← Chapters

လုပ်ပိုင်ခွင့် လွှဲပေးပြီ

Vol. 08 Ch. 356

လုပ်ပိုင်ခွင့် လွှဲပေးပြီ

Vol. 08 Ch. 356

ထန်ရှုက ခဏလောက် နှုတ်ဆိတ်နေပြီးမှ သူ၏စိတ်ဝိညာဉ်အာရုံ အသုံးပြုသည်အား ချန်ထားကာ အခြေအနေအား ရှင်းပြလိုက်သည်။ ထို့နောက် သူက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ရင်း

"ပိုင်မိသားစုက ကျွန်တော်တို့လူတွေမို့ ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ထိုင်နေလို့မရဘူး။ ဟောင်မိသားစုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်ဖို့ ဖူခန်းကို ကျွန်တော် သွားမယ်။ ကျွန်တော့်သတင်းကို စောင့်နေပါ။”

"ငါ မင်းနဲ့လိုက်ခဲ့မယ်။" ထန်ယွင်ဖန်းက အမြန် ပြောလိုက်သည်။

"ဟောင်ကျင်းဖူနဲ့ ငါက ရင်းနှီးမှု မရှိပေမယ့် ငါက ရှုစုရဲ့ အုပ်ချုပ်သူဖြစ်တဲ့အတွက် သူ အနည်းဆုံးတော့ ငါ့ကို မျက်နှာသာ နည်းနည်း ပေးလောက်မှာပါ။"

"ဦးလေးတစ်… ကွမ်းယန်မှာ နေတာ ဘယ်လောက်ကြာပြီလဲ" ထန်ရှုက မေးလိုက်သည်။

ထန်ယွင်ဖန်းက တစ်ခဏမျှ အံ့သြသွားရင်း

"ဒီနေ့နဲ့ဆို သုံးရက်ရှိသွားပြီ။"

“ဦးလေးတစ် … ကျွန်တော့်ကိုယုံရင် ရှုစုကို ပြန်သွားသင့်တယ်ထင်တယ်။ ယောင်မိသားစုက ယောင်ရှင်းဟွာကိုသာ စေလွှတ်ထားတဲ့အချိန် ကျွန်တော်တို့ထန်မိသားစုက ဒီနေရာကို ဦးလေးတစ်ကိုယ်တိုင် လာရောက်နေရတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ထန်မိသားစုက သူတို့ကို အရမ်းမြင့်မြင့်မားမား တွေးနေတယ်လို့ ကျွန်တော် ခံစားနေရတယ်။ ကျွန်တော်နဲ့ ယောင်ရှင်းဟွာက သက်ဆိုင်ရာမိသားစုတွေရဲ့ မျိုးဆက်သစ်တွေမို့ ကျွန်တော်တို့ပြိုင်ပွဲ ဖြစ်ပါစေ။"

“မင်း…” ထန်ယွင်ဖန်း ပါးစပ်ဟမိသော်လည်း သူပြောမည့်စကားအား ပြန်မျိုချလိုက်သည်။

"ကျွန်တော်က မာနကြီးတာ၊ မိုက်မဲတာမဟုတ်သလို ရန်သူကို ပေါ့ပေါ့တန်တန် သဘောထားတာလည်း မဟုတ်ပါဘူး။"

ထန်ရှုက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

"ယောင်တွေ နဲ့ ထန်တွေက အပြည့်အဝ မရှုံးကြသေးပါဘူး။ သူတို့တွေ ကွမ်းယန် နဲ့ ဖူခန်းမှာ ကျွန်တော်တို့ကိုတိုက်ဖို့ ရွေးချယ်ကတည်းက သူတို့မှာလည်း အကြံရခက်တာတွေရှိနေတယ်လို့ ကျွန်တော် ယုံတယ်။ အဲ့ဒါကြောင့် ဒီပြည်နယ်နှစ်ခုကို စစ်မြေပြင်အဖြစ် စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ကျရှုံးရင် ကျွန်တော်တို့မှာ ချို့ယွင်းချက်တချို့ ရှိနေတယ်ဆိုတာ ပြနေတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရရင် ယောင်မိသားစုကို ဖြိုခွဲနိုင်တယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင် ကျွန်တော်တို့မိသားစုရဲ့ မျိုးဆက်သစ်လူငယ်တွေက ယောင်မိသားစုရဲ့ မျိုးဆက်သစ်တွေထက် ပိုကောင်းတယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။”

ထန်ယွင်ဖန်းက မျက်မှောင်ကြုတ်ရင်း

"ထန်ရှု … တိုင်းပြည်က ထိပ်တန်းမိသားစုတွေအကြောင်း မင်းဘယ်လောက်သိလဲ ငါမသိဘူး၊ ဒါပေမယ့် ကွမ်းယန်နဲ့ ဖူခန်းမှာရှိတဲ့ လူအင်အားနဲ့ လုပ်ငန်းတွေက ငါတို့ ထန်မိသားစုအတွက် အရမ်းအရေးကြီးတယ်။ ငါတို့သာ ဒီမှာရှုံးရင် ထန်သားစုရဲ့ အင်အားက ငါးပုံတစ်ပုံအထိ အားနည်းသွားလိမ့်မယ်။”

"ယောင်တို့ ရှုံးနိမ့်ခဲ့ရင်ရော" ထန်ရှုက မေးလိုက်သည်။

"ယောင်တို့ရှုံးရင် သူတို့အခြေအနေက ငါတို့အခုလက်ရှိ အခြေအနေနဲ့အတူတူလောက် ရှိမယ်။ ယောင်မိသားစုက ငါတို့ ထန်မိသားစုထက် ပိုအစွမ်းထက်တာမို့ သူတို့ရဲ့တကယ့်အင်အားက ငါတို့ထက် အဆပေါင်းများစွာ ရှိတယ်။”ထန်ယွင်ဖန်းက ပြောပြသည်။

"ဒါဆို ယောင်တို့ရှုံးရင် ထန်မိသားစုက သူတို့ကို မလှုပ်ရှားနိုင်အောင် လုပ်နိုင်လား။" ထန်ရှုက မေးသည်။

ထန်ယွင်ဖန်းက မပြောခင် တစ်ခဏလောက် စဉ်းစားလိုက်ပြီး

“သူတို့ကို အဲ့လိုလုပ်ထားနိုင်ရင်တောင်မှ ကွာခြားမှု သိပ်မရှိဘူးလို့ ငါ ထင်တယ်။ ယောင်မိသားစုမှာ အစစ်အမှန်အာဏာရှိတဲ့ ပုံရိပ်တွေက မမိုက်မဲသရွေ့ ငါတို့ကို ယာယီတော့ ဆန့်ကျင်ဦးမှာမဟုတ်ဘူး။ ငါတို့ ထန်မိသားစုက အခုချိန်မှာ အမှန်တကယ် အလိုအပ်ဆုံးက အချိန်ပဲ။ ငါတို့မှာ အချိန်ပိုရရင် ငါတို့တွေရဲ့ ခွန်အားက သိသိသာသာ တိုးတက်လာလိမ့်မယ်။”

“ဦးလေးတစ်က အရမ်းယုံကြည်မှု ရှိနေပုံရတယ်။ ဘာဖြစ်လို့လဲ။"

မျက်ခုံးတွန့်သွားရင်း ထန်ရှုက မေးသည်။

“ဒါ ကိုယ့်ကိုယ်ကို ယုံကြည်မှုက လာတာမဟုတ်ဘူး။ အခုဖြစ်ပွားနေတာတွေက ငါတို့အကြီးအကဲရဲ့ နေမကောင်းမှုကနေ စဖြစ်လာတာ။ ယောင်မိသားစုက အခု ငါတို့ ထန်မိသားစုကို ဖယ်ရှားဖို့ လုပ်လာတဲ့ အကြောင်းရင်းက ငါတို့ကို လမ်းရှင်းဖို့ အကဲစမ်းဖို့ ကျောက်ခဲနဲ့ ပစ်သလိုပဲ။ အဖေရဲ့ဖျားနာမှုကို မင်း ကုပေးလိုက်တာကို လူနည်းနည်းပဲ သိတယ်။ အဲဒါကြောင့် အပြင်လူတွေက အဘိုးကြီး ပြန်ကောင်းတာကို မသိကြသေးဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အဖေကိုယ်တိုင် ထန်မိသားစုရဲ့အဓိကအဖွဲ့ဝင်တွေကို နောက်ငါးနှစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တစ်ခု စဖို့ ညွှန်ကြားထားတယ်။ အဲ့ဒါအောင်မြင်သွားတာနဲ့ ငါတို့ထန်မိသားစုရဲ့ခွန်အားက ထိပ်ကို ပြန်ရောက်သွားပြီး နိုင်ငံရဲ့ထိပ်တန်းမိသားစုသုံးစုထဲမှာ ပါလိမ့်မယ်။”

"ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လို စတင်မှာလဲ။" ထန်ရှုက အံ့သြစွာမေးလိုက်သည်။

"လွန်ခဲ့သည့်ဆယ်စုနှစ်က ငါတို့စုဆောင်းထားတဲ့ ငွေတွေကို အစီအစဉ်ထဲကို ပုံအောထည့်လိုက်တယ်။” ထန်ယွင်ဖန်း၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ထန်ရှုသည် စိတ်တွင်းမှ လန့်ဖျပ်သွားကာ ဖြည်းညှင်းစွာ ပြောသည်။

"အခုလောလောဆယ် မိသားစု ဖွံ့ဖြိုးတိုးတက်မှုအကြောင်း အရင်မပြောပါနဲ့ဦး။ ကွမ်းယန်နဲ့ ဖူခန်းတိုက်ပွဲကို ကျွန်တော်နဲ့ ထားခဲ့ပါ။ တည်ငြိမ်တဲ့အောင်ပွဲကို ကျွန်တော် အာမမခံနိုင်ပေမယ့် သူတို့ကို အနိုင်ယူခဲ့မယ်ဆိုရင် ဒီပြည်နယ်နှစ်ခုမှာရှိတဲ့ ယောင်မိသားစုတစ်ခုလုံးရဲ့ လူအင်အားကို လုံးဝပျောက်ကွယ်သွားအောင်လုပ်ဖို့ ကျွန်တော့်မှာ ယုံကြည်ချက်ရှိတယ်။”

ထန်ယွင်ဖန်းသည် ကြက်သေ သေသွားခဲ့ရသည်။

လုံးဝ ပျောက်ကွယ်သွားဖို့လား။

…အကယ်၍သာ သည်နေရာများတွင် ယောင်မိသားစု၏ လူအင်အားများ ပျောက်ကွယ်သွားပါက ထန်မိသားစုကဲ့သို့ ဒဏ်ရာများရရှိကာ နှစ်ဦးနှစ်ဖက် ရှုံးနိမ့်မှုတူညီမည်မဟုတ်ပါလော…

ထန်ယွင်ဖန်း တိတ်တိတ်ဆိတ်ဆိတ် တွေးနေစဉ်မှာပင် သူ့စိတ်ထဲ၌ အတွေးမျိုးစုံဖြင့် တုန်လှုပ်သွားရသည်။ အတန်ကြာပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည် ။

"အရင်ထွက်သွားတော့။ ညစာစားပြီးရင် အဖြေပေးမယ်။"

“ကောင်းပါပြီ။”

ထန်ရှု ထရပ်လိုက်သည်။ ထန်ယွင်ဖန်းသည် အဖိုးဖြစ်သူ ထန်ကောရှန့်အား တင်ပြကာ ညွှန်ကြားချက် ယူလိုသဖြင့် အဖြေကို ချက်ချင်းမပေးခြင်းဖြစ်သည်ကို ထန်ရှု သိသည်။ သို့သော်လည်း ထန်ရှုသည် ထန်မိသားစု၏ အကြီးအကဲကြီးက သဘောတူလိမ့်မည်ဟု ယုံကြည်ထားသည်။ ထို့ပြင် သူ၏လက်ထဲတွင် ဝှက်ဖဲများစွာ ရှိကြောင်း ဖော်ပြထားပြီးဖြစ်သည်။

ထန်ရှု၊ ထန်ဝေနှင့် ရွှဲ့ကျီတို့သည် ပထမထပ်သို့ အမြန်သွားလိုက်ကြသည်။

သိလိုစိတ်ပြင်းပြနေသော ထန်ဝေသည် နောက်ဆုံးတွင် မေးရန် အခွင့်အရေး ရသွားသည်။

“ညီလေး … ဟောင်မိသားစုရဲ့အကြီးအကဲက မင်းရဲ့လက်အောက်ငယ်သားဆီမှာ အကြွေးတင်နေခဲ့တယ်လို့ မင်း ပြောခဲ့တယ်။ မင်းရဲ့လက်အောက်ငယ်သားက ကြီးမားတဲ့ ပုံရိပ်ရှိတာလား ဒါမှမဟုတ် တစ်ခုခုများလား။"

ရွှဲ့ကျီလည်း နားစွင့်ထားသည် ။

"ငါ အဲ့ဒီအကြောင်း မသိဘူးလို့ မင်းကို ပြောခဲ့တယ်မဟုတ်ဘူးလား။  အချိန်တန်တဲ့အထိ စောင့်ပါဦး။ ပြီးရင် ငါရှင်းပြပါမယ်။"

ထန်ရှုက ရယ်လိုက်သည်။

ထန်ဝေ၏မျက်နှာတွင် စိတ်ပျက်သွားသော အမူအရာ ပေါ်ထွက်လာသော်လည်း ထန်ဝေက လက်မလျှော့သေးဘဲ

“ဒါပေမယ့် သူဘာလုပ်လဲဆိုတာတော့ မင်းပြောနိုင်တယ် မဟုတ်လား။ ဟောင်မိသားစုရဲ့ အကြီးအကဲကို အကြွေးတင်နေအောင်လုပ်နိုင်တဲ့သူက ထင်ရှားတဲ့သူပဲဖြစ်ရမယ်။ ခန်းရှများ ဖြစ်နိုင်မလား။"

“အဲဒါ သူမ မဟုတ်ဘူး။”ထန်ရှုက ခေါင်းယမ်းရင်း "အဲ့ဒီတစ်ယောက်က စားသောက်ဆိုင်လုပ်ငန်းကို လုပ်တဲ့သူပါ။"

စားသောက်ဆိုင်လုပ်ငန်းဟုတ်လား။

ထန်ဝေက ထန်ရှုရဲ့စကားကို မယုံသော်လည်း ထန်ရှုက သူ့အား အမှန်တကယ်မပြောချင်တာကြောင့် သူ၏မေးခွန်းအား ရင်ထဲ သိမ်းထားလိုက်ရသည်။

ပေကျင်း … ထန်မိသားစု၏ ဘိုးဘွားစံအိမ်…

ထန်ကောရှန့်သည် အိမ်အပြင်ဘက်တွင်ထိုင်ကာ အေးမြသောလေအား ရှူရှိုက်ခံစားနေသည်။ သူ၏ဘေးတွင် ထန်ယွင်သဲ့နှင့် ထန်မင်းတို့ ရှိကြသည်။

"ယွင်သဲ့ … ရှုအာက ဒီလိုလုပ်ချင်တဲ့အတွက် ကွမ်းယန်ကို သွားတာ အဖေတို့ မတားလိုက်ဘူး။ နောက်ပြီး ဒါက လူငယ်တွေအတွက် အတွေ့အကြုံရဖို့ ကောင်းတဲ့အရာတစ်ခုပါပဲ။ သူ့လုပ်ရပ်တွေကို အရင်က မင်းလည်း မြင်ဖူးလိမ့်မယ်လို့ အဖေ ယုံကြည်တယ်။ သူက ထက်မြက်ပြီး စိတ်ဓာတ်ပြင်းထန်တယ်။ ဒီမိသားစုရဲ့ တိုက်ပွဲကို ကျော်ဖြတ်ပြီးရင် အဲ့ဒါက သူ့ကို ပိုမို ရင့်ကျက်မှု မြန်စေလိမ့်မယ်။” ထန်ကောရှန့်က လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ပြုံးရွှင်စွာနှင့် ပြောလိုက်သည်။

"ဒီကလေးက ကျွန်တော်နဲ့တူပုံရတယ်" ထန်ယွင်သဲ့က ခေါင်းညိတ်ကာ ပြုံးလိုက်ရင်း

"သူသွားဖို့ ဆုံးဖြတ်ထားရင် သွားကို သွားလိမ့်မယ်။ သူ့အားသူကိုးပြီး လုပ်ငန်းတစ်ခုကို ထူထောင်နိုင်တယ်။ သူ့အလုပ်သူ ကြိုးစားတယ်။ သိသာစွာပဲ သူက အဲ့ဒါတွေမှာ ဦးနှောက်ပြေးတယ်ဆိုရမလားပဲ။ ကွမ်းယန်ပြည်နယ်မှာ သူ နည်းနည်း အကူအညီပေးနိုင်မယ်လို့ သူ မျှော်လင့်ထားတယ်။”

“ဒါပေမယ့် ငါလည်း သူ့ကို အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။” ထန်ကောရှန့်က ရယ်မောလိုက်ရင်း “သူ ဘာအန္တရာယ်မှ မကြုံသရွေ့တော့ ငါ့အတွက် အဆင်ပြေပါတယ်။ ငါတို့ထန်မိသားစုက ယောင်မိသားစုနဲ့ တိုက်ပွဲဝင်နေတာမို့ သွေးထွက်သံယို တိုက်ပွဲများကို မြင်ရဖို့ သူ နောက်တန်းကနေ နေနိုင်တယ်။ အဲဒါ့ဆို မိသားစုကြီးတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကစားပွဲကို သူ့အလိုလို သိလာလိမ့်မယ်။

"အင်း … ကျွန်မကတော့ ထန်ရှုက မဆိုးဘူးထင်တာပဲ။" ထန်မင်းက ရယ်မောရင်း “ကျွန်မ သူ့အတွက် ရှန်ဟိုင်းမှာ အိမ်ခြံမြေဝယ်ဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်တယ်။ ထန်ရှုက အဲဒီမှာ နှစ်ညနေခဲ့ပေမယ့်  အဲဒီ့မှာထားပေးထားတဲ့ ဇိမ်ခံကားလေးစီးကို သူ့ကျောင်းဝင်းဆီကို ယူမမောင်းဘူးဆိုတဲ့ သတင်းကို ကျွန်မ ရထားတယ်။ သူက ကျောင်းဝင်းထဲက မောက်မာတတ်တဲ့ ပိုးဘောင်းဘီသခင်လေးတွေလို ဟော့ဟော့ရမ်းရမ်း မနေထိုင်ဘူး။ အဲ့ဒီအစား သူက သိုသိုသိပ်သိပ်နေပြီး သူ့အတန်းဖော်အသစ်တွေနဲ့လည်း အဆင်ပြေအောင် နေတယ်။”

"မင်းက သူ့ကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာလား။" ထန်ကောရှန့်က မျက်မှောင်ကြုပ်သွားရင်း မေးသည်။

“သူ့ကို စုံစမ်းဖို့ဆိုတာထက် သူ့ကို လျှို့ဝှက်စွာ ကာကွယ်ပေးဖို့ပါ။ ဒါပေမယ့် ကျွန်မ လူတစ်ယောက်ကို ရှန်ဟိုင်းကို လွှတ်လိုက်တဲ့အခါ သူနဲ့ ထန်ဝေက ကွမ်းယန်ပြည်နယ်ကို ထွက်သွားကြပြီ။ ကျွန်မ ရခဲ့တဲ့သတင်းကို ကျွန်မလွှတ်လိုက်တဲ့သူ စုံစမ်းပေးပို့တာဖြစ်တယ်။ အဲ့ဒီကနေ ထန်ရှုအကြောင်း ကျွန်မ ဖြည်းဖြည်းချင်း သိလာရတယ်။” ထန်မင်းက ပြောပြသည်။

ထန်ကောရှန့်က တိတ်တဆိတ် ခေါင်းညိတ်သည်။

ဖုန်းမြည်သံ…

ထိုအချိန်တွင် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာသည်။

ထန်ကောရှန့်၏ မျက်ခုံးများ မြင့်တက်သွားသည်။ သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။ ထို့နောက် သူက လေးနက်သောအသံဖြင့်

“ဘယ်လို ဖြစ်သွားပြီလဲ။ အဲဒီလူကို ကယ်လိုက်နိုင်ပြီလား”

“ဟုတ်ကဲ့။ ကယ်ပြီးပြီ အဖေ။ အဲ့ဒါ့ပြင် ကျွန်တော်တို့ ကြီးကြီးမားမား နိုင်ပွဲရခဲ့ပါတယ်။”

"ငါ့ကို ပြောပြဦး။"

"ဟုတ် … အဲ့ဒီကယ်ဆယ်ရေးလုပ်ငန်းက တကယ်တော့ ထန်ရှုလက်အောက်ကနေ..."

ထန်ကောရှန့်က သားဖြစ်သူထန်ယွင်ဖန်း၏တင်ပြမှုအား တိတ်တဆိတ် နားထောင်နေရင်း ပိုမို၍သိရလေ၊ သူ၏မျက်နှာတွင် အံ့အားသင့်မှုများ ပိုမိုပြင်းထန်လာလေ ဖြစ်သည်။ အဆုံးသတ်တွင် သူ၏ အံ့အားသင့်နေသော အမူအရာသည် တုန်လှုပ်နေသောအသွင် ဖြစ်လာခဲ့သည်။

"သဘောတူတယ်။"

ထန်ယွင်ဖန်း၏ အစီရင်ခံစာကို ကြားပြီးနောက် ထန်ကောရှန့်က ပြတ်ပြတ်သားသား အဖြေပေးလိုက်သည်။

“အဲဒါဆိုရင် ကျွန်တော် ရှုစုပြည်နယ်ကို ပြန်သွားမယ်။ အဲ့ဒါမှ ထန်ရှုက ဒီမှာ လုပ်ပိုင်ခွင့်အပြည့်ယူလို့ရမယ်။” ထန်ယွင်ဖန်းက ပြောသည်။

"အိုကေ။"

ထန်ကောရှန့်က ပြန်ပြောပြီး ဖုန်းကို ချလိုက်သည့်တိုင် သူ၏မျက်နှာထက်မှ အံ့သြတုန်လှုပ်မှုအမူအရာသည် အချိန်အတော်ကြာအောင် မပျောက်ကွယ်သွားချေ။

ထန်မင်းနှင့် ထန်ယွင်သဲ့က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး

“အဖေ ဘာဖြစ်လို့လဲ။ ကြယ်စင်အလင်းရဲ့ လက်ထောက်ညွှန်ကြားရေးမှူးကို ကယ်တင်နိုင်ခဲ့လား။ အစ်ကိုကြီး အဖေ့ကို ဘာပြောလဲ။"

ထန်ကောရှန့်၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း ပြောင်းလဲသွားကာ အပြုံးတစ်ခု အစားထိုး ဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏လက်ကို ဆန့်တန်းရင်း ထန်ယွင်သဲ့၏ပခုံးအား ခပ်ပြင်းပြင်းပုတ်ရင်း

"ယွင်သဲ့ … မင်းက သားကောင်းတစ်ယောက်အဖြစ် ဘဝကို ပေးအပ်သလို ငါ့ကို မြေးကောင်းတစ်ယောက်လည်း ပေးခဲ့တယ်။"

ပဟေဠိဖြစ်ကာ ဇဝေဇဝါဖြစ်သွားသော ထန်ယွင်သဲ့က

"ရှုအာ ဘာလုပ်လိုက်လို့လဲ အဖေ။ ဘာဖြစ်သွားခဲ့လို့လဲ။"

ထန်ကောရှန့်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောသည် ။

"ယောင်မိသားစုက ကွမ်းယန်မှာရှိတဲ့ ထန်မိသားစုကို အလွန်အမင်း နှိမ်နှင်းနေတာမို့ အဲဒီနေရာကို ရဖို့ မတတ်နိုင်ခဲ့သလို လုံးဝ စွန့်လွှတ်ရလုနီးပါး ဖြစ်ခဲ့တယ်။

အခုမှရောက်သွားတဲ့ ရှုအာက တစ်ညတည်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုကို လုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။

ထန်ကောရှန့်က  ကွမ်းယန်ပြည်နယ်ကိစ္စအား အမြန်ပြောပြလိုက်ပြီးနောက် သက်ပြင်းချလိုက်ပြီး

"ဒီအဖြစ်အပျက်တွေကြောင့် ယွမ်ဖန်းထွက်သွားမှာကို ငါ လုံးဝသဘောတူလိုက်တာမဟုတ်သလို ထွက်သွားဖို့ ခွင့်ပြုလိုက်တာမဟုတ်ပါဘူး။ ဒါပေမယ့်... ရှုအာရဲ့လက်ထဲက ဝှက်ဖဲတွေက ငါတို့ထင်ထားတာထက် အများကြီး အစွမ်းထက်နေမလားလို့ တွေးမိတယ်။"

အံ့သြတုန်လှုပ်နေသည့်အမူအရာဖြင့်ရှိနေသော ထန်မင်းသည် ဖခင်၏နောက်ဆုံးစကားကို ကြားပြီးနောက် ချက်ချင်းမေးလိုက်သည်။

"အဖေ …. ထန်ရှုလက်ထဲက ဘယ်လိုဝှက်ဖဲမျိုးလဲ။"

"ဖူခန်းရဲ့ဟောင်မိသားစုအကြောင်း မင်းသိလား။" ထန်ကောရှန့်က မေးလိုက်သည်။

"ကျွန်မ သိတယ်။ သူတို့က ဖူခန်းပြည်နယ်မှာရှိတဲ့ မိသားစုကြီးတွေထဲက တစ်စုပါ။” ထန်မင်းက ခေါင်းညိတ်ရင်း

“သူတို့က လွတ်လပ်ပြီး ဘက်မလိုက်ဘဲ မိသားစုတိုက်ပွဲတွေမှာ ပါဝင်တာ ရှားတယ်။ နောက်ပြီး ဟောင်မိသားစုရဲ့မိသားစုအကြီးအကဲကြီးကလည်း အသက်ရှင်နေသေးတယ်။ အခုဆိုရင် အသက်က ၁၀၆နှစ်ရှိပြီထင်တယ်။ သူက အတိတ်တုန်းကဆို တိုင်းပြည်အတွက် ကောင်းမွန်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်လည်း ဖြစ်တယ်။”

"ဟုတ်တယ်၊ ငါ စစ်တပ်မှာတုန်းက ဟောင်မိသားစုထဲက တစ်ယောက်ရှိတယ်။ သူ့နာမည်က ဟောင်ကျင်းမင်။" ထန်ယွင်သဲ့လည်း ခေါင်းညိတ်သည်။

"မင်းသိတဲ့ အဲ့ဒီဟောင်ကျင်းမင်က အခုဆို ရာထူးကြီးတဲ့လူတစ်ယောက်ဖြစ်နေပြီ။ သူ ခြေတစ်ဖက်ချလိုက်တာနဲ့ ဖူကန်းပြည်နယ်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်။”

ထန်ကောရှန့်က ပြောပြသည်။

"အဖေ့စကားတွေကို နားထောင်ရတာ ရှုအာနဲ့ ဟောင်မိသားစုကြားမှာ ဆက်ဆံရေး နည်းနည်းရှိပုံရတယ်။" ထန်ယွင်သဲ့က မေးလိုက်သည်။

ထန်ကောရှန့်က ရယ်လိုက်ရင်း “အဲ့ဒါက ရိုးရိုးရှင်းရှင်းနဲ့ ပတ်သက်တာထက်ကို အများကြီး ပိုပါတယ်။ သူတို့တွေက နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိကြတယ်။ ဟောင်မိသားစုရဲ့အကြီးအကဲက ရှုအာရဲ့လက်အောက်ငယ်သားကို မျက်နှာသာပေးရတယ်လို့ ရှုအာက ယွင်ဖန်းကို ပြောတယ်။ စဉ်းစားကြည့် … ဟောင်မိသားစုရဲ့အကြီးအကဲက ဘယ်လိုမျိုး ပုံရိပ်ရှိတာလဲ။ အဲ့ဒါတောင် သူက ရှုအာရဲ့ လက်အောက်ငယ်သားဆီမှာ မမျှော်လင့်ဘဲ မျက်နှာသာပေးရမှာ ရှိခဲ့တယ်။ အခုဆို ငါ ရှုအာရဲ့လက်ထဲက ဝှက်ဖဲတွေအကြောင်း ပိုပိုပြီး သိချင်လာမိတယ်။"

ထန်ယွင်သဲ့နှင့် ထန်မင်းတို့သည် ထိုစကားများအား ကြားပြီးနောက် တခဏမျှ တွေတွေကြီး စိုက်ကြည့်နေကြကာ အံ့သြမှုအမူအရာသည် ချက်ချင်းပင် သူတို့၏ မျက်နှာပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

ဟောင်မိသားစုသည် အလွန်စွမ်းအားကြီးကြသည်။ သူတို့သည် ထန်မိသားစုနှင့် တန်းတူမရှိသော်လည်း

ဟောင်မိသားစုကသာ ထန်မိသားစုအား ကွမ်းယန်နှင့် ဖူခန်းပြည်နယ်ရှိ ယောင်မိသားစုကို တိုက်ခိုက်ချိန်တွင် ကူညီပေးနိုင်မည်ဆိုပါက အောင်ပွဲနိုင်ခြေသည် များစွာ တိုးလာမည်ဖြစ်ပေသည်။

"ရှုအာက မင်းအစ်ကိုကြီးကို ထွက်သွားစေချင်တယ်။ သူက ထန်မိသားစုနဲ့ ယောင်မိသားစုကြားက တိုက်ပွဲအတွက် လုပ်ပိုင်ခွင့်ယူချင်တယ်။ ပြီးတော့ ငါက သဘောတူပြီးပြီ။" ထန်ကောရှန့်က ရယ်လိုက်သည်။

"အဖေ … ဒါက အသေးအဖွဲကိစ္စမဟုတ်ဘူး။" ထန်ယွင်သဲ့က ချက်ချင်းပြောလိုက်သည်။ "ရှုအာက ငယ်ပါသေးတယ်။ အဖေ ပိုပြီး သေသေချာချာ မစဉ်းစားနိုင်ဘူးလား။"

"မလိုဘူး။" ထန်ကောရှန့်က ရယ်နေရင်း "ယောင်မိသားစုက သူတို့ရဲ့ အဓိကအဖွဲ့ဝင်တွေကို မပို့ဘူး။ ယောင်ရှင်းဟွာဆိုတဲ့ ကလေးကိုပဲ သူတို့ လွှတ်လိုက်တာ။ ရှုအာမှာ ယုံကြည်ချက်ရှိနေလို့ သူ့ကို လုပ်ခွင့်ပေးလိုက်ပါ။ အဲ့ဒီတိုက်ပွဲမှာ ငါတို့ ရှုံးခဲ့ရင်တောင် အဲ့ဒါက သူ့ကို  မြန်မြန် ကြီးပြင်းလာအောင် လုပ်ပေးနိုင်သရွေ့ အဲ့ဒီအရှုံးကို ငါလက်ခံတယ်။”

***

All Chapters