← Chapters

နတ်ဘုရားဝတ်ရည်

Vol. 08 Ch. 375

နတ်ဘုရားဝတ်ရည်

Vol. 08 Ch. 375

ဒူကန် ထွက်ခွာသွားပြီးနောက် များစွာ အားမစိုက်လိုက်ရပါပဲ နတ်ဘုရားဝတ်ရည်ဝိုင်သည် ယခုနှစ်ဝိုင်မြည်းစမ်းပွဲတွင် အနံ့အဆင်းအရသာ ကောင်းမွန်ကြောင်းဆိုသည့်သတင်းအား လူအများအပြားသည် သူ့ဆီမှ ကြားသိသွားကြသည်။

နတ်ဘုရားဝတ်ရည်အား အခြားလူတစ်ဦးက ချီးမွမ်းနေပါက ၎င်းတို့သည် ၎င်းကို ယုံကြည်ကောင်း ယုံကြည်နိုင်ပါလိမ့်မည်၊ လှောင်ပြောင်ကောင်း လှောင်ပြောင်နိုင်ပါလိမ့်မည်။ သို့သော် ဒူကန်သည် စီးပွားရေးလောကတွင်ဖြစ်စေ ၎င်း၏ အခြားလျှို့ဝှက်ပုံရိပ်ကြောင့်ဖြစ်စေ သြဇာလွှမ်းမိုးနိုင်သူတစ်ဦးဖြစ်သည်။ စင်စစ်အားဖြင့် သူသည် သည်ဝိုင်မြည်းစမ်းပွဲ၏ အကဲဖြတ်ဒိုင်လူကြီးများအနက်မှ တစ်ဦးဖြစ်ပေသည်။

"ဒူကြီး … မင်းက ကြွားဝါတဲ့လူ မဟုတ်ဘူး။ အဲ့ဒီနတ်ဘုရားဝတ်ရည်က မင်း ပြောသလို တကယ်ပဲလား။”

ဝိုင်မြည်းစမ်းပွဲညီလာခံ၏ အိမ်ရှင်ဖြစ်သူ တရုတ်နိုင်ငံဝိုင်အသင်းအဖွဲ့၏ ဒုဥက္ကဋ္ဌ ချင်ချန်းလင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ အခြားသော ဒိုင်လူကြီးများသည်လည်း ဒူကန်ကို စူးစူးစိုက်စိုက်ကြည့်ကာ သူ၏အဖြေအား စောင့်နေသည်။

"ခမ်းနားသော ထန်လုပ်ငန်းစုမှ နတ်ဘုရားဝတ်ရည်က မင်းကို ချီးမွမ်းရစေမှာ အသေအချာပဲလို့ ငါ အာမခံနိုင်တယ်။ မင်းကို အနံ့ရှူကြည့်ဖို့ ငါ တစ်ခွက်လောက် ထည့်ရင်ရော ဘယ်လိုလဲ။"

ဒူကန်က ရယ်ပြီး ပြောလိုက်သည်။

"ဒူကြီး … ငါ့ကို မနောက်စမ်းနဲ့။" ချင်ချန်းလင်က ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ

“မင်းက ငါတို့ကို အနံ့ပဲ ရှူစေချင်တာလား။ တရားဝင်မဖွင့်ခင်မှာ သူတို့ရဲ့ဝိုင်ကို မြည်းစမ်းခြင်းက သူတို့ကို မျက်နှာသာပေးရာ ရောက်ပြီးသားပါ။”

ဒူကန်သည် သူ၏အနောက်မှ မြေးမလေးအား လက်ညှိုးဖြင့် အချက်ပြသည်။ မိန်းကလေးသည် နတ်ဘုရားဝတ်ရည်ပုလင်းကို လျင်မြန်စွာ ဆွဲထုတ်ပြီး တစ်ခွက်လောင်းထည့်လိုက်သည်။

ဝိုင်၏သင်းရနံ့က ပျံ့လွင့်လာခဲ့သည်။ စက္ကန့်အနည်းငယ်မျှသာရှိသေးသော်လည်း ချင်ချန်းလင်နှင့် အခြားဒိုင်လူကြီးငါးဦးတို့သည် ချက်ခြင်း မျက်လုံးများ တောက်ပသွားကြသည်။ ဂလုကနဲဖြစ်အောင် တံတွေးကို မမျိုချဘဲ မနေနိုင်အောင်ဖြစ်ရသည်။

သင်းပျံ့သော ဝိုင်ရနံ့။ သည်ဟာသည် တကယ်ကိုပင် သောက်ချင်စရာအတိပင်။

ခွက်တစ်ခွက်ထဲ လောင်းထည့်ရုံဖြင့် သည်ကဲ့သို့ သိပ်သည်းသန့်စင်သည့် ဝိုင်အရသာ ထွက်လာသည်ကို သူတို့ မယုံနိုင်ဖြစ်နေကြသည်။

"ငါ မြည်းစမ်းကြည့်ရအောင်။" ချင်ချန်းလင်သည် သူ၏လက်အား အမြန် ဆန့်ထုတ်လိုက်သည်။

ဒူကန်သည် လျင်မြန်သော လှုပ်ရှားမှုဖြင့် သူ့မြေးမလေး၏လက်မှ လေးထောင့်ပုံသလင်းခွက်ကို အမြန်ဆုပ်ကိုင်လိုက်ကာ မော့ချလိုက်သည်။ သိပ်မကြာခင်မီပင် သူ၏အိုမင်းသောမျက်နှာထက်တွင် မူးယစ်ရီဝေနေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

“သည်ဝိုင်က ကောင်းကင်ဘုံ၌သာ တွေ့ရနိုင်တဲ့ဝိုင်ပဲ။ လူ့လောကတွင် လူအနည်းငယ်သာ အရသာခံနိုင်တယ်။"

ဒူကန်သည် သက်ပြင်း ထပ်မံချမိလိုက်ပြန်သည်။

“ဟီ…ဟိ…”

တံတွေးမျိုချနေသည့် လူခြောက်ယောက်ကို ကြည့်ရင်း မိန်းကလေးက ရယ်ချင်စိတ်အား မမျိုသိပ်နိုင်တော့ပေ။

ချင်ချန်းလင်သည်  ခွက်အလွတ်အား ကိုင်လိုက်ပြီး မိန်းကလေးအား မျက်စပစ်ပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် မိန်းကလေးက ပြုံးလိုက်ပြီး တစ်ခွက် ထည့်ပေးလိုက်သည်။

"ငါစမ်းကြည့်မယ်။"

ချင်ချန်းလင်က သူ၏နှာခေါင်းရှေ့တွင် ဝိုင်ခွက်အား ထားလိုက်ပြီး အနံ့ရှူကြည့်လိုက်သည်။ သူ ညင်သာစွာ စုပ်မသောက်မီ သူ၏မျက်နှာတွင် ယစ်မူးနေသည့် အမူအရာ ပေါ်လာသည်။ သောက်ပြီး ခဏအကြာတွင် သူ၏အမူအရာသည် အံံ့သြသွားပြီး မယုံကြည်နိုင်ဟန် ဖြစ်သွားရသည်။

"ဥက္ကဌချင်… ဘယ်လိုလဲ။" ဒိုင်လူကြီးတစ်ယောက်က အမြန် မေးသည်။

ခွက်ထဲရှိ ကျန်ရှိသော နတ်ဘုရားဝတ်ရည်များကို ကြည့်နေစဉ် ချင်ချန်းလင်၏ အမူအရာသည် အတန်ပင် ကူကယ်ရာမဲ့နေဟန်ရှိသည်။ သူက မချိပြုံး ပြုံးကာ

“နောင်တရတယ်။ တကယ်တော့ ငါ မသောက်သင့်ဘူး။"

ထို့နောက် ထိုဒိုင်လူကြီးက ဒူကန်အား စိုက်ကြည့်ရင်း ပြုံးကာ

"ဒူကြီး … ဒီကောလာဟလကို မြင်သင့်တယ် မထင်ဘူးလား။ ဒီဝိုင်က အနံ့ကောင်းနေနိုင်ပေမယ့် သောက်ရင် သိပ်မကောင်းဘူးမဟုတ်ဘူးလား။ ဟားဟား…”

ငါးသလောက် ပြုံး ပြုံးနေသော ဒူကန်အား စိုက်ကြည့်ရင်း ချင်ချန်းလင်က အားတင်းပြုံးကာ

"လီလေး … ငါ့စကား မဆုံးသေးဘူး။ ဒီဝိုင်သောက်လိုက်မိတာကို နောင်တရတယ်လို့ ငါ ပြောတာက နောက်တစ်ကြိမ် ထပ်မသောက်နိုင်တော့မှာကို ကြောက်လို့ပါပဲ။ အဖိုးကြီးဒူပြောတာ မှန်ပါတယ်။ ဒီဝိုင်က ကောင်းကင်ဘုံ၌သာ တွေ့သင့်ပြီး လူ့လောကမှာ လူအနည်းငယ်ကသာ ဒီဝိုင်ကို မြည်းစမ်းနိုင်မှာ ဖြစ်တယ်။ ဒီဝိုင်က အံ့သြဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်း ဝိုင်ပါပဲ။ တစ်နေ့ကို အကြိမ်အနည်းငယ်မှ မသောက်ရရင် အိပ်ပျော်နိုင်မယ် မထင်တော့ဘူး။”

ထိုဒိုင်လူကြီးက အံ့အားသင့်သွားပြီး ခွက်အလွတ်ကို အမြန်ဆွဲယူလိုက်ကာ သူ၏လက်အား မိန်းကလေးဆီ လှမ်းလိုက်သည်။ အခြားဒိုင်လူကြီးများလည်း အံ့သြနေကြရင်း နောက်မှတန်းစီခဲ့သည်။

တစ်မိနစ်ကြာပြီးနောက် လူငါးဦးသည် လွန်ခဲ့သောအခိုက်အတန့်က ဒူကန်နှင့် ချင်ချန်းလင်တို့၏ အမူအရာအတိုင်း ထပ်တူညီစွာ ဖြစ်ပေါ်သည်။ သူတို့ အံ့အားသင့်သွားရသည့်နည်းတူ အတန်ပင်  မယုံကြည်နိုင်ဟန်ဖြစ်ရသည်။

“အဘိုးကြီးဒူ … ငါ့ကို မြန်မြန်ပြောပြ။ ဒီဝိုင်ကို ဘယ်ကရခဲ့တာလဲ။ မြန်မြန်လေး… ငါ့တစ်သက်လုံးမှာ ဒီလောက် အရသာရှိတဲ့ ဝိုင်ကို မသောက်ဖူးဘူး။ ဒါက ငါ့ဆန္ဒကို တကယ်ဖြည့်ဆည်းပေးတယ်။ မြန်မြန်ပြောပါ။ ဘယ်ဈေးပဲ ဖြစ်ဖြစ် ငါ ဝယ်ရမယ်။”

ဒိုင်လူကြီးတစ်ယောက်က အမြန်ပြောလာသည်။

"ဟုတ်တယ် အဖိုးကြီးဒူ" ချင်ချန်းလင်က လျင်မြန်စွာ သံယောင်လိုက်ကာ

"ဒီဝိုင်ကို ဘယ်က ဝယ်ခဲ့တာလဲ။ ငါ ဝယ်မှဖြစ်မယ်။"

“ဒီဝိုင်က ဈေးမချိုဘူး။ တစ်ပုလင်းကို ယွမ် ၁၈၈၈၈ ပါ။”

ဒူကန်က ပြုံးပြီး "မင်း တကယ်ဝယ်ချင်တာလား။"

"ငါတို့အားလုံးက ဝိုင်ချစ်သူတွေပဲ။" ချင်ချန်းလင်က မဆိုင်းမတွပြောပြီး "၁၈,၈၈၈ ယွမ်မပြောနဲ့ ၁၈၈,၈၈၈ ယွမ်ဆိုလည်း ဝယ်မှာပဲ။"

"ငါရောပဲ။" တခြားသူများပါ ပြောလာကြသည်။

"မင်းတို့ အများကြီးပေးရင်တောင် ရောင်းတဲ့သူက မရောင်းမှာကို ကြောက်ရတယ်။"

ဒူကန်က ခေါင်းယမ်းကာ ရယ်မောရင်း

“ဒါပေမယ့် ရောင်းတဲ့ကောင်တာကို ငါပြောပြလို့ရတယ်။  ကောင်တာနံပါတ်က #၀၂၄၆။ မင်းတို့ အဲဒီကိုသွားလို့ရတယ်။"

ချင်ချန်းလင်က သူ့လက်ထဲက ခွက်အလွတ်ကို အမြန်ချလိုက်ပြီး အပြင်ဘက်ကို ပြေးထွက်သွားသည့်နည်းတူ ကျန်သည့်ငါးယောက်ကလည်း သူ၏အနောက်ကို လိုက်သွားသည်။

#၀၂၄၆ ကောင်တာတွင်…

ခန်းရှသည် ပြောနေသည့်ဖုန်းချသွားသည်နှင့် ဝမ်းသာနေသည့်ဟန်ရှိသည်။

သူမသည် ခန်းမအဝင်ပေါက်ဆီသို့ ကောင်တာမှ လျင်မြန်စွာ ထွက်ခွာသွားရာ စုချွမ်နှင့် အခြားသူအချို့ အံ့သြတုန်လှုပ်သွားကြသည်။

"ထူးဆန်းတာ… အကြီးအကဲခန်း ဘာဖြစ်သွားတာလဲ။"

"သူမကို ဒီလိုအယောင်ယောင် အမှားမှားဖြစ်အောင် ဘယ်သူက အကြီးအကဲခန်းဆီ ဖုန်းဆက်တာလဲ။"

"ထူးဆန်းလိုက်တာ။"

ထိုလူများ စကားပြောနေစဉ်တွင် စုချွမ်သည် တစ်စုံတစ်ခုကို သဘောပေါက်နေသည့်ဟန်ရှိပြီး လျှို့ဝှက်စွာ မှန်းဆနေသည် ။

… ထန်ရှု လာတာများ ဖြစ်နိုင်လား။ သူက အကြီးအကဲခန်းကို ဒီလိုပုံစံဖြစ်အောင် လုပ်နိုင်တဲ့ တစ်ယောက်တည်းသော သူပဲ ...

ဝိုင်ပြပွဲကျင်းပရာ ပင်မဝင်ပေါက် အပြင်ဘက်…

ထန်ရှုသည် သူ့အား ဟန့်တားထားသည့် လုံခြုံရေးအစောင့်လေးယောက်အား မချိပြုံး ပြုံးပြမိသည်။ ထိုသူများနှင့် အချိန်အနည်းငယ် ကြာအောင် သူ စကားပြောခဲ့သော်လည်း ထိုသူလေးဦးသည် မတုန်မလှုပ်ဟန်ဖြင့် သူ့အား ဝင်ခွင့်မပြုချေ။ သို့နှင့ ထန်ရှုသည် ကူကယ်ရာမဲ့စွာဖြင့် ခန်းရှဆီ ဖုန်းခေါ်ရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။ ရှန်ဟိုင်းကို ပြန်ရောက်လာပြီးနောက် သူသည် ရေမိုးချိုး၊ အဝတ်အစားလဲရန် အိမ်ပြန်ပြီးနောက် သည်ပွဲသို့ အပြေးလာခဲ့ခြင်းဖြစ်ပေသည်။

"သူဌေး…"

သူမနှင့်အတူ မွှေးပျံ့သောလေနုအေးကို ယူဆောင်လာသော ခန်းရှသည် ပျော်ရွှင်မှု ဖုံးလွှမ်းနေသော မျက်နှာလေးနှင့် ထန်ရှု၏အရှေ့တွင် ပေါ်လာသည်။

လုံခြုံရေးအစောင့်လေးယောက်က ခန်းရှကိုတွေ့တော့ အနည်းငယ် မင်သက်နေဟန်ရှိသည်။ သူမကို ယခင်က မြင်ဖူးတယ်လို့ ထင်ခဲ့ကြပေမယ့်လည်း သူမ၏ဆွဲဆောင်မှုရှိသောအလှကြောင့် ထပ်ပြီး အံ့သြမိန်းမောနေကြဆဲဖြစ်သည်။

"ကိုယ့်မှာ ဝင်ခွင့်လက်မှတ်မရှိလို့ ဝင်ခွင့်မပေးဘူး။ မင်းကို လာခေါ်ခိုင်းရတာ အားနာလိုက်တာ။"

"မင်္ဂလာပါဆရာတို့…" ခန်းရှက လုံခြုံရေးအစောင့်လေးယောက်ကို ပြုံးပြုံးလေးကြည့်လိုက်ရင်း

"သူက ငါတို့ကုမ္ပဏီရဲ့ သူဌေးပဲ။ ဝင်ခွင့်ပြုသင့်တယ်မထင်ဘူးလား။"

"အိုခေ…အိုခေ…"

ခန်းရှက မျက်နှာချင်းဆိုင်ပြီး စကားပြောခြင်းကို ခံရသော လုံခြုံရေးအစောင့်က ချက်ချင်း ခေါင်းညိတ်ပြပြီး သူ၏စိတ်ထဲတွင် အလွန် မြှောက်တက်သွားသည့်နှယ် ခံစားလိုက်ရသည်။

ခန်းရှက ထိုသူ့အား နောက်တစ်ကြိမ် မျက်နှာမူပြီး ချစ်စရာကောင်းသည့် အပြုံးတစ်ခု ပေးလိုက်သည်။ ထို့နောက် သူမသည် ထန်ရှုဆီသို့ မျက်နှာမူကာ

"သူဌေး … အထဲကို ဝင်ရအောင်။"

"အခြေအနေက ဘာတိုးတက်မှုရှိလဲ။" ထန်ရှုက ပြပွဲအတွင်း ဝင်လာရင်း

"ကိုယ် လေယာဉ်ပေါ်က ဆင်းပြီး မင်းတို့ဆီ လိုက်လာတာ။"

“ဒီနေ့ကတော့ ငါတို့ရဲ့ကောင်တာနေရာကို လူသိရှင်ကြား အသိပေးဖို့ပဲ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ဝိုင်မြည်းစမ်းမှုပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်မှာပါ။"

ခန်းရှက ပြုံးလိုက်ရင်း

" ငါတို့နတ်ဘုရားဝတ်ရည်က ဈေးအရမ်းကြီးတယ်။ လူတော်တော်များများက ဒီအကြောင်းကို တစ်မနက်လုံး ဟာသလုပ်ကြတယ်။”

“အင်း … ဟုတ်တာပေါ့။ တစ်ပုလင်းကို ယွမ် ၁၀၀၀၀က အရမ်းဈေးကြီးတယ်။”

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"သူဌေး … ငါတို့ရဲ့နတ်ဘုရားဝတ်ရည်က အရင်ဈေး ၁၁၀၀၀နဲ့ မဟုတ်တော့ဘူးလေ။"

ခန်းရှသည် တစ်ခဏမျှ တွေဝေစွာ စိုက်ကြည့်နေရင်း စိတ်ရှုပ်သွားရင်း

“အာ… ငါ နင့်ကို အဲ့ဒီအကြောင်း မပြောပြရသေးဘူး။ ရာထူးမြင့် စီမံခန့်ခွဲသူတွေနဲ့ ဆွေးနွေးပြီးနောက် အခုတပ်တဲ့ ဈေးနှုန်းက တစ်ပုလင်းကို ၁၈,၈၈၈ ယွမ်။”

"ဘာရီး…"

ထန်ရှုက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မင်သက်သွားရသည်။ ထို့နောက် သူ၏ခေါင်းကို ပုတ်ကာ မချိပြုံး ပြုံးလိုက်ရင်း

"ဒါ ဆုံးရှုံးမှုတစ်ခုပဲ။ ကိုယ်တော့ အရှုံးတစ်ခု လုပ်မိသွားပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်ဟိုင်းက စားသောက်ဆိုင်တစ်ခုမှာ သူငယ်ချင်း တော်တော်များများနဲ့ သောက်ခဲ့တယ်။ ကိုယ်က ဝိုင်တစ်ပုလင်းကို ယွမ် ၁၀,၀၀၀ နဲ့ ပေါက်ဈေးရှိကြောင်း ပြောပြတယ်။ နောက်ဆုံးတော့ သူတို့က ကိုယ်တို့ ဝိုင်စက်ရုံကနေ ဝိုင်ပုလင်းတချို့ မှာယူချင်ကြတယ်။”

"အာ…အဲ့ဒါက ဒီလိုဖြစ်သွားတယ်။" ခန်းရှက မရယ်ဘဲ မနေနိုင်တော့ဘဲ ရယ်မောရင်း “အဆင်ပြေပါတယ်။ သူတို့က သူဋ္ဌေးရဲ့သူငယ်ချင်းတွေဆိုကတည်းက အဲဒါကို နည်းနည်း ဈေးသက်သက်သာသာနဲ့ ရောင်းတာက ပုံမှန်ပဲ။ ဒါပေမယ့် ဒါကို ငါတို့ ထပ်ပြီးသတ်မှတ်လို့ မရပါဘူး။”

"တစ်ဘူးကို ၁၀၀၀၀နဲ့ဆိုရင် အဆင်ပြေမှာပါ။ ဒါပေမယ့် ကိုယ်က သူတို့ကို လျှော့ဈေးလည်း ပေးခဲ့မိသေးတယ်။"

အဟွတ်…အဟွတ်…

ထန်ရှု၏စကားကြောင့် ခန်းရှ သီးသွားသည်။ ငိုရမလား ရယ်ရမလား မသိဖြစ်နေသော ခန်းရှသည်

ထန်ရှုအား ကြည့်လိုက်ပြီး သိလိုစိတ်ပြင်းပြစွာဖြင့် စူးစမ်းလိုက်မိသည်။

"သူဌေး … နင် နောင်တရနေတာလား"

“နောင်တရတာထက်ကို ပိုတယ်။ အဲဒါကြောင့် မျိုတောင်မကျတော့ဘူး။" ထန်ရှုက ခါးသီးစွာ ပြုံးပြီး ပြောသည်။

"သောက်ကျိုးနည်း… တိုက်ရိုက်ဈေးထက် ၅၀% ပိုသက်သာတယ်။ အား… ပြီးခဲ့တာတွေ ပြီးပါစေတော့။ နောင်ကျရင် သူငယ်ချင်းတွေကို အဲ့ဒီလို ထပ်ပြီး မျက်နှာသာ မပေးတော့ဘူး။ ဒါက ပိုက်ဆံပဲ။ အများကြီးပဲကို။"

"သူတို့က ငါ့ကို မဆက်သွယ်သေးဘူး။" ခန်းရှက ရယ်လိုက်ရင်း

"ဒါဆို နင် စိတ်ပူနေဖို့ မလိုဘူး။ ငါတို့ရဲ့နတ်ဘုရားဝတ်ရည် ဈေးကွက်ဝင်တဲ့အထိ စောင့်ကြတာပေါ့။ သူတို့လည်း ရောင်းတဲ့ဈေးကို သိလာလိမ့်မယ်။ အဲ့ဒီအခါကျရင် သူဋ္ဌေးရဲ့ကြီးမြတ်တဲ့ စိတ်ဓာတ်နဲ့ သူငယ်ချင်းလုပ်ထိုက်တယ်ဆိုတာကို သူတို့ သိလာကြလိမ့်မယ်။"

ထန်ရှုက ကသိကအောက်ဖြစ်နေသည့်အပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။ ထိုညက မြောင်ဝမ်တန်အပြင် သူ၏သူငယ်ချင်းလို့ ယူဆရသည့် တခြားသူများပါ ရှိခဲ့သည်။ ဒီဈေးသက်သာသည့်အမြတ်က သူတို့အတွက် လက်ဆောင်တစ်ခုဖြစ်သွားခဲ့သည်။

နှစ်ယောက်သား စကားပြောနေရင်း ကောင်တာနံပါတ် #၀၂၄၆သို့ ပြန်သွားခဲ့သည်။

"ဟင် … ဘာဖြစ်သွားတာလဲ။"

ခန်းရှ၏ခြေလှမ်းများသည် လူများဝန်းရံနေသော ကောင်တာကို လှမ်းမြင်လိုက်ရသောကြောင့် ရပ်တန့်သွားသည်။ ထိုမြင်ကွင်းက သူမကို စိတ်ရှုပ်စေခဲ့သည်။

"အဲ့ဒီလူတွေက ဝိုင်းအုံနေတာ … ငါတို့ကောင်တာလား။" ထန်ရှုက ပြောသည်။

“ဟုတ်တယ်။” ခန်းရှက ခေါင်းညိတ်လိုက်ရင်း

"ငါ နင့်ကို ခေါ်ဖို့ထွက်လာတုန်းက ကောင်တာဘေးမှာ လူတွေမရှိပါဘူး။ ဒီအချိန်တိုလေးအတွင်းမှာ လူတွေက ဘယ်လိုလုပ်ပြီး ဝိုင်းထားရတာလဲ။”

"ကောင်းပြီ၊ သွားရအောင်။ အကြောင်းရင်းကို ကြည့်ကြတာပေါ့။"

အတွင်းမှ စုချွမ်၏အသံကို ကြားနေရသော်လည်း နှစ်ယောက်သား လူအုပ်ထဲသို့ တိုးမပေါက်သေးပေ။

“လူကြီးမင်း … ကျွန်တော်တို့က နတ်ဘုရားဝတ်ရည်ကို တကယ်မရောင်းသေးပါဘူး။ နောက်ပြီး လေးပုလင်းသာ ယူဆောင်လာခဲ့တာပါ။ ကျွန်တော်တို့ရဲ့ အထွေထွေမန်နေဂျာက တစ်ပုလင်းကို လက်ဆောင်ပေးထားခဲ့ပြီးဖြစ်လို့ ကျန်အလုံးတွေကို မနက်ဖြန်ပွဲအတွက် အသုံးပြုသွားမှာပါ။ ဒါကြောင့် ဒီအဆင်မပြေမှုအတွက် တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ရှန်ဟိုင်းမှာသာမက နိုင်ငံအနှံ့ မြို့ကြီးတွေမှာပါ သီးသန့်ဆိုင်တွေ ဖွင့်မှာမို့လို့ ဝယ်ချင်ရင် ရက်အနည်းငယ်စောင့်ရပါမယ်။ အဲ့ဒီအခါကျရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ဆိုင်ကို သွားဝယ်လို့ရပါပြီ။”

လူအုပ်ကြီး၏အတွင်းဆုံးစက်ဝိုင်းထဲတွင်…

"ညီလေးရေ … ကျေးဇူးပြုပြီး တစ်ပုလင်းရောင်းပေးပါ။"  ချင်ချန်းလင်က အားတင်းပြုံးပြပြီး

"မနက်ဖြန်ဝင်ခွင့်အတွက်က ဝိုင်နှစ်ပုလင်းပဲ သုံးရမှာပါ၊ ကျန်တစ်ပုလင်းကို ငါ ဝယ်ချင်ပါတယ်။ ခုနက အဖိုးကြီးဒူ ယူဆောင်လာတဲ့ နတ်ဘုရားဝတ်ရည်ကို ငါတို့ မြည်းစမ်းမိလိုက်တယ်။ ဒါ… တကယ်ကို အံ့သြစရာကောင်းပါတယ်။ ငါ့ရဲ့ ဝိုင်ကို စွဲလန်းမှုက ဒီဝိုင်ကောင်းကောင်းကိုမှ မသောက်နိုင်ရင် ငါပြန်သွားပြီးရင် အိပ်မပျော်မှာစိုးမိပါတယ်။”

“အကြီးအကဲ … ကျွန်တော် တကယ် ရောင်းလို့မရလို့ပါ။ ကျွန်တော်က လက်အောက်ငယ်သားတစ်ယောက်သာ ဖြစ်ပြီး ကျွန်တော်တို့အထက်လူကြီးက လောလောဆယ် ဒီမှာမရှိပါဘူး။ လူကြီးမင်း သူမကို စောင့်ရင်ရော ဘယ်လိုလဲ။"

ထန်ရှု၏ ပံ့ပိုးမှုဖြင့် ခန်းရှသည် အတွင်းသို့ ဖျစ်ညှစ်ရောက်သွားသည်။ ထို့နောက် သူမသည် ကောင်တာရှေ့တွင် ပတ်ဝန်းကျင်ရှိ လူအုပ်ကို လှမ်းကြည့်လိုက်သည်။ သူမနှင့် ထန်ရှုသည် ကောင်တာအတွင်းဘက်သို့ ဝင်ပြီးနောက် သူမက စုချွမ်အား မေးလိုက်သည်။

"ဘာဖြစ်နေကြတာလဲ။"

ထန်ရှုအား တွေ့လိုက်သောအခါ စုချွမ်၏ မျက်လုံးများ တောက်ပသွားသည်။ သူက အလျင်အမြန် ပြောပြသည်။

"အကြီးအကဲ ခန်း … သူတို့က ငါတို့နတ်ဘုရားဝတ်ရည်ကို ဝယ်ချင်ကြတယ်။ ငါတို့မှာ ပုလင်းဘယ်လောက်ပဲရှိရှိ ဝယ်မယ်လို့တောင် ခြိမ်းခြောက်တယ်။”

ချင်ချန်းလင်နှင့် ကျန်သောသူများအား ကြည့်လိုက်ရင်း ခန်းရှက တစ်ချက်ပြုံးကာ

"လူကြီးမင်း … ကျွန်မရဲ့လက်အောက်ငယ်သားက တည့်တိုးပဲ ပြောတတ်လို့ပါ။ အားလုံးကို ကျေးဇူးပြုပြီး ပြန်သွားပါလို့ ကျွန်မ တောင်းဆိုပါတယ်ရှင်။ ကျွန်မတို့ရဲ့ ခမ်းနားသောထန်လုပ်ငန်းစုက နောက်ရက်အနည်းငယ် ကြာရင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်တော့မှာပါ။ အဲ့ဒါပြီးသွားရင် နိုင်ငံတစ်ဝှမ်းက မြို့ပေါင်း၂၅မြို့မှာ နတ်ဘုရားဝတ်ရည်အတွက် သီးသန့်ရောင်းချမယ့် ဆိုင်၅၀ကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပေးသွားမှာပါ။ အဲဒီအခါကျရင် လူကြီးမင်းတို့အားလုံး ကျွန်မတို့ရဲ့ဆိုင်တွေကို လာရောက်အားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။”

***

All Chapters