အပိုင်း (၅၀)
Vol. 4 Ch. 50
"အကန့်သတ်မဲ့ ယင်ယန် ရေခဲနဲ့မီး ပေါင်းစပ်စွမ်းအား.."
ယင်ယန်တမာန်တော်က တစ်ချိန်တည်းအော်လိုက်ကြသည်။
သူတို့ခန္ဓာကိုယ်ရှိ ရေခဲနှင့်မီး မီးတောက်များမှာ ဟင်းလင်းပြင်ထဲသို့ တစ်ဟုန်ထိုး ဆီးဝင်သွား၏။
ထို့နောက်ချက်ခြင်း ရေခဲနှင့်မီးတို့ ပေါင်းစပ်တောက်လောင်နေသော ငါးမီတာမြင့်မားသည့် ဧရာမမီးတောက်ကြီး အဖြစ်သို့ သိပ်သည်းသွားသည်။
မီးတောက်များမှာ ၎င်းတို့၏ ကိုယ်တွင် တောက်လောင်နေပြီး မီးနတ်ဘုရားတစ်ပါး သေမျိုးလောကသို့ ဆင်းသက်လာသည်နှင့်ပင်တူ၏။
"ယင်ယန်ပေါင်းစပ်ခြင်း သိုင်းနည်းစနစ်က ကြယ်တစ်ပွင့် ဘုရင်နယ်ပယ်တစ်ယောက်ရဲ့ ခွန်အားကိုတောင် ရောက်နေပီပဲ.."
ရှစ်ဖုန့်မှာ မျက်လုံးကို ကျဉ်းမြောင်း၍ လေထဲရှိ ဧရာမမီးတောက်ဘီလူးကြီးကိုကြည့်နေသည်။
ရုတ်ချည်း သူ၏ ခြေထောက်အောက်ရှိ ဧရာမရုပ်ထုကြီးမှာ ပြင်းထန်စွာ စတင်၍ တုန်ခါလာ၏။
"သေစမ်း.."
မီးတောက်ဘီလူးကြီးက အော်ဟစ်ကြိမ်းဝါးကာ ရှစ်ဖုန့်အားကြီးမားသော ခွန်အားဖြင့် တစ်ဟုန်ထိုး ထိုးချလိုက်သည်။
ထိုလက်သီးချက်မှာ အရာအားလုံးအား ဖျက်ဆီးပစ်တော့မည့်နှယ်ဖြစ်၏။
"ဒီကောင်က နောက်တစ်ကြိမ်ငါတို့ မျှော်မှန်းထားတာထက်ကိုသာလွန်သွားပြန်ပီ"
"သူတို့ရင်ဆိုင်ပြီး မကြာခင် သက်ကြားအိုကြီး ယန်ကိုတောင် ဒီလောက်အထိ အတင်းအကျပ်ဖြစ်စေပြီး လက်လေးချောင်းတောင် ဖြတ်ပစ်လိုက်သေးတယ်.."
စန်းယွဲ့မြို့အပြင်ဘက် တောင်ထိပ်ပေါ်ရှိ ယာယီကနားထဲတွင် ကျောက်လုံမှာ အရမ်းအံံသြမှင်တက်မိနေကာ သူ၏ ပါးစပ်ပင် ပွင့်နေမိသည်။
သူ၏ မျက်လုံးများက ပြူးကျယ်နေကာ ပြောလိုက်သည်။
"သက်ကြားအိုကြီး ယန်က ကျော်ကြားတဲ့ စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထ်ိပ်တစ်ယောက်ဖြစ်ပြီးတော့ စိတ်ဝိညာဉ်နယ်ပယ်ရဲ့ ဘုရင်တစ်ပါးပဲ.."
"အဲ့ငတိက အခု ဘယ်နယ်ပယ်ကို ရောက်နေတာတုံး.."
"ဘုရင်နယ်ပယ်များဖြစ်နိုင်လား.."
"ဒီလိုအသက်ငယ်ငယ်လေးနဲ့...ဘုရင်နယ်ပယ်တဲ့.."
လုံချန်မှာ သူ၏ စက္ကူယပ်တောင်အား အသာအယာ ဝေ့ယမ်း၍ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ရှိနေသည်။
"ငါသူ့ကို အမှတ်တကယ်ကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိတော့ဘူး.."
"သူဘုရင်နယ်ပယ်ကို ရောက်နေလား မရောက်နေဘူးလားဆိုတာက ယင်ယန်သက်ကြားအိုကြီး နှစ်ယောက်ရဲ့ ရေခဲနဲ့မီးပေါင်းစပ်စွမ်းအား အောက်မှာ သူရပ်တည်နိုင်မနိုင်ပေါ်ပဲ မူတည်တော့တယ်"
ရှစ်ဖုန့်မှာ မီးတောက်ဘီလူး၏ လက်သီးချက် ဆင်းသက်လာသည်အား ကြည့်နေသည်။
သူကသူရပ်နေသော နေရာတွင် ခေါင်းကိုမော့ထားသည်။
သူ၏ ပုံစံအရ သူသည်ထို အရားအား ရှောင်တိမ်းရန် ရည်ရွယ်ချက် ရှိပုံမရပေ။
သူ၏ နှုတ်ခမ်းက တွန့်ကွေးသွားကာ အထင်သေးစွာဖြင့်ပြုံးလိုက်သည်။
"ခင်ဗျားတို့ကပဲ...မီးနဲ့ကစားတတ်တာလို့ ထင်နေကြတာလား.."
ရှစ်ဖုန့်စကားပြောပြီးသောအခါ ဝုန်းဆိုသော အသံနှင့်အတူ လက်ဆက်သော သွေးသဏ္ဍန် နတ်ဆိုးဆန်သော မီးတောက်အား သူ၏ တစ်ကိုယ်လုံးတွင် လောင်ကျွမ်းထွက်ပေါ်စေလိုက်သည်။
ရှစ်ဖုန့်ထံသို့ ချိန်ရွယ်၍ ဆင်းသက်လာသော ဧရာမမီးတောက်လက်သီးကြီးမှာ ရုတ်တရက် ပရမ်းပတာဖြစ်လာပြီး ကွယ်ပျောက်လုနီးနီးဖြစ်သွားသည်။
လေထဲရှိ မီးတောက်ဘီလူးကြီးပင် အနည်းငယ် တုန်ယင်နေပုံပေါ်သည်။
"ဘာဖြစ်တာလဲ.."
"ငါရဲ့မီးတောက်တွေက ပြန်ဆုတ်ခွာနေတာကို ခံစားမိတယ်.."
သက်ကြားအိုကြီးယန်က အော်ပြောလိုက်သည်။
"ငါရောပဲ...ဒါက မီးတောက်တစ်ခုရဲ ဖိနှ်ိပ်တာကို ခံရတာပဲ..""
"အဲ့ကလေးရဲ့ကိုယ်မှာ..ဘယ်လိုမီးတောက်မျိုး..ရှိနေတာလဲ.""
"ငါတို့မှာရှိတာက အဆင့်လေးဘုရင်နယ်ပယ် နတ်ဆိုးသားရဲရဲ့သားရဲ
မီးတောက်တွေပဲ.."
သက်ကြားအိုကြီး ယင်မှာလည်းတုန်လှုပ်နေသည်။
"ဟမ့်..ဒီအရှင်က ဘယ်လို တည်ရှိမှုလဲဟုတ်လား.."
"မင်းတို့တွေ ဒီအရှင်ကို ဖိနှိပ်ဖို့အတွက် အဆင့်လေးသားရဲ မီးတောက်လောက်လေးကို တကယ်သုံးရဲတာပဲ.."
"ဒါက ဒီ အရှင်ကို အရှက်ခွဲတာပဲကွ.."
ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိ ကောင်းကင်ဘုံမီးတောက်မှာ ဒေါခွီးစွာ ကန့်ကွက်ဆန့်ကျင်ပြောဆိုနေသည်။
ကောင်းကင်ဘုံမီးတောက်မှာ မီးတောက်များကြားထဲတွင် ဧကရာဇ်တစ်ပါးဖြစ်သည်။
ကောင်းကင်ဘုံမီးတောက်တစ်ကြိမ်ထွက်ပေါ်လာသည်နှင့် မီးတောက်အားလုံးဆုတ်ခွာထွက်ပြေးရလိမ့်မည်ဖြစ်သည်။
ဒါကတူညီသော နယ်ပါ်များကြားထဲတွင်ပင် ကျော်လွှား၍ မရနိုင်သော အရာဖြစ်သည်။
သက်ကြားအိုကြီးယင်နှင့်ယန်မှာ ဘုရင်အဆင့် သားရဲမီးတောက်များကို ပိုင်ဆိုင်ထားကြပြီး ၎င်းတို့က လက်ရှိ ကောင်းကင်ဘုံမီးတောက်ထက် တစ်ဆင့်ပိုသာကြသောလည်း ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ ကောင်းကင်ဘုံမီးတောက် ထွက်ပေါ်လာသောအခါ ၎င်းတို့၏ ပင်ကိုယ်ဗီဇအရ ဆုတ်ခွာထွက်ပြေးကြရဆဲဖြစ်သည်။
အဆင့်လေးသားရဲမီးတောက်တို့အား ရင်ဆိုင်ရသည်တောင် ကောင်းကင်ဘုံမီးတောက်က နယ်ပယ်များ ကျော်ဖြတ်၍ ၎င်းတို့အား ဖိနှ်ိပ်ထားဆဲဖြစ်သည်။
"ကျိုးပြတ်သွားစမ်း..."
ရှစ်ဖုန့်က သူ၏ ဓားအား လေထဲရှိ ဧရာမမီးတောက်ဘီလူးကြီးထဲ ထောင့်ဖြတ်လွှဲခုတ်၍ အဖြူရောင်အလင်းအား ကောင်းကင်ထက် ပစ်လွှတ်လိုက်သည်။
ပျောက်ကွယ်လုနီးပါးဖြစ်နေသော မီးတောက်လက်သီးမှာ ဓားချီ၏ ဖောက်ထွင်းမှုကို ရုတ်ချည်းခံလိုက်ရာကာ ချက်ခြင်း ပျောက်ကွယ်သွားသည်။
ဓားချီအလင်းတန်းက ဟင်းလင်းပြင်ကို ဆက်လက်ဖြတ်သန်းသွားကာ
မီးတောက်ဘီလူးကြီး၏ ဧရာမခေါင်းအား ဖြတ်လိုက်သည်။
မီးတောက်ဘီလူးကြီး၏ ကြီးမားလှသောကိုယ်မှာ ဓားအလင်း၏ ခေါင်းဖြတ်ခြင်းခံလိုက်ရသောအခါ ၎င်း၏ ကိုယ်မှ မီးတောက်များမှာလည်း ဆက်လက် ကျဆင်းလာပြီး ဖြည်းဖြည်းချင်း ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားသည်။
"သူ..သူတကယ်ပဲ..ယင်ယန်တမာန်တောတွေရဲ့ ကျော်ကြားတဲ့ ပညာရပ်ကို အရမ်းအလွယ်တကူ လေး ချိးဖြတ်နိုင်ခဲ့တယ်..."
"ယင်ယန်တမာန်တော်တို့ ဖွဲ့စည်းခဲ့တဲ့ မီးတောက်ဘီးလူးကြီးက ပြန်ုဆုတ်ခွာတာကို ကျွန်တော်မြင်တွေ့လိုက်ရတယ်လို့ ထင်တယ်.."
"အဲ့ကလေးရဲ့ကိုယ်ပေါ်က အနီရောင်မီးတောက်က ဘယ်လို မီးတောက်အမျိုးအစားမျိုးလဲ..."
အဝေးရှိယာယီကနား အတွင်းရှိနေသော ကျောက်လုံမှာ ထိန့်လန့်တကြားထပ်မံ၍ အော်ပြောလိုက်မိသည်။
"အဲ့ကလေးက နောက်ထပ်အံ့သြဘန်းတစ်ခုကို ဖန်တီးပြီးတော့ ဘုရင်နယ်ပယ်နဲ့ နှိုင်းယှဉ်နိုင်တဲ့ စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ် နှစ်ယောက်ကိုသူသတ်တော့မှာလား.."
"နောက်ဆုံးမှာ ဘယ်သူသေမလဲဆိုတာက မသိနိုင်သေးဘူး.."
ကျောက်ဟူ၏ စကားတို့အား ကြားလိုက်ရသောအခါ လုံချန်က သူ၏ ခေါင်းကိုခါယမ်းပြ၍ ပြောလိုက်သည်။
"လူတိုင်းကဒါဟာ ယင်ယန်မွန်းစတားနှစ်ယောက်ရဲ့ အပြင်းထန်ဆုံးတိုက်ကွက်လို့ထင်ကြမှာပဲ...".
"သူတို့ရဲ့ တကယ့် အစွမ်းအထက်ဆုံးတိုက်ကွက်က သူတို့အတွက်တောင်မှ အရမ်းအန္တရာယ်များလွန်းတာကြောင့် မလိုအပ်ပဲ မဖြစ်မနေရွေးချယ်စရာ မရှိတဲ့ အခြေအနေမှ မဟုတ်ရင် သူတို့က အသုံးမပြုကြလို့ အဲ့လိုထင်ကြတာပဲ.."
"အဲ့ပညာရပ်နဲ့ ထိတွေ့တဲ့သူတိုင်းဟာ သေဆုံးကြရတယ်လို့ ငါကြားဖူးတယ်"
"ဒီတစ်ကြိမ်တော့ ငါတို့တွေ အဲ့တာကို မြင်တွေ့ရလောက်အောင်ကို ကံကောင်းတာပဲပေါ့..."
စန်းယွဲ့မြို့အတွင်းတွင် လူတော်တော်များများက ဧရာမရုပ်ထုကြီး၏ ထိပ်ပိုင်းအား အာရုံစိုက်၍ ကြည့်နေကြသည်။
သူတို့မှာ ရုပ်ထု၏ အပေါ်ရှိ ပုံရ်ိပ်များအား မမြင်တွေ့ကြရသော်လည်း
လေးထဲတွင် မီးတောက်ဘီလူးကြီး ပေါ်လာသည်ကိုတော့ တွေ့ကြရသည်။
၎င်း၏ ရောင်ဝါမှာ မွန်းစတားဆန်လှပြီး မီးတောက်နတ်ဘုရားတစ်ပါး သေမျိုးလောကသို့ ဆင်းသက်လာသည်နှင့်ပင်တူသည်။
မမြင်ရသော ဖိအားတို့အောက်တွင် လူတော်တော်များများ၏ ကိုယ်မှာ တုန်ယင်နေပြီး သူတို့၏ ပင်ကိုဗီဇအရ ထိုအရာအား ဝပ်တွား၍ပင် အရိုအသေပေး ရှိခိုးချင်ကြသည်။
၎င်းမှည ဘုရင်နယ်ပယ်တစ်ယောက်၏ ဖိအားပင်ဖြစ်သည်။
သို့သော် ခုဏ မီးတောက်နတ်ဘုရားမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
လူအများအပြားမှာ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြပြီး ဘာတွေဖြစ်ပျက်သွားမှန်း မသိကြပေ။
သို့သော် မြို့အတွင်းရှိ စိတ်ဝိညာဉ်နယ်ပယ် အချို့ကတော့ မြင်တွေ့ခဲ့ရသည်။
ကလန်ကြီးလေးခုမှ တစ်ခုဖြစ်သော ဝမ့်ကလန်၏ ဝန်းအတွင်းတွင် ဝမ့်ကလန်မှ မိသားစုခေါင်းဆောင်နှင့် ကျောက်ကလန်မှ မိသားစုခေါင်းဆောင်တို့မှာ အတူတကွရပ်၏ ကျောက်ရုပ်ထုကြီး၏.ထိပ်အား ကြည့်နေကြသည်။
မီးနတ်ဘုရားပျောက်ကွယ်သွားချိန်တွင် ကျောက်လုံဟိုင်က ကြောက်ရွံ့မှုတို့ စွဲကျန်ရစ်စွာဖြင့် ပြောလိုက်သည်။
"အဲ့ငတိက တကယ့်ကို မွန်းစတားပဲ..."
"ဘုရင်နယ်ပယ်တစ်ယောက်ရဲ့ စွမ်းအားကိုတောင်သူ တကယ်ချိုးဖြတ်နိုင်တယ်..."
"ဟိုင်ပါထျန်းသေရတာ အချည်းအနှီး မဟုတ်ဖူး..."
"လူအိုကြီးဝမ့်..အဲ့နေ့ကခင်ဗျား ဆုံးဖြတ်ချက်က အရမ်းကို အမျှော်အမြင်ရှိလွန်းတယ်.."
"ကျုပ်တို့သာ မွန်းစတားတစ်ကောင်နဲ့တိုက်ခဲ့ရင်..ကျုပ်တို့နှစ်ယောက်လုံး ဟိုင်ကလန်မြေအောက်ခန်းထဲက အရိုးစုတွေ ဖြစ်နေလောက်တယ်.."
"ဟူး..."
ကျောက်လုံဟိုင်ဘေးရှိ ဖက်တီးဝမ့်ယောင်က ရုတ်တရက် ပင့်သက်
ရှိုက်လိုက်သည်။
သူကကြောက်ရွံ့နေမိသော အမူအယာဖြင့် ပြောလိုက်သည်။
"အဲ့အချိန်က သူ့မှာ လွတ်မြောက်ဖို့ လမ်းတစ်ခုရှိမယ်ပဲ ငါကထင်ခဲ့တာ.."
"ငါတို့သာ သူ့ကိုမသတ်နိုင်ခဲ့ရင် အနာဂတ်မှာ လက်စားချေခံရမှာကို ငါကြောက်ခဲ့တာ.."
"အဲ့အချိန်တုံးက ငါ့နှလုံးသားထဲမှာ လွန်ဆွဲနေခဲ့ပေမဲ့ ငါ့အသက်ကို ဆုံးရှုံးရလောက်တဲ့အထိဖြစ်လိမ့်မယ်လို့တော့ ငါမမျှော်လင့်ထားခဲ့ဘူး.."
ရှစ်ဖုန့်က မီးတောက်ဘီလူးကြီးအား ဖျက်ဆီးလိုက်ပြီးသော အခါတွင် ယင်ယန်သက်ကြားအိုကြီးတို့ရဲ့ ကိုယ်ပေါ်က မီးတောက်များမှာ ပျောက်ကွယ်သွား နှင့်ပြီးဖြစ်သည်။
သူတို့မှာ မထိန်းနိုင်ခင် အချိန်ထိ နောက်သို့ လေးမီးတာငါးမီတာခန့် အတင်းအကျပ်ဆုတ်လိုက်ရသည်။
"ဝေါ့.."
သက်ကြားအိုကြီး နှစ်ယောက်၏ ပါးစပ်မှ သွေးတစ်ပွက်ဆီ အန်ထွက်လာပြီး ယင်သက်ကြားအို၏ အဖြူရောင်မုတ်ဆိတ်မွှေးတို့မှာ အနီရောင်စွန်းထင်းသွားသည်။
"ငါတို့သာ ဒီကလေးကို မသတ်ရင် အနာဂတ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခု သေချာပေါက်ဖြစ်လာလိမ့်မယ်.."
"သူ့ကိုသတ်.."
"သတ်.."
ယင်ယန်သက်ကြားအိုကြီး နှစ်ယောက်၏ ပါးစပ်မှ အော်သံတစ်ချက်ဆီထွက်ပေါ်လာပြီး အနီရောင်နှင့်အဖြူရောင် မီးတောက်တို့က သူတို့၏ ခန္ဓာကိုယ်တွင် ထပ်မံ၍ တောက်လောင်လာပြန်သည်။
သူတို့၏ ခန္ဓာကိုယ်တွင် တောက်လောင်နေသော မီးတောက်တို့မှာ ပို၍ပင် အားမာန်တက်ကြွလာပြန်သည်။
သူတို့၏ မျက်နှာနှင့် ပုံရ်ိပ်များပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
သူတို့မှာပြင်းပြင်းထန်ထန် တောက်လောင်နေသော မီးတောက်လုံးများ ဖြစ်လာကြပြီး တစ်ခုမှာ အနီရောင်ဖြစ်ပြီး တစ်ခုမှာ အဖြူရောင်ဖြစ်သည်။
ထို့နောက်ချက်ခြင်း မီးလုံးနှစ်ခုမှာ ပြင်းထန်စွာဖြင့် တစ်ခုနှင့်တစ်ခု စောင့်မိကြပြီး ကျယ်လောင်သော အသံနှင့်အတူ သူတို့၏ ခြေထောက်အောက်ရှိ ရုပ်ထုမှာလည်း နောက်တစ်ကြိမ်ပြင်းထန်စွာ တုန်ခါလာကာ ကျောက်တုံးကျောက်စများနှင့် သဲမှုန်များက လွင့်ပျံလာသည်။
ရေခဲနှင့်မီး အလုံးနှစ်လုံးက စတင်၍ ရစ်ခွေလာကာ ထပ်ကာတလဲလဲ လှည့်ပတ်ပြီး ယင်ယန်ငါးနှစ်ကောင် အသွင်းပြောင်းသွားသည်။
တစ်ခုမှာ ရေခဲဖြစ်၍ တစ်ခုမှာ မီးတောက်ဖြစ်သည်။
၎င်းတို့က ထိုက်ချိ မီးတောက်လုံအဖြစ် ရောနှောသွားကာ ရှစ်ဖုန့်ထံပျံသန်းသွားသည်။
"ကောင်းကင်နဲ့မြေကြီးရဲ့ ယင်နဲ့ယန်က အပြန်အလှန်ထောက်ခံအားပေးပြီး တစ်ခုနဲ့တစ်ခုကလည်း ဆန့်ကျင်တယ်.."
"ဒီငတိကြီး နှစ်ယောက်မှာ ပညာရပ်အချို့ရှိနေသေးတာပဲ.."
"တိုက်.."
ရှစ်ဖုန့်ကသူ၏ လက်ထဲရှိသွေးဓားအား လှုပ်ယမ်းလိုက်သည်။
သူကနောက်ဆုတ်ရမည့်အစား ရှေ့သို့တက်ကာ လှည့်ပတ်နေသော ထိုက်ချိမီးတောက်ကို ရင်ဆိုင်လိုက်သည်။
သူ၏ဓားရှည်က ထပ်တလဲလဲကခုန်နေကာ သိသည်းသော အဖြူရောင်ရုန်းတို့က သူ၏ ခန္ဓာကိုယ်ပတ်လည်တွင်ပေါ်လာသည်။
သူက ကျယ်လောင်စွာ အော်လိုက်သည်။
"ငရဲဘုံကိုးခု ဓားပညာရပ်.."
သိပ်သည်းစွာစုဝေးနေသော အဖြူရောင်ရုန်းတို့က သွေးဓားထံ တစ်ဟုန်ထိုး ဦးတည်သွားသည်။
သွေးဓားမှာ သိပ်သည်းသော အဖြူရောင် ရောင်လျှံစက်ဝန်းတို့ တောက်ပနေပြီး မွှတ်နေအောင်လည်ပတ်နေသော ထိုက်ချိမီးတောက်အား ထိုးသွင်းလိုက်သည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise