← Chapters

အပိုင်း (၅၄)

Vol. 4 Ch. ၅၄

အပိုင်း (၅၄)

Vol. 4 Ch. ၅၄

ဝမ့်ကလန်၏ ဘိုးဘေးများ မှာ စန်းယွဲ့မြို့တွင် အချေချနေထိုင်ခဲ့ပြီး မိသားစုစီးပွားရေးလုပ်ငန်းများအား အခိုင်အမာလုပ်ဆောင်ကာ မြို့၏ တောင်ပိုင်းအား နေရာရယူထားသည်မှာ နှစ်ပေါင်းငါးရာကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဝမ့်ယောင်မှာ သူ၏ ခြံဝန်းအတွင်းတွင် ရပ်၍ ဘာမှရှိမနေတော့သော ဝမ့်မိသားစုအား ကြည့်နေသည်။

စန်းယွဲ့မြို့မှာထွက်ခွာသွားပြီးနောက်တွင် သူ့အနေဖြင့် သူ၏ မိသားစုအား ဦးဆောင်ကာ နေရာအသစ်တွင် အသစ်တစ်ဖန် ပြန်လည်၍ စတင်ရမည်ဖြစ်သည်။

ဝမ့်မိသားစု၏ အနာဂတ်အား မည်သည့်နေရာတွင်ချမှတ်ရမည်မှန်းကို ဝမ့်ယောင်တကယ်မသိပါ။

"ဝုန်.ဝုန်း...ဝုန်း.."

"ဝုန်း..ဝုန်း..ဝုန်း..."

ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ဝမ့်ယောင်ဤ သိုင်းကျင့်ကြံသူ တစ်ယောက် အကြားအာရုံအရ အစကတည်းက ၎င်းကိုကြားနိုင်သည်။

သို့သော် ဝမ့်ယောင်မှာ မကြားသကဲ့သို့ပြုမူနေသည်။

၎င်းမှာ ဦးနှောက်မရှိသောသူအချို့က အိမ်၌ပစ္စည်းများ ကျန်ရစ်နေခဲ့ပြီး ပြန်ယူရန်အတွက် လမ်းတစ်ဝက်မှ ပြန်လာခြင်းဖြစ်သည်ဟု သူခံစားရသောကြောင့်ဖြစ်သည်။

ဝမ့်မိသားစု၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူ၏ အစေခံများအား မည်ကဲ့သို့ တံခါးဖွင့်ပေးနိုင်ပါမည်အံ့နည်း။

တံခါးခေါက်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ဝမ့်ယောင်ကအေးစက်စွာနှာမှုတ်လို​က်သည်။

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝမ့်မိသားစု၏ ပင်မတံခါးမှာ ပေါက်ကွဲကျိုးပဲ့ကာ ပွင့်သွားပြီး သစ်သားအကျိုးအပဲ့အပိုင်းအစများက နေရာအနှံ့သို့ လွင့်ထွက်သွားသည်။

"မင်းတော့ သေချင်နေတာပဲ.."

ဝမ့်ယောင်ဒေါသတကြီး အော်ငေါက်လိုက်သည်။

သူ၏စိတ်အ​ခြေအနေမှာ ဆိုးဝါးနေနှင့်ပြီးသားဖြစ်သည်။

သူ၏ ညာလက်မှာ တိရစ္ဆန်တို့၏ လက်သည်းကဲ့သို့ သဏ္ဍန်ပြောင်းသွားကာရဲရဲတောက်နေသော အနီရောင်မီးတောက်တို့တောက်လောင်စေလိုက်သည်။

နိုင်ငံတိုင်းတွင် တရားဥပဒေရှိပြီး မိသားစုတိုင်းတွင် စည်းမျဉ်းစည်းကမ်းများရှိသည်။

ဒေါသထွက်နေသော ဝမ့်ယောင်အတွက်မူ ဒါက အပြင်းထန်ဆုံးသော စော်ကားမှုဖြစ်သည်။

ထိုအချိန်တွင် ဝမ့်ယောင်မှာ လွင့်စင်နေသော သစ်သားအပိုင်းအစများကြားမှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်ကိုမြင်လိုက်ရသောအခါ သူ၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးအား ပြေးနေရာမှ ရပ်တန့်လိုက်သည်။

သူ၏ မျက်လုံးတို့မှာ​ပြူးကျယ်နေပြီး သူ၏လက်ထဲရှိမီးတောက်တို့မှာ ချက်ခြင်းကွယ်ပျောက်သွားသည်။

သူ၏ ခြေထောက်တို့မှာလည်း နောက်သို့ မရပ်မနားဆုတ်လိုက်ရသည်။

"မင်း...ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေရတာလဲ.."

"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ.."

ဝမ့်ယောင်မှာ မမျှော်လင့်ပဲ မုဒိန်းကျင့်ခံရသော ကိုယ်လုံးတီး အလှလေးကဲ့သို့ ဖြစ်နေသည်။

ဝမ့်ယောင်မြင်တွေ့လိုက်ရသော သူမှာ ရှစ်ဖုန့်ပင်ဖြစ်သည်။

ရှစ်ဖုန့်က လုံချန်နှင့်ခွဲခွာပြီးနောက် မြို့တောင်ပိုင်းသို့ ရောက်လာခဲ့သည်။

လမ်းလျှောက်နေရင်း သူ၏ ရှေ့တွင် လူငယ်တစ်ယောက် ထိပ်ထိပ်ပျာပျာဖြင့် ပြေးလွှားနေသည်ကို တွေ့ခဲ့ရသည်။

ရှစ်ဖုန့်က အလျှက်အမြန်သူ့ကိုလှမ်းဆွဲလိုက်သည်။

အစက တစ်​စုံ​တစ်ယောက်မှ သူ့အား နောက်မှဆွဲခြင်းကိုခံလိုက်​ရသောကြောင့် မရပ်မနား မိုးမွှန်အောင်ဆဲဆိုနေခဲ့သည်။

သို့သော် သူ့အားဆွဲထားသူ၏ ပုံပန်းသွင်ပြင်အား မြင်တွေ့လိုက်ရသောအခါ သူ၏ တစ်ကိုယ်လုံး ရုတ်ချည်း တုန်ယင်သွားတော့သည်။

သူ၏ ခေါင်းအထက်မှ အေးစက်သော ရေခဲရေတစ်ပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်ကာ ချက်ခြင်းပဲ ကျိုးကျိုးနွံနွံ ဖြစ်လာသည်။

ရှစ်ဖုန့်က သူသိလိုသော ဝမ့်မိသားစု၏ တည်နေရာကိုသာမေးခဲ့ပြီးနောက် ​အသောနှင်လာခဲ့သည်။

ဝမ့်အိမ်တော်ရှေ့အရောက်တွင် တံခါး ပိတ်ထားသည်ကို မြင်တွေ့ရသောကြောင့် အကြိမ် အနည်းငယ်ခန့် ခေါက်ခဲ့သော်လည်း ပြန်လည်တုန့်ပြန်မှု မရှိခဲ့ပေ။

ထို့နောက်သူကတံခါးကိုကန်ဖွင့်ခဲ့ပြီး ခုဏက ဝမ့်ယောင်မြင်တွေ့ခဲ့ရသော အဖြစ်အပျက်တို့ ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။

ဝမ့်ယောင်က နိုးနိုးကြားကြား အမူအယာဖြင့် သူ့အားကြည့်နေသည်ကို မြင်ရသောအခါ ရှစ်ဖုန့်က စိတ်ရှုက်ထွေးစွာဖြင့် မေးလိုက်သည်။

"ခင်ဗျားကဘာကိုကြောက်နေတာလဲ.."

"ကျုပ်ဒီကိုလာတာ ခင်ဗျားအသက်ကိုယူဖို့မှ မဟုတ်တာ.."

"အကူအညီတောင်းဖို့အတွက်လာခဲ့တာ.."

တကယ်တော့ ထိုစကားများမှာ ဝမ့်ယောင်၏ စိတ်ထဲတွင်သာ ပြောနေခြင်းဖြစ်သည်။

ထို့နောက်မကြာခင် ဝမ့်ယောင်မှာ တစ်စုံတစ်ခုအား သတိရသွားပုံရပြီး အလျှင်အမြန်ပြောလိုက်သည်။

"နောက်ဆုံးအကြိမ် ဟိုင်ကလန်မှာတုံးက ငါ ရှေးဟောင်း အမွေအနှစ်တစ်ခုအကြောင်းကို ပြောခဲ့တယ် .."

"ငါ အဲ့နေရာကို ထပ်ပီးတော့ သွားချင်စိတ် မရှိတော့ဘူး..".

"မင်းစိတ်ဝင်စားတယ်ဆိုရင်.. စန်းယွဲ့မြို့ရဲ့ မြောက်ဘက် မိုင်သုံးဆယ်ကို လမ်းလျှောက်သွားလိုက်တာနဲ့...နက်မှောင်ပြီး အေးသက်နေတဲ့ ကုန်းမြေတစ်ခုကို မင်းတွေ့လိမ့်မယ်..."

"ဝင်ပေါက်က အဲ့ကုန်းမြေပေါ်မှာ..မင်းရှာဖို့ပဲလိုတာ..."

ရှစ်ဖုန့်၏ အစစ်အမှန်ခွန်အားအား ယနေ့တွင် မျက်မြင်တွေ့ခဲ့ရပြီးနောက် ဝမ့်ယောင်အနေဖြင့် ရှေးဟောင်းအမွေအနှစ်ဆီသို့ သေချာပေါက်သူနှင့်အတူ သွားမည် မဟုတ်ပေ။

အကယ်၍ ကလန်ကြီးသုံးခုသာ သူနှင့်အတူ သွားခဲ့လျှင် ၎င်းတို့မှာ ဤငတိ၏ အ​မြှောက်စာများ ဖြစ်ကြမည်ဖြစ်သည်။

အကယ်၍ သူတို့ဝင်ရောက်နိုင်ခဲ့ပြီး ရတနာများအား ရှာဖွေတွေ့ရှိခဲ့လျှင်ပင် တခြားသူများ အတွက်သာ အကျိုးအမြတ် ဖြစ်ထွန်းမည်ဖြစ်သည်။

၎င်းက အတုမရှိ ရတနာတစ်ခုဖြစ်နေခဲ့လျှင်ပင် ၎င်းတို့အနေဖြင့် ပါးစပ်ပိတ်ထား ရုံသာ တက်နိုင်သည်။

"ကျုပ် အဲ့နေရာကို ထပ်ပီးတော့ စိတ်မဝင်စားတော့ဘူး..."

ရှစ်ဖုန့်က ပြောလိုက်သည်။

"ကျုပ်ဒီကိုလာတာ မြင်းငှားချင်လို့ လာခဲ့တာ.."

"မြင်းတစ်ကောင်ငှားဖို့လာတာ ဟုတ်လား.."

ရုတ်တရက်အထက်ပါစကားလုံးတို့ ထွက်ပေါ်လာသည်။

ဝမ့်ယောင်မှာသူ နားကြားမှားနေသည်ဟုပင် ထင်မိသည်။

"ဟုတ်တယ်..ကျုပ်ခင်ဗျားဆီက မြင်းတစ်ကောင်ငှားဖို့လာခဲ့တာ.."

"မြင်းဇောင်းကိုသွားပြီးတော့ ကျုပ်အတွက် မြင်းတစ်ကောင်ယူလာပေး.."

ရှစ်ဖုန့်က ပြောလိုက်သည်။

သူ၏လေသံက မြင်းတစ်ကောင်အား ငှားရမ်းနေသည်နှင့်မတူပေ။

မြင်းထိန်းတစ်ယော​က်အား မြင်းတစ်ကောင်ယူလာပေးရန် အမိန့်ပေးနေသည်နှင့်တူသည်။

အခြေအနေက ဆိုးသည်ထက်ဆိုးသော အခြေအနေဖြစ်သည်။

သူ့တွင်ရွေးချယ်စရာ ရှိမနေဘဲ ခေါင်းငုံ့ထားရသည်။

ဝမ့်မိသားစု၏ ခေါင်းဆောင်တစ်ယောက်က တစ်စုံတစ်ယောက်အတွက် မြင်းကို ဘယ်အချိန်က ယူပေးခဲ့ဖူးပါသနည်း။

သူကပင်အစေခံတစ်ယောက်အား မြင်းတစ်ကောင်ယူလာပေးရန် ပြောခဲ့သည်ချည်းဖြစ်သည်။

သို့သော်ဝမ့်ယောင်တွင် သူ့အတွက်ရွေးချယ်စရာ ရှိမနေပေ။

သူ၏ရှေ့နေသော သူမှာ သတ်ဖြတ်ခြင်းစက်တစ်ခုဖြစ်သည်။

ကိစ္စတစ်ခုခုသာ လွဲချော်သွားပါက သူအနေဖြင့် သေနိုင်လောက်သည်အထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်မည်ဖြစ်သည်။

ကောင်းကင်ဘုံလေဂိုဏ်း၏ အာဏာရှင်များပင် သကောင့်သားသတ်တာခံခဲ့ရသည်။

ထို့ကြောင့်သူ့အနေဖြင့် ဘာများလုပ်ဆောင်ရဲပါမည်နည်း။

"ခဏစောင့်ပါ.."

ဝမ့်ယောင်က သူ၏ ဒေါသတရားတို့ကို နှလုံးသားထဲတွင် မျိုသိပ်ကာ ပြောလိုက်သည်။

ထို့နောက်လှည့်လိုက်ပြီး မြင်းဇောင်းထံသွားလိုက်သည်။

ထိုအချိန်တွင် ဝမ့်ယောင်အနေဖြင့် ထိုလူသတ်သမားအား မြန်မြန်ရှင်းထုတ်ပစ်ချင်နေသည်။

ထိုပုဂ္ဂိုလ်က သူ၏ရှေ့တွင်ရပ်နေကာ ဘာမှမလှုပ်ရှားပဲနေလျှင်တောင် ထိုအရာ အရမ်းအန္တရာယ်များသည်ဟု ဝမ့်ယောင်ခံစားရသည်။

အကြာခင် ဝမ့်ယောက်က တောင့်တင့်တက်ကြွသော မြင်းဖြူတစ်ကောင်က်ိုခေါ်လာခဲ့သည်။

၎င်းမှာ ဝမ့်ယောင်၏ ကိုယ်ပိုင်မြင်းဖြစ်သည်။

၎င်းမှာ ဤအိမ်ကြီး၏ အကောင်းဆုံးမြင်းဖြစ်ပြီး နောက်ဆုံးကျန်ရှိနေသောမြင်းလည်းဖြစ်သည်။

အစကဝမ့်ယောင်မှာ နောက်မှကျန်ရစ်နေခဲ့ပြီး သူ၏ ​ဘိုးဘေးများချန်ထားရစ်ခဲ့သော ဘိုးဘွားပိုင်မြေကို တစ်စိမ့်စိမ့်အောင့်မေ့ခံစားလိုခဲ့သည်။

နောက်ဆုံး၌ သူက ဤမြင်းဖြူအားစီးကာ သူ၏ မျိုးနွယ်ဝင်များနှင့် သဘောတူသတ်မှတ်ထားသော နေရာတွင် တွေ့ဆုံမည်ဖြစ်သည်။

သူထွက်သွားရမည့်အချိန်တွင် လမ်းလျှောက်ရလိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။

"ဟူး.."

ဝမ့်ယောင်က အတွင်းကျိတ်သက်ပြင်းချလိုက်သည်။

သန်မာသူများသာလျှင်လေးစားခံရမည်ဖြစ်သည်။

ဤကမ္ဘာကြီး က မညှာမတာ ရက်စက်လွန်းလှသည်။

"ပိုသန်မာလာရမယ်.. "

"ငါပိုပြီးတော့ သန်မာလာရမယ်..."

"ဒီနေ့ အရှက်ခွဲခံရမှုကို ငါမှတ်ထားမယ်.."

ဝမ့်ယောင်က လက်သီးကို တင်းတင်းဆုပ်ထားကာ သူ့ဟာသူ တွေးလို​က်သည်။

ရှစ်ဖုန့်က ဝမ့်ယောင်မြင်းဆွဲလာသည်ကို တွေ့ရသောအခါ မြေပြင်ကို တစ်ချက်ဆောင့်နင်းလိုက်ပြီး ညကောင်းကင်ယံသို့ ခုန်တက်လိုက်သည်။

သူမြင်း၏ကျောပေါ်သို့ရောက်သောအခါ သူ၏ ခန္ဓာကိုယ်လှည့်လိုက်ပြီး မြင်း၏ ခေါင်းဘက်ချိန်ရွယ်​ကာ ကုန်းနှီးပေါ်တွင်တည့်တည့်မတ်မတ်ထိုင်လိုက်သည်။

မြင်းမွှေးအားပွတ်သပ်ကာ ရှစ်ဖုန့် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

"ဒီမြင်းက တော်တော်လေး ကောင်းတာပဲ.."

ထို့နောက့် ရှစ်ဖုန့်က လှည့်ကာ ဝမ့်ယောင်အား လက်ဝေ့ယမ်ပြရင်း

ပြောလိုက်သည်။

"ကျေးဇူးပဲ..ဖက်တီးပုကြီး.."

ရှစ်ဖုန့်ကစကားပြောပြီးသော အခါ မြင်း၏ ဝမ်းဗိုက်အား ကန်လိုက်သည်။

"ဟီး......."

မြင်းဖြူက နာကျင်စွာဖြင့် ကျယ်လောင်စွာအော်ဟစ်၍ စတင်ပြေးတော့သည်။

မျက်စိတစ်မှိတ်အတွင်း ထည်ဝါသော အိမ်ကြီး၏ အပြင်ဘက်သို့ ကဆုန်ဆိုင်းထွက်သွားသည်။

မှောင်မိုက်နေသော အိမ်ကြီးထဲတွင် ဝမ့်ယောင်တစ်ယောက်တည်းသာ သူ၏ လက်သီးအား တင်းကျပ်စွာဆုပ်၍ ကျန်ရစ်ခဲ့သည်။

လူနှင့်မြင်းတို့ ပျောက်ကွယ်သွားသည်အား ကြည့်နေရင်း ဝမ့်ယောင်၏ ဝဖိုင့်ဖိုင့်မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားမှု အပြည့်ဖြင့် ပြောလိုက်သည်။

"ငါပိုသန်မာလာရမယ်...ငါပိုပြီးသန်မာလာရမယ်.."

"အား..."

ဝမ့်ယောင်က ရုတ်တရက် ကောင်းကင်ထက်သို့မော့ကာ အော်ဟစ်လိုက်သည်။

သူ၏ တစ်ကိုယ်လုံး မှာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်နှင့်အတူ​တောက်လောင် နေပုံရသည်။

ရုတ်တရက်သူ၏ ခန္ဓာကိုယ်ဝဖိုင့်ဖိုင့်ကြီးမှ အဖြူရောင်အလင်းတောက်ပလာသည်။

ဝမ့်ယောင်နှစ်ပေါင်းများစွာတိုင် ပြဿနာတက်နေသော ပိတ်ဆို့နေသော လမ်းကြောင်းက ယခုအချိန်တွင်တကယ်ကို ကျိုးပြတ်သွားခဲ့သည်။

သူသည် ကြယ်နှစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်သို့ ခြေချခဲ့ပြီဖြစ်သည်။

နတ်ဆိုးသားရဲမြို့ဟူသော အမည်မှာ နတ်ဆိုးသားရဲတောင်တန်း အနီးတွင် တည်ရှိသောကြောင့်ထိုကဲ့သို့ ခေါ်ဆိုခြင်းဖြစ်သည်။

မြို့မှာ ကျိုးပဲ့စုတ်ပြ​တ်နေသော်လည်း လူပေါင်းများစွာကတော့ မြို့ဆီသို့ သွားလာခြင်းပြုကြသည်။

မြို့ထဲတွက်ပေါ်လာသော လူအများစုမှာ နတ်ဆိုးသားရဲတောင်တန်းဒေသနှင့် ဆက်နွယ်နေကြသော သူများဖြစ်ကြသည်။

၎င်းတို့မှာ တစ်ယောက်တည်းသီးသန့် အမဲလိုက်သူများနှင့် အုပ်စုဖွဲ့၍ အမဲလိုက်ကြသော အဖွဲ့များဖြစ်ကြသည်။

ဤလူအများစုမှာ နတ်ဆိုးသားရဲတောင်တန်းမှနတ်ဆိုးသားရဲများအား အမဲလိုက်၍ အသက်မွေးကြသည်။

မြို့ထဲတွင် သိုင်းပညာရှင်များဖြင့်ဖွဲ့စည်းထားသော ကြေးစားအဖွဲ့ အချို့လည်းရှိနေသည်။

ဤကြေးစားအဖွဲ့များမှာ နတ်ဆိုးသားရဲများအားအမဲလိုက်ခြင်းထက်

တန်ကြေးပေးလျှင်ပေးနိုင်သလို ငှားရမ်းနိုင်ကြသော သူများလည်းဖြစ်ကြသည်။

အများအားဖြင့် သူတို့အားအထူးနတ်ဆိုးသားရဲများကိုအမဲလိုက်ရန်ငှားရမ်းကြသောသူများမှာ သူတို့၏ ခွန်အားအားနည်းခြင်းနှင့်​ သန်မာမှုကင်းမဲ့ကြခြင်းတို့ကြောင့်ဖြစ်သည်။

ထို့ကြောင့်ထိုသူတို့က ငွေကြေးကိုသုံးစွဲကာ ကြေးစားများကို ငှားရမ်းကြသည်။

တကယ်တော့ ထိုက်တန်သောတန်ကြေးတစ်ခုသာပေးမည်ဆိုပါက ၎င်းတို့အား ရန်သူများအားသတ်ဖြတ်ရန်နှင့် ကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်ရန်အတွက်တပ်ကူအဖြစ်လည်း ငှားရမ်းနိုင်သည်။

၎င်းတို့အပြင် နတ်ဆိုးသားရဲမြို့၌ လက်နက်ဆိုင်များ၊ ချပ်ဝတ်တန်ဆာဆိုင်များ၊ နတ်ဆိုးသားရဲဆိုင်များ၊ဆေးပစ္စည်းဆိုင်များ၊အရက်ဆိုင်များ ဖြင့်ပြည့်နှက်နေသည်။

၎င်းတို့အားလုံးမှာ တောင်တန်းအတွင်းသို့ ဝင်ရောက်ကာ စွန့်စားမည့်သူများအတွင် ပြင်ဆင်ထားကြခြင်းဖြစ်သည်။

ရှစ်ဖုန့်မှာသူ၏ မြင်းအားတစ်ညလုံးမောင်းနှင်ကာ ခရီးဆက်ခဲ့သည်။

နောက်ဆုံး အရုဏ်ကျင်းဝေလီဝေလင်းအချိန်တွင် သူ၏ မြင်းအား ပျားပန်းခတ်လှုပ်ရှားနေသော နတ်ဆိုးသားရဲမြို့ အတွင်းသို့ ​မောင်းနှင်ဝင်လာသည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters