အသေးအဖွဲပြသနာတစ်ခုအား ဖြေရှင်းခြင်း
Vol. 08 Ch. 380
ထန်ရှု ပျင်းရိသောအကြည့်ဖြင့် ယုဇီအား ကြည့်လိုက်သည်။ အသေးအဖွဲကိစ္စများက သူ့အား အနှောက်အယှက်ဖြစ်နေခြင်းအား သူ တကယ်ပင် မနှစ်သက်လှပေ။ သို့သော် စိုးရိမ်ရခြင်း၏အရသာသည် ခံစားချက် ကောင်းမွန်သော အရာမဟုတ်ပေ။ အထူးသဖြင့် လီကျန်း၏အကြိုက်များဆီမှ ဖြစ်သည်။
သူက ယုဇီကို စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးသည်။
"လီကျန်းက ဒီကနေ မပြေးနိုင်ဘူးဆိုတော့ သူ့ကို ဖယ်လိုက်တော့။ အခု ငါတို့ ပြဿနာတွေကို အရင်ဆုံး ဘယ်လို ဖြေရှင်းကြမလဲ။ မင်းက ဒီလူတွေကို ရှာပြီးတော့ ငါ့ကို သမချင်နေပေမယ့် ငါက အနိုင်ကျင့်ဖို့ လွယ်တဲ့လူတစ်ယောက်တော့ မဟုတ်ဘူး။”
ယုဇီ နောက်ပြန်ဆုတ်သွားသည်။ သူက ချန်ယီကိုကြည့်ပြီး အော်လိုက်သည်။
"ချန်ယီ… မင်းဘာကြောင့် တွေဝေနေတာလဲ။ သူ့ကို ရိုက်စမ်း။ ငါ သူ့ရဲ့သွေးကျတာကို မြင်ချင်တယ်။ ငါ့ကို လာရှုပ်ရင် အဆုံးသတ်မကောင်းဘူးဆိုတာကို သူ သိအောင်လုပ်ရမယ်။"
ထန်ရှုကိုကြည့်ရင်း ချန်ယီက မချိပြုံး ပြုံးပြီး ပြောသည်။
"သခင်လေးယု… မင်းတို့နှစ်ယောက်လို နောက်ခံကြီးမားတဲ့ သခင်လေး၂ယောက် ရန်ငြိုးဖွဲ့မှုမှာ ငါတို့ မပါဝင်တာ ပိုကောင်းတယ် မဟုတ်လား။ အဲ့ဒီညီအစ်ကိုက လီကျန်းကိုတောင် မကြောက်ဘူး။ ငါတို့ကိုဆို သူ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေသာသာပဲ။ ဒါကြောင့် ငါတို့ကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ။ မင်း ချက်ချင်း ထွက်သွားတာ ကောင်းလိမ့်မယ်။”
ချန်ယီ၏စကားကြောင့် ယုဇီ သွေးအန်လုနီးပါးဖြစ်သွားရသည်။
ဟီ…ဟိ…ဟိ…
ယုဇီ၏မျက်နှာထက်မှ အံ့အားသင့်သွားသော အမူအရာအား ကြည့်ရင်း ခန်းရှသည် ရယ်ချင်စိတ်အား မမျိုသိပ်နိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် အပြုံးလှလှ ပွင့်လန်းနေသော ခန်းရှ၏မျက်နှာလေးအား ကြည့်နေမိကြသည်။ လူအားလုံးသည် မိမိကိုယ်မိမိ မထိန်းသိမ်းနိုင်ဘဲ တွေဝမေိန်းမောသွားကြရသည်။
သူ၏အပြုံးအား ဖိနှိပ်ထားရင်း ထန်ရှုသည် ချန်ယီအား ကြည့်လိုက်ကာ
“မင်းက တကယ်ကို လိမ်မာပါးနပ်ပြီး သတိကြီးတဲ့သူပဲ။ အချိန်နဲ့နေရာအလိုက် သတိကြီးတဲ့သူက အသက်ပိုရှည်တယ်။ တကယ်တော့ ဒီနေ့ မင်းရဲ့သဘောထားကြောင့် မင်းအပြစ်ကနေ ကင်းလွတ်ခွင့်ရနိုင်ပေမယ့် မင်းရဲ့ရာဇဝတ်မှုကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူ့မကို ခက်ခဲတဲ့အရာတွေကို မလုပ်စေခဲ့တာက ငါ့အတွက် တော်တော်လေး နေလို့ကောင်းစေလို့ ဒီတစ်ခါတော့ မင်းကို ခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် မှတ်ထားပါ။ နောက်ဆို ငါနဲ့ လာမရှုပ်ပါနဲ့။ နို့မဟုတ်ရင် မင်းကို စောစောစီးစီး သေပေးဖို့ ဝန်လေးမှာ မဟုတ်ဘူး။"
ထိုသို့ပြောပြီးနောက် ထန်ရှုသည် ယုဇီ၏အရှေ့တွင် ရိပ်ကနဲ ပေါ်လာသည်။ သူ၏ခွန်အားတစ်ဝက်ပင် မရှိသည့် ခွန်အားကို အသုံးပြုသော်လည်း ယုဇီသည် နာကျင်မှုကြောင့် အဆက်မပြတ် အော်ဟစ်နေခဲ့သည်။ နောက်ဆုံးတွင် ထန်ရှု၏ခြေထောက်သည် ယုဇီ၏ညာလက်ကို နင်းလိုက်ရာ သူ၏လက်ကောက်ဝတ်သည် ကျိုးသွားခဲ့ရသည်။ ယုဇီ၏အော်သံများကြားတွင် ထန်ရှုသည် သူ့အား ဘေးသို့ ကန်ထုတ်လိုက်ပြီး
“ဒါ မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ နောက်တစ်ခါ မင်း ငါ့ကို ရှုပ်ချင်ရင် လက်စားချေမှုမှာ ကျရှုံးခြင်းရဲ့ အကျိုးဆက်တွေကိုပါ အရင်ဆုံး သေချာစဉ်းစားထားရမယ်။ မင်းရဲ့ ယုမိသားစုရောပဲ ... ဟီးဟီး..."
ယုဇီက မျက်မှောင်ကြုတ်လိုက်ပြီး
"မင်းက သိုင်းပညာမှာ နည်းနည်းလေး ကျွမ်းကျင်တာက ဘာအရေးလဲ။ သောက်ရူးတစ်ယောက်လို လုပ်မနေစမ်းပါနဲ့။ နောက်ကျ မင်း ကောင်းကောင်း ခံစားရလိမ့်မယ်။"
ထန်ရှု ခေါင်းယမ်းလိုက်သည်။ ယုဇီ၏လက်ကိုင်ဖုန်းကို ယူကာ စကားဝှက်ကို အတင်းပြောခိုင်းပြီး လီကျန်း၏ဖုန်းနံပါတ်ကိုရှာဖွေမှတ်သားသည်။ ထို့နောက် ထန်ရှုသည် ဖုန်းအား ယုဇီသို့ ပြန်ပစ်ပေးလိုက်ပြီး လှည့်ထွက်သွားတော့သည်။
ချန်ယီနှင့် သူ၏လူများသည် ထန်ရှုတစ်ယောက် ယုဇီအား ရိုက်နှက်နေခြင်းကို ကြည့်နေရင်း ကြောက်ရွံ့မှုအရိပ်အယောင်များသည် သူတို့၏နှလုံးသားထဲတွင် ပေါက်ဖွားလာသည်။ သို့သော် ၎င်းတို့ကို အကြောက်ဆုံးဖြစ်စေသောအရာမှာ ပြင်းထန်သော ရိုက်နှက်ခြင်းမဟုတ်ဘဲ ထန်ရှုပြသခဲ့သည့် တစ္ဆေကဲ့သို့ လျင်မြန်လှသည့် အရှိန်အဟုန်အပြင် ယုဇီ၏လက်ကောက်ဝတ်အား တက်နင်းလိုက်သောအခါတွင် ပြုံးနေသည့် ထန်ရှု၏အပြုံးများ ဖြစ်သည်။
ထိုအမူအရာသည် ရက်စက်သည့် အကျင့်စရိုက်ရှိသူတစ်ယောက်၏ အမူအရာသာ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုကင်းသည့် ရုပ်သွင်စရိုက်သာ အသေအချာ ဖြစ်တော့သည်။
ချန်ယီခမျာ သည်ညတွင် လူမိုက်တစ်ယောက်လို မလုပ်ဆောင်မိသည့်အတွက် ရုတ်တရက် ကံကောင်းသွားသည့်နှယ် ခံစားလိုက်မိပြီး ဝမ်းသာသွားရသည်။ သူ၏မြင်ကွင်းထဲမှ ထန်ရှုနှင့် ခန်းရှတို့၏ ရုပ်ပုံများ ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးမှ ယုဇီဘက်သို့ ရောက်လာသည်။ သူက ယုဇီအား မြေပြင်ပေါ်မှ ထူမကာ စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
“သခင်လေးယု… အဆင်ပြေရဲ့လား…။ ငါ မင်းကို ဆေးရုံလိုက်ပို့ပေးမယ်။"
"သွားစမ်းကွာ။"
ယုဇီသည် ချန်ယီအား ဘယ်လက်ဖြင့် ပြင်းထန်စွာ တွန်းလိုက်သည်။ သူက ဒေါသတကြီးဖြင့်
"ချန်ယီ… သူဋ္ဌေးချန်… မင်းအရမ်းတော်တယ်။ မင်းက အရင် ငါ့ကိုသစ္စာဖောက်ခဲ့ပေမဲ့ ငါ့ရဲ့ကျန်းမာရေးအကြောင်း ဟန်ဆောင်ပန်ဆောင် လာမေးနေသေးတာလား။ မင်းက ကိုယ့်ကိုယ်ကိုယ် မုန်းစရာကောင်းတယ်လို့ မထင်ဘူးလို့ ငါ့ကို မပြောနဲ့နော်။ ထွက်သွားလိုက်။ အခုထွက်သွား … ငါ မင်းကို ဘယ်တော့မှ မတွေ့ချင်တော့ဘူး။"”
ချန်ယီ၏မျက်နှာသည် အတန်ငယ်ပင် ရှုံ့မဲ့သွားသည်။ သူသည် ရှန်ဟိုင်း၏မြေအောက်လောကတွင် လေးစားခံရသည့်ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်သည်။ ယုဇီအား ယုမိသားစု၏ အကြီးဆုံးသခင်လေးအဖြစ် မမြင်ပါက ထိုလူငယ်အား မျက်စိထဲပင် ထည့်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူ၏ညီအကိုများစွာသည် ဘေးပတ်လည်တွင် ရှိနေပြီး သူတို့အား စောင့်ကြည့်နေကြသည့်အချိန်တွင် ထိုကဲ့သို့ သူ့အား အပြောအဆိုခံလိုက်ရခြင်းကြောင့် သူ့အား မတည်မငြိမ်ဖြစ်စေသည်။
“သခင်လေးယု … ငါတို့ ညီအစ်ကိုတွေက မင်းကို မျက်နှာသာပေးထားပြီးသား။ အဲ့ဒါကြောင့်လည်း မင်းကို ကူညီချင်ခဲ့တယ်။ ဒါပေမယ့် မင်းက တကယ်ကို ပျက်စီးနေပြီပဲ။ အဲ့ဒီထန်မျိုးရိုးရဲ့ နောက်ခံနှင့် အထောက်အထားက မင်းမိသားစုထက် မနိမ့်ကျဘူး မဟုတ်လား။။ မင်း ငါတို့ကို အနိုင်ယူချင်နေတာလား။ မင်းက ငါတို့ ညီအစ်ကိုတွေကို ချောက်ထဲ တွန်းချချင်တဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား။ ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အငြင်းအခုံမလုပ်ချင်သလို ဒီမှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ မပြောလိုပါဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ကောင်းကောင်း နေပါ။”
ယဉ်ကျေးသောစကားအနည်းငယ်ပြောပြီး ချန်ယီနှင့် သူ၏ညီအစ်ကိုများက ယုဇီအား လျစ်လျူရှုကာ ထွက်ခွာသွားကြသည်။
သူ၏ဗိုက်အား ဆုပ်ကိုင်ထားရင်း ယုဇီ၏မျက်လုံးများအတွင်းတွင် ဒေါသစိတ်တစ်ခုကြောင့် တောက်လောင် ထင်ဟပ်လျက်ရှိသည်။ ခြေလှမ်းအနည်းငယ်လှမ်းကာ အနီးနားရှိ သစ်ပင်တစ်ပင်အား သူ မှီလိုက်သည်။ ထို့နောက် သူ၏လက်ကိုင်ဖုန်းကိုယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်ရင်း
"မင်းက သိပ်တော်တဲ့ကောင်ပဲ။ မင်းက လီကျန်းအတွက် ငါ့ကို ဓားတစ်ချောင်းလိုသုံးခဲ့တာ ဟုတ်လား။ မင်း ငါ့ကို လုပ်ခဲ့တာတွေကို မှတ်ထားစမ်း ဟေ့ရောင်။ ငါတို့ကြားက ဒီအကြွေးက မကျေလည်သေးဘူး။"
တစ်ဖက်လူက ဖုန်းကိုင်လိုက်သည်နှင့် ယုဇီက ချက်ချင်းဟိန်းဟောက်လိုက်သည်။
"ငါ့ကိုမခြောက်ပါနဲ့ ယုဇီ… ငါအရမ်းကြောက်နေမိပြီ... ဟားဟား... မင်း ဖင်ကန်ခံရတဲ့ ဝေဒနာကို မြည်းစမ်းကြည့်တာ ပိုကောင်းရဲ့လား။ မင်း ငါ့ကို လက်စားချေဖို့ အချိန်ယူတာထက်စာရင် မင့်ဒဏ်ရာတွေကို ကုသဖို့ ဆေးရုံကို တရွတ်တိုက်သွားဖို့အချိန်ယူတာက ပိုကောင်းမှာပေါ့ကွ။ မဟုတ်ရင် မင်း မသန်မစွမ်းဖြစ်ပြီး အနာဂတ်မှာ ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်ရင် မင်းမိဘတွေ ကြေကွဲနေပါ့မယ်ကွာ ဟားဟား။ ငါ့ကို တခြားနည်းနဲ့ ပိုက်ဆံ ထည့်ခွင့်ပြုကွာ။ မင်းသေရင် ငါတို့ ညီအစ်ကိုတွေ မင်းအတွက် ပန်းခွေဝယ်ဖို့ ပိုက်ဆံရှာမယ်။ ဘယ်လောက် ဖြုန်းတီးဖို့ ကောင်းလိုက်လဲလို့…ဟားဟားဟား။"
ဖုန်းထဲက လူငယ်တစ်ယောက်ရဲ့ အသံထွက်လာပြီး ယုဇီ၏ဟိန်းဟောက်မှုအား လုံးဝ အလေးအနက်မထားသကဲ့သို့ လှောင်ပြောင်နေခဲ့သည်။
ယုဇီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး
" ခွေးမသား ရလေး … မင်း ငါ့ကို စောင့်နေလိုက်စမ်း။"
စကားပြောပြီးနောက် ယုဇီက သူ၏လက်ကိုင်ဖုန်းအား ပြင်းထန်စွာ ရိုက်ချိုးလိုက်သည်။
သူ့နှင့် မဝေးလှသောနေရာတွင်ရှိနေသော လီကျန်းသည် သူ၏ခန္ဓာကိုယ်အား လှည့်ကာ ယုဇီထံမှ သူ၏အကြည့်အား ရုတ်သိမ်းလိုက်ပြီး သူ၏နံဘေးမှ ပြုံးနေသော လူငယ်ကို ကြည့်လျက်
“ရလေး… မင်းကလည်း နည်းနည်း လွန်လွန်းတယ်။ ငါတို့က ယုဇီကို တကယ်ပဲ အသုံးချခဲ့ကြပေမယ့် ငါတို့က သူနဲ့ နှစ်ပေါင်းများစွာ သူငယ်ချင်း ဖြစ်လာခဲ့ကြတာလေ။ ယုဇီက ဒေါသကြောင့် အခုဆို ခေါင်းပူသွားလိမ့်မှာကို စိုးရတယ်။ မင်းမှတ်ထားရမှာက စိတ်ခံစားမှုပြင်းတဲ့ယုန်က လူတစ်ယောက်ကိုတောင် ကိုက်နိုင်လိမ့်မယ်ဆိုတာပဲ။"
လူငယ်၏ မျက်နှာပေါ်ရှိ အပြုံးသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူက တိတ်တဆိတ် ခေါင်းညိတ်ပြီး
“ငါ ဒါကို စိတ်ထဲမှာ ထားပါ့မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ယုဇီရဲ့ရန်ကို ငါ ကာကွယ်နိုင်ပါတယ်။"
လီကျန်းက မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ယုဇီက အလကားကောင် … အသုံးကိုမကျဘူး။ ထန်ရှုရဲ့ နောက်ခံကို သူ မစုံစမ်းနိုင်ခဲ့ရုံတင်မဟုတ်ဘူး ပစ်မှတ်ကိုလည်း ငါတို့ဆီကို လွှဲပေးခဲ့တယ်။ ဒီကိစ္စက နည်းနည်းတော့ ဒုက္ခဖြစ်နိုင်တယ်။ ထန်ရှုရဲ့အကြောင်းကို သေချာစုံစမ်းဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ရဦးမယ် မဟုတ်ရင် ငါ အေးအေးဆေးဆေး အိပ်နိုင်မှာ မဟုတ်တော့ဘူး။”
လူငယ်က အံ့အားသင့်သွားပြီး
"အရင်က သူ့ကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားပြီးသားပဲ မဟုတ်လား။ သူက သေးငယ်တဲ့အရပ်ကနေ လာပြီး ရှန်ဟိုင်းတက္ကသိုလ်ကို တက်ခွင့်ရတဲ့ အရည်အချင်းနည်းနည်းပဲရှိတဲ့ တောသားတစ်ယောက်ပါ။ ငါတို့က သူ့ကို ကြောက်နေရမှာလား။”
"ငါတို့ သူ့အကြောင်း တကယ်စုံစမ်းလို့ရလို့လား။ ဒါဆို ထာဝရခန်းမရဲ့ချီနန်အကြောင်း ပြောပါဦး။ သူနဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။ သူ့အတွက်နဲ့ ကားပြိုင်ပွဲမှာ ဟွမ်ယုကို သတ်ဖို့ ဘာကြောင့် သတ္တိရှိရတာလဲ။ ဒီအကြောင်းကို ပြောပြပေးပါဦး။ ဒီငတိက အရမ်းလွယ်ကူပြီး ရိုးရှင်းမှာမဟုတ်ဘူးလို့ ငါ စိုးရိမ်နေမိတယ်။ ငါတို့တွေ သတိထားတာက အကောင်းဆုံးပဲ။" လီကျန်းက ပြောသည်။
လူငယ်က တွန့်ဆုတ်နေရင်းမှ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရုတ်တရက်
"အစ်ကိုကျန်း … ငါ တစ်ခု နားမလည်ဘူး။"
"ဘာများလဲ။" လီကျန်းက မေးသည်။
“ငါ နားမလည်ဘူးဆိုတာက ချန်ယီက လူတွေအများကြီးခေါ်လာပေမယ့် အဲဒီ့ငနဲကို ဘာလို့ မဆန့်ကျင်ရဲတာလဲ။ ယုတ္တိကျကျပြောရရင် မူရင်းဇာတ်ညွှန်းက ချန်ယီက ဒီထန်ငနဲကို သမဖို့ သူ့လူတွေနဲ့ ပေါ်လာတာဖြစ်မယ်။ ဒါပေမယ့် ဘာကြောင့် မလုပ်တာလဲ။"
“ငါ သိတဲ့ချန်ယီက သတိထားတတ်တဲ့ အကျင့် ရှိတဲ့သူပဲ။ သူက မသေချာတဲ့အလုပ်ကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ပထမအချက်က သူက ထန်ရှုရဲ့ နောက်ခံကို သေချာမသိလို့ ဖြစ်နိုင်တယ်။ ဒုတိယအချက်ကတော့ ခန်းရှကြောင့် ဖြစ်နိုင်တယ်။ ခန်းရှလို အထက်တန်းကျကျအမျိုးသမီးတစ်ဦးကို ရရှိနိုင်သူက ရိုးရှင်းတဲ့ ဇာတ်ကောင်တော့မဟုတ်ဘူး။” လီကျန်းက သုံးသပ်ပြသည်။
"ဒါအမှန်ပဲ။ ခန်းရှလို သာလွန်ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်အတွက် ယောက်ျားတစ်ယောက်မှာ အရည်အချင်းမရှိဘူးဆိုရင် သူမကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ သူမက သူ့ကို သဘောကျရင်တောင် သူမပဲ ဒုက္ခရောက်မှာ။ ဒါပေမဲ့ ဒီထန်ရှုအကြောင်း ငါဘာလို့ မကြားဖူးတာလဲ။"
"မူလက ရွှမ်းချင်ပြည်နယ် ကြယ်တာရာက ငါ့ရဲ့အဆက်အသွယ်တွေကို မသုံးချင်ဘူး။ ဒါပေမယ့် အခုတော့ အဲဒါကို သုံးရတော့မယ် ထင်တယ်။ ငါ့မှာ အဲ့ဒီက လူတချို့နဲ့ ဆက်ဆံရေးရှိတယ်။ ထန်ရှုက ကြယ်တာရာမှာ နာမည်ကြီးနေတယ်ဆိုရင် အပြာရောင်မြို့ကလူတွေ သိကြမှာပါ။ အဲ့လို သူ့အကြောင်း ဘာမှမသိဘူးဆိုရင်တော့ ..."
…စာဝင်ကြောင်း အချက်ပေးသံ…
လီကျန်း၏ အိတ်ကပ်ထဲရှိ ဖုန်းမှ စာဝင်ကြောင်း အကြောင်းကြားချက် ထွက်ပေါ်လာသဖြင့် လက်ကိုင်ဖုန်းကို ထုတ်လိုက်ရာ ချက်ချင်း မျက်ခုံးပင့်သွားရသည်။ ၎င်းသည် အမည်မသိ ဖုန်းနံပါတ်တစ်ခုမှ ပေးပို့လာသော စာတိုလေးဖြစ်သည်။
စာတိုတွင် ဖော်ပြထားသည်မှာ -
…နောက်တစ်နာရီအတွင်း မင်းတို့လီမိသားစုရဲ့ မိသားစုခေါင်းဆောင်ဆီကို ငါ ကိုယ်တိုင် သွားလည်မယ်။ အိမ်မှာရှိတဲ့ လူကြီးတွေကို မင်းကိုယ်တိုင် ရှင်းပြနိုင်ဖို့ အခုပြန်သွားဖို့ တိုက်တွန်းတယ်။…
လီကျန်း၏ အမူအရာသည် နှိုင်းဆမရအောင် ရှုံ့မဲ့သွားရသည်။ ခဏလောက် စဉ်းစားပြီးနောက် သူက တီးတိုးအသံဖြင့်
“သွားကြစို့။ ဒီက အရင်ထွက်သွားကြရအောင်။"
ရှန်ဟိုင်း၏ ထာဝရခန်းမ။
ချီနန်သည် အပေါက်ဝတွင် ရပ်လျက် သတင်းအချက်အလတ်များကို ပြုံးရွှင်စွာ ကိုင်ဆောင်ထားသည်။
သူမ၏အနောက်တွင် အနက်ရောင် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ထားသော ကြံ့ခိုင်သည့် လူလေးယောက်သည် အေးစက်စက်၊ မှုန်ကုပ်ကုပ် အမူအရာဖြင့် ဘေးပတ်လည်အား လှည့်ပတ်ကာ ကြည့်နေသည်။
တစ်နာရီမပြည့်မီတွင်ပင် ထာဝရခန်းမ၏ ထောက်လှမ်းရေးကွန်ရက်လိုင်းများမှတစ်ဆင့် လီမိသားစုအကြောင်း သိနိုင်သမျှကို သူမ သိရှိခဲ့ပြီးဖြစ်သည်။ လီမိသားစု၏မိသားစုခေါင်းဆောင်မှ မွေးဖွားသော သခင်မလေးနှစ်ဦးနှင့် သူတို့ထဲမှတစ်ဦးသည် တရားမဝင်ကလေးမွေးဖွားခဲ့သည့်အကြောင်း စသော အချက်အလက်များကိုပင် ရှင်းရှင်းလင်းလင်း ရေးသားထားသည်။
"သူဌေး…"
အတွင်းတွင် ထန်ရှုနှင့် ခန်းရှတို့ပါဝင်သည့် တက္ကစီတစ်စီးအား တွေ့သည့်အခါ ချီနန်က ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်သည်။
"စုံစမ်းမှု ဘယ်လိုလဲ။" ထန်ရှုက မေးသည်။
“ပြီးပြီ။ အားလုံး ဒီမှာပါ။ ကားကိုလည်း ပြင်ဆင်ထားပြီးပြီဆိုတော့ အချိန်မရွေး သွားလို့ရတယ်" ချီနန်က ပြောသည်။
ထန်ရှုက ခေါင်းညိတ်ပြီး
"သွားကြစို့။ အချက်အလက်တွေကို သွားရင်းနဲ့ လမ်းမှာ ငါ ဖတ်မယ်။"
“ကောင်းပါပြီ။”
ချီနန်က ခပ်မြန်မြန် လက်ဟန်ပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်အော်ဒီကားသုံးစီး ရောက်လာကာ သူတို့အနီးတွင် ရပ်လိုက်သည်။
ကားပေါ်တက်ပြီးနောက်…
ထန်ရှုသည် နောက်ခုံတွင် ထိုင်ပြီး အချက်အလက်များအား တိတ်တဆိတ် ဖတ်နေခဲ့သည်။ သို့သော် ခန်းရှသည် ရှေ့ခုံမှ ချီနန်အား စူးစမ်းသောအကြည့်ဖြင့် ကြည့်နေသည်။ ချီနန်၏အသက်အရွယ်အရ သူမသည် အသက် ၃၀ကျော် ရှိမည်ဖြစ်သော်လည်း သူမ၏ အလှတရားကြောင့် ချီနန်သည် ထန်ရှုအပေါ် သက်ရောက်မှုရှိမည်ကို ခန်းရှ အတန်ငယ် စိုးရိမ်နေမိသည်။
"ရှရှ… နင် ငါ့အကြောင်းကို သိချင်နေတာလား။" ခန်းရှ၏အကြည့်များကို ရိပ်မိသော ချီနန်က ပြုံးပြီး မေးလိုက်သည်။
ခန်းရှ၏ မျက်နှာထက်တွင် ရှက်ရွံ့မှုနှင့် အနေရခက်မှု အရိပ်အယောင် ဖြစ်ပေါ်လာသည်။ တစ်စုံတစ်ခုအား ခိုးယူနေချိန်တွင် လက်ပူးလက်ကြပ် မိသွားသကဲ့သို့ ခံစားရမိသည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူမက ပြုံးပြုံးလေး စကားဆိုလိုက်သည်။
“ဟုတ်တယ်။ အစ်မကြီးနန်နန်က အရမ်းဆွဲဆောင်မှုရှိပြီး အရည်အချင်းလည်း ရှိတယ်။ နောင်မှာ သူဌေးက နန်နန့်ကို ကျွန်မရဲ့အလုပ် လွှဲပေးမှာကို နည်းနည်းတော့ စိုးရိမ်မိတယ်။”
“စိတ်မပူပါနဲ့။ နင် ဘာလုပ်နေရလဲ ငါမသိပေမယ့် နင့်ရဲ့အလုပ်ကို ငါ တာဝန်ယူနိုင်မှာ မဟုတ်ဘူး။"
ချီနန်က ရယ်လိုက်ရင်း
“မစ်ရှင်အမျိုးမျိုးတွေလုပ်ဖို့ နိုင်ငံရပ်ခြားကို နင် မကြာခဏမသွားရဘူးဆိုရင်ပေါ့…”
"နိုင်ငံခြားမှာရော အလုပ်တာဝန် ရှိတာလား။" ခန်းရှတွင် ပဟေဠိဖြစ်သွားသောအမူအရာ ဖြစ်ပေါ်လာသည်။
***