← Chapters

အပိုင်း(၅၁)

Vol. 4 Ch. 51

အပိုင်း(၅၁)

Vol. 4 Ch. 51

"ဝုန်း...ဝုန်း.. ဝုန်း. ဝုန်း.."

ဆက်တိုက်ဖြစ်ပေါသော ပေါက်ကွဲသံများက ကျောက်တုံးရုပ်ထု၏ ထိပ်ဆုံးဆီမှ ထွက်ပေါ်လာသည်။

ကျောက်ရုပ်ထုကြီးမှာ ပြင်းထန်စွာတုန်ခါနေပြီး အောက်ခြေမှ ကျောက်မှုန်ကျောက်စများနှင့် သဲတို့မှာလည်း အတောမသက် လွင့်စင်နေသည်။

စန်းယွဲ့မြို့သူ မြို့သားများမှာ မြို့လည်ရှိ ဧရာမကျောက်တုံး ရုပ်ထုကြီးအားကြည့်ကာ သူတို့၏ နှလုံးသားထဲထိတိုင်အောင် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။

စန်းယွဲ့မြို့တွင် နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ရပ်တည်ခဲ့သော ဤကျောက်တုံးရုပ်ထုကြီးမှာ ယခုအခါ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် အခြေမှ ထိပ်ဆုံးထိတိုင် ပြည့်နှက်နေသည်။

၎င်းမှာ ပြိုကျတော့မည့် ဟန်ပင်ဖြစ်သည်။

ကျောက်တုံးရုပ်ထု၏ ကွဲအက်နေသော ဦးခေါင်းထက်တွင် ရှစ်ဖုန့်နှင့် ထိုက်ချိမီးတောက်တို့မှာ အပြင်းအထန်ပစ်ဆောင့်မိကြပြီး သီးခြားစီလွင့်စင်သွားသည်။

ရှစ်ဖုန့်မှာ တစ်ကြိမ်လျှင် နောက်သို့ ခြေနှစ်လှမ်းသုံးလှမ်းခန့် ဆုတ်လိုက်ရပြီး ထိုက်ချိ ရေခဲနှင့်မီးမှာလည်း တစ်ကြိမ်လျှင် နှစ်မီတာသုံးမီတာခန့် နောက်ပြန်လွင့်စင်သွားသည်။

ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်မှ သွေးစီး ကြောင်းသုံးကြိမ်ခန့် စီးကျလာသော်လည်း သူသည် အရူးအမူး ဖြစ်လာသကဲ့သို့ ဆက်လက် တိုက်ခိုက်လျှက်ရှိသည်။

သူရယ်မော၍ အော်ပြောလိုက်သည်။

"အိုကြီးအိုမနှစ်ကောင်..ထပ်လာခဲ့.."

"ခင်ဗျားတို့နှစ်ယောက်ကို ကျုပ်မသတ် နိုင်ဘူးဆိုတာ မယုံဘူး.."

သူ၏ အသံမှေးမှိန်ပျောက်ကွယ်သွားသောအခါ ရှစ်ဖုန့် ကသူ၏ ဓားဖြင့် ရှေ့သို့ နောက်တစ်ကြိမ် ဆက်လက်ဦးတည်သွားပြန်သည်။

"ဝုန်း.."

ကောင်းကင်နှင့်မြေကြီးကြားထဲတွင် နောက်ထပ်ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ရှစ်ဖုန့်နှင့် ထိုက်ချိမီးတောက်တို့မှာ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် နောက် တစ်ကြိမ် ထပ်မံ၍ လွင့်စင်ကြပြန်သည်။

"ငကြောင်ကောင် ကစားနေတာရပ်စမ်း..."

"မင်းသေတာက ကိစ္စမရှိဘူး ငါ့ကိုပါ ဆွဲထည့်မနေနဲ့.."

ရှစ်ဖုန့်၏ ကိုယ်ထဲမှ ကောင်းကင်ဘုံမီးတောက်က အော်ငေါက်လိုက်သည်။

"မင်းရဲ့သိုင်းပညာရပ် နဲ့တစ်ချက်တိုက်ခိုက်မှုကတောင် စွမ်းအင်ပမာဏ တော်တော်များများကို ကုန်ဆုံးစေတာ..."

"မင်းဒီလိုသာ ဆက်လုပ်နေရင်... မင်းရဲ့အင်အားတွေ မကြာခင် ဒါမှမဟုတ်ကြ နောက်ကျ ကုန်ဆုံးပြီး အသတ်ခံရလိမ့်မယ်.."

"မင်းနဲ့ငါက အခုတစ်သားတည်းဖြစ်နေပြီ..ဒီတော့မင်းတစ်ကြိမ်သေတာနဲ့ ငါ့ကိုပါ မင်းနဲ့အတူ ဆွဲချလိုက်သလိုပဲကွ.."

"တိတ်စမ်းပါ.."

ရှစ်ဖုန့်က အော်ငေါက်လိုက်သည်။

"အဲ့ ငနာအိုကြီးနှစ်ကောင်ကရော ကျုပ်ထက်အခြေအနေပိုကောင်းနေတယ်လို့ ခင်ဗျားထင်နေတာလား.."

ရှစ်ဖုန့်က စကားပြောပြီးသောအခါ သူ၏ လက်ထဲရှိဓားဖြင့် ရှေ့သို့ ဦးတည်လိုက်ပြန်သည်။

"ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.."

ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြန်သည်။

"ဝုန်း.."

ပေါက်ကွဲသံများ ဒါဇင်ခန့် ထွက်ပေါ်လာပြီးနောက် ရှစ်ဖုန့်၏ ကိုယ်မှာ လွင့်ထွက်သွားပြီး မြေပြင်ဖြင့်ပြင်းထန်စွာ ပစ်ဆောင့်မိသည်။

အခြားတစ်ဖက်တွင်ရေခဲမီးတောက် ထိုက်ချိမှာလည်း နောက်သို့ လွင့်ထွက်သွားသည်။

အနည်းငယ် လွင့်ပျံပြီးနောက် ရေခဲနှင့်မီး ထိုက်ချိမှာ ပျောက်ကွယ်သွားကာ လုံးထွေးနေသော ပုံရိပ်နှစ်ခု ပေါ်လာသည်။

မကြာခင် ထိုပုံရိပ်နှစ်ခုမှာလည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

ရုပ်ထု၏ အထက်လေထုထဲတွင် ဖုန်များက ထနေဆဲဖြစ်သည်။

"အဟွတ်..အဟွတ်..အဟွတ်...အဟွတ်.."

မူလက မြင့်မားသောပုံရိပ်ဖြင့် ထူးခြားအံ့ဖွယ် စရာကောင်းလှသော ယင်ယန်တမာန်တော်မှာ ယခုအခါတွင် ဆံပင်များက ရှုပ်ပွနေ၍ အဝတ်အစားများက စုတ်ပြဲနေသည်။

သူတို့၏ ကိုယ်တွင် သွေများ ဖုံမှုန့်များ ဖြင့် ပေရေနေပြီး သူတောင်းစားအိုကြီး နှစ်ယောက်နှင့်ပင်တူ၏။

ဖုန်တထောင်းထောင်းထနေသောလေထုက သူတို့အား ချောင်းများဆက်လက်ဆိုးစေသည်။

ယန်တမာန်တော်က တုန်ယင်နေကာ မြေပြင်မှ ကိုယ်အပေါ်ပိုင်းအား ဖြည်းဖြည်းချင်း ကုန်းထလိုက်သည်။

သူကသူ၏ ဘေးရှိယင်တမာန်တော်အား ကြည့်လိုက်သည်။

"လူအိုကြီး ယင်.. မင်း..မင်း..အဆင်ပြေရဲ့လား.."

သူ၏ အသံက အားနည်းလှကာ လုံးဝနေမကောင်းဖြစ်နေသော သူတစ်ယောက်ကဲ့သို့ အက်ကွဲကွဲနိုင်လှသည်။

"ငါ..ငါအဆင်ပြေတယ်..မင်းရော.."

ယင်တမာန်တော်မှ မြေပြင်ပေါ်တွင် အကြောသေသကဲ့သို့ ဖြစ်နေသည်။

သူကမထနိုင်ပေ။ ယန်တမာန်တော်အား ခေါင်းသာ ခါယမ်းပြသည်။

"ငါ..ငါ.."

ယန်တမာန်တော်မှာ စကားပြောရန်အတွက် ပါးစပ်ဟလိုက်သော်လည်း သူ၏ အမူအယာမှာ ရုတ်တရက် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။

သွေးနီရောင်ဓားက ရုတ်တရက် ယန်တမာန်တော်၏ ရင်ဘက်အား ထိုးဖောက်သွားသည်ကို တွေ့ရသောအခါ သူ၏ မျက်နှာထက်တွင်မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေသည်။

လက်ဆက်သောသွေးတို့က ဓား၏ ထိပ်ဖျားဆီမှ တစ်စက်စက် စီးကျနေ၏။

ယန်တမာန်တော်၏ ကိုယ်မှာ တသိမ့်သိမ့်တုန်နေလျှက် ဖြည်းဖြည်းချင်း ခေါင်းကိုလှည့်ကြည့်လိုက်သည်။

အေးစက်ပြီး ခံစားချက်မဲ့လှသော ငယ်ရွယ်သည့်မျက်နှာတစ်ခုအား သူမြင်တွေ့လိုက်ရသော အခါ မျက်လုံးတို့ ပြူးကျယ်သွားသည်။

ရုတ်ချည်း သူ၏ အသိက သူ၏ စိတ်ဆီမှ ဒီရေကဲ့သို့ မှေးမိန်ပျောက်ကွယ်သွားသော်လည်း သူ၏ မျက်လုံးများ ကပြူးကျယ်စွာ ပွင့်နေဆဲဖြစ်ပြီး သူ့အနေဖြင့် နာကျည်းစွာ သေဆုံးသွားရကြောင်းကိုသတ်သေပြနေသည်။

သက်ကြားအိုယန်အား ဓားဖြင့်ထိုးလိုက်ပြီးနောက် ရှစ်ဖုန့်သည်လည်းသူ၏ ခွန်အား အကုန်လုံးအား အသုံးပြုလိုက်ရဟန်တူသည်။

သူသည်လုံးဝအားအင်ကုန်ခန်းသွားပြီး သူ၏ ကိုယ်မှာမြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

"ယန်...လူအိုကြီးယန်..."

"အား................................."

"င..ငရဲဘုံ...ကို.ကိုးခု.ပညာရပ်..သေ..သေခြင်း စွမ်း..အင်..ဝါးမြို. ခြင်း.."

ရှစ်ဖုန့်က တိုးဖျော့စွာကြွေးကြော်၍ ငရဲဘုံကိုးခုပညာရပ်အား အဆက်မပြက်စတင်လည်ပတ်စေလိုက်သည်။

သူစကားပြောပြီးသောအခါ ယင်တမာန်တော်၏ လက်က သူ၏ လည်ပင်းအား ဆုပ်ကိုင်ထားနှင့်ပြီးဖြစ်သည်။

သက်ကြားအိုယင်က အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ကာ အံကြိတ်လိုက်ပြီး သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုလိုက်သည်။

ရှစ်ဖုန့်သေဆုံးသည်အထိ ထိုလက်အားသူ လွှတ်ပေးမည် မဟုတ်ပေ။

"လူအိုကြီး ယန်တွက် လက်စားချေတဲ့ အနေနဲ့ မင်းရဲ့ အသွေးနဲ့အသားကိုငါ ဝါးမြိုပစ်မယ်..."

မွန်းစတားအိုကြီးယင်က ဒေါသတကြီး အော်ဟစ်ကာ သူ၏ ပါးစပ်အားဖွင့်၍ ရှစ်ဖုန့်၏ နှာခေါင်းအား ကိုက်လိုက်သည်။

"ဝုန်း.."

ရုတ်တရက် စန်းယွဲ့မြို့တစ်ခုလုံးတွင် ကြီးမားသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။

မြို့လည်တွင် နှစ်ထောင်ပေါင်းများစွာ ရပ်တည်ခဲ့သော ဧရာမရုပ်ထုကြီးမှာ နောက်ဆုံးတွင် ပြိုကျကွဲအက်တော့မည့် သကဲ့သို့ ဖြစ်လာသည်။

ကျောက်ရုပ်ထုမှာ နောက်ဆုံး၌ အမှန်တကယ် ပြိုကျသွားတော့သည်။

"ပြီးသွားပြီလား."

စန်းယွဲ့မြို့၏ အပြင်ဘက်ယာယီ ကနား၌ မြို့လည်ဆီသို့ ကြည့်နေသော လုံချန်မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ကျောက်ရုပ်ထုပြိုကျသွားချိန်တွင် ရှစ်ဖုန့်နှင့် အခြားနှစ်ဦးလည်း ပြုတ်ကျသွားသည်ကို သူတွေ့ခဲ့ရသည်။

သူတို့ကျရာလမ်းတစ်လျှောက်တွင် ကျောက်တုံးများ ပြိုပျက် နေသော အပျက်အစီးများဖြင့် မြှုပ်ခံရကသဲ့သို့ ကြားညှက်သွားကြသည်။

စန်းယွဲ့မြို့တွင် နှစ်ထောင်ပေါင်းများစွာကြာ တည်ရှိခဲ့သော ကျောက်ရုပ်ထုကြီးမှာ အတိတ်မှ အရာတစ်ခုဖြစ်လာခဲ့ပြီး ယနေ့မကြုံစဖူး တိုက်ပွဲမှာလည်း အတိတ်မှ အရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။

"ဝမ်းနည်းစရာပဲ..မျိုးဆက်တစ်ခုရဲ့ ပါရမီရှင်တစ်ယော်က ဒီလိုမျိုး တကယ်ကြီး သေဆုံးသွားရတယ်.."

လုံချန်၏ ဘေးတွင်ရပ်နေသော ကျောက်လုံက သက်ပြင်းချကာ ပြောလိုက်သည်။

ဤ တောင်ထိပ်တွင် ရပ်နေပြီး သူ၏ စိတ်ဝိညာဉ်နယ်ပယ်အဆင့် မျက်လုံးတို့က အစောကဖြစ်ပျက်သမျှ အရာအားလုံးအား မြင်တွေ့နိုင်စွမ်း ရှိသည်။

ရှစ်ဖုန့်နှင့်ယင်သက်ကြားအိုကြီးတို့မှာ သူတို့၏ မူလစွမ်းအင်များ အားလုံးကုန်ခန်းသွားကြပြီး အပြင်းအထန်လဲ ထိခိုက်ထားကြသေးသည်။

အမြင့်မှပြုတ်ကျပြီးနောက်တွင် သူတို့သည် ကြီးမားသော ကျောက်တုံးများ၏ မြုပ်နှံခြင်းအား ခံလိုက်ကြရသည်။

ထိုအချိန်တွင်သူတို့၏ အရိုးများပင် ကျန်ရစ်တော့မည်မဟုတ်ပေ။

"ဝမ်းနည်းစရာပဲ.."

လုံချန်သည်လည်း သက်ပြင်းချလိုက်သည်။

ရှစ်ဖုန့်က အနာဂတ်တွင် သူ့အတွက် ပလ္လင်လုရာ၌ ကူညီတိုက်ခိုက်ပေးပြီး ကြောင့်ကြမဲ့ ဧကရာဇ်အား ရှာပေးမည်ဟု ကတိကဝတ်ပြုထားခဲ့သည်။

ရှစ်ဖုန့်က သူ့အတွက် ကြောင့်ကြမဲ့ ဧကရာဇ်ထံတွင် တစ်ကြိမ်ကူညီခွင့်တောင်းဆိုပေးရန်ပင် ဆန္ဒရှိခဲ့သည်။

ရှစ်ဖုန့်က အစွမ်းထက်နည်းလမ်းအများအပြားကိုပြသခဲ့ပြီး

လုံချန်မှာ ရှစ်ဖုန့်က ငရဲဘုံကိုးခုဧကရာဇ်၏ ဆက်ခံသူဟု အခိုင်အမာယုံကြည်ခဲ့သည်။

သူဤကဲ့သို့ သေဆုံးသွားရခြင်းက စိတ်မကောင်းစရာပင်ဖြစ်သည်။

"သွားစို့.."

လုံချန်က လှည့်လိုက်ကာ တောင်ထိပ်မှ ထွက်သွားရန်ပြင်လိုက်သည်။

လုံချန်လှည့်လိုက်သော အချိန်တွင် ကျောက်လုံက ရုတ်တရက် အော်ပြောလိုက်သည်။

"နေပါအုံး...အရှင့်သား.ဟိုမှာ လှုပ်ရှားမှု ရှိပုံရတယ်.."

အပြိုအပျက်များအလည်ရှိ ကျောက်တုံးမှာ အနည်းငယ်တုန်ခါသွားပုံရသည်။

ကံကောင်းစွာဖြင့် ကျောက်လုံမှာ အပျက်အစီးများအပေါ် အာရုံစ်ိုက်နေပြီး တစ်စုံတစ်ခုအား ရှာတွေ့ခဲ့မိသည်။

"တစ်ယောက်ယောက်က တကယ်ကြီး ရှင်ကျန်ရစ်နိုင်ခဲ့တာလား.."

ထိုအရာအားမြင်သောအခါလုံချန်မှာ မထိန်းနိုင်ပဲ တုန်လှုပ်စွာ အော်လိုက်မ်ိသည်။

"ဘာလို့ဒီလိုဖြစ်ရတာလဲ.."

"သူတို့ရဲ့ မူလစွမ်းအားတွေ ကုန်သွားပြီ မဟုတ်ဖူးလား.."

"အဲ့တာထက် သူတို့ အပြင်းအထန် ထိခိုက်ဒဏ်ရာရထားတာမဟုတ်လား.."

"သူတို့မသေခင် ပြုတ်ကျတယ်ဆိုရင်တောင် ကျ်ိုးကြေပြီးသေသင့်တာလေ.."

"သူတို့ကျိုးကြေပြီး မသေရင်တောင် အဲ့ဧရာမကျောက်တုံးကြီးကို လှုပ်ခါနိုင်လောက်တဲ့ အ​ထိတော့ စွမ်းရှိမနေသင့်ဘူး..."

"အရှင့်သား..ဘယ်သူရှင်ကျန်ရစ်တယ်လို့ထင်ပါသလဲ.."

ကျောက်လုံက လုံချန်အားကြည့်ကာမေးလိုက်သည်။

လုံချန်ကလည်း ကျောက်လုံကိုပြန်ကြည့်လိုက်သည်။

သူတို့နှစ်ဦးသား တစ်ယောက်မျက်လုံးတွင် တစ်ယောက် အဖြေကို ရှာတွေ့နေနှင့်ပြီးသားဖြစ်သည်။

"အဲ့ အများနဲ့သွေဖယ်နေတဲ့ကောင်က တကယ်ပဲ မသေမျ်ိုးလားဟ.."

"ဝုန်း.."

အပျက်အစီးများဆီမှာ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

ငယ်ရွယ်သော ပုံရိပ်တစ်ခုက အုတ်ကျ်ိုးအုတ်ပဲ့များ ကြားမှ လှစ်ကနဲခုန်ထွက်လာကာ ကျောက်တုံးကြီးပေါ်သို့ ဆင်းသက်လိုက်သည်။

ရှစ်ဖုန့်မှာ အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း သူတစ်ယောက်တည်းထွက်လာ​​​ခြင်း မဟုတ်သည်ကို လူတိုင်းရှင်းလင်းစွာတွေ့ရသည်။

သူ၏ လက်ထဲတွင် အဖြူရောင်နှင့် အနီရောင် အလောင်း နှစ်လောင်းရှိနေသည်။

သူ၏ လက်ထဲရှိအလောင်းတို့အား လူတိုင်းရှင်းလင်းစွာ မြင်တွေ့ရချ်ိန်တွင် အလောင်းနှစ်လောင်းမှာ နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် မဆွေးမမြေ့သေးသော ခြောက်သွေ့သည့် အလောင်းတို့ကဲ့သို့ ရှုံ့တွလာသည်ကို လူတိုင်း စတင်တွေ့ရှိလိုက်ရသည်။

ဆက်ရန်..

ဘာသာပြန်သူ-Arise

All Chapters