← Chapters

အပိုင်း (၅၃)

Vol. 4 Ch. 53

အပိုင်း (၅၃)

Vol. 4 Ch. 53

စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ် နှစ်ယောက်၏ ဝိညာဉ်ခွန်အားအား စုပ်ယူပြီးနောက် သူ၏ ဝိညာဉ်ခွန်အားမှာ ပထမအဆင့်သို့ ဝင်ရောက်လာသည်ကို ရှစ်ဖုန့် ခပ်ယဲ့ယဲ့အာရုံခံမိသည်။

ယင်ယန်သက်ကြားအိုနှစ်ယောက်မှာ သိုင်းပညာအားလေ့ကျင့်သော သူများသာ ဖြစ်ကြသော်လည်း စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်တစ်ယောက်၏ ဝိညာဉ်အင်အားက အဆင့်နိမ့်သိုင်းပညာရှင်များထက်

ပိုမို၍ သန်မာသည်။

၎င်းမှာ စုပ်ယူရာ၌ ရှစ်ဖုန့်အတွက်တော်တော်လေး အာဟာရဖြစ်စေသည်။

စန်းယွဲ့မြို့တိုက်ပွဲမှ အကျိုးအမြတ် တော်တော်များများ ရှစ်ဖုန့် စုဆောင်းမိခဲ့သည်။

သူ၏ ညာလက်အား ဆက်ကနဲလှုပ်ရှားလိုက်သောအခါ အဖြူရောင်နှင့်အနီရောင် သိုလှောင်လက်စွပ် နှစ်ကွင်းက သူ၏ လက်အတွင်း ပေါ်လာသည်။

ရှစ်ဖုန့်က ၎င်းတို့အား သမာန်ကာလျှံကာ ထွင်းဖောက်ကြည့်လိုက်သည်။

သိုလှောင်လက်စွပ် နှစ်ကွင်းအတွင်းတွင် ကမ္ဘာဦးကျောက်တုံး တော်တော်များများပါရှိသည်။

သူ၏ ကျင့်ကြံမှုအတွက် အသုံးပြုနိုင်သော အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး သုံး​သောင်းခန့်နှင့် အလယ်အလတ်အဆင့် ကမ္ဘာဦး ​ကျောက်တုံး ငါးရာခန့်ပါရှိသည်။

ကုသရေးသက်စောင့်ဆေး နှစ်ပုလင်းလဲပါရှိသည်။

သို့သော် ရှစ်ဖုန့်အနီးကပ်ကြည့်လိုက်သော အခါတွင် နှစ်ပုလင်းလုံး၌ ဘာမှ မရှိတော့သည်ကို တွေ့ရသည်။

သက်ကြားအိုကြီးနှစ်ကောင်မှာ သူနှင့် ယှဉ်ပြိုင်စဉ်၌ ပုလင်းအတွင်းရှိ သက်စောင့်ဆေးအားလုံးအား သုံးစွဲခဲ့ပုံရသည်။

ယင်ယန်တမာန်တော်တို့၏ နောက်ဆုံး အန္တိမ လှုပ်ရှားမှုမှာ သူတို့၏ ခန္ဓာကိုယ်အား တော်တော်လေး ထိခိုက်မှု ဖြစ်စေသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ဆေးလုံးများ၏ အကူအညီကို ယေဘုယျအားဖြင့်လိုအပ်သည်။

မလှမ်းမကမ်း၌ လုံချန်မှာ စက္ကူယပ်တောင်ကိုဝေ့ယမ်း၍ သူ၏ ထံသို့ လျှောက်လာနေသည်ကို ရှစ်ဖုန့် တွေ့ရသည်။

သူ၏ နောက်တွင် တောင့်တောင့်တင်းတင်းနှင့် ကျောက်လုံလိုက်ပါလာသည်။

သိုလှောင်လက်စွပ်နှစ်ကွင်းအား သူ၏ မူလသိုလှောင် လက်စွပ်အတွင်းသ်ိမ်းလိုက်ပြီးနောက် ရှစ်ဖုန့်ကလည်း သူတို့နှစ်ဦထံ လျှောက်သွားလိုက်သည်။

သူအနီးသို့မရောက်ခင် လုံချန်၏ ပြောသံကို ရှစ်ဖုန့်ကြားလိုက်ရသည်။

"ငါ့ရဲ့လက်အောက်ငယ်သားတွေဆီကနေ သတင်းအချို့ကို ခုဏကပဲရခဲ့တယ်..မင်းစိတ်ဝင်စားလိမ့်မယ်လို့..ငါယုံကြ​ည်တယ်.."

"ဘာသတင်းလဲ.."

ရှစ်ဖုန့်က မျက်မှောက်ကြုတ်ကာ မေးလိုက်သည်။

"လက်ရှိ ဧကရာဇ်ရဲ့သားမက် တောင်ပိုင်းလက်အောက်ခံ ဗိုလ်ချုပ် ရှစ်ကျင်းထျန်းက မနေ့ကနေ့လည်မှာ...ရုတ်တရက်သူ့ရဲ့စခန်းကနေ ပျောက်သွားတယ်..."

"အခုချိန်ထိအောင်...ပြန်မလာသေးဘူး..."

"ဒီကိစ္စက နန်းတော်တစ်ခုလုံးမှာ လှုပ်ခတ်နေပြီ"

လုံချန်ကပြောလိုက်သည်။

ပြောပြီးနောက် ရှစ်ဖုန့်၏ အမူအယာပြောင်းလဲမှုအား စတင်၍ သတိထား စောင့်ကြည့်နေ၏။

သို့သော် ရှစ်ဖုန့်၏ အမူအယာက ပြောင်းလဲခြင်း မရှိပေ။

"ငါ့ကို ကူညီပြီး ဆက်စုံစမ်းပေး...."

"အဲ့လူအသက်ရှင်သည်ဖြစ်စေ အလောင်းကိုဖြစ်စေ ငါတွေ့ချင်တယ်.."

ရှစ်ဖုန့်၏ လေသံက တင်းမာပြီး ကြီးစိုးလွန်းလှသည်။

သူကကူညီဟူသော စကားလုံးအား အသုံးပြုသော်လည်း လုံချန်အား အမိန့်ပေးသောလေသံဖြင့် ပြောနေဆဲဖြစ်သည်။

လုံချန်မှာ စိတ်ထဲ၌ ခါးသက်စွာပြုံလိုက်သည်။

သို့သော် သူ့အနေဖြင့် ရှစ်ဖုန့်၏ သဘောထားအနေအထားအား အသားကျနေပြီဖြစ်သည်။

"ငါအရိပ် အမှတ်တစ်နဲ့ အမှတ်ရှစ်ကို ပို့ထားပြီးသွားပြီ.."

"ဘာသတင်းပဲရရ ငါမင်းဆီကို သေချာပေါက် ချက်ချင်း ပို့ပေးမယ်.."

ရှစ်ဖုန့်က ခေါင်းငြိမ့်ကာမေးလိုက်သည်။

"မင်းငါ့အမေနဲ့ ညီမလေးကိုရော စီစဉ်စရာရှိတာတွေ လုပ်ပေးထားရဲ့လား.."

"မင်းအဲ့တာနဲ့ ပက်သက်ပြီး စိတ်ပူဖို့ မလိုပါဘူး...

"အဲ့ညက...ခေါင်းနှစ်လုံး အစိမ်းရောင်တောင်ပံ သိန်းငှက်နဲ့ တော်ဝင်မြို့တော်က ငါ့ရဲ့ဂေဟာကို ပို့ပေးခဲ့တယ်.."

"ညတွင်းချင်းပဲ သူတို့တွေ လုံလုံခြုံခြုံနဲ့..ရောက်လာပါတယ်..."

"ငါ့လူတွေက ဂရုတစိုက်နဲ့ စောင့်ရှောက်ထားပြီးတော့ ဂေဟာက်ို အကာအကွယ်ပေးထားကြတယ်.."

"မင်းရဲ့ အမေကတော့ အခုထိ သတိရမလာသေးဘူး.."

လုံချန်ကပြောလိုက်သည်။

လုံချန်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်စိတ်ထဲ၌ သက်ပြင်းချလိုက်မ်ိသည်။

သူ၏ မိခင်မှာ သူမနှလုံးသားထဲရှိ အထုံးအား ဖြေရှင်း၍ မရနိုင်သေးပုံပေါ်သည်။

သူမမှာအလွယ်တကူနှင့်တော့ နိုးလာမည့်ပုံမပေါ်ပေ။

အနာဂတ်တွက် သူ၏ ဝိညာဉ်ခွန်အားအား သန်မာလာသောအခါသူ့မိခင်၏ ဝိညာဉ်အတွင်းသို့ဝင်၍ သူမနှလုံးသားမှ အထုံးအား ဖြေရှင်းပေးနိုင်ရန်အတွက် ​စောင့်ဆိုင်းရန်သာ တက်နိုင်သည်။

"မိုရှောင်ယောင် သတင်းရောဘာထူးသေးလဲ.."

ရှစ်ဖုန့်က ထပ်မံ၍ မေးလိုက်သည်။

လုံချန်ကာ ခေါင်းခါပြကာ ပြောလိုက်သည်။

"ဧကရာဇ် ရှောင်ယောင် ဘယ်မှာရှိနေတယ်ဆိုတာက သေချာမပြောနိုင်ဘူး.."

"လွန်ခဲ့တဲ့ငါးလကတော့ ငါတို့ရဲ့အိမ်နီးချင်းနိုင်ငံရဲ့ မီးမြို့တော်မှာ ပေါ်လာတယ်လို့တော့ငါကြားခဲ့တယ်.."

"နောက်ကြ လွန်ခဲ့တဲ့လေးလလောက်က အနောက်ပိုင်းဒေသရဲ့ ကောင်းကင်နဂါးမြို့မှာ ပေါ်လာတယ်လို့ ကြားရပြန်တယ်.."

"သုံးလာအကြာမှာ ငါတို့ရဲ့ အရှေ့ပိုင်းဒေသ ဝေ့မင်မြို့မှာ ပေါ်လာပြန်တယ်တဲ့.."

"ငါသူ့အကြောင်းကို စုံစမ်းဖို့ လူတွေပိုပြီးစေလွှတ်ထားပေမဲ့ ရလဒ်ကတော့ ထူးမလာသေးဘူး.."

လုံချန်၏ ပါးစပ်မှ မိုရှောင်ယောင်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မှာ မနေနိုင်ပဲပြောလိုက်သည်။

"ရှောင်ယောင်..ဘာလို့အဲ့ ငဆိုးလေးက အခုထိအသုံးမကျဖြစ်နေရတာလဲ.."

"သူက လျှောက်သွားလိုက် မိန်းမတွေနဲ့ ကစားလိုက်ပဲ သဘောကျနေတယ်.."

"ဘာလို့အဲ့ကောင် လေ့ကျင့်ဖို့ သင့်တော်တဲ့ နေရာတစ်ခုကိုရှာပြီး သိုင်းပညာရဲ့ အထွတ်အထိပ်ရောက်အောင် မလုပ်ပဲနဲ့ အရမ်းဂနာမငြိမ်ဖြစ်နေရတာတုံး.."

ရှစ်ဖုန့်၏ စကားတို့က လုံချန်နှင့်ကျောက်လုံတို့အား တုန်လှုပ်သွားစေသည်။

ဤငတိမှာ ဘယ်အရာမဆို ပြောရဲဆိုရဲရှိလှသည်။

ဆိတ်ငြိမ်လှသော တောင်ခြားချိုင့်ဝှမ်းတွင် လက်တတ်သော ပန်းများက နေရာအနှံ့ ​ရှိနေပြီး ဇီသာ(ဒုံမင်းတစ်မျိုး) အသံကို ကြားရနိုင်သည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်တို့က ပခုံးထက်တွင်

တွဲခိုကျနေသော ချောမောသော ယောက်ျား တစ်ယောက်က ပန်းခင်းအလည်တွင် ထိုင်နေသည်။

သူ၏ လက်များက ဇီသာကို ညင်သာစွာ ထွေးပိုက်ထားသည်။

ထိုလူ၏ ရှေ့တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသော အမျိုးသမီးနှစ်ယောက်ရှိသည်။

သူတို့က ပန်းများကြားတွင် လိုက်ဖမ်းဆော့ကစားနေကြ၏။

"အာ..ဟက်ချိုး.."

ရုတ်ရက် ဇီသာကို တီးခတ်နေသော အမျိုးသားမှာ နှာချေလိုက်ပြီး ဇီသာ၏ အသံမှာ မပြေမပြစ်ဖြစ်သွားကာ ရပ်တန့်သွားသည်။

ပြေးတမ်းလိုက်တမ်းကစားနေကြသော အမျိုးသမီးနှစ်ယောက်မှာ ရုတ်တရက်ပြေးနေရာမှ ရပ်တန့်လို​က်ပြီး ထိုလူအား ထူးဆန်းသော အမူအယာဖြင့်ကြည့်လိုက်ကြ၏။

အမျိုးသမီးတစ်ယောက်က မေးလိုက်သည်။

"ဧကရာဇ် ဘာဖြစ်လို့လဲ.."

ထိုလူက သူနှာခေါင်းအား ညာလက်ညှိုးဖြင့်ပွတ်ကာ ဘာမှမကြားငးသကဲ့သို့ ပြုမူရင်း သမန်ကာလျှံကာ တီးတိုးရေရွတ်နေသည်။

"ထူးဆန်းတယ်..ထူးဆန်းတယ်...တကယ့်ကိုထူးဆန်းတယ်.."

လှပသောအမျိုးသမီးနှစ်ယောက်မှာ ဘာတွေဖြစ်ပျက်နေမှန်းမသေချာပဲ စူးစမ်းလိုသော မျက်နှာထားဖြင့် ထိုလူထံ ချဉ်းကပ်လာသည်။

ထိုလူမှာ သူ၏ ရှေ့တွင် မိန်းမလှနှစ်ယောက်က စူးစမ်းစွာကြည့်နေသည်ကို ခေါင်းမော့သတိမထားမိခင်အထိ ကိုယ့်ဟာကိုယ်တီးတိုး ရေရွတ်နေသည်။

ထိုလူကသက်ပြင်းချလိုက်သည်။

"ငါနှာမချေတော့တာ ဘယ်နှစ်နှစ်တောင်ကြာခဲ့ပီလဲ.."

"ခစ်ခစ်ခစ်.."

အမျိုးသမီးတစ်ယောက်က တစ်ခစ်ခစ်ရယ်လိုက်သည်။

"အရှင့်ရဲ့ ​ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် သာမာန်လူတွေလိုမျိုး ဖြစ်ပျက်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး...ဒါပေမဲ့..ဘာလို့..."

"ဟူး..."

ထိုလူက သက်ပြင်းရှည်ကြီးချကာ အမျိုးသမီးအား ပြန်မဖြေကြားပေ။

သူက နေမင်းရှုခင်း ကိုကြည့်လိုက်သည်။

သူနှာမချေခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပြီဖြစ်သနည်း။

သူ၏ ဆရာဖြစ်သူမှ သူ့အကြောင်း နောက်ကွယ်တွင်ပြောနေသော အခါမှသာ တစ်ကြိမ်နှာချေတတ်သည်။

သို့သော် သူ၏ ဆရာသေသွားခဲ့သည်မှာဆယ့်ငါးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

(စာရေးသူမှတ်ချတ်-ရှေ့အပိုင်းတစ်ခုတွင် ငရဲဘုံကိုးခုဧကရာဇ်သေဆုံးခဲ့သည်မှာ နှစ်ငါးဆယ်ဟု မှားယွင်းပြန်ခဲ့မိပါသည်။ တကယ်က ဆယ့်ငါးနှစ်ဖြစ်ပါတယ်ဗျ။ E subများရဲ့ တစ်ချို့လွဲချော်မှုများအရ နားလည်ပေးစေချင်ပါသည်)

တွေးကြည့်လျှင်သူနှာမချေခဲ့မိသည်မှာ ဆယ့်ငါးနှစ်ပင် ရှိခဲ့ပြီဖြစ်သည်။

"ဆရာ..အဲ့အချိန်တုံးက ဘယ်သူတောင်းစားက ဆရာ့ကို သတ်ခဲ့တာလဲ.."

စန်းယွဲ့မြို့တွင် လုံချန်ကပြောသည်။

"အခုချိန်မှာ ငါတော်ဝင်အဖေရဲ့ ကျန်းမာရေးဟာ တစ်နေ့တစ်ခြား ယိုယွင်းလာတယ်"

"ငါ့ရဲ့ ညီကိုတော်တွေကလည်း စပြီးတော့ ဂနာမငြိမ်ဖြစ်လာ​နေ တယ်.."

"ငါ့အနေနဲ့ ဒီညပဲ တောင်ဝင်မြို့တော်ကို ပြန်ဖို့ စီစဉ်ထားတယ်.."

"မင်းရော နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ.."

ရှစ်ဖုန့်က လုံချန်၏ မေးခွန်းအား တိုက်ရိုက်မဖြေပေ။ ထိုအစား သူကပြောလိုက်သည်။

"ငါတို့ကြားက ပူးပေါင်းမှုက ဆက်လက်ပြီး သွားနေတုံးပဲ.."

"ငါ့ရဲ့ ညီမလေးနဲ့ အမေကို ကူညီစောင့်ရှောက်ပေးထားပါ.."

"တစ်လနေရင် မင်းကိုကူညီဖို့အတွက် တော်ဝင်မြို့တော်ကို ငါသွားမယ်. "

ရှစ်ဖုန့်က စကားပြောပြီးသောအခါ လုံချန်နှင့် ထပ်မံ၍ စိတ်အနှောက်အယှက်ဖြစ်မခံတော့ပဲ လှည့်ထွက်သွားသည်။

တစ်လဆိုသည်မှာ ယင်မိစ္တာ၏ ကျန်ရှိနေသောသက်တမ်းအတွက် လုံလောက်သည်။

အစောပိုင်းက သက်ကြားအိုကြီး ယင်၏ သိုလှောင်လက်စွပ်အတွင်းမှ ဟောင်းနွမ်းစုတ်ပြတ်နေသော မြေပုံဟောင်းတစ်ခုကိုတွေ့ခဲ့သည်။

၎င်းမှာ ယွင်လိုင်အင်ပါယာ နယ်မြေရှိ နတ်ဆိုးသားရဲတောင်တန်း၏ မြေပုံပင်ဖြစ်သည်။

မြေပုံ၏ အလယ်တွင် ယင်နှင်းပန်းတစ်ပွင့်ရှိနေသည်။

ယင်နှင်းပန်းပင်မှာ အဆင့်ခြောက် ယင်ဓာတ်အခြေပြု ဆေးပင်ဖြစ်သည်။

သက်ကြားအိုကြီးယင်မှာ ယင်ဓာတ်အခြေပြု ကျင့်ကြံခြင်းပညာရပ်အားလေ့ကျင့်ထားသောကြောင့် မြေပုံအား ရရှိထားသောအခါ သိမ်းဆည်းထားသည်ဖြစ်နိုင်လောက်သည်။

အဆင့်ခြောက်ယင်ဆေးပင်မှာ ရှစ်ဖုန့် အတွက် အမှန်တကယ်ပင် အသုံးဝင်သည်။

သူ့အနေဖြင့် ယင်နှင်းပန်းပင်၏ ရေခဲစွမ်းအားအား စုပ်ယူခဲ့လျှင်သူ၏ ကျင့်ကြံမှု မှာ အနည်းဆုံးကြယ်သုံးပွင့်တိုးမြင့်သွားမည်ဖြစ်သည်။

သ်ို့သော် ယင်နှင်းပန်းပင်မှာ အံ့ဖွယ်ကုသနိုင်စွမ်း အကျိုးသက်ရောက်မှုအား ပ်ိုင်ဆိုင်ထားသောကြောင့် ယင်မိစ္ဆာလို ယင်အမျ်ိုးအစား သတ္တဝါအတွက် သူ့ထက်ပင်ပိုလိုအပ်သည်။

ယင်မိစ္ဆာသာ ယင်နှင်းပန်းပင်အား စုပ်ယူနိုင်ခဲ့လျှင် သေချာပေါက်သူ၏ ဒဏ်ရာများအား ရပ်တန့်နိုင်၍ ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာ နိုင်မည်ဖြစ်သည်။

နတ်ဆိုးသားရဲ တောင်တန်းဒေသ။

ရှစ်ဖုန့်မှာ မြေပုံကိုကြည့်လိုက်ပြီး ဤနေရာမှ နတ်ဆိုးတောင်တန်း ဒေသသို့သွားရန် နှစ်ရက်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းလိုက်သည်။

သူ၌မြင်းတစ်ကောင်သာ ရှိနေခဲ့လျှင် သူ၏ ခရီးကြာချ်ိန်အား ကြီးမားစွာလျော့ချနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရှစ်ဖုန့်မှာ စန်းယွဲ့မြို့၏ တောင်ဘက်တွင်တည်ရှိသော ဝမ့်ကလန်ထံဦးတည်လိုက်သည်။

ဝမ့်ဂေဟာထဲတွင်...

မူလက သက်ဝင်လှုပ်ရှားနေသော ဝမ့်မိသားစုမှာ ယခုအခါတွင် အေးစက်အုံ့မှိုင်းနေသည်။

ဖက်တီးဝမ့်မှာ သူ၏ ကိုယ်ပိုင်ခြံဝန်း အတွင်းတွင် တစ်ယောက်တည်း ရှိနေသည်။

အစောပိုင်းကပင် သူ၏ လူများအား ရွှေ့ပြောင်းရန် အမိန့်ပေးထား နှင့်ပြီး ဖြစ်သည်။

လောလောဆယ်တွင် အိမ်ကြီး ရခိုင်ထဲ၌ သူတစ်ယောက်တည်းသာ ကျန်ရှိနေခဲ့သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters