← Chapters

အကျပ်ကိုင်သော စီးပွားရေး

Vol. 08 Ch. 359

အကျပ်ကိုင်သော စီးပွားရေး

Vol. 08 Ch. 359

စွန့်ပစ်စက်ရုံ ဝင်ပေါက်ကို စောင့်ကြပ်သော အဖိုးအိုသည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

“ငါ မင်းကို သိတယ်။ မင်း နာမည် ထပ်ပြောပါဦး။ အာ … ကော…”

“ကောစန့်”

အဖိုးအိုက ခေါင်းညိတ်ရင်း လက်ထဲတွင် ငွေတစ်ထပ်အား ဆုပ်ကိုင်ထားကာ မေးလိုက်သည်။

“ဟုတ်ပြီ…ဟုတ်ပြီ။ ကောရှန့်ပဲ။ ဒါပေမယ့် မင်း ဒီကို ဘာအတွက် လာတာလဲ။ ငါ့ကို ပိုက်ဆံအများကြီး ပေးထားတာကရော ဘာအတွက်လဲ။”

“ဂရမ့် … ငါတို့ စက်ရုံငှားချင်လို့။ သည်နေရာကို ပြင်ပြီးရင် စီးပွားရေးတစ်ခု စချင်တာ။ ခင်ဗျားက ပိုင်ရှင်ကို ဆက်သွယ်ပေးနိုင်တယ်မလား။ ခင်ဗျား သူ့ကို အခု ခေါ်ပေးနိုင်မလား။ သူ သဘောတူရင် ကျွန်တော်တို့ သူ့ကို ဒီည ပိုက်ဆံပေးနိုင်တယ်။”

အဖိုးအိုက သူ့လက်ထဲမှ ငွေတစ်ထပ်အား ကြည့်ရင်း တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေသည်။ နောက်ဆုံးတွင် သူက ခေါင်းညိတ်လိုက်ပြီး

“ကောင်းပြီ။ တစ်မိနစ် စောင့်ပေး။ ငါ သူ့ဆီ ဆက်လိုက်မယ်။”

မိနစ်အနည်းငယ် ကြာပြီးနောက် အဖိုးအို ပြန်လာပြီး ရွှင်မြူးစွာ ပြောလိုက်သည်။

“ငါ အခုပဲ ဖုန်းဆက်ပြီးပြီ။ မင်းတို့ စက်ရုံ ငှားချင်တာဆိုတာ ကြားပြီး သူဋ္ဌေးက ချက်ချင်း လာနေတယ်။ ဒါနဲ့ မင်းတို့ ဒီနေရာမှာ စောင့်မလား။ ဒါမှမဟုတ်…”

“ကျွန်တော်တို့ ဒီစက်ရုံကို တစ်ချက်လောက် အရင်ကြည့်လိုက်မယ်။ ခင်ဗျား စိတ်မရှိဘူး မဟုတ်လား။ ဘာပဲဖြစ်ဖြစ် စက်ရုံရဲ့အခြေအနေကို ကြည့်ပြီးနောက်မှာ ကျွန်တော်တို့ ငှားရမ်းဖို့ အကြောင်းကို ဆွေးနွေးနိုင်လိမ့်မယ်။”

“ကောင်းတယ်။ ငါ မင်းတို့ကို လိုက်ပြပေးမယ်။” အဖိုးအိုက ပျော်ရွှင်စွာ ပြောလိုက်သည်။

အလုပ်ရုံသည် အရွယ်အစားအားဖြင့် သေးငယ်သည်။ သာမန်ဘောလုံးကွင်းတစ်ကွင်းစာမျှလောက်သာ ရှိပေမည်။ ဂိတ်စောင့်အဖိုးအိုမှတစ်ဆင့် သည်စက်ရုံသည် ယခင်က အထည်စများ ထုတ်လုပ်သည်ကို ထန်ရှု သိခဲ့သည်။ ပိုင်ရှင်သည် စက်ရုံအား စီမံခန့်ခွဲသည်မှာ ညံ့ဖျင်းလှသောကြောင့် နောက်ဆုံးတွင် အကြွေးများတင်ကာ ဒေဝါလီ ခံလိုက်ရသည်။

တစ်ခဏမျှ လျှောက်ကြည့်ပြီးသောအခါ စက်ရုံပိုင်ရှင် ရောက်လာခဲ့သည်။

"ဒီစက်ရုံကို ငှားချင်တာ မင်းတို့လား။"

စက်ရုံပိုင်ရှင်သည် ထန်ရှုနှင့် အခြားလူများကို စူးစမ်းလိုစိတ်ဖြင့် မေးသည်။

“စက်ရုံရဲ့ အခြေအနေကို ငါတို့ အခုမှတွေ့တာ။ ကြည့်ရတာ မဆိုးပါဘူး။ ဒါပေမယ့် ငှားခက ဘယ်လောက်လဲ။” ထန်ရှုက ပြောလိုက်သည်။

စက်ရုံပိုင်ရှင်က ပြန်မေးသည်။ “ဘာလုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတာလဲ။”

"အဝတ်အထည်လုပ်ငန်းပါ။" ထန်ရှုက ပြောသည်။

စက်ရုံပိုင်ရှင်က ရုတ်တရက် သဘောပေါက်သွားပြီး တစ်ချက်ပြုံးလိုက်ကာ

“အငှားချတာက တစ်နှစ်ကို အနည်းဆုံး ငါးသန်းလောက် ရှိမယ်။ ငါ့စက်ရုံက တော်တော်ကျယ်တယ်ဆိုတော့ တစ်နှစ်ငှားခက ရှစ်သန်းလောက်ရတယ်။ ဒါပေမယ့် ငါက အရမ်းငှားချင်နေလို့ တစ်နှစ်ကို ခြောက်သန်းလောက်ပဲ ယူပါမယ်။ မင်း သဘောတူရင် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြရအောင်။ ဒါပေမယ့် မင်းသဘောမတူရင် ငါ မင်းကို နောက်ထပ် မလျှော့ပေးနိုင်တော့ဘူး။"

ထန်ရှုက လက်ငါးချောင်းကို ဆန့်ကာ ပြောလိုက်သည်။

"ငါးသန်း။ မင်းသဘောတူရင် ငါငှားမယ်။ မင်းသဘောမတူရင် ငါ တခြားနေရာကို သွားမယ်။ ရိုးရိုးသားသားပြောရရင် ငါ ဒီကိုမလာခင် တခြားစွန့်ပစ်စက်ရုံတွေကို တွေ့ထားသေးတယ်။"

စက်ရုံပိုင်ရှင် ရုတ်တရက် ထိတ်လန့်သွားသည်။ သူသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ မျက်ခုံးပင့်လိုက်ရင်း

"ငါးသိန်းခွဲ။ ဒီထက်တော့ ငါ မလျှော့နိုင်တော့ဘူး။ မင်း ဒါကို မလိုချင်ဘူးဆိုရင် မနက်ဖြန်မှာ တခြားတစ်ယောက် ရောက်ကောင်း ရောက်လာနိုင်လိမ့်မယ်။"

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုက ဖြည်းညှင်းစွာ ပြောခဲ့သည်။

" ရိုးရိုးသားသားပြောရရင် ငါးသန်းခွဲလောက်က အတော် လက်မခံနိုင်စရာဖြစ်ပေမယ့် မင်း ငါ့ရဲ့အခြေအနေနှစ်ခုကို ဖြည့်ဆည်းပေးနိုင်ရင် ငါသဘောတူမယ်။"

စက်ရုံပိုင်ရှင်က “ဘယ်လိုအခြေအနေလဲ။  ငါ့ကိုပြောပါ။"

"ပထမအခြေအနေက စက်ရုံငှားဖို့အတွက် ၁၀၀%ဆုံးဖြတ်ချက် မချနိုင်သေးတာ။"

ထန်ရှုက ဆက်ပြောသည်။

"အဲ့ဒါကြောင့် မင်းကို စပေါ်ငွေ ၅သိန်း ငါ အရင်ပေးထားမယ်။ နောက်တစ်လအကြာမှာ မင်းရဲ့စက်ရုံကို ငါတို့ မငှားဖြစ်ရင် ဒီစပေါ်ငွေက မင်းအတွက်ပဲ။ ငါတို့ငှားဖြစ်ရင် မင်းကို နောက်ထပ်ငါးသန်းပေးပြီးတော့ ငါတို့ စာချုပ်ချုပ်ကြတာပေါ့။”

တစ်ခဏမျှ စဉ်းစားပြီးနောက် မည်သည့်အချက်မျှ မကောင်းသည်ကို မတွေ့ရသဖြင့် စက်ရုံပိုင်ရှင်သည် အဖြေပေးလိုက်သည်။

"ငါ သဘောတူတယ်။ ဒါပေမယ့် မင်း ဒီနေ့တော့ ငါ့ကိုပေးရမယ်။"

"ပြဿနာမရှိပါဘူး။" ထန်ရှုက ခေါင်းညိတ်ပြီး "ငါ မင်းကို အွန်လိုင်းဘဏ်စနစ်ကနေ လွှဲပေးလို့ရတယ်။"

"ဒါဆို ဒုတိယအခြေအနေကို ပြောပြပါဦး။" စက်ရုံပိုင်ရှင်က ပြောသည်။

"အမှန်အတိုင်းပြောရရင် ငါတို့က မြောက်အရပ်ကလာတာ။" ထန်ရှုက အားတင်းပြုံးပြရင်း “ငါတို့ ဟိုတယ်မှာ တစ်ပတ်ကျော်နေခဲ့ပြီး အဲ့ဒီက တစ်ကိုယ်ရေ သန့်ရှင်းမှုကတော့ တော်တော်ဆိုးတယ်။ ဒါကြောင့် စက်ရုံမှာ ခဏနေချင်တယ်။”

“စပေါ်ငွေပေးထားတာဆိုတော့ မင်းကို ဒီစက်ရုံ ယာယီ ငှားထားလိုက်မယ်။”

စက်ရုံပိုင်ရှင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းဒီမှာနေချင်တယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီနေရာက ညစ်ပတ် ရှုပ်ပွနေတော့ မင်းတို့ သန့်ရှင်းရေးလုပ်ဖို့ လိုလိမ့်မယ်။”

"ပြဿနာ မရှိပါဘူး။" ထန်ရှု ခေါင်းညိတ်သည်။

ချက်ခြင်းပင် ထန်ရှုသည် အွန်လိုင်းဘဏ်စနစ်ကတစ်ဆင့် ယွမ် ၅၀၀,ဝဝဝအား စက်ရုံပိုင်ရှင်၏အကောင့်ထဲသို့ လွှဲလိုက်သဖြင့် စက်ရုံပိုင်ရှင်သည် ကျေနပ်ပြီး ထွက်သွားတော့သည်။ ထို့နောက် ထန်ရှုသည် ဂိတ်တံခါးစောင့်အဖိုးထံသို့ အကြည့်ရွှေ့လိုက်ပြီး အပြုံးဖြင့်

"ဂရမ့် … ခင်ဗျားလစာ ဘယ်လောက်ရလဲ မေးလို့ရမလား။

"ယွမ် ၂၅၀၀။" အဖိုးအိုက ပြုံးရွှင်စွာနှင့် ပြန်ဖြေသည်။

"ဂရမ့် … ခင်ဗျားကို ဒီလ ဒီမှာမနေဖို့ ယွမ်တစ်သောင်းပေးမယ်။" ထန်ရှုက ပြောလိုက်သည်။

“ကျွန်တော်တို့က ဒီမှာနေချင်နေပြီး နောက်ပိုင်းဆို လုပ်ငန်းစချင်တာကြောင့် လုံခြုံရေးအစောင့်တွေအဖြစ် သန်မာတဲ့လူငယ်တွေတစ်ချို့ကို ရှာရမယ်ဆိုတာ ခင်ဗျားလည်း သိပါတယ်။”

"ငါနားလည်ပါတယ်။" အဘိုးအိုက ထိုစကားကို ကြားတော့ တုံ့ဆိုင်းသွားပြီး “စီးပွားရေးတစ်ခုကို စီမံခန့်ခွဲတာ လွယ်တာ မဟုတ်ဘူး။ ဒါပေမယ့် ယွမ် တစ်သောင်းက …”

"ဂရမ့် … ကျေးဇူးပြု၍ မငြင်းပါနဲ့။" ထန်ရှုက အပြုံးဖြင့် “ဒါကို ငါတို့ လျော်ကြေးအဖြစ် မှတ်ယူပါ။ စက်ရုံကို တကယ်ငှားဖြစ်ရင် ခင်ဗျားကို ပြန်ဖိတ်မယ်။”

"အင်း ဒါဆိုလဲ…" အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

ထန်ရှုက သူ့ပိုက်ဆံအိတ်ကို ထုတ်ယူစစ်ဆေးလိုက်ရင်း ရွှဲ့ကျီဆီက ငွေသားပိုက်ဆံအချို့ တောင်းလိုက်သည်။ ငွေသားယွမ်ငွေတစ်သောင်းအား စုလိုက်ပြီးနောက် အဘိုးအိုအား ပေး၍ ပြန်လွှတ်လိုက်လေသည်။

သူ၏အနောက်သို့ လိုက်နေသော ကောစန့်က ခပ်တိုးတိုးလေသံဖြင့်

“မစ္စတာထန် … တစ်လငှားရမ်းခက အရမ်းများတယ် မဟုတ်လား။ တကယ်တော့ စက်ရုံပိုင်ရှင်ကို အကျိုးခံစားခွင့်တွေ ပေးဖို့ ကျွန်တော့်မှာ နည်းလမ်းအနည်းငယ်ရှိပါတယ်။ အဲ့ဒါဆို ကျွန်တော်တို့ကို သူ့စက်ရုံ အချိန်ခဏလောက် သူ ငှားလိမ့်မယ်။

"ဒီကိုလာတဲ့လမ်းမှာ ငါတို့တွေ့တဲ့နေရာကို မင်းပြောနေတာထင်တယ် ဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီနေရာက တကယ်ကောင်းပြီး ပတ်ဝန်းကျင်မှာ စက်ရုံကြီးတွေ အများကြီးရှိတယ်။ လမ်းပေါ်မှာ လူတွေ အများကြီး ပိတ်နေလို့ အဲ့ဒါက ဒီနေရာကို နေရာကောင်းတစ်ခု ဖြစ်စေတယ်။”

"ဒါဆို ငါတို့ဘာဆက်လုပ်ရမလဲ။ မင်း ငါ့ကို ဘာလုပ်ဖို့လိုဦးမလဲ။" ထန်ရှုစကားကြားပြီးနောက် ကောစန့်က မေးသည်။

"ဟေးလုံကိုတွေ့ဖို့ ခေါ်သွားပေးပါ။" ထန်ရှုက ပြောလိုက်သည်။

"ဘာလို့ သူ့ကိုတွေ့ချင်တာလဲ။" ကောစန့်က အံ့သြသွားပြီး “အဲဒီကောင်က သတင်းဆိုးပဲ။

လိမ်လည်တတ်တဲ့၊ လွှမ်းမိုးချုပ်ကိုင်ချင်တဲ့၊ လောဘကြီးတဲ့ ... အဲ့လိုလူနဲ့ အဆက်အသွယ်လုပ်ရင် အတော်လေး ဒုက္ခရောက်လိမ့်မယ်။”

ဒုက္ခလား။

ထန်ရှု သဘောကျစွာ ပြုံးလိုက်ပြီး

"သူ လူတော်လူကောင်းဖြစ်နေရင် ငါ သူ့ကို တွေ့မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သွားကြရအောင်။ မင်း ... သူ ဘယ်မှာလဲဆိုတာသိလား။”

“ဟေးလုံက ညဘက်ဆို သူ့ဘားမှာပဲ နေလေ့ရှိတယ်။ ငါ မင်းကို အဲဒီကို ခေါ်သွားလိုက်မယ်" ကောစန့်က ပြောလိုက်သည်။

နဂါးနက်ဘား။

ဘားအနီးတွင် ကားနှစ်စီးရပ်လိုက်ပြီးနောက် ထန်ရှုက

"အန်တီရွှဲ့… ဒီမှာနေပြီး ကျွန်တော့်ကို စောင့်နေပါ။ ကျွန်တော်တို့လူတွေကို ဒီနေရာမှာ စခန်းချလို့ရအောင် ဒီလျှို့ဝှက်အန္တရာယ်ကို ဖြေရှင်းလိုက်ဦးမယ်။”

"နင် ..." ရွှဲ့ကျီ လန့်သွားသည်။

“မဟုတ်ဘူး။ ကျွန်တော် သူ့ကိုသတ်မှာမဟုတ်ဘူး။" ထန်ရှုက ခေါင်းယမ်းပြီး "သူ့ကို ကျွန်တော့်အတွက် အလုပ်လုပ်ပေးစေချင်တာ။"

"သူ့ရဲ့ နောက်ခံနဲ့ ပုံရိပ်က ရှင်းလင်းရဲ့လား။" ရွှဲ့ကျီ တုံ့ဆိုင်းသွားသည်။

ထန်ရှုက ကောစန့်ကို စိုက်ကြည့်သည်။

"ဟေးလုံက ဒီလိုရှုပ်ထွေးတဲ့နေရာမှာဆို ရေထဲက ငါးတစ်ကောင်လိုပဲ။" ကောစန့်က ချက်ချင်း ဝင်ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ သူက ခက်ခက်ခဲခဲ လှုပ်ရှားပြီး သူ့ကိုယ်သူ မြှင့်တင်ဖို့ အနှစ်နှစ်ဆယ်ကျော် ကြိုးစားခဲ့ရတာကြောင့်ပါ။ သူက ဒီနေရာမှာ အငြင်းပွားစရာ မရှိတဲ့ ဂိုဏ်းခေါင်းဆောင်မျိုးပါ။”

ထန်ရှုက ထိုစကားကို ကြားသည်နှင့် ခေါင်းညိတ်လိုက်သည်။ ကောစန့်၊ ရှောင်ချန်တို့နှင့်အတူ  ကားပေါ်မှဆင်းကာ နဂါးနက်ဘားဆီသို့ လျှောက်လာခဲ့သည်။ ကောစန့်နှင့်ပါလာသော အခြားလူသည် ကားပေါ်တွင် နေခဲ့သည်။

နဂါးနက်ဘားသည် နားစည်ကိုပင် အနည်းငယ် ထိခိုက်စေနိုင်သော ဆူညံပေါက်ကွဲစွာ ဖွင့်ထားသော မက်တယ်တေးဂီတဖြင့် ညဘက်တွင် အတော်လေး အသက်ဝင်လျက်ရှိသည်။ ဘားထဲတွင် ဘေးချင်းကပ်လျက် အရူးအမူး ကခုန်နေသော လူအုပ်ကြီးအပြင် ထိုင်ခုံများတွင် မိန်းကလေးများနှင့် ပွေ့ဖက်နေသော လူများစွာလည်း ရှိသေးသည်။

"ကောင်းပြီ အစ်ကိုကော မဟုတ်ဘူးလား။ ဒီနေ့ ဘယ်လေတိုက်ပြီး ရောက်လာတာလဲ။"

နားကပ်တပ်ဆင်ထားပြီး ဆံပင်အဝါရောင်နှင့် လူငယ်တစ်ယောက်က သူတို့ကို ရွှတ်နောက်နောက် နှုတ်ဆက်သည်။

ကောစန့်က အသံကျယ်လောင်စွာဖြင့် "ငါ့ကို ဟေးလုံဆီ ခေါ်သွားပါ။ ငါ သူနဲ့ စီးပွားရေးအကြောင်း ပြောစရာရှိတယ်။"

ထန်ရှုနှင့် ရှောင်ချန်ကိုကြည့်ရင်း လူငယ်သည် တခဏမျှ ထိတ်လန့်သွားသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းပြီး

“ငါ့နဲ့အတူ လိုက်ခဲ့ပါ။ အစ်ကိုကြီး အထဲမှာ ကစားနေတယ်။"

ဘားအတွင်းတွင် အခန်းပေါင်းဆယ်ခန်းကျော်ရှိသည်။

အကြီးဆုံးအခန်းတစ်ခုတွင် ဟေးလုံသည် သူ ချိတ်ဆက်ထားသည့် လှပသော မိန်းကလေးကို ပွေ့ဖက်ထားရင်း မိုက်ခရိုဖုန်းကိုင်ကာ သီချင်းဆိုနေသည်။ မိန်းကလေးသည် သစ်သီးစိတ်များအား ယူကာ ဟေးလုံအား တစ်ချက်တစ်ချက် ခွံ့ကျွေးလျက်ရှိသည်။ အခြားဆိုဖာပေါ်တွင် သူ၏ညာလက်ရုံး အမျိုးသားနှစ်ယောက်ကလည်း အမျိုးသမီးတစ်ဦးစီအား ပွေ့ဖက်ထားလျက် ဝိုင်သောက်နေကြသည်။

"အစ်ကိုကြီးလုံ… ကောစန့်က အစ်ကိုကြီးကို တွေ့ချင်နေတယ်။ သူက စီးပွားရေးအကြောင်း ပြောချင်လို့တဲ့။”

ဆံပင်အဝါရောင်လူငယ်လေးသည် တံခါးကို တွန်းဖွင့်ဝင်လာပြီး ဟေးလုံအနားသွားကာ တီးတိုး ကပ်ပြောလိုက်သည်။

ဟေးလုံ အံ့သြစွာဖြင့် မေးလိုက်သည် ။

"ကောစန့်ဟုတ်လား။ သူက ဘယ်သူလဲ။”

"သူက ကျင်းယန်အင်တာနက်ဆိုင်ကလေ အစ်ကိုကြီးလုံ။" ဆံပင်အဝါရောင်လူငယ်က ပြောသည်။

ဟေးလုံသည် မျက်မှောင်ကြုတ်ထားရင်း သူ၏မျက်လုံးများထဲမှ ကြောက်စရာကောင်းသော အရိပ်အယောင် ပေါ်ထွက်လာခဲ့သည်။

သူ၏လက်အောက်ငယ်သားများသည် ကျင်းယန်အင်တာနက်ဆိုင်ဆီမှ အကာအကွယ်ပေးငွေကို တောင်းဆိုသည့်အချိန်က ကောစန့်နှင့် ဆက်ဆံခဲ့ဖူးသည်။ ရလဒ်မှာ  ကောစန့်၏ညီငယ်က ၎င်းတို့အား ရိုက်နှက်ဆုံးမခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူနှင့် ကောစန့် သီးသန့်တွေ့ဆုံကာ တိုက်ခိုက်ခဲ့ကြသည်။ သူသည် သူ၏ညီငယ်ဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်သွားသော်လည်း ကောစန့်နှင့် သူ၏ညီငယ်တို့က သူတို့ကို သနားစရာကောင်းလောက်အောင် ရိုက်နှက်ခဲ့သည်။ နောက်ဆုံးတွင် သူသာ သေနတ်ကို ထုတ်ပစ်သောကြောင့် မဟုတ်ပါက ကောစန့်သည် ငုံ့ခံနေမည်မဟုတ်ပေ။

သို့သော် ထိုအဖြစ်အပျက်ပြီးနောက် ကောစန့်သည် ပိုက်ဆံပမာဏတစ်ခုအား ထုတ်ယူကာ သူတို့ကြားရှိ ရန်ငြိုးအား ဖြေရှင်းခဲ့သည်။ ထိုအချိန်ကစပြီး သူတို့သည် တစ်ယောက်ကို တစ်ယောက် အနှောင့်အယှက် မပေးကြတော့ပါချေ။

ဟေးလုံသည် ချောမောလှပသော ကောင်မလေးကို အသာပုတ်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“အပြင်ထွက်ပြီး ကစားပါ။ ငါ စီးပွားရေးလုပ်ပြီးရင် မင်းကို ငါရှာလိုက်မယ်။"

“ကောင်းပြီ။”

မိန်းကလေး သုံးယောက် မတ်တပ်ရပ်ပြီး အပြင်ကို ထွက်သွားကြသည်။

သိပ်မကြာခင်မှာပင် ထန်ရှု၊ ကောစန့် နှင့် ရှောင်ချန်သည် အခန်းထဲသို့ ဝင်သွားခဲ့သည်။ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးအပြည့် အနက်ရောင် နဂါးတက်တူးများထိုးထားသော အမျိုးသားတစ်ဦးအား ၎င်း၏ပါးစပ်တွင် စီးကရက်တစ်လိပ်ခဲလျက် တွေ့လိုက်ရသည်။

ထို့နောက် ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောသည် ။

“မင်းက ဟေးလုံလား။"

ထန်ရှုကို စိုက်ကြည့်ပြီးနောက် ဟေးလုံ၏ မျက်လုံးများသည် ကောစန့်အား  စူးစူးဝါးဝါးကြည့်ရင်း၊

"ကောစန့် … ဒါက မင်းညီလေးလား။ ဓလေ့ထုံးတမ်း ဒါမှမဟုတ် တစ်ခုခုကို နားမလည်ဘူးလား။”

ကောစန့်က နောက်ပြန်ဆုတ်ပြီး ထန်ရှု၏အနောက်တွင် ဆိတ်ဆိတ်နေလိုက်သည်။

ဟေးလုံသည် ထိုအချင်းအရာအား မြင်သည်နှင့် တခဏမျှ စိုက်ကြည့်နေသည်။ သူက ကောစန့်အား ကြည့်ပြီး ထန်ရှုအား အကဲခတ်လိုက်ကာ ခေါင်းညိတ်လိုက်ရင်း

"ငါ နားလည်ပြီ။ မင်းက သခင်လေးပဲ။ ဒါနဲ့ ညီအစ်ကို မင်းနာမည်က ဘယ်လိုလဲ။ မင်းကလည်း လူဆိုးဂိုဏ်းဝင်ထဲက တစ်ယောက်ပဲလား။"

ထန်ရှုက ဆိုဖာပေါ်ရှိ ညာလက်ရုံးနှစ်ယောက်အား လက်ပြလိုက်သည်။ ဟေးလုံက မတ်တပ်ရပ်ဖို့ အချက်ပြလိုက်ပြီးနောက် ထန်ရှုက ထိုဆိုဖာဆီ လျှောက်လာပြီး ထိုင်သည်။

ထို့နောက် သူက စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိဖွာရှိုက်လိုက်ရင်း

“ငါက ထန်ရှုပါ။ ငါဟာ လူဆိုးဟုတ်လား မဟုတ်ဘူးလားဆိုတာကို မင်း အာရုံစားမနေပါနဲ့။ ငါ မင်းအတွက် စီးပွားရေးဆွေးနွေးမှုတစ်ခု ရှိတယ်။ မင်း စိတ်ဝင်စားရင် လူတိုင်း ပျော်သွားမယ်။ မင်း စိတ်မဝင်စားရင် ငါချက်ချင်းထွက်သွားမယ်။"

ဟေးလုံက မျက်လုံးများမှေးစင်းထားရင်း

“ဘာစီးပွားရေးများလဲ။”

***

All Chapters