← Chapters

တစ်ယောက်၏ရန်သူကို တစ်ယောက်က မရှောင်ရှားနိုင်

Vol. 08 Ch. 378

တစ်ယောက်၏ရန်သူကို တစ်ယောက်က မရှောင်ရှားနိုင်

Vol. 08 Ch. 378

"ရပါတယ်။" ခန်းရှက ပြုံးလိုက်ရင်း

"ဒီထက်အဆင့်မြင့်တဲ့ လုပ်ဆောင်ချက်တွေကို လေ့လာချင်ရင် ငါ နင့်ကို နောက်တော့ သင်ပေးမယ်လေ။ အာ…ဟုတ်ပြီ… နင် ကွန်ပျူတာဝယ်မှာက ဂိမ်းဆော့ဖို့လား ဒါမှမဟုတ် အလုပ်အတွက် ဝယ်ချင်တာလား။ ကွန်ပျူတာလက်ပ်တော့က မော်ဒယ်နံပါတ်အများကြီး ရှိသလို ဖွဲ့စည်းမှုပုံစံကလည်း အများကြီးရှိတယ်။ နင် ဘာလုပ်ချင်လဲ အရင်သိဖို့လိုတယ်။"

"စာသင်ဖို့နဲ့ အလုပ်အတွက် သုံးချင်တာ။" ထန်ရှုက ပြောသည်။

"အိုကေ။" ဟူသော အမူအရာဖြင့် ခန်းရှသည် ထန်ရှု၏လက်ကို ဆုပ်ကိုင်ကာ အနီးနားရှိ ကုန်တိုက်တစ်ခုဆီသို့ လျှောက်သွားခဲ့သည်။

ဈေးဝယ်ထွက်ခြင်း။ အမြဲလိုလိုပင် ဒီဟာသည် အမျိုးသမီးတစ်ယောက်၏သဘာဝပါပဲ။

အမျိုးသမီးတစ်ဦးနှင့် အတူ ဈေးဝယ်ထွက်ခြင်းသည် လူပျိုလူလွတ်များစွာ၏ အိပ်မက်တစ်ခုဖြစ်သော်လည်း ထန်ရှုကိုယ်တိုင်က ဈေးဝယ်ခြင်းကို မနှစ်သက်ပေ။ သူလိုချင်သည့်အရာတွေကို မည်သည့်နေရာတွင် ဝယ်ရမလဲဆိုတာ တန်းရှာပြီး တစ်ခါတည်း ဝယ်လိုက်သည်သာဖြစ်သည်။

သို့သော်လည်း ခန်းရှသည် သူနှင့်ရင်းနှီးသော ဆက်ဆံရေးရှိထားသူတစ်ယောက်ဖြစ်သည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းကိစ္စများတွင် သူ၏ ညာလက်ရုံးအဖြစ် အားထားရသည့် အမျိုးသမီးဖြစ်လေရာ ထန်ရှုသည် သူမ စိတ်မပျက်သွားစေရန် အတတ်နိုင်ဆုံး စိတ်ကျေနပ်အောင် ကြိုးစားပေးခဲ့သည်။

"မင်း ဒီကို အရင်က ရောက်ဖူးလား။ ဒီကို နှစ်ကြိမ်ရောက်ဖူးပေမယ့် ဒီနေရာက ဒီလောက်ကြီးကျယ်တဲ့ ကုန်တိုက်ကြီးကို မတွေ့ခဲ့ရဘူး။" နှစ်ယောက်သား ဆိုင်ရှေ့တံခါးကို ဝင်လိုက်သည်နှင့် ထန်ရှုသည် အနီးနားရှိ ဆိုင်များနှင့် တောက်ပနေသော ကုန်ပစ္စည်းများကို ကြည့်ရင်း စူးစမ်းလိုက်သည်။

"ငါ ဒီကို အနည်းဆုံး ဆယ်ခါလောက် ရောက်ဖူးတယ်။" ခန်းရှက ပြုံးပြုံးလေးပြောလာသည်။

“ဈေးဝယ်ထွက်တာက အမျိုးသမီးတွေရဲ့ သဘောသဘာဝပါ။ မင်းလည်း ခြွင်းချက်မရှိပုံရတယ်။"

ထန်ရှု ရုတ်တရက်နားလည်သွားပြီး တစ်ချက်ပြုံးကာ ပြောသည်။

"ဘာပဲဖြစ်ဖြစ် မင်း ကြိုက်တာဝယ်လို့ရပါတယ်။ ကိုယ်က ခြစ်ခြုတ်တတ်သူဆိုပေမယ့် မင်းကို ဆုချဖို့ ဒီည ပြင်ဆင်ထားပြီးပြီ။”

"တကယ်လား" ခန်းရှက အံ့သြကျေနပ်သွားဟန်ဖြင့်

"နင့်ရဲ့စကားတွေကို ပြန်မရုတ်သိမ်းရဘူးနော်။ နောက်မှ နောင်တရမနေနဲ့။"

“ယောကျာ်းကောင်းတစ်ယောက်ရဲ့ စကားက  မြင်းကျာပွတ်ထက် ဖြောင့်ဖြောင့်သွားပါတယ်။” ထန်ရှုခေါင်းညိတ်သည်။

ခန်းရှ၏နှုတ်ခမ်းထောင့်လေး ကော့ညွှတ်သွားကာ နှစ်လိုဖွယ်အပြုံးတစ်ခု ပေါ်လာရင်း သူမ ခေါင်းညိတ်ပြသည်။ ရုတ်တရက်ပင် သူမ၏မျက်နှာ အနည်းငယ် မှုန်ကုပ်သွားကာ မျက်ခုံးလေးများပင် တွန့်သွားရသည်။ ချက်ချင်းဆိုသလိုပင် သူမ၏မျက်ဝန်းများထဲတွင် မနှစ်မြို့သော အရိပ်အယောင်တစ်ချက် ထွက်ပေါ်လာသည်။

"ဟိုဘက်ကို သွားရအောင်။"

သူမသည် ထန်ရှုအား အခြားတစ်ဖက်ဆီသို့ ဆွဲခေါ်သွားသည်။

"နေပါဦး မစ္စခန်း…"

သူမတို့အနီးနားတွင် ရယ်မောသံများ ထွက်ပေါ်လာပြီး ခဏအကြာတွင် လူငယ်နှစ်ဦး လျှောက်လာခဲ့သည်။

ထန်ရှုနှင့် ခန်းရှ ခြေလှမ်းရပ်သွားသည်။ ခန်းရှက မချိပြုံး ပြုံးပြပြီး

"သူဌေး … ငါတို့တော့ ဒုက္ခရောက်နေပြီ။ ဒီယင်ကောင်က အတော်ထူးခြားတဲ့ တစ်ကောင်ပါ။”

ယင်ကောင်တစ်ကောင်လား…

ထန်ရှုသည် တစ်ခဏတာမျှ တွေဝေသွားသည်။ သူ မမျှော်လင့်ထားသည့်အရာမှာ ထိုလျှောက်လာသောသူနှစ်ယောက်သည် မမျှော်လင့်ဘဲ သိထားနှင့်ပြီးသားသူများဖြစ်နေသည်ကိုပင်။

"မစ္စခန်း… မင်းကို ဒီမှာတွေ့ဖို့ ငါ တကယ်မမျှော်လင့်ထားဘူး။ ငါ့အစ်မက မနေ့ကတောင် မင်းအကြောင်း ကိုပြောခဲ့တယ်၊ မင်း ရှန်ဟိုင်းကို အလုပ်ကိစ္စတစ်ခုခုလုပ်ဖို့ လာခဲ့တာ ငါကြားတယ်။ ငါ မင်းကို ကောင်းကောင်း ပြုစုရမယ်။"

အမြဲလိုလိုပင် လီကျန်းသည် သူ၏ချောမောသော မျက်နှာထက်တွင် တောက်ပပြေပြစ်သော အပြုံးတစ်ခု ချိတ်ဆွဲထားနေဆဲပင်။ သူ၏မျက်လုံးများသည် ခန်းရှကိုသာ စိုက်ကြည့်နေပြီး သူမဘေးရှိ ထန်ရှုအား ယောင်လို့ပင် မကြည့်ပါချေ။

"နင့်အစ်မရဲ့ စိတ်ကောင်းစေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် ငါ့ရဲ့ ခရီးစဉ်က စီးပွားရေးအတွက် အတိအကျပါပဲ။ အချိန်ရရင် သူမကို နောက်မှတွေ့မယ်။ ဒါနဲ့ ငါတို့မှာ လုပ်စရာလေးတွေ ရှိသေးတာမို့ အရင်သွားနှင့်ပါမယ်။"

ထိုစကားကိုပြောပြီးနောက် သူမသည် ထန်ရှုကိုဆွဲခေါ်ကာ ထွက်ခွာသွားတော့မည်ဟန် ပြင်လိုက်သည်။

"မစ္စခန်း… ဒီမှာ မင်းကို တွေ့ဖို့ အခွင့်အရေးက ရှားတယ်။ ငါ ဖိတ်…” လီကျန်းက အလျင်စလို ပြောလိုက်သည်။

သူ၏အကြည့်များသည် ထန်ရှုဆီသို့ ရောက်သွားသဖြင့် သူ၏စကားများသည် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့ကြောင့် သူ ဆက်ပြောမည့်စကားများအား ပြန်မျိုချလိုက်ရသည်။

လီကျန်းအား ခံစားချက်မဲ့သော အမူအရာဖြင့်ကြည့်ရင်း ထန်ရှုက ဖြည်းညှင်းစွာပြောသည်။

"ရန်သူတွေဟာ ကျဉ်းမြောင်းတဲ့လမ်းမှာ အမှတ်တမဲ့ ဆုံကြလိမ့်မယ်ဆိုတဲ့ စကားပုံတစ်ခုရှိတယ်။ အရင်က မယုံဖူးပေမယ့် အခုမှန်တယ်လို့ ပြောရမယ်။ မင်း ငါ့ရဲ့အကြံဉာဏ်ကို ဂရုစိုက်မှာလား။ ခန်းရှက ငါ့ရဲ့မိန်းကလေး။ နောက်ပိုင်း သူမနဲ့ ဆွေးနွေးဖို့ သင့်လျော်တဲ့ ကိစ္စတွေ မရှိရင် မင်း သူမအနားမှာ တဝီဝီ လုပ်မနေတာပိုကောင်းလိမ့်မယ်။"

လီကျန်း၏မျက်နှာမှာ အကျည်းတန်စွာ ရှုံ့မဲ့သွားသည်။ သူက တုန်လှုပ်သွားရပြီး ထန်ရှုအား စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောခဲ့သည်။

"ထန်ရှု … မင်းက နေရာတိုင်းမှာ ဘာလို့ရှိနေတာလဲ။ သဘောတူညီချက်ကြောင့် မင်းကိုတွေ့တဲ့အခါ ငါ ရှောင်သွားရမယ်ဆိုတာကို အမြဲ တွေးမနေပါနဲ့။ မင်း ယုံချင်ယုံ မယုံချင်နေ …”

"ငါ မင်းကို ဘာလို့ယုံရမှာလဲ။ မင်းနဲ့ မင်းရဲ့ လီမိသားစုကို ဆန့်ကျင်ဖို့ ငါ့ကို ဖိအားပေးနေတာလား။ ဘာလား။" ထန်ရှုက သူ့စကားအား ကြားဖြတ်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ကိုယ့်အသက်လည်း ကိုယ်ပြန်ကြည့်ဦး။ မင်း ကလေးမဟုတ်တော့ဘူးဆိုတော့ စဉ်းစားတာ ပိုကောင်းတယ် ကိုယ့်လူ။ မင်းရဲ့ လီမိသားစုကို ဘေးဥပဒ်ဖြစ်စေမယ့် ပြဿနာကို မဖိတ်ခေါ်ချင်စမ်းပါနဲ့။"

ထန်ရှုက ခန်းရှ၏လက်ကိုဆွဲပြီး ထွက်သွားခဲ့သည်။

ထွက်ခွာသွားသော ထန်ရှုနှင့် ခန်းရှ၏နောက်ကျောကို ကြည့်ရင်း လီကျန်း၏မျက်နှာသည် အဆက်မပြတ် ပြောင်းလဲသွားခဲ့သည်။ မလိုလားသော အကြည့်သည် သူ့မျက်နှာထက်တွင်  ထွက်ပေါ်လာသည်။ ထန်ရှု၏ နောက်ခံသမိုင်းကြောင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မစုံစမ်းရသေးသောကြောင့် သူသည် ဒေါသတကြီး ပြုမူဝံ့ခြင်း မရှိပေ။

"ရလေး… ယုဇီကိုခေါ်ပြီး ထန်ရှုကို မင်း တွေ့ခဲ့တာကို ပြောပြပါ။ သူ့ရဲ့အလျင်လိုတတ်တဲ့စိတ်နဲ့ဆိုရင် ထန်ရှုကို မုန်းတီးတာနဲ့ မစဉ်းစားဘဲ ကလဲ့စားချေဖို့ အလျင်စလို ပြေးသွားမိလိမ့်မယ်။”

လီကျန်းက သူ၏လက်သီးတွေကို ဖြေလျှော့ပြီး အငှားဓားနှင့် သတ်ရန်အတွေးကို စဉ်းစားမိတာကြောင့် ချက်ချင်း တီးတိုးပြောလိုက်သည်။။

"ကောင်းပြီ။" လူငယ်က ခေါင်းညိတ်သည်။

ရှော့ပင်းမောလ်၏ ဒုတိယထပ်တွင်…

ထန်ရှုက ခန်းရှ၏လက်ကို အေးအေးဆေးဆေး ကိုင်ထားပြီး

"မင်းရဲ့စကားတွေကို နားထောင်ရတာ လီကျန်းရဲ့အစ်မကို ကိုယ် သိသင့်တယ်မဟုတ်လား။"

ထန်ရှု သူမ၏လက်ကို ဆုပ်ကိုင်လိုက်ကတည်းက ခန်းရှ၏မျက်နှာထက်က အပြုံးသည် ပိုမိုချိုမြိန်သိပ်သည်းလျက်ရှိသည်။ အထူးသဖြင့် “ခန်းရှက ငါ့ရဲ့မိန်းကလေး” ဟူသောစကားသည် ပျားရည်ကို ချိုမြိန်စွာ စားလိုက်သလိုမျိုး သူမအား ခံစားရစေသည်။ ခန်းရှသည် သူ၏မေးမြန်းမှုကို ကြားသောအခါတွင် အပြုံးဖြင့်

“အင်း။ သူ့အစ်မကို သိတယ်။"

"မင်းက သူ့ကို ယင်ကောင်လို့ အစက ခေါ်တယ်။ သူက မင်းကို လိုက်နေတာလား ဒါမှမဟုတ် တစ်ခုခုလား" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"လူတော်တော်များများက ငါ့ကိုလိုက်နေကြပေမယ့် သူတို့ကို တစ်ချက်မှလှည့်တောင် ငါ မကြည့်ဘူး။" ခန်းရှက ပြုံးပြီးသည်။

"ဒီကမ္ဘာမှာ နင့်ထက် ပိုထူးချွန်တဲ့ လူတစ်ယောက်ရှိမယ် မထင်ဘူး။ သူဌေး … နင်နဲ့ လီကျန်းကို ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရင်ကတည်းက သိနေကြတာလား။ ဒါ့ပြင် နောက်ပြီး နင်တို့ကြားမှာ ပဋိပက္ခရှိနေတယ်မဟုတ်လား။”

“ဒါဟာ ပဋိပက္ခအနည်းငယ်မို့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"အသေးစိတ်ပြောပြနိုင်မလား။" ခန်းရှက စိတ်ဝင်တစား မေးသည်။

“ကိုယ် ရှန်ဟိုင်းကို ပထမဆုံးရောက်တုန်းက သူငယ်ချင်းတချို့နဲ့ ထာဝရခန်းမမှာ ထမင်းစားပြီးနောက် ပျင်းလာလို့ ချီနန်နဲ့ အနီးနားက မြို့တစ်မြို့ကို လိုက်သွားပြီး တရားမဝင်ကားမောင်းပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်။”ထန်ရှုက သူမကို တစ်ချက်ကြည့်ပြီး “ပြိုင်ဘက်တွေက လီကျန်းနဲ့ ဟောင်ကောင်က ဖိတ်ထားတဲ့ ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားလေ။ ပြိုင်ပွဲရဲ့အဆုံးမှာ ကိုယ် နိုင်ခဲ့တယ်။ သူက ပိုက်ဆံရှုံးရုံတင်မဟုတ်ဘဲ ဘယ်အချိန်၊ဘယ်နေရာမှာ တွေ့တွေ့ ရှောင်ဖို့ကိုလည်း သဘောတူထားတယ်။ နောက်တစ်ခုက သူနဲ့ကိုယ့်အတန်းဖော်ကလည်း ထိပ်တိုက်တွေ့ထားသေးတယ်။ ပြီးခဲ့တဲ့ရက်က အချင်းချင်း ခိုက်ရန်ဖြစ်ပွားကြလို့ စိတ်မရှည်တဲ့ သူ့လက်ပါးစေတစ်ယောက်ကို သင်ခန်းစာ ပေးလိုက်တယ်။”

“ကောင်းပြီ၊ လီမိသားစုက ရှန်ဟိုင်းမှာ အတော်လေး အားကောင်းတယ်။ သူတို့က ထိပ်တန်းဆယ်ယောက်ထဲမှာ မပါဝင်ပေမယ့် သူတို့ရဲ့ အင်အားက အတော်လေး ကောင်းမွန်တယ်လို့ ယူဆနိုင်ပါတယ်။”

ခန်းရှက ရုတ်တရက် သိရှိသွားဟန်ဖြင့် ပြုံးလိုက်ပြီး " လီကျန်းရဲ့အစ်မကြီး လီတန်က သူတို့ရဲ့ မိသားစုစီးပွားရေးကို တာဝန်ယူပြီး နောက်ပိုင်းမှာ သူတို့ တိုးတက်လာခဲ့တာလေ။ ဒါပေမယ့် ဆန့်ကျင်ဘက်အနေနဲ့  လီကျန်းက စံတင်လောက်တဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသားလေ။ ငယ်ငယ်ကတည်းက ဘာမှ အသုံးမကျတဲ့လူ။ သူ့အစ်မဆို သူ့အတွက် အမြဲ စိတ်ပူရတယ်။”

"သူ့ကို ပထမဆုံးမြင်ဖူးကတည်းက အသုံးမကျတဲ့ သခင်လေးတစ်ယောက်ဆိုတာ ကိုယ် သိထားပြီးသား။"

ထန်ရှုက ပြုံးလိုက်ရင်း

"သူ့တို့ဝန်းကျင် သူတို့အသိုင်းအဝန်းက ငွေ ငွေ ဆိုတာမျိုးတွေပဲ။ တန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့ တခြားပစ္စည်းတွေအကြောင်း သိပ်မသိပေမယ့် သူဝတ်ထားတာက ယွမ်ထောင်သောင်းနဲ့ချီတန်တယ်လို့ ပြောရဲတယ်။”

"သူဌေး … နင် မှားနေပြီ။" ခန်းရှက ရယ်လိုက်ရင်း

"သူဝတ်ထားသမျှက အနည်းဆုံး ယွမ်သိန်းပေါင်းများစွာ တန်တယ်။ သူ့လက်ကောက်ဝတ်မှာ  ယွမ် ၁ သန်းကျော် တန်ကြေးရှိတဲ့ ဝတ်ထားတဲ့ ဗာ့ချရွန် ကွန်စတန်တင် နာရီကို ထည့်မတွက်ရင်တောင်မှလေ။”

"ဟုတ်ပါပြီ။ ကိုယ် ပိုမိုလေ့လာရမယ့် လူအများသိတဲ့ ဗဟုသုတတွေ ကျန်နေသေးပုံရတယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"ဒီနေ့ည နင်က ငါ့ကို အလိုလိုက်တဲ့အတွက် နင့်ကို ငါသင်ပေးမယ်။ ငါက အဲ့ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ပဲလေ။” ခန်းရှက အပြုံးဖြင့် ပြောလိုက်သည်။

"ဟားဟားဟား…"

"အလိုလိုက်" ဟူသော စကားလုံးကို နားထောင်ရင်း ထန်ရှုသည် စိတ်အားထက်သန်မှုရှိခဲ့သော ထိုညကို သတိရမိသွားခဲ့သည်။ ဇီဝကမ္မဗေဒအရ သူသည် သေမျိုးတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး ထိုကဏ္ဍတွင်လည်း သူ့လိုအပ်ချက်များသည် သဘာဝအတိုင်း ရှိနေသေးသည်။ သို့သော်လည်း သူသည် သဘာဝတရားနှင့် လိုက်လျောညီစွာ နေတတ်သူတစ်ဦးဖြစ်ပြီး ချုပ်နှောင်ခြင်းကို မကြိုက်ပေ။ အင်မော်တယ်ကမ္ဘာတွင် သူ့မိန်းကလေးက သူ့အား အင်မော်တယ်ကမ္ဘာတွင် သစ္စာဖောက်သောကြောင့် မိန်းကလေးတွေအပေါ် မနှစ်သက်မှုဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

…ငါလုပ်ချင်တာကို လုပ်မယ်။ ဒီကမ္ဘာမြေကြီးပေါ်မှာ ငါ ဘာကြောင့် ဒီလိုအများကြီး ဂရုစိုက်ရမှာလဲ…

ထန်ရှု၏နှလုံးသားထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ခန်းရှအား ချက်ချင်းကြည့်မိပြီး သူ၏အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။

ချက်ခြင်းပင် ခန်းရှက ထန်ရှုအား အီလက်ထရွန်းနစ်ဆိုင်များတွင် လက်ပ်တော့အများကြီး ကြည့်ရန် ခေါ်သွားသည်။ နောက်ဆုံးတွင် ထန်ရှု နှစ်သက်သည့် လက်ပ်တော့တစ်လုံးကို ဝယ်လာခဲ့ကြသည်။ ထိုလက်ပ်တော့ကွန်ပျူတာသည် အမြင့်ဆုံးသတ်မှတ်ချက်များနှင့် ဂဏန်းငါးလုံး ဈေးနှုန်းရှိသည်။ နှစ်ယောက်သား လက်ပ်တော့အိတ်ကို ချက်ချင်းယူသွားကာ စတုတ္ထ၊ ပဉ္စမနှင့်      ဆဋ္ဌမထပ်သို့ လျှောက်ခဲ့ကြသည်။

ဤနေရာတွင် အထည်ဆိုင်များသည် အထက်တန်းစားများဖြစ်သည်။ အများစုသည် ထန်ရှု စိတ်ဓာတ်ကျစေသည့် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။

အဆုံးတွင် ခန်းရှအတွက် အဝတ်အစားအချို့ ဝယ်ရန်ဟူသည့် ထန်ရှု၏ ရည်ရွယ်ချက်မှာ သူ့အတွက် ပစ္စည်းများစွာကိုဝယ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ အဝတ်အစားအစုံလိုက်များ၊ ဖိနပ်များ၊ ခြေအိတ်များနှင့် အတွင်းခံများပင် ဖြစ်သည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူမကိုယ်တိုင် အံ့သြစရာကောင်းလောက်အောင် ဘာကိုမှ မဝယ်ခဲ့ပါ။ ခန်းရှက သူ့အား ငွေပေးချေဖို့တောင် ခွင့်မပြုသည့်အတွက် သူမနှင့် ထန်ရှု ငြင်းခုံကာ အငြင်းပွားရသည်။ သို့သော် နောက်ဆုံးတွင် ထန်ရှုက သူမနှင့်အတူ လိုက်သွားတဲ့အတွက် ကြိုးစားထုတ်မှု ကျရှုံးခဲ့သည်။

“ဟေး … ရှေ့က အမျိုးသမီးအဝတ်အစားဆိုင်ကို ကြည့်။ သွားကြည့်ရအောင်။"

ခန်းရှက ထန်ရှုအတွက် အဝတ်အစားများ ဆက်ဝယ်ချင်နေသေးသည်ကို မြင်လိုက်ရသည့်အတွက် သူက အလျင်စလို ပြောလိုက်သည်။ ခန်းရှက တစ်ခွန်းမျှ မပြောဘဲ ထန်ရှု၏လက်ထဲမှ အိတ်များအား ကြည့်လိုက်သည်။ ထို့ပြင် သူမသည် သူ့အား လစ်လျူရှုထားသည့်ဟန်ဖြင့် ခေါင်းညိတ်ကာ ပြုံးလိုက်ရင်း

“သူဋ္ဌေး … နင် ဘာသိလို့လဲ။ နင့်ကိုယ်ပေါ်မှာ သာမန်အဝတ်အစားပဲ ဝတ်ထားတယ်။ နင် ဘာပဲဝတ်ဝတ် ကြည့်လို့ကောင်းပါတယ်။”

“ကျေးဇူးပြုပြီး ကိုယ့်ကို မြှောက်နေတာ ရပ်လို့ရမလား။”

ထန်ရှုက အနေရခက်သည့်အပြုံးဖြင့် ပြောလိုက်သည်။

“ကိုယ် ကလေးအဝတ်အစားတွေ ဘယ်တော့မှ မဝတ်ဘူးဆိုတာတော့ မင်းကို အာမခံပါတယ်။”

“ဟ…ဟ…ဟ…”

ခန်းရှက နှစ်လိုဖွယ် ရယ်သံလေးဖြင့် ရယ်လိုက်သည်။

နာရီဝက်ကြာသော် ခန်းရှသည် လှပသော ဝတ်စုံတစ်ခုအား ရွေးချယ်လိုက်သဖြင့် ထန်ရှုသည် ၎င်းအတွက် ပေးချေအပြီးတွင် ခန်းရှသည် သူ့အား အောက်ထပ်သို့ ဆွဲခေါ်လာခဲ့သည်။

“ပြီးပြီးလား။ မင်း တစ်ထည်ပဲ ဝယ်ရသေးတာလေ။” ထန်ရှု အံ့သြသွားသည်။

“တစ်ထည်ဆို လုံလောက်ပြီ။ တကယ်တော့ ငါ့မှာ အဝတ်အစား မရှားပါဘူး။ ဈေးဝယ်ဖို့အတွက် ငါ နင့်ကို ဆွဲခေါ်လာတယ်ဆိုပေမယ့် နင် ငါ့ကို အဖော်လုပ်ပေးတာလောက် ကျေနပ်ရတာမရှိဘူး။ ငါ ဘာမှမဝယ်လည်း ကိစ္စမရှိတော့ဘူးလေ။”

ခန်းရှက ပြုံးတုံ့တုံ့အမူအရာဖြင့် စကားဆိုလိုက်သည်။

“ကောင်းပြီ။ ဒါဆိုလည်း သွားကြစို့။” ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ဈေးဝယ်စင်တာ၏ ဝင်ပေါက်တွင်…

ယုဇီသည် လမ်းနှင့်မနီးမဝေး ထောင့်ချိုးတစ်နေရာရှိ နံရံအား မှီကာ စီးကရက်ဖွာရင်း အဆောက်အဦး၏ ဝင်ပေါက်ထွက်ပေါက်နေရာအား အေးစက်သော မျက်ဝန်းဖြင့် ကြည့်နေသည်။ သူ၏အနောက်တွင် ဗလတောင့်တောင့်လူ၄ယောက်သည် ဓားများ ကိုင်ဆောင်ကာ ရှိနေသည်။

“ချန်ယီ… မှတ်ထားပါ သူ့အသက်ကို ငါ မလိုချင်ဘူး။ သူ့သွေးကိုပဲ မြင်ချင်တယ်။ သူ့လက်ကို ဖြတ်ပြီး ငါ့ဆီသယ်လာရင် အကောင်းဆုံးပဲ။”

ယုဇီက ရွှေဆွဲကြိုးဆွဲထားသော လူအား ကြည့်ကာ ပြောလိုက်သည်။

“သခင်လေး…အေးဆေးနေပါ။ ဒီကောင်က သခင်လေးယုကို ပြစ်မှားရမှတော့ သူက ဒါကိုတောင်းဆိုနေတာပဲ။ သူ့လက်ကို သယ်ပြီး သခင်လေးယုရဲ့ဒေါသကို ဖြေဖျောက်ပေးပါမယ်။”

“အဆောက်အဦးအပြင်မှာ လူတွေအများကြီး ရှိနေပေမယ့် အဲ့ဒါကို စိတ်မပူနဲ့။ မင်းတို့မြန်မြန်လုပ်ရင် ဘာပြသနာမှ မရှိဘူး။ နောက်ပြီး ပြသနာဖြစ်လာရင် ရဲစခန်းမှာ ငါ့အသိရှိတယ်။”

***

All Chapters