← Chapters

အပိုင်း (၅၂)

Vol. 4 Ch. 52

အပိုင်း (၅၂)

Vol. 4 Ch. 52

စန်းယွဲ့မြို့လေးမှာ နောက်တစ်ကြိမ်ထပ်ံမံ၍ ပေါက်ကွဲလာပြန်သည်။

ဂုဏ်သိက္ခာမြင့်မား၍ အံ့ဖွယ်သူရဲဖြစ်သော သေခြင်းရှင်ခြင်းဥပဒေသတို့ အပေါ်တွင် အာဏာသုံးစေခိုင်းထိန်းချုပ် နိုင်သည့် ကောင်းကင်ဘုံလေဂိုဏ်းမှ ယင်ယန် တမာန်တော်တို့မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့ အားသတ်ဖြတ်ခဲ့သောသူမှာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကမှ ဘယ်နေရာကမှန်းမသိ ပေါ်လာခဲ့သော လူငယ်လေးတစ်ယောက်ဖြစ်နေသည်။

သူသည် ဟိုင်ကလန်မှမြင်းထိန်း၊ ကောင်းကင်ဘုံလေဂိုဏ်း၏ အဆင့်နှစ်သန့်စင်သူဆရာသခင်၊ ဟိုင်ကလန်မှ သိုင်းပညာရှင်များနှင့် ဟိုင်ကလန်၏ ခေါင်းဆောင် ဟိုင်ပါထျန်းတို့ကို သတ်ဖြတ်ခဲ့သည်။

ယခုအခါတွင် ကောင်းကင်ဘုံလေဂိုဏ်း၏ ယင်နှင့်ယန် တမာန်တော်တို့ကိုလည်း သတ်ပစ်လိုက်ပြန်သည်။

၎င်းမှာ သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။

ရက်အနည်းငယ်အတွင်း ဤလူငယ်လေးမှာ စန်းယွဲ့မြို့တစ်ခုလုံးအား ပြောင်းပြန်လှန်ပစ်လိုက်သည်။

သွက်သွက်ခါနေသော အပျက်အစီးများအဝေး၌ ရပ်နေသောလူငယ်လေးအား လူများကကြည့်နေကြသည်။

ကောင်းကင်ဘုံလေဂိုဏ်းမှ အထွတ်အထိပ် ဆရာသခင်အဆင့် တပည့်လေးရောက် ပါရှိခဲ့သည်။

သူတို့သည် ယင်ယန်တမာန်တော်တို့နှင့်အတူ စန်းယွဲ့မြို့ဆီသို့ လိုက်ပါလာခဲ့ကြပြီး သူတို့ထဲကတစ်ယောက်မှာ ရှစ်ဖုန့်၏ တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

ကျန်နေသော တပည့်သုံးဦးမှာ ကျောက်တုံးရုပ်ထုပေါ်မှ ယင်ယန်တမာန်တော်တို့၏ စွမ်းအား ပွင့်လျှံထွက်လာမှုက်ို မြင်တွေ့ခဲ့ရသည်။

သူတို့၏ နှလုံးသားထဲတွင် ယင်ယန်တမာန်တော်တို့မှာ ဤသေးငယ်သောမြို့လေး၌ ကျော်လွှား၍ မရနိုင်သော တည်ရှိမှုမျိုးများ ဖြစ်ကြသည်။

ဤအချိန်တွင် ယင်ယန်တမာန်တော်တို့မှာ တကယ်ကြီး ကံခေမှုနှင့် တွေ့ကြုံခဲ့ရပြီး ဤလူငယ်လေး၏ လက်ထဲတွင် ခြောက်သွေ့သော အလောင်းများအဖြစ် ပြောင်းသွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

သူတို့သုံးယောက်မှာ အလျှင်အမြန်ပင် ထွက်ပြေးသွားကြသည်။

စန်းယွဲ့မြို့သူမြို့သားများမှာ ဤသည်မှာ ပြင်းထန်သော ကိစ္စတစ်ခု ဖြစ်မှန်း ရုတ်တရက်သဘော ပေါက်လိုက်ကြသည်။

ကောင်းကင်ဘုံလေဂိုဏ်းမှ ဥပဒေ အာဏာရှင် အရာရှိနှစ်ယောက်မှာ စန်းယွဲ့မြို့တွင် သေဆုံးသွားခဲ့သည်။

၎င်းမှာ စန်းယွဲ့မြို့အတွက် ကပ်ဘေးဒုက္ခဖြစ်မည်မှာ မုချမလွဲပင်ဖြစ်သည်။

"ပြေးကြ.."

"မင်းဘာကိုစောင့်နေတာလဲ.."

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

"ကောင်းကင်ဘုံလေဂိုဏ်းရဲ့ နောက်လိုက်သာဝက သုံးယောက်က ငါတို့စန်းယွဲ့မြို့ထဲမှာ သေသွားပြီ.."

"ငါတို့တွေဒီမြို့မှာ ထပ်ပြီးတော့ နေလို့မရတော့ဘူး.."

"မကြာခင် ဒါမှမဟုတ် နောက်ကြ ကောင်းကင်ဘုံလေဂိုဏ်းက မြို့ကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ဖို့ လာလိမ့်မယ်..."

"ပြေးကြ... ငါတို့အိမ်တွေကိုထားခဲ့ရတာက..ဓားနဲ့ အစုလိုက်အပြုံလိုက် သတ်ခံရတာထက်ပိုကောင်းတယ်.."

"ငါတို့သာ စန်းယွဲ့မြို့ပေါ်မှာနေရင် ကောင်းကင်ဘုံလေဂိုဏ်းက ငါတို့ကိုပါ ချမ်းသာပေးမှာ မဟုတ်ဖူး..."

"သောက်လခွီးပဲ...စန်းယွဲ့မြို့မှာ ငါနှစ်ပေါင်းများစွာ လုပ်က်ိုင်ခဲ့တာတွေက အကုန်လုံး အလဟဿဖြစ်သွားပြီ.."

"ထောင်စုနှစ်ချီ တည်တံ့ခဲ့တဲ့ မြို့တစ်ခုက သရဲတစ္ဆေမြို့တစ်ခု ဖြစ်လာပြီ...ဟူး...."

စန်းယွဲ့မြို့တစ်ခုလုံး ရုတ်ချည်း ပရမ်းပတာဖြစ်သွားသည်။

ရှစ်ဖုန့်မှာ ကျောက်တုံး အပျက်အစီးကြီးတစ်ခု၏ အပေါ်တွင် ရပ်နေဆဲဖြစ်သည်။

သူက ခြောက်သွေ့နေသော အလောင်းနှစ်ခုထံမှာ သိုလှောင်လက်စွပ်နှစ်ကွင်းအားယူလိုက်ကာ သူ၏ သိုလှောင်လက်စွပ် အဟောင်းအတွင်းသို့ ထည့်လိုက်သည်။

ထို့နောက်သူက ခြောက်သွေ့နေသော အလောင်းနှစ်ခုအား အမှိုက်များကဲ့သို့ ပစ်လွှတ်လိုက်သည်။

ထိုအချိန်တွင် သေခြင်းစွမ်းအား၊ သွေး၊ ဝိညာဉ်နှင့် သားရဲမီးတောက်လုံးနှစ်ခုမှာ ရှစ်ဖုန့်နှင့် ကောင်းကင်ဘုံမီးတောက်တို့၏ စုပ်ယူခြင်းအား ခံရပြီးဖြစ်သည်။

အလောင်းနှစ်ခုမှာ လုံးဝသုံးစား၍ မရတော့ပေ။

သေခြင်းစွမ်းအား၊ သွေး၊အထွတ်အထိပ်ကြယ်ကိုးပွင့်အဆင့် စိတ်ဝိညာဉ်နယ်ပယ် နှစ်ယောက်၏ ဝိညာဉ်တို့နှင့် ကောင်းကင်ဘုံမီးတောက် ဝါးမြိုခဲ့သော သားရဲမီးတောက်နှစ်ခုတို့က ရှစ်ဖုန့်အား ချက်ခြင်း ကြယ်နှစ်ပွင့် အဆင့် တက်သွားစေကာ ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ်သို့ ခြေချစေသည်။

စန်းယွဲ့မြို့၏ ပရမ်းပတာဖြစ်နေမှုများ ပွက်လောရိုက်သံများက်ို ကြည့်၍ ရှစ်ဖုန့်က ဘာတစ်ခုမှ မမြင်တွေ့ရသကဲ့သို့ ပြုမူနေသည်။

သူလုံချန်တို့ရှိနေသော မြို့အပြင်ဘက်ရှိ တောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

"အရှင့်သား..သူကျွန်တော်တို့ကို ရှာတွေ့သွားတဲ့ပုံပဲ.."

ကျောက်လုံက ပြောလိုက်သည်။

"ဒါပေမဲ့ထူးဆန်းတယ်..."

"သူရဲ့ မူလစွမ်းအင်တွေ ကုန်ခမ်းသွားပြီးတော့ ထိခိုက်ဒဏ်ရာတွေ အများကြီး ရထားတာမဟုတ်ဖူးလား.."

"ဘာလို့သူက လုံးဝအဆင်ပြေတဲ့ ပုံပေါ်နေရတာလဲ.."

"အဲ့အစား သူ့ရဲ့ရောင်ဝါက အရင်ကထက်တောင်ပိုပြီး အားကောင်းလာတယ်လို့ ခံစားနေရတယ်.."

လုံချန်က သူ၏ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

"အနာဂတ်မှာ ဒီလို ဖီလာဆန့်ကျင်နေတဲ့သူမျိုးကို ယေဘုယျ အမြင်နဲ့ အကဲဖြတ်လို့ မရတော့ဘူး.."

"သွားစို့..."

"သူ့ရဲ့ အသွင်အပြင်ကို အကဲခတ်ရသလောက်...ငါ့ကို တစ်စုံတစ်ခု အတွက်နဲ့ တွေ့ချင်နေတဲ့ပုံပဲ..."

လုံချန်ကစကားပြောပြီးသော အခါ ပြန်လှည့်၍ တောင်အောက်သို့ စဉ်းလိုက်သည်။

လုံချန်နောက်သို့ မလိုက်မီ ကျောက်လုံက ရှစ်ဖုန့် အား စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

လုံချန်၏ ပုံရိပ်ပျောက်ကွယ်သွားသောအခါ ရှစ်ဖုန့်က ခေါင်းကို အနည်းငယ်မော့၍ အော်ပြောလိုက်သည်။

"ထွက်လာပြီး အသေခံစမ်း.."

"မင်းအတွက် အခွင့်အရေး တစ်ခု မရှိလို့ မင်းအခုချိန် မတိုက်ခိုက်ရဲဘူးမလား.."

"လူပါးဝလိုက်တာ..."

နားမချမ်းသာဖွယ် စူးရှပြီး အက်ကွဲဖွယ် အသံက ရုတ်တရက် ကောင်းကင်နှင့်မြေကြီးကြားထဲတွင် ပဲ့တင်ထပ်လာသည်။

ရှစ်ဖုန့်ကြည့်နေသော လေထဲတွင် ပုံရိပ်တစ်ခုရုတ်တရက်ပေါ်လာသည်။

ထိုသူမှာ လီရူဖြစ်ပြီး သူမက အနက်ရောင် သားသတ်ဓားအား ကိုင်ဆောင်ထားသည်။

ထို့နောက်ချက်ခြင်း လီရူက သားသတ်ဓားအား ရှစ်ဖုန့်ထံ လွှဲယမ်းခုတ်လိုက်ပြီး ဧရာမ ချီဓားသွားက ကောင်းကင်ထက်မှ ရှစ်ဖုန့်ထံ သက်ဆင်းလာသည်။

ဧရာမချီဓားသွားရောင်ဝါအားကြည့်ကာ ယခင်ညက ဓားသွားထက် ဤဓားသွား၏ စွမ်းအားမှာ အဆများစွာ ပိုအားကောင်းလာသည်ကို ရှစ်ဖုန့်ခံစားမိသည်။

အနည်းဆုံး ၎င်းမှာ ကြယ်ခုနှစ်ပွင့် စိဝိညာဉ်နယ်ပယ်တစ်ယောက်၏ တိုက်ခိုက်မှု နှင့်ညီမျှ၏။

သို့သော် လက်ရှိ ရှစ်ဖုန့်မှာလည်း ထိုနေ့ညက ရှစ်ဖုန့်မဟုတ်ပေ။

သွေးဓားက ရှစ်ဖုန့်၏ လက်ထဲတွင် ထပ်မံ၍ ပေါ်လာပြန်သည်။

ရှစ်ဖုန့်က လေထဲသို့ဓားအား ထိုးခုတ်လိုက်သောအခါ ထက်ရှသော

ဓားရောင်ဝါက ထုထည်ကြီးမားသော ဓားသွားချီထံ ပစ်လွှတ်လိုက်သကဲ့သို့ ဝင်ရောက်သွားသည်။

ထို့နောက်ချက်ခြင်း လီရူမှာ လေထဲတွင် ဇောက်ထိုးအနေအထားဖြင့်သူမ၏ လက်ထဲတွင် သားသတ်ဓားအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။

သိန့်းငှက်တစ်ကောင် ​လေထဲတွင်ပျံဝဲသည့်ပုံစံဖြင့် အောက်သို့အလျှင် အမြန်ထိုးချလိုက်သည်။

ဓားထိပ်ဖျားရှိယှက်သန်းနေသော အေးစက်သည့် အနက်ရောင် အလင်းက ရှစ်ဖုန့်၏ နှလုံးသားဆီသို့ ချိန်ရွယ်ထားသည်။

"လာစမ်းပါ..ယင်မိစ္ဆာအတွက် မင်းကို ငါလက်စားပြန်ချေမယ်.."

ရှစ်ဖုန့်က အော်ပြောလိုက်သည်။

သူက သူ၏ ဘယ်လက်အား ဆီးလ်တံဆိပ် ပုံစံဖော်လိုက်ကာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လွင့်မျောနေသော အဖြူရောင်ရုန်းတို့က သွေးဓားထံအတူကွလာစုကြသည်။

ရှစ်ဖုန့်မှာ ငရဲဘုံကိုးခုဓားပညာရပ်ကို ထပ်မံအသုံးပြု၍ သူ့ထံသို့ ထိုးဆင်းလာသော လီရူထံ ထိုးခုတ်လိုက်သည်။

"ဟမ်.."

"ထပ်ပြီး ဒီလှုပ်ရှားမှုပဲလား..."

ရှစ်ဖုန့်က ဓားအား ထိုးသွင်းလိုက်ချိန်တွင် သူ၏ ပစ်မှတ်မှာ ပျောက်ကွယ်သွားသည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။

လီရူ၏ ပုံရိပ်မှာ ရုတ်ရက်ပျောက်သွားကာ ထိုထူးဆန်းသော လှုပ်ရှားမှုပညာရပ်အား နောက်တစ်ကြိမ် ထပ်မံ၍ အသုံးပြုလိုက်ပြန်သည်။

"မင်းက ဒီလှည့်ကွက်နဲ့ ထပ်ပြီးလာကစားနေတာပဲ.."

ရှစ်ဖုန့်က ကျယ်လောင်စွာအော်ပြောလိုက်သည်။

သူ၏ နောက်ဘက်ဆီမှ သတ်ဖြတ်ခြင်းအာရုံတစ်ခု ဦးတည်လာနေသည်ကို ရှစ်ဖုန့် အာရုံခံနိုင်သည်။

သူချက်ခြင်းနောက်လှည့်လိုက်ပြီး သိပ်သည်းလှသော ဆေဘာဓားချီက သူ့ထံသို့ မုန်တိုင်းတစ်ခုကဲ့သို့သိမ်းကျုံး၍လာနေသည်ကို သူတွေ့လိုက်ရသည်။

"ချိုးဖြတ်လိုက်စမ်း.."

ရှစ်ဖုန့်က ကျယ်လောင်စွာအော်လိုက်ပြီး သူ၏ ဓားရှည်အား ထိုးခုတ်လိုက်သောအခါ သိပ်သည်းစွာတောက်ပနေသော အဖြူရောင်ဓားချီ ထွက်ပေါ်လာသည်။

သူ၏ ထံသို့ ဦးတည်၍လာနေသော သိပ်သည်းသော ဆေဘာဓားချီမှာ ရုတ်ချည်း လေထဲတွင် ပျက်သုဉ်းသွားသည်။

လီရူ၏ ပုံရိပ်က ရှစ်ဖုန့်၏ ရှေ့တွင် ထပ်မံပေါ်လာကာ သူ၏ လက်ထဲတွင်သားသတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရှစ်ဖုန့်အား မလိုမုန်းထားသော အမူအယာဖြင့် စိန်းစိန်းဝါးဝါးကြည့်နေသည်။

"မင်းရဲ့ ခွန်အားက အများကြီးတိုးတက်လာမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး.."

"ဒီ အရှင်က မင်းကို နားလည်မှုလွဲသွားတဲ့ ပုံပဲ.."

"မင်းကဘာဖြစ်ဖြစ် ငါဂရုမစိုက်ဖူး...ငါမင်းကိုဒီနေ့သတ်မယ်.."

ရှစ်ဖုန့်က စကားပြောရင်း မြေပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။

သူ၏ ကိုယ်က အမြှောက်ဆံတစ်ခု ပစ်လွှတ်လိုက်သကဲ့သို့ လှစ်ကနဲထွက်သွားပြီး လီရူအား ဓားဖြင့် ထိုးလိုက်သည်။

"ဟားဟားဟား..မင်းကငါ့ကိုသတ်ချင်တယ်တဲ့လား.."

"မင်းတစ်ယောက်တည်းနဲ့လား..."

လီရူက ကောက်ကျစ်စွာပြုံးလိုက်သည်။

သူ၏ ပုံရိပ်က နောက်တစ်ကြိမ်ထပ်မံ၍ ပျောက်ကွယ်သွားကာ ရှစ်ဖုန့်၏ ဓားမှာလည်း လေထဲသို့သာထိုးမိသွားသည်။

"ဘယ်လိုတောင် ထူးဆန်းတဲ့ ရွှေ့လျားမှု ပညာရပ်လဲ..."

"သွားတာရောလာတာရော ဘာသဲလွန်စမှ ကျန်မနေခဲ့ဘူး..တစ္ဆေတစ်ကောင်လိုပဲ.."

"ငါဒါကို ဘယ်လို ချိုးဖြတ်ရမလဲ.."

ရှစ်ဖုန့်က မြေပေါ်သို့ ခြေချမိသောအခါ ပတ်ဝန်းကျင်အား ဂရုတစိုက် အာရုံခံလိုက်သည်။

တစ်ဖက်လူတွင် ထူးဆန်းသော ရွေ့လျားမှု ပညာရပ်ရှိနေပြီး၎င်းမှာ သူ့အနေဖြင့် ကျော်လွှား၍ မရနိုင်ဟုဆိုလိုခြင်းဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် သူမအား သေသည်အထိ ဓားနှင့်ထိုးသွင်းပစ်ချင်သော်လည်း သူမက ချက်ချင်း ပျောက်ကွယ်သွားသည်။

ကံဆိုးစွာဖြင့် သူ၏ ဝိညာဉ်ခွန်အားမှာ လုံလောက်အောင် မသန်မာသေးပေ။ထို့ကြောင့် လိုက်ဖမ်းမိရန်အတွက်ခက်ခဲလှသည်။

"ခီးခီးခီး.."

ရုတ်တရက်စူးရှပြီး နားမချမ်းသာစရာရယ်မောသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထွက်ပေါ်လာသည်။

"ဒီမှာပဲ.."

​ကောက်ကျစ်သော ရယ်မောသံနှင့်အတူ ရှစ်ဖုန့်မှာ ထိုအရာ၏ တည်ရှိမှုအား ချက်​ခြင်းအာရုံခံမိလိုက်သည်။

ရှစ်ဖုန့်က ခုန်လိုက်ကာ လေထဲသို့ ခုတ်ပိုင်းလိုက်သည်။

ကံဆိုးစွာဖြင့် ရှစ်ဖုန့်၏ ဓားမှာ ထပ်မံ၍ လွဲချော်သွားပြီး ထိုအရာ၏ အာရုံခံမှုမှာလည်း ထပ်မံ၍နေရာပြောင်းသွားပြန်သည်။

"ခီး..ခီး..ခီး..မင်းက ရှစ်ဖုန့်လို့ ခေါ်တယ်မလား.."

"ငါမင်းကိုမှတ်ထားမယ်..ငါကိုယ်တိုင် မင်းရဲ့ အသွေးနဲ့အသားကို ဝါးမြိုမယ်.."

နားမချမ်းသာဖွယ် ​ကောက်ကျစ်သော ရယ်မောသံက ထပ်မံ၍ ပဲ့တင် ထွက်ပေါ်လာပြန်သည်။

ဤ တစ်ကြိမ်တွင် ထိုအရာက အဝေးသို့ ထွက်ခွာသွားသည်ကို ရှစ်ဖုန့် အာရုံခံမိလိုက်သည်။

သူမထွက်ပြေးသွားပုံရသည်။

"ချီးပဲ..အဲ့အရာကဘာလဲဟ..."

တစ်ဖက်လူမှာ လွတ်မြောက်သွားပြီး ၎င်း၏ အမြန်နှုန်းမှာလည်း တော်တော်လေးမြန်သည်။

ရှစ်ဖုန့်မှာ သူ၏ လက်ရှိအမြန်နှုန်းအရ လိုက်ဖမ်း၍ မရနိုင်သည်ကို ခံစားမိသည်။

ယင်မိစ္ဆာအတွက် သူလက်စားမချေနိုင်ခြင်းမှာ စိတ်မကောင်းဖွယ်ရာဖြစ်သည်။

"ကြည့်ရတာ ဒီအရာက ငါ့ကို မျက်စိကျနေတဲ့ပုံပဲ.."

"မဟုတ်သေးဘူး ငါ့ဝိညာဉ်အင်အားကို တိုးမြှင့်ရမယ်.."

"ငါရဲ့ ဝိညာဉ်သာ တတိယအဆင့်ကို ရောက်နေရင် အဲ့ သောက်လခွီးမအရာလည်း အကာအကွယ်မဲ့ ပေါ်လာလိမ့်မယ်.."

ဆက်ရန်..

ဘာသာပြန်သူ-Arise

All Chapters