← Chapters

နေရာ

Vol. 08 Ch. 358

နေရာ

Vol. 08 Ch. 358

မျှော်လင့်ချက်…

ထန်ရှု၏စကားများမှတဆင့် ပိုင်မိသားစု၏ အဓိကအဖွဲ့ဝင်များသည် မျှော်လင့်ချက်ဆိုသည်အား ရုတ်တရက် တွေ့မြင်လာသည်။

သည်အချင်းအရာသည် သူတို့၏ယခင်က ဖြစ်ပေါ်နေသော ဆောက်တည်ရာမရဖြစ်နေမှုအား တည်ငြိမ်သွားအောင် ပြုလုပ်နိုင်ခဲ့ပေသည်။

“ဦးလေးပိုင်နှစ် … ကျွန်တော့်ကို အချိန်အချို့တော့ ကျေးဇူးပြုပြီး ပေးပါ။ ပိုင်မိသားစုရဲ့အကြီးအကဲကို ကယ်ဖို့အတွက် ကျွန်တော့်အဆက်အသွယ်ကို အသုံးပြုရမှာမို့ပါ။ ကွမ်းယန်မှာရှိတဲ့ ယောင်မိသားစုနဲ့ တိုက်ပွဲမှာ ကျွန်တော်တို့ ထန်မိသားစု ရှုံးနိမ်ခဲ့ရင်တောင် ပိုင်မိသားစုရဲ့အကြီးအကဲကို စွန့်လွှတ်မှာ မဟုတ်သလို သူ ထောင်မကျအောင် ကျွန်တော်တို့ ကာကွယ်ပေးသွားမယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲတယ်။ ဒီ…ဟာကိုတော့ ကျွန်တော် ဦးလေးကို အနည်းဆုံး အာမခံနိုင်တယ်။” ထန်ရှုက ပြောသည်။

ထန်ရှု၏စကားများအား နားထောင်ပြီး ပိုင်ထောင်၏ရင်ထဲတွင် ထိရှသွားရသည်။

သည်စကားသည် အမှန်အားဖြင့် ထန်ယွင်ဖန်းဆီမှ သူ ကြားလိုခဲ့သော စကားများဖြစ်သည်။ သို့သော်လည်း ထိုလူက အချိန်ကြာမြင့်သည့်တိုင်အောင် ထိုကိစ္စအား စကားမဟခဲ့ပေ။ ထိုကဲ့သို့သော အခြေအနေတစ်ခုသည် သူ့အား အတန်ပင် ဒေါသဖြစ်စေသည်။ သို့သော် ထန်ရှု၏စကားများသည် သူ၏ရင်တွင်းမှ ဒေါသများအား လုံးဝချေဖျက်ပေးလိုက်ပြီဖြစ်သည်။

“ထန်ရှု… ငါ မင်းရဲ့စကားတွေကို မှတ်ထားပါမယ်။ ငါတို့ပိုင်မိသားစုက ဘယ်တော့မှ ထန်မိသားစုက ခွဲထွက်မှာ မဟုတ်ဘူးဆိုတာကို ငါလည်း မင်းကို ပြောချင်ပါတယ်။ နောက်ပိုင်း မင်းမှာ ဘယ်လို အစီအစဉ်တွေပဲရှိရှိ ငါတို့ဆီက ချွင်းချက်မရှိ ထောက်ပံ့မှုကို ရလိမ့်မယ်။ မင်း ငွေကြေးပဲလိုလို လူအင်အားပဲလိုလို မင်း ရလိမ့်မယ်။”

ပိုင်ထောင်က ပြတ်သားစွာ ပြောလိုက်သည်။

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း မတ်တတ်ရပ်လိုက်ကာ

“ကျွန်တော်တို့က လူကြီးလူကောင်းတစ်ယောက်လို ကိုယ့်ရဲ့အာမခံချက်အတွက် ရင့်ကျက်စွာ စွဲကိုင်ထားရမယ်။ အခုလောလောဆယ်တော့ ပိုင်မိသားစုရဲ့အကူအညီကို ကျွန်တော်တို့ မလိုအပ်သေးပါဘူး။ အဲ့ဒါကြောင့် ဦးလေးတို့က ယောင်နဲ့စွန်းမိသားစုတွေရဲ့လှုပ်ရှားမှုက ကာကွယ်ဖို့ကိုပဲ အထူးသတိထားပါ။ စကားမစပ် ကျွန်တော်တို့ ဒီမှာ အကြာကြီး နေလို့မရဘူး။ ကျွန်တော့်ဆီက သတင်းကောင်းကို စောင့်ပါ။”

“ကောင်းပြီ။ ငါ မင်းကို လိုက်ပို့ပေးမယ်။” ပိုင်ထောင် ခေါင်းညိတ်သည်။

အဆောက်အဦးအပြင်ဘက်သို့ ရောက်သည့်အခါ ထန်ရှုက ရုတ်တရက် ပြောလိုက်သည်။

“ပိုင်ဦးလေးနှစ် … ကျွန်တော်တို့ကို ကားတစ်စီးလောက် ပေးဖို့ ဦးလေးကို ဒုက္ခပေးရတော့မှာပဲ။ ယောင်နဲ့စွန်းမိသားစုတွေ သိသွားမှာစိုးလို့ မေပယ်နီအိမ်ရာက ကျွန်တော်တို့ တိတ်တဆိတ် ခိုးထွက်လာခဲ့တာ။”

ပိုင်ထောင်က ပိုင်ဘင်းအား လက်ဝှေ့ယမ်းပြလိုက်သည်။

ပိုင်ဘင်း ချက်ချင်းပင် အိမ်အတွင်းသို့ ဝင်သွားခဲ့ပြီး တစ်မိနစ်အကြာတွင် ကားသော့အနည်းငယ်ဖြင့် ပြန်ထွက်လာခဲ့သည်။ သူမက ထန်ရှုအား ကားသော့များ လှမ်းပေးလိုက်ရင်း အပြုံးဖြင့်

“ခြံထဲမှာရပ်ထားတဲ့ ကားသော့တွေပါ။ နင် ကြိုက်တာ ယူသွားပါ။”

ထန်ရှုက ထိုကားများအား တစ်ချက် လှမ်းကြည့်လိုက်ရင်း

“ကျွန်တော် ဘောက်စ်ဝက်ဂွန်တီဂူအန်ကားကို ယူသွားလိုက်မယ်။ အဲ့ဒီကားက ဈေးလည်း သိပ်မကြီးတော့ အာရုံစိုက်တာမခံရဘူး။”

၂မိနစ်ကြာသော် ထန်ရှု၊ ရွှဲ့ကျီနှင့် သက်တော်စောင့်၂ယောက်သည် လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

ကားပေါ်တွင်…

ရွှဲ့ကျီက အံ့အားသင့်နေသော အမူအရာဖြင့်

“ထန်ရှု…ငါတို့ရဲ့ပုန်းအောင်းမယ့်နေရာ ပြောင်းချင်နေတာကို ပိုင်မိသားစုဆီ ဘာလို့အကူအညီမတောင်းတာလဲ။ သူတို့က ဒီမှာနေလာတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သူတို့ဆီကဆိုရင် ငါတို့ပုန်းခိုဖို့ သင့်တော်တဲ့နေရာတွေ အများကြီး ရနိုင်မယ်လို့ ငါ ယုံတယ်။”

ထန်ရှုက ဖျော့တော့သောအပြုံးတစ်ခုအား ပြုံးလိုက်ရင်း

“အန်တီရွှဲ့… အခုလိုအရေးကြီးတဲ့အချိန်မှာ သူတို့က အမှန်တကယ် ကျွန်တော်တို့လူဖြစ်နေတာတောင် တတ်နိုင်သမျှ နည်းနည်းပဲ ပေးသိတာ အကောင်းဆုံးပဲ။ ပိုင်မိသားစုဝင်တစ်ယောက်ယောက်ကို ယောင်နဲ့စွန်းမိသားစုက သိမ်းသွင်းမထားပါဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။”

ရွှဲ့ကျီက ကြက်သေသေသွားပြီး အေးခဲသွားရသည်။ သူမသည် ထန်ရှုအား ယခုမှ မတူညီသောအမြင်ဖြင့် ကြည့်မိသည်။

သိုသိုသိပ်သိပ်နေပြီး သတိကြီးသည်။

အစက ကွမ်းယန်ပြည်နယ် လုပ်ပိုင်ခွင့်အာဏာအား ထန်ရှုဆီသို့ လွှဲပြောင်းပေးမှုအတွက် ယောင်မိသားစုအား ထန်ရှု တိုက်ခိုက်ရန် ယုံကြည်မှုအချို့သာ ရွှဲ့ကျီထံတွင် ရှိခဲ့သည်။ သို့သော် ယခုအချိန်တွင် မျှော်လင့်ချက်ရောင်ခြည်သည် သူမ၏ရင်ထဲတွင် မြင့်တက်လာရပြီဖြစ်သည်။ ထို့ပြင် သည်ညတွင် ထန်ရှုလုပ်ခဲ့သောအရာ - အထူးသဖြင့် ပိုင်မိသားစုထဲတွင် ပြောဆိုဆက်ဆံခဲ့မှုကို ကြည့်ခြင်းဖြင့် ထန်ရှု၏နည်းဗျူဟာသည် ပါးနပ်ချက်ချာမှုရှိသည်ကို သူမ မြင်နိုင်သည်။ ဆောက်တည်ရာမရဖြစ်နေကြသော ပိုင်မိသားစု၏လူများသည် အနည်းဆုံးတော့ ယခုအချိန်တွင် အေးငြိမ်းသွားကာ နှစ်သိမ့်ခံရပြီးဖြစ်တော့သည်။ ထိုမှတဆင့် ထန်ရှုသည် ထိုသူတို့၏စိတ်နှလုံးအား အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီးဖြစ်ပေသည်။

“အဲ့ဒါဆို ငါတို့ အခု ဘယ်သွားကြမှာလဲ။” ရွှဲ့ကျီက မေးလိုက်သည်။

“ကျွန်တော်တို့ ကွမ်မြို့ထဲက အရမ်းရှုပ်ထွေးနေတဲ့ နေရာတစ်ခုကို ရှာကြမယ်။ ကျွန်တော် ပြောတဲ့နေရာမျိုးက ဒေသခံမဟုတ်တဲ့သူတွေ အများကြီး ရှိပြီး လူအဝင်အထွက်များတဲ့နေရာမျိုး။ အခုကစပြီး ကျွန်တော်တို့ လူတွေအများကြီးကို ရွှေ့မှာဆိုတော့ ဘယ်လိုမတော်တဆမှုမျိုးမဆို ကာကွယ်ဖို့အနေနဲ့ ကျွန်တော်တို့ကိုယ်ကိုယ်ကိုယ် ဖုံးကွယ်ထားဖို့ သင့်လျော်တဲ့ နေရာတစ်ခု ရှိမှရမယ်။”

ရွှဲ့ကျီက အံ့အားသင့်သွားပြီး

“ထန်ရှု…ဒီလိုနေရာမျိုးတစ်ခုကို ရှာတာက … လူတွေအများကြီး ရောနေရင် သတင်းတွေ ပေါက်ကြားသွားမှာ နင် မကြောက်ဘူးလား။”

“ကြောက်စရာ ဘာမှ မရှိဘူး။” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ကျွန်တော်တို့ ဂရုစိုက်နေရင် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နိုင်မယ်ဆိုတာ ယုံကြည်တယ်။ ကျွန်တော် နည်းလမ်းတစ်ခု စဉ်းစားထားတယ်။”

ထန်ရှု ဆိုလိုသည့် “နည်းလမ်းတစ်ခု စဉ်းစား” အား သူမ မသိသော်ငြား ရွှဲ့ကျီသည် ထန်ရှုကို ယုံကြည်ရန် ရွေးချယ်နေတုန်းပင်ဖြစ်သည်။ ထန်ရှု ဒီနေ့လုပ်ဆောင်ခဲ့သော အရာများသည် သူမအား အမှန်တကယ်ပင် ယုံကြည်မှုရှိစေသည်။

“ငါတို့ ဟောင်ပိုဒေသကို သွားနိုင်တယ်။” ကားမောင်းသူနေရာတွင် ထိုင်နေသော ရွှဲ့ကျီ၏သက်တော်စောင့်က ပြောလိုက်သည်။

“ဟောင်ပိုဒေသက ဘယ်နေရာလဲ။” ထန်ရှုက မေးသည်။

“ဟောင်ပိုဒေသက ကွမ်မြို့ရဲ့အနောက်တောင်ပိုင်းမှာ ရှိတယ်။ အဲ့ဒီဒေသမှာ စက်မှုဇုန်တွေ၊ စီမံကိန်းငယ်လေးတွေနဲ့ တစ်ဦးတည်းပိုင် အလုပ်ရုံငယ်လေးတွေ အများကြီးရှိတယ်။ နှစ်တိုင်း ရွှေ့ပြောင်းအလုပ်သမားတွေအများကြီး အဲ့ဒီကို သွားကြတယ်။ ထန်မိသားစုအောက်မှာရှိတဲ့ အဝတ်အထည်စက်ရုံကလည်း အဲ့ဒီမှာ ရှိတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ပြန်လည်ပြုပြင်ရေး၊ ဖွံံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဆောင်နေပေမယ့်လည်း အဲ့ဒီနေရာမှာ ဟောင်းနွမ်းစုတ်ပြတ်တဲ့နေရာတွေ အများကြီး ရှိသေးတယ်။ အဲ့ဒါကြောင့် လူအများကြီး ပုန်းခိုဖို့ သင့်တော်တဲ့ နေရာတစ်ခု ဖြစ်နိုင်တယ်လေ။”

ရွှဲ့ကျီက ရှင်းပြသည်။

ထန်ရှုက ခေါင်းညိတ်လိုက်ရင်း ဟောင်မိသားစု အကြီးအကဲအား ဖုန်းခေါ်လိုက်သည်။ ထိုသူထံမှတဆင့် ဟောင်ပိုဒေသတွင်လည်း ထောက်လှမ်းရေးတစ်ယောက် ရှိသည်ကို သူ သိလိုက်ရသည်။ ထိုထောက်လှမ်းရေး၏ဖုန်းနံပါတ်အား သူ တောင်းယူထားလိုက်သည်။

ကောစန့်…

သူသည် ဟောင်ပိုဒေသ ယွဲ့ယန်လမ်းရှိ အင်တာနက်ဆိုင်တစ်ဆိုင်၏ပိုင်ရှင်ဖြစ်သည်။ သူသည် သည်နေရာတွင် အင်တာနက်စီးပွားရေးလုပ်ငန်းအား လုပ်ကိုင်ခဲ့သည်မှာ ၁၀နှစ်ကျော်ပြီဖြစ်သောကြောင့် ဒေသခံလူမိုက်များနှင့် ရှုပ်ထွေးသော ဆက်ဆံရေးတစ်ခု ရှိသည်။ သည်နေရာ၌ သူ့တွင် အခြားပုံရိပ်တစ်ခု ရှိသေးသည်။ ဟောင်မိသားစု၏ ထောက်လှမ်းရေးတစ်ယောက် ဖြစ်သည့်အပြင် ဒေသတာဝန်ခံတစ်ယောက်လည်းဖြစ်သည်။

မိသားစု၏ခေါင်းဆောင်မှ ကိုယ်တိုင်ဆက်လာသော ဖုန်းအား လက်ခံခဲ့ပြီးနောက် ကောစန့် အတော် စိတ်လှုပ်ရှားနေခဲ့သည်။ တစ်ဖက်လူအား ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်လူ မည်သည့်အရာကိုပင် တောင်းဆိုသည်ဖြစ်စေ သူ တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ပေးမည်ဖြစ်သည်။ သူသည် ထန်ရှုထံမှ ဖုန်းခေါ်ဆိုမှုအား ရရှိပြီး သူ၏အင်တာနက်ဆိုင်ရှိရာ နေရာအား ပြောပြလိုက်သည်။

သူ၏ယုံကြည်စိတ်ချရသူများနှင့်အတူ ကောစန့်သည် အင်တာနက်ဆိုင်နားရှိထောင့်တွင် ထိုင်ကာ ထန်ရှုနှင့် အခြားသူများ ရောက်အလာအား စောင့်နေသည်။ သူ၏ဘေးတွင် တည်ငြိမ်သောသွင်ပြင်ဖြင့် လူရွယ်တစ်ဦးက စီးကရက်တစ်လိပ်အား ဖွာရှိုက်လိုက်ပြီး မော့ကြည့်ကာ မေးလိုက်သည်။

“အစ်ကိုကြီး…အဲ့ဒီလူက ဘယ်သူလဲ။ တွေးကြည့်ရင် သူဋ္ဌေးကြီးကိုယ်တိုင်ကတောင် ကျွန်တော်တို့ကို အမိန့်ပေးဖို့ သူက ထိုက်တန်ပြီး သူနဲ့တွဲလုပ်ဖို့  အားကုန်စိုက်ထုတ်ရမှာလား။”

ကောစန့်က ခေါင်းယမ်းလိုက်ရင်း

“ငါ မသိဘူး။ ဒါပေမယ့် သူဋ္ဌေးကြီးကိုယ်တိုင် အမိန့်ပေးတာဆိုတော့ ငါတို့အလုပ်ကို ပြီးမြောက်အောင် လုပ်ရမယ်။ ငါတို့ ကောင်းကောင်း လုပ်ခဲ့ရင် အရမ်းကောင်းတဲ့ ဆုလာဘ်ရမယ်လို့ သူဋ္ဌေးကြီးက ကတိပေးထားပြီးပြီ။ ငါတို့ ကောင်းရင်ကောင်းသလို ပိုပြီးမြင့်မားတဲ့ အခြေအနေတစ်ခုဆီကို ငါတို့ကို ပြောင်းရွှေ့ပေးလိမ့်မယ်။”

လူရွယ်၏အမူအရာသည် ပြောင်းလဲသွားပြီး သူက ခိုင်မာစွာ ပြောလိုက်သည်။

“စုံစမ်းထောက်လှမ်းရေးမှာ ငါ အစ်ကိုကြီးကို မယှဉ်နိုင်ပေမယ့် သူ လိုအပ်တဲ့တစ်ယောက်က ငါပဲ ပထမဆုံးဖြစ်ရလိမ့်မယ်။”

ကောစန့်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် မေးလိုက်သည်။

“ရှောင်ချန် … လွန်ခဲ့တဲ့၃နှစ်က မင်းနဲ့သူဋ္ဌေး ဘယ်နေရာကို သွားတာလဲ။ အဲ့ဒီက ပြန်လာတော့ မင်း ဘယ်လို အရမ်းသန်မာသွားတာလဲ။”

“အစ်ကိုကြီး … မမေးပါနဲ့။”

ရှောင်ချန်က သူ၏ခေါင်းအား ယမ်းကာ

“ငါ အဲ့ဒီအကြောင်း တကယ့်ကို မပြောနိုင်လို့ပါ။ နို့မဟုတ်ရင် မိသားစုက အကြီးဆုံးတားမြစ်ချက်ကို ချိုးဖောက်မိနေမယ်။ မင်းကိုအသာထား ငါတောင်မှ အသတ်ခံရလိမ့်မယ်။ ဟောင်မိသားစုကို သင်ကြားပေးခဲ့တဲ့ ဘိုးဘေးက ဒီညွန်ကြားချက်ကို ဟောင်တွေတင်မကဘူး ငါတို့ကိုပါ ပေးခဲ့တာ။ ဒီအကြောင်းကို မင်း ရှင်းရှင်းလင်းလင်း သိသင့်ပါတယ်။”

ကောစန့်က အားတင်းပြုံးလိုက်ပြီး

“မင်း အဲ့ဒါကို မပြောချင်ရင် ငါ မမေးတော့ပါဘူး။”

ရှောင်ချန်လည်း ထပ်မပြောတော့ချေ။ သို့သော် ထိုနှစ်များဆီမှ ပြင်းထန်ရက်စက်သော လေ့ကျင့်မှုသည် သူ၏စိတ်ထဲတွင် ပြန်ပြောင်းသတိရလာစေသည်။ ထိုလေ့ကျင့်မှုသည် အသက်များစွာ တောင်းဆိုနိုင်သော ရက်စက်သည့်လေ့ကျင့်မှုတစ်ခု ဖြစ်ပေသည်။ ထိုနေရာသည် စွမ်းအားများစွာတက်ရန် လေ့ကျင့်ပေးသည့်နေရာဖြစ်ရုံသာမက နတ်ဆိုးတစ်အုပ်စုပါ ရှိနေသော သီးသန့်နေရာတစ်ခု ဖြစ်သောကြောင့် စိတ်တွင်းမှ အတော်ပင် ကသိကအောက်ဖြစ်ရသည်။ ထိုနေရာသို့ လေ့ကျင့်ရန် နောက်တစ်ကြိမ်ပြန်သွားလိုသော်လည်း ခံနိုင်ရည်မရှိဘဲ အချည်းနှီးသေဆုံးရမည်ကိုလည်း ကြောက်နေမိသည်။

လှပသော မိန်းကလေးတစ်ယောက်အား တစ်ကြိမ်ကြည့်မိရုံမျှဖြင့် သူသည် တိတ်တခိုး မေတ္တာသက်ဝင်မိသွားပြီး သူ့အား ထိုမိန်းကလေးမှ အထင်မသေးစေလိုသောစိတ်သာ မရှိခဲ့ပါက သူသည် ခံနိုင်ရည်မရှိဘဲ ထိုနေရာတွင် သေဆုံးခဲ့ရပေလိမ့်မည်။

သို့သော်လည်း သူနှင့်ထိုမိန်းကလေး၏ပုံရိပ်ကြားရှိ ကွာခြားချက်အား သူသိသည်။ သူတို့သည် သီးခြားကမ္ဘာများမှ လူများဖြစ်မှန်းကိုလည်း သူသိသည်။ သူသည် ငန်းပျိုဖြူလေးတစ်ကောင်အား တပ်မက်မိသော ဖားပြုတ်တစ်ကောင်မျှသာ ဖြစ်သည်။ မဟုတ်သေးပါ … သူမသည် ငန်းပျိုဖြူလေးတစ်ကောင် မဟုတ်ပါချေ။ သူမသည် တင့်တယ်လှပသော နတ်သမီးလေးတစ်ပါးသာ ဖြစ်ပေတော့သည်။

ပွမ်…ပွမ်…

ကားဟွန်းသံ ကြားလိုက်သောကြောင့် ရှောင်ချန်သည် သူ၏အတွေးများဆီမှ အမြန်ပြန်လည် ရုန်းထွက်လိုက်သည်။ သူ မော့ကြည့်လိုက်ရာ သူ၏အစ်ကိုကြီးနှင့် အခြားသူများသည် လမ်းဘေးတွင် ရပ်ထားသော ဗောက်စ်ဝက်ဂွန်တီဂူအန်ဆာ့ဖ်တစ်စီးဆီသို့ ပြေးသွားနေသည်ကို တွေ့လိုက်ရသည်။

“မင်းက ကောစန့်လား။”

ထန်ရှုက ကားပေါ်မှ ဆင်းလာပြီး ကောစန့်အား ကြည့်ကာ မေးလိုက်သည်။

“ငါပါ။ မစ္စတာထန်များလား။”

ကောစန့်က အမြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ ငါပဲ။” ထန်ရှုက ခေါင်းညိတ်ရင်း

“မင်း ဟောင်ကျင်းဖူဆီကနေ ဖုန်းဆက်တာ ရပြီးပြီမဟုတ်လား။”

ကောစန့်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ လှုပ်ခါသွားရသည်။ ထန်ရှုသည် သူ၏သူဋ္ဌေးကြီးအား နာမည်တပ်ခေါ်ရဲလိမ့်မည်ဟု သူ မထင်ထားမိချေ။ သူက ခေါင်းညိတ်ပြရင်း သတိကြီးစွာဖြင့်

“ငါတို့အစွမ်းကုန်ကြိုးစားပြီး မင်းကို ကူညီဖို့ သူဋ္ဌေးကြီးက အမိန့်ပေးထားပါတယ်။ မင်း ဘာပဲလိုလို ငါတို့ ဖြည့်ဆည်းပေးဖို့ ကြိုးစားမှာပါ။”

“ငါတို့လူတွေ အများကြီးလာဖို့ရှိတဲ့အတွက် လုံခြုံစိတ်ချရတဲ့နေရာတစ်ခု ငါ ရှာဖို့လိုတယ်။ နေရာက ကျယ်လည်းကျယ်ရမယ်။ အပြင်လူတွေလည်း အလွယ်မရှာနိုင်တဲ့ နေရာမျိုးပေါ့။” ထန်ရှုက ပြောသည်။

ကောစန့်၏မျက်ဝန်းများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်ဖြတ်သန်းသွားပြီး

“မစ္စတာထန်… စိတ်မရှိဘူးဆိုရင် လူဘယ်နှစ်ယောက်လောက်လာမလဲဆိုတာ ငါ့ကို ကြိုတင် ပြောပြလို့ရမလား။”

“အများဆုံးက အယောက်၁၀၀၊ အနည်းဆုံး ၄၀-၅၀ ၀န်းကျင်လောက်တော့ ရှိနိုင်တယ်။” ထန်ရှုက ပြောသည်။

ကောစန့်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး

“အလွန်ပုန်းခိုလို့ကောင်းပြီး မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာတစ်ခုကို ငါ သိတယ်။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ။” ထန်ရှုက မေးသည်။

“အဲ့ဒီနေရာက အတော်ရှုပ်ပွပြီး ပရမ်းပတာနဲ့။ ရွှေ့ပြောင်းအလုပ်သမားတွေအများကြီးနဲ့ လူမိုက်တွေ လူဆိုးတွေလည်း အထူးသဖြင့် အဲ့ဒီနေရာမှာ မကြာခဏ ပေါ်လာတတ်တယ်။ အဲ့ဒီနေရာမှာ ကြီးစိုးနေတဲ့ လူမိုက်ခေါင်းဆောင်က ဟေးလုံ။ သူက အရမ်းစွမ်းအားထက်ပြီးတော့ လွှမ်းမိုးနိုင်မှုရှိတယ်။ သူ့မှာ ထောက်လှမ်းရေးကွန်ယက်အချို့လည်း ရှိတယ်။ သူ့လူတွေက ငါတို့ကို ရှာတွေ့သွားရင် ငါ စိုးရိမ်တာက…”

“အဲ့ဒီနေရာမှာ လုံး၀ ခေါင်းဆောင်မရှိရင်သာ ငါက ပိုပြီး စိုးရိမ်မိမှာ။” ထန်ရှုက အားပါးတရ ပြုံးလိုက်ရင်း

“အဲ့ဒီနေရာကို တစ်ချက်ကြည့်ဖို့ ငါ့ကို ခေါ်သွားပေးပါ။ နေရာကောင်းရင် ငါ ယူမယ်။”

“ရှောင်ချန် ကားမောင်းပါ။” ကောစန့်က တိကျစွာ ပြောလိုက်သည်။

ရှောင်ချန်က ခေါင်းညိတ်ပြီး လျင်မြန်စွာ ပြေးထွက်သွားသည်။

ပြေးထွက်သွားသော ရှောင်ချန်၏နောက်ကျောအား မျက်လုံးမှေးကြည့်နေရင်း ထန်ရှုက မေးလိုက်သည်။

“အဲ့ဒါ မင်းရဲ့လူလား။ သူက အလွန်ကျွမ်းကျင်မှု ရှိတယ်မဟုတ်ဘူးမလား။”

ထန်ရှုအား တစ်ခဏမျှ တွေတွေကြီး ကြည့်နေရင်း ကောစန့်က အံ့အားသင့်စွာ ပြောလိုက်သည်။

“မစ္စတာထန်… ခင်ဗျားက တကယ်အံ့သြဖို့ ကောင်းတာပဲ။ သူဋ္ဌေးကြီးက ရှောင်ချန်ကို ကျွန်တော့်ဆီ ပို့ပေးထားတာ။ သူ့ရဲ့ကျွမ်းကျင်မှုက တကယ်ကို သာမန်မဟုတ်ဘူး။ ဒေသခံ သာမန် လူမိုက် ၇-၈ယောက် ဒါမှမဟုတ် လူဆိုးတွေက သူ့ရဲ့ပြိုင်ဖက် မဟုတ်ဘူး။”

“မင်းက သူ့ရဲ့ခွန်အားအကြောင်း ပြောနေတာလား။ ငါ ပြောချင်တဲ့ သူ့ရဲ့ကျွမ်းကျင်မှုဆိုတာက သတ်ဖြတ်တာပဲ။ သူက သွေးတွေကို မြင်ဖူးထားသလို သူ့စိတ်နှလုံးထဲမှာလည်း ဆိုးရွားတဲ့ အော်ရာတစ်ခု ပိုင်ဆိုင်နေတယ်။” ထန်ရှုက ပြောလိုက်သည်။

ကောစန့် ကြက်သေ သေသွားသည်။ သူ၏နောက်သို့ လိုက်သည်မှာ ၂နှစ်နီးပါးမျှ ရှိပြီဖြစ်သော ညီငယ်သည် သည်မျှ ပြင်းထန်နေမည်ဟု သူ မထင်ထားခဲ့မိချေ။ သို့သော် ရှောင်ချန်သည် သူဋ္ဌေးကြီးလွှတ်လိုက်သောသူ ဖြစ်သည်ကို ပြန်လည်သတိရသွားသည့်အခါမှ စိတ်သက်သာရာရသွားခဲ့သည်။

မကြာမီ လူ၂ယောက်၏အရှေ့သို့ ကားတစ်စီး ဆိုက်လာခဲ့သည်။

ထန်ရှုသည် သက်တော်စောင့်တစ်ယောက်အား ရှောင်ချန်၏ကားပေါ်တွင် ထိုင်ရန် ညွှန်ကြားလိုက်ပြီး ကောရှန့်အား တီဂူရန်ဆာ့ဖ်ကား၏ရှေ့ခန်းတွင် ထိုင်ခိုင်းလိုက်သည်။ ရှောင်ချန်၏လမ်းပြမှုနှင့်အတူ ကား၂စီးသည် စွန့်ပစ်စက်ရုံတစ်ရုံဆီသို့ လျင်မြန်စွာ မောင်းနှင်လာခဲ့သည်။

“မင်းတို့ ဒီနေရာမှာ ဘာလိုချင်လို့လဲ။”

ဝင်ပေါက်အား စောင့်ကြပ်နေသော အဖိုးအိုတစ်ယောက်က လုံခြုံရေးခန်းထဲမှ ပြေးထွက်လာကာ ကျယ်လောင်စွာ အော်မေးလိုက်သည်။

ကားပေါ်မှဆင်းကာ ကောရှန့်က ထိုလူကြီးဆီသို့ သွားလိုက်သည်။ သူက တစ်ရာတန် ယွမ်ငွေတစ်ထပ်အား ထုတ်ကာ အဖိုးအို၏လက်ထဲသို့ ထည့်ပေးလိုက်ရင်း

“ဂရမ့်… ခင်ဗျား ကျွန်တော့်ကို မှတ်မိလား။ ကျွန်တော်က အင်တာနက်ဆိုင်ပိုင်ရှင်လေ။ ခင်ဗျားမြေးလေး အိမ်ပြန်လာတုန်းက သူ့ကို ကျွန်တော်ဆိုင်ခေါ်ပြီး လာလည်သေးတယ်လေ။”

***

All Chapters