အိမ်သို့ အပြန်
Vol. 08 Ch. 373
ထန်ကောရှန့်၏မေးမြန်းမှုကို ကြားသောအခါ ထန်ရှုသည် ချတော့မည့် သူ၏ဖုန်းကို ပြန်ယူပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောသည်။
“လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်တုန်းက ကျွန်တော်တို့က စွန်းမိသားစုဝင်တွေကို မသတ်ခင်မှာ ပိုက်ဆံလွှဲပေးဖို့ ခြိမ်းခြောက်တယ်။ ပမာဏက သိပ်မများပေမယ့် ယွမ်သန်း ၆၀၀ မှ သန်း ၇၀၀ လောက်ရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော်က ယောင်တို့ကို ဆက်လက်တိုက်ခိုက်ဖို့ အစီအစဉ်တစ်ခုဆွဲပြီး သူတို့ကို အသက်ရွေးငွေအချို့ ပေးဆောင်ခိုင်းဖို့ပဲ။ ဒါပေမယ့် အဖိုးက အပစ်အခတ်ရပ်စဲဖို့ ဖုန်းဆက်လာတာနဲ့။”
အဟွတ်…အဟွတ်…
ထန်ကောရှန့် ငိုရမလို ရယ်ရမလိုဖြစ်သွားကာ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်ရသည်။ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်နေစဉ်အတွင်း အမြတ်အစွန်းအချို့ကို ရယူရန်မမေ့သည့် သူ၏မြေးဖြစ်သူကို အမှန်တကယ်ပင် သဘောကျသွားမိတော့သည်။
"ရှုအာ… ငါတို့ထန်မိသားစုက ယောင်မိသားစုထက် အင်အားနည်းသေးတယ်။ ငါတို့ရဲ့အင်အား အမှန်တကယ် ဖွံ့ဖြိုးလာတဲ့အထိ စောင့်ရဦးမယ်။ ဒါပေမယ့် ငါတို့ ဒါကို လုံးဝ လက်လွှတ်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိုတော့ မင်းရဲ့အသုံးစရိတ်အဖြစ်သာ ယူလိုက်ပါ။”
“ဒါဆို ဒီမှာ ကိစ္စတွေ ပြီးသွားပြီဆိုတော့ မနက်ဖြန် ကျွန်တော် ရှန်ဟိုင်းကို ပြန်မယ်။ စကားမစပ် ဒီနေရာမှာ ပြဿနာတွေကို စီမံခန့်ခွဲဖို့ ဘယ်သူကို လုပ်ပိုင်ခွင့် ပေးခဲ့ရမလဲ။”
ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"ဝေ့အာကို ပေးထားခဲ့လိုက်။" ထန်ကောရှန့်က အဖြေပေးလိုက်သည်။
“ကောင်းပါပြီ။ ပြသနာ မရှိပါဘူး။ အဘိုးမှာ တခြားညွှန်ကြားချက်မရှိဘူးဆိုရင် ကျွန်တော် ဖုန်းချလိုက်တော့မယ်။"
"အိုကေ။"
ခေါ်ဆိုမှု ပြီးဆုံးခဲ့သည်။
သူ့လက်ကိုင်ဖုန်းအား ဆော့ကစားနေရင်း ထန်ရှုက ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ ဟောင်မိသားစု၏အကြီးအကဲ ဟောင်ကျင်းဖူအား ချက်ချင်း ဖုန်းဆက်ပြီး ဖြစ်ပွားနေသောကိစ္စများ ပြီးသွားခဲ့ပြီဖြစ်သောကြောင့် ဟောင်မိသားစု၏ ထောက်လှမ်းရေးကွန်ရက်အကူအညီအား သူ မလိုအပ်တော့သည့်အကြောင်း ရှင်းပြလိုက်သည်။
ညနေပိုင်းတွင် ထန်ရှုသည် ထန်ဝေအား ဟောင်မိသားစုဆီသို့ ခေါ်ဆောင်လာပြီး ဟောင်တို့နှင့်အတူ ညစာအတူစားခြင်းဖြင့် ခင်မင်ရင်းနှီးမှုကို နက်ရှိုင်းစေပြီးနောက် မြစိမ်းဟိုတယ်သို့ ပြန်လာခဲ့သည်။
"သူဋ္ဌေး…"
ဟေးလုံသည် မြစိမ်းဟိုတယ်၏အပြင်ဘက်တွင် ရပ်နေသည်။ ထန်ရှုကိုတွေ့သောအခါ ဝမ်းမြောက်သော အမူအရာဖြင့် ချက်ချင်းနှုတ်ဆက်သည်။
ထန်ရှုက သူ့အား ခေါင်းညိတ်ပြပြီး ဟေးလုံနှင့်အတူ သူ၏အခန်းရှိရာ အပေါ်ထပ်ကို တက်လာခဲ့သည်။ ထန်ရှုက ဆိုဖာပေါ်ထိုင်ပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့်
"ဟေးလုံ … မင်းတကယ်ကံကောင်းတာပဲ။ ယောင်မိသားစုက သူတို့ရဲ့အရှုံးကို ဝန်ခံပြီး ပဋိပက္ခကို အဆုံးသတ်လိုက်တယ်။ ဟောင်ပိုခရိုင်မှာ မင်း ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့လို့ မင်းကို ကောင်းမွန်တဲ့ အနာဂတ်ကို ပေးမယ်ဆိုတဲ့ ငါ့ကတိအတွက် လုပ်ပေးမယ်။"
"ကျေးဇူးတင်ပါတယ် သူဋ္ဌေး" ဟေးလုံ စိတ်လှုပ်ရှားသွားသည်။
"မနက်ဖြန် ငါ ကွမ်းယန်က ထွက်သွားတော့မယ်။ ထန်ဝေက ဒီမှာ တာဝန်ယူလိမ့်မယ်။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး
“မင်းရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ သူ ကူညီပေးလိမ့်မယ်။ အဲ့ဒါကြောင့် မင်းမှာ တကယ်အရည်အချင်းရှိရင် မင်းကို အနာဂတ်မှာ ကွမ်းယန်မြေအောက်တပ်တွေရဲ့ ဘုရင်အဖြစ် ခန့်အပ်ဖို့ဆိုတာ မဖြစ်နိုင်မရှိဘူး။ ဒါပေမယ့် မင်းငါ့ကို ကျိန်ဆိုရမယ့်အရာတစ်ခုရှိတယ်။"
"ကျေးဇူးပြုပြီး ပြောပြပါ သူဌေး။ ငါ သေချာလိုက်နာပါ့မယ်။"
ဟေးလုံ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ တုန်ရီသွားကာ လျင်မြန်စွာ ပြောလိုက်သည်။
“သဘောတူ မစောနဲ့။” ထန်ရှုက ခေါင်းခါပြီး
“ငါ့ တောင်းဆိုချက်က အရမ်းရိုးရှင်းပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ၊ အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် အတင်းအကြပ်ခိုင်းစေတာ၊ ကာစီနိုလောင်းကစားရုံ ဖွင့်တာတွေကို လုံးဝမပြုလုပ်ရဘူး။ မင်း ဘယ်လိုစီးပွားရေးလုပ်ငန်းကို လုပ်တယ်ဆိုတာ ငါ ဂရုမစိုက်ပေမယ့် ငါ့ရဲ့ ဒီအခြေအနေသုံးခုကို မင်းဆန့်ကျင်ရင် မင်းကို ရဲတွေ ရှင်းဖို့ထိ မစောင့်ဘဲ ငါကိုယ်တိုင် မင်းရဲ့ခေါင်းကို ဖြတ်မယ်။”
"သူဋ္ဌေး … ငါ မင်းရဲ့တောင်းဆိုချက်ကို လိုက်လျောပေးလို့ရတယ်။"
ဟေးလုံက တုံ့ဆိုင်းသွားပြီးမှ
“ဒါပေမယ့်… ငါ့မှာ လူအင်အားနဲ့ ငွေကြေးအရင်းအမြစ် အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါက ကွမ်းယန်တစ်ခုလုံးကို ထိန်းချုပ်ချင်ရင် ငါ ကြောက်တာက…”
"ငွေနဲ့ လူအင်အားကို ငါပေးမယ်။" ထန်ရှုက ပြောသည်။
ဟေးလုံ၏စိတ်များ တုန်လှုပ်သွားကာ ချက်ချင်းပင်
“ငါ နားလည်ပါပြီ သူဌေး။ စိတ်မပူပါနဲ့ … အလုပ်ကြိုးစားမှာပါ။ အနာဂတ်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ စီမံခန့်ခွဲတဲ့ လုပ်ငန်းအားလုံးက ဝင်ငွေရဲ့ သုံးပုံနှစ်ပုံကို နှစ်စဉ် သူဋ္ဌေးဆီ လွှဲပေးလိုက်ပါမယ်။”
“အတော်ပါးနပ်တာပဲဟ။” ထန်ရှုက ရယ်လိုက်ရင်း
"ဒါပေမယ့် အခု ငါ နည်းနည်းတော့ စိတ်ပူတယ်။ ငါက ကျားမွေးပြီး ဘေးဆိုးကို ဖိတ်သလိုများ ဖြစ်လေမလား။"
"အာ… သူဋ္ဌေး ငါ့ကို နောက်နေတာလား။" ဟေးလုံက အားတင်းပြုံးပြီး
" ကွမ်းယန်မှာ ကြီးမားတဲ့အင်အား ဖြစ်လာဖို့နေသာသာ ငါ့ရဲ့လက်အောက်ငယ်သားတွေကို နိုင်ငံအနှံ့ ဖြန့်ကျက်ထားရင်တောင် သူဋ္ဌေးရဲ့အင်အားတစ်ခုတည်း ဒါမှမဟုတ် ထန်မိသားစုရဲ့အင်အားနဲ့ကို သူဋ္ဌေးကို ဘယ်တော့မှ ဆန့်ကျင်နိုင်မှာမဟုတ်ဘူး။ စွန်းမိသားစုတွေတောင် အတော်ဆိုးဆိုးရွားရွား အဆုံးသတ်သွားတယ်လို့ ငါကြားတယ်။”
"ကောင်းပြီ။ ငါ မင်းကို နောက်နေတာ။" ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းကာ ပြုံးလိုက်ရင်း "ပိုက်ဆံအတွက်က သုံးပုံတစ်ပုံကို ယူပြီး ကွမ်းယန်က ထန်မိသားရဲ့တာဝန်ခံဆီ ပို့ပေးလိုက်။ ဒါက မင်းအတွက် ငါတို့ထန်မိသားစုရဲ့ ရင်းနှီးမြုပ်နှံမှုလို့ပဲ တွေးလိုက်ပါ။"
"ဟုတ်…ဟုတ်ကဲ့…ဟုတ်ကဲ့။"
ဝမ်းသာအားရဖြင့် ဟေးလုံ အထပ်ထပ်အခါခါ ခေါင်းညိတ်သည်။
"ကောင်းပါပြီ။ ငါ မင်းကို အထွေအထူး တခြားပြောစရာမရှိတော့ပါဘူး။ မင်း အရင်ပြန်သွားလို့ ရပြီ။" ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး
"ထန်ဝေ ဒီကကိစ္စအားလုံးကို လက်စသတ်ပြီးတဲ့အထိ စောင့်ပါ။ မင်းကို သူ နောက်တော့ လာရှာလိမ့်မယ်။"
ဟေးလုံ ထွက်သွားပြီးနောက် ထန်ဝေက အခန်းထဲကို ဝင်လာသည်။ ထန်ရှုက ဟေးလုံအကြောင်းကို ပြောပြပြီး ပြဿနာကို ဂရုစိုက်ဖို့ ညွှန်ကြားရန် ပြောလိုက်သည်။
"ညီလေး … ဟေးလုံက လူကောင်းမဟုတ်ဘူး" ထန်ဝေက အားတင်းပြုံးပြပြီး
“ငါ ပြောနိုင်တာက သူက ရက်စက်ပြီး အကြင်နာကင်းမဲ့ရုံသာမကဘူး ကျေးဇူးကန်းတဲ့သူမျိုး။ မင်းကိုယ်တိုင် သူ ယုံကြည်ရတဲ့ လက်ရုံးနှစ်ဦးကို သတ်ခဲ့ပေမယ့် တစ်စုံတစ်ရာ နာကြည်းမှု မရှိဘူး။ အဲ့ဒီလိုလူတွေက အကျိုးအမြတ်ကို အရေးအကြီးဆုံးလို့ပဲ မြင်တယ်။ ငါတို့လက်အောက်ရောက်ပြီးရင် သူ ဒုက္ခပေးမှာကို ငါ တွေးပူတယ်။”
"အင်း … ဒီလို အရည်အချင်းမျိုးက တကယ်တော့ ထိန်းချုပ်ဖို့ အကောင်းဆုံး အမျိုးအစားပဲ။"
ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"ထန်မိသားစုက အဟန့်အတားတစ်ခုအနေနဲ့ရှိနေတော့ သူ ဒေါသတကြီး ဘာမှ လုပ်ဝံ့မှာ မဟုတ်ဘူး။ သူက အကျိုးအမြတ်ကို ကြိုက်တဲ့အတွက် ငါတို့က သူ့ကိုပေးမယ်။ သူ့မှာ အစွမ်းအစရှိသရွေ့ သူ့ကို အနာဂတ်မှာ ငါတို့ ကောင်းကောင်းအသုံးချနိုင်မယ်။ သူသည် ငါတို့ထန်မိသားစုရဲ့ ဓားထက်တစ်ချောင်း ဖြစ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မိသားစုရဲ့ပံ့ပိုးကူညီမှုက အမှောင်ထဲမှာပဲ လုပ်ဆောင်ရလိမ့်မယ်။”
"ငါနားလည်တယ်။"
ထန်ဝေက ခေါင်းညိတ်ပြီး ဆက်ပြောသည်။
"ဒါနဲ့ မင်းရဲ့ပျက်ကွက်မှုအတွက် ခွင့်ပန်ခဲ့ပြီးပြီဆိုပေမယ့် မနက်ဖြန် မင်း ကွမ်ရန်ကနေ ထွက်မှာလား။"
“တကယ်တော့ ရှန်ဟိုင်းမှာ လုပ်စရာတွေ ရှိသေးတယ်။”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးရင်း
“ဒီက ကိစ္စတွေက ခဏတာ အဆုံးသတ်ထားပြီမို့ ငါ့အတွက် ဆက်နေဖို့က အဓိပ္ပါယ်မရှိတော့ဘူး။ ဒါကြောင့် ငါ့ကိုယ်ပိုင်အလုပ်တွေ လုပ်ဖို့ စောစောပြန်သွားတာ ပိုကောင်းပါတယ်။”
"ဘာရီး…" ထန်ဝေကအံ့သြသွားပြီး "မင်း ပြောတာ အရင်က ငါမကြားမိပါဘူး။"
"ကောင်းပြီ … ငါ့မှာ ကြယ်တာရာမှာ ထောင်ထားတဲ့ ဝိုင်လုပ်ငန်းတစ်ခုရှိတယ်။ ဒီနေ့က နှစ်စဉ် ကျင်းပတဲ့ ဝိုင်မြည်းစမ်းပွဲကျင်းပတဲ့နေ့လေ။ ငါ့ဝိုင်လုပ်ငန်းက ထုတ်လုပ်တဲ့ဝိုင်ကို ဝိုင်မြည်းစမ်းပွဲညီလာခံကို ပို့လိုက်တယ်။ အဲ့ဒါကြောင့် ငါ့လုပ်ငန်းအတွက် အရောင်းမြှင့်တင်ရေးနဲ့ လူသိများစေဖို့ ဒါကို ငါ မျှော်လင့်ထားတယ်။"
"ညီလေး … မင်းက အတော်လေး စီးပွားရေးလုပ်ငန်းတွေ အများကြီး လုပ်ထားတာပဲ။ "
ထန်ဝေက အားပါးတရ ရယ်လိုက်ရင်း
"အေးပါကွာ … ဒီနေရာကို ငါ့ဆီထားခဲ့ပါ စိတ်မပူပါနဲ့။"
ကွမ်မြို့လေဆိပ် … ကွမ်းယန်ပြည်နယ်…
ယောင်ရှင်းဟွာသည် သူ၏ယုံကြည်ရသော လူအချို့နှင့်အတူ လေဆိပ်စောင့်ဆိုင်းခန်းတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူ၏ခံစားချက်မှာ အလွန်ဆိုးရွားနေခဲ့သည်။ မူလက သူသည် စွန်းမိသားစုနှင့်ပူးပေါင်းပြီး ထန်မိသားစု၏ စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးရန်အတွက် မိသားစု၏ကျွမ်းကျင်သူအုပ်စုတစ်စုကို ခေါ်ယူလာခဲ့သည်။ သူသည် ကွမ်းယန်ပြည်နယ်အား စွန့်ခွာရန် ထန်မိသားစုကိုပင် အတင်းအကျပ် ဖိအားပေးနိုင်ခဲ့သည်။ သို့သော် အခြေအနေသည် သူ၏မျှော်မှန်းထားသည်များနှင့် မကိုက်ညီဘဲ ထန်မိသားစု၏ တန်ပြန်တိုက်ခိုက်ခြင်းကိုပင် မမျှော်လင့်ဘဲ ပြင်းထန်စွာ ခံလိုက်ရကာ စွန်းမိသားစုသည်လည်း ပျက်စီးလုနီးနီး ဖြစ်လာခဲ့ရသည်။
ရှက်စရာ။ သည်ရလဒ်က သူ့အတွက်တော့ တကယ်ရှက်စရာပင်ဖြစ်သည်။
အမှန်တကယ်တွင် သူသည် ပေကျင်းကို မပြန်ချင်သေးပေ။ သို့သော်မိသားစုခေါင်းဆောင်က သူပြန်လာရမည်ဟု ဆုံးဖြတ်ခဲ့ပြီး ယောင်တို့နှင့် ကွမ်းယန်ရှိ ထန်တို့အကြား ပြိုင်ပွဲကို နိဂုံးချုပ်ခဲ့သည်။ ထိုအရာသည် သူ့အား အတော်ပင် စိတ်ဓာတ်ကျစေပြီး သွေးအန်ချင်မိပေသည်။
"သခင်လေး…"
သန်မာသောလူတစ်ယောက်သည် စောင့်ဆိုင်းခန်းထဲသို့ ဝင်လာသည်။
ယောင်ရှင်းဟွာက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ
"ဘာဖြစ်လို့လဲ။"
"သခင်လေး … ငါတို့ နောက်ဆုံးတော့ အဲ့ဒါကို ရှာဖွေတွေ့ရှိခဲ့ပြီ။ ထန်ယွင်ဖန်းက ကွမ်းယန်ကနေ ပြန်သွားချိန်မှာ ထန်မိသားစုရဲ့တာဝန်ခံအဖြစ် လုပ်ခဲ့တာက ထန်ရှုလို့ခေါ်တယ်။ ထန်မိသားစုရဲ့ ကျွမ်းကျင်သူတွေကို ဦးဆောင်ပြီး ငါတို့ကိုတိုက်ခိုက်ခဲ့သူဖြစ်တယ်။”
အဆိုပါလူက တီးတိုးတင်ပြလိုက်သည်။
"ထန်ရှုလား…"
"ထန်မိသားစုဝင်တွေအကြောင်း အနည်းနဲ့အများဆိုသလို ငါသိပါတယ်။" ယောင်ရှင်းဟွာက မျက်ခုံး၂ဖက်အား တွန့်လိုက်ရင်း
"ဒါပေမယ့် ထန်မိသားစုမှာ ဒီလိုလူမျိုးရှိလို့လား။ ဒီလူက ဘယ်ကလာတာလဲ။"
“သူက ထန်ယွင်သဲ့ရဲ့တစ်ဦးတည်းသောသားပါ။ သူက ပျောက်ဆုံးနေခဲ့လို့ နှစ်ပေါင်းများစွာ မိသားစုအပြင်ဘက်တွင် နေထိုင်ခဲ့ရတယ်။ ပြီးခဲ့တဲ့၂လလောက်ကမှ ထန်မိသားစုက သူ့ကိုရှာတွေ့ပြီး မိသားစုထံသို့ခေါ်ဆောင်သွားခဲ့ရတာ။ ဘိုးဘေးများအသိအမှတ်ပြုအခမ်းအနားလည်း ကျင်းပခဲ့တယ်။ သူက ဒီနှစ်ဆိုရင်အသက်၂၀ ရှိခဲ့ပြီး ရှန်ဟိုင်းတက္ကသိုလ်ဝင်ခွင့်ရတယ်လို့လည်း ကြားခဲ့ရတယ်။ ရွှမ်းချင်ဒေသမှာ တက္ကသိုလ်ဝင်ခွင့်အမှတ် အများဆုံး ရထားတဲ့သူပဲ။ ထန်ဝေက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်ဟိုင်းမှာ သူ့ကို သွားရှာခဲ့တယ်။ ပြီးတော့ ထန်မိသားစုက သူ့ကို ကွမ်းယန်က ပြသနာတွေ ကိုင်တွယ်ဖို့ အပြည့်အ၀ လုပ်ပိုင်ခွင့် ပေးလိုက်တာပဲ။"
ဝင်လာသောသူက တီးတိုးပြောသည်။
"မင်းဆိုလိုတာက အဲ့ဒီထန်ရှုကမှ ငါ့ရဲ့ပြိုင်ဘက်ပေါ့ ဟုတ်လား။" ယောင်ရှင်းဟွာ မျက်နှာပျက်ကာ မှုန်ကုပ်ကုပ်ဖြင့်
"အဲ့ဒီသူကအသက် ၂၀ရှိပြီး ကောလိပ်တက်ခွင့်ရခဲ့တဲ့ ကလေးငယ်တစ်ယောက်လား။"
"ဒါအမှန်ပါပဲ။"
ယောင်ရှင်းဟွာ၏အမျက်ဒေါသကို အာရုံခံမိနေသည့်တိုင် ထိုလူက မှန်ကန်စွာ ဖြေကြားနေသည်။
ယောင်ရှင်းဟွာက ခေတ္တခဏ တိတ်ဆိတ်စွာ သွားကာ ခေါင်းကိုယမ်းပြီး ရုတ်တရက်ပြုံးလိုက်သည်။
"ထန်မိသားစုက ဒီဟာကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်လိမ့်မယ်လို့ ငါတစ်ခါမှမစဉ်းစားခဲ့ဘူး။ သူတို့က ပုန်းကွယ်ဖို့ ကလေးငယ်ကိုတောင်မှ တွန်းပို့ပေးဖို့ စဉ်းစားနိုင်တယ်။ ယီးလို မုန်းဖို့ကောင်းတဲ့သူတွေ… ဒီဟာက သူတို့ အစီအစဉ်ကို ဖုံးကွယ်ဖို့ ညံ့ဖျင်းလှတဲ့ ကြိုးပမ်းမှုလို့ငါပြောနိုင်တယ်။ ငါ့အမြင်မှာတော့ သည်ထန်ရှုက ကွမ်းယန်ကို တာဝန်ယူထားတဲ့ တကယ့်ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အခြားသူတစ်ဦး ရှိလိမ့်ဦးမယ်။ အဲ့ဒီလိုမှ မဟုတ်ရင် ငါ့ကိုအနိုင်ရဖို့ ဒီကလေးကို အားကိုးတာလား။"
"သခင်လေး…ငါလည်း သတင်းတွေရတော့ အဲ့ဒီလိုပဲ စဉ်းစားမိတယ်။ ဘာပဲဖြစ်ဖြစ် ငါ ကြယ်တာရာမှာ ထန်ရှုရဲ့အခြေအနေကို စစ်ဆေးဖို့ လူအချို့ကို စေလွှတ်လိုက်တယ်။ သူက အတော်ကြီးကို သာမန်ပါပဲ။ ဒါပေမယ့် သူကံက တော်တော်ကောင်းတယ်။ သူဟာ အင်အားရှိတဲ့သူအချို့နဲ့ ရင်းနှီးကျွမ်းဝင်နေတယ်။"
"ဘယ်လိုလူမျိုးတွေလဲ။" ယောင်ရှင်းဟွာက မေးလိုက်သည်။
"ကြယ်တာရာ လုံမိသားစုက သခင်လေး လုံကျန်ယု၊ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းရဲ့သူဋ္ဌေး ချန်းကျီကျုံး။ နောက်ပြီး ယွမ်မိသားစုက သူဋ္ဌေးကြီးယွမ်ကျန်းရွှမ်ရဲ့ သားယွမ်ချူလင်းနဲ့က အတန်းဖော်ဖြစ်တယ်။"
"အဲ့ဒီကလေးက အရည်အချင်းတော့ နည်းနည်းရှိသားပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကံတရားက ဒီလောက်ကြီး မဟုတ်တဲ့အတွက် ဂရုမစိုက်တော့ဘူး။” ယောင်ရှင်းဟွာက ခေါင်းယမ်းလိုက်ပြီး
"ဒီထန်ရှုကို စုံစမ်းဖို့ မေ့ထားလိုက်။ ထန်မိသားစုရဲ့ အစစ်အမှန်စစ်ဦးစီးချုပ်ကိုသာ ဆက်ပြီးစုံစမ်းပါ။”
ရှန်ဟိုင်း … သစ်တောဥယျာဉ်အိမ်ရာများ…
အနီရောင်အော်ဒီအေဖိုးကားတစ်စီးကို မောင်းနှင်လာသော ဟန်ကျင်းဝူသည် ပင်မဂိတ်မှတ်တိုင်တွင် စာရင်းသွင်းပြီးနောက် အတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။ ထန်ရှုက ယွဲ့ခိုင်အား အိမ်သော့ကို အပ်ခဲ့ပြီး သူမကလည်း လက်ခံရရှိပြီးဖြစ်သည်။ သို့သော်လည်း ထန်ရှုအား သူမ ပိုက်ဆံမပေးရသေးသောကြောင့် သည်အိမ်သို့ ဟန်ကျင်းဝူ လာမကြည့်ခဲ့မိပေ။ ယခုမူ သူမတွင် အားလပ်ချိန်ရှိနေသဖြင့် ရုတ်တရက် စိတ်ကူးပေါက်လာသောကြောင့် ထိုအိမ်အား အပြေးအလွှားလာကြည့်ခြင်းဖြစ်သည်။
… ဒီကလေးက ငါ့အတွက် အိမ်ကောင်းကောင်းလေး ရှာပေးထားမယ်လို့ မျှော်လင့်ပါတယ်။ နို့မဟုတ်ရင် သူပြန်လာရင် သူကောင်းကောင်းလေး ဆုံးမပစ်မယ်…
ဟန်ကျင်းဝူသည် အိမ်၏လိပ်စာအတိုင်း လူနေအဆောက်အဦးအောက်ထပ်တွင် ကားကိုရပ်လိုက်သည်။ ထို့နောက် သူမသည် သော့ကိုယူကာ အဆောက်အဦးထဲသို့ ဝင်လာခဲ့သည်။
… အရည်အသွေးက မဆိုးဘူးရော်… ပိုက်ဆံနည်းနည်းလေးနဲ့ တကယ်ရော ငှားလို့ရပါ့မလား။…
အတွင်းတွင် ဟန်ကျင်းဝူသည် အိမ်ခြံမြေစီမံခန့်ခွဲမှုရုံးကို အမှန်တကယ်တွေ့ရှိခဲ့သည်။ ထို့အပြင် ဝတ်ကောင်းစားလှဝတ်စားထားသော အမျိုးသား၊ အမျိုးသမီးများဖြင့်လည်း စည်ကားသိုက်မြိုက်စွာ ရှိနေသည်။ သည်အဆောက်အဦး၏အပြင်အဆင်ကပင် သူမအား အထက်တန်းကျသည့် ပတ်ဝန်းကျင်လေထုကို ပေးစွမ်းနေခဲ့ပေသည်။
၂၇ထပ်…
ဓာတ်လှေကားစီးရင်း ဟန်ကျင်းဝူသည် ၂၇ထပ်သို့ ရောက်လာသည်။ သူမသည် တိုက်ခန်းနှစ်ခန်း၏နံပါတ်အား ကြည့်ရန် ကော်ရစ်ဒါတွင် ရပ်လိုက်သည်။ ထို့နောက် ထန်ရှုပေးထားသည့် လိပ်စာမှ အိမ်ခန်းတံခါးနံပါတ်ကို ဖွင့်ရန် သော့ကို ချက်ချင်းထုတ်လိုက်သည်။
… ဘုရားရေ … ဒါကြီးက ကြီးကျယ်လွန်းလှတယ် မဟုတ်ဘူးလား …
ဟန်ကျင်းဝူသည် တံခါးဝအား ဖြတ်လျှောက်သွားရင်း အိမ်ခန်းအတွင်းပိုင်းအခြေအနေကို မြင်ပြီးနောက် မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေခဲ့မိတော့သည်။
***