အပိုင်း (၄၉)
Vol. 4 Ch. 49
"အား...အဲ့တာသူပဲ.."
အံ့အားသင့်စွာ အော်ဟစ်သော အသံက အခန်းအတွင်းမှ ထွက်ပေါ်လာသည်။
"ရှင်ဘာလုပ်နေတာလဲ.."
"ဘာလို့..အော်ဟစ်နေတာလဲ.."
သက်လက်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ အသံက အခန်းအတွင်းမှ ထွက်ပေါ်လာသည်။
"အဲ့တာသူပဲ.... အဲ့တာသူပဲ..အဲ့တာသူပဲကွ.."
"သူပေါ်လာပြီး..သူကိုယ်တိုင်က လက်သည်တရားခံ ဖြစ်တာမို့...ငါတို့တွေထပ်ပြီးတော့ သေစရာမလိုတော့ဘူး.."
"သူပဲ...သူပဲဟ...အဲ့တာသူပဲ.."
"ငါသူ့ကို အရင်ကတွေ့ဖူးတယ်...ဒါက.. ကောင်းလိုက်တာ.."
"သူဒီမှာ ရှိနေပြီဆိုရင်..သူသေသွားတာနဲ့..ငါတို့တွေ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အမျက်ဒေါသကို ချွေးသိပ်နိုင်ပြီ.."
အိမ်ပြတင်းတံခါးများစွာဆီမှ ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဒီမှာရှိနေတဲ့ သက်ရှိတွေက အားနည်းတယ်ဆိုပေမဲ့.. ထောင်ပေါင်းများစွာ ရှိနေတယ်.."
"သူတို့ရဲ့ ဝိညာဉ်တွေ သွေးတွေကို စုပ်ယူပြီးတော့ ငါ့ခွန်အားတစ်ချို့ကို ပြန်ဖြည့်တင်းခွင့်ပေး.."
ရှစ်ဖုန့်၏ ကိုယ်အတွင်းမှ ကောင်းကင်ဘုံ မီးတောက်က ရုတ်တရက် စကားပြောလာသည်။
သူ၏လေသံက သက်ရှိထောင်ပေါင်းများစွာ၏ သွေးတို့အားစုပ်ယူခြင်းက အတော့်ကိုသာမန်သာဖြစ်ပြီး မဖြစ်စလောက်ကိစ္စလေးတစ်ခုကဲ့သို့သဘောထားသော အသံမျိုးဖြစ်သည်။
"ခင်ဗျားက သက်ရှိတွေကို ပုရွက်ဆိတ်လိုမျိုး သဘောထားတဲ့ တော်တော်လေးကို စိတ်ဖောက်ပြန်နေတဲ့သူပဲ.."
"ရှေးဦး ကျွမ်းကျင်သူရဲ့ ဖိနှိပ် ဆီးလ်ခတ်မှုကို ခင်ဗျားခံခဲ့ရတာကို ကျုပ်မအံ့သြတော့ပါဘူး.."
ရှစ်ဖုန့်က ပြောလိုက်သည်။
"ဟမ့်"
ကောင်းကင်ဘုံမီးတောက်က အေးစက်စွာနှာမှုတ်၍ ပြောလိုက်သည်။
"ငါ့ရှေ့မှာ အဲ့လိုလာပြီး ပြုမူပြမနေနဲ့.."
"မင်းကျင့်ကြံနေတဲ့ ကျင့်ကြံခြင်းပညာရပ်ကလည်း ငါ့ထက်ဘာမှ ပိုသာမနေဘူး.."
"ဒီသတ္တဝါတွေက ငါ့အတွက်တော့ ဖီလာဖြစ်နေတဲ့သူပေမဲ့ မင်းနဲ့ကတော့ မျိုးစိတ်အတူတူပဲ.."
"ဟမ့်..နားစမ်းပါ.."
"ကျုပ်မှာ လူတွေကိုသတ်ဖို့ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်.."
"ခင်ဗျားအနေနဲ့ အဲ့စိတ်ဝိညာဉ်နယ်ပယ် အဘိုးကြီးနှစ်ယောက်ကို ကျုပ်သတ်ပြီးတဲ့အခါ သူတို့ရဲ့သွေးကို စုပ်ယူနိုင်တယ်.."
"သူတို့ရဲ့ ဝိညာဉ်တွေကို စုယ်ယူပြီးရင်တော့ ကျုပ်ကို ဝိညာဉ်တွေကိုပေး.."
မသိလိုက်ပါပဲ ရှစ်ဖုန့်မှာ ရုပ်ထု၏ အောက်ခြေသို့ ရောက်နေပြီ ဖြစ်သည်။
သူက ရုပ်ထုအခြေပေါ်သို့ ခုန်တက်လိုက်က ခြေထောက်တို့က ရုပ်ထုအပေါ်သက်ဆင်းပြီးနောက် လျှင်မြန်စွာ အထက်သို့ ခုန်လိုက်သည်။
"ပုရွက်ဆိတ်တစ်ကောင် ရောက်လာပြီ.."
ယန်တမာန်တော်က အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။
"သူ့ရဲ့ အသက်အရွယ်နဲ့ အသွင်အပြင်အရတော့..သူက မင်အန်းကိုသတ်လိုက်တဲ့ လူငယ် သိုင်းပညာရှင် ပဲဖြစ်ရမယ်.."
"ချစ်စရာလေးပဲ.."
"ဒါလည်း ကောင်းတာပဲ.."
"ငါတို့လည်းဒီမှာ ဘာမှမှ လုပ်စရာ မရှိတာ မင်းကိုခွင့်ပြုပေးပြီးတော့ ငါလည်း နည်းနည်းပါးပါး ပျော်ရတာပေါ့.."
ယင်တမာန်တော်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားကာ ပျော်စေပျက်စေ အပြုံးတစ်ခုကို ပြုံးလိုက်သည်။
"ဒါဆိုလည်း ရေခဲနဲ့မီးရဲ့ တကယ့်ကမ္ဘာအစစ်က ဘာလဲဆိုတာကို သိအောင် ပျော်ပါးခွင့်ပြုလိုက်တာပေါ့.."
ယင်တမာန်တော်က စကားပြောပြီးသောအခါ သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။
ရုတ်တရက် ရေခဲဖြူရောင် မီးလုံး တစ်လုံးကို သူ၏ လက်ဖဝါးမှ ပစ်လွှတ်လိုက်ပြီး ရွာကျနေသော မိုးစက်များအား ချက်ခြင်း မိုးသီးများ အဖြစ် သိပ်သည်းစေလိုက်သည်။
တစ်ချိန်တည်းမှာပင် ယန်တမာန်တော်က သူ၏ ညာလက်ကိုဆန့်ထုတ်လိုက်ပြီး ရဲရဲတောက်နေသော အနီရောင်မီးတောက်ကို လက်ဖဝါးအလယ်တွင် ထွန်းလင်းစေလိုက်ပြီး မီးတောက်၏ ခြစ်ခြစ်တောက်အပူတို့ကို မီးတောက်နှင့်အတူ ပျံ့နှံ့သွားစေသည်။
ရေခဲနှင့်မီးစွမ်းအားတို့က လေထဲတွင် တွေ့ဆုံသွားကြသည်။
၎င်းတို့နှစ်ခုက တစ်ခုနှင့်တစ်ခု ငြင်းဆန်ကြခြင်း မရှိကြသည့်အပြင် စတင်၍ပင် အတူတကွ ပေါင်းစပ်လာကြသည်။
"အမ်..ဒါက သားရဲမီးတောက် စွမ်းအား နှစ်ခုမဟုတ်လား.."
ရှစ်ဖုန့်က ခုန်တက်လာရင်း ရုပ်ထု၏ ခါးနားသို့ရောက်သောအခါ ကောင်းကင်ဘုံ မီးတောက်က ရုတ်တရက် စကားပြောလိုက်သည်။
ထျန်းဟန်တိုက်ကြီး ပေါ်တွင် ထူးဆန်းသော မီးတောက်ပေါင်း များစွာ ရှိကြသည်။
၎င်းတို့မှာ ကောင်းကင်ဘုံမီးတောက်၊ မြေကမ္ဘာမီးတောက်နှင့် သားရဲမီးတောက် အစရှိသည်ဖြင့် ဖြစ်ကြ၏။
မြေကမ္ဘာမီးတောက်မှာ ထူးဆန်းသော ဒေသအချို့တွင် မရေတွက်နိုင်သော နှစ်ပေါင်းများစွာကြီးထွားလာသော မီးတောက်မျိုးစေ့ဖြစ်သည်။
ဥပမာအနေဖြင့် မြေကမ္ဘာအူတိုင်မီးတောက်နှင့်ချော်ရည်မီးတောက်တို့ဖြစ်ကြသည်။
ကောလဟာလများအရ မြေကမ္ဘာမီးတောက်များမှာ ၎င်း၏ ကိုယ်ပိုင် အသိဉာဏ်ဖြင့် အချိန်များ တစ်လျှောက် ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်ကာ ကောင်းကင်ဘုံမီးတောက်အဖြစ် အောင်မြင်စွာ ပြောင်းလဲတိုးတက်နိုင်သည်ဟုဆို၏။
သားရဲ မီးတောက်များမှာ နတ်ဆိုးသားများ ၏ ခန္ဓာကိုယ်အတွင်း ရှိ မီးတောက် အဆီအနှစ် ဖြစ်သည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင် မီးစွမ်းရည်ပါရမီရှိသော နတ်ဆိုးသားရဲများ အား အမဲလိုက်၍ ၎င်းတို့၏ မီးတောက် အဆီအနှစ်အား ထုတ်ယူက မိမိတို့အတွက်အသုံးပြုကြသော သိုင်းပညာရှင်များစွာ ရှိကြသည်။
ထိုမီးတောက်များအား သားရဲမီးတောက်များဟု သိကြသည်။
"အဆင့်လေး သားရဲမီးတောက်ဆိုတာက အဆင့်လေးဘုရင်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ရဲ့ ကိုယ်ကနေပေါ်ပေါက်လာတာ"
"ကောင်လေး...အဲ့သားရဲမီးတောက်လုံးနှစ်ခုက ငါနဲ့ဆက်နွယ်နေတယ်.."
"ငါသာ သူတို့ကို ဝါးမြိုနိုင်ရင် ငါ့ခွန်အားရဲ့ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုကို သေချာပေါက်ပြန်ကုစားနိုင်လိမ့်မယ်.."
ကောင်းကင်ဘုံ မီးတောက်က ပြောလိုက်သည်။
"ပြဿနာ မရှိဘူး.."
ရှစ်ဖုန့်က မဆိုင်းမတွသဘော တူလိုက်သည်။
သူတို့နှစ်ဦးမှာ ယခုအချိန်တွင် တစ်သားတည်းဖြစ်သည်။
ထို့အပြင် ကောင်းကင်ဘုံမီးတောက်မှာ သူ၏ ဒန်တန်အဖြစ်ပြောင်းလဲသွားခဲ့သည်။
ကောက်းကင်ဘုံမီးတောက်က ၎င်း၏ စွမ်းအင်အစိတ်ပိုင်း အနည်းငယ်အား ပြန်ကုစားနိုင်လျှင် ၎င်းမှာသူ၏ သိုင်းတာအို ကြယ်တစ်ပွင့် တိုးတက်ခြင်းဟု ဆိုလိုခြင်းပင်ဖြစ်သည်။
ရှစ်ဖုန့် ရုပ်ထု၏ နှာခေါင်းရှိ ပေါင်းကူးတံတားပေါ်သို့ ခြေချမိသောအခါ သူ၏ ညာခြေထောက်ဖြင့် ဆောင့်နင်းလိုက်ပြီး ခန္ဓာကိုယ်အား ရှေ့သို့ ရုတ်ချည်းပစ်လွှတ်သလို ဖြစ်သွားစေသည်။
ထို့နောက် ရုပ်ထု၏ ဦးခေါင်းပေါ်သို့ သက်ဆင်းလိုက်သည်။
သူ၏ ညာလက်အား လှန်လိုက်သောအခါ သွေးဓားက သူ၏ လက်ထဲတွင် ပေါ်လာပြီး သူ၏ ရှေ့ရှိ အဖြူရောင်နှင့် အနီရောင် မီးလုံးတို့အား က်ိုင်ဆောင်ထားကြသော ယင်ယန်တမာန်တော်နှစ်ဦးအား စိုက်ကြည့်လိုက်သည်။
"သတ်"
ဘာမှထပ်မပြောတော့ပဲ သူ၏လက်ထဲရှိသွေးဓားကို ရှစ်ဖုန့်က အလျားလိုက် လွှဲခုတ်လိုက်ပြီး လခြမ်းကွေးသဏ္ဍာန် အဖြူရောင် ဓားချီကို ယင်နှင့်ယန်တမာန်တော်တို့ထဲ ဦးတည်လွှတ်လိုက်သည်။
"ဆန်စေ့လောက်လေးက တောက်ပတဲ့လမင်းကြီးကို ယှဉ်ပြိုင်ချင်နေတာပဲ.."
"မင်းက မင်းကိုယ်မင်း တကယ့်ကို ပိုပြီးတွက်ဆထားတာပဲ"
ရဲရဲတောက်နေသော အနီရောင်သက်ကြားအိုကြီးက အထင်သေးသော မျက်နှာထား အပြည့်ဖြင့် မထီမဲ့မြင်ပြုကာ ရယ်မောနေသည်။
သူကရှေ့သို့ ခြေတစ်လှမ်း ပေါ့ပေါ့ပါးပါးလှမ်းလိုက်ကာ ရဲရဲတောက်နေသော အနီရောင် မီးများတောက်လောင်နေသည့် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။
သူ့ထံသို့ ခုတ်ပိုင်းလိုက်သော ရှစ်ဖုန့်၏ ဓားချက်အား ပေါ့ပေါ့တန်တန်ပင် ဖမ်းဆုပ်လိုက်၏။
ယင်သက်ကြားအိုကြီးက ဘေးတွင် ရပ်နေကာ ဘာမှ မလှုပ်ရှားပေ။
အားနည်းလှသော သိုင်းသမားတစ်ယောက်အား ရင်ဆိုင်ရန်အတွက် သူတို့နှစ်ယောက်သား တစ်ချိန်တည်းတွင်လှုပ်ရှားခြင်းက မထိုင်တန်
ဟုသူထင်သည်။
"အာ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.."
ယန်တမာန်တော်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ အမူအယာမှာလည်း ရုတ်ချည်း စိုးရိမ်တကြီး ပြောင်းလဲသွားသည်။
သူ၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ၏ မျက်နှာထက်တွင် မယုံကြည်မှုတို့ဖြင့် ပြည့်နေသည်။
သူ၏ လက်ဖြင့်ဖိလိုက်ရုံဖြင့် အလွယ်တကူခြေမွပစ်နိုင်သည်ဟု ယုံကြည်ထားခဲ့သော ဓားချီမှာ သူ၏ လက်အား ရုတ်တရက်ဖြတ်သွားသည်။
သူ၏ လက်မမှလွဲ၍ အနီရောက်မီးတောက်တို့ တောက်လောင်နေသောသူ၏ ကျန်လက်လေးချောင်းမှာ ပြတ်ထွက်ပြီး အောက်သို့ကျသွားကာ မီးတောက်နှင့်အတူ အပြာအဖြစ် ချက်ခြင်း ပြောင်း လဲသွားသည်။
ထိုစဉ် ရှစ်ဖုန့်၏ ဓားချီက ရှေ့သို့ ဆက်လက်ထွက်သွားပြီး ယန်သက်ကြားအို၏ ရင်ဘက်ကို ခုတ်ပိုင်းလိုက်သည်။
"အား...ငါမင်းကိုဆိုးဆိုးရွားရွား သေအောင်လုပ်ပစ်မယ်.."
သက်ကြားအိုယန်မှာ သူ၏ လက်ချောင်းများအား အရှက်တကွဲဆုံး ရှုံးလိုက်ရသောကြောင့်ဒေါသူပုန်ထကာ အော်ဟစ်လိုက်သည်။
ထို့နောက်ချက်ခြင်း သူ၏ ဘယ်လက်အား လက်သီးဆုပ်လိုက်ကာလခြမ်းသဏ္ဍန်ဓားချီထံ ထိုးချလိုက်သည်။
လက်သီးတစ်ချက်ဖြင့် ဓားချီမှာ ရုတ်ချည်း ပျောက်ကွယ်သွားသည်။
ထို့နောက် ယန်သက်ကြားအိုကြီးမှာ ရူးသွပ်သွားသော သားရဲတစ်ကောင်နှင့်တူနေသည်။
သူသည်လေထဲသို့ ခုန်လိုက်ကာ ရှစ်ဖုန့်အား ခုန်အုပ်လိုက်သည်။
ဒေါသတကြီးမီးတောက်များတောက်လောင်နေသော သူ၏ ဘယ်လက်အားလက်သည်းပုံသဏ္ဍန်ပြောင်းကာ ရှေ့သို့ဆန့်ထုတ်လိုက်ပြီး
မီးတောက်လက်သည်း ပညာရပ်ကို အသုံးပြု၍ ရှစ်ဖုန့်၏ ဦးခေါင်းအား ပြင်းထန်စွာ ကုတ်ချလိုက်သည်။
သူက ရှစ်ဖုန့်၏ ခေါင်းအား အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်သည်။
"အိုကြီးအိုမကြီးက လက်တစ်ဖက်တည်းနဲ့ လာပြီး မာနကြီးပြနေတယ်.."
"ခင်ဗျားတော့သေချင်နေတာပဲ.."
ရှစ်ဖုန့်၏ မျက်နှာတွင် အထင်သေးမှုတို့ပြည့်နေပြီး သွေးဆာသော အကြည့်ဖြင့် သူ၏ လက်ကိုမြှောက်လိုက်သည်။
အမြင်အားဖြင့် သူက သာမန်ဓားတစ်ချောင်းအား ပင့်မြှောက်လိုက်သည်နှင့်တူသည်။
"ငရဲဘုံဓား"
ဤဓားပညာရပ်မှာ အတိတ်တုံးက ကြီးမြတ်သော ငရဲဘုံကိုးခု ဧကရာဇ် ဖန်တီးခဲ့သော ပညာရပ်ဖြစ်သည်။
၎င်းမှာ မန္တရားသန့်စင်သူ မင်အန်းနှင့် ဟိုင်ကလန်မြင်းထိန်းတို့အား သတ်ခဲ့သည့် ငရဲဘုံလက်ချောင်းနှင့် ပုံစံဆင်တူသည်။
သို့သော် ထိုအချိန်က လက်ချောင်းကို အသုံးပြုခဲ့သော်လည်း ယခုအချိန်တွင်က ဓားတစ်ချောင်းကို အသုံးပြုသည်။
"ဟမ်.."
သက်ကြားအိုယန်မှာ ရှစ်ဖုန့်၏ ဓားသူ့ထံသို့ ထပ်မံ၍ ထိုးသွင်းသည်ကို မြင်ရသောအခါ နောက်တစ်ကြိမ် စိုးရိမ်သော အမူအယာသို့ ပြောင်းသွားပြန်သည်။
အမြင်အားဖြင့်သာမန်ထိုးသွင်းချက်သာထင်ရသောဓားက သူ၏ နှလုံးသားအား ထိုးသွင်းတော့မည့်သကဲ့သို့ ချိုးဖြတ်မရာ တားဆီးမရသော ခံစားချက်အား သူခံစားရသည်။
ဤဓားမှာတည်ရှိပုံရသော်လည်း အရိပ်ပမာ သရဲတစ္ဆေတစ်ကောင်ကဲ့သို့လည်း ပုံပေါ်နေသည်။
သက်ကြားအိုယန်၏ စိတ်ထဲတွင် သေအံ့ဆဲဆဲ ခိုင်မာလှသော အာရုံက ရုတ်ချည်း မြင့်တက်လာ၏။
စိတ်ဝိညာဉ်နယ်ပယ်အထွတ်အထိပ်၌ ရှိသောသူတစ်ယောက်၏ သိုင်းပင်ကိုဗီဇမှာ တော်တော်လေး ထက်ရှလှသည်။
လေထဲတွင် ရှိနေသော သက်ကြားအိုကြီးယန်မှာ အလျှင်အမြန် နောက်လှန်ချလိုက်ပြီး ရှစ်ဖုန့်၏ သေစေနိုင်သောဓားချက်ကိုရှောင်လိုက်သည်။
ရှစ်ဖုန့်၏ ဓားက လေကိုထိုးခွင်းသွားသည်။
ရှစ်ဖုန့်က သူ၏ ဓားကိုရုတ်သိမ်းလိုက်ကာ ဘယ်လက်ဖြင့် ဓားသွားကို ပေါ့ပါးစွာတောက်လိုက်သည်။
"ချလွမ်"
ခပ်ဆက်ဆက်အသံတစ်ခုထွက်ပေါ်လာပြီး ရှစ်ဖုန့်က ပြောလိုက်သည်။
"ခုဏက လျှက်တပြက်စိတ်အာရုံက မဆိုးပါဘူး.."
"ကျုပ်ဓားကို ခင်ဗျား တကယ်ကြီး ရှောင်နိုင်သားပဲ.."
"အခု..ခင်ဗျားတို့ သက်ကြားအိုနှစ်ကောင်လုံး ကျုပ်ဆီကိုလာခဲ့ကြ.."
အရာအားလုံးမှာ အသက်ရှူကြိမ် အနည်းငယ်ခန့်အတွင်း ဖြစ်ပျက်သွားသည်။
သက်ကြားအိုယင်က ဝင်ကူရန်လုပ်လိုက်ချိန်တွင် သက်ကြားအိုကြီးယန်က နောက်သို့ အတင်းအကျပ်ဆုတ်လိုက်ပြီးဖြစ်သည်။
သက်ကြားအိုယန်က သူ့၏ဘေးရှိသက်ကြားအို ယင်အား ကြည့်ကာ အော်ပြောလိုက်သည်။
"ဒီကလေးက အရမ်းသန်မာတယ်..မင်းနဲ့ငါခုဏကတုံးက နားလည်မှု လွဲသွားတာပဲ.."
"အတူတိုက်ကြစို့...ငါသူ့ကိုဒီနေ့ပဲ ကွက်မျက်မယ်လို့ကျိန်ဆိုတယ်.."
"မင်းကိုနာကျင်စေတာက ငါ့ကိုနာကျင်စေတာနဲ့အတူတူပဲ.."
"ဒီနေ့..ဘာသင်္ချိုင်းမှ မရှိပဲနဲ့ သူသေရလိမ့်မယ်.."
သက်ကြားအိုယင်ကလည်းကြုံးဝါးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ တစ်လုံးအား ရေခဲမီးတောက်တို့ဖြင့် လောင်ကျွမ်းစေလိုက်သည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise