက် ထွက်ပေါ် လာသမျှက လက်ဆယ်ချောင်းပင် မကျော်ချေ။

ယခု သူတို့ရှေ့၌ ထိုလူမျိုး တစ်ယောက် ရှိနေ၏။ ဤသည်ကိုသာ ကျောင်းတော်သို့ ပြန်တင်ပြလိုက်လျင် ကြီးမားသော အောင်မြင်မှု ရရှိလာမည်မှာ သေချာသည်။ သူတို့ ထိပ်ဆုံးသို့ အဆင့်ဆင့် တက်လှမ်းနိုင် ပေလိမ့်မည်။

ကောင်းကင်အဆင့် တပည့်များက ဝမ်ကောဖူမှ လူအိုကြီးများကိုပင် သူ့တပည့်၊ ကိုယ့်တပည့် ဖြစ်စေရန် အချင်းများစေနိုင်ပြီး ကျောင်းတော်သခင်တောင်မှ ယှဉ်လုရလောက်သည်။

ထိုအခိုက်တွင် ကြီးကြပ်ရေးမှူးလျှိုက ဟွမ်ယွီလင်းထံ လျှောက်သွားပြီး ကြင်နာသည်ဟု ထင်ရသော အပြုံးမျိုး ပြုံးလိုက်သည်။

“မိန်းကလေး မင်း ဒီမှာ စာရင်းသွင်းဖို့ လာတာလား”

ဟွမ်ယွီလင်းက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လေသည်။

“ကောင်းတယ်၊ မင်း ငါတို့ ဝမ်ကောဖူရဲ့ တရားဝင် ရွေးချယ်တာကို ခံလိုက်ရပြီ၊ မင်း အကဲဖြတ်တာတွေ ဝင်ပြိုင်စရာ မလိုတော့ဘူး၊ ကျောင်းတော်ကို တန်းဝင်လို့ရတယ်”

ဤသည်ကိုကြည့်ပြီး ကြီးကြပ်ရေးမှူးလျှို အပျော်လွန်သွားသည်။ ကောင်းကင်အဆင့် ပါရမီရှင်များအတွက် အကဲဖြတ်ပွဲများ၌ ဝင်ပါရန် မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တစ်ဆင့်တည်းနှင့် ကောင်းကင်သို့ တက်လှမ်းနိုင်သည့် ကံကြမ္မာ ပါပြီးသား ဖြစ်သောကြောင့်ပင်။

သူတို့၏ ဤလူရွေးပွဲခန်းမအား ကျောင်းခွဲသာသာဟုသာ သတ်မှတ်နိုင်ပြီး ယခု ကောင်းကင်အဆင့် ပါရမီရှင်ကို ရွေးချယ်နိုင်ခဲ့လေပြီ။ ဟွမ်ယွီလင်းက သူတို့၏ ကံကောင်းစေသည့် ကြယ်လေး၊ သူတို့၏ ဖန်ဆင်းရှင်ဟု ဆိုရပေမည်။

သို့သော် ဟွမ်ယွီလင်းက ခေါင်းခါ၍ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“အခုတော့ ရှင်တို့ ဝမ်ကောဖူကို ကျွန်မ မဝင်ချင်တော့ဘူး”

“အာ ဘာလို့လဲ”

ကြီးကြပ်ရေးမှူးလျှို ချက်ချင်း ပျာယာခတ်သွားသည်။ စားရခံနီးနေသည့် အမဲကို အဘယ်ကြောင့် ပျောက်သွားအောင် လုပ်ရမည်နည်း။

“ဘာလို့လဲဆို‌တော့ ရှင်တို့ ကျွန်မရဲ့ အစ်ကိုယဲ့ကို အနိုင်ကျင့်တယ်လေ၊ ကျွန်မ ရှင်တို့ကို မုန်းတယ်”

ဟွမ်ယွီလင်းက မကျေနပ်သော အမူအရာနှင့် ဒေါသတကြီး ပြောလိုက်သည်။

“အစ်ကိုယဲ့တဲ့လား”

ကြီးကြပ်ရေးမှူးလျှို ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိပြီး မျက်နှာ မည်းမှောင်သွားကာ စိတ်ထဲ၌ လျင်မြန်စွာ တွေးတောမိသွားသည်။

*ဒီကောင်လေးနဲ့ ဒီပါရမီရှင်လေးရဲ့ ပတ်သက်မှုက သာမန် မဟုတ်ဘူးထင်တယ်၊ ငါတို့သာ ဒီကောင်လေးကို ဆက်ရှင်းနေရင် ငါတို့ ပါရမီရှင်တစ်ယောက်ကို လက်လွှတ်ရလိမ့်မယ်*

“စိတ်မပူနဲ့ မင်းအစ်ကိုယဲ့လည်း မင်းလိုပါပဲ၊ သူ အကဲဖြတ် စစ်ဆေးမှုကို ဝင်ဖြေစရာ မလိုဘူး၊ သူ တန်းဝင်နိုင်တယ်”

ထိုအခိုက်တွင် သူ၏ အနာဂတ်အတွက် ကြီးကြပ်ရေးမှူးလျှိုက ယဲ့ဖန်ဘက်၌ ရပ်တည်လေသည်။

“မဖြစ်နိုင်ဘူး”

ကြီးကြပ်ရေးမှူးလီက ထအော်၍ ကြီးကြပ်ရေးမှူးလျှိုကို စူးစိုက်ကြည့်လာ၏။ သူ၏ လူသတ်ချင်စိတ်က တစ်ဖန် တိုးပွားလာပြန်သည်။

All Chapters