← Chapters

ထန်ရှု၏အလည်ခရီး

Vol. 08 Ch. 362

ထန်ရှု၏အလည်ခရီး

Vol. 08 Ch. 362

ဟေးလုံ၏စိတ်တွင်းတွင် လန့်သွားပြီး လျင်မြန်စွာ ခေါင်းညိတ်ပြကာ အစည်းအဝေးခန်းဆီသို့ လျှောက်သွားသည်။ အခန်းထဲ ရောက်သည့်အခါ  ထန်ရှုသည် ကုလားထိုင်တစ်လုံးတွင် ထိုင်ပြီး ဆေးလိပ်သောက်နေသည်ကိုတွေ့ရသဖြင့် သတိကြီးစွာထားကာ မေးလိုက်သည်။

"သခင်လေးထန် … မင်း ဘာအမိန့် ပေးမလဲ။"

"ထိုင်ပါဦး။" ထန်ရှုက ဘေးက ကုလားထိုင်ကို ညွှန်ပြပြီး ပြောသည်။

“ကောင်းပြီ။”

ဖြောင့်စင်းတောင့်တင်းသော ခန္ဓာကိုယ်ဖြင့် ဟေးလုံက ထိုင်ချလိုက်ပြီး

"သခင်လေးထန် … ငါကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာပြီးသား။ မင်းနဲ့ ပူးပေါင်းပြီးကတည်းက မင်း ငါ့ကို အရှေ့ကိုအမိန့်ပေးရင် ငါ တောင်ဘက်ကို ဘယ်တော့မှ လှည့်မှာမဟုတ်ဘူး။ ဒီလိုပဲ ကောင်းကင်ပေါ်တက်ဖို့ မင်းပြောပြီးရင် ငါ ဘယ်တော့မှ မြေကြီးပေါ် မဆင်းရဲတော့ဘူး။ မင်း ဘာပဲ အမိန့်ပေးပေး ကျေးဇူးပြုပြီးသာ အမိန့်ပေးပါ။ ဒီဟေးလုံလုပ်နိုင်သရွေ့တော့ ငါ့အသက်ကို စွန့်ရရင်တောင် ငါ လုံးဝ လုပ်မှာပါ။”

"ငါ မင်းကို ရိုးရှင်းတာတစ်ခုပဲ လုပ်စေချင်တယ်။ ဒီဟောင်ပိုဒေသက မင်းရဲ့စားကျက်ဖြစ်ပြီး ဒီမှာနေခဲ့တာလည်း နှစ်အတော်ကြာခဲ့ပြီဆိုတော့ မင်းရဲ့ထောက်လှမ်းရေးကွန်ရက်က ကောင်းလိမ့်မယ်လို့ ငါယုံတယ် ဟုတ်လား။”

ဟေးလုံက ခေါင်းညိတ်ရင်း

“ဟုတ်တယ်။ ငါ့မှာ ယုံကြည်ရတဲ့ လူအယောက်နှစ်ဆယ်ကျော်လောက်သာ ရှိပေမယ့် ငါ့နောက်ကို လိုက်တဲ့ ညီအကိုလေးတွေ အများကြီးရှိပါသေးတယ်။ နောက်ပြီး ငါနဲ့ အလွန်ရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိကြတဲ့ အင်အားစုငယ်လေးတွေအများကြီးလည်း ရှိတယ်။ မင်းအတွက် သတင်းတချို့ကို ငါ အလွယ်တကူ မေးလို့ရတယ်။"

“ဒါဆို မင်းရဲ့တာဝန်က စက်ရုံပတ်ပတ်လည် ဆယ်ကီလိုမီတာအကွာအဝေးမှာရှိတဲ့ လမ်းတိုင်းကို စောင့်ကြည့်ပေးဖို့ လူတချို့ကို တာဝန်ပေးရမယ်။ အခြေအနေတစ်ခုခုဖြစ်လာရင် ငါ့ကို ချက်ချင်းသတင်းပို့ပါ" ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"မင်းကို ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ငါက ထန်မိသားစုရဲ့မျိုးဆက်သစ်တစ်ယောက်ဆိုပေမယ့် ဒါက ငါတို့ရဲ့ရန်သူနဲ့ ဒုတိယအကြိမ် ရင်ဆိုင်ရတာပဲ။ ရန်သူရဲ့အင်အားက အလွန်ကြီးပြီး  ငါတို့မိသားစုနဲ့ တန်းတူရှိတယ်။ အဲ့ဒါကြောင့် ငါတို့ထန်သားစုက သည်ကွမ်းယန်မှာရှိတဲ့ တစ်ဖက်လူနဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ဒီကွမ်မြို့ပေါ့။ နောက်ပိုင်းဆိုရင် ငါတို့ရဲ့ အဓိကအခြေစိုက်စခန်းက ဟောင်ပိုဒေသမှာ ရှိလိမ့်မယ်။”

ဟေးလုံ၏မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာကာ မေးလိုက်သည်။

"ငါတို့ရန်သူ ဘယ်သူလဲဆိုတာ ပြောပြလို့ရမလား သူဋ္ဌေး။"

"ပေကျင်းက ယောင်မိသားစုနဲ့ ကွမ်းယန်က စွန်းမိသားစု။" ထန်ရှုက ခံစားချက်မဲ့သောအမူအရာဖြင့် ပြောလိုက်သည်။

ရှူး…

ဟေးလုံ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရသည်။ ပေကျင်းမြို့၏ ယောင်မိသားစုအကြောင်းအား သူ တစ်ခါမှ မကြားဖူးသော်လည်း ကွမ်းယန်၏ စွန်းမိသားစုအကြောင်းကိုဖြင့် ကြည်လင်ပြတ်သားစွာ သူ သိနေပါသည်။ ကွမ်းယန်၏အဓိကမိသားစုများအနက် ထိပ်တန်းမိသားစုငါးစုတွင် စွန်းမိသားစုသည် ပါဝါကြီးမားသော သြဇာလွှမ်းမိုးမှုနှင့်အတူ သေချာပေါက်ရှိသည်။

"အဲလောက်ထိ မတုန်လှုပ်ပါနဲ့။ ငါတို့ထန်မိသားစုက ဒီမိသားစုနှစ်စုနဲ့ ယှဉ်ပြိုင်နေပေမယ့် ကွမ်းယန်နဲ့ ဖူခန်းခရိုင်ကိုပဲ ကန့်သတ်ထားတာပါ။ ဒါက ကစားပွဲအသေးလေးတစ်ခုမို့ ရလဒ်က ငါတို့မိသားစုကို သိပ်ပြီးတော့ ထိခိုက်မှာ မဟုတ်ပါဘူး။ ပြီးတော့ မင်း၊ ငါက မင်းကို ရွေးခဲ့တာဆိုတော့ မင်းရဲ့ဘေးကင်းမှုကို ငါ အာမခံတယ်။ ပြီးတော့ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ငါ ဒီပြည်နယ်က ထွက်သွားတဲ့အခါ မင်းကို အကျိုးအမြတ် အများကြီး ပေးခဲ့မှာပါ။”

ဟေးလုံ၏ စိတ်ထဲမှ စိုးရိမ်ပူပန်မှုများသည် များစွာ လျော့ပါးသွားပြီး ရင်ဘတ်ကို တည့်တည့်မတ်မတ်ထားလိုက်ကာ

"သခင်လေးထန် … ဒီဟေးလုံက မင်းရဲ့ လက်အောက်ခံဖြစ်လာပြီးကတည်းက ငါသေသွားရင်တောင် မင်းရဲ့လက်အောက်မှာ တစ္ဆေတစ်ကောင်အဖြစ် ရှိနေဦးမှာပဲ။ ကျေးဇူးပြုပြီး ငါ့ကို အမိန့်ပေးပါ။"

"မင်း ယုံကြည်ချက် ရှိတယ်ဆိုရင် ငါ့ကို အကောင်းဆုံးလုပ်ပြပါ။" ထန်ရှုက ပြုံးပြီး ပြောသည် ။“ကွမ်းယန်မှာရှိတဲ့ မင်းရဲ့သြဇာဟာ ဒီဟောင်ပိုဒေသမျိုး နေရာသေးသေးလေးမှာပဲ ကန့်သတ်ထားတော့မှာ မဟုတ်ပါဘူး။ ငါဆိုလိုတဲ့အဓိပ္ပါယ်ကို မင်းနားလည်တယ်မလား။"

ဟေးလုံ၏ မျက်လုံးများက တောက်ပနေပြီး ခေါင်းညိတ်ကာ ပြန်ဖြေသည် ။

"ငါနားလည်တယ်။"

ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည် ။

"ဒါဆိုသွားတော့။ မင်းပြန်သွားပြီးရင် ငါမှာလိုက်တာကို ချက်ချင်း စပါ။ ငါတို့ရဲ့ ပင်မအခြေစိုက်စခန်းရဲ့ လုံခြုံရေးကို ငါ အာမခံရမှာဖြစ်ပြီး အဲ့ဒါအတွက် မင်းရဲ့လူတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်။”

"နားလည်ပြီ။"

ဟေးလုံက မတ်တတ်ရပ်လိုက်ပြီး ထွက်ခွာတော့မည့်ဟန်ပြင်လိုက်သည်။ သို့သော် သူ၏ခြေလှမ်းများ ရပ်တန့်သွားပြီး ချီတုံချတုံဖြစ်ကာ မေးလိုက်သည်။

“သခင်လေးထန်…စိတ်မရှိရင် ငါ ကျင်းယန်အင်တာနက်ဆိုင်ပိုင်ရှင် ကောစန့်အကြောင်း မေးချင်လို့။ သူက …”

“မင်းကို အမှန်အတိုင်း ပြောရရင် သူက ဖူခန်းပြည်နယ် ဟောင်မိသားစုရဲ့လူပဲ။ ဟောင်မိသားစုက လေ့ကျင့်ပေးထားတဲ့ ထောက်လှမ်းရေး တစ်ယောက်လည်း ဖြစ်တယ်။ ငါက ဟောင်မိသားစုနဲ့ အထူးဆက်ဆံရေးရှိတော့ သူတို့ရဲ့အကူအညီကိုလည်း တောင်းခဲ့တယ်။ မင်းရဲ့စွမ်းရည်ကို သက်သေပြချင်ရင် သူ့ထက်သာအောင် လုပ်ပြလိုက်ပါ။”

ချက်ချင်းဆိုသလိုပင် ဟေးလုံသည် သူ့တွင် ဖိအားတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။

ထန်ရှု၏ အဓိပ္ပါယ်မှာ သူ ကောင်းစွာ သဘောပေါက်သည့် အရာဖြစ်သည်။ ဟောင်ပိုဒေသအား စောင့်ကြည့်ရန် သူ့လူများအပြင် ဟောင်မိသားစုမှ ထောက်လှမ်းရေးများလည်း ရှိသေးသည်။ ဖူခန်းပြည်နယ်တွင် ဟောင်မိသားစုသည် မည်သို့သော ဖြစ်တည်မှုမျိုးရှိသည်ကို သူသိသည်။ ဖူခန်းပြည်နယ်တွင် နံပါတ်၁အဆင့်ရှိသော ထိပ်တန်းမိသားစုကြီးတစ်ခုဖြစ်သည်။

ထန်ရှုမှ သူ့အား အသိပေးသော အသေးစိတ်အချက်အလက်များသည် သူ့အား ဖိအားဖြစ်စေသော်လည်း တစ်ချိန်တည်းမှာပင် သူသည် စိတ်လည်း လှုပ်ရှားနေခဲ့သည်။ အဆုံးသတ်တွင် ထန်မိသားစုသည် ဟောင်မိသားစု၏အကူအညီဖြင့် နိုင်ရန် အခွင့်အရေးအဆများစွာ တိုးလာမည်ဖြစ်သည်။

"သခင်လေးထန် … ငါ မင်းကို စိတ်မပျက်စေရပါဘူး။"

ဟေးလုံထွက်ခွာသွားပြီးနောက် ထန်ရှုသည် အစည်းအဝေးခန်းမှ ထွက်လာခဲ့သည်။ ထို့နောက် အပြင်တွင် စောင့်ဆိုင်းနေသော လီရှောင်ကျီနှင့် မျက်နှာချင်းဆိုင်ပြီး

"သူ့ကို အနီးကပ်စောင့်ကြည့်ဖို့ ငါတို့ရဲ့လူတချို့ကို လွှတ်ထား။ သူ့ကြောင့် ရှုပ်ထွေးတဲ့ ကိစ္စတွေ မဖြစ်စေချင်ဘူး။”

"သူ့ကို အနီးကပ် စောင့်ကြည့်ဖို့ အကောင်းဆုံးစုံစမ်းရေးသမားကို ငါ လွှတ်ထားလိုက်မယ်" လီရှောင်ကျီက ခေါင်းညိတ်သည်။

တစ်ညလုံး မည်သည့်ကိစ္စများ ထပ်မံဖြစ်ပွားခြင်း မရှိတော့ပေ။

မနက်စောစောပိုင်း…

ထန်ရှုနှင့် လီရှောင်ကျီတို့သည် စက်ရုံမှ ထွက်ခွာခဲ့ပြီး ဖူခန်းပြည်နယ်သို့ ဦးတည်သွားခဲ့သည်။ လမ်းတွင် ကောစန့်ကို ဆက်သွယ်ကာ အသုံးပြုပြီးသော ကားဟောင်း တစ်ဒါဇင်လောက် ဝယ်ထားရန် မှာကြားလိုက်သည်။

ဖူခန်းပြည်နယ် ကျိုးမြို့…

သည်ဟာသည် ဖူခန်း - ကျိုးမြို့သို့ ပထမဆုံးအကြိမ်အဖြစ် ထန်ရှု လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ အထပ်မြင့်အဆောက်အဦးများနှင့် ကျယ်ပြန့်သော လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်တိုက်ဖြစ်ပေါ်နေမှုရှိသော ရှန်ဟိုင်းမြို့တော်နှင့် နှိုင်းယှဉ်ပါက ကျိုးမြို့သည် နိမ့်ကျခြင်းမရှိကြောင်းကို တွေ့ရသည်။

မနက် ၁၀ နာရီ…

ထန်ရှုသည် ကျိုးမြို့၏ ဟောင်မိသားစုသို့ ရောက်ရှိလာခဲ့သည်။

ဟောင်မိသားစုသည် ဖူခန်းပြည်နယ်တွင် အင်အားအလွန်ကောင်းသဖြင့် ၎င်းတို့ပိုင်ဆိုင်သော ဧရိယာကျယ်ဝန်းသည့်မြေကွက်တွင် မိသားစုအိမ်တော်အား တည်ဆောက်ထားသည်။ ကားသည် ဟောင်မိသားစုနေထိုင်ရာအိမ်ရှေ့၏ အရှေ့တံခါးသို့ ရောက်ရှိလာသောအခါ ပင်မဂိတ်တံခါးရှိ လုံခြုံရေးအစောင့်များက ထန်ရှုတို့အား ရပ်တန့်စေသည်။

"မင်း ဘယ်သူလဲဆိုတာ ငါမေးလို့ရမလား။ သည်နေရာက သီးသန့်နေထိုင်တဲ့နေရာ ဖြစ်တဲ့အတွက် ပြင်ပလူတွေကို ဝင်ခွင့်မပြုဘူး။”

ထန်ရှုနှင့် လီရှောင်ကျီတို့ တက္ကစီပေါ်မှ ဆင်းလာသည်ကို လုံခြုံရေးအစောင့်က မြင်လိုက်သဖြင့် အသံနက်ကြီးဖြင့် ရုတ်တရက် ပြောလိုက်သည်။

တက္ကစီအား ပြန်လွှတ်လိုက်ပြီးနောက် ထန်ရှုက လုံခြုံရေးအစောင့်အား ကြည့်ကာ

"ထန်ရှု လာလည်ကြောင်း ဟောင်ကျင်းဖူကို ပြောပေးပါ။"

ထန်ရှုအား ရှုံ့မဲ့ကာ စိုက်ကြည့်ရင်း ထိုလုံခြုံရေးအစောင့်သည် မျက်ခုံးပင့်လိုက်မိသည်။ ဖူခန်းပြည်နယ်တွင် မိသားစု၏အကြီးအကဲအား နာမည်တိုက်ရိုက်ခေါ်ဆိုဝံ့သော လူများစွာမရှိပေ။ သို့သော် ထန်ရှုထံမှ ထူးခြားသော ရောင်ဝါနှင့် လီရှောင်ကျီ၏ စစ်သည်မာန်အား ဖျော့တော့စွာ ခံစားမိသောကြောင့် ချက်ချင်း တုံ့ပြန်လိုက်သည်။

"ကျေးဇူးပြုပြီး ခဏစောင့်ပါ။"

ထိုသို့ပြောပြီးနောက် သူသည် စကားပြောစက်အား ယူလိုက်ပြီး ဟောင်မိသားစုအိမ်တော်၏လုံခြုံရေးမှူးထံ ဆက်သွယ်ခဲ့သည်။

ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်အကြာတွင် ဟောင်ကျင်းဖူသည် ဟောင်မိသားစု၏ အဓိကအဖွဲ့ဝင် လေးငါးဦးနှင့်အတူ အိမ်ရှေ့တံခါးဆီသို့ အလျင်အမြန် ရောက်လာခဲ့သည်။ တံခါးအပြင်ဘက်တွင် လူနှစ်ယောက်ကို မြင်သောအခါ တယောက်သည် ထန်ရှုဖြစ်သည် ဟု ချက်ချင်း ကောက်ချက်ချလိုက်သည်။

"မင်းက... ထန်ရှု - မစ္စတာထန်လား။"

အလွန်နိမ့်ကျစွာ ဦးညွှတ်ရင်း ပြောလိုက်သော ဟောင်ကျင်းဖူ၏ လေသံမှာ လေးစားမှုအပြည့်ရှိသည်။

“ဟွမ်မိသားစုရဲ့အကြီးအကဲက ယဉ်ကျေးလွန်း နေပါပြီ။ ဟုတ်ပါတယ် ကျွန်တော် ထန်ရှုပါ။"

ထန်ရှုက အပြုံးဖြင့် စကားဆိုလိုက်သည်။

ဟောင်ကျင်းဖူ၏ မျက်လုံးများ တောက်ပလာကာ သူ၏မျက်နှာထက်မှ စိတ်လှုပ်ရှားမှုအား ဖုံးကွယ်မထားနိုင်ပဲ လေးလေးစားစား ပြောလိုက်သည်။

"မနေ့က ကောစန့်ဆီက အစီရင်ခံစာကို လက်ခံရရှိထားတော့ ဒီနေ့ မင်းလာမယ်ဆိုတာ ငါသိတယ်။ ကျေးဇူးပြုပြီး အထဲကို မြန်မြန်ဝင်ပါ။ ငါ လက်ဖက်ရည်တွေ ပြင်ဆင်ထားတယ်။”

ထန်ရှု ခေါင်းညိတ်ပြရင်း ဟောင်ကျင်းဖူ၏အိမ်ရှေ့တံခါးအား ဖြတ်ကာ ဝင်သွားလိုက်သည်။

ဂိတ်ပေါက်ရှိ လုံခြုံရေးအစောင့်လေးယောက်သည် ထန်ရှုနှင့်ဟောင်ကျင်းဖူတို့အား လှမ်းကြည့်ရင်း တုန်လှုပ်ခြောက်ခြားသော အမူအရာများ ရှိကြသည်။

တက္ကစီနှင့်ရောက်ချလာသည့် လူငယ်လေးအား သူတို့မိသားစုရဲ့အကြီးအကဲက သည်လိုအပြုအမူမျိုးနှင့် ဆက်ဆံလိမ့်မည်ဟု တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးချေ။

"ဒီလူငယ်က ဘယ်သူလဲ။ မိသားစုရဲ့အကြီးအကဲကို သူ့အရှေ့မှာ ဒီလောက်လေးလေးစားစားဖြစ်စေဖို့က သိပ်ထူးဆန်းလွန်းတာမဟုတ်ဘူးလား။”

“ဟုတ်တယ်၊ ငါတို့မိသားစုရဲ့အကြီးအကဲကို ဒီလိုအပြုအမူမျိုးနဲ့ ဆက်ဆံစေနိုင်တဲ့လူတစ်ယောက် ဒီကမ္ဘာကြီးမှာ ရှိနိုင်မယ်လို့ ငါ တစ်ခါမှ အိပ်မက်မမက်ခဲ့ဘူး။ ဒီလူငယ်က ဘယ်လိုမြင့်မြတ်တဲ့သူမျိုးလဲ။”

“အဲဒီလို သိုသိုသိပ်သိပ်နှိမ့်နှိမ့်ချချနဲ့ လွှမ်းမိုးနိုင်မှုရှိတဲ့ ပုံရိပ် … ဒီနေ့က ငါ့အတွက် အတွေ့အကြုံတစ်ခု ရစေတာပဲ။ သူ့ကို မလေးမစား မဆက်ဆံလိုက်မိတာ ကံကောင်းသွားတယ်။ နို့မဟုတ်ရင် မိသားစုအကြီးအကဲရဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးမှုကို ခံရနိုင်တယ်။”

“…”

ဟောင်မိသားစု၏ အိမ်အဝင်ဝတွင် လည်ပတ်ကြည့်ရှုရန် ကားနှစ်စီးကို ရပ်ထားသည်။

ဟောင်ကျင်းဖူ၏ နွေးထွေးသော နှုတ်ခွန်းဆက်မှုအောက်တွင် သူတို့နှစ်ဦးသည် ရှုခင်းကြည့်ကားပေါ်တက်ခဲ့ပြီး လီရှောင်ကျီနှင့် ဟောင်မိသားစုမှ အခြားအဖွဲ့ဝင်အများအပြားသည် အခြားကားတစ်စီးပေါ်တွင် လိုက်ပါခဲ့ကြသည်။

"မစ္စတာ ထန် … ငါတို့ရဲ့နိမ့်ကျတဲ့အိမ်လေးဆီ ကိုယ်တိုင်လာရောက်လည်ပတ်တာ တကယ်ကို ဂုဏ်ယူမိတယ်။ မနေ့ကတည်းက ငါတို့မိသားစုရဲ့ အမာခံအဖွဲ့ဝင်တွေအားလုံးကို ငါ ခေါ်ထားတယ်။ အားလုံးက အထဲမှာ စောင့်နေတာ။” ဟောင်ကျင်းဖူက ပြုံးပြီး ပြောလိုက်သည်။

"မိသားစုခေါင်းဆောင်ဟောင် … ကျေးဇူးပြုပြီး အခမ်းအနားတွေ မလုပ်ပါနဲ့။ ကျွန်တော်တို့တွေက အပြင်လူတွေမှ မဟုတ်တာပဲ။”ထန်ရှုက ပြုံးရွှင်စွာ ပြောလိုက်သည်။

ဟောင်ကျင်းဖူ၏ မျက်လုံးများ တောက်ပလာပြီး ခေါင်းညိတ်လျက်

"ဟုတ်တယ် … ဟုတ်တယ်။ ငါတို့က အပြင်လူတွေ မဟုတ်ကြဘူး။ ထာဝရခန်းမမှာ သူဌေးအသစ် ရှိတယ်ဆိုတာကြားကတည်းက ငါ မင်းဆီကို တကယ်လာလည်ချင်ခဲ့နေတာ။ ဒါပေမယ့် ငါတို့ဟောင်မိသားစုဆီ မင်းကိုယ်တိုင်လာလည်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး။"

"ကျွန်တော် ဟောင်မိသားစုထံ လာရောက် လည်ပတ်ရတာက အကူအညီတစ်ခု တောင်းချင်တဲ့အတွက်လည်း ပါ ပါတယ်။" ထန်ရှုက ပြောသည်။

“မဟုတ်ဘူး မစ္စတာထန်။ မင်း ဒီလိုပြောတာ မမှန်ဘူး" ဟောင်ကျင်းဖူက လေးနက်ပြင်းထန်သော မျက်နှာဖြင့် ပြန်ဖြေသည်။

“လိုအပ်တာမှန်သမျှ ကျေးဇူးပြုပြီး ပြောပါ။ ချီတုံချတုံ မဖြစ်ပါနဲ့။ ပထမဆုံးအနေနဲ့ သူဋ္ဌေးဂူက ငါ့ရဲ့ အသက်သခင်ကျေးဇူးရှင်ဆိုတာ ပြောစရာလိုမယ်တောင် မထင်ပါဘူး။ ငါတို့ဟောင်မိသားစုရဲ့ လက်ရှိအခြေအနေအရ ထာဝရခန်းမကို အမှန်တကယ်ကို အကြွေးတင်နေတာပါ။  ထာဝရခန်းမရဲ့ အကူအညီမပါဘဲ ဟောင်မိသားစုဆိုတာ ရှိမှာမဟုတ်တဲ့အကြောင်းလည်း သူဋ္ဌေးဂူကို ငါ တစ်ခါက ပြောပြခဲ့ဖူးတယ်။ မင်း ဘာပဲအမိန့်ပေးပေး အမိန့်ပေးသမျှအရာတိုင်းကို ငါတို့ဟောင်မိသားစုက အစွမ်းကုန် အားကုန်ထုတ်ပြီးတော့ အပြည့်အဝ ကူညီသွားမှာပါ။"

"ဒီလိုဆိုမှဖြင့် ကျွန်တော်က အရင် ကျေးဇူးတင်စကား ဆိုချင်ပါတယ်။" ထန်ရှုက ခေါင်းညိတ်ပြီး ပြောသည်။

"ပြီးရင်တော့ ထာဝရခန်းမနဲ့ ဟောင်မိသားစုကြားမှာ ပိုရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ ရှောင်ရွှဲ့ကို ကျွန်တော် ပြောလိုက်ပါမယ်။"

ဟောင်ကျင်းဖူ၏ ခန္ဓာကိုယ်သည် အလွန်အကျူး ပီတိဖြစ်သွားသဖြင့် တုန်ရီသွားရသည်။ သို့တိုင် ထန်ရှု၏ စကားများမှ နူးညံ့သော အခေါ်အဝေါ်အကြောင်းအား သူ မစဉ်းစားပဲ မနေနိုင်ချေ။

ရှောင်ရွှဲ့တဲ့လား။

ထန်ရှုနဲ့ ဂူရှောင်ရွှဲ့ကြားမှာ မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိပါသနည်း။

ကားနှစ်စီးသည် ဟောင်မိသားစုနေထိုင်ရာ ပင်မအဆောက်အအုံသို့ အမြန်ရောက်ရှိလာသည်။ ဟောင်မိသားစုမှ အဓိက အဖွဲ့ဝင်တစ်ဖွဲ့သည် ထန်ရှုအား ကြိုဆိုကာ အိမ်ထဲသို့ ဝင်လာကြသည်။ ဟောင်မိသားစုအဖွဲ့ဝင်များနှင့် မိတ်ဆက်စကား ဆိုပြီးနောက် ထန်ရှုက ပွင့်လင်းစွာ ပြောလိုက်သည်။

"မိသားစုခေါင်းဆောင်ဟောင် … ကျွန်တော်တို့ စကားပြောဖို့ တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှိမလား။"

ထန်ရှုက သူနှင့် အရေးကြီးသည့် ကိစ္စတစ်ခုကို ဆွေးနွေးလိုမှန်း သိလိုက်သည့် ဟောင်ကျင်းဖူက ချက်ချင်းပင်

"ငါ့ရဲ့ စာဖတ်ခန်းကို သွားရအောင်။ အဲဒီမှာဆို ဘယ်သူမှ ငါတို့ကို နှောင့်ယှက်လို့ မရဘူး။”

စာဖတ်ခန်းသည် သန့်စင်ပြီး အံဝင်ခွင်ကျ အလှဆင်ထားသော အရာများဖြင့် စိတ်ဝင်စားစရာကောင်းကာ ဆွဲဆောင်မှုရှိသည်။ စာအုပ်စင်ပေါ်ရှိ စာအုပ်အများအပြားမှလွဲ၍ စားပွဲပေါ်တွင် စာရေးကိရိယာ၊ စာရွက်၊ မှင်နှင့် မှင်ကျောက်တစ်ခုလည်း ရှိသည်။ ထန်ရှု၏ အကြည့်များသည် စာအုပ်စင်များမှ ရွေ့လျားလာပြီး စင်ပေါ်ရှိ လက်မှုပညာများနှင့် စင်တန်းတစ်ခုပေါ်သို့ ကျရောက်သွားသောအခါတွင် သူ၏မျက်လုံးများသည် ထိုအပေါ်တွင် ရုတ်တရက် စိုက်ကြည့်မိသွားသည်။

အဲဒါက... မီးလျှံကျောက်လား…

ထန်ရှု၏စိတ်နှလုံးသည် ရုတ်တရက် လှုပ်ခါသွားရသည်။ သူသည် စင်အရှေ့သို့ ရောက်လာကာ ခြင်္သေ့ပုံထွင်းထုထားသည့် မီးလျှံကျောက်အား ယူကြည့်ရန် လက်လှမ်းလိုက်သည်။

“ဒီခြင်္သေ့ပုံထွင်းထားတဲ့ ကျောက်တုံးရဲ့ လက်ရာကောင်းတာကို မင်း တွေ့သွားတာလား။ အဲ့ဒါက ငါတို့နိုင်ငံက မဟာပညာရှင် ဟောင်ပိုင်ချင်က ထုလုပ်ထားခဲ့တာလေ။”

ဟောင်ကျင်းဖူက ပြုံးပြီး ပြောသည်။

မီးလျှံကျောက်အား ညင်သာစွာ ပွတ်သပ်ရင်း ထန်ရှုက ဟောင်ကျင်းဖူအား ဖြည်းညှင်းစွာ ခေါင်းလှည့်ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။

“ဒီခြင်္သေ့ထွင်းကျောက်အတွက် ဟွမ်မိသားစုက သုံးနှစ်တစ်ကြိမ် ထာဝရခန်းမဆီပို့တဲ့ လူအရေအတွက်ကို ၂ဆဖြစ်မယ်ဆိုရင်ရော ဘယ်လိုလဲ။”

ဟောင်ကျင်းဖူ၏မျက်လုံးများ တောက်ပလာကာ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ။ မစ္စတာထန်က အဲဒါကို သဘောကျတဲ့အတွက် ကျေးဇူးပြုပြီး မင်းဆန္ဒအတိုင်း ယူလိုက်ပါ။"

သည်အချိန်တွင် သူ တကယ်ကို ကြည်နူးပြီး ပျော်ရွှင်နေခဲ့သည်။

သည်မျှလောက်ကောင်းသော ခြင်္သေ့ထွင်းကျောက်တုံးသည် သုံးနှစ်တစ်ကြိမ် ထာဝရခန်းမသို့ စေလွှတ်နိုင်သည့် ဟောင်မိသားစု၏ လူအရေအတွက်ကို နှစ်ဆတိုးရန် အခွင့်အရေးပေးမည်ဟု သူ တစ်ခါမှ မမက်ဖူးသောကြောင့်ဖြစ်သည်။ ပြန်တွေးကြည့်မည်ဆိုပါက သုံးနှစ်မှ လူ ၃ ယောက်သာ ပို့နိုင်ရာမှ  အရေအတွက်ကို နှစ်ဆ တိုးလိုက်သောကြောင့် လူခြောက်ယောက်ကို ပို့နိုင်တော့မည်ဖြစ်သည်။

အသုတ်တိုင်းလိုလိုတွင် သေဆုံးမှုများရှိသော်လည်း အသက်မသေဘဲ ရှင်ကျန်ရစ်ခဲ့သည့်လူများသည်  ဟောင်မိသားစု၏ ထောက်တိုင်များ ဖြစ်လာကြသည့် ထူးချွန်သူများသာ ဖြစ်သည်။

***

All Chapters