အမဲလိုက်ခြင်း
Vol. 08 Ch. 367
"သူက ထင်တယ်ဟုတ်လား။ သူက ဘဝင်မြင့်ပြီး ရန်သူကို လျှော့တွက်လွန်းတာပဲ။”
ယောင်ချင်းကျွမ်က ဒေါသတကြီးဖြစ်နေရင်း
“အစောပိုင်းက ငါတို့တွေ ထန်နဲ့ ပိုင်မိသားစုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး သူတို့ရဲ့ အင်အားတွေကို ချေမှုန်းခဲ့တယ်။ ဒါပေမယ့် ဒီနေ့ည အရှုံးတွေလောက် မဆိုးဘူး။ ထန်ယွင်ဖန်းက ကွမ်းယန်က ထွက်သွားခဲ့တာ မဟုတ်ဘူးလား။ ဒီည စစ်ဆင်ရေးကို ဘယ်သူဦးဆောင်တာလဲ။”
"ကျွန်တော်တို့ မစုံစမ်းရသေးဘူး။" ယောင်ချန်းချင် ခေါင်းယမ်းလိုက်သည်။
ဘန်း…
ယောင်ချမ်းကျွမ်က စားပွဲပေါ်မှ အရာအားလုံးကို ရိုက်ချိုးလိုက်ပြီး
“မင်း အဲဒါကို မစုံစမ်းဘူးလား။ ရန်သူက ငါတို့ကို ဒီလိုအခြေအနေမျိုးရောက်အောင် တွန်းပို့ခဲ့တာတောင် ငါတို့ရန်သူရဲ့ပုံရိပ်ကို မင်း ခုထိ မစုံစမ်းရသေးဘူးလား။"
စကားမပြောဘဲ ခေါင်းငုံ့ထားလိုက်ရင်း ယောင်ချန်းချင်နှင့် အခြားသူများသည် ထိုကဲ့သို့သော တင်းမာနေသော ပတ်ဝန်းကျင်လေထုထဲတွင် အသက်ပင် ပြင်းပြင်း မရှူဝံ့ကြပေ။
ရှက်စရာကောင်းလှသည်။ သူတို့ အတော့်ကို ရှက်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ယောင်ချင်းကျွမ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး
"လျန်ထန်းကို လူတချို့ခေါ်ပြီး အဲ့ဒီကို သွားခိုင်းလိုက်။ ရှင်းဟွာကို ပြောလိုက် သူ ဘာမှ တိုးတက်မှု မရှိရင် သူ့ကိုယ်သူ ထပ်ပြီး အရှက်ခွဲနေတာကို ရပ်ပြီး အဲဒီ့ကနေ ထွက်သွားလိုက်တော့လို့။”
လျန်ထန်းလား…
ယောင်ချန်းချင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
"အဖေ … လျန်ထျန်းက ကျွန်တော်တို့မိသားစုရဲ့ အသန်မာဆုံး လျှို့ဝှက်ကျွမ်းကျင်သူပဲ။"
ယောင်ချန်းချင် တုံ့ဆိုင်းသွားသည်။
"ကျွန်တော်တို့ သူ့ကို ကွမ်းယန်ပြည်နယ်ကို ပို့မယ်ဆိုရင် အဓိက ပြဿနာကို ပေါ့ပေါ့တန်တန် ဆက်ဆံသလို ဖြစ်နေမယ်မဟုတ်ဘူးလား။ နောက်ပြီး သူက လက်ရှိမှာ ပေကျင်းက ထန်မိသားစုကို ခုခံဖို့ ကျွန်တော်တို့လူတွေကို ဦးဆောင်နေတယ်။ သူ ထွက်သွားရင် ထန်မိသားစုက …”
"ထန်တွေ ဘာလုပ်မှာမို့လို့လဲ။"
ယောင်ချင်းကျွမ်က သူ့လက်ကို ဝှေ့ယမ်းကာ စကားစဖြတ်လိုက်ပြီး အေးစက်စွာ မာန်ဝင့်လိုက်သည်။
“အခု သူတို့က စက္ကူကျားသာသာပါ။ သူတို့က အဲ့လိုမိသားစုငယ်တွေကို ခြောက်လှန့်နိုင်ပေမယ့် ငါတို့ယောင်မိသားစုကို သည်လို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဝံ့မလား။ ဟမ့်… ဒါ ငါ သူတို့ကို အထင်သေးတာ မဟုတ်ဘူး၊ ဒါပေမယ့် သူတို့မှာ သတ္တိပိုရှိရင်တောင် ငါတို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။”
ခဏလောက် နှုတ်ဆိတ်နေပြီးသာလျှင် ယောင်ချန်းချင်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည် ။
"ကောင်းပါပြီ။ ဒီနေ့ည လုံခြုံရေး အလုပ်ကို တခြားသူတွေကို လွှဲအပ်ဖို့ လျန်ထန်းကို အကြောင်းကြားပြီး မနက်ဖြန်မနက် အဲ့ဒီကို အမြန်သွားခိုင်းလိုက်မယ်။"
ရှန်ဟိုင်းလေဆိပ်…
ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော ခန်းရှသည် ခမ်းနားသော ထန်လုပ်ငန်းစုမှ ဝန်ထမ်းများကို ဦးဆောင်ကာ အထွက်ပေါက်မှ ထွက်ခွာရန် လာခဲ့သည်။ အလွန်ဉာဏ်ကောင်းပုံရသောဟန်ဖြင့် ပိန်ပိန်ပါးပါး စုချွမ်သည် အနက်ရောင်လက်ဆွဲအိတ်အား သူ့လက်ထဲတွင် တင်းကျပ်စွာကိုင်ဆောင်ထားသည်။
“ဒါက မမှန်သေးပါဘူး။” စုချွမ်က ဘေးဘီဝဲယာအား ခဏလောက် ကြည့်လိုက်ပြီး သူ့ဘေးနားက ခန်းရှအား ညည်းညူလိုက်သည်။
"သူဌေးထန်က ငါတို့ကို လာမခေါ်ဘူးလား။"
ခန်းရှက သူ့အား စိုက်ကြည့်ကာ ခပ်ဖွဖွပြုံးလိုက်ပြီး
“မလာခင်က သူ့ကို အဆက်အသွယ်မလုပ်ခဲ့ဘူး။ သွားကြစို့။ ငါ ကပါဟိုတယ်မှာ အခန်းကြိုမှာထားတာမို့ ဒီည ကောင်းကောင်းအနားယူကြရအောင်။ မနက်ဖြန် ဝိုင်မြည်းစမ်းပွဲမှာ ငါတို့နေရာ ရဖို့ တော်တော် အားထုတ်လိုက်ရတယ်။ အဲ့ဒါကြောင့် နည်းနည်းမှ အမှားဖြစ်လို့မရဘူး။”
"စိတ်ချပါ အကြီးအကဲခန်း…" စုချွမ်က ပြုံးကာ ပြောသည်။
ခန်းရှ အသာခေါင်းညိတ်လိုက်သည်။ သူမတို့အဖွဲ့သည် တက္ကစီစီးကာ ကြယ်ငါးပွင့်ဟိုတယ် ကပါသို့ ရောက်လာကြသည်။ နေရာတကျရှိသွားပြီးနောက် ခန်းရှသည် ရေမိုးချိုးကာ လှပသော အဝတ်အစားတစ်စုံအား လဲလှယ်ပြီး ထန်ရှု၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
"မင်း ရှန်ဟိုင်းကို ရောက်နေပြီလား။"
ဖုန်းခေါ်ဆိုမှုချိတ်ဆက်ခဲ့ပြီးနောက် ထန်ရှု၏အသံသည် ဖုန်းထဲမှ ထွက်လာသည်။
“ဟုတ်တယ်။ ငါတို့ ဟိုတယ်မှာ ရောက်နေပြီ။ ဒါနဲ့ နင် ဘယ်မှာလဲ အခုအားလား။ ငါ နင့်ကို တွေ့ချင်တယ်။" ခန်းရှက ပြုံးပြုံးလေးပြောလိုက်သည်။
"ကိုယ် အခု ကွမ်းယန်မှာ ရောက်နေတယ်။ ဒီမှာ အရေးတကြီးကိုင်တွယ်ဖို့ ကိစ္စတစ်ခု ရှိတယ်။ ပြီးမှ ပြန်လာမယ်။" ထန်ရှုက ပြောသည်။
"ကွမ်းယန်လား။"
ခန်းရှ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အမူအရာ ပေါ်လာသည်။ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက
"သူဌေး … နင် ကွမ်းယန်မှာ ဘာလုပ်နေတာလဲ။ မနက်ဖြန် ကျင်းပမယ့် ဝိုင်မြည်းစမ်းပွဲကို တက်နိုင်မယ်မဟုတ်လား။"
"မတတ်နိုင်လောက်ဘူးလို့ ထင်တယ်။ ဒီမှာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတာ အားလပ်ချိန် လုံးဝ မရဘူး။" ထန်ရှုက ပြောသည်။
“ဒါဆို နင့်ကျောင်းကရော …” ခန်းရှက ပြောသည်။
"ကိုယ်က အဲဒါကို စနစ်တကျ စီစဉ်ပြီးပြီမို့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ မလိုဘူး။ ကျောင်းတရားဝင်ဖွင့်မှာက ၂၀ရက်နေ့မှလေ။ အတန်းမစခင် ပြန်လာရရင်တော့ ကောင်းမယ်။ အဲ့ဒါကြောင့် ဝိုင်မြည်းစမ်းခြင်းညီလာခံကိစ္စအတွက် မင်းကိုပဲ အားကိုးရတော့မယ်။
"စိတ်မပူပါနဲ့။ ငါ ကောင်းကောင်း စီမံခန့်ခွဲထားမယ်။" ခန်းရှက အားတင်း ပြုံးကာ ပြောလိုက်သည်။
"ကောင်းပါပြီ။ ဒီလောက်ပါပဲ။”ထန်ရှုက ပြောသည်။
ခန်းရှက ဖုန်းကို ချလိုက်ပြီး ကောက်ကိုင်ထားသော လက်ကိုင်အိတ်ကို ချလိုက်သည်။ ထို့နောက် သူမက ပြတင်းပေါက်ဆီသို့ လမ်းလျှောက်လာကာ ရှန်ဟိုင်းမြို့၏ ညမြင်ကွင်းဆီသို့ လှမ်းကြည့်ရင်း သူမ၏နှလုံးသားတွင် တစ်ခုခုကို ဆုံးရှုံးလိုက်ရသည့်နှယ် ခံစားချက် ပြင်းထန်လာသည်။ သူမသည် ယခုတစ်ကြိမ်တွင် ရှန်ဟိုင်းသို့ ထွက်ခွာရန်နှင့် ကိုယ်တိုင်ကိုယ်ကျ ဝိုင်မြည်းစမ်းပွဲ တက်ရောက်ရန်အတွက် အလုပ်များစွာကို ရပ်နားထားခဲ့ရသည်။ သို့သော် တကယ်တော့ အဓိက အကြောင်းအရင်းက သည်မှာရှိနေသော ထန်ရှုကြောင့်ဖြစ်သည်။ ရှန်ဟိုင်းတွင် သူနှင့် ခဏလောက်နေနိုင်ရန် ညီလာခံကို အခွင့်ကောင်းယူချင်ခဲ့သည်။
ဒါပေမယ့် သူက ဘာလို့များ ကွမ်းယန်ကို သွားရတာလဲ။
သူမ၏ခေါင်းကို ခါယမ်းကာ စိတ်တွင်းထဲ တိတ်တဆိတ် သက်ပြင်းချရင်း ထန်ရှုအား သူမ အချိန်အကြာကြီး မတွေ့ရသည်မှာ ထန်ရှု ပိုမို အလုပ်များလာသောကြောင့်ဖြစ်ကြောင်း ခန်းရှ သဘောပေါက်လိုက်သည်။
ကွမ်းယန်ပြည်နယ်…
ထန်ရှု ဖုန်းကိုချပြီး မချိပြုံး ပြုံးမိသည်။
ခန်းရှ၏စိတ်ထဲတွင် မည်သည့်အတွေးရှိနေသည်ကို သူ မသိသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။
ထန်မိသားစုကိစ္စကြောင့်သာ မဟုတ်ပါက ခန်းရှနှင့်တွေ့ဆုံပြီး သန်းခေါင်ယံ အစားအစာကို စားနေရမည်ဖြစ်သည်။
နူးညံ့လှပသော မိန်းမလှလေးနှင့် သာယာလှပသော မြင်ကွင်းဖြင့် လှပသော နေ့တစ်နေ့ကို ပိုင်ဆိုင်ရခြင်းသည် ကွမ်းယန်ရှိ ရန်သူကို ကြံစည်ရန် သူ၏ ဦးနှောက်အား ညှစ်ထုတ်နေရသည်ထက် စာပါက များစွာသာလွန်သည်မှာ သေချာပါသည်။
သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ ထန်ရှု၏ ရင်ထဲတွင် ယောင်နှင့်စွန်းမိသားစုများဆီသို့ ဒေါသများ ပိုတိုးလာတော့သည်။ ထို့နောက် တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် အခန်းထဲက ထွက်လာကာ အော်လိုက်သည်။
"ဂူလန် ငါ့ကို အခုလာတွေ့ပါ။"
ရွှစ်…
သပ်ရပ်သောအဝတ်အစားများဝတ်ဆင်ထားသည့် ဂူလန်သည် အခြားအခန်းတစ်ခုမှ ရိပ်ကနဲ ထွက်ပေါ်လာသည်။ ထို့နောက် ရိုသေလေးစားသောဟန်ဖြင့်
"သူဌေး … ငါ့အတွက် အမိန့်ရှိလား။"
ထန်ရှုက "ငါ စိတ်အခြေအနေမကောင်းတော့ အိပ်မပျော်ဘူး။ ငါနဲ့ အပြင်ထွက်ပြီး အမဲလိုက်ကြမလား။"
ဂူလန်၏ မျက်လုံးများ တောက်ပလာကာ မဆိုင်းမတွ ခေါင်းညိတ်ပြီး ပြောသည်။
"မင်းရဲ့အမိန့်ကို ငါ သေချာလိုက်နာပါ့မယ် သူဌေး။"
"အဲ့လောက် အလေးအနက် မနေပါနဲ့။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး
"သွားကြစို့။ ဒီနေရာမှာ ငြိမ်နေခြင်းက ငါတို့ ဘာမှမလုပ်တော့ဘူးလို့ ဆိုလိုနေတာပဲ။ ယောင်နဲ့စွန်း မိသားစုတွေကို နောက်ထပ် ကြောက်စရာတစ်ခု သွားပေးရအောင်။ ကောင်းပြီ … လီရှောင်ကျီကိုလည်း ငါတို့ရဲ့ကားကို မောင်းဖို့အတွက် ခေါ်လိုက်ပါ။ "
“ဟုတ်။” ဂူလန်က ပြန်ဖြေပြီး ဘေးတံခါးဆီသို့ ချက်ချင်း လျှောက်သွားသည်။
"သူဋ္ဌေး … ငါ ကားကို ချက်ချင်း ယူလိုက်မယ်"
ဂူလန် တံခါးနားရောက်သည်အထိ မစောင့်ဘဲ လီရှောင်ကျီက တံခါးကို အမြန်ဖွင့်လိုက်ပြီး နားရွက်ချိတ်မတတ်ပြုံးကာ အပြေးသွားလိုက်သည်။ ဂူလန်ခေါ်သည့်အတိုင်း သူ အတုယူထားသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဆာ့ဖ်ကားတစ်စီးသည် စက်ရုံ၏ရှေ့ဂိတ်မှ မောင်းထွက်လာခဲ့သည်။
ကားမောင်းနေရင်း လီရှောင်ကျီက အပြုံးနှင့် မေးသည်။
"သူဌေး … ငါတို့ ဘယ်သွားမလို့လဲ။"
"စွန်းမိသားစုဆီ မောင်းပါ။" ထန်ရှုက ပြောသည်။
ဟမ်…
လီရှောင်ကျီ လန့်ဖျတ်သွားကာ ဘရိတ်အုပ်လိုက်ရင်း
"သူ…သူဋ္ဌေး… ငါ… ငါတို့... စွန်းမိသားစုကို သွားကြမယ်ဟုတ်လား။ ငါ့ကို နောက်နေတာ မဟုတ်ပါဘူးနော်။"
"ငါပုံစံက မင်းကို နောက်ပြောင်နေတယ်ထင်လို့လား" ထန်ရှုက တည်ငြိမ်စွာ ပြန်ဖြေသည်။
“ဟင့်အင်း…သူဋ္ဌေးက ဟာသလုပ်နေတဲ့ပုံမပေါ်ပါဘူး။” လီရှောင်ကျီက အားတင်းပြုံးလိုက်ရင်း
“ဒါပေမယ့် ငါတို့ သုံးယောက်ပဲ ရှိတာကို စွန်းမိသားစုရဲ့ ပင်မအခြေစိုက်စခန်းကို ထိုးဖောက်ဖို့ဆိုရင် ငါ…ငါတို့က သေခြင်းတရားနဲ့ မိတ်ဆက်ရုံပဲရှိတော့တယ်။”
“သေမလား၊ ရှင်မလားဆိုတာ ငါတို့ အဲဒီကို ရောက်ရင် သိလိမ့်မယ်။”
ထန်ရှုက ထူးမခြားစွာ ပြောလိုက်ရင်း
“မဆီမဆိုင်တာတွေ ပြောမနေတော့နဲ့။ စွန်းမိသားစုရဲ့ အခြေစိုက်စခန်း ရှိတဲ့နေရာကို ခင်ဗျား သိတယ် မဟုတ်လား။ အဲ့ဒီကိုသာ မောင်းပါ။"
“ဒါ…”
တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း လီရှောင်ကျီသည် အသိစိတ်ဖြင့် ရှေ့သို့ မောင်းနှင်နေဆဲဖြစ်သည်။ သူ အမြဲတွေးနေခဲ့သည်မှာ ထန်မိသားစု၏ မျိုးဆက်သစ်တစ်ယောက်ဖြစ်သော ထန်ရှုသည် ရင့်ကျက်သည်၊ တည်ငြိမ်သည်၊ ကျိုးကြောင်းသင့်စွာ တွေးခေါ်နိုင်ပြီး အလွန်ထူးချွန်သည်။ ထို့ကြောင့် ထန်ရှုသည် အခိုက်အတန့်အစီအစဉ်ကို ကြံဆပြီး မထင်မှတ်ပဲ ထိုကဲ့သို့ ရူးသွပ်သောပုံစံဖြင့် အကောင်အထည်ဖော်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိပေ။
စွန်းမိသားစု၏ အဓိကအခြေစိုက်စခန်းတွင် စွန်းမိသားစုအား အမဲလိုက်ခြင်းတဲ့လား။ ဒါ…ဒါကြီးက လုံး၀ ရယ်စရာမကောင်းဘူးနော်။
စွန်းမိသားစု၏စံအိမ်ကြီးသည် အလွန်ကြီးမားပြီး ၎င်းတို့အင်အား၏ သုံးပုံတစ်ပုံသည် ထိုစံအိမ်အား ကာကွယ်ထားသည်။ လီရှောင်ကျီတို့ သုံးဦးအား မဆိုထားဘိ။ စွန်းမိသားစု၏ အိမ်တော်ထဲတွင် လူသုံးရာက ဆိုးရွားသောအလုပ်များလုပ်ရန်ပင် မဖြစ်နိုင်လုနီးပါး ဖြစ်သည်။
လီရှောင်ကျီ တိတ်တဆိတ် သက်ပြင်းချပြီး ဂူလန်ကို ဂရုတစိုက် ကြည့်မိသည်။ သို့သော် ဂူလန်မှာ ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ သူ့မျက်လုံးများပင် တောက်ပကာ စိတ်ဓာတ်တက်ကြွနေသည်ကို တွေ့ရှိသောကြောင့် စိတ်တွင်းမှ တုန်လှုပ်သွားသည်။
အရူးပဲ … သူဋ္ဌေးသည် စိတ်ရူးပေါက်ကာ ထလုပ်သကဲ့သို့ သူ၏လူများသည်လည်း ထပ်တူပင် ဖြစ်နေသည်။
စိတ်တွင်းမှ ညည်းတွားရင်း လီရှောင်ကျီသည် ကားကို မောင်းနှင်ရန်သာ အာရုံစိုက်နိုင်ခဲ့သည်။
ကွမ်မြို့ … စွန်းမိသားစုစံအိမ်တွင်…
စွန်းစံအိမ်သည် အလွန်ကောင်းမွန်သော မြေနေရာတွင် လှပသောပတ်ဝန်းကျင်များနှင့်အတူ ဆောင်းဦးရေကန်၏ အနီးတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရေကန်နှင့် အနောက်တွင် တောင်ကုန်းတစ်ခုရှိပြီး တောင်ခြေတွင် ချောင်းကလေးတစ်ခု တည်ရှိသည်။ ပတ်ပတ်လည်တွင် အမျိုးအစား စုံလင်လှသော ပန်းများနှင့် ဝေေ၀ဆာဆာရှိသော စိမ်းလန်းစိုပြေသည့် အပင်များရှိသည်။ ညအမှောင်ကပင် ထိုအရာ၏အလှတရားအား ဖုံးမကွယ်နိုင်ချေ။
စွန်းမိသားစု၏စံအိမ်မှ ကီလိုမီတာအနည်းငယ် အကွာတွင် ရှိသော လမ်းခွဲတစ်ခုတွင် လီရှောင်ကျီသည် ကားကို လမ်းဘေးတွင် ရပ်လိုက်သည်။
"သူဋ္ဌေး… ငါ့ကို တကယ် မင်းနဲ့ မခေါ်ချင်ဘူးလား။"
ထန်ရှုက ခေါင်းခါပြီး "ဂူလန်နဲ့ ငါပဲ အထဲကို ခိုးဝင်မယ်။ စွန်းမိသားစုရဲ့လူတွေ ရှာမတွေ့အောင် ဒီကနေ ကားကို ခပ်ဝေးဝေးမှာ ရပ်ထားလိုက်ပါ။"
"နားလည်ပါပြီ။ ဒါပေမယ့် ကျေးဇူးပြုပြီး သူဋ္ဌေးရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။"
လီရှောင်ကျီက ပြောသည်။
ထန်ရှုက တုံ့ပြန်သည့်အနေဖြင့် 'အိုကေ' အမူအရာပြလိုက်ပြီး ထန်ရှုနှင့်ဂူလန်တို့သည် ည၏အလင်းရောင်မှိန်မှိန်အောက်တွင် စွန်းမိသားစု၏အိမ်တော်သို့ တိတ်တဆိတ်ချဉ်းကပ်ခဲ့ကြသည်။ ထို့နောက် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား လွှင့်ကာ မီတာနှစ်ရာမှ သုံးရာအထိရှိသော အနီးပတ်ဝန်းကျင်အား လွှမ်းခြုံလိုက်သည်။ ထိုအချင်းအရာဖြင့် မူမမှန်သောအရာ အနည်းငယ် ပေါ်လာလျှင် သူ ရှင်းရှင်းလင်းလင်း သိနိုင်သည်။
"ဂူလန်… မင်းကို ယန်အာက ပျိုးထောင်ခဲ့တာလား။"
စွန်းမိသားစု၏ ခြံဝင်းနံရံအပြင်ဘက်သို့ ချဉ်းကပ်လာစဉ် ထန်ရှုတို့နှစ်ဦးသည် နံရံကို တိုက်ရိုက်မခုန်ဘဲ နံရံအောက်ခြေကို မှီကာ စကားတီးတိုးပြောကြသည်။
“ဟုတ်တယ် သူဋ္ဌေး။” ဂူလန်က ပြောသည်။
“ငါ သိသလောက် ယန်အာက သူ့မျိုးရိုးအမည်ကို လူခြောက်ယောက်ကို ပေးခဲ့တယ်။ ရှောင်ရွှဲ့ကလွဲရင် မင်းက မျိုးရိုးနာမည်ဂူနဲ့ ငါ ပထမဆုံးတွေ့တဲ့သူပါ။ မင်းရဲ့ အသွင်အပြင်ကိုကြည့်ရင် မင်းအသက်၃၀အောက် ရှိတယ်မဟုတ်လား။"
“၂၉ပါ။” ဂူလန်က ဖြေသည်။
ထန်ရှု ခေါင်းယမ်းမိသည်။ ဤမျှတိုတောင်းသော အပြောင်းအရွှေ့က သူ့အား အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်စေသည်။ သူသည် စိတ်ဝိညာဉ်အာရုံ ဖြန့်ကျက်ထားမှုအောက်တွင် တစ်ဖက်နံရံနားမှ ဖြတ်သွားသော လူဆယ်ဦး၏ ကင်းလှည့်ခြင်းကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် အချိန်တစ်ခု စောင့်သည့်အနေဖြင့် ဂူလန်နှင့် တီးတိုးပြောနေခဲ့သည်။ သို့တိုင် သူ၏အစီအစဉ်သည် “တစ်ကိုယ်တည်း အဖော်မရှိခြင်း”ဟူသော သူ၏မျိုးရိုးအမည်အတွက် မမျှော်လင့်ဘဲ မှန်ကန်သည်ဟု သူ တစ်ခါမျှ မတွေးခဲ့ပါ။
မိနစ်များစွာကြာပြီးနောက် ကင်းလှည့်မှုသည် ထန်ရှု၏စိတ်ဝိညာဉ်အာရုံနယ်ပယ်မှ ထွက်ခွာသွားသည်။ ထို့နောက် သူသည် နံရံရှိ ဓာတ်အားလိုင်းအား လက်ညှိုးထိုးပြကာ
“မင်းကို ဟိုးအပေါ်ထိ ပစ်တင်ပေးလိုက်မယ်။ အဲ့ဒါက နည်းနည်းမြင့်လို့ မြေပေါ်ပြုတ်မကျအောင် သတိထား။"
အနီးနားရှိ သုံးမီတာ-လေးမီတာမြင့်သော ဝင်းတံတိုင်းနှင့် နံရံမှ တစ်မီတာခန့်ရှိ အကွာမှ မဟာဓာတ်အားလိုင်းကို ကြည့်ကာ ဂူလန်က ခေါင်းညိတ်ပြီး
“အမြင့် လေးမီတာကနေ ငါးမီတာလောက်က ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး။ တစ်ခါက တတိယထပ်ကနေ အန္တရာယ်ကင်းကင်းနဲ့ အသံမကြားအောင် ခုန်ချဖူးတယ်။”
တတိယထပ်ကနေ ခုန်ချနေတာလား။
ထန်ရှုသည် သူ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်ရင်း စိတ်တွင်း၌ ပိုမိုသဘောကျလာရသည်။ သတိမထားပါဘဲ တတိယထပ်ကနေ ခုန်ချပါက လက်ရှိထန်ရှုပင်လျှင် ဒဏ်ရာရသွားနိုင်ပေသည်။
"ကဲ…"
ထန်ရှုက ခပ်အုပ်အုပ် ကြုံးဝါးလိုက်ရင်း ဂူလန်၏ခါးအား ဆွဲကိုင်ကာ အပေါ်သို့ အရှိန်ပြင်းစွာ ပင့်တင်ပေးလိုက်သည်။ ထို့နောက် ပြုတ်ကျသံခပ်အုပ်အုပ်ကို ကြားလိုက်ရသည်။
သူ၏စိတ်ဝိညာဉ်အာရုံအောက်တွင် ဂူလန်သည် သူ ပင့်တင်ပေးလိုက်သောခွန်အား၏ အထောက်အကူအား ယူကာ လှုပ်ရှားနေသော ကျားသစ်တစ်ကောင်အလား အနီးနားရှိ သစ်ပင်အုပ်အစုထဲသို့ သွက်လက်စွာ ဝင်သွားသည်ကိုသတိပြုမိလိုက်သဖြင့် ချက်ခြင်းပင် စိတ်အတွင်းမှ ချီးကျူးမိလိုက်သည်။
နောက်အခိုက်အတန့်တွင်…
နံရံပေါ်တက်ရန် သူ့ခြေဖျားကို အသုံးပြုကာ ထန်ရှု၏ခန္ဓာကိုယ်သည် အပေါ်သို့ တစ်ရှိန်ထိုးတက်သွားရင်း ပါဝါဂရစ်ကြိုးအောက်ရှိ အုတ်နံရံအား ဆုပ်ကိုင်မိသွားသည်။ သူ၏လက်ချောင်းအားဖြင့် သူ့ခန္ဓာကိုယ်အား လေထဲသို့ ပင့်မြှောက်လိုက်ပြီး သူ၏လက်ချောင်းများ ဆုပ်ကိုင်ခဲ့သည့်နေရာအား ခြေဖျားဖြင့် အသာတော့လိုက်သည်။ ခပ်ဖွဖွတစ်ချက်သာ ထိသော်လည်း ထိုအနည်းငယ်မျှသော အားသည် သူ၏ခန္ဓာကိုယ်အား အမြင့်တစ်မီတာကျော်ထိ ဆွဲတင်သွားပြီး သူသည် စံအိမ်ဝင်းအတွင်းသို့ အလွယ်တကူဝင်ရောက်လာခဲ့သည်။
***