← Chapters

အချို့သော မိသားစုများမှာ စိုးရွံ့နေချိန်တွင် အချို့က ဝမ်းမြောက်ကြသည်။

Vol. 08 Ch. 370

အချို့သော မိသားစုများမှာ စိုးရွံ့နေချိန်တွင် အချို့က ဝမ်းမြောက်ကြသည်။

Vol. 08 Ch. 370

ထန်ဝေ၏အမူအရာ ပြောင်းလဲသွားသကဲ့သို့ လီရှောင်ကျီသည်လည်း မယုံနိုင်သော အမူအရာ

ဖြစ်သွားရသည်။

၂၁ယောက်တောင်လား။

စွန်းမိသားစုတွင် ကျောရိုးတိုင်အလား အခွင့်အာဏာရှိပြီး အထောက်အပံ့ပေးနိုင်သော မိသားစုဝင်များသည် လူတစ်ဒါဇင် သို့မဟုတ် ထိုမျှလောက်အထိ ရှိသည်။ ထိပ်တန်းအဆင့် ထိပ်တန်းအရာရှိများပေါင်းထည့်ထားပါက အရေအတွက်မှာ သုံးဆယ်အောက် ဖြစ်နိုင်သည်။ ယင်းမတိုင်မီက ၎င်းတို့အနက်မှ အနည်းငယ်ကို သတ်ခဲ့ပြီးဖြစ်သော်လည်း ယနေ့ညတွင် ထန်ရှုနှင့် ဂူလန်တို့သည် ၎င်းတို့အနက်မှ ၂၁ ဦးကို တစ်နာရီအတွင်း သတ်ပစ်ခဲ့ကြသည်။

ပြောရမည်ဆိုပါက စွန်းမိသားစု၏အဖွဲ့ဝင်အားလုံးနီးပါး အသတ်ခံရတာနှင့် အတူတူပဲ မဟုတ်ပေဘူးလား။

ထန်ဝေက တံတွေးတစ်ချက် မျိုချလိုက်ပြီး

"ညီလေး ... မင်းမလိမ်ဘူး မဟုတ်လား။ နာမည်စာရင်းမှာပါတဲ့ စွန်းအဖွဲ့ဝင်၂၁ ယောက်ကို မင်း တကယ်သတ်ခဲ့တာလား။

“ဟုတ်တယ် ဒါအမှန်ပဲ။ အဲဒီ့စာရင်းကို ငါကိုယ်တိုင်လုပ်တယ်။ ဒါကြောင့် ဒီည ငါသတ်ခဲ့တဲ့လူတွေကို ငါသိတာပဲ။”

ထန်ရှုက ခေါင်းညိတ်ပြီး ပြောသည် ။

“နောက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကိုလည်း ငါ တွေ့ခဲ့တယ်။ စွန်းမိသားစုက ဒီညပြီးရင် ငါတို့ရဲ့ရန်သူတွေ ဖြစ်လာတော့မှာ မဟုတ်ဘူး။”

"ဘာကိုဆိုလိုတာလဲ။" ထန်ဝေက အံ့ဩစွာ မေးလိုက်သည်။

"ခဏစောင့်။ မင်း မကြာခင် သိလိမ့်မယ်။" ထန်ရှုက လျှို့ဝှက်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

ထိုအချိန်တွင် စွန်းမိသားစုစံအိမ်သည် လုံး၀ ရှုပ်ထွေးနေသောအခြေအနေအဖြစ်သို့ ပြောင်းလဲသွားသည်။ သက်ကြီးရွယ်အိုများ၊ နုနယ်သူများ၊ မသန်စွမ်းသူများသည် ဥယျာဉ်အိမ်များမှ တစ်ယောက်ပြီးတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေကြသည်။ ကင်းလှည့်အဖွဲ့များသည် ဥယျာဉ်အိမ်များကြားတွင် အဆက်မပြတ် ပြေးလွှားနေကြရင်း လူသေအလောင်းများ သယ်ထုတ်လာသောအခါတွင် ငိုသံများ၊ ကြိမ်းဝါးသံများဖြင့် ကျွက်ကျွက်ညံသွားတော့သည်။

ကင်းလှည့်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးကို ဦးဆောင်လာသော လီယီသည် အလောင်းများကို စွန်းမိသားစု၏ ဗဟိုရင်ပြင်သို့သယ်ဆောင်သွားရန် အမိန့်ပေးရင်း ဖြူဖျော့နေဟန်ရှိသည်။

ရန်သူသည် သူနေထိုင်ရာ ဥယျာဉ်အိမ်နှင့် အနီးဆုံး နံရံမှ နံရံမှ ခိုးဝင်သွားသည်ကို တွေ့လိုက်ရသော်လည်း သူ့အား မသုတ်သင်သွားဘဲ သူ့အိမ်အနီးတစ်ဝိုက်မှာ စွန်းမိသားစုဝင်များကိုသာ သတ်ဖြတ်သွားသည်ကို သိလိုက်ရသဖြင် သည်တစ်ကြိမ်တွင် သူ ကံကောင်းလှသည်ဟု မတွေးမိဘဲ မနေနိုင်အောင် ဖြစ်ရသည်။

ကွမ်မြို့ … မြစ်ကမ်းခြေစံအိမ်

စွန်းဖေးလဲ့နှင့် ယောင်ရှင်းဟွာတို့သည် လုပ်ဆောင်မည့်အစီအစဉ်ကို ရေးဆွဲခဲ့ကြပြီး နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ လက်ရှိရှိနေသော အင်အားများကို မျှဝေခဲ့ကြသည်။ ယနေ့ည၏ ကြီးမားသော ဆုံးရှုံးမှုများသည် စွန်းမိသားစုအား ပြင်းထန်သော ထိုးနှက်ချက် ဖြစ်စေသော်လည်း စွန်းဖေးလဲ့သည် ထန်မိသားစုအား လုံးဝအနိုင်ယူလိမ့်မည်ဟု ယုံကြည်ထားသည်။ ထို့နောက် ယောင်မိသားစု၏အကူအညီဖြင့် သူ၏မိသားစုသည် အနာဂတ်၌ ကွမ်းယန်ပြည်နယ်တွင် အကြီးဆုံးမိသားစု ဖြစ်လာတော့မည်ဖြစ်သည်။

ဖုန်းမြည်သံ…

မိုဘိုင်းလ်ဖုန်းမြည်သံက သူတို့နှစ်ဦး၏စကားဝိုင်းအား အနှောင့်အယှက်ပေးလာသည်။

မျက်မှောင်ကြုတ်သွားသော စွန်းဖေးလဲ့သည် ဇနီးဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် ချက်ချင်း ပေါ်လာသည်။ အဖြေခလုတ်ကို နှိပ်ပြီးနောက် တင်းမာသောလေသံဖြင့် ပြောလိုက်သည်။

“ဖြေရှင်းရမယ့်အရာတွေအတွက် အခု အရေးကြီးတာတွေ လုပ်နေတယ်။ ငါ အိမ်ပြန်နောက်ကျမယ်။ အရေးမကြီးရင် မနှောင့်ယှက်နဲ့။"

"ယောကျ်ား … တစ်ခုခုဖြစ်သွားပြီ။" မိုဘိုင်းဖုန်းထဲမှ အမျိုးသမီးတစ်ဦး၏ ငိုသံ ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ။"

စွန်းဖေးလဲ့၏အမူအရာပြောင်းလဲသွားကာ ချက်ခြင်းမတ်တတ်ရပ်လိုက်မိသည်။

"ငါတို့ စွန်းမိသားစုတော့ သွားပါပြီ။" အမျိုးသမီးက ငိုရှိုက်ရင်း ဗလုံးဗထွေးပြောလာသည်။

“ဟေ့ ဒီဖေဖေကြီးက မသေသေးဘူးဟ။ စွန်းမိသားစုက ဆုံးခန်းတိုင်စရာ အကြောင်းကို မရှိဘူး။ ငါ့ကို တိတိကျကျ မြန်မြန်ပြောစမ်း။ ဘာဖြစ်တာလဲ။" စွန်းဖေးလဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ယောကျ်ား … ရန်သူတွေက ကျွန်မတို့ စွန်းမိသားစုစံအိမ်ထဲကို ခိုးဝင်ပြီး မိသားစုဝင်တွေ အများကြီး သတ်သွားတယ်။" စွန်းဖေးလဲ့၏မိန်းမက ဖုန်းပြောရင်း မျက်ရည်လည်ရွဲဖြစ်နေသည်။

“ဖေးဝူ၊ စွန်းဝေ့၊ ကျန်းကျင်းနဲ့ ကျွန်မတို့ စွန်းမိသားစုရဲ့တိုက်ရိုက်မျိုးနွယ်အားလုံးနီးပါး သေဆုံးခဲ့တယ်။ သေသွားတဲ့အဖွဲ့ဝင်အားလုံးက ကျွန်မတို့စွန်းမိသားစုမှာ အရေးပါတဲ့ ရာထူးတွေကို ထမ်းဆောင်နေတဲ့သူတွေချည်းပဲ။ ကင်းလှည့်တပ်ဖွဲ့ဝင်တွေ မပါဝင်ဘဲ လူ ၂၁ ဦး သေဆုံးခဲ့တယ်။”

"ဘာ…"

စွန်းဖေးလဲ့၏မျက်လုံးများ ပြူးကျယ်သွားကာ ဒေါသတကြီး အော်လိုက်မိသည်။

သူ၏နားကိုပင် သူ မယုံနိုင်လောက်အောင် ဖြစ်ရသည်။

ဂုဏ်သိက္ခာကြီးသော သူတို့စွန်းမိသားစု၏စံအိမ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကိုင်တပ်ဖွဲ့များရှိရာ ရန်သူက မည်သို့တိုက်ခိုက်နိုင်ပါသနည်း။

ထို့အပြင် ... စွန်းမိသားစု၏ ရာထူးမြင့်မားသည့် မျိုးနွယ်စုတွေကိုပါ သူတို့က သတ်ဖြတ်သွားခြင်း ဖြစ်လေသလော။

"ခွေးမလေး … မင်း ငါ့ကို နောက်နေတာလား။ ဒါကြီးက ရယ်စရာလုံးဝမကောင်းဘူးနော်။"

စွန်းဖေးလဲ့၏အမျိုးသမီးက

“ကျွန်မ နောက်နေတာ မဟုတ်ဘူး။ အဲဒါ အမှန်ပါပဲ။ အားလုံးသေပြီ။ ကျွန်မတို့စွန်းမိသားစု အဆုံးသတ်သွားခဲ့ပြီ။”

စွန်းဖေးလဲ့၏ ခန္ဓာကိုယ် တုန်ရီသွားရကာ သူ၏လက်ကိုင်ဖုန်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။

"မိသားစုခေါင်းဆောင်စွန်း … ဘာဖြစ်သွားတာလဲ။" ယောင်ရှင်းဟွာက စိတ်လေးနေသောလေသံဖြင့် မေးလိုက်သည်။

စိုးရိမ်နေသော ယောင်ရှင်းဟွာကိုကြည့်ရန် ခေါင်းကို မော့လိုက်သော စွန်းဖေးလဲ့သည် အသိစိတ်လွတ်သွားသည့်ပမာ တီးတိုးရွတ်ရင်း ဆိုဖာပေါ် လဲကျသွားတော့သည်။

“လူတိုင်း သေပြီ။ ငါ့စွန်းမိသားစုရဲ့ ပင်မအဖွဲ့ဝင်တွေအားလုံး သေကုန်ကြပြီ။"

ယောင်ရှင်းဟွာ၏မျက်နှာသည် ပျက်သွားသည်။ သူက စွန်းဖေးလဲ့အား ဆုပ်ကိုင်လိုက်ပြီး

“ဘာ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ။ ခင်ဗျားမိသားစုရဲ့ အဓိကအဖွဲ့ဝင်တွေကို ဘယ်သူက အားလုံးသတ်နိုင်စွမ်းရှိမှာမို့လဲ။”

"ငါ မသိဘူး။ ငါ့မိန်းမ ဖုန်းဆက်တာ။"စွန်းဖေးလဲ့က ခေါင်းယမ်းပြီး ပြောသည်။

"သေသွားတဲ့ ကင်းလှည့်သမားတွေကလွဲရင် သေဆုံးသွားတဲ့ ငါ့မိသားစုရဲ့အဓိကအဖွဲ့ဝင်တွေက ၂၁ ယောက်ပဲ။"

ဆုပ်ကိုင်ထားသော စွန်းဖေးလဲ့အား လွှတ်ပေးလိုက်ရင်း ယောင်ရှင်းဟွာ၏ မျက်နှာထက်တွင် အံ့သြတုန်လှုပ်သွားသော အမူအရာတစ်ခုဖြစ်လာကာ သူ၏တံတွေးအား ဒေါသတကြီး မြိုချလိုက်သည်။

စွန်းမိသားစုသည် ကွမ်းယန်ရှိ ဒေသခံအာဏာရှင်ဖြစ်ပြီး မိသားစုတစ်ခုလုံးရှိ စစ်မှန်သောအာဏာကို ချုပ်ကိုင်ထားသော ထိပ်တန်းအဖွဲ့ဝင်များသည်  အယောက်၃၀ခန့်ရှိသည်။ ၎င်းတို့အနက်မှ အနည်းငယ်သည် အစောပိုင်းက သေဆုံးသွားခဲ့ပြီး ယခုအခါ နောက်ထပ် ၂၁ ဦး ထပ်မံသေဆုံးခဲ့ရသည်။

ဒါဆို ... စွန်းမိသားစု၌ ယခုချိန်တွင် အသက်ရှင်ဆဲထိပ်တန်းအဆင့်အဖွဲ့ဝင် မည်မျှ ရှိပါလိမ့်မည်နည်း။

ယောင်ရှင်းဟွာက အသက်ပြင်းပြင်းရှူလိုက်ကာ သူ့ရင်ထဲမှ တုန်လှုပ်နေသည့်ခံစားချက်အား မျိုသိပ်ထားလိုက်သည်။ ထို့နောက် သူက ခပ်မာမာအော်ပြောလိုက်သည်။

"စွန်းမိသားစုစံအိမ်ကို ချက်ခြင်းသွားကြစို့။"

ဖူခန်းပြည်နယ် ဟောင်မိသားစု…

ဟောင်ကျင်းဖူ အိပ်ပျော်သွားသော်လည်း သူ၏မိုဘိုင်းဖုန်းမြည်သံကြောင့် နိုးသွားခဲ့သည်။ ဖုန်းပြောပြီးသည်နှင့် သူမျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သောအမူအရာတစ်ခု ပေါ်လာသည်။

ဟုတ်ပေသည်။  သူ ယခုရရှိသော သတင်းအချက်အလက်များသည် သူ့အား ထိတ်လန့်စေသည်။

ကွမ်းယန်မှ ဂုဏ်သတင်းကြီးသော စွန်းမိသားစု၏ ပင်မအဖွဲ့ဝင်များသည် ညတွင်းချင်း အသတ်ခံခဲ့ရသည်။ ရန်သူအရေအတွက်ကို ရှင်းရှင်းလင်းလင်း စုံစမ်းမရရှိသေးသော်လည်း လူ၂ယောက်သာ မြင်တွေ့ခဲ့ကြခြင်းကြောင့် အရေအတွက်မှာ လွန်စွာ နည်းပါးလှသည်ဟု ဆိုနိုင်ပေသည်။

“ထာဝရခန်းမ… ဟားဟား... ထာဝရခန်းမနဲ့ရန်ဖွဲ့မိတဲ့ စွန်းမိသားစုကတော့ အဆုံးသတ်သွားပြီ။ ယောင်မိသားစု… ကျွတ်…ကျွတ် … ထာဝရခန်းမက သူတို့လူတွေအားလုံးကို စုလိုက်ရင် နေ့ချင်းညချင်း သူတို့ကို အမြစ်မကျန်အောင်တောင် ချေမှုန်းပစ်နိုင်တယ် မဟုတ်ဘူးလား။”

ဟောင်ကျင်းဖူက အသက်ပြင်းပြင်းရှူရင်း ဖုန်းနံပါတ်တစ်ခုကို ချက်ချင်းခေါ်ဆိုလိုက်သည်။

“သူငယ်ချင်းရေ… မင်း မြန်မြန် လုပ်မှရမယ်နော်။ မနက်ဖြန်မနက်မှာ ပိုင်ယန်က ပိုင်မိသားစုဆီ ပြန်ရောက်နေရင် ပိုကောင်းလိမ့်မယ်။"

"ငါ သိတယ်။ ဒါပေမယ့် ငါ…”

"မင်းရော သတင်းရပြီးပြီလား။"

“အင်း…”

“ထာဝရခန်းမက ဘယ်လောက်ကြောက်စရာကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားလဲဆိုတာ အခု မင်း သဘောပေါက်သင့်ပြီ မဟုတ်လား။” ဟောင်ကျင်းဖူက အားတင်းပြုံးပြီး ပြောသည်။

"စွန်းမိသားစုကိုနေသာသာ ငါ့ဟောင်မိသားစုတောင်မှ နေ့ချင်းညချင်း ပျက်စီးသွားမှာကို ငါ ကြောက်တယ်။"

"ညီအစ်ကို ကျင်းဖူ… ဒီထာဝရခန်းမမှာ ဘယ်လိုတန်ခိုးနဲ့ သြဇာလွှမ်းမိုးမှုမျိုးရှိတယ်ဆိုတာ ငါ့ကို ပြောပြပေးပါလား။"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။

"ငါ မသိဘူး။ တကယ် ဘာမှမသိပါဘူး။ သူတို့က အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး အရမ်း ကြောက်စရာကောင်းတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ သူတို့လူတွေက အရမ်းကို သိုသိုသိပ်သိပ်နေကြတာပဲ။”

"ငါ နားလည်ပြီ။ ဒီထာဝရခန်းမကို စုံစမ်းစစ်ဆေးဖို့ ဘယ်သူကိုမှ ငါ မလွှတ်ဘူးဆိုတာ မင်း စိတ်ချပါ။ နောက်ပြီး အဲ့ဒီထာဝရခန်းမက လူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ငါ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အိုး… မင်း အဲဒီလူနဲ့ ထပ်တွေ့ရင်.. ကွမ်းယန်ပြည်နယ်မှာ ဆိုင်ခွဲ ထပ်ဖွင့်ဖို့ ဆန္ဒရှိ၊ မရှိ သူ့ကိုမေးပေးဖို့ မင်းကို ဒုက္ခပေးရဦးမယ်။ ငါတို့ချူမိသားစုက သူတို့ကို အစွမ်းကုန်ကူညီဖို့က သေချာပါတယ်။”

"ကောင်းပါပြီ။"

ဖုန်းခေါ်ဆိုမှု ပြီးဆုံးခဲ့သည်။

ဟောင်ကျင်းဖူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေဟန် ရှိသည်။ သူသည် အဝတ်အစားဝတ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီးနောက် အပြင်ဘက်ရှုခင်းအား ငြိမ်သက်စွာ ကြည့်နေရင်း စိတ်တွင်းမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

သည်လို မကြုံစဖူး ထိုးနှက်ချက်သည် သည်ညလို သာယာသည့် ညတွင် စွန်းမိသားစုအား ရိုက်ခတ်လိမ့်မည်ဟု မည်သူက ထင်နိုင်ပါမည်နည်း။

ထာဝရခန်းမသည် အကူအညီတောင်းသောအခါတွင် ချူမိသားစုသည် ချက်ချင်း ကူညီလိမ့်မည်ဖြစ်သည်။ ချူမိသားစုသည် ထာဝရခန်းမနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါက ဟောင်မိသားစုသည်လည်း ချူတို့နှင့် လျှို့ဝှက်မဟာမိတ် သဘောတူညီချက်တစ်ခုကို ရရှိလာမည်ဖြစ်သည်။

ပေကျင်း…

ဆူညံသံများက ထန်ကောရှန့်အား အိပ်ရာမှ နိုးထလာစေခဲ့သည်။ ဖုန်းခေါ်မှုအား သူ နားထောင်ပြီးနောက် သုံးကြိမ်တိတိ ရယ်မောလိုက်ပြီး ထန်ရှုဆီသို့ ချက်ချင်းဖုန်းဆက်လိုက်သည်။

ထန်ကောရှန့်နှင့် နှိုင်းယှဉ်ပါက ယောင်မိသားစု၏ အကြီးအကဲ ယောင်ကျင်းကျွမ်သည် စိတ်ပိုင်းဆိုင်ရာ  ထိခိုက်သွားကာ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ သူသည် ယောင်ရှင်းဟွာ၏နံပါတ်အား ခေါ်ဆိုကာ ထိုးစစ်မှ ခံစစ်သို့ ပြောင်းရန် စကားအနည်းငယ်သာ ပြောခဲ့သည်။

နောက်တစ်နေ့မနက်တွင် အော်ဒီကားနှစ်စီးသည် ကွမ်းယန်ပြည်နယ် တောင်ပိုင်းမြစ် အကျဉ်းထောင်ဝင်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားအချို့သည် အထဲသို့ ဝင်သွားကြသည်။ မိနစ်အနည်းငယ်အကြာတွင် အလျင်အမြန် ပြန်ထွက်သွားကြသည်။

အကျဉ်းထောင်အတွင်းရှိ အချုပ်ခန်းတစ်ခုအတွင်းတွင် ပိုင်ယန်သည် နံရံများကိုကြည့်ရင်း စီးကရက်တစ်လိပ် သောက်ကာ စိတ်ဓာတ်ကျနေသည့်ပုံပေါက်နေသည်။ သည်စီးကရက်အား သူ့အား ထောင်မှူးက ပေးထားခြင်း ဖြစ်သည်။ ထိုလူသည် တစ်ချိန်က သူ၏ ကျေးဇူးရှိခဲ့ဖူးသော လူတစ်ယောက်ဖြစ်သည်။

သူ အဆုံးသတ်သွားပြီဆိုသည်ကို သူ သိသည်။ သူ၏ပိုင်မိသားစုတောင် အဆုံးသတ်သွားရန် အလားအလာ အလွန်ရှိနိုင်သည်။။

သူ အတန်ငယ် စိတ်ပျက်နေမိသည်။ သူ၏ဖခင် ရပ်တည်မှုဘက်အရွေးမှားခြင်းနှင့် အတိတ်အခြေအနေတွင် ထန်မိသားစုဘက်တွင် ဆက်လက်ရပ်တည်ရန် ရွေးချယ်မိခြင်းအတွက် သူ စိတ်ပျက်နေခဲ့မိသည်။ ထန်မိသားစုသည် ယနေ့အချိန်တွင် မည်သို့သော အခြေအနေမျိုးတွင် ရှိနေသည်ကို သူ့ကိုယ်တိုင် ရှင်းရှင်းလင်းလင်း တွေးတောနိုင်သည်။ ၎င်းတို့သည် မြင့်မားသော ဂုဏ်သတင်းရှိနေဆဲဖြစ်ပြီး ပေကျင်းရှိ ထိပ်တန်းမိသားစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရနိုင်သော်လည်း ၎င်းတို့၏အတိတ်ကာလမှ အခြေအနေနှင့်တန်းတူ မဟုတ်တော့ပါချေ။

ကွမ်းယန်ရှိ လက်ရှိ ထန်မိသားစု၏ အင်အားနှင့် လွှမ်းမိုးနိုင်မှုဖြင့် ထန်တို့ကိုယ်တိုင်ပင် ခုခံကာကွယ်ရန်မှာ အလွန်ပင် မဖြစ်နိုင်ပေဘူး မဟုတ်ပါလား။ ဘေးကင်းလုံခြုံဟန်ရှိနေသော်လည်း ... ခက်ခဲလိမ့်မည်။

ပိုင်ယန် စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။

ကျွီ…

ဘန်း…

အပြင်ဘက်သံတံခါး အသံမြည်သွားသည်။ ထောင်မှူး ကျန်းယန်ဝမ်သည် ရဲအရာရှိများနှင့်အတူ ပိုင်ယန်၏ အကျဉ်းခန်းသို့ ရောက်လာသည်။

"ထောင်မှူးကျန်း … မင်းတို့တွေ…"

ပိုင်ယန်၏စိတ်နှလုံးမှာ မွန်းကျပ်သွားပြီး ကျယ်လောင်စွာမေးလိုက်သည်။

ကျန်းယန်ဝမ်၏မျက်နှာထက်တွင် သိပ်သည်းသော အပြုံးတစ်ခုအား ပြုံးထားရင်း

“အစ်ကို ယန် … မင်းကို လွှတ်ပေးဖို့ အမိန့်ကို ခုနက လက်ခံထားတယ်။ နောက်ပြီး ဒီအမိန့်ကို ပြည်နယ်ရဲ့ နံပါတ်၁ နှင့် နံပါတ်၂ တို့က တပြိုင်နက်တည်း အမိန့်ထုတ်ပြန်ခဲ့တာ။ အိုး … နံပါတ် ၁ ကလည်း ဒီနေ့လည် အိမ်ပြန်ပြီး မင်းရဲ့အချိန်ကို အကောင်းဆုံးအသုံးချဖို့ ပြောထားတယ်။ သူက မင်းကို ကွေ့ဝေစံအိမ်မှာ နေ့လည်စာ အတူတူစားဖို့ ဖိတ်တယ်။"

"မင်း ဘာပြောလိုက်တာလဲ။" အံ့အားသင့်နေသည့် ပိုင်ယန်က သံသယစိတ်များဖြင့် ကျယ်လောင်စွာ မေးလိုက်သည်။

ကျန်းယန်ဝမ်က သူ့အား ထပ်ခါထပ်ခါ ပြောပြကာ ရယ်မောလိုက်ရင်း

“အစ်ကို ယန် … အားလုံး အဆင်ပြေသွားပြီ။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီဖြစ်လို့ မင်းကို အကောက်ကြံတဲ့သူကိုလည်း ဖမ်းပြီးသွားပြီ။ သူက အမည်မသိစာတစ်စောင်ကို ရေးသားပြီး ကောလာဟလများကို ဖြန့်လိုက်တဲ့ စွန်းမိသားစုက အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်ကို ဒီနေရာမှာ မကြာခင် ချုပ်နှောင်ထားဖို့ ပို့လိုက်လိမ့်မယ်။”

သူ၏တံတွေးကို မျိုချလိုက်ရင်း ပိုင်ယန်၏ မျက်လုံးများသည် ရဲအရာရှိများထံသို့ တစ်ချက် ရောက်သွားခဲ့သည်။

သည်အချင်းအရာကို မြင်သည့် ကျန်းယန်ဝမ်က ပိုင်ယန်၏အတွေးကို ချက်ချင်းနားလည်သွားသဖြင့်  ရဲအရာရှိများဘက်သို့ လှည့်ကာ လက်ဝှေ့ယမ်းပြီး ထွက်ခွာရန် အချက်ပြလိုက်သည်။ အခန်းထဲတွင် သူတို့နှစ်ယောက်သာ ကျန်တော့သည်။

"အစ်ကိုယန် … မင်းသိချင်တာ တစ်ခုခုများ ရှိလား။"

"ထောင်မှူးကျန်း … ဒါတွေအားလုံးအတွက် အကြောင်းပြချက်က ဘာလဲ။" ပိုင်ယန်က မေးသည်။

ကျန်းယန်ဝမ်သည် နောက်သို့ဆုတ်ကာ တံခါးမှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မည်သူမျှ မရှိသည်ကို သိပြီးတဲ့နောက် ပိုင်ယန်၏အရှေ့သို့ လာပြီး

"အစ်ကိုယန် … ကွမ်းယန်မှာ ကြီးကြီးမားမားတစ်ခု ဖြစ်ခဲ့တယ်။ အစက ထန်မိသားစုရဲ့ ကြယ်စင်အလင်းရုံးချုပ်ပဲ မီးလောင်ခဲ့တယ် ဟုတ်တယ်မလား။ ဒါပေမယ့် မနေ့ညက ယောင်မိသားစုနဲ့ စွန်းမိသားစုများပိုင်တဲ့ ရုံးချုပ်တွေကို လူတစ်ချို့ မီးရှို့ခဲ့တယ်။ အဲ့ဒီမိသားစုနှစ်ခုက လူ ၂၀၀ မှ ၃၀၀ ခန့်က  လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ကြားတယ်။”

“ဒါပေမယ့် အဲ့ဒါက ထိတ်လန့်စရာအကောင်းဆုံး သတင်းမဟုတ်သေးဘူး။ ထိတ်လန့်စရာ အကောင်းဆုံးသတင်းက စွန်းမိသားစုက ဆိုးရွားတဲ့ အဆုံးသတ်နဲ့ ကြုံတွေ့ခဲ့ရတာပဲ။ မနေ့ညနှောင်းပိုင်းကပဲ လူအချို့က စွန်းမိသားစုစံအိမ်ထဲ ခိုးဝင်ပြီး ထိပ်တန်းအဖွဲ့ဝင်အများစု အသတ်ခံခဲ့လိုက်ရတယ်။ အခုအချိန်မှာ စွန်းမိသားစုခေါင်းဆောင် စွန်းဖေးလဲ့ကလွဲပြီး ကျန်ရစ်တဲ့ အမာခံအဖွဲ့ဝင်တွေက တခြားပြည်နယ်တွေဆီ ရောက်နေတယ်။”

ပိုင်ယန်၏ မျက်နှာထက်တွင် ကျေနပ်ကြည်နူးနေသည့် အကြည့်တစ်ခု ထွက်ပေါ်လာသည်။

မိုးတိမ်တိုင်းတွင် ငွေရောင်အနားကွပ်တွေရှိသောကြောင့် တစ်စုံတစ်ယောက်အတွက် ထွက်ပေါက် အမြဲရှိသည် ဟူသောစကားကို လေးနက်စွာ နားလည်သဘောပေါက်ခဲ့သည်။

စွန်းမိသားစု၏ ကံကြမ္မာဆိုး၊ ယောင်မိသားစု၏ဆုံးရှုံးမှုများအတွက် သူ၏စိတ်ထဲတွင်  ပထမဆုံး ပေါ်လာသည်မှာ ထန်မိသားစု။ ဤကဲ့သို့ အဓိက အကြောင်းရင်းကို ဖန်တီးနိုင်မည့်သူသည် ထန်မိသားစု ဖြစ်သည်မှာ သူ့အတွက် လုံးဝသေချာခဲ့လေသည်။

***

All Chapters